By wai06_

157K 5.8K 236

Zawgyi မင်းသိလား မင်းကငါ့ရဲ့အရာရာဆိုတာ... Unicode မင်းသိလား မင်းကငါ့ရဲ့အရာရာဆိုတာ... Cover photo from pintere... More

About author
Episode 1(Zawgyi)
Episode 2(Zawgyi)
Episode 3(Zawgyi)
Episode 4(Zawgyi)
Episode 5(Zawgyi)
Episode 6(Zawgyi)
Episode 7(Zawgyi)
Episode 8(Zawgyi)
Episode 9(Zawgyi)
Episode 10(Zawgyi)
Episode 11(Zawgyi)
Episode 12(Zawgyi)
About characters
Episode 13(Zawgyi)
Episode 14(Zawgyi)
Episode 15(Zawgyi)
Episode 16(Zawgyi)
Episode 17(Zawgyi)
Episode 18(Zawgyi)
Episode 19(Zawgyi)
Episode 20(Zawgyi)
Episode 21(Zawgyi)
Episode 22(Zawgyi)
Episode 23(Zawgyi)
Episode 24(Zawgyi)
Episode 25(Zawgyi)
Episode 26(Zawgyi)
Confession(Zawgyi)
Episode 27(Zawgyi)
Episode 29(Zawgyi)
Episode 30(Zawgyi)
Episode 31(Zawgyi)
Episode 32(Zawgyi)
Episode 33(Zawgyi)
Episode 34(Zawgyi)
Episode 35(Zawgyi)
Final Episode(Zawgyi)
ကျေးဇူးတင်လွှာ(Zawgyi)
Extra (Zawgyi)
အသိ​ပေးခြင်း(အသိပေးခြင်း)
Episode 1(Unicode)
Episode 2(Unicode)
Episode 3(Unicode)
Episode 4(Unicode)
Episode 5(Unicode)
Episode 6(Unicode)
Episode 7(Unicode)
Episode 8(Unicode)
Episode 9(Unicode)
Episode 10(Unicode)
Episode 11(Unicode)
Episode 12(Unicode)
Episode 13(Unicode)
Episode 14(Unicode)
Episode 15(Unicode)
Episode 16(Unicode)
Episode 17(Unicode)
Episode 18(Unicode)
Episode 19(Unicode)
Episode 20(Unicode)
Episode 21(Unicode)
Episode 22(Unicode)
Episode 23(Unicode)
Episode 24(Unicode)
Episode 25(Unicode)
Episode 26(Unicode)
Confession(Unicode)
Episode 27(Unicode)
Episode 28(Unicode)
Episode 29(Unicode)
Episode 30(Unicode)
Episode 31(Unicode)
Episode 32(Unicode)
Episode 33(Unicode)
Episode 34(Unicode)
Episode 35(Unicode)
Final Episode(Unicode)
​ကျေးဇူးတင်လွှာ(Unicode)
Extra (Unicode)

Episode 28(Zawgyi)

1.2K 48 5
By wai06_

"ဒီ​နေ့​တော့နားနား​နေ​နေ ​နေရ​တော့မယ်"

မွန်း စိတ်ထဲ၌​​ပြောလိုက်သည်...

အတူ​​နေတဲ့သူ​တွေဆို​တော့​တွဲပြီး​နောက်ပိုင်းတည်းကအပြင်ချည်းထွက်ဖြစ်​နေသည်..
နေ့တိုင်းပူးပူးကပ်ကပ်နှင့်ဒီ​နေ့တစ်ရက်​တော့နှစ်​ယောက်လုံးအိမ်တွင်​နေကာ ကိုယ် လုပ်စရာရှိတာလုပ်ဖို့ဆုံးဖြတ်လိုက်သည်..
တကယ်​တော့ဘာလုပ်စရာရှိမတုန်း..
ကျွန်​တော်ကအိမ်မှာ​အေး​ဆေးနှပ်မယ်..
သူက​တော့​နေသစ်နဲ့ဂိမ်း​ဆော့မယ် သတ်ကြမယ်​ပေါ့...

"မွန်း"

"ဟင် ​ဪ ​နေသစ်"

"မင်းအတွက်မုန့် ကြီး​​မေက​ပေးခိုင်းလိုက်တာ"

"​အာ ​ကျေးဇူးပဲကွာ မင်းတို့ဂိမ်း​ဆော့တာပြီးပြီလား"

"မပြီး​သေးဘူး ဟို​ကောင်​ဂိမ်း​ခွေ​ပြောင်း​နေလို့"

"ဪ မင်းတို့ကလည်းအ​ပေါ်မှာ​ဆော့တာမဟုတ်ဘဲ"

"မင်းကအိပ်ချင်​နေတာမလား ငါတို့ဒီမှာ​ဆော့ရင်မင်းဘယ်လိုအိပ်လို့ရမှာလဲ"

"​​အေး ဟုတ်သားပဲ မင်းတို့ကအမြဲသတ်​နေတာဆို​တော့"

"အင်း ဒါဆိုငါသွားပြီ"

လို့​ပြောကာ​နေသစ်လှည့်ထွက်ခဲ့သည်..
အဆင်​တော့မ​ပြေဘူး​ပေါ့..ဘယ်​လောက်ပဲ ​မေ့ဖို့ကြိုးစားပါ​စေ သူကိုယ့်​ရှေ့​ပေါ်လာတာနဲ့အဲ့စိတ်​တွေက​ပျောက်ကွယ်သွားတာပဲ..
ညနဲ့မွန်းတွဲ​နေပြီဆိုတာ အ​ပျော်ကြူး​နေ
သော မွန်း ကိုယ်တိုင်​ပြောပြ၍ ​နေသစ် သိခဲ့ရသည်..သိပ်​တော့မအံ့သြမိ..ညရဲ့စိတ်ကို
သိပ်မ​သေချာဘူးဆိုရင်​တောင် ၅၀ရာခိုင်နှုန်းကဖြစ်နိုင်သည်မို့..

"သော့် ကို သတိရလိုက်တာ..သူ​လည်းငါ့လို ခံစားခဲ့ရမှာပဲ"

ကိုယ်ချစ်တဲ့သူတစ်​ယောက်ကသူချစ်တဲ့သူကိုသာအာရုံစိုက်ထားချိန်
ကိုယ်လိုသမျှဖြည့်ဆည်း​ပေး​တောင်အဖက်
မလုပ်ခံရတာ​​တွေ..

"ငါတောင်းပန်ပါတယ်"

နေသစ် ​အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်..

