Make Me Delicious

Od Zimmpie

4.2K 491 90

ချစ်သူကိုချစ်ခြင်းမေတ္တာတွေပြည့်ဝနေတဲ့ ဟင်းတခွက်ကို ချက်ကျွေးချင်ကြတာ သဘာဝပါဘဲ ❤️ ဒါပေမဲ့ ကျွန်တော်ကတော့ သူချ... Více

အပိုင်း(၁)
အပိုင်း(၂) ရတုပိုင်
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)

အပိုင်း(၈)

175 36 8
Od Zimmpie

တံခါးဝေရွ႕မွာ ရတုပိုင္ ရပ္ေနတာ အခ်ိန္ဘယ္ေလာက္ၾကာၿပီလဲဆိုတာေတာင္ မသိေတာ့။ တံခါးေခါက္ေတာ့လဲ အထဲက ထူးသံမၾကားရေတာ့ ဝင္သြားသင့္ မဝင္သြားသင့္ စဥ္းစားေနရတာ ခ်ီတုံခ်တုံ။ ၾကည္သာယာက သူ႔ကို အရမ္းကို ယုံၾကည္ေနတာလားေတာ့မသိ။ ဒီမနက္က မနက္စာစားဖို႔ သရေနကို အႏိုးလြတ္လိုက္သည္။

ျဖစ္ခါမွျဖစ္ေရာ တံခါးလက္ကိုင္ကို လွည့္ၾကည့္ေတာ့ တံခါးက ေခ်ာေခ်ာခ်ဴခ်ဴပြင့္သြားေတာ့ ရတုပိုင္စိတ္ထဲမွာေတာင္ အံ့ဩသြားရတယ္။ ကိုယ့္အခန္းတံခါးကို Lock မခ်ထားဘူးလား!!

ပရိေဘာဂအမ်ားႀကီးနဲ႔ တန္ဆာဆင္ထားျခင္းလဲမရွိအနက္ေရာင္တမ်ိဳးထဲကိုသာ ႐ိုး႐ိုးရွင္းရွင္း သုတ္လိမ္းထားသည့္အျပင္ လိုက္ကာမည္းႀကီးကိုလဲခ်ထားေတာ့ အခန္းက ထင္ထားတာထက္ ေမွာင္မဲေနသည္။ အခန္းအလည္က ကုတင္ေပၚမွာေတာ့ သရေန။ အိပ္ေနတာမ်ား သိုးလို႔။ ရတုပိုင္ ကုတင္ေပၚ တင္ပလြဲထိုင္ရင္း..

"အကို....အကို သရေန...ထေတာ့ေလ"

သရေန ကေတာ့ တုတ္တုတ္ေတာင္မလႈပ္။

ရတုပိုင္ သရေန လက္ေမာင္းကို ကိုင္ရင္း အသာအယာလႈပ္ႏိုးၾကည့္လိုက္ေတာ့ အနည္းငယ္ကိုယ္ကို ရတုပိုင္ရွိရာဖက္ကိုလွည့္လိုက္သည္ကလြဲၿပီး ႏိုးလာမည့္ပုံမရွိ။ ဟြန္း....အိပ္ပုပ္ႀကီး...။

အိပ္ေပ်ာ္ေနေသာ သရေနကို ၾကည့္ရင္း ရတုပိုင္ မေန႔ညက ကားေပၚမွာ ျဖစ္ခဲ့တာကို ျပန္ျမင္ေယာင္လာကာ ရင္ခုန္တာေတာင္ အခုထိမေျပခ်င္ေသး။မေန႔ညက သရေန ႏိုးလာတာေၾကာင့္ ရည္႐ြယ္ခ်က္အထမေျမာက္လိုက္ရ။ ဒီတခါဆိုရင္ေရာ??? မေကာင္းတဲ့နတ္ဆိုးကေတာ့ ေျမာက္ေပးေနျပန္ၿပီထင္တယ္ ရတုပိုင္ေရ။ ဒီတခါေတာ့ မျဖစ္ဘူးေလ။ အရင္တေခါက္က ကံေကာင္းၿပီး ေျဖစရာရွိေပမဲ့ ဒီတခါသာ မိသြားရင္ သရေနကန္ခ်ေတာ့မယ္။

"အကို....အကို.....ထေတာ့လို႔"

ရတုပိုင္စိတ္မရွည္ေတာ့။ ဒီေလာက္ႏိုးရခက္တာ ပိတ္နမ္းမိေတာ့မယ္။

အမွန္ေတာ့ သရေန ႏိုးႏွင့္ေနတာ ၾကာၿပီ။ ၾကည္သာယာ လာႏိုးလွ်င္ ဂ်ီက်ၿပီး ၾကည္သာယာ့ ရင္ခြင္ထဲတိုးဝင္ၿပီး ခြၽဲမယ္လို႔ လုပ္ထားတဲ့ အႀကံအစီက အခန္းထဲကို ကုပ္ေခ်ာင္းကုပ္ေခ်ာင္း ဝင္လာတဲ့ ရတုပိုင္ေၾကာင့္ ပ်က္ၿပီဆိုတာ သိလိုက္ၿပီ။ ခဏခဏ သူ႔အႀကံအစီကိုဖ်က္တဲ့ေကာင္ေလး။ အိပ္ခ်င္ေယာင္ေဆာင္ၿပီး ရတုပိုင္အေျခအေနကိုေစာင့္ၾကည့္ေနလိုက္သည္။ မင္း ဘာလုပ္ဦးမွာလဲ??မေန႔ညတုံးက ကားေပၚက အေျခအေနက သိပ္ေတာ့ ဘဝင္မက်။ ခဏေလးအိပ္ေပ်ာ္သြားၿပီး ႏိုးလာတဲ့အခ်ိန္ ျမင္လိုက္ရတာက ရတုပိုင္ မ်က္ႏွာ။ ၿပီးေတာ့ အသက္ရွဴတာ စမ္းတယ္လို႔အေၾကာင္းျပခ်က္ေပးၿပီးေတာ့ သူ႔ရဲ႕လက္ေတြက ႏွေခါင္းေအာက္မွာရွိသင့္တာမဟုတ္ဖူးလား။ အိပ္ခ်င္မူးတူးျဖစ္ေနတာေၾကာင့္ဘဲ သူမထင္မွားမိတာမ်ားလား??

"အကို....အကိုလို႔......ထေတာ့လို႔...မႀကီးေစာင့္ေနတယ္"

သိသိသာသာႀကီး လႈပ္ႏိုးလာမႈက ျပင္းလာသည္။ ဒါေပမဲ့ အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့သူကို ႏိုးရခက္တယ္ဆိုတဲ့ စကားပုံလဲရွိတယ္မလား။

ရတုပိုင္ လႈပ္ႏိုးေနတာကို လက္ေလ်ာ့လိုက္ၿပီး ျပတင္းေပါက္ရွိရာ လိုက္ကာ အမဲႀကီးဆီ ေလ်ာက္သြားကာ လိုက္ကာအမဲေရာင္ထူထူႀကီးကို ဆြဲဖြင့္လိုက္ေတာ့ ဝင္လာတဲ့ အလင္းေရာင္ေၾကာင့္ ရတုပိုင္ပင္ မ်က္စိႀကိမ္းသြားရ၏။

