Reward[Him From Final Year]

By Aelennar

1.1M 90.8K 10.7K

တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side

Chapter-8

17.7K 1.6K 66
By Aelennar

ညေနခင္းအခ်ိန္ ေလေျပေတြနဲ႕က်ံဳးေဘးက
ေအးခ်မ္းေနေပမဲ႕ ကန္ေရျပင္ကိုေငးျကည့္
ေနရင္း စိတ္အစဥ္က အတည္တက်
မရွိ။ဒီေန႕ေတာ့ခ်ိန္းထားတဲ႕ အခ်ိန္ထက္ေစာ
ျပီးကိုယ္တိုင္ကားေမာင္းထြက္လာကာ
စစ္ေျကာင္းကို အရင္ထိုင္ေစာင့္ေနျဖစ္သည္။

က်ံဳးေဘးကထိုင္ခံုတန္းမွာ နန္းေတာ္ျမိဳ႕ရိုးကို
ျကည့္ျပီးထိုင္ေနရတာညေနေစာင္းအခ်ိန္မို႕
ေအးေအးခ်မ္းခ်မ္းရွိေနေပမဲ႕  စိတ္ကိုေသခ်ာ
ဆံုးျဖတ္ျပီးလာခဲ႕ေပမဲ႕ တစ္ကယ္တမ္းေတာ့
မျပတ္သားတဲ႕စိတ္နဲ႕တစ္ေယာက္ထဲလြန္ဆြဲ
ေနဆဲ။နွလံုးသားနဲ႕ဦးေနွာက္လို႕ဆိုရေအာင္
လည္း ဒီလူကိုမူယာ ခ်စ္ေနပါျပီဆိုတာကိုယ္
ကိုတိုင္ေဝခြဲမရျဖစ္ေနဆဲပါ။နန္းမူယာဆိုတာ
ဘယ္တုန္းကမွ တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္
စိတ္ကမျပတ္မသားမျဖစ္ဘူးခဲ႕ ကိုယ့္ကိုတိုင္
လည္းစိတ္ဓာတ္ျကံ႕ခိုင္တဲ႕မိန္းကေလးတစ္
ေယာက္ျဖစ္ေအာင္ပဲ ေနခဲ႕သည္။

အေနာက္ျပန္လွည့္ျကည့္ရင္ ဘယ္ေတာ့မွ
ေနာင္တမရွိေစရဘူး။

ျငိမ္သက္ကာသာ အေတာ္ျကာထိုင္ေနဆဲ
ျဖစ္ျပီး ရင္းနွီးလြန္းမက ရင္းနွီးလြန္းေနသည့္
ကားသံကိုျကားလိုက္ရတဲ႕ အခ်ိန္ရင္ထဲ
မေကာင္းေတာ့ပဲဆို႕နင့္လာသလိုျဖစ္လာကာ
လွည့္မျကည့္ျဖစ္။အနားမွာ ကားရပ္သံ
ျကားလိုက္ရျပီး သိပ္မျကာခင္ေဘးနားကို
ေလ်ွာက္လာတဲ႕သူက မူယာထိုင္ေနတဲ႕
ထိုင္ခံုအစြန္းမွာ ခပ္ခြာခြာပဲ ဝင္ထိုင္လိုက္ျပီး
သူက မူယာ့ကိုျကည့္မေနခဲ႕ပါ။

ရက္ေတာ္ေတာ္မ်ားမ်ား မေတြ႕ရတာျကာ
သည့္ ခ်စ္သူနွစ္ေယာက္ျပန္ေတြ႕သည့္ပံုစံ
က ျပင္ဆင္လို႕မရေအာင္ ေအးစက္လြန္းေန
သည္။

"စစ္ေျကာင္း နင္ငါ့ကိုဘာမွေျပာစရာစကား
မရွိဘူးလား"

"မင္းေျပာတာနားေထာင္ေပးဖို႕ ကိုယ္
လာခဲဲ႕တာ"

ေအာက္နႈတ္ခမ္းကိုဖိကိုက္ကာ တစ္ခ်က္
ရယ္လိုက္မိတဲ႕အခ်ိန္ မ်က္လံုးထဲကထိန္းမ
ရေတာ့တဲ႕ မ်က္ရည္ျကည္ေတြဝဲလာတာ
မူယာနဲ႕ေတာင္မတူ။မ်က္ရည္ေတြမက်လာ
ခင္ လက္ေတြနဲ႕အျမန္ဖိသုတ္လိုက္ျပီး
ကန္ေရျပင္ကိုပဲေငးျကည့္ေနတဲ႕
သူ႕ကိုမ်က္နွာခ်င္းဆိုင္လိုက္ျပီး။

