ၾကင္ယာေတာ္ "မို႔ရန္"

By Iris-Lily

398K 42.7K 1.6K

အခ်ိန္ခရီးသြားျခင္းက တကယ္ပဲ ရွိတာလား.... ပတ္ဝန္းက်င္က လႈပ္ရွားသြားလာေနသည့္ လူမ်ားက သူမကို "ဒါတကယ္ဟုတ္တယ္" ဟု... More

အပိုင္း (၁)
အပိုင္း (၂)
အပိုင္း (၃)
အပိုင္း (၄)
အပိုင္း (၅)
အပိုင္း (၆)
အပိုင္း (၇)
အပိုင္း (၈)
အပိုင္း (၉)
အပိုင္း (၁၀)
အပိုင္း (၁၁)
အပုိင္း (၁၂)
:(
အပိုင္း (၁၃)
အခန္း (၁၄)
အပိုင္း (၁၅)
အပိုင္း (၁၆)
အပိုင္း (၁၇)
အပိုင္း (၁၈)
အပိုင္း (၁၉)
အပိုင္း (၂၀)
အပိုင္း (၂၁)
အပုိင္း (၂၂)
အပိုင္း (၂၃)
အပိုင္း (၂၄)
အပိုင္း (၂၅)
အပိုင္း (၂၆)
အပိုင္း (၂၇)
အပိုင္း (၂၈)
အပိုင္း (၂၉)
အပိုင္း (၃၀)
အပိုင္း (၃၁)
အပိုင္း (၃၂)
:D
အပိုင္း (၃၃)
အပိုင္း (၃၄)
အပိုင္း (၃၅)
အပိုင္း (၃၆)
အပိုင္း (၃၇)
အပိုင္း (၃၈)
အပိုင္း (၃၉)
အပိုင္း (၄၀)
အသိေပးအေၾကာင္းၾကားျခင္း
အပိုင္း (၄၁)
အပိုင္း (၄၂)
အပိုင္း (၄၃)
အပိုင္း (၄၄)
အပိုင္း (၄၅)
အပိုင္း (၄၆)
အပိုင္း (၄၇)
အပိုင္း (၄၈)
အပိုင္း (၄၉)
အပိုင္း (၅၀)
အပိုင္း (၅၁)
အပိုင္း (၅၂)
အပိုင္း (၅၃)
အပိုင္း (၅၄)
အပိုင္း (၅၅)
အပိုင္း (၅၆)
အပိုင္း (၅၇)
အပိုင္း (၅၈)
အပိုင္း (၅၉)
အပိုင္း (၆၀)
အပိုင္း (၆၂)
အပိုင္း (၆၃)
အပိုင္း (၆၄)
အပိုင္း (၆၅)
အပိုင္း (၆၆)
အပိုင္း (၆၇)
အပိုင္း (၆၈)
အပိုင္း (၆၉)
အပိုင္း (၇၀)
အပိုင္း (၇၁)
အပိုင္း (၇၂)
အပိုင္း (၇၃)
အပိုင္း (၇၄)
အပိုင္း (၇၅)
အပိုင္း (၇၆)
အပိုင္း (၇၇)
အပိုင္း (၇၈)
အပိုင္း (၇၉)
အပိုင္း (၈၀)

အပိုင္း (၆၁)

2.4K 301 40
By Iris-Lily





"မင္း တိုက္ပြဲထဲ သြားဖို႔မလုိဘူး…"

ေျခလွမ္းက်ဲမ်ားျဖင့္ အထဲကိုဝင္လာေသာ ဟြာရွန္႔က ခပ္ျပတ္ျပတ္အသံျပဳကာ စားပြဲရွိရာေနရာဆီ ေလွ်ာက္သြားသည္။

"စစ္သူႀကီး… အရိုအေသျပဳပါတယ္…"

မို႔ရန္က အရိုအေသပင္ မျပဳဘဲ ဟြာရွန္႔နား ေျပးသြားၿပီး

"ဘာလုိ႔ မလုိတာလဲ… က်ေနာ္လည္း တိုက္ခိုက္ေရး ကၽြမ္းပါတယ္… က်ေနာ့္ကို အခြင့္အေရးေပးသင့္တယ္…"

ဟြာရွန္႔၏ ေအးစက္ေသာအၾကည့္တို႔ေၾကာင့္ မို႔ရန္ ပါးစပ္ပိတ္သြားသည္။

"မတရားလိုက္တာ…."

"ရိန္း… စစ္သူႀကီးအခန္းမွာ ငါ့ကိုယ္စား ေျမပံုသြားယူေပးပါလား…"

"အင္း… အင္း…."

