ဝမ္ရီေပၚ နဲ႔ အတူတူ ေ႐ွာင္းက်န္႔ အရင္အိမ္ကိုလိုက္လာခဲ့တယ္။
ဝမ္ရီေပၚက သူ႔ေ႐ွ႕မွာ အရမ္းလိမ္မာတဲ့ ခေလးလိုလုပ္ျပေနတယ္။
သူ႔တို႔လာတာကို ျမင္ေတာ့ အိမ္ထဲက အေဒၚႀကီးတို႔နဲ႔ ဦးက်င္းကေျပးလာတယ္။
"သခင္ေလးတို႔ ျပန္လာၾကၿပီလား"
"အင္း"
ဝမ္ရီေပၚက တစ္ခ်က္ ေခါင္းၿငိမ့္ျပၿပီး ဆိုဖာေပၚမွာ သြားထိုင္တယ္။
"ေ႐ွာင္းက်န္႔...ကေလးရယ္ ဘယ္ေတြမ်ားသြားေနတာလဲကြယ္ အၾကာႀကီးဘဲ"
အေဒၚႀကီးက ေ႐ွာင္းက်န္႔လက္ေလးကိုကိုင္ကာ ယုယုယ
ယ ေျပာ႐ွာတယ္။
"အရင္ကကိစၥေတြကို မေမးပါနဲ႔ေတာ့ အေဒၚႀကီး အခုကြၽန္ေတာ္အိမ္ျပန္လာၿပီဘဲဟာ"
"အေဒၚႀကီးက စိတ္ပူလို႔ပါ"
"ဟုတ္ သိပါတယ္"
ေ႐ွာင္းက်န္႔က ခ်စ္ဖို႔ေကာင္းေအာင္ အေဒၚႀကီးကိုေရာ ဦးက်င္းကိုေရာ ျပံဳးျပေနတယ္။
ရီေပၚက သူ႔တို႔စကားေျပာေနတာကို နားမေထာင္ေတာ့ဘဲ အေပၚကိုတက္သြားတယ္။
"ေ႐ွာင္းက်န္႔ ရီေပၚ့ကို တကယ္ခြင့္လႊတ္ေပးလိုက္တာလား"
"ဟုတ္တယ္ ဦးက်င္း သူ႔ကိုေျပာင္းလဲေပးမလို႔ ေမတၱာငတ္ေနတဲ့သူကို ေမတၱာတရားေပးၿပီး ေျပာင္းလဲေပးရမွာေပါ့"
"ေက်းဇူးပါ သားရယ္ သခင္ေလးရီေပၚက သားကိုတကယ္ခ်စ္႐ွာတာပါ"
မ်က္ရည္ေလးေတြဝဲကာ ေျပာေန႐ွာတဲ့ ဦးက်င္း။
ဟုတ္တယ္ေလ ဝမ္ရီေပၚ ငယ္ငယ္ကတည္းက ဦးက်င္းကဘဲျပဳစုေစာင့္ေ႐ွာက္လာတာ။ ရီေပၚ့ မိဘေတြထက္ေတာင္
ဦးက်င္းက ပုိခ်စ္အံုးမယ္။
ရီေပၚ့ အေဖဆိုလဲ သူတို႔သားမိကို ထားၿပီး ေနာက္အိမ္ေထာင္ျပဳသြားတယ္။
ေနာက္ေတာ့ အေမလဲဘာထူးလဲ သူ႔ကိုထားသြားခဲ့တယ္ေလ။
ဝမ္ရီေပၚ ေဘးမွာ သူ႐ွိေနမွ ျဖစ္မွာ။ သူေျပာင္းလဲေပးႏုိင္မွျဖစ္မွာ။
"ဦးက်င္း ကြၽန္ေတာ္ ရီေပၚ့ဆီကို သြားလိုက္အံုးမယ္"
"သြား..သြား"
-----
ဝမ္ရီေပၚ အခန္းထဲမွာ တိတ္တိတ္ေလးငိုေနတယ္။
သူနဲ႔ အခုေ႐ွာင္းက်န္႔ျပန္လိုက္လာတာလား။
ဆံုး႐ႈံးရေတာ့မယ္ ဆိုၿပီး ေသေတာ့မလိုျဖစ္ေနခဲ့တာ။
အိမ္မက္ဆိုရင္ေတာင္ ျပန္မႏုိးလာခ်င္ေတာ့ဘူး။ သူႏုိးလာလို႔ေ႐ွာင္းက်န္႔ေပ်ာက္သြားမွာ ေၾကာက္ေနမိလို႔။
ေ႐ွာင္းက်န္႔ရဲ႕ ဂ႐ုစိုက္မႈေတြနဲ႔ ႀကီးျပင္းလာခဲ့ရတဲ့ ဝမ္ရီေပၚက အၾကင္သူအနားမွာ႐ွိတုန္းက ၾကမ္းၾကမ္းတမ္းတမ္းဆက္ဆံခဲ့မိတယ္။ သူ႔ရဲ႕ ခံစားခ်က္ေတြကို ထည့္မတြက္ခဲ့မိဘူး။