"စစ္ေျကာင္း ငါတို႕လမ္းခြဲျကရေအာင္"

ျကားလိုက္ရတဲ႕စကားကို အံ႕ျသဟန္မျပဳ
နည္းနည္းေလးေတာင္ မ်က္နွာမပ်က္သြား။

"ဘယ္ကေကာင္လဲ"

"နင္ နင္ဘယ္လိုသိလဲ"

"မင္းသူငယ္ခ်င္းေတြနဲ႕ ကိုယ့္သူငယ္ခ်င္း
ေတြက မသိတာမွမဟုတ္ပဲ"

မူယာ့ဘက္ကို လွည့္လာျပီး ေျပာေနသည့္
ပံုကနည္းနည္းေလးမွ နာက်င္ဟန္မျပေတာ့
မ်က္ရည္ဝဲေနသည့္ မူယာကပဲကိုယ့္ကိုကိုယ္
မာနျပန္ဆယ္ရင္း အျပံဳးတစ္ခုလုပ္ယူရသည္။
စိတ္ထဲမွာ မခံခ်င္သလိုျဖစ္ေနမႈက။

"ဘယ္သူမွန္းေတာ့ နင္မသိေသးဘူးမလား
ဒါမွမဟုတ္ အေရးမပါလို႕ မစံုစမ္းတာပဲျဖစ္
မွာပါ နင္သိခ်င္ရင္အလြယ္ေလးေလ။နင္မသိ
ခ်င္လဲ အခုငါေျပာျပမယ္ သူကမန္းေလး
ေဆးတကၠသိုလ္က ေဆးေက်ာင္းသား
ဆရာဝန္ျဖစ္မဲ႕သူ။ငါ့မိဘေတြကသေဘာတူ
တယ္ဆိုတာထက္ငါကိုယ္တိုင္ သေဘာက်
လို႕ပဲ"

"ဘာလဲ ေဆးေက်ာင္းသားမို႕လို႕လား"

တည္တည္ျငိမ္ျငိမ္ေျပာေနသည့္ အသံက
မူယာ့ကိုေလွာင္ခ်င္တာမဟုတ္ ခင္မင္ရင္းနွီး
သည့္သူတစ္ေယာက္ကို ေအးေဆးစြာပဲ
ေျပာေနသည္နွင့္တူေနသည္။ဒီေလာက္ထိ
တည္ျငိမ္ေအးေဆးေနတယ္တဲ႕လား။

အင္းေလ မင္းစစ္ေျကာင္းက မိန္းကေလး
တစ္ေယာက္ကို နစ္နာေအာင္ေျပာမဲ႕သူမွ
မဟုတ္ပဲ။

"နင္ ငါ့ကိုမတားေတာ့ဘူးလား"

"မင္းဆံုးျဖတ္ထားျပီးျပီဆိုရင္ ကိုယ္တား
လည္း ဘယ္အသံုးဝင္ေတာ႔မွာလဲ"

"ငါ့ဘက္ကလမ္းခြဲမယ္ဆိုတာနဲ႕ နင္ဒီလိုပဲ
ငါ့ကို လက္လႊတ္ေပး လိုက္ေတာ့မွာလား
ငါ့ကိုနည္းနည္းေလးေတာင္ မဆြဲထားေတာ့
ဘူးလား။စစ္ေျကာင္း ငါကနင့္အတြက္
ဘာလဲ"

"အဲ႕ဒီအတြက္ ကိုယ့္မွာအေျဖမရွိဘူး။
ကိုယ္တို႕တြဲခဲ႕တဲ႕တစ္ေလ်ွာက္လံုး ကိုယ္မင္း
အေပၚ သံေယာဇဥ္ဘယ္ေလာက္ရွိခဲ႕လဲ
ဆိုတာ မူယာ မင္းအသိဆံုးျဖစ္မွာပါ"

သူျကည့္လာတဲ႕ အဲ႕ဒီအရာအားလံုးကို
နားလည္ေပးထားသလို အျကည့္ေတြထဲ
မူယာကိုယ့္ကိုကိုယ္ လိပ္ျပာမလံုစြာေနရ
ခက္လာမႈက။