လက္ေထာက္ဝူက သူမကို ျပသနာမရွာမိေစရန္အတြက္ ခိုင္းလိုက္မွန္း မို႔ရန္သိသည္။ ခ်က္ခ်င္းပင္ အခန္းအျပင္ဘက္သို႔ ထြက္သြားၿပီး ဟြာရွန္႔၏ အေဆာင္ခန္းဆီ သြားလိုက္သည္။ စားပြဲေပၚျဖန္႔ထားသည့္ စစ္ေျမပံုတစ္ခုကို လွမ္းယူရင္း စားပြဲေပၚရွိ စာရြက္တစ္ရြက္က ၾကမ္းျပင္ေပၚ က်သြားသည္။ သူမစာရြက္ကို ျပန္ေကာက္ၿပီး သူ႔ေနရာတြင္ ျပန္ထားေသာ္လည္း မ်က္လံုးက စာရြက္တြင္ေရးထားသည့္ စာတို႔ကို ဖတ္မိေလသည္။

"ေရႊလွည္း ၅စီး၊ ရတနာလွည္း ၅စီး၊ ေငြလွည္း ၁၀စီး၊ ပိုးထည္လိပ္ ၂၀၀၊ လက္ဖြဲ႕ပစၥည္းေသတၱာ ၃၀… ၿပီးေတာ့ အမ်ားႀကီး….. အမ္… ဒါ မဂၤလာေဆာင္ဖို႔ ပစၥည္းစာရင္းေတြလား…. စစ္သူႀကီးက တကယ့္ ေဘာစိအစစ္ပဲ…. ဒီလိုမွန္းသိ ငါ သူ႔ေျခသလံုးဖက္ထားပါတယ္… အိမ္ေတာ္က အေစခံေတြေျပာတာ တကယ္ပဲေရာ္…. အမဖန္းယဲ့နဲ႔ မဂၤလာေဆာင္ဖို႔ ရက္ေတာင္ သတ္မွတ္ၿပီးၿပီထင္တယ္… မဂၤလာပြဲက ဘယ္ေန႔ပါလိမ့္…."

စပ္စုျခင္းအလုပ္ ျမန္ျမန္လက္စသပ္ကာ ေျမပံုကိုယူၿပီး သူမအခန္းထဲကေန ထြက္သြားသည္။ မို႔ရန္သည္ စာရင္းစာရြက္ကိုသာ စပ္စုၿပီး စားပြဲေပၚျပန္တင္သြားေသာ္လည္း ေဘးနားစားပဲြတြင္ ဆြဲလက္စ ပန္းခ်ီကားကိုေတာ့ နည္းနည္းေလးမွ မျမင္သြားေခ်။ သူမထြက္သြားၿပီး ခဏအၾကာ ဟြာရွန္႔ သူ႔အခန္းထဲ ျပန္ေရာက္လာသည္။ ထုိပန္းခ်ီကားရွိရာ စားပဲြေပၚ သူလက္ေထာက္ကာ ေခါင္းငံု႔ၿပီး အၿပီးမသတ္ရေသးသည့္ ပန္းခ်ီကားကို အဓိပၸာယ္မဲ့ စိုက္ၾကည့္ေနသည္။ သူဘာလို႔ ထုိပန္းခ်ီကားကို ႏွစ္ႏွစ္ကာကာ ဆဲြလုိစိတ္ျဖစ္သြားသည္ကိုလည္း နားမလည္ႏိုင္ေသး။ စုတ္တံကို ကိုင္ၿပီး ပန္းခ်ီကားထဲက မိန္းကေလး၏အၿပံဳး ပိုမိုအသက္ဝင္လာေအာင္ ေရးဆြဲသည္။ ဒီပန္းခ်ီကား ေရးဆဲြၿပီးလွ်င္ၿပီးခ်င္း သူဖ်က္ဆီးရမည္။ ယခုေတာ့ သူစိတ္အလိုကို ခဏသာလိုက္ၿပီး သူ၏အိမ္မက္ထဲက မိန္းကေလးပံုတူပန္းခ်ီကုိ စိတ္ႏွစ္ၿပီး ဆြဲေနဦးမည္။
အဲ့ဒီမိန္းကေလးမ်က္ႏွာက ဘယ္လိုပံုရွိေနမလဲ… ငါကေရာ… ဘာလို႔မ်ား သူမလို႔ ထင္ေနရတာလဲ…!!!!