သူအခု ေနာင္တေတြရေနတာ။
ေ႐ွာင္းက်န္႔သူ႔ဆီက ျပန္ထြက္ေျပးသြားမွာကို ေသမလိုေၾကာက္ေနတာ။
ဒီတစ္ခါသာ ေ႐ွာင္းက်န္႔ ေပ်ာက္သြားရင္ သူတကယ္ေသရလိမ့္မယ္။
ျပတင္းေပါက္ဖက္ကို လွည့္ၿပီး တစ္႐ႈံ႔႐ႈံ႔ငိုေနတဲ့ ဝမ္ရီေပၚကို ေ႐ွာင္းက်န္႔ တံခါးဝကေန ၾကည့္ေနမိတယ္။
မင္းဘယ္ေလာက္ဘဲ ၾကမ္းတမ္းခဲ့ ငါက မင္းဆီမွာက်႐ႈံးေနခဲ့တဲ႕မင္းရဲ႕ အ႐ုပ္ပါရီေပၚ။
အခု ငါ့အခ်စ္ေတြနဲ႔ မင္းကို ႏူးညံ့လာေအာင္လုပ္ေပးမယ္။
"ေနာင္တရေနတာလား အခုမွ"
ဝမ္ရီေပၚ လွည့္ၾကည့္ေတာ့ သူ႔ေဘး႕မွာ ရပ္ေနတဲ့ ေ႐ွာင္းက်န္႔။
ကုတင္ေပၚမွာ ထိုင္ေနတဲ့ ဝမ္ရီေပၚက႐ွာင္းက်န္႔ကိုယ္ေလးကို ဆြဲဖက္ၿပီး ေ႐ွာင္းက်န္႔ရဲ႕ ဗိုက္နားမွာ မ်က္ႏွာေလးအပ္ၿပီး ငိုေနတယ္။
"အရမ္းေတြ ေနာင္တရေနၿပီ မို႔လို႔ ထပ္ၿပီးထားမသြားပါနဲ႔ေတာ့ ဒီတစ္ခါ မင္းေပ်ာက္သြားရင္ ငါတကယ္ေသလိမ့္မယ္
ငါဆိုတဲ့ ေကာင္က မင္းမ႐ွိရင္မျဖစ္လို႔ပါ ေ႐ွာင္းက်န္႔ ထားမသြားပါနဲ႔ ေက်းဇူးျပဳၿပီး"
ေ႐ွာင္းက်န္႔ ဝမ္ရီေပၚရဲ႕ ဆံပင္ေလးေတြကို သပ္တင္ေပးေနတယ္။
"ေရသြားခ်ဳိးေတာ့ ၿပီးရင္ အနာေတြ ေဆးထည့္ရေအာင္"
ဝမ္ရီေပၚက ေၾကာင္ေပါက္ေလးလို ရင္ခြင္ထဲက ေမာ့ၾကည့္လာတယ္။
"စိတ္မခ်ဘူး"
"ဟမ္..ဘာကိုလဲ"
"ေပ်ာက္သြားမွာ"
ေ႐ွာင္းက်န္႔ ရယ္လိုက္မိတယ္။ အခုမွ ေတာ္ေတာ္ျဖစ္ေနတာဘဲ။ဒါနဲ႔မ်ား အရင္က ဘာလို႔ အႏုိင္က်င့္ခဲ့ေသးလဲလူမိုက္ေကာင္ရယ္။
"မေပ်ာက္ပါဘူး စိတ္ခ် ဘယ္မွမသြားဘူး ဒီမွာဘဲထိုင္ေစာင့္ေနမွာ "
"တကယ္ေနာ္"
"တကယ္ပါဆို သြား...ေရသြားခ်ဳိးေတာ့ "
ေရခ်ဳိးခန္းထဲကို အတင္းတြန္းပို႔မွ တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ ဝင္သြားတယ္။
-----
ရီေပၚ စိတ္ေျဖာင့္ေျဖာင့္နဲ႔ ေရမခ်ဳိးႏုိင္ဘူး။
ေ႐ွာင္းက်န္႔ေပ်ာက္သြားမွာေၾကာက္လို႔။
ေရခ်ဳိးခန္းထဲက သူထြက္လာေတာ့ ေ႐ွာင္းက်န္႔က႐ွိမေန။
ဝမ္ရီေပၚ စိတ္ေတြ႐ႈပ္ၿပီး အသက္႐ႈေတြၾကပ္လာတယ္။သူဘာမွ မစဥ္းစားႏုိင္ေတာ့ ။ သူ႔စိတ္ထဲမွာ ေ႐ွာင္းက်န္႔က သူ႔ကိုထားသြားၿပီဆိုတဲ့ အေတြးကဝင္ေရာက္လာေတာ့
ထိုေနရာမွာဘဲ လူကေပ်ာ့ေခြၿပီး ဒူးေထာက္က်သြားတယ္။
သူထားသြားျပန္ၿပီ.....
