Love Area (Completed)

By Its_just_Thu

520K 51.9K 1.9K

Love Area လို့ခေါ်တဲ့ Dating Agency တစ်ခုကို အတူတူထောင်ထားတဲ့ သူငယ်ချင်း ၂ ယောက် ... ထူးထူးဆန်းဆန်း gay coupl... More

Introduction
Love Area The Game Begin
Love Area Ep 3 - ရွက္ေနတဲ႔က်န္႔က်န္႕
Love Area Ep 4 - Jelly ေတြနင္မယ္
Love Area Ep 5 - Love Mission 1
Love Area Ep 6 - ဆီေလ်ာ္မႈမရွိဘူး
Hello
Ep 7 က .. ကႀကီး ေကြးခါနီး
Ep 8 - Love Mission 2
Ep 9 - ၃၁ ဘုံမွာ အဒူဆုံး
Ep 10 - ေတာ္ေတာ္ျဖစ္ေနၿပီ
Ep 11 - bff zone ၾကမယ္ေဟ့ ေကာင္းေကာင္း
Ep 12 - Is it okay to be Homo Sexual??
Ep 13 - က်န္႔က်န္႔အတြက္ ေခါက္ဆြဲျပဳတ္
Ep 14 - အဆင္ေျပမေနဘူး
Ep 15 - ငါ .... မင္းကို
Ep 16 - BFF မွ BF သို႔ ❤️💚
Ep 17 -role ခြဲၾကမယ္
Ep 18 - ခ်စ္လို႔မဝတဲ႔ဘဝ
Ep 19 - ဇာတ္လမ္းေဟာင္းနဲ႔ Skinship ျပႆနာ
Ep 20 - ယုန္ေပါက္ေကၽြးတဲ႔ညစာ
Ep 21 - Its a love night🚨🚨
one shot fic ေစ်းဗန္း
Ep 22 -Morning Excercise🚨🚨
Ep 23 - ေရွာင္မာမားရဲ႕ ရာဇသံ
Ep 24 - J'donut Plan 🤭
Ep 25 - အကိုေတာ္ေၾကာင့္ ညစာငတ္သြားတဲ႔ယုန္ေပါက္
Ep 26 - ေရွာင္းက်ိဳးခ်န္ ေသြးတက္ၿပီ
Ep 27 - ေမာင့္လြမ္းပို
Ep 28 - ေဟာက္ရႊမ္းေကြးသြားၿပီ 😁
Ep 29 - You look perfect tonight
Ep 30 - One Monthsary🚨🚨
Ep 31 - တခုခုေတာ့ တခုခုပဲ
Ep 32 - ေရွာင္က်န္႔မတုံးဘူး
Ep 33 - T or B 🤭
Ep 34 - Lots of love
Final Ep - We are made to love ❤️💚
Extra 1 - Honeymoon trip 🚨🚨

Love Area Ep 2 - ဇာတ္လမ္းကဒီလို

17.2K 1.7K 50
By Its_just_Thu

Love Area Ep 2

"ဗ်ာ ပါး ဘယ္လိုုေျပာလိုုက္တယ္ ကၽြန္ေတာ့္ကိုုေယာက်ာ္းေပးစားမယ္ဟုုတ္လား"

ေဟာက္ရႊမ္းတစ္ေယာက္ ဖခင္ရဲ႕႔စကားကိုၾကားျပီးေနာက္
အလန္႔တၾကား ျပန္ေမးမိလုိက္ျခင္းပင္။

ရုံးကေနျပန္ေရာက္တာနဲ႔ စကားေျပာစရာရွိလုိ႔ ေအာက္ကိုလာခဲ႔ပါလို႔ အသည္းအသန္ေခၚျပီး ေျပာတာကဘာတဲ႔။

ေဟာက္ရႊမ္းကိုေယာက်ာ္းေပးစားမလို႔တဲ႔။

မိမိဖခင္ စိတ္မွမွန္ပါေသးရဲ႕လား။

"ေအး"

"ပါး စဥ္းစဥ္းစားစားလဲေျပာပါဗ်ာ ကၽြန္ေတာ္ကေယာက်ာ္းေလးေလ အဲဒါကိုု ဘယ္လိုုေယာက်ာ္းယူရမွာလဲ"

"-မင္းေသာက္ပိုုေျပာမေနနဲ႔ ဒီေခတ္ၾကီးထဲ ေယာက်ာ္းေလးခ်င္းယူထားတာေတြအမ်ားၾကီးပဲ မင္းမသိတာလဲမဟုုတ္ပဲနဲ႔"

"သိေတာ့သိတာေပါ့ ပါးရယ္ ဒါေပမယ့္ အဲဒါေတြက ေဂးေတြေလ ကၽြန္ေတာ္က ေယာက်ာ္းစစ္စစ္ၾကီးေလဗ်ာ စစ္တာမွ မိန္းကေလးေတြထည္လဲတြဲေနတဲ႔သူေလ အဲဒါကိုုဘယ္လိုုလုုပ္ေယာက်ာ္းေပးစားပစ္ရက္တာလဲ"

"မရွည္နဲ႔ ဝမ္ေဟာက္ရႊမ္း မိဘကေကာင္းေစခ်င္လိုု႔ စီစဥ္တာကိုု မင္းဘာမွ ကဖ်က္ကယက္လုုပ္မယ္မေတြးနဲ႔"

"ဟာ ပါးကလဲ မဟုုတ္ေသးဘူးေလဗ်ာ ကၽြန္ေတာ္လက္မခံႏုုိင္ဘူးေနာ္"

ေဟာက္ရႊမ္း ေခါင္းကိုတြင္တြင္ခါကာ အျငင္းစကားသာဆိုမိသည္။ ။

တစ္သက္နဲ႔တစ္ကိုုယ္ေယာက်ာ္းယူရမယ္လိုု႔ တခါမွမစဥ္းစားခဲ႔ပါဘူး။

ဒီအသက္အရြယ္ေရာက္သည္အထိ ေယာက်ာ္းတစ္ေယာက္ကိုု မရိုးသားတဲ႔စိတ္နဲ႔လဲ ေစ့ေစ့မၾကည့္ဖူးခဲ႔။

ကၽြန္ေတာ္ၾကိဳက္လာသမွ် ေခ်ာေပ့လွေပ့ဆိုုတဲ႔မိန္းကေလးေ တြခ်ည္း။

တစ္ေယာက္ပီးတစ္ေယာက္ ထည္လဲတြဲခဲ႔တာေလ .. အခုုက်မွ ေယာက်ာ္းယူရမယ္တဲ႔လား .. ပီးေတာ့ ကၽြန္ေတာ့္အသက္က အခုုမွ ၂၀ေလ ကဲလိုု႔ေကာင္းတုုန္းအရြယ္ အိမ္ေထာင္ျပဳဖိုု႔လိုုျပီမုုိ႔လိုု႔လား။

မျဖစ္သင့္လိုုက္တာမ်ား။

"လက္မခံနုုိင္ရင္ အိမ္ေပၚကဆင္းေဟ့ေကာင္ မင္းကားေရာ ဘဏ္ကတ္ေတြေရာ ဖုုန္းေတြေရာ အကုုန္ထားခဲ႔"

"မားေရ ... ပါးကိုုေျပာေပးပါအုုံးဗ်ာ အေဖဘာေတြလုုပ္ေနတာလဲမသိေတာ့ဘူး"

"သားရယ္ မင္ပါးပါးကိုု ကလန္ကဆန္မလုုပ္ခ်င္စမ္းပါနဲ႔"