ဆိုးဆိုးဝါးဝါး အလင္းစူးလြန္းတာေၾကာင့္ သရေန ဘယ္လိုမွ သည္းခံၿပီး အိပ္လို႔မရေတာ့။ နဂိုကတည္းကမွ ဒီလို အရမ္းအလင္းစူးတာမႀကိဳက္လို႔ဘဲ အခန္းကိုေတာင္ တမင္ အေမွာင္ခ်ထားတာ။ လိုက္ကာကိုေတာင္ ညေနေလာက္မွ ဖြင့္တတ္တာ။အခုေတာ့ ေစာေစာစီးစီး ရတုပိုင္ေၾကာင့္ တခန္းလုံး လင္းထိန္ကာ ေနေရာင္ျခည္ကလဲ အခန္းထဲကို ရသေလာက္ အတင္းကာေရာ ဝင္ေရာက္ေနၿပီ။ သရေန ေတာ္ေတာ္ ေဒါသထြက္သြားကာ

"ေဟ့ေကာင္ ဘာျဖစ္လို႔ လိုက္ကာကို ဖြင့္လိုက္တာလဲ ျပန္ပိတ္လိုက္ အခုခ်က္ခ်င္း"

"ေဟာ..အကို ႏိုးၿပီပဲ မႀကီးေစာင့္ေနတယ္ မ်က္ႏွာသစ္ေတာ့ေနာ္"

"လိုက္ကာပိတ္လို႔ေျပာေနတယ္ေလ"

"ဘာျဖစ္လို႔လဲအကိုရဲ႕ အခုမွ အခန္းက အလင္းေရာင္ဝင္ၿပီး ၾကည့္လို႔ေကာင္းသြားတာကို"

ျပတင္းေပါက္နားမွာ ရပ္ေနလ်က္ လိုက္ကာစ ကို ဟိုဆြဲဒီဆြဲလႈပ္ေနရင္း ရတုပိုင္ ျပန္ေျဖေနတာကို စိတ္မရွည္ေတာ့ပဲ သရေန ကုတင္ေပၚမွထကာ ရတုပိုင္ရွိရာ ျပတင္းေပါက္နားကို ေလ်ာက္လာလိုက္သည္။

႐ုတ္တရက္ အနီးကပ္လာေသာ သရေနေၾကာင့္ ရတုပိုင္ေၾကာင္ေတာင္ေတာင္ႏွင့္ ေမာ့ၾကည့္လိုက္သည္။ သူ႔ထက္အရပ္ရွည္တဲ့ သရေနကို ဒီလိုမွေမာ့မၾကည့္ရင္ ျမင္ရမွာက မ်က္မွာမဟုတ္ဘဲ သရေနရဲ႕ လည္တိုင္သာ။ အေပၚေအာက္တခ်က္တခ်က္လႈပ္ရွားသြားတဲ့ သရေနရဲ႕ လည္တိုင္က လည္စလုတ္ ေၾကာင့္ ရတုပိုင္ တံေတြးခဏခဏ မ်ိဳေနရမွာ။

သရေန အနီးကပ္လာမႈေၾကာင့္ ရတုပိုင္ နံရံကို ပိုပိုၿပီးကပ္သြားရၿပီး သရေန၏လက္တဖက္က နံရံကိုေထာက္လာသည့္အတြက္ ရတုပိုင္ ေျပးေပါက္မရွိေတာ့။ ဒီေလာက္အနီးကပ္ႀကီး ကပ္လာတဲ့သရေနနားလဲ ေျပးလို႔ရရင္ေတာင္မေျပးခ်င္ပါဘူး။ အနီးကပ္ ငုံ႔ခ်လာသည့္ မ်က္ႏွာေၾကာင့္ ရတုပိုင္ မ်က္စိကိုေယာင္ယမ္းၿပီးမွိတ္လိုက္မိသည္။ ဘာလုပ္မွာလဲ သရေန။ ႐ုပ္ရွင္ေတြထဲမွာဆိုရင္ ဒီအေနအထားနဲ႔ ဒီအေျခအေနဆိုတာ kiss sence ပဲ မဟုတ္ဘူးလား။ ဘုရားေရ..။

နံရံမွာကပ္ၿပီး လိုက္ကာစႀကီးကို ကိုင္ကာ မ်က္စိစုံမွိတ္ၿပီးရပ္ေနတဲ့ေကာင္ေလးေၾကာင့္ သရေန ရီခ်င္သြားရျပန္ေရာ။ ဧကႏၲေတာ့ ဒီေကာင္ေလး လိုက္ကာစ ဆြဲဖြင့္လိုက္လို႔ သူကုတင္ေပၚက ႐ုတ္တရက္ထၿပီး ျပတင္းေပါက္နားေရာက္လာတာေၾကာင့္ သူ႔ကို တခုခုလုပ္မွာ စိုးလို႔ ေၾကာက္အားလန္႔အားနဲ႔  မ်က္စိစုံမွိတ္ထားတယ္ထင္တယ္။ လက္ထဲမွာ ဆုတ္ကိုင္ထားတဲ့ လိုက္ကာစလဲ ဟိုေခ်ဒီေခ်လုပ္ေနလို႔ တြန္႔ေၾကေနတာကိုၾကည့္ၿပီး ဒီေကာင္ေလး သူ႔ကို လန္႔ေနတာေသခ်ာသြားၿပီ။ ကိုယ္ မင္းကို ေျခာက္ဖို႔ မရည္႐ြယ္ပါဘူး ေကာင္ေလးရာ..။

"ေပး"

လက္ထဲက လိုက္ကာစႀကီးကိုဆြဲယူတာခံလိုက္ရလို႔ ရတုပိုင္ မ်က္လုံးေလးကို အသာအယာ ဖြင့္ၾကည့္ေတာ့ သရေနတေယာက္ လိုက္ကာစႀကီးကို ဆြဲၿပီး ျပတင္းေပါက္ကိုေတာင္ ျပန္ကာလို႔ ၿပီးလုၿပီ။

"သြားေတာ့..ေရခ်ိဳးၿပီးဆင္းလာခဲ့မယ္"

အဲ့လိုေျပာၿပီးေမာင္းထုတ္ေပမဲ့ ရတုပိုင္မသြားခ်င္ေသးပါဘူး။ ျဖစ္ႏိုင္ရင္ တစကၠန္႔လဲ တစကၠန္႔ သရေနနားကပ္ေနခ်င္တာ။ မနက္က ၾကည္သာယာ သူ႔ကိုယုံၾကည္ၿပီး သရေနကို အႏိုးလြတ္လိုက္တာကိုေတာင္ ႀကိတ္ၿပီး ေက်းဇူးေတြတင္ေနရတာ။

"မသြားေသးဘူးလား..ကိုယ္ေရခ်ိဳးေတာ့မွာ"

ေျပာေျပာဆိုဆို ဝတ္လက္စ pajamas အၤက်ီကို ၾကယ္သီးျဖဳတ္မေနပဲ လွန္ၿပီးဆြဲခြၽတ္လိုက္ေသာ သရေနရဲ႕ လႈပ္ရွားမႈေၾကာင့္ ရတုပိုင္တစ္ေယာက္ အသက္ရွဴပင္မွားမတတ္။ စာဖိုမႉး တေယာက္ျဖစ္ေသာ္ျငားလဲ သရေန၏ ခႏၲာကိုယ္ေဘာ္ဒီက က်စ္လစ္သြယ္လ် လ်က္ဝမ္းဗိုက္မွာ အဆီပိုမရွိ ခ်ပ္ရပ္လ်က္ရွိၿပီး ေတာင့္တင္းေသာ ရင္အုပ္ႀကီးကလဲ ရင္ခြင္ထဲႏွစ္ဝင္ေအာင္ဖက္ထားလိုက္ရလို႔ကေတာ့...။