"ဟုတ္ပါတယ္ ငါတို႕စတြဲခဲ႕တဲ႕အခ်ိန္ကေန
စျပီး နင္ငါ့အေပၚဘာအမွားမွမရွိဘူး။ငါ့ကို
နားလည္မႈအျပည့္ေပးျပီး မိန္းကေလးမို႕လို႕
နင္အျမဲအေလ်ာ့ေပးခဲ႕တယ္။ငါ့ကိုခ်ဳပ္ခ်ယ္မႈ
မရွိ လြတ္လပ္ခြင့္အျပည့္ေပးထားတယ္။
ဒါေပမဲ႕နင္သိလား ငါအျမဲျကားခ်င္ခဲ႕တာ
နင္ ငါ့ကိုခ်စ္တယ္လို႕ဘယ္တုန္းကမွမေျပာ
ခဲ႕ဖူးဘူး။နင္ငါ့ကိုသံေယာဇဥ္ရွိသလို ငါလည္း
နင့္အေပၚတစ္ခါမွ သစၥာမေဖာက္ခဲ႕ဖူးဘူး
ဆိုတာနင္သိပါတယ္။ငါ့ကိုအဲ႕လိုမျကည့္ပါနဲ႕"

စိတ္ထဲမေနနိုင္စြာ ေအာ္ဟစ္ျခင္းရဲ႕အဆံုး
သတ္မွာ က်ဆင္းလာခ်င္ေနတဲ႕ မ်က္ရည္
ေတြကိုထိန္းေနရတာမလြယ္ကူ။

သူက ေျပာသမ်ွတိတ္တဆိတ္နားေထာင္
ေပးေနျပီး ေနာက္ဆံုးစကားရဲ႕အဆံုးသတ္မွာ
မ်က္နွာတည္သြားကာ ကန္ေရျပင္ကို
အျကည့္လႊဲသြားသည္။

"သစၥာဆိုတဲ႕စကားကို လြယ္လြယ္
မေျပာနဲ႕။ကိုယ္တို႕နွစ္ေယာက္အတြက္အဲ႕ဒီ
စကားလံုးက မတန္ဘူး"

အမုန္းစကား နည္းနည္းေလးမွမပါ။မူယာ့
တစ္ေယာက္ထဲကို သူအျပစ္မေျပာသည့္တိုင္
သူေျပာသလိုပဲ ကိုယ့္အေျကာင္းကိုယ္သာ
သိျပီး ရွက္သည့္စိတ္ျဖစ္လာသည္။

"ငါ့ကိုအခုတား"

မ်က္ရည္ေတြဝဲေနသည္ကို ထိန္းမထားနိုင္
ေတာ့ပဲသူ႕ကိုေျပာသည့္တိုင္ မ်က္နွာခ်င္း
မဆိုင္လာ။

"နင္ငါ့ကိုအခုတားရင္ ငါ့မိဘေတြကိုလြန္ဆန္
ျပီး နင့္ဆီျပန္လာခဲ႕မယ္"

"ကိုယ္ဆြဲထားလို႕ေရာ မင္းကကိုယ့္ဆီမွာ
ေပ်ာ္မွာလား"

"အဲ႕တာအေျကာင္းျပခ်က္ေတြ နင္တစ္ကယ္
ပဲငါ့ကိုဆြဲထားဖို႕ နင့္မွာနည္းနည္းေလးမွ
စိတ္ကူးမရွိဘူးမလား။ငါကနင့္အတြက္ မရွိ
မျဖစ္သာဆိုရင္ နင္ငါ့ကိုလြယ္လြယ္နဲ႕လမ္း
မခြဲေပးပဲ ဆြဲထားမွာပဲ"

ထင္ထားတာနဲ႕ ျခားနားစြာ လမ္းခြဲျခင္းကို
အဆင္သင့္ျဖစ္ေနသည့္သူ႕ပံုစံက စိတ္ထဲ
မခံမရပ္နိုင္ပဲဘာကိုေဒါသထြက္ေနမွန္းမသိ
ျဖစ္ေစသည္။အနိုင္လိုခ်င္တဲ႕ မိန္းကေလး
သဘာဝမို႕ပဲ သူမူယာ့ကိုမျပတ္ေပးပဲဆြဲထား
မွာကို ေတာင္းပန္မွာကိုလိုခ်င္ေနတာလား။