ပါးကိုုေျပာမရလိုု႔ မားကိုုအကူအညီေတာင္းမိပါတယ္ မားဆီကစကားသံအၾကားမွာ ေဟာက္ရႊမ္းတစ္ေယာက္ သတ္ေသခ်င္စိတ္ေပါက္သြားရသည္။

အျမဲတမ္း ေဟာက္ရႊမ္းကိုအလိုလိုက္ အၾကိဳက္ေဆာင္ခဲ႔တဲ႔မိခင္ျဖစ္သူကပါ ဖခင္ဘက္ကပါေနေသာအခါ ဒီကိစၥက ထင္ထားတာထက္ ပိုၾကီးေနျပီဆုိတာ ေဟာက္ရႊမ္းနားလည္လုိက္သည္။ ဒါေပမယ့္ ေကာက္ခါငင္ခါ ဘာေၾကာင့္လဲ။

"ေဟ့ေကာင္ မင္းဘာမွ မင္းမားမား ကိုုမ်က္ရည္ခံထုုိးဖိုု႔မစဥ္းစားနဲ႔ ငါအကုုန္စီစဥ္ထားျပီးသား"

"ဘာလိုု႔လဲပါးရာ ဘာလို႔လဲ ကၽြန္ေတာ့္ကိုဘာလို႔ ေယာက်ာ္းေပးစားခ်င္ရတာလဲဆုိတဲ႔ အေၾကာင္းအရင္းတစ္ခုေလာက္ေပး ကၽြန္ေတာ္စဥ္းစားၾကည့္မယ္"

"ေအး ဘာလိုု႔လဲဆုုိတာမင္းသိခ်င္ရင္ ငါေျပာျပမယ္ ငါအလုုပ္အကိုုင္ေတြအဆင္မေျပဘူး လုုပ္သမ ွ် အရွုုံးေပၚေနတယ္ လုုပ္ငန္းတစ္ခုုရွယ္ယာလုုပ္ဖိ႔ုုသေဘာတူထားတဲ႔လူတစ္ေယာက္ကလဲ ငါ့ေငြေတြလိမ္သြားလိ႔ုု ငါအခုုဆက္လုုပ္ဖိုု႔ေငြလုုိေနျပီ တျခားရွယ္ယာရွင္ေတြလဲ ဒီပေရာဂ်က္အခ်ိန္မွီမျပီးစီးရင္ ရွင္းရမွာမနည္းဘူး အဲဒီေတာ့ အစစအရာရာအဆင္ေျပေအာင္ ငါတုုိ႔ကိုု ေငြထုုပ္ပိုုက္ပီးကူညီမယ့္ Tempt Group နဲ႔ ႏွစ္အိမ့္တစ္အိမ္ျဖစ္ဖိုု႔လိုုေနျပီ"

ဟြန္႔ .. ေနာက္ဆုုံးေတာ့လဲ သားကိုုေငြနဲ႔ေရာင္းစားမယ္ေပါ့ေလ။ ေ

ေနစမ္းပါအုုံး ဒါဆုုိ ကၽြန္ေတာ္က လုုပ္ငန္းရွင္အဖိုုးၾကီးတစ္ေယာက္ကိုုယူရမွာလား။

"ပါးက သားကိုု ေငြအတြက္နဲ႔ သက္ၾကားအုုိလက္ထဲထုုိးထည့္ေတာ့မယ္ေပါ့"

"ဘယ္ကသက္ၾကားအုုိရမွာလဲ စီအီးအုိေဖးရန္ရဲ႕ညီက မင္းထက္ၾကီးလွမွ တစ္ႏွစ္ႏွစ္ႏွစ္ပါပဲဟ"

"ေအာ္ သူေဌးညီနဲ႔ယူရမွာေပါ့ ... ထားပါေတာ့ .. ဒါေပမယ့္ ပါးရာ တျခားနည္းလမ္းမရွိေတာ့ဘူးလား ကၽြန္ေတာ္ အလုုပ္လုုပ္ပီး ပါးကိုုပိုုက္ဆံရွာေပးမယ္ေလ"

"တိတ္စမ္း ေဟာက္ရႊမ္း ငါကေငြတစ္ခုုတည္းၾကည့္ပီး ဒီကိစကိုုစီစဥ္တာမဟုုတ္ဖူး မင္းေရွ႕ေရးကိုုစိတ္ေအးခ်င္လိုု႔ ကြ ငါတိ႔ုုစီးပြားေရးကတစ္ေန႔ေရႊ တစ္ေန႔ေငြပဲ ဘာမွမေသခ်ာဘူး သူတုုိ႔မိသားစုုဝင္ျဖစ္သြားျပီဆုုိ မင္းေနာင္ေရးကိုု ငါတုုိ႔စိတ္ခ်သြားလိုု႔ရျပီ"

"ဒါေပမယ့္...."

"အထြန္႔မတက္နဲ႔ေတာ့ ခဏေန သူတိုု႔ညီအကိုု ညစာစားဖိုု႔ဖိတ္ထားတယ္ ေရမိုုးခ်ိဳးျပီး အလွျပင္ထား"

ငင့္ အလွျပင္ရေအာင္ အေဖ့သားကမိန္းမၾကီးမုုိ႔လား ... မမိုုက္ပါဘူးဗ်ာ အေမ့ကိုုအကူအညီရလိုုရျငားလွမ္းၾကည့္ေပမယ့္ အေမက ေခါင္းကိုုသာခါျပသည္မုုိ႔ ကၽြန္ေတာ္လဲ ဘာမွမေျပာပဲ အေပၚထပ္သိုု႔သာတက္လာလိုုက္သည္။

ဒါက လူၾကီးေတြစီစဥ္တာလဲျဖစ္ႏုုိင္တာပဲ .. အဲဒီစီအီးအိုုဆိုုတ႔ဲလူရဲ႕ညီနဲ႔ေတြ႔မွ သူ႔ဘက္ကျငင္းေပးဖိုု႔ေျပာရမည္။

ေတာ္ရုံတန္ရုံ ဘယ္ေယာက်ာ္းေလးကမွေတာ့ ေယာက်ာ္းေလးခ်င္းေပးစားတာကို လက္ခံမွာမဟုတ္ဘူးေလ။

ဒါက လူၾကီးေတြစီစဥ္တာဆိုေတာ့ အဲဒီတစ္ေယာက္ရဲ႕ဆႏၵလဲပါခ်င္မွပါမွာ။

သူ႔ဘက္ကိုျငင္းခိုင္းရင္ အဆင္ေျပႏိုင္သားဆိုတဲ႔ အေတြးနဲ႔ ေဟာက္ရႊမ္း နည္းနည္းစိတ္ေအးသြားရသည္။

ဒါက က်ိရန္နဲ႔မေတြ႔ခင္အထိဆုုိပါေတာ့...။

"ေဟာက္ရႊမ္း ဧည့္သည္ေတြေရာက္ေနျပီ"

ပါးေအာ္ေခၚသံၾကားတာမုုိ႔ စိတ္မပါလက္မပါပဲ ေအာက္ထပ္ကိုုဆင္းလာလိုုက္သည္။

ဧည့္ခန္းထဲမွာထိုုင္ ေနတဲ႔ စီအီးအို သူေဌးရဲ႕ညီဆုုိသူကိုုေတြ႔ပါျပီ။

အရပ္ရွည္ရွည္အသားျဖဴျဖဴနဲ႔ ရုုပ္ရည္ကေတာ့သိပ္မဆိုုး။ သေဘာေကာင္းမယ့္ပုုံေတာ့ရသား။

ဒါဆုုိ လက္ထပ္ဖိုု႔ကိစၥ ျငင္းဖိုု႔ေျပာလိုု႔ရေလာက္မွာပါ။

"သားေလး က်ိရန္ကိုု ျခံထဲလိုုက္ျပလိုုက္အုုံး ထမင္းစားဖိုု႔အဆင္သင့္ျဖစ္ရင္ေခၚလိုုက္မယ္"