"သြား.....သြားေတာ့မွာ"

သူ႔ကို သမင္လွည္ျပန္ၾကည့္ရင္း တြန္႔ဆုတ္တြန္႔ဆုတ္ႏွင့္ အခန္းထဲကထြက္သြားေသာ ရတုပိုင္ေၾကာင့္ သရေန ရီခ်င္စိတ္ကို မနည္းထိန္းထားရသည္။ အင္းေပါ့ေလ..။ ရတုပိုင္လို ပိန္ပိန္ေဖ်ာ့ေဖ်ာ့ ေကာင္ေလးတိုင္းက သူ႔ရဲ႕ ေဘာ္ဒီကို အားက်ၾကတာခ်ည္းပဲမဟုတ္လား..။ ဒီလိုေဘာ္ဒီျဖစ္ေအာင္ ဘယ္ေလာက္ေတာင္ train ထားရသလဲ။ ဒီလိုအားက်ခံရေအာင္ train ရႀကိဳးနပ္တယ္ဆိုတာ သမင္လည္ျပန္ေတာင္ၾကည့္သြားတဲ့ ေကာင္ေလးရဲ႕ မ်က္ဝန္းက သက္ေသျပေနၿပီမဟုတ္လား။ ေက်နပ္တယ္။

"ဘယ္လိုလဲ ႏိုးခဲ့ၿပီလား"

ၾကည္သာယာရဲ႕ အေမးစကားၾကားမွ အိမ္မက္ကေန လန္႔အႏိုးခံရတဲ့လူတေယာက္လို ရတုပိုင္ အေယာင္ေယာင္အမွားမွားႏွင့္

"ဗ်ာ...ဟုတ္..ဟုတ္...ေရ..ေရခ်ိိုးၿပီးဆင္းလာမယ္တဲ့ မႀကီး"

အထစ္ထစ္ အေငါ့ေငါ့နဲ႔ေျဖေနတဲ့ ရတုပိုင္ကိုၾကည့္ရင္း ၾကည္သာယာ စိတ္ထဲမွေန၍ သရေနကို လွမ္းၿပီး ေမတၱာပို႔မိသည္။ ကေလးကို ဘာေတြၾကပ္လြတ္လိုက္ျပန္ၿပီလဲမသိ။ ေကာင္းေကာင္းမြန္မြန္ဆက္ဆံပါလို႔ မွာထားရဲ႕နဲ႔။ ကေလးကျဖင့္ လန္႔ေနၿပီ။ သနားပါတယ္။

ၾကည္သာယာ ထမင္းစားပြဲဝိုင္းမွာ ဝင္ထိုင္လိုက္တဲ့ ရတုပိုင္ကိုၾကည့္ရင္း လြန္ခဲ့တဲ့ သရေန မေအာင္ျမင္ခင္က ႏွစ္ေတြကို သြားသတိရမိျပန္ေရာ။ အဲ့ဒီတုန္းက သရေနဆိုတဲ့ေကာင္ေလးဟာ အခု ၾကည္သာယာ့ေရွ႕မွာ ထိုင္ေနတဲ့ ေကာင္ေလးေသးေသးေလးလိုပါပဲ ျဖဴျဖဴေဖ်ာ့ေဖ်ာ့ေလး။ သူမနဲ႔စေတြ႕တုံးကတည္းက ခ်စ္စရာ ကေလးေလးတေယာက္ဆိုၿပီး ေမာင္လိုေရာ ခ်စ္သူတေယာက္လိုပါ အခ်စ္ပိုခဲ့ရသည္။ အဲ့ဒီတုံးက သူမကို ခ်စ္ပါသည္ ဆိုတဲ့စကားကို ၾကားလိုက္ၿပီးတာနဲ႔ ၂ခါေတာင္ျပန္မစဥ္းစားပဲ ခ်က္ခ်င္း အေျဖျပန္ေပးခဲ့တာပါ။ အဲဒါေၾကာင့္မလို႔ပဲ သူမကို သရေန တန္ဖိုးမထားခဲ့တာလားေတာ့ မေျပာတတ္။

ဆယ္ေက်ာ္သက္ေကာင္ေလးတေယာက္ရဲ႕ ဆိုးေပမႈအေပါင္းကို ၾကည္သာယာ မညီးမညဴ အံႀကိတ္ရင္း လက္သင့္ခံခဲ့သည္။ ညသန္းေခါင္ အခ်ိန္မေတာ္ ဘီယာဆိုင္မွာ မူးေနလို႔ပါဆိုရင္လဲ ၾကည္သာယာ ဘာကိုမွ မငဲ့ႏိုင္။ အေႏြးထည္ေကာက္ဝတ္ၿပီး ခ်က္ခ်င္းလိုက္သြားရတာေတြဆိုတာ မရည္တြက္ႏိုင္ခဲ့။ ရန္ျဖစ္လို႔ ရဲစခန္းမွာ အာမခံလာထုတ္ပါဆိုလွ်င္လဲ ဒီေကာင္မႀကီး ၾကည္သာယာပါပဲ။ သုံးစရာမရွိလို႔ ၿငီးျငဴရင္လဲ ၾကည္သာယာမေနႏိုင္။ မျဖစ္ျဖစ္တဲ့ နည္းနဲ႔ ရွာႀကံၿပီး မရရေအာင္ ဖန္တီးခဲ့တာခ်ည္း။ ဒါေပမဲ့ ၾကည္သာယာအဲ့ဒီတုန္းက ျပန္ရလိုက္တာက လ်စ္လ်ဴရႈခံရျခင္း၊ တန္ဖိုးထားမခံရျခင္း၊ အဆိုးဆုံးက သစၥာေဖာက္ခံရျခင္း။

ႏုနယ္ၿပီး ေခ်ာေမာလြန္းတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးတေယာက္ရဲ႕ စန္းပြင့္မႈအားလုံးကို သရေန ေပ်ာ္႐ႊင္စြာ လက္မလြတ္စတမ္း စမ္းသပ္တဲ့ပြဲတိုင္းမွာ ၾကည္သာယာကေတာ့ အလဲလဲ အကြဲကြဲ။ အမွားတခုလုပ္ၿပီးတိုင္း ၾကည္သာယာ့အရိပ္ကို ျပန္လာခိုတတ္တာ သရေနအက်င့္ျဖစ္သလို အမွားတခုကို ခြင့္လြတ္ၿပီးတိုင္း ေနာက္ထပ္အမွားတခုကို က်ဴးလြန္ဖို႔ အသင့္ျဖစ္ေနတာလဲ သရေနအက်င့္တခုသာ။

ဒါေပမဲ့....ဒါေပမဲ့ေပါ့ေလ..။ အဲဒီေကာင္ေလးဆိုးကိုပဲ ၾကည္သာယာ့မွာ မစြန္႔ပစ္ႏိုင္ခဲ့။ အဆိုးဆုံးအေျခအေနမွာေတာင္ လက္မလြတ္ေပးႏိုင္ခဲ့တဲ့ ၾကည္သာယာ့စိတ္ကိုလဲ အခုအခ်ိန္မွာ ၾကည္သာယာကိုယ္တိုင္လဲ အံ့ဩသည္။ ဒါေပမဲ့ အဲ့ဒီအံ့ဩမႈမွာ ေနာင္တဆိုတာ တစိုးတစိေလးေတာင္မပါဘူးဆိုတာ ၾကည္သာယာေျပာရင္ ဘယ္သူမွ ယုံမယ္မထင္။