ပန္းခ်ီဆဲြၿပီးခ်ိန္တြင္ သူမ်က္ေမွာင္တို႔ အတင္းက်ံဳ႕ထားကာ ကိုယ့္ကိုယ္ကို လက္သင့္မခံလိုစိတ္ ျဖစ္ထြန္းလာသည္။ စာရြက္ကို လံုးေခ်ၿပီး အခန္းျပင္သို႔ လႊင့္ပစ္လိုက္ေလသည္။
---------------------------------


ခံတပ္ (၄) သို႔ ပို႔လႊတ္မည့္ စစ္သည္တို႔ ဂိတ္ေပါက္တြင္ အစစ္ေဆးခံၿပီး ထြက္ခြာရန္ ျပင္ဆင္ေနၾကသည္။ မုိ႔ရန္က စစ္သည္ေတာ္ အဝတ္အစားကို ဝတ္ထားၿပီး အျခားေသာ စစ္သည္မ်ားၾကားတြင္ မအူမလည္ပံုစံဖမ္းၿပီးေရာေႏွာကာ ဂိတ္ဝတြင္ အစစ္ေဆးခံရန္ အသင့္ျပင္ထားသည္။ ဖူအစ္ကိုႀကီးတို႔ အုပ္စုကို သူမလိုက္ရွာေသာ္လည္း မေတြ႕ေသး။

"ရိန္း… မင္းေရာပါတာလား…"

"ဟင္… အစ္ကိုငါး…. အျခားလူေတြေရာ… သံုးကေလးတုိ႔ ဖူအစ္ကိုႀကီးတို႔ေရာ…. သူတို႔ဘယ္မွာလဲ…"

"ငါတို႔နဲ႔အုပ္စု မတူဘူး…. သူတို႔ဟိုဘက္နားမွာ… မင္းလည္း ပါတာလား…"

အစ္ကိုငါးအား လူနည္းနည္းရွင္းသည့္ ေနရာသို႔ ဆဲြေခၚလာၿပီး

"အစ္ကိုငါး…. က်ေနာ္ လူစားလဲလာတာ..."

"မင္း.. ဘယ္လုိလုပ္ၿပီး…."

"ရွဴး… တိုးတိုး… စာရင္းထဲမွာ အစ္ကိုတို႔ပါတာ က်ေနာ္သိရလို႔… တိုက္ပြဲမဝင္ရဲေသးတဲ့ ေကာင္ေလးဆီက တံဆိပ္ျပားသြားလဲလာတာ… ဒီမွာၾကည့္… က်ေနာ္ ေတာ္တယ္မွတ္လား…."

စစ္သည္နာမည္ ေရးထိုးထားေသာ တံဆိပ္ျပားကို အစ္ကိုငါးမ်က္ႏွာေရွ႕ တြဲလြဲလႈပ္ရမ္းျပသည္။ အစ္ကိုငါးက စိုးရိမ္ေသာေလသံျဖင့္

"မင္း မဟုတ္ေသးပါဘူး…. ဒီေလာက္အႏၱရာယ္မ်ားတာကို… မင္းနာမည္လည္း ပါတာ မဟုတ္ဘဲနဲ႔… မလုိက္ခ်င္စမ္းပါနဲ႔…"

!ဟာ… အစ္ကိုငါးကလည္း… ရဲေဘာ္ရဲဘက္စိတ္ ရွိလို႔လိုက္တာဗ်… အစ္ကိုတို႔အားလံုးက စစ္ထဲမွာ… က်ေနာ္က ဘယ္လုိလုပ္ၿပီး စခန္းထဲ ေနခဲ့ႏိုင္ရမွာလဲ… တူတူသြားရေတာ့ ပိုၿပီးမေကာင္းဘူးလား… ၿပီးေတာ့…"

မုိ႔ရန္ ေလသံကို တိုးႏိုင္သမွ်တိုးလိုက္ၿပီး

"ဟိုေရာက္ရင္ က်ေနာ္တို႔အားလံုး ဒီကေန ခိုးထြက္သြားရေအာင္… ဒါက အခြင့္အေရးႀကီးပဲ… အမိအရ ဖမ္းဆုပ္ရမယ္… မေကာင္းဘူးလား…"

အစ္ကိုငါးမ်က္ႏွာ အံၾသသြားသည့္အျပင္ ပါးစပ္ႀကီးဟကာ မုိ႔ရန္ကို နားမလည္ႏိုင္စြာပင္ ၾကည့္ေနသည္။ စစ္ျဖစ္ေနသည့္ေနရာကေန ထြက္ေျပးဖို႔ စဥ္းစားေနသည္တဲ့လား။ ထိုဦးေႏွာက္ေလးကို သူ ဆီမီးပူေဇာ္ခ်င္လာသည္။ အသက္က အပိုပါသည့္အရာ မဟုတ္သည္ကို သူဘယ္လုိရွင္းျပရပါ့။

"အစ္ကိုငါး… ဘာၾကည့္ေနတာလဲ… ျမန္ျမန္သြားရေအာင္… လူစစ္ဖို႔ ေခၚေနၿပီဗ်…."