လာျပီ လာျပီ ရုုပ္ရွင္ထဲကအကြက္ေတြ ... ဒါမယ့္ဆိုုးေတာ့မဆုုိးပါ ကၽြန္ေတာ္ကလဲ သူနဲ႔စကားေျပာခ်င္ေနတာမုုိ႔ သူ႔ကိုုေခၚကာ ျခံထဲထြက္လာခဲ႔သည္။

ကၽြန္ေတာ္က ျခံထဲက ဒန္းမွာထုုိင္လိုု္ကေတာ့ သူက ခပ္ရိုု႔ရိုု႕ေလး မတ္တပ္ရပ္နေလသည္။

"လာထုုိင္ေလ

"ဟင္ .. ဟုုတ္"

ပုံစံက ရုိးပုံရုိးလက္နဲ႔ တကယ့္အူတူတူေလး။ မ်က္မွန္အဝိုင္းေလးကိုလဲတပ္ထားလိုက္ေသးတယ္။

ကၽြန္ေတာ့္ထက္ပိုၾကီးတာလား၊ ကၽြန္ေတာ့္ထက္ပိုငယ္တာလား မသဲကြဲရေလာက္ေအာင္ ႏုေနတာေတာ့အမွန္ပဲ။

ကၽြန္ေတာ္နဲ႔ အသားခ်င္းထိမွာစိုုးသည့္အလား ဒန္းရဲ႕အစြန္းတဖက္မွာ ဒင္းကဝင္ထိုုင္ေလသည္။

အံမယ္ေလး ငါကမ်ားထိခ်င္လြန္းတယ္ထင္ေနလားမသိ။

"အဟမ္း ခင္ဗ်ားမွာရည္းစားရွိလား"

"ဗ်ာ မရွိပါဘူး"

"ကၽြန္ေတာ့္မွာေတာ့ရွိတယ္ အမ်ားၾကီးပဲ"

"အင္း"

"အဲဒါေၾကာင့္ ခင္ဗ်ားနဲ႔လက္ထပ္ဖိုု႔ကိစကိုု ကၽြန္ေတာ္လက္မခံနုုိင္ဘူး"

တဖက္က ဘာမွျပန္မေျပာ။

"ဒါေပမယ့္ ကၽြန္ေတာ္ပါးကိုျငင္းလိုု႔မရဘူး အဲဒါေၾကာင့္ ခင္ဗ်ားျငင္းေပး"

ဘာမွကိုုျပန္မေျပာ။

"ေဟ့လူ ၾကားလားလိုု႔"

ေတမိလုပ္ေနေသာတစ္ဖက္လူအား ေဟာက္ရႊမ္းစိတ္တိုလာတာမုိ႔ ထေအာ္လိုက္တာ့ တုန္တက္ကာသြားတဲ႔လူ။

ဂါး ေဟာက္ရႊမ္း စိတ္ေတြရွည္မေနဘူးေနာ္ တကယ္ကိုပဲ။

နဂိုကတည္းက ေယာက်ာ္းယူဖို႔စိတ္ကူးမရွိသလို ဒီလို မထံုတက္ေတးနဲ႔လူဆိုတာသိရေတာ့ ပိုျပီးဆႏၵမရွိေတာ့။

ဒီလိုလူနဲ႔ယူျပီးေနရရင္ ေဟာက္ရႊမ္းပ်င္းလို႔ေသမွာပဲ။

"ဟုုတ္"

"အဆင္ေျပတယ္မွတ္လား"

"ဟင့္အင္း မေျပဘူး"

"ဘာလိုု႔လဲ"

"ဟိုု လူၾကီးေတြကေကာင္းဖိုု႔စီစဥ္ေပးတာဆိုုေတာ့"

"ဘာကိုုေကာင္းရမွာလဲ ေယာက်ာ္းခ်င္းမိဘေပးစားလိုု႔ယူတယ္ဆုုိတာ လူၾကားလုုိ႔ေကာင္းလုုိ႔လား"

"ဒီေခတ္ၾကီးမွာ ေယာက်ာ္းမိန္းမရယ္လိုု႔ မရွိေတာ့ပါဘူး အခ်င္းခ်င္းအဆင္ေျပရင္ပီးတာပဲဟာ"

"အဲဒါက တစ္ေယာက္ကိုုတစ္ေယာက္ခ်စ္လိုု႔ေလ အခုုက ကၽြန္ေတာ္နဲ႔ခင္ဗ်ားက အခုုမွျမင္ဖူးတာေလ ျပီးေတာ့ ေယာက်ာ္းေလးခ်င္း ဘယ္လိုုလုုပ္ တစ္ေယာက္ကိုုတစ္ေယာက္ ေမတၱာရွိမွာလဲ ကၽြန္ေတာ္ ေယာက်ာ္းခ်င္းမၾကိဳက္ဖူး"

"ဒါေပမယ့္ ၾကာလာရင္ တစ္ေယာက္အေၾကာင္းတစ္ေယာက္သိျပီး သေဘာက်လာႏိုုင္တာပဲ"

က်ိရန္ဆိုုတဲ႔တစ္ေယာက္ရဲ႕ ခပ္တုုိးတုုိးစကားသံၾကားေတာ့ ကၽြန္ေတာ္ေဒါသေထာင္းခနဲထြက္သြားသည္။

"ဘာေျပာတယ္ တစ္ေယာက္ကိုုတစ္ေယာက္သေဘာက်လာမယ္ဟုုတ္လား ခင္ဗ်ားကို က်ဳပ္က ၾကိဳက္မယ္ဟုုတ္လား ဆုုေတာင္းေလ ဆုုေတာင္း က်ဳပ္ကအေျခာက္မဟုတ္ဘူးဗ် ဒီတစ္သက္ဘယ္ေတာ့မွျဖစ္လာမွာမဟုုတ္ဖူးမွတ္"

စိတ္တုုိတုုိနဲ႔ ေအာ္ေျပာကာ ေဘာင္းဘီအိတ္ထဲမွာထည့္ထားတဲ႔ ကားေသာ့ကိုုထုုတ္ကာ အျပင္ကုုိသာထြက္သြားလိုုက္သည္။

ဒန္းေပၚမွာထုုိင္က်န္ခဲ႔တဲ႔ေကာင္ေလးရဲ႕မ်က္ရည္ေတြကိုုေတာ့ ေဟာက္ရႊမ္း တစ္ေယာက္မျမင္ႏုုိင္ပါေခ်။

xxxxxxxxxxxxxxxxxxxxx

မ်က္ရည္ေလးတစမ္းစမ္းနဲ႔ေျပာေနတဲ႔ က်ိရန္ကိုုၾကည့္ပီး ရိေပၚသက္ျပင္းခ်လိုုက္မိသည္။

ေရွာင္က်န္႔ကိုုၾကည့္ေတာ့လဲ သူ႔လိုုပဲမ်က္ႏွာမသာယာ။

လိုုက္ရခက္တဲ႔အတြဲေတြ ေအာင္သြယ္လုုပ္ခဲ႔တာ မနည္းခဲ႔ျပီမုုိ႔ ခက္ခဲတာက ကၽြန္ေတာ္တုုိ႔အတြက္ အခက္အခဲမရွိ။