သရေန အသက္ ၂၀ေက်ာ္ၿပီးေနာက္ပိုင္းမွ သရေန နည္းနည္း ရင့္က်က္လာၿပီး ဆယ္ေက်ာ္သက္ ၿမီးေကာင္ေပါက္အ႐ြယ္တုံးကေလာက္ မဆိုးေတာ့ေသာ္လည္း ၾကည္သာယာ့မွာ ေနာက္က လိုက္ရွင္းရတုံး။ တခါတေလ သရေနရဲ႕ ဘာညာသာရကာေတြရဲ႕ ရန္ရွာခံရတာေတာင္ အဆစ္ပါေသး၏။

ဒီလိုနဲ႔ သရေန ရဲ႕ တဦးတည္းက်န္တဲ့ ေမေမ ဆုံးသြားေတာ့ သရေန တေယာက္ အႀကီးအက်ယ္ ၿပိဳလဲၿပီး စိတ္ဓာတ္ေတြ တဘုန္းဘုန္းက် ေနာင္တေတြ တပုံတပင္ႀကီးနဲ႔ လဲက်ေနတဲ့အခ်ိန္မွာ ၾကည္သာယာ ဆုံးျဖတ္ခ်က္တခု တိတိက်က်ခ်မွတ္ရင္း သရေနကို မရရေအာင္ ျပန္ၿပီးတြဲေခၚခဲ့သည္။ ဘာအရည္အခ်င္းမွ မယ္မယ္ရရမရွိတဲ့ သရေနကို စားဖိုမႉးလမ္းေၾကာင္းေပၚကို မေရာက္ေရာက္ေအာင္ဆြဲတင္ရင္း သရေနရဲ႕ ေအာင္ျမင္ျခင္းလမ္းစကို အစထုတ္ရွာေဖြခဲ့ၾကသည္။ ဒီေနာက္ပိုင္းေတာ့ ၾကည္သာယာ စိတ္ခ်မ္းသာရပါသည္။ ကိုယ္ခ်စ္တဲ့လူဆိုတာ ဆိုးေနတုံးကလဲ ကိုယ္ခ်စ္တဲ့သူပါပဲ။ ေကာင္းလာျပန္ေတာ့လဲ အခ်စ္ပို႐ုံအျပင္ ဘာထပ္ရွိေသးလို႔လဲ။ ကိုယ္ေ႐ြးခ်ယ္ထားတဲ့ ဒီလူက ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ ဒါက တသက္စာပဲမဟုတ္လား။ ေကာင္းေကာင္းဆိုးဆိုး မင္းကို ကိုယ္ လက္လြတ္ေပးမွာမဟုတ္ဘူး သရေန။

ဒါေပမဲ့ တခုေတာ့ရွိတယ္။ ၾကည္သာယာဆိုတာ ခဲမွန္ဖူးတဲ့ စာသူငယ္မဟုတ္လား။ ခဲမွန္ဖူးတာမွ တခါ ႏွစ္ခါမက။ ကိုယ့္အတြက္ အကာအကြယ္ဆိုတာ ကိုယ္ကိုယ္တိုင္ပဲ ဖန္တီးရမွာပါပဲ။ ေကာင္းကင္ႀကီးၿပိဳက်ရင္ေတာင္ ေျပးေပါက္တခုေတာ့ရွာထားရမွာေပါ့။ ဒါေၾကာင့္လဲ..ဒါေၾကာင့္လဲ..

"မနက္စာက ဘာစားရမွာတုန္း"

အေနာက္ကေန သိမ္းဖက္ရင္း ေမးလာတဲ့ သရေနေၾကာင့္ ေတြးလက္စအေတြးေတြ လြင့္ေပ်ာက္ကုန္ကာ လွည့္ၾကည့္လိုက္ေတာ့ ေရခ်ိဳးၿပီးခါစ ေခါင္းေလ်ာ္ထားတာမဟုတ္ေပမဲ့ ဆံပင္အဖ်ားေတြမွာ တြဲလြဲခိုေနတဲ့ ေရစက္ေတြနဲ႔ သရေနက သူမကို မၾကည့္ပဲ စားပြဲေပၚက စားစရာကိုသာ စပ္စုေနသည္။

" ေခါက္ဆြဲေၾကာ္ထားတယ္...ထိုင္..."

"ေမာင့္ဘာသာမစားခ်င္ပါဘူး...ခြံ႕ေကြၽး"

"ကဲပါ...ထိုင္ေတာ္မူပါ...ဆံပင္လဲ မသုတ္လာဘူး..ၿပီးရင္ဖ်ားဦးမယ္"

တေယာက္နဲ႔ တေယာက္အျပန္အလွန္ ၾကည္ၾကည္ႏူးႏူးနဲ႔ ေျပာဆိုေနတာကို ၾကည့္ၿပီး မၾကည္ႏူးႏိုင္တာက ရတုပိုင္။ ၾကည့္ပါဦး..ၾကည္သာယာက သရေနကို ေခါက္ဆြဲခြံ႕ေနတာ။ ၾကည္သာယာကိုယ္တိုင္ကလဲ မနက္စာမစားရေသးတာေတာင္ သရေနကို ခြံ႕ေကြၽးေနေသးတယ္။ ခင္မ်ားႀကီးကလဲ လက္မပါတာက်ေနတာပဲ ကိုယ့္ဘာသာကိုယ္စားပါလားလို႔။ ခုေတာ့ ကြၽန္ေတာ့ေရွ႕မွာမွ လာၿပီး ၾကည္ႏူးေနျပရလား။ နဂိုကတည္းက ခင္မ်ားက ပိုင္ရွင္ရွိမွန္းမသိခဲ့လို႔ ဒီဇာတ္လမ္းကိုထြင္ခဲ့ေပမဲ့ အခုပိုင္ရွင္ရွိမွန္းသိေနေပမဲ့လဲ ကြၽန္ေတာ္ ေနာက္မဆုတ္ခ်င္ေတာ့ဘူး။ ကြၽန္ေတာ္က လူယုတ္မာတစ္ေယာက္ ျဖစ္ပါေစဦး ကြၽန္ေတာ္ ခင္မ်ားႀကီးကို ၾကည့္ေနရ႐ုံနဲ႔တင္ ဒီမေကာင္းမႈအတြက္ ငရဲ ဆယ္ခါျပန္က်ဆိုရင္လဲ ေပ်ာ္ေပ်ာ္ႀကီး ခုန္ဆင္းသြားဦးမွာ။ အခ်စ္နဲ႔ စစ္မွာ မတရားတာမရွိဘူးမဟုတ္လား။ ကြၽန္ေတာ္က ခ်စ္လို႔ ငရဲပန္းကိုေ႐ႊပန္းထင္ၿပီးေခါင္းေပၚပန္မဲ့ေကာင္ပါဗ်ာ။ ဒါေၾကာင့္ေက်းဇူးျပဳၿပီး ကြၽန္ေတာ့ေရွ႕မွာေတာ့ ခင္မ်ားႀကီး အေနအထိုင္ဆင္ျခင္ပါဗ်ာ..။