စစ္ေဆးေရးဂိတ္တြင္ အခက္အခဲမရွိဘဲ ျဖတ္ေက်ာ္ႏိုင္သြားသည့္အတြက္ မို႔ရန္ ပါးစပ္ နားရြက္တက္ခ်ိတ္ေတာ့မတတ္ ၿပံဳးၿပီး အစ္ကိုငါးကို လက္မေထာင္ျပသည္။ အေမႊးတိုင္တစ္ထြန္းစာခန္႔ အၾကာတြင္မေတာ့ အကူပို႔လႊတ္သည့္စစ္တပ္သည္ ခံတပ္ ၄ ရွိရာ ေခ်ာင္ျပည္နယ္ငယ္သို႔ ထြက္ခြာေလေတာ့သည္။
-------------------------------------------

အနက္ေရာင္အခိုးအေငြ႕တို႔ ဂူတစ္ခုလံုး ဥဒဟို ျပန္႔ႏွံ႔ေနသည္။ ေခ်ာက္နက္ေအာက္ရွိ နက္ရိွဴင္းေသာ ေရကန္က အရိုးကြဲမတတ္ေအးစက္သည့္ အေငြ႕တို႔ ပံ်တက္ေနသည္မွာ ေခ်ာက္ကမ္းပါး ထိပ္ထိတိုင္ေအာင္ပင္။ လူတစ္စုကေတာ့ ေအးလြန္းလို႔ ခဲလာမည္ကို အမႈမထားႏိုင္။ မ်က္လံုးတို႔က ေခ်ာက္နက္ထက္ ေလထဲတည္ၿငိမ္စြာ ရပ္ေနေသာ အနက္ေရာင္အခိုးအေငြ႕တို႔ လႊမ္းၿခံဳထားသည့္ မိန္းကေလးထံတြင္သာ တစိုက္မတ္မတ္ၾကည့္ေနၾကသည္။ နတ္ဆရာရွီေက်ာင္းက ေတာင္ေဝွးကို ေျမွာက္တင္ၿပီး ဂါထာတစ္ခုကို မန္းမႈတ္ေနသည္။ အနက္ေရာင္အခိုးအေငြ႕တို႔ ပိုမိုသိပ္သည္းလာၿပီးေနာက္ ေခ်ာက္ထိပ္ရွိ မိန္းကေလးသည္ မ်က္လံုးပြင့္လာၿပီး အနက္ေရာင္မီးငွက္အသြင္ ေျပာင္းသြားသည္။ ထို႔ေနာက္ ေခ်ာက္နက္ေအာက္ရွိ ေရကန္ရွိရာသို႔ တရွိန္ထိုးဆင္းသြားၿပီး ေပ်ာက္ကြယ္သြားသည္။ တခ်က္တခ်က္တြင္ ေရသံတဝုန္းဝုန္းတို႔ ေခ်ာက္ထိပ္ထိ ၾကားရၿပီး အခ်ိန္အေတာ္ၾကာသည္အထိ မည္သည့္အသံမွ် မၾကားရေတာ့။ အားလံုးသည္ အသက္ကိုေတာင္ ျပင္းျပင္းမရွဴရဲေတာ့ေခ်။
အားလံုးက လက္ေလ်ာ့ရေတာ့မည္ဟု ေတြးထင္ထားခ်ိန္တြင္ မီးငွက္ေအာ္သံတစ္ခ်က္ကို ၾကားလိုက္ရၿပီး မ်က္တစ္မွိတ္အတြင္းမွာပင္ မီးငွက္မိန္းကေလးက သူတို႔ေရွ႕ ေသြးအလိမ္းလိမ္းျဖင့္ ေပၚလာသည္။ လူအခ်ိဳ႕သည္ သူမကို ေျပးထူၾကသည္။ နတ္ဆရာရွီေက်ာင္းက သူမေရွ႕ေလွ်ာက္လာၿပီး မုဆိုးဒူးေထာက္ ထိုင္ကာ

"ဘယ္လုိလဲ…. ရလာရဲ႕လား…."

"အရွင္…"

မိန္းကေလးက ေသြးအခ်ိဳ႕ကို အန္ထုတ္ၿပီး မဝံ့မရဲျပန္ၾကည့္ၿပီး

"မရခဲ့ပါဘူး…"

"အသံုးမက်လိုက္တာ….."

"အရွင္…. က်မ မလုပ္ႏုိင္ေပမယ့္…. နဂါးလက္စြပ္ကို ရႏိုင္မယ့္နည္းလမ္း ရွိပါတယ္… ေနာက္တစ္ေခါက္ အခြင့္အေရးေပးပါ…."

"မင္းေျပာၾကည့္…"

"လက္စြပ္ကို ယူႏိုင္မယ့္ စေတးခံလူတစ္ဦး ရွိရင္ရပါၿပီ…"

"စေတးခံမယ့္သူ….. ဒီလုိလူေတြလား…."