ဒါေပမယ့္ ေျဖာင့္တန္းေနတဲ႔လူကိုု ေကြးေအာင္လုုပ္ဖိုု႔ဆုုိတာေတာ့ နည္းနည္းစိန္ေခၚရာေရာက္သည္။

ျပီးေတာ့ ပိုုဆုုိးတာက သူတုုိ႔က သူတုုိ႔ဘာသာ မီးစင္ၾကည့္ကပီး မႏုုိင္ေတာ့မွ အရပ္ကူပါ လူဝိုုင္းပါလုုပ္တဲ႔အကြက္မုုိ႔ အခုုခ်ိန္မွာ ဘယ္လိုုနည္းနဲ႔ဝင္ရမလဲဆုုိတာ ေတာ္ေတာ္ေခါင္းစားတဲ႔အျဖစ္။

အၾကင္နာၾကီးသူၾကီးေရွာင္က်န္႔ကေတာ့ တစ္ရွူးယူကာ က်ိရန္ကိုမ်က္ရည္သုုတ္ေပးေနေလျပီ။

"ကိစၥက ထင္သေလာက္ေတာ့လြယ္မွာမဟုုတ္ေတာ့ ခင္ဗ်ားခံနုုိင္ရည္ရွိမွုျဖစ္မွာေနာ္ က်ိရန္"

"ဟုုတ္"

"ဒါနဲ႔ ေနပါအုုံး က်ိရန္ကအသက္ဘယ္ေလာက္လဲ"

"၂၂ ပါ"

"ဒါဆိုု ရြယ္တူပဲေပါ့"

"ဟုုတ္လား အဲဒါဆိုုေျပာရဆုုိရတာပိုုအဆင္ေျပေအာင္ မင္းနဲ႔ငါပဲေျပာပါ"

"ဟာမဟုုတ္တာ က်ိရန္က ကၽြန္ေတာ္တုုိ႔ကိုုအလုုပ္အပ္တဲ႔ ကၽြန္ေတာ္တိုု႔ ကာစတန္မာေလ အဲလိုုၾကီးက်အဆင္မေျပပါဘူး"

"ေျပပါတယ္ ငါလဲေပါ့ေပါ့ပါးပါးပဲ ေျပာခ်င္လိုု႔ပါ"

"ဟုုတ္ပါပီကြာ ဒါနဲ႔ မင္းကိုုေမးပါအုုံးမယ္ မင္းက သူ႔ကိုုအရင္တည္းကသိေနတာေပါ့"

"အင္း ဟုုတ္တယ္ ငါတစ္ညအိပ္မေပ်ာ္လိုု႔ကားထြက္ေမာင္းရင္း သူ႔သူငယ္ခ်င္းေတြနဲ႔ကားုျပိဳင္ေမာင္းေနတာေတြ႔ျပီးသေဘာက်သြားတာ သူ႔အေၾကာင္းေတြစုုံစမ္းတယ္ သူကေယာက်ာ္းေတြကိုုစိတ္မဝင္စားပဲ မိန္းကေလးေတြပဲထည္လဲတြဲတတ္တယ္ဆိုုတာသိလာတယ္ ငါ့ဘာသာသူ႔ကိုုခ်ဥ္းကပ္ဖိုု႔စဥ္းစားေပမယ့္ ငါမလုုပ္တတ္ဖူး ငါရည္းစားလဲတစ္ခါမွမထားဖူးဘူး သူ႔လိုုမ်ိဳးလဲတစ္ေယာ္ကကိုုမွသေဘာမက်ဖူးဘူး အဲဒါနဲ႔ ေကာကိုုေျပာျပလိုက္ေတာ့ ေကာ ခုုနကေျပာတဲ႔အစီအစဥ္ကိုု စီစဥ္ေပးတာ ဒါေပမယ့္ သူ႔ဘက္က ခါးခါးသီးသီးျဖစ္ေနေတာ့"

"ဒါေပမယ့္ အေနအထားေတြအရ မင္းသူနဲ႔အတင္းလက္ထပ္လိုု္႔ရေအာင္ေတာ့ၾကိဳးစားလိုု႔ရတယ္ဟုုတ္"

"အင္း ဟုုတ္တယ္ ဒါေပမယ့္ ငါအဲလိုုၾကီးေတာ့မလုုပ္ခ်င္ဘူး အဲလိုုလုုပ္လိုုက္ရင္ သူငါ့ကိုုတစ္သက္လုုံးမုုန္းပီးေနေတာ့မွာ အဲလိုုပုုံစံမ်ိဳးနဲ႔ေတာ့ သူ႔ကိုုအနားမွာမထားခ်င္ဘူးေလ"

"မင္းကိုုခ်စ္ေစခ်င္တာေပါ့"

"အင္း"

က်ိရန္က ရွက္ျပဳံးေလးနဲ႔ေခါင္းညိတ္သည္ က်ိရန္ကတကယ္ေခ်ာတာပဲ။

ႏႈတ္ခမ္းထူထူေလးကရဲလိုု႔။ ေယာက်ာ္းခ်င္းသားစိတ္ဝင္စားတတ္တဲ႔သူသာဆုုိ က်ိရန္က လုုံးဝၾကြပစ္ခ်င္စရာအဆင္ေလးပင္။

အဲဒါကိုု အဲဒီ ဝမ္ေဟာက္ရႊမ္းဆိုတဲ႔ငမိုုက္သားက ဘာလိုု႔မၾကိဳက္ရတာပါလိမ့္။

"ခက္ခဲမယ္ဆုုိေပမယ့္ လက္မေလ ွ်ာပါနဲ႔ ငါတုုိ႔ေအာင္သြယ္ေပးတဲ႔အတြဲေတြက မၾကိဳက္ဖူးဆုုိတာမရွိပါဘူး အခ်ိန္တစ္ခုုေတာ့လိုုတာေပါ့ကြာသူက အေျဖာင့္ၾကီးဆုုိေတာ့ ေကြးေအာင္အရင္လုုပ္ရအုုံးမယ္ေလ"

"အင္း ငါဇြဲမေလွ်ာ့ဘူး ငါ့ကိုုသူတစ္ေန႔ျပန္ခ်စ္လာရမယ္"

"စိတ္ဓာတ္ကိုုေတာ့ၾကိဳက္တယ္ကြာ"

"ဒါန႔ဲ ခုုနကမင္းေျပာတာ သူက မင္းတုုိ႔ကုမၸဏီမွာအလုုပ္လာဆင္းမယ္ ဟုုတ္လား"

"အင္း ဟုုတ္တယ္ လက္ထပ္ဖိုု႔ကိစၥကိုု သေဘာမတူရင္ ငါတိုု႔အတူရင္းႏွီးျမွပ္ႏွံမယ့္ပေရာဂ်က္အတြက္ တစ္ႏွစ္ငါနဲ႔အတူတူအလုုပ္လုုပ္ရမယ္လိုု႔သူ႔ပါးကေျပာလိုု႔ ေနာက္တစ္ပတ္ကစျပီး အလုုပ္လာဆင္းေတာ့မွာ"

ေဟာက္ရႊမ္းတဲ႔တစ္ေယာက္အေၾကာင္းေျပာပီိ အေရာင္ေတြေတာက္လာတတ္တဲ႔ က်ိရန္မ်က္ဝန္းေတြကိုုၾကည့္ျပီး ကၽြန္ေတာ္ျပံဳးမိသည္။