"ကိုယ့္ထက္သာတဲ႕ေကာင္ဆီ သြားခ်င္ေန
တယ္ဆိုရင္လည္း မင္းဘဝေပ်ာ္ရႊင္ဖို႕ကိုယ္
ဆုေတာင္းေပးတယ္။အဲ႕တာမင္းအတြက္
စိတ္ရင္းနဲ႕ ဆုေတာင္းေပးတဲ႕ ကိုယ့္ရဲ႕
ေနာက္ဆံုးသံေယာဇဥ္ပဲ။မူယာ မင္းကိုအမုန္း
ေတြနဲ႕ ကိုယ္လမ္းမခြဲခ်င္ဘူး"

စကားအကုန္ေျပာျပီး ျပန္ဖို႕အဆင့္သင့္ျဖစ္
ေနတဲ႕သူ႕ပံုစံ ကိုေနာက္ဆံုးျကည့္ျပီးပ်က္
ယြင္းေနသည့္ မ်က္နွာကိုျပင္ကာ မ်က္ရည္
ျကည္ေတြကိုသုတ္ဖယ္ျပီး နႈတ္ခမ္းထက္
အျပံဳးတစ္ခုဆင္မိသည္။ဒီထပ္ပိုျပီး ေျပာစရာ
စကားလံုးေတြ မလိုအပ္ေတာ့ဘူးထင္ပါတယ္။

"ငါေတာင္းပန္ပါတယ္ စစ္ေျကာင္း"

"မလိုပါဘူး ကိုယ္အဆင္ေျပမွာပါ။မင္းအရင္
သြားမလား ကိုယ္အရင္သြားရမလား"

"ငါဆက္ထိုင္ခ်င္ေနေသးတယ္"

ခ်က္ခ်င္းထရပ္လိုက္တဲ႕ သူကမူယာကို
ေနာက္ဆံုးအေနနဲ႕ေတာင္ နႈတ္ဆက္ဖို႕
တစ္ခ်က္ေလးလွည့္မျကည့္။

"အဲ႕တာဆိုရင္လည္း တစ္ေယာက္တည္း
သိပ္ျကာျကာေတာ့မေနနဲ႕ ကိုယ္အရင္သြားျပီ"

လွည့္ထြက္သြားတဲ႕ သူ႕ေက်ာျပင္က ဒီလူကို
အျပီအပိုင္ဆံုးရႈံးလိုက္ရျပီဆိုတဲ႕စိတ္ဝင္လာ
ေတာ့ ကိုယ့္ကိုကိုယ္မွန္လားမွားလား ေဝခြဲ၍
မရ။တစ္ျဖည္းျဖည္းေဝးကြာ သြားတဲ႕
ကားသံကိုနားေထာင္ရင္း ထင္ထားသလိုမ်ိဳး
ရင္ထဲမွာ မေပါ့ပါးေန။

စစ္ေျကာင္း နင္ဟန္ေဆာင္ေနတာ ငါသိပါ
တယ္။နင္တစ္ကယ္ပဲ ဘာမွမျဖစ္ဘူးဆိုရင္
ငါတို႕နွစ္ေယာက္ တြဲခဲ႕တဲ႕သက္တမ္းက
ေလွာင္ရယ္စရာျဖစ္သြားလိမ့္မယ္။
ေယာက်ာ္းမာနနဲ႕ နင္ငါ့ကိုနည္းနည္းေလး
ေတာင္မွမဆြဲထားဘူးေနာ္။ငါ အနည္းဆံုး
ေတာ့ နင့္ဆီကေန မျပတ္ေပးဘူးဆိုတဲ႕
စကားကိုေမ်ွာ္လင့္ခဲ႕ေသးတယ္။

မာနခ်င္းျပိဳင္မွေတာ့ အခ်စ္မရွိခဲ႕တဲ႕ငါ့တို႕
ပတ္သက္မႈက အဆံုးသတ္ေပါ့ဟာ။
နင္ေျပာသလိုပဲ ငါတို႕နွစ္ေယာက္ျကားက
သံေယာဇဥ္ကေတာ့လြယ္လြယ္ကူကူ
မဟုတ္လို႕ ျဖစ္နိုင္မယ္ဆိုရင္ ငါ့ကိုမမုန္း
လိုက္ပါနဲ႕။

............................................................................................................................................................………………