****************

ဒီရက္ပိုင္း ေနမေကာင္းျဖစ္ေနတာေရာ၊ ကိုယ့္မွာ ကို႐ိုနာျဖစ္ေနၿပီဆိုၿပီး ဆိုက္ကိုေဖာက္ေနတာေရာ၊ အလုပ္အင္တာဗ်ဴးကလဲ မထင္မွတ္ပဲ ေအာင္သြားတာေၾကာင့္ အလုပ္အသစ္မွာ အူေၾကာင္ေၾကာင္ျဖစ္ေနတာေရာေၾကာင့္ ဒီ fic ကို ဆက္ေရးဖို႔ၾကာသြားေသာ္လည္း "နင္ဒီ fic ကို ဆက္မေရးဘူးလား" ဆိုၿပီး cb မွာ လာေအာ္သြားတဲ့ သူငယ္ခ်င္းႀကီး Reta-Nan ေၾကာင့္ေရာ ဟိုးးးတေန႔ကတည္းက ေမွ်ာ္ေနတယ္လို႔ cmt လာေရးသြားတဲ့ NangZarဆိုတဲ့ ညီမေလးလား မမ လားမသိတဲ့ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးတေယာက္ေၾကာင့္ေရာ ဒီညေတာ့ ပ်င္းေနလို႔မျဖစ္ဘူးဆိုၿပီး ႀကိဳးစားၿပီး ဆက္ေရးလိုက္ပါတယ္ေနာ္။ ေရးေနရင္းတန္းလန္းနဲ႔ NangZar ရဲ႕ ေစာင့္ေနတယ္ေလ ဆိုတဲ့ cmt ေလးရတာ အရမ္းပဲ အားရွိပါတယ္လို႔😘 အားေပးတဲ့အတြက္လဲေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒီ fic ကို မွန္မွန္ေလး upload လုပ္ႏိုင္ေအာင္ ႀကိဳးစားသြားပါမယ္ေနာ္ 😘😘 love you all❤️

Unicode

တံခါးဝရှေ့မှာ ရတုပိုင် ရပ်နေတာ အချိန်ဘယ်လောက်ကြာပြီလဲဆိုတာတောင် မသိတော့။ တံခါးခေါက်တော့လဲ အထဲက ထူးသံမကြားရတော့ ဝင်သွားသင့် မဝင်သွားသင့် စဉ်းစားနေရတာ ချီတုံချတုံ။ ကြည်သာယာက သူ့ကို အရမ်းကို ယုံကြည်နေတာလားတော့မသိ။ ဒီမနက်က မနက်စာစားဖို့ သရနေကို အနိုးလွတ်လိုက်သည်။

ဖြစ်ခါမှဖြစ်ရော တံခါးလက်ကိုင်ကို လှည့်ကြည့်တော့ တံခါးက ချောချောချူချူပွင့်သွားတော့ ရတုပိုင်စိတ်ထဲမှာတောင် အံ့ဩသွားရတယ်။ ကိုယ့်အခန်းတံခါးကို Lock မချထားဘူးလား!!

ပရိဘောဂအများကြီးနဲ့ တန်ဆာဆင်ထားခြင်းလဲမရှိအနက်ရောင်တမျိုးထဲကိုသာ ရိုးရိုးရှင်းရှင်း သုတ်လိမ်းထားသည့်အပြင် လိုက်ကာမည်းကြီးကိုလဲချထားတော့ အခန်းက ထင်ထားတာထက် မှောင်မဲနေသည်။ အခန်းအလည်က ကုတင်ပေါ်မှာတော့ သရနေ။ အိပ်နေတာများ သိုးလို့။ ရတုပိုင် ကုတင်ပေါ် တင်ပလွဲထိုင်ရင်း..

"အကို....အကို သရနေ...ထတော့လေ"

သရနေ ကတော့ တုတ်တုတ်တောင်မလှုပ်။

ရတုပိုင် သရနေ လက်မောင်းကို ကိုင်ရင်း အသာအယာလှုပ်နိုးကြည့်လိုက်တော့ အနည်းငယ်ကိုယ်ကို ရတုပိုင်ရှိရာဖက်ကိုလှည့်လိုက်သည်ကလွဲပြီး နိုးလာမည့်ပုံမရှိ။ ဟွန်း....အိပ်ပုပ်ကြီး...။

အိပ်ပျော်နေသော သရနေကို ကြည့်ရင်း ရတုပိုင် မနေ့ညက ကားပေါ်မှာ ဖြစ်ခဲ့တာကို ပြန်မြင်ယောင်လာကာ ရင်ခုန်တာတောင် အခုထိမပြေချင်သေး။မနေ့ညက သရနေ နိုးလာတာကြောင့် ရည်ရွယ်ချက်အထမမြောက်လိုက်ရ။ ဒီတခါဆိုရင်ရော??? မကောင်းတဲ့နတ်ဆိုးကတော့ မြောက်ပေးနေပြန်ပြီထင်တယ် ရတုပိုင်ရေ။ ဒီတခါတော့ မဖြစ်ဘူးလေ။ အရင်တခေါက်က ကံကောင်းပြီး ဖြေစရာရှိပေမဲ့ ဒီတခါသာ မိသွားရင် သရနေကန်ချတော့မယ်။

"အကို....အကို.....ထတော့လို့"

ရတုပိုင်စိတ်မရှည်တော့။ ဒီလောက်နိုးရခက်တာ ပိတ်နမ်းမိတော့မယ်။

အမှန်တော့ သရနေ နိုးနှင့်နေတာ ကြာပြီ။ ကြည်သာယာ လာနိုးလျှင် ဂျီကျပြီး ကြည်သာယာ့ ရင်ခွင်ထဲတိုးဝင်ပြီး ချွဲမယ်လို့ လုပ်ထားတဲ့ အကြံအစီက အခန်းထဲကို ကုပ်ချောင်းကုပ်ချောင်း ဝင်လာတဲ့ ရတုပိုင်ကြောင့် ပျက်ပြီဆိုတာ သိလိုက်ပြီ။ ခဏခဏ သူ့အကြံအစီကိုဖျက်တဲ့ကောင်လေး။ အိပ်ချင်ယောင်ဆောင်ပြီး ရတုပိုင်အခြေအနေကိုစောင့်ကြည့်နေလိုက်သည်။ မင်း ဘာလုပ်ဦးမှာလဲ??မနေ့ညတုံးက ကားပေါ်က အခြေအနေက သိပ်တော့ ဘဝင်မကျ။ ခဏလေးအိပ်ပျော်သွားပြီး နိုးလာတဲ့အချိန် မြင်လိုက်ရတာက ရတုပိုင် မျက်နှာ။ ပြီးတော့ အသက်ရှူတာ စမ်းတယ်လို့အကြောင်းပြချက်ပေးပြီးတော့ သူ့ရဲ့လက်တွေက နှခေါင်းအောက်မှာရှိသင့်တာမဟုတ်ဖူးလား။ အိပ်ချင်မူးတူးဖြစ်နေတာကြောင့်ဘဲ သူမထင်မှားမိတာများလား??