ေဘးနားရွိ နတ္ဆရာငယ္တစ္ဦးကို လက္ညွိဳးထိုးျပလိုက္ရာ လက္ညိွဳးအထုိးခံရသည့္ နတ္ဆရာငယ္ေလးသည္ ထိတ္လန္႔သြားၿပီး ခ်က္ခ်င္းပင္ ဒူးေထာက္ေတာ့သည္။

"က်မ ရွာေတြ႕ထားပါတယ္… သူ႔ကို စေတးခံၿပီး နဂါးလက္စြပ္ယူဖို႔ အခ်ိန္အနည္းငယ္ေပးပါ…"

"ေကာင္းၿပီ… ေစာင့္ၾကည့္ၾကတာေပါ့…."

နတ္ဆရာရွီေက်ာင္းသည္ ဂါထာတစ္ခုကို မန္းမႈတ္ၿပီး မိန္းကေလး၏ခႏၶာကိုယ္ေပၚရွိ ျပင္ပဒဏ္ရာမ်ားအျပင္ အတြင္းဒဏ္ရာမ်ားကိုပါ ကုသေပးသည္။ ႏႈတ္မွလည္း

"မင္းကိုငါ ဖန္တီးထားတာ… အခ်ိန္မေရြး ဖ်က္ဆီးလုိက္ႏိုင္တာကို မေမ့နဲ႔…. သြားေတာ့…."
သြားခြင့္အမိန္႔ရသည္ႏွင့္ မိန္းကေလးသည္ အနက္ေရာင္အခိုးအေငြ႕အသြင္ေျပာင္းသြားၿပီး ေပ်ာက္ကြယ္သြားေလသည္။







(ဟဲလို စာဖတ္သူတို႔… ကိုယ့္ ကြန္ျပဴတာ လံုးဝ ျပင္လို႔မရေတာ့လို႔ Hard Disk ထုတ္လိုက္ရၿပီ…  ဖုန္းနဲ႔ စာေရးရတာ ဘယ္လိုမွ အဆင္မေျပ အာ႐ံုမရလို႔… ေဟာဒီ ငမြဲေလးက ပိုက္ဆံစုၿပီး ကြန္ျပဴတာအသစ္ဝယ္ဖို႔ ႀကိဳးစားေနပါသတဲ့… ငိုေတာ့မွာ… တကယ္ငိုၿပီ… :'( :'( :'( )

=============================






အပိုင်း (၆၁)

"မင်း တိုက်ပွဲထဲ သွားဖို့မလိုဘူး…"

ခြေလှမ်းကျဲများဖြင့် အထဲကိုဝင်လာသော ဟွာရှန့်က ခပ်ပြတ်ပြတ်အသံပြုကာ စားပွဲရှိရာနေရာဆီ လျှောက်သွားသည်။

"စစ်သူကြီး… အရိုအသေပြုပါတယ်…"

မို့ရန်က အရိုအသေပင် မပြုဘဲ ဟွာရှန့်နား ပြေးသွားပြီး

"ဘာလို့ မလိုတာလဲ… ကျနော်လည်း တိုက်ခိုက်ရေး ကျွမ်းပါတယ်… ကျနော့်ကို အခွင့်အရေးပေးသင့်တယ်…"

ဟွာရှန့်၏ အေးစက်သောအကြည့်တို့ကြောင့် မို့ရန် ပါးစပ်ပိတ်သွားသည်။

"မတရားလိုက်တာ…."

"ရိန်း… စစ်သူကြီးအခန်းမှာ ငါ့ကိုယ်စား မြေပုံသွားယူပေးပါလား…"

"အင်း… အင်း…."

လက်ထောက်ဝူက သူမကို ပြသနာမရှာမိစေရန်အတွက် ခိုင်းလိုက်မှန်း မို့ရန်သိသည်။ ချက်ချင်းပင် အခန်းအပြင်ဘက်သို့ ထွက်သွားပြီး ဟွာရှန့်၏ အဆောင်ခန်းဆီ သွားလိုက်သည်။ စားပွဲပေါ်ဖြန့်ထားသည့် စစ်မြေပုံတစ်ခုကို လှမ်းယူရင်း စားပွဲပေါ်ရှိ စာရွက်တစ်ရွက်က ကြမ်းပြင်ပေါ် ကျသွားသည်။ သူမစာရွက်ကို ပြန်ကောက်ပြီး သူ့နေရာတွင် ပြန်ထားသော်လည်း မျက်လုံးက စာရွက်တွင်ရေးထားသည့် စာတို့ကို ဖတ်မိလေသည်။