......................
Uni
ဝမ်ရီပေါ် နဲ့ အတူတူ ရှောင်းကျန့် အရင်အိမ်ကိုလိုက်လာခဲ့တယ်။
ဝမ်ရီပေါ်က သူ့ရှေ့မှာ အရမ်းလိမ်မာတဲ့ ခလေးလိုလုပ်ပြနေတယ်။
သူ့တို့လာတာကို မြင်တော့ အိမ်ထဲက အဒေါ်ကြီးတို့နဲ့ ဦးကျင်းကပြေးလာတယ်။
"သခင်လေးတို့ ပြန်လာကြပြီလား"
"အင်း"
ဝမ်ရီပေါ်က တစ်ချက် ခေါင်းငြိမ့်ပြပြီး ဆိုဖာပေါ်မှာ သွားထိုင်တယ်။
"ရှောင်းကျန့်...ကလေးရယ် ဘယ်တွေများသွားနေတာလဲကွယ် အကြာကြီးဘဲ"
အဒေါ်ကြီးက ရှောင်းကျန့်လက်လေးကိုကိုင်ကာ ယုယုယ
ယ ပြောရှာတယ်။
"အရင်ကကိစ္စတွေကို မမေးပါနဲ့တော့ အဒေါ်ကြီး အခုကျွန်တော်အိမ်ပြန်လာပြီဘဲဟာ"
"အဒေါ်ကြီးက စိတ်ပူလို့ပါ"
"ဟုတ် သိပါတယ်"
ရှောင်းကျန့်က ချစ်ဖို့ကောင်းအောင် အဒေါ်ကြီးကိုရော ဦးကျင်းကိုရော ပြုံးပြနေတယ်။
ရီပေါ်က သူ့တို့စကားပြောနေတာကို နားမထောင်တော့ဘဲ အပေါ်ကိုတက်သွားတယ်။
"ရှောင်းကျန့် ရီပေါ့်ကို တကယ်ခွင့်လွှတ်ပေးလိုက်တာလား"
"ဟုတ်တယ် ဦးကျင်း သူ့ကိုပြောင်းလဲပေးမလို့ မေတ္တာငတ်နေတဲ့သူကို မေတ္တာတရားပေးပြီး ပြောင်းလဲပေးရမှာပေါ့"
"ကျေးဇူးပါ သားရယ် သခင်လေးရီပေါ်က သားကိုတကယ်ချစ်ရှာတာပါ"
မျက်ရည်လေးတွေဝဲကာ ပြောနေရှာတဲ့ ဦးကျင်း။
ဟုတ်တယ်လေ ဝမ်ရီပေါ် ငယ်ငယ်ကတည်းက ဦးကျင်းကဘဲပြုစုစောင့်ရှောက်လာတာ။ ရီပေါ့် မိဘတွေထက်တောင်
ဦးကျင်းက ပိုချစ်အုံးမယ်။
ရီပေါ့် အဖေဆိုလဲ သူတို့သားမိကို ထားပြီး နောက်အိမ်ထောင်ပြုသွားတယ်။
နောက်တော့ အမေလဲဘာထူးလဲ သူ့ကိုထားသွားခဲ့တယ်လေ။
ဝမ်ရီပေါ် ဘေးမှာ သူရှိနေမှ ဖြစ်မှာ။ သူပြောင်းလဲပေးနိုင်မှဖြစ်မှာ။
"ဦးကျင်း ကျွန်တော် ရီပေါ့်ဆီကို သွားလိုက်အုံးမယ်"
"သွား..သွား"
-----
ဝမ်ရီပေါ် အခန်းထဲမှာ တိတ်တိတ်လေးငိုနေတယ်။
သူနဲ့ အခုရှောင်းကျန့်ပြန်လိုက်လာတာလား။
ဆုံးရှုံးရတော့မယ် ဆိုပြီး သေတော့မလိုဖြစ်နေခဲ့တာ။
အိမ်မက်ဆိုရင်တောင် ပြန်မနိုးလာချင်တော့ဘူး။ သူနိုးလာလို့ရှောင်းကျန့်ပျောက်သွားမှာ ကြောက်နေမိလို့။
ရှောင်းကျန့်ရဲ့ ဂရုစိုက်မှုတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ဝမ်ရီပေါ်က အကြင်သူအနားမှာရှိတုန်းက ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့မိတယ်။ သူ့ရဲ့ ခံစားချက်တွေကို ထည့်မတွက်ခဲ့မိဘူး။