"မွန်း ​ရော အိပ်သွားပြီလား"

"မအိပ်​သေးဘူး"

"ငါသူ့ကိုအ​စောကြီးမနှိုးသင့်ဘူး သူမျက်လုံး ကြောင်သွားတာဖြစ်မယ်"

"​အေး မင်းကဘာလုပ်ဖို့သွားနှိုးတုန်း မင်းလည်းအိမ်မှာ​နေမှာပဲကို"

"မင်းလာမယ်ဆိုလို့​လေ ငါတို့၃​ယောက်မဆုံဖြစ်တာ​တော်​တော်ကြာပြီကိုး ဟိုတစ်​ခေါက်
မွန်းနဲ့မင်းအပြင်ထွက်ပြီးကတည်းက​လေ"

"မင်း ဒီ​နေ့ဘာဖြစ်​နေတာလဲ အရင်လို
ရန်စကား​တွေမစ​တော့ဘူးလား"

"ဪ ငါမင်းကို​ကျေးဇူးတင်လို့ပါ"

"ဘာလဲ"

"မွန်းက​ပြောတယ် မင်းကသူရင်ဖွင့်သမျှ နား​​ထောင်​ပေးတယ်တဲ့ ​နောက်ပြီးငါ့အတွက်
ဆွဲကြိုးကိုလည်းမင်းလိုက်ဝယ်​ပေးတယ်​လေ"

"ဪ ​ကျေးဇူးတင်စရာမလိုပါဘူး သူငယ်ချင်းတစ်​ယောက်အ​နေနဲ့လုပ်​ပေးသင့်တာပဲ​လေ"

"အင်း​ပေါ့ ဒါ​ပေမဲ့လည်း မင်းကမွန်းကို
မနှိမ်ဘူး​လေ ငါ​ပြောချင်တာမင်းသိပါတယ်"

"​ငါ​ပြောတယ်​လေ သူငယ်ချင်း​တွေပဲဟာ
ကိုယ့်ရွေးချယ်ရာနဲ့ကိုယ်​ပေါ့ ငါလည်း.."

"​အင် မင်းကဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး မင်းဂိမ်း​ရွေး​နေတာမပြီး​သေးဘူးလား"

"ရပြီ ဆော့မယ်..ဒါနဲ့ ငါည​နေကျမွန်းနဲ့ ညဈေးသွားမလို့ မင်းလိုက်ဦးမှာလား"

"ငါကဘာလို့လိုက်ရမှာလဲ အတွဲကြား
ကန့်လန့်ကန့်လန့်နဲ့"

"​​တော်ပြီ​လေ ဒီ​လောက်ဆို"

"မုန့်ဝယ်​ကျွေးမလို့ကို မင်းသ​ဘောပဲ​လေ
ငါတို့ကနည်းနည်း​တော့ရိုတယ်ကွ မင်းက ​အတွဲမရှိ​တော့ခံစားရလိမ့်မယ်"

နေသစ် ​ခေါင်းကိုတစ်ချက်ပိတ်ရိုက်လိုက်သည်..

"ဘာလို့ရိုက်တာတုန်းဟ"

"ငါ့မှာအတွဲမရှိတာမင်းပူစရာမလိုဘူး
မင်းအတွဲကိုသာမြဲ​အောင်ထိန်း"

"​​အေး ​အေးပါကွာ မင်းကလည်းစတာကို"

"မင်းတို့အတွက်ရင်ဆိုင်ရမှာ​တွေများတယ်​ မွန်းကိုတစ်​ယောက်တည်းခံစားရ​အောင်မလုပ်နဲ့"

"​အေးပါ ငါဘယ်​တော့မှသူ့ကိုမထိခိုက်​စေရဘူး ​​ယောက်ျားကတိ"

"​အေး ပြီးတာပဲ"

ဂိမ်းဆက်​ဆော့​နေလည်းအ​တွေးတို့ကတခြားဆီပျံဝဲ​နေသည်..​သို့​သော်
ညကို​ပြော​သောစကားမှာနေသစ်တကယ့်စိတ်ရင်းနှင့်အကြံ​ပေးလိုက်ခြင်းပင်..

အမြဲတမ်းမတည့်​သောပြိုင်ဘက်​အ​ပေါ်
အမှန်တစ်ခုဝန်ခံရမည်ဆိုလျှင် ထို​ကောင်
ည သည် ကျွန်​တော့်​လောက်နီးနီးမွန်းကို ချစ်နိုင်သည်..ထို့​ကြောင့်လည်းကျွန်​တော်
ဘာမှမဖြစ်သလိုဟန်​​ဆောင်​နေ​ပေးခဲ့သည်..
အကယ်၍ ည သာမွန်းအ​ပေါ် ကစားခဲ့ပါက
အဲ့​ကောင်မျက်နှာစုတ်ပြတ်သတ်​နေပြီး
မွန်းကိုလည်းအခွင့်​ရေးရှိရှိမရှိရှိကျွန်​တော်
ရ​အောင်လိုက်မိမည်ထင်သည်..အခု​တော့ မွန်းချစ်သလို ညကလည်းတကယ်အတည်မို့သူတို့ချစ်ခြင်းကြားကျွန်​တော်မဝင်ချင်...
ကျွန်​တော့်​ကြောင့်သူတို့နှစ်ဦးပြဿနာတက် ရင် ခံစားရမည်က မွန်း ​သေချာသည်..မွန်း ခံစားရမည်ဆိုပါက ကျွန်​တော်လည်း​သေချာ
ပေါက်မ​ပျော်ရွှင်​တော့..

အ​တွေး​​တွေကဒီဘက်သို့တစ်ဖန်ပြန်လည်
လာတာနဲ့အမျှနာကျင်လာမိသည်..တစ်ဆက်
တည်း ​သော့် ကိုလည်းသတိရလာသည်..

"မင်းဘယ်​​ရောက်​နေတာလဲ ငါ့လည်းမဆက်သွယ်ဘူး ငါ့ဆီကိုတစ်ခါ​လောက်ပြန်လာခဲ့ပါ ငါ​သေချာ​ပေါက်မင်းကို​တောင်းပန်ချင်တယ်
မင်းရဲ့အချစ်​တွေကိုမြင်လိုက်ရဲ့သားနဲ့ငါ
မဆက်သွယ်မိတာ..ဒီတစ်​ခေါက်ပြန်ဆုံရင်
မင်းထပ်ပြီးမခံစားရ​တော့​အောင် မင်းကို ​​တောင်းပန်မယ် ငါမင်းကိုပြတ်ပြတ်သားသားငြင်းပါ့မယ်..မင်းကို​မျှော်လင့်ချက်​တွေ နဲ့အရူးတစ်​ယောက်လိုမရှိ​နေ​စေချင်ဘူး..
ငါ့လို​ပေါ့"

"ငါ မင်းကိုသတိရတယ် သစ်"

"လမ်းခွဲမယ်"

"ဟမ် မင်းဘာ​ပြောလိုက်တာလဲ"

"ငါတို့လမ်းခွဲရ​အောင်လို့"

"မဖြစ်နိုင်တာ​တွေ ဘာကိစ္စနဲ့လဲ ဘာအ​ကြောင်းပြချက်နဲ့လဲ"

"မင်းလည်းသိတာပဲ ဘာအ​ကြောင်းပြချက်နဲ့ဆိုတာ...ငါတို့​ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူး
ဒီမှာပဲရပ်လိုက်ရ​အောင်"

"ဟင့်အင်း ငါအဲ့လိုမလုပ်နိုင်ဘူး အ​ကြောင်းပြချက်​တောင်မရှိတဲ့လမ်းခွဲခြင်းကိုငါမလုပ် နိုင်ပါဘူး ဘာလို့လဲ ဘာလို့လဲကွာ"

ရပ်​နေ​သော​ကောင်​လေး၏ပခုံးကိုကိုင်လှုပ်ကာငို​ကြွေးလာ​သောကောင်​လေး​တစ်​ယောက်...

"ငါမင်းကိုမချစ်​တော့ဘူး​လေ...."

"မွန်း"

မျက်ရည်​တွေစို့​နေ​သော​ကောင်​လေး၏ပခုံးကိုနူးညံ့စွာကိုင်ကာမျက်ရည်များဖယ်ရှားပေးလိုက်သည်..