ကန္တင္းထဲဝင္ဝင္ခ်င္းလူေတြ နည္းနည္း
မ်ားေနသည္မို႕ သံုးေယာက္သား စားပြဲေနရာ
ရေအာင္မနဲထိုင္လိုက္ရသည္။အတန္းနွစ္ခ်ိန္
ဆက္ျပီးတာနဲ႕ ကန္တင္းသြားဖို႕မလိုက္ေတာ့
ဘူးဆိုတာကို ဒီနွစ္ေယာက္ကအတင္းဆြဲ
ေခၚလာတာ။အတန္းအျပင္မထြက္ရတာလည္း
ျကာေနျပီမို႕လို႕ ေက်ာင္းဝင္းထဲေအးေအးခ်မ္း
ခ်မ္းေလ်ွာက္သြားရတာ စိတ္နွလံုးေပါ့ပါးေန
သည္။

ေနရာရတာနဲ႕တစ္ျပိဳင္နက္ ေမမီတစ္ေယာက္
မီနူးေကာက္ကိုင္ေနျပီ။အစားဆိုရင္ေတာ့
က်ြန္ေတာ္တို႕က တိုင္ပင္စရာမလိုဘူး။

"ဒီေန႕ ဘာစားရင္ေကာင္းမလဲ။အင္
ရွမ္းေခါက္ဆြဲပဲ စားေတာ့မယ္။နင္တို႕ေရာ"

"ငါက သီးစံုထမင္းေျကာ္"

"ဆုလာဘ္နင္ေရာ"

"လက္ဖက္ထမင္း ျကက္ဥမယူဘူး"

"ဘယ္ေလာက္မွ ကြာတာလည္းမဟုတ္ဘူး
ဆုလာဘ္ရယ္ ျကက္ဥေလးေတာ့ထည့္လိုက္
ပါဟာ ငါတို႕ကိုျမိဳမက်ေအာင္မလုပ္နဲ႕"

စိတ္ဆင္းရဲေနတဲ႕ အသံနဲ႕ေျပာေနတဲ႕ေမမီကို
ျပိဳင္မျငင္းခ်င္ေတာ့ပဲေခါင္းညိတ္လိုက္ေတာ့
ေဘးကေန မွာတာေတြလိုက္မွတ္ေနတဲ႕
အေဒၚျကီးက က်ြန္ေတာ့္ကိုျကည့္ျပီးရယ္သြား
သည္။ေမမီမ သေဘာက်ျပီး ေျပာင္ေနတာကို
စိတ္ပ်က္ပ်က္နဲ႕ ဘာမွမေျပာေတာ့ပဲ ရည္မြန္
ကိုျကည့္လိုက္ေတာ့ ဖုန္းကိုမ်က္နွာကမခြာပဲ
စာေတြပို႕ေနျပန္သည္။ကိုဝဏၰနဲ႕စကားေျပာ
ေနတာျဖစ္မွာေပါ့။က်ြန္ေတာ္နဲ႕ေမမီ လည္း
နားလည္ေပးကာ ေနာက္ပိုင္းဘာမွမေျပာျဖစ္
ေတာ့။ရည္မြန္ေျပာျပထားသလိုပဲ အဲ႕ဒီကိုဝဏၰ
က ရည္မြန္႕ကိုအေလးထားျပီးလိုက္ေနသည္
ဆိုတာ ေဘးကေနက်ြန္ေတာ္တို႕ေတြျမင္ခဲ႕
ရတယ္။တစ္ကယ္ခ်စ္သူေတြ ျဖစ္သြားျကရင္
လည္း ဘာမွေျပာစရာမရွိေတာ့ပါဘူး ဘယ္
ေလာက္ပဲ ရင္းနွီးတဲ႕သူငယ္ခ်င္းေတြျဖစ္ျဖစ္
ဝင္မပါသင့္ေတာ့ဘူးေလ။ဒီေလာက္အခ်ိန္တို
ေလးအတြင္းမွာ သူတို႕ခ်င္းတစ္ေယာက္ကို
တစ္ေယာက္အဲ႕ေလာက္ထိ ရင္းနွီးသြားျက
မယ္ဆိုတာ က်ြန္ေတာ္ေရာေမမီပါမထင္ခဲ႕
မိတာေတာ့ အမွန္ပင္။ရည္မြန္အိမ္က သိသြား
မွာတစ္ခုကိုပဲအခု က်ြန္ေတာ္တို႕စိတ္ပူေန
ရေတာ့သည္။

"ဟဲ႕ ခ်မ္းေျမ႕ ငါတို႕ဒီမွာ"