"အကို....အကိုလို့......ထတော့လို့...မကြီးစောင့်နေတယ်"

သိသိသာသာကြီး လှုပ်နိုးလာမှုက ပြင်းလာသည်။ ဒါပေမဲ့ အိပ်ချင်ယောင်ဆောင်နေတဲ့သူကို နိုးရခက်တယ်ဆိုတဲ့ စကားပုံလဲရှိတယ်မလား။

ရတုပိုင် လှုပ်နိုးနေတာကို လက်လျော့လိုက်ပြီး ပြတင်းပေါက်ရှိရာ လိုက်ကာ အမဲကြီးဆီ လျောက်သွားကာ လိုက်ကာအမဲရောင်ထူထူကြီးကို ဆွဲဖွင့်လိုက်တော့ ဝင်လာတဲ့ အလင်းရောင်ကြောင့် ရတုပိုင်ပင် မျက်စိကြိမ်းသွားရ၏။

ဆိုးဆိုးဝါးဝါး အလင်းစူးလွန်းတာကြောင့် သရနေ ဘယ်လိုမှ သည်းခံပြီး အိပ်လို့မရတော့။ နဂိုကတည်းကမှ ဒီလို အရမ်းအလင်းစူးတာမကြိုက်လို့ဘဲ အခန်းကိုတောင် တမင် အမှောင်ချထားတာ။ လိုက်ကာကိုတောင် ညနေလောက်မှ ဖွင့်တတ်တာ။အခုတော့ စောစောစီးစီး ရတုပိုင်ကြောင့် တခန်းလုံး လင်းထိန်ကာ နေရောင်ခြည်ကလဲ အခန်းထဲကို ရသလောက် အတင်းကာရော ဝင်ရောက်နေပြီ။ သရနေ တော်တော် ဒေါသထွက်သွားကာ

"ဟေ့ကောင် ဘာဖြစ်လို့ လိုက်ကာကို ဖွင့်လိုက်တာလဲ ပြန်ပိတ်လိုက် အခုချက်ချင်း"

"ဟော..အကို နိုးပြီပဲ မကြီးစောင့်နေတယ် မျက်နှာသစ်တော့နော်"

"လိုက်ကာပိတ်လို့ပြောနေတယ်လေ"

"ဘာဖြစ်လို့လဲအကိုရဲ့ အခုမှ အခန်းက အလင်းရောင်ဝင်ပြီး ကြည့်လို့ကောင်းသွားတာကို"

ပြတင်းပေါက်နားမှာ ရပ်နေလျက် လိုက်ကာစ ကို ဟိုဆွဲဒီဆွဲလှုပ်နေရင်း ရတုပိုင် ပြန်ဖြေနေတာကို စိတ်မရှည်တော့ပဲ သရနေ ကုတင်ပေါ်မှထကာ ရတုပိုင်ရှိရာ ပြတင်းပေါက်နားကို လျောက်လာလိုက်သည်။

ရုတ်တရက် အနီးကပ်လာသော သရနေကြောင့် ရတုပိုင်ကြောင်တောင်တောင်နှင့် မော့ကြည့်လိုက်သည်။ သူ့ထက်အရပ်ရှည်တဲ့ သရနေကို ဒီလိုမှမော့မကြည့်ရင် မြင်ရမှာက မျက်မှာမဟုတ်ဘဲ သရနေရဲ့ လည်တိုင်သာ။ အပေါ်အောက်တချက်တချက်လှုပ်ရှားသွားတဲ့ သရနေရဲ့ လည်တိုင်က လည်စလုတ် ကြောင့် ရတုပိုင် တံတွေးခဏခဏ မျိုနေရမှာ။

သရနေ အနီးကပ်လာမှုကြောင့် ရတုပိုင် နံရံကို ပိုပိုပြီးကပ်သွားရပြီး သရနေ၏လက်တဖက်က နံရံကိုထောက်လာသည့်အတွက် ရတုပိုင် ပြေးပေါက်မရှိတော့။ ဒီလောက်အနီးကပ်ကြီး ကပ်လာတဲ့သရနေနားလဲ ပြေးလို့ရရင်တောင်မပြေးချင်ပါဘူး။ အနီးကပ် ငုံ့ချလာသည့် မျက်နှာကြောင့် ရတုပိုင် မျက်စိကိုယောင်ယမ်းပြီးမှိတ်လိုက်မိသည်။ ဘာလုပ်မှာလဲ သရနေ။ ရုပ်ရှင်တွေထဲမှာဆိုရင် ဒီအနေအထားနဲ့ ဒီအခြေအနေဆိုတာ kiss sence ပဲ မဟုတ်ဘူးလား။ ဘုရားရေ..။

နံရံမှာကပ်ပြီး လိုက်ကာစကြီးကို ကိုင်ကာ မျက်စိစုံမှိတ်ပြီးရပ်နေတဲ့ကောင်လေးကြောင့် သရနေ ရီချင်သွားရပြန်ရော။ ဧကန္တတော့ ဒီကောင်လေး လိုက်ကာစ ဆွဲဖွင့်လိုက်လို့ သူကုတင်ပေါ်က ရုတ်တရက်ထပြီး ပြတင်းပေါက်နားရောက်လာတာကြောင့် သူ့ကို တခုခုလုပ်မှာ စိုးလို့ ကြောက်အားလန့်အားနဲ့ မျက်စိစုံမှိတ်ထားတယ်ထင်တယ်။ လက်ထဲမှာ ဆုတ်ကိုင်ထားတဲ့ လိုက်ကာစလဲ ဟိုချေဒီချေလုပ်နေလို့ တွန့်ကြေနေတာကိုကြည့်ပြီး ဒီကောင်လေး သူ့ကို လန့်နေတာသေချာသွားပြီ။ ကိုယ် မင်းကို ခြောက်ဖို့ မရည်ရွယ်ပါဘူး ကောင်လေးရာ..။

"ပေး"

လက်ထဲက လိုက်ကာစကြီးကိုဆွဲယူတာခံလိုက်ရလို့ ရတုပိုင် မျက်လုံးလေးကို အသာအယာ ဖွင့်ကြည့်တော့ သရနေတယောက် လိုက်ကာစကြီးကို ဆွဲပြီး ပြတင်းပေါက်ကိုတောင် ပြန်ကာလို့ ပြီးလုပြီ။

"သွားတော့..ရေချိုးပြီးဆင်းလာခဲ့မယ်"

အဲ့လိုပြောပြီးမောင်းထုတ်ပေမဲ့ ရတုပိုင်မသွားချင်သေးပါဘူး။ ဖြစ်နိုင်ရင် တစက္ကန့်လဲ တစက္ကန့် သရနေနားကပ်နေချင်တာ။ မနက်က ကြည်သာယာ သူ့ကိုယုံကြည်ပြီး သရနေကို အနိုးလွတ်လိုက်တာကိုတောင် ကြိတ်ပြီး ကျေးဇူးတွေတင်နေရတာ။

"မသွားသေးဘူးလား..ကိုယ်ရေချိုးတော့မှာ"

ပြောပြောဆိုဆို ဝတ်လက်စ pajamas င်္အကျီကို ကြယ်သီးဖြုတ်မနေပဲ လှန်ပြီးဆွဲချွတ်လိုက်သော သရနေရဲ့ လှုပ်ရှားမှုကြောင့် ရတုပိုင်တစ်ယောက် အသက်ရှူပင်မှားမတတ်။ စာဖိုမှူး တယောက်ဖြစ်သော်ငြားလဲ သရနေ၏ ခန္တာကိုယ်ဘော်ဒီက ကျစ်လစ်သွယ်လျ လျက်ဝမ်းဗိုက်မှာ အဆီပိုမရှိ ချပ်ရပ်လျက်ရှိပြီး တောင့်တင်းသော ရင်အုပ်ကြီးကလဲ ရင်ခွင်ထဲနှစ်ဝင်အောင်ဖက်ထားလိုက်ရလို့ကတော့...။

"သွား.....သွားတော့မှာ"