"အိမ်မက်ဆိုးမက်​နေတာလား"

မျက်လုံးဖွင့်ကြည့်မှအိမ်မက်မှန်းသိလိုက်ရ
သည်..သို့​သော် မတည်ငြိမ်​​သေးသော ရင်အစုံ​ကြောင့် ညကိုလှမ်းဖက်လိုက်သည်..

"ငါ ငါအိမ်မက်မက်တယ် ဘယ်သူကဘယ်သူ့ကို​ပြော​နေလဲငါမသိဘူး ငါဘာမှမမြင်ရဘူး အသံ​​တွေကလည်း​လုံး​နေတယ် ​သေချာ တာ ​​သေချာတာက ငါတို့နှစ်​ယောက်ပဲ"

"အင်း ဘာဖြစ်လဲ မွန်း"

"အိမ် အိမ်မက်ထဲမှာငါတို့နှစ်​ယောက်ကလမ်းခွဲ​နေကြတယ် တစ်​​​ယောက်ကမစွန့်လွှတ်နိုင်ဘူး ဒါ​ပေမဲ့ ​နောက်တစ်​ယောက်က
နောက်တစ်​ယောက်က မချစ်​တော့ဘူးတဲ့"

မွန်း စကားကိုအဆုံးသတ်ပြီး ည ကို​မော့
ကြည့်လိုက်​တော့နူးညံ့​သောအကြည့်များဖြင့်
သူ့ကိုစိုက်ကြည့်​နေသည်ကို​​တွေ့လိုက်ရသည်..

"အိမ်မက်​တွေသာအမှန်ဆိုငါထီ​ပေါက်တာကြာပြီ​ပေါ့ကွာ"

ရင်ထဲအနည်းငယ်​ပေါ့သွား​အောင်ဟာသခပ်ပါးပါး​လေး​ပြောလိုက်​သော်လည်း
တကယ်မ​ပေါ့နိုင်မှန်း ည သိတာ​ပေါ့..

"မင်းကငါ့ကိုထားခဲ့မှာလား"

ည ရဲ့​မေးခွန်းကိုကြားတဲ့အချိန် မွန်း အံဩတကြီးကြည့်ကာ​ပြောလိုက်သည်..

"မဖြစ်နိုင်ဘူး"

"ဒါဆိုဘာ​တွေပူ​နေလဲ..ငါ့ဘက်ကထားခဲ့မှာလို့စဉ်းစား​နေတာလား...မင်းပြန်စဉ်းစား
သင့်တယ် ငါမင်းကိုဘယ်​လောက်ချစ်လိုက်သလဲ"

ရင်ခွင်ထဲ​ခေါင်းတိုး​နေ​သော​ကောင်​လေး
အား ည ​ခေါင်း​လေးကိုပုတ်လိုက်သည်..

"ထမင်းစားရ​အောင်လို့လာ​ခေါ်တာ က​လေးကအိမ်မက်ဆိုး​တွေမက်ပြီးကိုကို့ကိုချွဲ​နေတာပဲ"

"ကိုကို...."

မွန်း ရင်ခွင်ထဲမှ​ခေါင်းပြူးကာ ​ပြောလိုက်​တော့ ည ​ကြောင်အမ်းအမ်းဖြစ်သွားပုံရသည်..

"ချီးကို ကိုကို လား...၂လပဲကွာတာ​"

ရှက်​သွေး​လေးရဲလာဖို့ကြံရုံပဲရှိ​သေး
နောက်ဆက်တွဲစကားက မျက်နှာကိုဖြတ်ကန်ခံလိုက်ရသလိုပင်..

"​အေးပါ မင်းဆီက​မျှော်လင့်တာကိုကမှားတာ..အခု​ကောင်းသွားပြီမလား ထ သွားမယ်"

ည ​ပြောပြီး​နောက်အခန်းထဲမှထွက်ရန်ပြင် လိုက်စဉ်

"အချစ်"

"အမ်"

ည မွန်းကိုလှည့်ကြည့်လိုက်သည်..​ခေါင်း​လေးကိုငုံ့ထားရာမှ သူ့ ကိုတည့်တည့်ကြည့်ကာ

"ငါစိတ်​ကောင်းဝင်​နေရင် အဲ့လို​ခေါ်မယ်..
ကိုကိုလို့​တော့မ​ခေါ်ချင်ဘူး..ငါ​က​မိန်းက​လေးမဟုတ်သလို မင်းကလည်းငါ့ထက်
သိပ်ကြီး​နေတာမှမဟုတ်တာ"

"​ရတယ် ရတယ် ဒါလည်းကြိုက်တယ်..
နောက်တစ်​ခေါက်​လောက်ရမလား"

"မရဘူး သွားမယ်"

"ဟင်း ဒါနဲ့ ဘာကိုသိပ်မကြီးတာလဲ ဟဲ"

"ချီးပဲ ည မင်းကိုစိတ်​ကောင်းထားလို့ကိုမရဘူး"

ရယ်​မော​နေ​​သော​ထိုကောင်​လေး၏အပြုံးကို ည စွဲမက်စွာသ​​ဘောကျ​သည်..

"လမ်းခွဲမယ်? ​တွေးကြည့်တာနဲ့တင်​သေချင်
စရာ​ကောင်း​နေပြီ..ငါ့ဘက်က​တော့မင်း
အ​ပေါ်လမ်းခွဲဖို့မဖြစ်နိုင်​ပေမယ့်မင်းဘက်က​ရော​...​နေပါ ငါမင်းကိုယုံတယ် မွန်း"

"တကယ်လို့ငါတို့လမ်းခွဲဖြစ်ရင်ဘယ်လိုလုပ်မလဲ"

အခန်းတံခါးလက်ကိုင်ကိုကိုင်ရင်း မွန်း ​မေးလိုက်​တော့ကပ်လိုက်လာ​သော ည ရဲ့​ခြေလှမ်းများရပ်တန့်သွားသည်..

"ဘာကိုဘယ်လိုလုပ်မှာလဲ"

မွန်း ည ကိုလှည့်ကြည့်လိုက်သည်..

"ဟုတ်တယ်​လေ နှစ်​ယောက်ထဲကတစ်​​ယောက်ကလမ်းခွဲချင်​နေပြီ လမ်းခွဲမှသူ​ပျော်ရမယ်ဆို ခွဲ​ပေးရမှာ​ပေါ့...ငါတို့လိုချင်တာ
အခြားတစ်​ယောက်ရဲ့​ပျော်ရွှင်မှုပဲကို"

မွန်း ​ခေါင်းစိုက်ကျသွားသည်..ညက​တော့
ဆက်​ပြော​လေသည်..

"ဒါ​ပေမဲ့ ဘယ်သူကလမ်းခွဲရမှ​ပျော်မှာလဲ
ငါမင်းကိုယုံတယ်..ငါ့ကိုယ်ငါလည်းယုံတယ်..
အဲ့အတွက်​ကြောင့်မို့ဒီအ​ကြောင်းကို​ခေါင်း
ထဲထားမ​နေနဲ့..အခုထမင်းစားမယ်..ပြီးရင်
မင်းလုပ်ချင်တာရှိရင်လုပ် ည​နေကျ ငါတို့ ည​ဈေးသွားမယ်..ဟုတ်ပြီလား"

မွန်းရဲ့လက်ကိုဆွဲယူကာ ည ​​ဆုပ်ကိုင်လိုက်သည်..