အဲဒါ ကၽြန္ေတာ္တုုိ႔ရဲ႕အဓိကေသာ့ခ်က္ပါပဲ။ ကၽြန္ေတာ္တုုိ႔ေအာင္သြယ္လုုပ္ေပးရမယ့္အတြဲမွာ တစ္ေယာက္က ေနာက္တစ္ေယာက္ကို တကယ္အခ်စ္စစ္နဲ႔ခ်စ္တဲ႔သူျဖစ္ရမယ္ဆုုိတဲ႔ စည္းကမ္းခ်က္တစ္ခုုထားထားသည္။

အေၾကာင္းတခုုခုုေၾကာင့္ အဲဒီလူနဲ႔ၾကိဳက္ခ်င္တာမဟုုတ္ပဲ သူက ခ်စ္လြန္းလိ႔ုုကိုု ေနာက္တစ္ေယာက္ကိုုပိုုင္ဆိုုင္ခ်င္တာမ်ိဳးျဖစ္ရမည္။

အဲလိုုအတဲြမ်ိဳးကိုုပဲ ကၽြန္ေတာ္တိ႔ုုေအာင္သြယ္ေပးမည္။

ကၽြန္ေတာ္ေရာ ေရွာင္က်န္႔ေရာ အဲလိုုအခ်စ္မ်ိဳးနဲ႔ ကိုုယ္တိုုင္မၾကံဳဖူးေသးေပမယ့္ အခ်စ္ဆုုိတာကိုု အရမ္းတန္ဖိုုးထားၾကတာခ်င္းတူသည္။

အဲဒါေၾကာင့္ပဲ အခ်စ္စစ္န႔ဲခ်စ္တဲ႔သူေတြအဆင္ေျပပါေစဆုုိတဲ႔ရည္ရြယ္ခ်က္နဲ႔ ဒီအလုုပ္ကိုုလုုပ္ျဖစ္ၾကတာ။

"အိုုေက အဲဒါဆုုိ ေနာက္တစ္ပတ္သူရုုံးစတက္မယ့္ရက္မတုုိင္ခင္ ငါတိုု႔ထပ္ေတြ႔ၾကတာေပါ့ ဒီတေလာအတြင္း ငါတုုိ႔သူဘာၾကိဳက္တယ္ဆုုိတာေလ့လာထားလိုုက္မယ္"

"ဟာ အဲဒါမ်ား ေလ့လာစရာမလိုုပါဘူး ငါ့မွာသူဘာၾကိဳက္တယ္မၾကိဳက္ဘူးဆုုိတာ အခ်က္အလက္အစုုံရွိတယ္"

"ေနေန .. အဲလိုုမဟုုတ္ဘူး ေဘးလူေတြအလြယ္တကူျမင္တဲ႔အရာေတြမဟုုတ္ဖူး ငါတုုိ႔က အတြင္းစိတ္ထဲမွာဘာရွိတယ္ဆုုိတာကိုုေလ့လာျပီးလုုပ္ရတာမ်ိဳး"

"ေအာ္ အဲလုုိလား"

"ဟုုတ္တယ္ကြ သိပ္လဲစိတ္မပူပါနဲ႔ ငါတုုိ႔တာဝန္ထားလိုုက္ ဟုုတ္ပီလား"

"အဲဒါဆုုိ အားကိုုးပါတယ္ကြာ"

Ep 3 to be continued

Unicode

Love Area Ep 2

"ဗျာ ပါး ဘယ်လိုပြောလိုက်တယ် ကျွန်တော့်ကိုယောကျာ်းပေးစားမယ်ဟုတ်လား"

ဟောက်ရွှမ်းတစ်ယောက် ဖခင်ရဲ့စကားကိုကြားပြီးနောက်
အလန့်တကြား ပြန်မေးမိလိုက်ခြင်းပင်။

ရုံးကနေပြန်ရောက်တာနဲ့ စကားပြောစရာရှိလို့ အောက်ကိုလာခဲ့ပါလို့ အသည်းအသန်ခေါ်ပြီး ပြောတာကဘာတဲ့။

ဟောက်ရွှမ်းကိုယောကျာ်းပေးစားမလို့တဲ့။

မိမိဖခင် စိတ်မှမှန်ပါသေးရဲ့လား။

"အေး"

"ပါး စဉ်းစဉ်းစားစားလဲပြောပါဗျာ ကျွန်တော်ကယောကျာ်းလေးလေ အဲဒါကို ဘယ်လိုယောကျာ်းယူရမှာလဲ"

"-မင်းသောက်ပိုပြောမနေနဲ့ ဒီခေတ်ကြီးထဲ ယောကျာ်းလေးချင်းယူထားတာတွေအများကြီးပဲ မင်းမသိတာလဲမဟုတ်ပဲနဲ့"

"သိတော့သိတာပေါ့ ပါးရယ် ဒါပေမယ့် အဲဒါတွေက ဂေးတွေလေ ကျွန်တော်က ယောကျာ်းစစ်စစ်ကြီးလေဗျာ စစ်တာမှ မိန်းကလေးတွေထည်လဲတွဲနေတဲ့သူလေ အဲဒါကိုဘယ်လိုလုပ်ယောကျာ်းပေးစားပစ်ရက်တာလဲ"

"မရှည်နဲ့ ဝမ်ဟောက်ရွှမ်း မိဘကကောင်းစေချင်လို့ စီစဉ်တာကို မင်းဘာမှ ကဖျက်ကယက်လုပ်မယ်မတွေးနဲ့"

"ဟာ ပါးကလဲ မဟုတ်သေးဘူးလေဗျာ ကျွန်တော်လက်မခံနိုင်ဘူးနော်"

ဟောက်ရွှမ်း ခေါင်းကိုတွင်တွင်ခါကာ အငြင်းစကားသာဆိုမိသည်။ ။

တစ်သက်နဲ့တစ်ကိုယ်ယောကျာ်းယူရမယ်လို့ တခါမှမစဉ်းစားခဲ့ပါဘူး။

ဒီအသက်အရွယ်ရောက်သည်အထိ ယောကျာ်းတစ်ယောက်ကို မရိုးသားတဲ့စိတ်နဲ့လဲ စေ့စေ့မကြည့်ဖူးခဲ့။

ကျွန်တော်ကြိုက်လာသမျှ ချောပေ့လှပေ့ဆိုတဲ့မိန်းကလေးေ တွချည်း။

တစ်ယောက်ပီးတစ်ယောက် ထည်လဲတွဲခဲ့တာလေ .. အခုကျမှ ယောကျာ်းယူရမယ်တဲ့လား .. ပီးတော့ ကျွန်တော့်အသက်က အခုမှ ၂၀လေ ကဲလို့ကောင်းတုန်းအရွယ် အိမ်ထောင်ပြုဖို့လိုပြီမို့လို့လား။

မဖြစ်သင့်လိုက်တာများ။

"လက်မခံနိုင်ရင် အိမ်ပေါ်ကဆင်းဟေ့ကောင် မင်းကားရော ဘဏ်ကတ်တွေရော ဖုန်းတွေရော အကုန်ထားခဲ့"

"မားရေ ... ပါးကိုပြောပေးပါအုံးဗျာ အဖေဘာတွေလုပ်နေတာလဲမသိတော့ဘူး"

"သားရယ် မင်ပါးပါးကို ကလန်ကဆန်မလုပ်ချင်စမ်းပါနဲ့"

ပါးကိုပြောမရလို့ မားကိုအကူအညီတောင်းမိပါတယ် မားဆီကစကားသံအကြားမှာ ဟောက်ရွှမ်းတစ်ယောက် သတ်သေချင်စိတ်ပေါက်သွားရသည်။