"ရွှေလှည်း ၅စီး၊ ရတနာလှည်း ၅စီး၊ ငွေလှည်း ၁၀စီး၊ ပိုးထည်လိပ် ၂၀၀၊ လက်ဖွဲ့ပစ္စည်းသေတ္တာ ၃၀… ပြီးတော့ အများကြီး….. အမ်… ဒါ မင်္ဂလာဆောင်ဖို့ ပစ္စည်းစာရင်းတွေလား…. စစ်သူကြီးက တကယ့် ဘောစိအစစ်ပဲ…. ဒီလိုမှန်းသိ ငါ သူ့ခြေသလုံးဖက်ထားပါတယ်… အိမ်တော်က အစေခံတွေပြောတာ တကယ်ပဲရော်…. အမဖန်းယဲ့နဲ့ မင်္ဂလာဆောင်ဖို့ ရက်တောင် သတ်မှတ်ပြီးပြီထင်တယ်… မင်္ဂလာပွဲက ဘယ်နေ့ပါလိမ့်…."

စပ်စုခြင်းအလုပ် မြန်မြန်လက်စသပ်ကာ မြေပုံကိုယူပြီး သူမအခန်းထဲကနေ ထွက်သွားသည်။ မို့ရန်သည် စာရင်းစာရွက်ကိုသာ စပ်စုပြီး စားပွဲပေါ်ပြန်တင်သွားသော်လည်း ဘေးနားစားပွဲတွင် ဆွဲလက်စ ပန်းချီကားကိုတော့ နည်းနည်းလေးမှ မမြင်သွားချေ။ သူမထွက်သွားပြီး ခဏအကြာ ဟွာရှန့် သူ့အခန်းထဲ ပြန်ရောက်လာသည်။ ထိုပန်းချီကားရှိရာ စားပွဲပေါ် သူလက်ထောက်ကာ ခေါင်းငုံ့ပြီး အပြီးမသတ်ရသေးသည့် ပန်းချီကားကို အဓိပ္ပာယ်မဲ့ စိုက်ကြည့်နေသည်။ သူဘာလို့ ထိုပန်းချီကားကို နှစ်နှစ်ကာကာ ဆွဲလိုစိတ်ဖြစ်သွားသည်ကိုလည်း နားမလည်နိုင်သေး။ စုတ်တံကို ကိုင်ပြီး ပန်းချီကားထဲက မိန်းကလေး၏အပြုံး ပိုမိုအသက်ဝင်လာအောင် ရေးဆွဲသည်။ ဒီပန်းချီကား ရေးဆွဲပြီးလျှင်ပြီးချင်း သူဖျက်ဆီးရမည်။ ယခုတော့ သူစိတ်အလိုကို ခဏသာလိုက်ပြီး သူ၏အိမ်မက်ထဲက မိန်းကလေးပုံတူပန်းချီကို စိတ်နှစ်ပြီး ဆွဲနေဦးမည်။
အဲ့ဒီမိန်းကလေးမျက်နှာက ဘယ်လိုပုံရှိနေမလဲ… ငါကရော… ဘာလို့များ သူမလို့ ထင်နေရတာလဲ…!!!!

ပန်းချီဆွဲပြီးချိန်တွင် သူမျက်မှောင်တို့ အတင်းကျုံ့ထားကာ ကိုယ့်ကိုယ်ကို လက်သင့်မခံလိုစိတ် ဖြစ်ထွန်းလာသည်။ စာရွက်ကို လုံးချေပြီး အခန်းပြင်သို့ လွှင့်ပစ်လိုက်လေသည်။
---------------------------------


ခံတပ် (၄) သို့ ပို့လွှတ်မည့် စစ်သည်တို့ ဂိတ်ပေါက်တွင် အစစ်ဆေးခံပြီး ထွက်ခွာရန် ပြင်ဆင်နေကြသည်။ မို့ရန်က စစ်သည်တော် အဝတ်အစားကို ဝတ်ထားပြီး အခြားသော စစ်သည်များကြားတွင် မအူမလည်ပုံစံဖမ်းပြီးရောနှောကာ ဂိတ်ဝတွင် အစစ်ဆေးခံရန် အသင့်ပြင်ထားသည်။ ဖူအစ်ကိုကြီးတို့ အုပ်စုကို သူမလိုက်ရှာသော်လည်း မတွေ့သေး။

"ရိန်း… မင်းရောပါတာလား…"

"ဟင်… အစ်ကိုငါး…. အခြားလူတွေရော… သုံးကလေးတို့ ဖူအစ်ကိုကြီးတို့ရော…. သူတို့ဘယ်မှာလဲ…"

"ငါတို့နဲ့အုပ်စု မတူဘူး…. သူတို့ဟိုဘက်နားမှာ… မင်းလည်း ပါတာလား…"

အစ်ကိုငါးအား လူနည်းနည်းရှင်းသည့် နေရာသို့ ဆွဲခေါ်လာပြီး

"အစ်ကိုငါး…. ကျနော် လူစားလဲလာတာ..."