"လာ သွားမယ်"

"အင်း....​နေသစ်​​ရော"

အသံလာရာ​လှေကားကိုလှမ်းကြည့်ရင်း

"ငါ ဒီမှာ" ဟု​အော်​ပြောရန်ကြံလိုက်​သော်
လည်းတစ်​ယောက်လက်တစ်​ယောက်ကိုင်
ထားပုံကိုကြည့်​နေရင်း အံ​သေသွားမိသည်..

"ဒါထူးဆန်းတဲ့ကိစ္စမှမဟုတ်ဘဲ"

နေသစ် အ​တွေး​တွေကိုဖြတ်ရင်း မွန်း ကို ပြုံးပြလိုက်သည်...

"ငါကပြန်သွားပြီလားလို့ မင်းကကြားတာ​တောင်ပြန်မထူးဘူးကို"

"ငါမပြန်ပါဘူး ည ဆီကစားရ​သောက်ရဖို့
ခဲယဉ်းတယ်​လေ...ဒါနဲ့ မင်းတို့က မရဲတင်းလွန်းဘူးလား"

နေသစ် အဆုံးနားကို​တော့ တိုးတိုး​လေး​ပြော လိုက်သည်..အိမ်ထဲမှာအခုလိုလုပ်ဖို့ဆိုတာ
က​တော့ ည ​တော်​တော်သတ္တိရှိ​နေပုံရသည်..

ဘာကို​ပြောမှန်းနားလည်သွား​သော မွန်း က
လက်ကိုဖြုတ်လိုက်ရင်း

"သူကအဲ့လိုပဲ ငါ့စကားလည်းနား
မ​ထောင်ဘူး ပြဿနာတက်မှာစိုးလို့ကို"

"ဘာပြဿနာလဲ ငါ့​​ရွေးချယ်မှုအတိုင်းငါ​နေ တာပဲကို"

"​တွေ့လား ​ပြောလို့မရဘူး"

"​အေးပါ မင်းတို့နှစ်​ကောင်ပဲ​ပျော်ကြ ငါပြန်​တော့မယ်"

"မင်းမစား​တော့ဘူးလား"

"​အေး​လေ မင်းပဲငါ့ဆီကစားရတာခဲတယ်ဆို"

မွန်း ​ပြောသည်ကို ည ​ထောက်ခံလိုက်သည်..

"​အေး ငါအခုပဲသတိရလာလို့ ငါ့အ​မေက ၁၂ပြန်လာခိုင်းတယ် သူအပြင်သွားစရာရှိလို့ ​နောက်မှပဲစား​တော့မယ်​​လေ"

"ဟင်း ​အေး​အေး အဲ့ဒါဆိုလည်းတာ့တာကွာ"

"​အေး တာ့တာ"

နေသစ်လှည့်ထွက်ခဲ့လိုက်သည်..

"ရယ်စရာ​ကောင်းတယ်ဗျ..ကျွန်​တော့်ကိုယ်
ကျွန်​တော် တအားရယ်ချင်တာပဲ..မွန်းက ကျွန်​တော့်ကိုဘာလုပ်ခဲ့လို့ကျွန်​တော်ကအခု လိုချစ်​နေပြီး သူများအတွဲ​ပျော်ရွှင်​နေတာကို
တောင်မုဒိတာမပွား​ပေးနိုင်ရတာလဲ..ကျွန်​တော်ဘာမှားလို့အခုလိုဖြစ်​နေရတာလဲ..ဟင့်အင်း ကျွန်​တော့်ကိုဘာလို့အခုလိုလုပ်​နေတာလဲ အဲ့ဒီအစားကျွန်​တော့်ကိုချစ်​ပေးနိုင်မယ့် တစ်စုံတစ်​ယောက်ကိုပဲပြန်ချစ်​အောင်လုပ်​ပေးလိုက်ပါလား..အဲ့ဒါဆိုကျွန်​တော်ခံစားရ
မှာမဟုတ်ဘူး"

ဘယ်သူ့ကိုပဲအပြစ်တင်တင် တကယ့်အရင်းအမြစ်ကသူကိုယ်တိုင်ပဲမို့ ​နေသစ် ဟက်ဟက်ပက်ပက်ရယ်လိုက်သည်...

"အဲ့​လောက်​​တောင်ပဲလား ​သော်..ငါဘာဆက်လုပ်သင့်လဲ"

"မင်းထက်တို့​ရော"

"သူတို့အတွဲနဲ့သူတို့ရှိမှာ​ပေါ့"

"ဟင် ည​ဈေးကိုအတူတူသွားမှာမဟုတ်ဘူးလား"

"မင်းကိုဘယ်သူ​ပြောလဲ"

"မင်းပဲ​ပြော​တော့ မင်းထက်တို့နားမှာည​ဈေးရှိတယ်ဆို အတူတူသွားမှာမဟုတ်ဘူးလား"

"မဟုတ်ပါဘူး မင်းနဲ့​လျှောက်လည်ဖို့ရတဲ့ အခွင့်အ​ရေး​လေးကို"

"ဟင်း မင်းနဲ့ငါကအမြဲ​လျှောက်​လည်​နေတာပဲ​လေ ဘယ်​နေ့မ​တွေ့ရတာရှိလို့တုန်း"

"မ​ပြောတတ်ဘူး ငါ့အတွက်​တော့အခုလို
တွေ့​နေရတာကို​တောင်လွမ်းလို့​သေမလိုပဲ"

"မင်းက​တော့..စကားကတော်​တော်တတ်
တယ်..အဲ့လို​တော်ကီ​တွေကို ​ကောင်မ​လေး ​တွေပဲသွား​ခြွေ..ငါ​တော့မ​ကြွေဘူး"

"မင်းကအတူရှိမ​နေချင်လို့လား"

ည ​မေးလိုက်​တော့ မွန်း ည ကိုစိုက်ကြည့်
လေသည်..

"ငါ့ပုံကအဲ့လိုပုံ​ပေါက်​နေလို့လား"

"အင်း"

ဟု အသံတည်တည်နဲ့​ဖြေ​တော့

"အဲ့ဒါဆိုလည်း အဲ့လိုပဲမှတ်​ပေါ့"

"ဘာ​ပြောတယ်.....မင်းကအခု​တော့ငြီး​ငွေ့ ​နေပြီလား"

"မင်းဟာ​လေ မိန်းမကြီးကိုကျလို့...လာ သွားမယ်"

မွန်း ဆွဲ​ခေါ်​တော့ ည ​နေရာမှပင်မလှုပ်...

"က​လေးလိုလုပ်မ​နေနဲ့ ငါမင်းနဲ့အတူရှိချင်လားမရှိလားမင်းသိ​နေတာပဲကို"

"မရှိချင်ဘူးတဲ့​လေ"

"မရှိချင်ဘူးဆို ငါဘာလို့မင်းနဲ့တစ်ခန်းတည်း​ပေါင်း​နေမှာလဲ..မင်းနဲ့နီးစပ်ဖို့ကြိုးစား​နေမှာလဲ..မင်းထက်တို့နဲ့​တွေ့​တွေ့မ​တွေ့​တွေ့ ငါဘာလို့လိုက်လာ​နေမှာလဲ..ကဲ လာပါ သွားမယ်..​ဈေးအဝင်ဝလည်း​ရောက်​နေပြီ"

က​လေးဆိုးကြီးလိုလုပ်​နေ​သော ည ကို မွန်း
အတင်း​ဆွဲ​ခေါ်လိုက်သည်..ဒီလို  ည သူ့
အ​ပေါ်ရစ်တာမျိုးအကြိမ်​ပေါင်းများစွာကြုံဖူးသည်..အကြိမ်​ပေါင်းများစွာကြုံရသည့်တိုင် မွန်း သ​ဘောကျ​နေမိသည်..ညကသူ့ကို စ​နောက်ပြီးရစ်​နေမှန်းသိ​သော်လည်း ည ရစ်ပုံကသူ့အတွက်ချစ်စရာ​ကောင်းလှသည်..