အမြဲတမ်း ဟောက်ရွှမ်းကိုအလိုလိုက် အကြိုက်ဆောင်ခဲ့တဲ့မိခင်ဖြစ်သူကပါ ဖခင်ဘက်ကပါနေသောအခါ ဒီကိစ္စက ထင်ထားတာထက် ပိုကြီးနေပြီဆိုတာ ဟောက်ရွှမ်းနားလည်လိုက်သည်။ ဒါပေမယ့် ကောက်ခါငင်ခါ ဘာကြောင့်လဲ။

"ဟေ့ကောင် မင်းဘာမှ မင်းမားမား ကိုမျက်ရည်ခံထိုးဖို့မစဉ်းစားနဲ့ ငါအကုန်စီစဉ်ထားပြီးသား"

"ဘာလို့လဲပါးရာ ဘာလို့လဲ ကျွန်တော့်ကိုဘာလို့ ယောကျာ်းပေးစားချင်ရတာလဲဆိုတဲ့ အကြောင်းအရင်းတစ်ခုလောက်ပေး ကျွန်တော်စဉ်းစားကြည့်မယ်"

"အေး ဘာလို့လဲဆိုတာမင်းသိချင်ရင် ငါပြောပြမယ် ငါအလုပ်အကိုင်တွေအဆင်မပြေဘူး လုပ်သမ ျှ အရှုံးပေါ်နေတယ် လုပ်ငန်းတစ်ခုရှယ်ယာလုပ်ဖိ့ုသဘောတူထားတဲ့လူတစ်ယောက်ကလဲ ငါ့ငွေတွေလိမ်သွားလိ့ု ငါအခုဆက်လုပ်ဖို့ငွေလိုနေပြီ တခြားရှယ်ယာရှင်တွေလဲ ဒီပရောဂျက်အချိန်မှီမပြီးစီးရင် ရှင်းရမှာမနည်းဘူး အဲဒီတော့ အစစအရာရာအဆင်ပြေအောင် ငါတို့ကို ငွေထုပ်ပိုက်ပီးကူညီမယ့် Tempt Group နဲ့ နှစ်အိမ့်တစ်အိမ်ဖြစ်ဖို့လိုနေပြီ"

ဟွန့် .. နောက်ဆုံးတော့လဲ သားကိုငွေနဲ့ရောင်းစားမယ်ပေါ့လေ။ ေ

နေစမ်းပါအုံး ဒါဆို ကျွန်တော်က လုပ်ငန်းရှင်အဖိုးကြီးတစ်ယောက်ကိုယူရမှာလား။

"ပါးက သားကို ငွေအတွက်နဲ့ သက်ကြားအိုလက်ထဲထိုးထည့်တော့မယ်ပေါ့"

"ဘယ်ကသက်ကြားအိုရမှာလဲ စီအီးအိုဖေးရန်ရဲ့ညီက မင်းထက်ကြီးလှမှ တစ်နှစ်နှစ်နှစ်ပါပဲဟ"

"အော် သူဌေးညီနဲ့ယူရမှာပေါ့ ... ထားပါတော့ .. ဒါပေမယ့် ပါးရာ တခြားနည်းလမ်းမရှိတော့ဘူးလား ကျွန်တော် အလုပ်လုပ်ပီး ပါးကိုပိုက်ဆံရှာပေးမယ်လေ"

"တိတ်စမ်း ဟောက်ရွှမ်း ငါကငွေတစ်ခုတည်းကြည့်ပီး ဒီကိစကိုစီစဉ်တာမဟုတ်ဖူး မင်းရှေ့ရေးကိုစိတ်အေးချင်လို့ ကွ ငါတိ့ုစီးပွားရေးကတစ်နေ့ရွှေ တစ်နေ့ငွေပဲ ဘာမှမသေချာဘူး သူတို့မိသားစုဝင်ဖြစ်သွားပြီဆို မင်းနောင်ရေးကို ငါတို့စိတ်ချသွားလို့ရပြီ"

"ဒါပေမယ့်...."

"အထွန့်မတက်နဲ့တော့ ခဏနေ သူတို့ညီအကို ညစာစားဖို့ဖိတ်ထားတယ် ရေမိုးချိုးပြီး အလှပြင်ထား"

ငင့် အလှပြင်ရအောင် အဖေ့သားကမိန်းမကြီးမို့လား ... မမိုက်ပါဘူးဗျာ အမေ့ကိုအကူအညီရလိုရငြားလှမ်းကြည့်ပေမယ့် အမေက ခေါင်းကိုသာခါပြသည်မို့ ကျွန်တော်လဲ ဘာမှမပြောပဲ အပေါ်ထပ်သို့သာတက်လာလိုက်သည်။

ဒါက လူကြီးတွေစီစဉ်တာလဲဖြစ်နိုင်တာပဲ .. အဲဒီစီအီးအိုဆိုတဲ့လူရဲ့ညီနဲ့တွေ့မှ သူ့ဘက်ကငြင်းပေးဖို့ပြောရမည်။

တော်ရုံတန်ရုံ ဘယ်ယောကျာ်းလေးကမှတော့ ယောကျာ်းလေးချင်းပေးစားတာကို လက်ခံမှာမဟုတ်ဘူးလေ။

ဒါက လူကြီးတွေစီစဉ်တာဆိုတော့ အဲဒီတစ်ယောက်ရဲ့ဆန္ဒလဲပါချင်မှပါမှာ။

သူ့ဘက်ကိုငြင်းခိုင်းရင် အဆင်ပြေနိုင်သားဆိုတဲ့ အတွေးနဲ့ ဟောက်ရွှမ်း နည်းနည်းစိတ်အေးသွားရသည်။

ဒါက ကျိရန်နဲ့မတွေ့ခင်အထိဆိုပါတော့...။

"ဟောက်ရွှမ်း ဧည့်သည်တွေရောက်နေပြီ"

ပါးအော်ခေါ်သံကြားတာမို့ စိတ်မပါလက်မပါပဲ အောက်ထပ်ကိုဆင်းလာလိုက်သည်။

ဧည့်ခန်းထဲမှာထိုင် နေတဲ့ စီအီးအို သူဌေးရဲ့ညီဆိုသူကိုတွေ့ပါပြီ။

အရပ်ရှည်ရှည်အသားဖြူဖြူနဲ့ ရုပ်ရည်ကတော့သိပ်မဆိုး။ သဘောကောင်းမယ့်ပုံတော့ရသား။

ဒါဆို လက်ထပ်ဖို့ကိစ္စ ငြင်းဖို့ပြောလို့ရလောက်မှာပါ။

"သားလေး ကျိရန်ကို ခြံထဲလိုက်ပြလိုက်အုံး ထမင်းစားဖို့အဆင်သင့်ဖြစ်ရင်ခေါ်လိုက်မယ်"

လာပြီ လာပြီ ရုပ်ရှင်ထဲကအကွက်တွေ ... ဒါမယ့်ဆိုးတော့မဆိုးပါ ကျွန်တော်ကလဲ သူနဲ့စကားပြောချင်နေတာမို့ သူ့ကိုခေါ်ကာ ခြံထဲထွက်လာခဲ့သည်။

ကျွန်တော်က ခြံထဲက ဒန်းမှာထိုင်လိုကတော့ သူက ခပ်ရို့ရို့လေး မတ်တပ်ရပ်နလေသည်။

"လာထိုင်လေ

"ဟင် .. ဟုတ်"

ပုံစံက ရိုးပုံရိုးလက်နဲ့ တကယ့်အူတူတူလေး။ မျက်မှန်အဝိုင်းလေးကိုလဲတပ်ထားလိုက်သေးတယ်။