"မင်း.. ဘယ်လိုလုပ်ပြီး…."

"ရှူး… တိုးတိုး… စာရင်းထဲမှာ အစ်ကိုတို့ပါတာ ကျနော်သိရလို့… တိုက်ပွဲမဝင်ရဲသေးတဲ့ ကောင်လေးဆီက တံဆိပ်ပြားသွားလဲလာတာ… ဒီမှာကြည့်… ကျနော် တော်တယ်မှတ်လား…."

စစ်သည်နာမည် ရေးထိုးထားသော တံဆိပ်ပြားကို အစ်ကိုငါးမျက်နှာရှေ့ တွဲလွဲလှုပ်ရမ်းပြသည်။ အစ်ကိုငါးက စိုးရိမ်သောလေသံဖြင့်

"မင်း မဟုတ်သေးပါဘူး…. ဒီလောက်အန္တရာယ်များတာကို… မင်းနာမည်လည်း ပါတာ မဟုတ်ဘဲနဲ့… မလိုက်ချင်စမ်းပါနဲ့…"

!ဟာ… အစ်ကိုငါးကလည်း… ရဲဘော်ရဲဘက်စိတ် ရှိလို့လိုက်တာဗျ… အစ်ကိုတို့အားလုံးက စစ်ထဲမှာ… ကျနော်က ဘယ်လိုလုပ်ပြီး စခန်းထဲ နေခဲ့နိုင်ရမှာလဲ… တူတူသွားရတော့ ပိုပြီးမကောင်းဘူးလား… ပြီးတော့…"

မို့ရန် လေသံကို တိုးနိုင်သမျှတိုးလိုက်ပြီး

"ဟိုရောက်ရင် ကျနော်တို့အားလုံး ဒီကနေ ခိုးထွက်သွားရအောင်… ဒါက အခွင့်အရေးကြီးပဲ… အမိအရ ဖမ်းဆုပ်ရမယ်… မကောင်းဘူးလား…"

အစ်ကိုငါးမျက်နှာ အံသြသွားသည့်အပြင် ပါးစပ်ကြီးဟကာ မို့ရန်ကို နားမလည်နိုင်စွာပင် ကြည့်နေသည်။ စစ်ဖြစ်နေသည့်နေရာကနေ ထွက်ပြေးဖို့ စဉ်းစားနေသည်တဲ့လား။ ထိုဦးနှောက်လေးကို သူ ဆီမီးပူဇော်ချင်လာသည်။ အသက်က အပိုပါသည့်အရာ မဟုတ်သည်ကို သူဘယ်လိုရှင်းပြရပါ့။

"အစ်ကိုငါး… ဘာကြည့်နေတာလဲ… မြန်မြန်သွားရအောင်… လူစစ်ဖို့ ခေါ်နေပြီဗျ…."


စစ်ဆေးရေးဂိတ်တွင် အခက်အခဲမရှိဘဲ ဖြတ်ကျော်နိုင်သွားသည့်အတွက် မို့ရန် ပါးစပ် နားရွက်တက်ချိတ်တော့မတတ် ပြုံးပြီး အစ်ကိုငါးကို လက်မထောင်ပြသည်။ အမွှေးတိုင်တစ်ထွန်းစာခန့် အကြာတွင်မတော့ အကူပို့လွှတ်သည့်စစ်တပ်သည် ခံတပ် ၄ ရှိရာ ချောင်ပြည်နယ်ငယ်သို့ ထွက်ခွာလေတော့သည်။
-------------------------------------------