သူ့ကို သမင်လှည်ပြန်ကြည့်ရင်း တွန့်ဆုတ်တွန့်ဆုတ်နှင့် အခန်းထဲကထွက်သွားသော ရတုပိုင်ကြောင့် သရနေ ရီချင်စိတ်ကို မနည်းထိန်းထားရသည်။ အင်းပေါ့လေ..။ ရတုပိုင်လို ပိန်ပိန်ဖျော့ဖျော့ ကောင်လေးတိုင်းက သူ့ရဲ့ ဘော်ဒီကို အားကျကြတာချည်းပဲမဟုတ်လား..။ ဒီလိုဘော်ဒီဖြစ်အောင် ဘယ်လောက်တောင် train ထားရသလဲ။ ဒီလိုအားကျခံရအောင် train ရကြိုးနပ်တယ်ဆိုတာ သမင်လည်ပြန်တောင်ကြည့်သွားတဲ့ ကောင်လေးရဲ့ မျက်ဝန်းက သက်သေပြနေပြီမဟုတ်လား။ ကျေနပ်တယ်။

"ဘယ်လိုလဲ နိုးခဲ့ပြီလား"

ကြည်သာယာရဲ့ အမေးစကားကြားမှ အိမ်မက်ကနေ လန့်အနိုးခံရတဲ့လူတယောက်လို ရတုပိုင် အယောင်ယောင်အမှားမှားနှင့်

"ဗျာ...ဟုတ်..ဟုတ်...ရေ..ရေချိိုးပြီးဆင်းလာမယ်တဲ့ မကြီး"

အထစ်ထစ် အငေါ့ငေါ့နဲ့ဖြေနေတဲ့ ရတုပိုင်ကိုကြည့်ရင်း ကြည်သာယာ စိတ်ထဲမှနေ၍ သရနေကို လှမ်းပြီး မေတ္တာပို့မိသည်။ ကလေးကို ဘာတွေကြပ်လွတ်လိုက်ပြန်ပြီလဲမသိ။ ကောင်းကောင်းမွန်မွန်ဆက်ဆံပါလို့ မှာထားရဲ့နဲ့။ ကလေးကဖြင့် လန့်နေပြီ။ သနားပါတယ်။

ကြည်သာယာ ထမင်းစားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်တဲ့ ရတုပိုင်ကိုကြည့်ရင်း လွန်ခဲ့တဲ့ သရနေ မအောင်မြင်ခင်က နှစ်တွေကို သွားသတိရမိပြန်ရော။ အဲ့ဒီတုန်းက သရနေဆိုတဲ့ကောင်လေးဟာ အခု ကြည်သာယာ့ရှေ့မှာ ထိုင်နေတဲ့ ကောင်လေးသေးသေးလေးလိုပါပဲ ဖြူဖြူဖျော့ဖျော့လေး။ သူမနဲ့စတွေ့တုံးကတည်းက ချစ်စရာ ကလေးလေးတယောက်ဆိုပြီး မောင်လိုရော ချစ်သူတယောက်လိုပါ အချစ်ပိုခဲ့ရသည်။ အဲ့ဒီတုံးက သူမကို ချစ်ပါသည် ဆိုတဲ့စကားကို ကြားလိုက်ပြီးတာနဲ့ ၂ခါတောင်ပြန်မစဉ်းစားပဲ ချက်ချင်း အဖြေပြန်ပေးခဲ့တာပါ။ အဲဒါကြောင့်မလို့ပဲ သူမကို သရနေ တန်ဖိုးမထားခဲ့တာလားတော့ မပြောတတ်။

ဆယ်ကျော်သက်ကောင်လေးတယောက်ရဲ့ ဆိုးပေမှုအပေါင်းကို ကြည်သာယာ မညီးမညူ အံကြိတ်ရင်း လက်သင့်ခံခဲ့သည်။ ညသန်းခေါင် အချိန်မတော် ဘီယာဆိုင်မှာ မူးနေလို့ပါဆိုရင်လဲ ကြည်သာယာ ဘာကိုမှ မငဲ့နိုင်။ အနွေးထည်ကောက်ဝတ်ပြီး ချက်ချင်းလိုက်သွားရတာတွေဆိုတာ မရည်တွက်နိုင်ခဲ့။ ရန်ဖြစ်လို့ ရဲစခန်းမှာ အာမခံလာထုတ်ပါဆိုလျှင်လဲ ဒီကောင်မကြီး ကြည်သာယာပါပဲ။ သုံးစရာမရှိလို့ ငြီးငြူရင်လဲ ကြည်သာယာမနေနိုင်။ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရှာကြံပြီး မရရအောင် ဖန်တီးခဲ့တာချည်း။ ဒါပေမဲ့ ကြည်သာယာအဲ့ဒီတုန်းက ပြန်ရလိုက်တာက လျစ်လျူရှုခံရခြင်း၊ တန်ဖိုးထားမခံရခြင်း၊ အဆိုးဆုံးက သစ္စာဖောက်ခံရခြင်း။

နုနယ်ပြီး ချောမောလွန်းတဲ့ ဆယ်ကျော်သက်ကောင်လေးတယောက်ရဲ့ စန်းပွင့်မှုအားလုံးကို သရနေ ပျော်ရွှင်စွာ လက်မလွတ်စတမ်း စမ်းသပ်တဲ့ပွဲတိုင်းမှာ ကြည်သာယာကတော့ အလဲလဲ အကွဲကွဲ။ အမှားတခုလုပ်ပြီးတိုင်း ကြည်သာယာ့အရိပ်ကို ပြန်လာခိုတတ်တာ သရနေအကျင့်ဖြစ်သလို အမှားတခုကို ခွင့်လွတ်ပြီးတိုင်း နောက်ထပ်အမှားတခုကို ကျူးလွန်ဖို့ အသင့်ဖြစ်နေတာလဲ သရနေအကျင့်တခုသာ။

ဒါပေမဲ့....ဒါပေမဲ့ပေါ့လေ..။ အဲဒီကောင်လေးဆိုးကိုပဲ ကြည်သာယာ့မှာ မစွန့်ပစ်နိုင်ခဲ့။ အဆိုးဆုံးအခြေအနေမှာတောင် လက်မလွတ်ပေးနိုင်ခဲ့တဲ့ ကြည်သာယာ့စိတ်ကိုလဲ အခုအချိန်မှာ ကြည်သာယာကိုယ်တိုင်လဲ အံ့ဩသည်။ ဒါပေမဲ့ အဲ့ဒီအံ့ဩမှုမှာ နောင်တဆိုတာ တစိုးတစိလေးတောင်မပါဘူးဆိုတာ ကြည်သာယာပြောရင် ဘယ်သူမှ ယုံမယ်မထင်။

သရနေ အသက် ၂၀ကျော်ပြီးနောက်ပိုင်းမှ သရနေ နည်းနည်း ရင့်ကျက်လာပြီး ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ်တုံးကလောက် မဆိုးတော့သော်လည်း ကြည်သာယာ့မှာ နောက်က လိုက်ရှင်းရတုံး။ တခါတလေ သရနေရဲ့ ဘာညာသာရကာတွေရဲ့ ရန်ရှာခံရတာတောင် အဆစ်ပါသေး၏။