ကျွန်တော့်ထက်ပိုကြီးတာလား၊ ကျွန်တော့်ထက်ပိုငယ်တာလား မသဲကွဲရလောက်အောင် နုနေတာတော့အမှန်ပဲ။

ကျွန်တော်နဲ့ အသားချင်းထိမှာစိုးသည့်အလား ဒန်းရဲ့အစွန်းတဖက်မှာ ဒင်းကဝင်ထိုင်လေသည်။

အံမယ်လေး ငါကများထိချင်လွန်းတယ်ထင်နေလားမသိ။

"အဟမ်း ခင်ဗျားမှာရည်းစားရှိလား"

"ဗျာ မရှိပါဘူး"

"ကျွန်တော့်မှာတော့ရှိတယ် အများကြီးပဲ"

"အင်း"

"အဲဒါကြောင့် ခင်ဗျားနဲ့လက်ထပ်ဖို့ကိစကို ကျွန်တော်လက်မခံနိုင်ဘူး"

တဖက်က ဘာမှပြန်မပြော။

"ဒါပေမယ့် ကျွန်တော်ပါးကိုငြင်းလို့မရဘူး အဲဒါကြောင့် ခင်ဗျားငြင်းပေး"

ဘာမှကိုပြန်မပြော။

"ဟေ့လူ ကြားလားလို့"

တေမိလုပ်နေသောတစ်ဖက်လူအား ဟောက်ရွှမ်းစိတ်တိုလာတာမို့ ထအော်လိုက်တာ့ တုန်တက်ကာသွားတဲ့လူ။

ဂါး ဟောက်ရွှမ်း စိတ်တွေရှည်မနေဘူးနော် တကယ်ကိုပဲ။

နဂိုကတည်းက ယောကျာ်းယူဖို့စိတ်ကူးမရှိသလို ဒီလို မထုံတက်တေးနဲ့လူဆိုတာသိရတော့ ပိုပြီးဆန္ဒမရှိတော့။

ဒီလိုလူနဲ့ယူပြီးနေရရင် ဟောက်ရွှမ်းပျင်းလို့သေမှာပဲ။

"ဟုတ်"

"အဆင်ပြေတယ်မှတ်လား"

"ဟင့်အင်း မပြေဘူး"

"ဘာလို့လဲ"

"ဟို လူကြီးတွေကကောင်းဖို့စီစဉ်ပေးတာဆိုတော့"

"ဘာကိုကောင်းရမှာလဲ ယောကျာ်းချင်းမိဘပေးစားလို့ယူတယ်ဆိုတာ လူကြားလို့ကောင်းလို့လား"

"ဒီခေတ်ကြီးမှာ ယောကျာ်းမိန်းမရယ်လို့ မရှိတော့ပါဘူး အချင်းချင်းအဆင်ပြေရင်ပီးတာပဲဟာ"

"အဲဒါက တစ်ယောက်ကိုတစ်ယောက်ချစ်လို့လေ အခုက ကျွန်တော်နဲ့ခင်ဗျားက အခုမှမြင်ဖူးတာလေ ပြီးတော့ ယောကျာ်းလေးချင်း ဘယ်လိုလုပ် တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိမှာလဲ ကျွန်တော် ယောကျာ်းချင်းမကြိုက်ဖူး"

"ဒါပေမယ့် ကြာလာရင် တစ်ယောက်အကြောင်းတစ်ယောက်သိပြီး သဘောကျလာနိုင်တာပဲ"

ကျိရန်ဆိုတဲ့တစ်ယောက်ရဲ့ ခပ်တိုးတိုးစကားသံကြားတော့ ကျွန်တော်ဒေါသထောင်းခနဲထွက်သွားသည်။

"ဘာပြောတယ် တစ်ယောက်ကိုတစ်ယောက်သဘောကျလာမယ်ဟုတ်လား ခင်ဗျားကို ကျုပ်က ကြိုက်မယ်ဟုတ်လား ဆုတောင်းလေ ဆုတောင်း ကျုပ်ကအခြောက်မဟုတ်ဘူးဗျ ဒီတစ်သက်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဖူးမှတ်"

စိတ်တိုတိုနဲ့ အော်ပြောကာ ဘောင်းဘီအိတ်ထဲမှာထည့်ထားတဲ့ ကားသော့ကိုထုတ်ကာ အပြင်ကိုသာထွက်သွားလိုက်သည်။

ဒန်းပေါ်မှာထိုင်ကျန်ခဲ့တဲ့ကောင်လေးရဲ့မျက်ရည်တွေကိုတော့ ဟောက်ရွှမ်း တစ်ယောက်မမြင်နိုင်ပါချေ။

xxxxxxxxxxxxxxxxxxxxx

မျက်ရည်လေးတစမ်းစမ်းနဲ့ပြောနေတဲ့ ကျိရန်ကိုကြည့်ပီး ရိပေါ်သက်ပြင်းချလိုက်မိသည်။

ရှောင်ကျန့်ကိုကြည့်တော့လဲ သူ့လိုပဲမျက်နှာမသာယာ။

လိုက်ရခက်တဲ့အတွဲတွေ အောင်သွယ်လုပ်ခဲ့တာ မနည်းခဲ့ပြီမို့ ခက်ခဲတာက ကျွန်တော်တို့အတွက် အခက်အခဲမရှိ။

ဒါပေမယ့် ဖြောင့်တန်းနေတဲ့လူကို ကွေးအောင်လုပ်ဖို့ဆိုတာတော့ နည်းနည်းစိန်ခေါ်ရာရောက်သည်။

ပြီးတော့ ပိုဆိုးတာက သူတို့က သူတို့ဘာသာ မီးစင်ကြည့်ကပီး မနိုင်တော့မှ အရပ်ကူပါ လူဝိုင်းပါလုပ်တဲ့အကွက်မို့ အခုချိန်မှာ ဘယ်လိုနည်းနဲ့ဝင်ရမလဲဆိုတာ တော်တော်ခေါင်းစားတဲ့အဖြစ်။

အကြင်နာကြီးသူကြီးရှောင်ကျန့်ကတော့ တစ်ရှူးယူကာ ကျိရန်ကိုမျက်ရည်သုတ်ပေးနေလေပြီ။

"ကိစ္စက ထင်သလောက်တော့လွယ်မှာမဟုတ်တော့ ခင်ဗျားခံနိုင်ရည်ရှိမှုဖြစ်မှာနော် ကျိရန်"

"ဟုတ်"

"ဒါနဲ့ နေပါအုံး ကျိရန်ကအသက်ဘယ်လောက်လဲ"

"၂၂ ပါ"

"ဒါဆို ရွယ်တူပဲပေါ့"

"ဟုတ်လား အဲဒါဆိုပြောရဆိုရတာပိုအဆင်ပြေအောင် မင်းနဲ့ငါပဲပြောပါ"

"ဟာမဟုတ်တာ ကျိရန်က ကျွန်တော်တို့ကိုအလုပ်အပ်တဲ့ ကျွန်တော်တို့ ကာစတန်မာလေ အဲလိုကြီးကျအဆင်မပြေပါဘူး"

"ပြေပါတယ် ငါလဲပေါ့ပေါ့ပါးပါးပဲ ပြောချင်လို့ပါ"

"ဟုတ်ပါပီကွာ ဒါနဲ့ မင်းကိုမေးပါအုံးမယ် မင်းက သူ့ကိုအရင်တည်းကသိနေတာပေါ့"