အနက်ရောင်အခိုးအငွေ့တို့ ဂူတစ်ခုလုံး ဥဒဟို ပြန့်နှံ့နေသည်။ ချောက်နက်အောက်ရှိ နက်ရှိူင်းသော ရေကန်က အရိုးကွဲမတတ်အေးစက်သည့် အငွေ့တို့ ပံျတက်နေသည်မှာ ချောက်ကမ်းပါး ထိပ်ထိတိုင်အောင်ပင်။ လူတစ်စုကတော့ အေးလွန်းလို့ ခဲလာမည်ကို အမှုမထားနိုင်။ မျက်လုံးတို့က ချောက်နက်ထက် လေထဲတည်ငြိမ်စွာ ရပ်နေသော အနက်ရောင်အခိုးအငွေ့တို့ လွှမ်းခြုံထားသည့် မိန်းကလေးထံတွင်သာ တစိုက်မတ်မတ်ကြည့်နေကြသည်။ နတ်ဆရာရှီကျောင်းက တောင်ဝှေးကို မြှောက်တင်ပြီး ဂါထာတစ်ခုကို မန်းမှုတ်နေသည်။ အနက်ရောင်အခိုးအငွေ့တို့ ပိုမိုသိပ်သည်းလာပြီးနောက် ချောက်ထိပ်ရှိ မိန်းကလေးသည် မျက်လုံးပွင့်လာပြီး အနက်ရောင်မီးငှက်အသွင် ပြောင်းသွားသည်။ ထို့နောက် ချောက်နက်အောက်ရှိ ရေကန်ရှိရာသို့ တရှိန်ထိုးဆင်းသွားပြီး ပျောက်ကွယ်သွားသည်။ တချက်တချက်တွင် ရေသံတဝုန်းဝုန်းတို့ ချောက်ထိပ်ထိ ကြားရပြီး အချိန်အတော်ကြာသည်အထိ မည်သည့်အသံမျှ မကြားရတော့။ အားလုံးသည် အသက်ကိုတောင် ပြင်းပြင်းမရှူရဲတော့ချေ။
အားလုံးက လက်လျော့ရတော့မည်ဟု တွေးထင်ထားချိန်တွင် မီးငှက်အော်သံတစ်ချက်ကို ကြားလိုက်ရပြီး မျက်တစ်မှိတ်အတွင်းမှာပင် မီးငှက်မိန်းကလေးက သူတို့ရှေ့ သွေးအလိမ်းလိမ်းဖြင့် ပေါ်လာသည်။ လူအချို့သည် သူမကို ပြေးထူကြသည်။ နတ်ဆရာရှီကျောင်းက သူမရှေ့လျှောက်လာပြီး မုဆိုးဒူးထောက် ထိုင်ကာ

"ဘယ်လိုလဲ…. ရလာရဲ့လား…."

"အရှင်…"

မိန်းကလေးက သွေးအချို့ကို အန်ထုတ်ပြီး မဝံ့မရဲပြန်ကြည့်ပြီး

"မရခဲ့ပါဘူး…"

"အသုံးမကျလိုက်တာ….."

"အရှင်…. ကျမ မလုပ်နိုင်ပေမယ့်…. နဂါးလက်စွပ်ကို ရနိုင်မယ့်နည်းလမ်း ရှိပါတယ်… နောက်တစ်ခေါက် အခွင့်အရေးပေးပါ…."

"မင်းပြောကြည့်…"

"လက်စွပ်ကို ယူနိုင်မယ့် စတေးခံလူတစ်ဦး ရှိရင်ရပါပြီ…"

"စတေးခံမယ့်သူ….. ဒီလိုလူတွေလား…."

ဘေးနားရှိ နတ်ဆရာငယ်တစ်ဦးကို လက်ညှိုးထိုးပြလိုက်ရာ လက်ညှိုးအထိုးခံရသည့် နတ်ဆရာငယ်လေးသည် ထိတ်လန့်သွားပြီး ချက်ချင်းပင် ဒူးထောက်တော့သည်။

"ကျမ ရှာတွေ့ထားပါတယ်… သူ့ကို စတေးခံပြီး နဂါးလက်စွပ်ယူဖို့ အချိန်အနည်းငယ်ပေးပါ…"

"ကောင်းပြီ… စောင့်ကြည့်ကြတာပေါ့…."

နတ်ဆရာရှီကျောင်းသည် ဂါထာတစ်ခုကို မန်းမှုတ်ပြီး မိန်းကလေး၏ခန္ဓာကိုယ်ပေါ်ရှိ ပြင်ပဒဏ်ရာများအပြင် အတွင်းဒဏ်ရာများကိုပါ ကုသပေးသည်။ နှုတ်မှလည်း

"မင်းကိုငါ ဖန်တီးထားတာ… အချိန်မရွေး ဖျက်ဆီးလိုက်နိုင်တာကို မမေ့နဲ့…. သွားတော့…."
သွားခွင့်အမိန့်ရသည်နှင့် မိန်းကလေးသည် အနက်ရောင်အခိုးအငွေ့အသွင်ပြောင်းသွားပြီး ပျောက်ကွယ်သွားလေသည်။







(ဟဲလို စာဖတ်သူတို့… ကိုယ့် ကွန်ပြူတာ လုံးဝ ပြင်လို့မရတော့လို့ Hard Disk ထုတ်လိုက်ရပြီ…  ဖုန်းနဲ့ စာရေးရတာ ဘယ်လိုမှ အဆင်မပြေ အာရုံမရလို့… ဟောဒီ ငမွဲလေးက ပိုက်ဆံစုပြီး ကွန်ပြူတာအသစ်ဝယ်ဖို့ ကြိုးစားနေပါသတဲ့… ငိုတော့မှာ… တကယ်ငိုပြီ… :'( :'( :'( )



Continue Reading

You'll Also Like

778K 97.3K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...
44.1K 4.5K 48
ဘာသာပြန်သူ စွဲညို့အသင်း
141K 21.6K 104
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
328K 43.4K 200
Book-6 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...