"​ဟေး မွန်း"

"ဟင်"

"ဒီမှာလာကြည့် ဒါ​လေးမလှဘူးလား"

လက်​ကောက်​တို့ ဆွဲကြိုးတို့​ရောင်းတဲ့ဆိုင်တွင်ရပ်​နေ​သော ည မှ မွန်းကို​ခေါ်လိုက်​လေ သည်..​ငွေ​ရောင်ကြိုး​လေးကိုလခြမ်း၏အစွန်နှစ်ဖက်ထိပ်တွင်ချည်ထား​သောလက်​ကောက်​လေးအား မွန်း ကိုပြ​လေသည်..

"​အေး လှတယ် ဒါ​ပေမဲ့မိန်းက​လေးမဆန်ဘူးလား"

"ရပါတယ် ငါဝတ်မှာပဲကို"

"........"

"မင်းကမိန်းက​လေးဆန်တာ​တွေမကြိုက်ဘူး မလား ကိစ္စမရှိဘူး​လေ ဒီလကငါဝတ်ချင်လို့"

"ငါက​ရော ဘာဝတ်ရမှာလဲ"

"အင်း...ဟဲ ငါလည်းမသိဘူး"

"မင်းဟာက​ရွေးရခက်တယ်"

"​အေး ဟုတ်တယ်"

ည လခြမ်းလက်​ကောက်​လေးကိုဝယ်​နေစဉ်
မွန်း ​ပစ္စည်းများကို​သေချာ​ကြည့်​နေမိသည်..

"ဒါ​လေး​ရော"

မွန်း ပြတာကို ည ကြည့်လိုက်မိသည်..

"မရိုးဘူးလား ဒီအတိုင်းအမည်း​​ရောင်လက်ပတ်​လေးပဲကို"

"မရိုးပါဘူး အဲ့ဒါမင်း​လေ"

"ဟမ်"

"ငါ့ ည က​မှောင်မိုက်တယ်​လေ ငါမရှိရင်"

မွန်း ရဲ့အ​ပြောကိုကြား​တော့ ည ပြုံးလိုက်
သည်..

"ငါတို့ကလည်းကဗျာ​တွေဆန်​နေလိုက်တာ"

သူတို့နှစ်​ယောက်သားရယ်လိုက်ကြသည်..
အရင်ကဘယ်လိုပဲ​နေခဲ့ အခု​တော့အချစ်
ကြောင့်သူတို့လည်းနူးညံ့တဲ့လူသား​တွေ
ဖြစ်​နေကြပြီ​လေ..တစ်ခု ၅၀၀ သာရှိ​သော
ပစ္စည်း​လေးဖြစ်​ပေမယ့်အမှတ်တရ​ကြောင့်
ပိုပြီးတန်ဖိုးရှိ​လေသည်..

"သား​ရေ လူကြားထဲမှာမ​ပြေးနဲ့ ​ဖြည်းဖြည်းသွား"

လူကြားထဲ​ပြေးလွှား​နေ​သော က​လေး ကို
အ​မေဖြစ်သူမှလှမ်း​အော်​နေ​သော်လည်း ထိုက​လေးမှမရပ်သွား...

"အ!"

"မွန်း ရရဲ့လား"

"​နေ ငါရ အ!"

"ဟာ ဒီက​လေးက​တော့ လူကြားထဲမှာမ​ပြေး ရဘူးဆိုတာ မင်းမသိဘူးလား..မင်းကြည့်ရတာ က​လေး​သေး​သေး​လေးလည်းမဟုတ်ဘူး"

"အန်တီ​တောင်းပန်ပါတယ် သားရယ် အန်တီ​တောင်းပန်ပါတယ်"

အ​နောက်မှ​ပြေးဝင်လာ​သောမိန်းမကြီးကမွန်း တို့အား​တောင်းပန်​လေသည်..

"သား ကိုကြီးတို့ကို​တောင်းပန်လိုက်​လေ"

"​တောင်း ​တောင်းပန်ပါတယ်"

ကြောင်အမ်းအမ်းနှင့်က​လေးခမျာ ည ကို ကြည့်ကာ​ကြောက်​ကြောက်လန့်လန့်ဖြင့်
တောင်းပန်​လေသည်..

"​​ကျွတ်စ်"

ည မ​ကျေနပ်သံတစ်ချက်ပြုလိုက်​တော့ မွန်း
ည လက်ကိုဖမ်းဆွဲ​လေသည်..

"ရတယ် ငါဘာမှမဖြစ်ဘူး"

"ဘာရတာလဲ မင်းအခုထ​တောင်ထနိုင်တာမဟုတ်ဘဲနဲ့"

ည ​ပြောတာမှန်သည်..​အောက်ကလမ်းမှာ
ဖုထစ်​နေသည့်အပြင် သူလဲကျတာသည် ဒူး​ခေါင်းနှင့်မို့တအားကိုစိမ့်​ပြီးနာ​နေသည်..
သူကိုယ်တိုင်လည်း​ဒေါသထွက်မိသည့်တိုင်
ည ကပို​ကြောက်ဖို့​ကောင်း​နေသည်..

"အန်တီ ​နောက်ဆို က​လေးကို​သေချာမှာ ထားပါ..ဒီမှာကျွန်​​တော်တို့​လိုလူငယ်​တွေနဲ့ဆိုကိစ္စမရှိ​ပေမယ့် အဘိုးကြီးအဘွားကြီး​တွေနဲ့ဆိုရင်တစ်ခုခုဖြစ်သွားနိုင်တယ်..​နောက်ပြီး မင်း မင်းအသက်အရွယ်ကလူအုပ်ထဲ​လျှောက်​ပြေး​နေရမယ့်အရွယ်လား
ဒါက​ဆော့ရမယ့်​နေရာမဟုတ်ဘူး မင်းဘာသာ​ပြေး​ဆော့​ချင်​နေရင် အိမ်မှာပဲ​နေခဲ့
ကြားလား"

ည ရဲ့စကား​ကြောင့်က​လေးခမျာငိုမဲ့မဲ့ဖြစ်သွားသည်..က​လေး၏မိခင်မှာလည်းမွန်းကိုပိုအားနာလာ​လေသည်..

"ရရဲ့လား သား အန်တီ​ဆေးခန်းပို့​ပေးမယ်​"

"ရပါတယ် ကျွန်​တော်ပဲသူ့ကို​ခေါ်သွားလိုက်မယ်"

"ဒါဆို အန်တီ​ဆေးဖိုးပေးမယ်​လေ"

ည ထိုမိန်းမကြီးကိုတစ်ချက်ကြည့်လိုက်သည်..ဝတ်စားထား​သောအဝတ်အစားများအရ သိပ်ပြီး​ပြေလည်လှပုံ​တော့မ​ပေါ်..ကြည့်ရတာက​လေးကိုလိုက်ပို့ချင်၍သာ​ခေါ်
လာပုံရသည်..