"အင်း ဟုတ်တယ် ငါတစ်ညအိပ်မပျော်လို့ကားထွက်မောင်းရင်း သူ့သူငယ်ချင်းတွေနဲ့ကားုပြိုင်မောင်းနေတာတွေ့ပြီးသဘောကျသွားတာ သူ့အကြောင်းတွေစုံစမ်းတယ် သူကယောကျာ်းတွေကိုစိတ်မဝင်စားပဲ မိန်းကလေးတွေပဲထည်လဲတွဲတတ်တယ်ဆိုတာသိလာတယ် ငါ့ဘာသာသူ့ကိုချဉ်းကပ်ဖို့စဉ်းစားပေမယ့် ငါမလုပ်တတ်ဖူး ငါရည်းစားလဲတစ်ခါမှမထားဖူးဘူး သူ့လိုမျိုးလဲတစ်ယော်ကကိုမှသဘောမကျဖူးဘူး အဲဒါနဲ့ ကောကိုပြောပြလိုက်တော့ ကော ခုနကပြောတဲ့အစီအစဉ်ကို စီစဉ်ပေးတာ ဒါပေမယ့် သူ့ဘက်က ခါးခါးသီးသီးဖြစ်နေတော့"

"ဒါပေမယ့် အနေအထားတွေအရ မင်းသူနဲ့အတင်းလက်ထပ်လို့်ရအောင်တော့ကြိုးစားလို့ရတယ်ဟုတ်"

"အင်း ဟုတ်တယ် ဒါပေမယ့် ငါအဲလိုကြီးတော့မလုပ်ချင်ဘူး အဲလိုလုပ်လိုက်ရင် သူငါ့ကိုတစ်သက်လုံးမုန်းပီးနေတော့မှာ အဲလိုပုံစံမျိုးနဲ့တော့ သူ့ကိုအနားမှာမထားချင်ဘူးလေ"

"မင်းကိုချစ်စေချင်တာပေါ့"

"အင်း"

ကျိရန်က ရှက်ပြုံးလေးနဲ့ခေါင်းညိတ်သည် ကျိရန်ကတကယ်ချောတာပဲ။

နှုတ်ခမ်းထူထူလေးကရဲလို့။ ယောကျာ်းချင်းသားစိတ်ဝင်စားတတ်တဲ့သူသာဆို ကျိရန်က လုံးဝကြွပစ်ချင်စရာအဆင်လေးပင်။

အဲဒါကို အဲဒီ ဝမ်ဟောက်ရွှမ်းဆိုတဲ့ငမိုက်သားက ဘာလို့မကြိုက်ရတာပါလိမ့်။

"ခက်ခဲမယ်ဆိုပေမယ့် လက်မလေ ျှာပါနဲ့ ငါတို့အောင်သွယ်ပေးတဲ့အတွဲတွေက မကြိုက်ဖူးဆိုတာမရှိပါဘူး အချိန်တစ်ခုတော့လိုတာပေါ့ကွာသူက အဖြောင့်ကြီးဆိုတော့ ကွေးအောင်အရင်လုပ်ရအုံးမယ်လေ"

"အင်း ငါဇွဲမလျှော့ဘူး ငါ့ကိုသူတစ်နေ့ပြန်ချစ်လာရမယ်"

"စိတ်ဓာတ်ကိုတော့ကြိုက်တယ်ကွာ"

"ဒါနဲ့ ခုနကမင်းပြောတာ သူက မင်းတို့ကုမ္ပဏီမှာအလုပ်လာဆင်းမယ် ဟုတ်လား"

"အင်း ဟုတ်တယ် လက်ထပ်ဖို့ကိစ္စကို သဘောမတူရင် ငါတို့အတူရင်းနှီးမြှပ်နှံမယ့်ပရောဂျက်အတွက် တစ်နှစ်ငါနဲ့အတူတူအလုပ်လုပ်ရမယ်လို့သူ့ပါးကပြောလို့ နောက်တစ်ပတ်ကစပြီး အလုပ်လာဆင်းတော့မှာ"

ဟောက်ရွှမ်းတဲ့တစ်ယောက်အကြောင်းပြောပီ အရောင်တွေတောက်လာတတ်တဲ့ ကျိရန်မျက်ဝန်းတွေကိုကြည့်ပြီး ကျွန်တော်ပြုံးမိသည်။

အဲဒါ ကျွန်တော်တို့ရဲ့အဓိကသော့ချက်ပါပဲ။ ကျွန်တော်တို့အောင်သွယ်လုပ်ပေးရမယ့်အတွဲမှာ တစ်ယောက်က နောက်တစ်ယောက်ကို တကယ်အချစ်စစ်နဲ့ချစ်တဲ့သူဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းချက်တစ်ခုထားထားသည်။

အကြောင်းတခုခုကြောင့် အဲဒီလူနဲ့ကြိုက်ချင်တာမဟုတ်ပဲ သူက ချစ်လွန်းလိ့ုကို နောက်တစ်ယောက်ကိုပိုင်ဆိုင်ချင်တာမျိုးဖြစ်ရမည်။

အဲလိုအတွဲမျိုးကိုပဲ ကျွန်တော်တိ့ုအောင်သွယ်ပေးမည်။

ကျွန်တော်ရော ရှောင်ကျန့်ရော အဲလိုအချစ်မျိုးနဲ့ ကိုယ်တိုင်မကြုံဖူးသေးပေမယ့် အချစ်ဆိုတာကို အရမ်းတန်ဖိုးထားကြတာချင်းတူသည်။

အဲဒါကြောင့်ပဲ အချစ်စစ်နဲ့ချစ်တဲ့သူတွေအဆင်ပြေပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီအလုပ်ကိုလုပ်ဖြစ်ကြတာ။

"အိုကေ အဲဒါဆို နောက်တစ်ပတ်သူရုံးစတက်မယ့်ရက်မတိုင်ခင် ငါတို့ထပ်တွေ့ကြတာပေါ့ ဒီတလောအတွင်း ငါတို့သူဘာကြိုက်တယ်ဆိုတာလေ့လာထားလိုက်မယ်"

"ဟာ အဲဒါများ လေ့လာစရာမလိုပါဘူး ငါ့မှာသူဘာကြိုက်တယ်မကြိုက်ဘူးဆိုတာ အချက်အလက်အစုံရှိတယ်"

"နေနေ .. အဲလိုမဟုတ်ဘူး ဘေးလူတွေအလွယ်တကူမြင်တဲ့အရာတွေမဟုတ်ဖူး ငါတို့က အတွင်းစိတ်ထဲမှာဘာရှိတယ်ဆိုတာကိုလေ့လာပြီးလုပ်ရတာမျိုး"

"အော် အဲလိုလား"

"ဟုတ်တယ်ကွ သိပ်လဲစိတ်မပူပါနဲ့ ငါတို့တာဝန်ထားလိုက် ဟုတ်ပီလား"

"အဲဒါဆို အားကိုးပါတယ်ကွာ"

Ep 3 to be continued


Continue Reading

You'll Also Like

83.5K 11.1K 41
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
444K 39.4K 34
Start Date - 7.1.2022 End Date - 20.2.2022 #yizhan
75K 18.9K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
329K 23.4K 49
Wang Yibo ကျွန်တော်ခင်ဗျားကိုချစ်သင့် မချစ်သင့်တွေးနေတုန်းမှာပဲခင်ဗျားကကျွန်တော့ဘဝကြီးဖြစ်နေပြီ။ခင်ဗျားကကျွန်တော့အတွက်နှစ်ယောက်မရှိတဲ့Soulmate ပဲ။ Xi...