သူအခု နောင်တတွေရနေတာ။
ရှောင်းကျန့်သူ့ဆီက ပြန်ထွက်ပြေးသွားမှာကို သေမလိုကြောက်နေတာ။
ဒီတစ်ခါသာ ရှောင်းကျန့် ပျောက်သွားရင် သူတကယ်သေရလိမ့်မယ်။
ပြတင်းပေါက်ဖက်ကို လှည့်ပြီး တစ်ရှုံ့ရှုံ့ငိုနေတဲ့ ဝမ်ရီပေါ်ကို ရှောင်းကျန့် တံခါးဝကနေ ကြည့်နေမိတယ်။
မင်းဘယ်လောက်ဘဲ ကြမ်းတမ်းခဲ့ ငါက မင်းဆီမှာကျရှုံးနေခဲ့တဲ့မင်းရဲ့ အရုပ်ပါရီပေါ်။
အခု ငါ့အချစ်တွေနဲ့ မင်းကို နူးညံ့လာအောင်လုပ်ပေးမယ်။
"နောင်တရနေတာလား အခုမှ"
ဝမ်ရီပေါ် လှည့်ကြည့်တော့ သူ့ဘေး့မှာ ရပ်နေတဲ့ ရှောင်းကျန့်။
ကုတင်ပေါ်မှာ ထိုင်နေတဲ့ ဝမ်ရီပေါ်ကရှာင်းကျန့်ကိုယ်လေးကို ဆွဲဖက်ပြီး ရှောင်းကျန့်ရဲ့ ဗိုက်နားမှာ မျက်နှာလေးအပ်ပြီး ငိုနေတယ်။
"အရမ်းတွေ နောင်တရနေပြီ မို့လို့ ထပ်ပြီးထားမသွားပါနဲ့တော့ ဒီတစ်ခါ မင်းပျောက်သွားရင် ငါတကယ်သေလိမ့်မယ်
ငါဆိုတဲ့ ကောင်က မင်းမရှိရင်မဖြစ်လို့ပါ ရှောင်းကျန့် ထားမသွားပါနဲ့ ကျေးဇူးပြုပြီး"
ရှောင်းကျန့် ဝမ်ရီပေါ်ရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးနေတယ်။
"ရေသွားချိုးတော့ ပြီးရင် အနာတွေ ဆေးထည့်ရအောင်"
ဝမ်ရီပေါ်က ကြောင်ပေါက်လေးလို ရင်ခွင်ထဲက မော့ကြည့်လာတယ်။
"စိတ်မချဘူး"
"ဟမ်..ဘာကိုလဲ"
"ပျောက်သွားမှာ"
ရှောင်းကျန့် ရယ်လိုက်မိတယ်။ အခုမှ တော်တော်ဖြစ်နေတာဘဲ။ဒါနဲ့များ အရင်က ဘာလို့ အနိုင်ကျင့်ခဲ့သေးလဲလူမိုက်ကောင်ရယ်။
"မပျောက်ပါဘူး စိတ်ချ ဘယ်မှမသွားဘူး ဒီမှာဘဲထိုင်စောင့်နေမှာ "
"တကယ်နော်"
"တကယ်ပါဆို သွား...ရေသွားချိုးတော့ "
ရေချိုးခန်းထဲကို အတင်းတွန်းပို့မှ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဝင်သွားတယ်။
-----
ရီပေါ် စိတ်ဖြောင့်ဖြောင့်နဲ့ ရေမချိုးနိုင်ဘူး။
ရှောင်းကျန့်ပျောက်သွားမှာကြောက်လို့။
ရေချိုးခန်းထဲက သူထွက်လာတော့ ရှောင်းကျန့်ကရှိမနေ။
ဝမ်ရီပေါ် စိတ်တွေရှုပ်ပြီး အသက်ရှုတွေကြပ်လာတယ်။သူဘာမှ မစဉ်းစားနိုင်တော့ ။ သူ့စိတ်ထဲမှာ ရှောင်းကျန့်က သူ့ကိုထားသွားပြီဆိုတဲ့ အတွေးကဝင်ရောက်လာတော့
ထိုနေရာမှာဘဲ လူကပျော့ခွေပြီး ဒူးထောက်ကျသွားတယ်။
သူထားသွားပြန်ပြီ.....