"​နေပါ​စေ​တော့...ကျွန်​တော်​ပြောတာသာမှတ်ထား​ပေးပါ..ဆရာကြီးလုပ်တာလည်း
မဟုတ်ပါဘူး အန်တီ့သားကို​ကောင်း​စေချင်လို့ပါ"

"မဟုတ်တာ သားရယ် အန်တီ​တောင်းပန်ပါတယ် အန်တီသူ့ကိုအလိုလိုက်ထားမိလို့ပါ..
ဒါဆို အန်တီသွား​တော့မယ်​နော်...သား
ကိုကြီးတို့ကိုထပ်ပြီး​တောင်းပန်လိုက်ဦး"

"​တောင်းပန်ပါတယ်"

လို့​ပြောကာထိုသားအမိနှစ်​ယောက်ထွက်သွား​လေသည်..

"မင်းကလည်း​ကြောက်စရာကြီး"

"​အေး သူတို့အ​ခြေအ​နေ​ကြောင့်ငါဘာမှ
ဆက်မ​ပြောတာ မဟုတ်ရင်ဒီထက်ပို​ကြောက်စရာ​ကောင်းတယ်"

"ငါဘာမှဖြစ်တာမှမဟုတ်တာကွာ"

"ဘာမှမဖြစ်ဘူးဟုတ်လား ​ကောင်းပြီ​လေ
မင်းမတ်တပ်ရပ်ကြည့်ပါဦးလား ငါ့အကူအညီမပါဘဲ"

ည ​ပြောလိုက်​တော့ မွန်း ငြိမ်ကျသွားသည်..

"ထနိုင်တာ​တောင်မဟုတ်ဘဲဘာမှမဖြစ်ဘူး? မွန်း မင်းကတခြားသူအတွက်ဆို
တအား​တွေး​ပေးတာပဲ​နော်..ငါက​တော့မင်းအတွက်ပဲ​တွေးတယ် မင်းကိုထိခိုက်တာမျိုးကိုငါမလိုလားဘူး..မင်းကငါ့အ​တွေးကိုနားလည်​မပေးပေမယ့်လည်း...လာ တက်"

ည ဒူး​ထောက်ထိုင်ချလိုက်ကာ မွန်း ကို သူ့​ကျော​ပေါ်အားတက်​ရန်​ပြောလိုက်သည်..
တုံ့ဆိုင်း​နေခြင်းမရှိဘဲ မွန်း ​ကျော​ပေါ်
တက်လိုက်သည်..

"ငါမင်းအ​တွေးကိုနားလည်​ပါတယ်..မင်းကို
သူများ​တွေမုန်းသွားမှာကို​မကြိုက်လို့ပါ..
အဲ့ဒါကငါ့အတွက်​ကြောင့်ဆိုပိုမကြိုက်လို့"

မွန်း ကို​ကျော​ပေါ်သယ်ကာ ည ​အနီးအနားက​ဆေးခန်းကိုလိုက်​မေးလိုက်သည်..ထို့​နောက် ​ဆေးခန်းရှိရာသို့ထမ်းကာ​ခေါ်သွား​လေသည်..ပွန်းပဲ့သွား​သောဒဏ်ရာအပြင် အတွင်းပိုင်းလည်းနာ​နေတာမို့ ဆရာဝန်က ​သောက်​ဆေး​ရော လိမ်း​ဆေးပါ​ပေး​လေသည်..

"မင်းလမ်းမ​လျှောက်နိုင်​တော့ဘူးဆို​တော့
ကားပဲငှားပြန်ရ​အောင်"

"အင်း"

ကျွန်​တော်တို့ကားငှားပြန်ဖြစ်ကြသည်..
လမ်းထဲညဘက်ဆိုအပြင်ကားဝင်လို့မရသဖြင့် ကျွန်​တော်လမ်းမကြီးထိပ်တွင်ပဲရပ်ခိုင်း
လိုက်ရသည်..

"ဦး​လေး ကျွန်​တော့်မှာပိုက်ဆံတစ်​ထောင်လို​​နေတယ်"

"ဘာ"

"​တောင်းပန်ပါတယ် ဦး​လေးရာ ကျွန်​တော့်
သူငယ်ချင်းကလမ်းမှာထိခိုက်လာလို့ ​​ဆေးခန်းဝင်ပြလိုက်ရတာ ပိုက်ဆံကမကျန်​တော့ဘူး သူဒီပုံစံနဲ့လမ်း​မ​လျှောက်နိုင်လို့
ကားငှားလိုက်တာပါ..ဦး​​လေး​လျှော့​ပေးပါ​နော်"

ည မျက်နှာငယ်နဲ့​တောင်းပန်​တော့ ကားသမားဦး​လေးကြီးက​နောက်ကြည့်မှန်မှ မွန်း ကိုကြည့်​လေသည်..မွန်းရဲ့ထိခိုက်ထားပုံကို
မြင်လိုက်ရသည်မို့..

"ထား​တော့​လေ တစ်​ထောင်​လောက်ပဲလိုတာကို..မင်းတို့ကြည့်ရတာလည်းလိမ်​နေတဲ့
ပုံမဟုတ်ဘူး..ရတယ် ထားလိုက်​တော့"

"​ကျေးဇူးတင်ပါတယ် ဦး​လေးရယ်...လာ မွန်း..ဪ မင်းမှမ​လျှောက်နိုင်တာ ခဏ"

ဟုဆိုကာ မွန်း ကို​ပွေ့ချီလိုက်​လေသည်..

"ည..."

"​ကျေးဇူးတင်ပါတယ်​ဗျာ"

"ရပါတယ်"

ဟုဆိုကာ ကားသမားဦး​လေးကြီးလည်း​မောင်းထွက်သွား​လေသည်..

"ည ငါ့ကို​အောက်ချ​ပေး"

"ငါချလိုက်ရင် မင်းဘယ်လိုလမ်း​လျှောက်မှာလဲ"

"ဒါ​ပေမဲ့ မင်းငါ့ကိုသယ်သွားဖို့ဆို​ဝေးလွန်းတယ်​လေ"

"ငါချီနိုင်ပါတယ် ငြိမ်ငြိမ်​လေးလိုက်ခဲ့
အခွင့်အ​ရေးကရှားတယ်​နော်"

"......"

အိမ်​ရောက်​တော့ မွန်း ကိုကုတင်​ပေါ်တွင်ထိုင်ခိုင်းထားကာ ည ​ရေဇလုံကြီးတစ်လုံး
သယ်လာ​လေသည်...

"ဘာလုပ်မလို့လဲ ည"

"​ခြေ​ထောက်​ရေ​ဆေးရမယ်​လေ မင်းဒီအတိုင်းအိပ်​တော့မလို့လား"

"ရပါတယ်ကွ ဒါ​တော့ငါထ​ဆေးလို့ရပါတယ်"

"ငြိမ်ငြိမ်​နေစမ်းပါ"

ဟုဆိုကာ မွန်း ​ခြေ​ထောက်ကိုဆွဲယူလိုက်သည်..ထို့​နောက် ​ရေဇလုံထဲစိမ်ကာ ​သေချာ ​ဆေး​ကြောပေး​လေသည်..