ဒီလိုနဲ့ သရနေ ရဲ့ တဦးတည်းကျန်တဲ့ မေမေ ဆုံးသွားတော့ သရနေ တယောက် အကြီးအကျယ် ပြိုလဲပြီး စိတ်ဓာတ်တွေ တဘုန်းဘုန်းကျ နောင်တတွေ တပုံတပင်ကြီးနဲ့ လဲကျနေတဲ့အချိန်မှာ ကြည်သာယာ ဆုံးဖြတ်ချက်တခု တိတိကျကျချမှတ်ရင်း သရနေကို မရရအောင် ပြန်ပြီးတွဲခေါ်ခဲ့သည်။ ဘာအရည်အချင်းမှ မယ်မယ်ရရမရှိတဲ့ သရနေကို စားဖိုမှူးလမ်းကြောင်းပေါ်ကို မရောက်ရောက်အောင်ဆွဲတင်ရင်း သရနေရဲ့ အောင်မြင်ခြင်းလမ်းစကို အစထုတ်ရှာဖွေခဲ့ကြသည်။ ဒီနောက်ပိုင်းတော့ ကြည်သာယာ စိတ်ချမ်းသာရပါသည်။ ကိုယ်ချစ်တဲ့လူဆိုတာ ဆိုးနေတုံးကလဲ ကိုယ်ချစ်တဲ့သူပါပဲ။ ကောင်းလာပြန်တော့လဲ အချစ်ပိုရုံအပြင် ဘာထပ်ရှိသေးလို့လဲ။ ကိုယ်ရွေးချယ်ထားတဲ့ ဒီလူက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဒါက တသက်စာပဲမဟုတ်လား။ ကောင်းကောင်းဆိုးဆိုး မင်းကို ကိုယ် လက်လွတ်ပေးမှာမဟုတ်ဘူး သရနေ။

ဒါပေမဲ့ တခုတော့ရှိတယ်။ ကြည်သာယာဆိုတာ ခဲမှန်ဖူးတဲ့ စာသူငယ်မဟုတ်လား။ ခဲမှန်ဖူးတာမှ တခါ နှစ်ခါမက။ ကိုယ့်အတွက် အကာအကွယ်ဆိုတာ ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးရမှာပါပဲ။ ကောင်းကင်ကြီးပြိုကျရင်တောင် ပြေးပေါက်တခုတော့ရှာထားရမှာပေါ့။ ဒါကြောင့်လဲ..ဒါကြောင့်လဲ..

"မနက်စာက ဘာစားရမှာတုန်း"

အနောက်ကနေ သိမ်းဖက်ရင်း မေးလာတဲ့ သရနေကြောင့် တွေးလက်စအတွေးတွေ လွင့်ပျောက်ကုန်ကာ လှည့်ကြည့်လိုက်တော့ ရေချိုးပြီးခါစ ခေါင်းလျော်ထားတာမဟုတ်ပေမဲ့ ဆံပင်အဖျားတွေမှာ တွဲလွဲခိုနေတဲ့ ရေစက်တွေနဲ့ သရနေက သူမကို မကြည့်ပဲ စားပွဲပေါ်က စားစရာကိုသာ စပ်စုနေသည်။

" ခေါက်ဆွဲကြော်ထားတယ်...ထိုင်..."

"မောင့်ဘာသာမစားချင်ပါဘူး...ခွံ့ကျွေး"

"ကဲပါ...ထိုင်တော်မူပါ...ဆံပင်လဲ မသုတ်လာဘူး..ပြီးရင်ဖျားဦးမယ်"

တယောက်နဲ့ တယောက်အပြန်အလှန် ကြည်ကြည်နူးနူးနဲ့ ပြောဆိုနေတာကို ကြည့်ပြီး မကြည်နူးနိုင်တာက ရတုပိုင်။ ကြည့်ပါဦး..ကြည်သာယာက သရနေကို ခေါက်ဆွဲခွံ့နေတာ။ ကြည်သာယာကိုယ်တိုင်ကလဲ မနက်စာမစားရသေးတာတောင် သရနေကို ခွံ့ကျွေးနေသေးတယ်။ ခင်များကြီးကလဲ လက်မပါတာကျနေတာပဲ ကိုယ့်ဘာသာကိုယ်စားပါလားလို့။ ခုတော့ ကျွန်တော့ရှေ့မှာမှ လာပြီး ကြည်နူးနေပြရလား။ နဂိုကတည်းက ခင်များက ပိုင်ရှင်ရှိမှန်းမသိခဲ့လို့ ဒီဇာတ်လမ်းကိုထွင်ခဲ့ပေမဲ့ အခုပိုင်ရှင်ရှိမှန်းသိနေပေမဲ့လဲ ကျွန်တော် နောက်မဆုတ်ချင်တော့ဘူး။ ကျွန်တော်က လူယုတ်မာတစ်ယောက် ဖြစ်ပါစေဦး ကျွန်တော် ခင်များကြီးကို ကြည့်နေရရုံနဲ့တင် ဒီမကောင်းမှုအတွက် ငရဲ ဆယ်ခါပြန်ကျဆိုရင်လဲ ပျော်ပျော်ကြီး ခုန်ဆင်းသွားဦးမှာ။ အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးမဟုတ်လား။ ကျွန်တော်က ချစ်လို့ ငရဲပန်းကိုရွှေပန်းထင်ပြီးခေါင်းပေါ်ပန်မဲ့ကောင်ပါဗျာ။ ဒါကြောင့်ကျေးဇူးပြုပြီး ကျွန်တော့ရှေ့မှာတော့ ခင်များကြီး အနေအထိုင်ဆင်ခြင်ပါဗျာ..။

****************

ဒီရက်ပိုင်း နေမကောင်းဖြစ်နေတာရော၊ ကိုယ့်မှာ ကိုရိုနာဖြစ်နေပြီဆိုပြီး ဆိုက်ကိုဖောက်နေတာရော၊ အလုပ်အင်တာဗျူးကလဲ မထင်မှတ်ပဲ အောင်သွားတာကြောင့် အလုပ်အသစ်မှာ အူကြောင်ကြောင်ဖြစ်နေတာရောကြောင့် ဒီ fic ကို ဆက်ရေးဖို့ကြာသွားသော်လည်း "နင်ဒီ fic ကို ဆက်မရေးဘူးလား" ဆိုပြီး cb မှာ လာအော်သွားတဲ့ သူငယ်ချင်းကြီး Reta-Nan ကြောင့်ရော ဟိုးးးတနေ့ကတည်းက မျှော်နေတယ်လို့ cmt လာရေးသွားတဲ့ NangZarဆိုတဲ့ ညီမလေးလား မမ လားမသိတဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတယောက်ကြောင့်ရော ဒီညတော့ ပျင်းနေလို့မဖြစ်ဘူးဆိုပြီး ကြိုးစားပြီး ဆက်ရေးလိုက်ပါတယ်နော်။ ရေးနေရင်းတန်းလန်းနဲ့ NangZar ရဲ့ စောင့်နေတယ်လေ ဆိုတဲ့ cmt လေးရတာ အရမ်းပဲ အားရှိပါတယ်လို့😘 အားပေးတဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်။ ဒီ fic ကို မှန်မှန်လေး upload လုပ်နိုင်အောင် ကြိုးစားသွားပါမယ်နော် 😘😘 love you all❤️

Pokračovat ve čtení

Mohlo by se ti líbit

798K 23.5K 63
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
647K 31.1K 26
𝐓𝐡𝐞 𝐔𝐧𝐞𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐫𝐢𝐞𝐬 ~ 𝐁𝐨𝐨𝐤 𝟐 Sara Zafar, once a vibrant, effervescent spirit, embarks on a new chapter of her life in New Y...
151K 9.3K 11
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...