"အာ အာ ည"

"ဘာလဲ"

"ယားလို့"

ခရမ်းချဉ်သီးပမာနီရဲ​နေ​သောမျက်နှာကို ​​ခေါင်းငုံ့၍ကွယ်ဝှက်လိုက်​လေသည်..

"ရှက်​နေတာလား"

"မဟုတ်ပါဘူး ဒါ​ပေမဲ့ ဒါမျိုးအထိက မင်းလုပ်ဖို့"

"ဘာဖြစ်လဲ ဒါမျိုးမလုပ်ရဘူးလို့ဘယ်သူက တားထားလို့လဲ"

"အားနာစရာကြီးကို ငါ့​ခြေ​​ထောက်ကသန့်တာလည်းမဟုတ်ဘူး"

"မင်းကလည်းကွာ ငါတို့အတွက်ဒါ​တွေက ​ပြောစရာလိုလို့လား"

ည မွန်း​ကိုမကြည့်ဘဲခြေ​ထောက်ကို​သာ
ဆေးကြောလိုက်သည်..

"မင်းကပထမဆုံးပဲ"

"ဟမ်"

ဆေး​နေရာမှ ည ​မော့ကြည့်​တော့ မွန်း
ပြုံးပြီး​ပြောလိုက်သည်..

"ငါ့မိသားစုပြီးရင် ငါ့ကိုဂရုအစိုက်ဆုံးလူ
ငါ့အတွက်ဒါမျိုး​တွေလုပ်​ပေးတဲ့လူ
ငါ့ကိုချစ်တဲ့လူ"

"​အေး မင်းသိရင်ပြီးတာပဲ"

"​ကျေးဇူး ည..ငါတကယ်​ကျေးဇူးတင်တယ်
မင်းငါ့ကိုချစ်​ပေးလို့"

"ငါ​ရောပဲ.... ဒါဆို ငါ​ရေဇလုံသွားပြန်
ထား​တော့မယ် မင်းအိပ်ချင်အိပ်လို့ရပြီ"

"အင်း"

မွန်း ကုတင်​ပေါ်လှဲလိုက်သည်..​ခြေ​ထောက်ကဆရာဝန်​ပြောပုံအရဆိုရင်တစ်ပတ် ​လောက်​တော့အနည်းဆုံးကြာနိုင်သည်..
ည ကိုတစ်ပတ်​တောင်ဒုက္ခ​ပေးရမည်မို့စိတ်
မ​ကောင်း​သော်လည်း မွန်း ​ကျေနပ်​နေမိသည်..

"မင်း​လေးက​ကောင်းကျိုးပဲကွာ"

ဒူ​ခေါင်းကိုကိုင်ကာစိတ်ထဲတွင်စကား​ပြောရင်းကြည်နူး​နေ​လေ၏..

"မင်းဘာလုပ်​နေတာလဲ ည"

စားပွဲခုံ​ကိုအခန်းတံခါးဝနားကပ်ကာတစ်
ယောက်တည်းအလုပ်ရှုပ်​နေ​သော ည ကို မွန်း ကြည့်မ​နေနိုင်ဘဲ​မေးလိုက်မိသည်..

"အိပ်မလို့​နေရာပြင်​နေတာ"

"ဘာလို့လဲ ဒီမှာမအိပ်ဘူးလား"

"ငါ မင်းနဲ့အတူအိပ်ရင်မင်းဘယ်လိုလုပ်ပြီးအဆင်ပြေမှာလဲ မ​တော်တဆမင်းကိုထိခိုက်
မိမှဖြင့်"

"ဒါ​ပေမဲ့လည်း ​အောက်မှာအိပ်ဖို့ကညနက်လာရင်အေးတယ်ဟ"

"ရပါတယ် ဒီ​​နေ့တစ်ရက်ပဲကို မနက်ကျ
ကြီး​မေတို့ဆီ အိပ်ယာခင်း​တောင်းလိုက်မှာ​ပေါ့ အခု​တော့သူတို့လည်းအိပ်ချင်​နေပြီ​လေ
သူတို့က​စောအိပ်​နေကျဆို​တော့"

"ဒါဆို ဒီ​စောင်ခင်းအိပ်"

"ဘယ်ဖြစ်မလဲ မင်းပဲညကျ​အေးတယ်ဆို
မင်း​ခြေ​ထောက်ကိုက်လိမ့်မယ် စောင်ခြုံမှ
ဖြစ်မှာ​ပေါ့"

"ဒါဆိုမင်းကအ​အေးပတ်သွားမှာ​ပေါ့"

"ငါပါကွ တစ်ရက်တည်း​နဲ့​တော့ဘာမှမဖြစ်ဘူး ပုဆိုးခင်းအိပ်မယ်​လေကွာ"

"ည"

"ငါဘာမှမဖြစ်ဘူး မွန်း မင်းအိပ်လိုက်​တော့"

မွန်း ည ကိုကြည့်ကာ သက်ပြင်းခိုးချလိုက်သည်..

"ကျွန်​​တော်သူ့ကိုဒုက္ခ​တွေ​ပေးမိ​နေပြီလား"

"အဲ့လို​​တွေမ​တွေးပါနဲ့"

"ဟင်"

ငါ​ပြောတာသူများ..

"မင်းပုံကအဲ့လို​တွေး​နေတယ်မလား ငါ့ကိုဒုက္ခ​တွေများ​ပေး​နေမိပြီလားလို့...မပူပါနဲ့
မင်းကငါချစ်တဲ့သူလည်းဟုတ်သလို ငါ့မိသားစုဆိုတာလည်းဟုတ်တယ်..ငါ့မိသားစု ထဲကတစ်​ယောက်​ယောက်အခက်​တွေ့​နေရင် ငါ​သေချာ​ပေါက်ကူညီရမှာပဲ​လေ..မင်း
စိတ်ထဲအ​နေခက်​နေတယ် အားနာ​နေတယ်ဆိုအဲ့လိုပဲ​တွေးလိုက်...တကယ်လို့ ငါသာ မင်း​နေရာမှာဆို မင်းလည်းဒီလိုပဲလုပ်မှာ
မလား"

"ဘယ်လိုယုံကြည်မှုနဲ့​မေးလိုက်တာလဲကွာ ည ရာ..မွန်းကမဟုတ်ရင်​တော့အရှက်ကွဲပြီ"

"အင်း ​​သေချာ​ပေါက် ငါလည်းမင်းလိုလုပ်မိ
မှာပဲ"

"ဒါဆို အိပ်​တော့"

ဟုဆိုကာ ည ပုဆိုးခင်းလိုက်သည်..ထို့​နောက် ​ခေါင်းအုံးကိုဆွဲယူကာ လှဲမည်ပြင် လိုက်​တော့...

"မင်းတစ်ခု​မေ့​နေတယ်"

"အာ အာ...မင်းကအခု​တော့မှတ်မိ​နေပြီ​ပေါ့.....ဟား"

မွန်း ရဲ့ နဖူး​ပေါ်အနမ်း​လေး​ခြွေလိုက်သည်..

"အိပ်​တော့​နော်"

မွန်း ပါးချိုင့်များ​ပေါ်​အောင်ပင်ပြုံးလိုက်သည်..

"ည အိပ်သွားပြီလား"

"မအိပ်​သေးဘူး မင်းလည်းမအိပ်​သေးဘူးလား"

"အင်း မျက်လုံး​ကြောင်​နေတာလား..မင်း
ဘေးမှာရှိမ​နေလို့လားမသိဘူး"

မွန်း​ပြောလိုက်​​တော့ ကျော​ပေးထား​သော ည မှ မွန်း ဘက်လှည့်လာကာကုတင်​ပေါ်ရှိ မွန်း အားလှမ်းကြည့်​လေသည်..ထို့​နောက်

"အဲ့ဒါဆို ဒီလိုအိပ်"

မွန်း လည်း ည ကိုကြည့်လိုက်သည်..

"ငါ​တွေး​နေတာ ငါတို့ဘွဲ့ယူဖို့ကသိပ်မလို​တော့ဘူး​...ငါတို့ဘွဲ့ယူပြီးသွားရင်
ဘယ်လိုလုပ်ကြမလဲ"

"မင်း ဒီမှာမ​နေ​တော့ဘူးလား"

"ငါ? ငါဒီမှာ​နေချင်တာ​ပေါ့"

"ဒါဆိုဘာ​တွေး​နေမှာလဲ မင်းနဲ့ငါအတူတူ
နေမယ် အလုပ်အတူရှာကြမယ် လိုအပ်တဲ့ သင်တန်း​တွေအတူတက်မယ် အချိန်​တွေကြာလာတဲ့အခါ အိမ်ကိုဖွင့်​ပြောကြမယ်​လေ"

"ထင်သ​လောက်လွယ်ကူပါ့မလား ည...
တကယ်လို့ငါပြန်သွားရင်​ရော"

"အချိန်အတိုင်းအတာတစ်ခုအထိ​​စောင့်ရမှာ​ပေါ့..ပြီးရင်ငါမင်းဆီကိုလိုက်ခဲ့မယ်"

တစ်​ယောက်နဲ့တစ်​ယောက်အကြည့်ချင်း
ဆုံသွားကြသည်..​.အချိန်​တွေကြာလာရင်
ငါတို့ဘယ်လိုဖြစ်သွားမှာလဲကွာ..

"ည ငါတို့တကယ်တွဲလိုက်ရတာ၂လ​လောက်ပဲရှိမှာနော်"

"ဒါ​ပေမဲ့ ငါတို့ချစ်ခဲ့ကြတာကြာပြီ​လေ"

"အင်း ငါတို့မှာအမှတ်တရ​တွေ​တော့အများ ကြီးရှိတယ်..မင်းနဲ့မတွဲခင်က​ရော တွဲပြီး​တော့​ရော"

"ဟုတ်တယ်..အမှတ်တရ​တွေကိုသိမ်းထား
ပြီး မင်းကိုလည်းသိမ်းထားမယ်..အပြင်မှာ
ဘာ​တွေဖြစ်ဖြစ်"

"ဟီး...ငါအိပ်​တော့မယ် မင်းငါ့ကိုသီချင်းဆိုပြ"

"ဟမ်...​ကောင်းပြီ​လေ မင်းဘာနား​ထောင်
ချင်လဲ"

"မင်းကြိုက်တာဆို"

"အင်း အို​ခေ ၁..၂..၃

တန်ဖိုးထားရမယ့်အချစ်တစ်ခုကိုငါ​တွေ့ချိန် ဘယ်နည်းနဲ့ဖြစ်ဖြစ်မင်းအနားကငါမ​ဝေးချင် တို့နှစ်​ယောက်ရဲ့​​နေ့တွေ တို့နှစ်​ယောက်​ရဲ့အ​တွေး​တွေ တစ်ချိန်ချိန်ဆိုတာမှာအနီးစပ်ဆုံးbabe ဟိုးတုန်းကနမ်းရှိုက်ခဲ့တဲ့ မင်းနှုတ်ခမ်းပါး​လေးလွမ်း​နေ မိုးတို့လင်းတိုင်း ဖုန်းဆက်နှိုး​မယ့် မင်းရဲ့ဖုန်း​လေးလွမ်း​​​နေ
ငါ​ပေးခဲ့အနမ်း​တွေ နင့်ပါး​လေးတစ်ဝိုက်အနှံ့​လေ ဘယ်လိုဖြတ်သန်းမလဲ တို့နှစ်​ယောက်ရဲ့အပတ်စဉ်​တွေ့တဲ့monday အချိန်များလည်း​ပြောင်းသွားခဲ့​ပေါ့​ ဆောင်း​ နွေ မိုး
နေ့တိုင်းပဲမင်းရဲ့စကား​လေးများလည်း​အောက်​မေ့လို့ ​ရောက်ဖို့သိပ်မလိုနှစ်ပတ်လည် valentineကို ပြန်လာနိုင်မလား ငါလေစောင့်​နေလို့...နင်​မေ့လို့ရမလား
ငါ​တော့​မေ့လို့မရပါ အတူဖြတ်သန်းခဲ့ကြတဲ့နှစ်ပတ်လည်​နေ့များ ဟိုးအ​ဝေးကြီးမှာ နင်သတိရတဲ့အခါ ဆင်တူလက်စွပ်​လေးကိုနမ်းလို့​ဖြေသိမ့်ပါ

အိပ်သွားပြီလား မွန်း"

နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်​နေ​​သော ​ကောင်​လေးကို ည ​ငေးကြည့်​နေခဲ့သည်..

"မင်းကတကယ်ကိုအ​တွေး​တွေများတာပဲ
ငါတို့​ဝေးသွားဖို့ဆိုတာထက် ငါတို့အတူရှိ​နေ
လို့မရဘူးလား? ငါထင်တယ် ငါတို့နှစ်​ယောက်ကိုကံတရားကအဲ့​လောက်​တော့ မရက်စက်​လောက်ပါဘူး မင်း​တွေး​နေတာ​တွေထက် ငါတို့အတူရှိ​နေနိုင်မှာပါ..တကယ်​တော့ အဲ့လို​ဝေးရမယ်ဆို ငါလည်းခံနိုင်ရည်မရှိဘူး မွန်း"

_____________________________
#W

စာရှည်တယ်​နော်😁readers​တွေထဲမှာစာ​မေးပွဲရှိ​နေတဲ့သူ​တွေပါတယ်မလား..စာကြိုးစားကြ​နော်..စာ​မေးပွဲလည်း​ဖြေနိုင်ပါ​စေကွာ..Wတို့စာ​မေးပွဲပြီးမှပြန်ဆုံကြမယ်  ဘယ်လိုလဲ..စာ​မေးပွဲပြီးသွားရင်​တော့ update​တွေကမှန်ရုံတင်မဟုတ် ၂ရက်ခြားတစ်ခါ​တောင်ဖြစ်နိုင်တယ်​နော့😆..စာ​မေးပွဲ​ဖြေမယ့်သူများအတွက် 5tin!!!

Continue Reading

You'll Also Like

294K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.5M 221K 72
Mini Story Boy Love , Uni Life style
78.1K 3.2K 25
ဒီ ficလေးကကျွန်တော်ပထမဆုံးရေးတဲ့ficလေးပါ။ ခုမှစရေးတာမို့အခြားauthorတေလောက်မကောင်းပေမယ့်အားပေးပါအုံးနော်။
3.5K 204 16
ချယ်ရီတွေလည်းကြွေခဲ့သလို ကျွန်တော်တို့တွေလည်းဝေးခဲ့ကြတယ် အစ်ကို . . . . .။ Start Date - 15.12.2022 End Date - ? ? ? ? ? ချယ်ရီတွေလည်းကြွေခဲ့သလို...