မွာထားတာေတြ လာခ်ေပးမွာကိုသံုးေယာက္
သားေစာင့္ေနျကတုန္း ခ်မ္းေျမ႕ကေမမီဆီကို
ဖုန္းဆက္လာျပီး ထိုင္ေနသည့္ကန္တင္းကို
ေမးကာမျကာခင္ပင္ေရာက္လာသည္။ခ်မ္းေျမ႕
ပံုစံျကည့္ရတာ ေျပးလာလို႕ေမာေနတဲ႕ပံုစံနဲ႕
က်ြန္ေတာ္တို႕ဝိုင္းမွာ ခံုတစ္ခံုဆြဲျပီးဝင္ထိုင္
လိုက္သည္။

"ဆုလာဘ္ ငါ့ကိုေရနည္းနည္းတိုက္စမ္းပါ။
ငါ ေမာလို႕ေသေတာ့မယ္"

"အင္း ေသာက္ေလ"

က်ြန္ေတာ္ေသာက္မယ္ဆိုျပီး ထည့္ထားသည့္
ေရခြက္ကို ခ်မ္းေျမ႕ကေတာင္းေတာ့ေပး
ေသာက္လိုက္သည္။တစ္ဆက္ထဲမွာထားတာ
ေတြလာခ်ေပးေတာ့ က်ြန္ေတာ့္မ်က္လံူးေတြ
အေရာင္လက္သြားျပီး ဇြန္းနဲ႕ခရင္းေကာက္
ကိုင္ရင္း က်ြန္ေတာ့္လက္ဖက္ထမင္းပန္းကန္
ကိုသာ အျကည့္မခြာတမ္းျဖစ္ေနရသည္။

"နင္တို႕က မွာျပီးျကျပီလား"

"ေအး မသိဘူးေလဟယ္ နင္ကမနက္ပိုင္း
မလာေတာ့အတန္းမတက္ေတာ့ဘူးထင္
ေနတာ"

"အေဒၚ ဒီမွာက်ြန္ေတာ့္ကိုထမင္းေပါင္းတစ္ပြဲ။
နင္တို႕ဆီက ငါ့နည္းနည္းအရင္ေက်ြးျကေနာ္
ဗိုက္ေတာ္ေတာ္ဆာေနပီ"

"အင္း စားေလဟဲ႕ ေျပာစရာလား။ျပီးရင္နင့္
ထမင္းေပါင္းလဲျပန္ေက်ြး"

ခ်မ္းေျမ႕က က်ြန္ေတာ္တို႕သံုးေယာက္ဆီ
ကေန ဇြန္းကိုင္ကာတစ္လွည့္ဆီယူစားေနျပီး
က်ြန္ေတာ္လည္း ဗိုက္ဆာေနျပီမို႕ ေခါင္းမ
ေဖာ္တမ္းငံု႕စားေနလိုက္သည္။

"ခ်မ္းေျမ႕ နင္ဒီေန႕ဘာလို႕အဲ႕ေလာက္
ေတာင္ေနာက္က်ေနတာလဲ"

"မေျပာနဲ႕ ေက်ာင္းလာဖို႕အိမ္မွာငါ့ကိုလိုက္ပို႕
မဲ႕သူမရွိလို႕ တက္စီငွားပီးလာရတယ္။ဒါနဲ႕
ဒီေန႕ ငါ့မွာနင္တို႕ကိုေျပာျပဖို႕သတင္းထူး
အရမ္းအရမ္း အေရးျကီးတဲ႕သတင္းထူး
ရွိတယ္"

"ဟဲ႕ ဘာလဲ ဘာလဲ။အရမ္းေတြသိခ်င္ေနပီ"

က်ြန္ေတာ္က သူတို႕ေျပာေနတာကို
ဂရုမစိုက္နိုင္ငံု႕စားေနတုန္း ေမမီတစ္ေယာက္
စားလက္စပင္ရပ္ျပီး ခ်မ္းေျမ႕ကိုသိခ်င္လြန္း
ေနသည့္မ်က္နွာေပးနွင့္။ေျပာခ်င္လြန္းအား
ျကီးေနသည့္ခ်မ္းေျမ႕ကလည္း လည္ေခ်ာင္း
ရွင္းဖို႕ေရေတြဘာေတြေတာင္ ေသာက္ျပီး
တစ္ျခားသူေတြကို မျကားေစခ်င္တဲ႕ပံုစံနဲ႕
လက္ကာျပီး ေခါင္းက စားပြဲအလယ္ကိုတိုး
လာသည္။

"ကိုမင္းစစ္ေျကာင္းနဲ႕ အစ္မနန္းမူယာတို႕
ျပတ္သြားျကပီတဲ႕"

"ဟင္"

'ဟယ္ ဘယ္လို"

ေမမီနဲ႕ရည္မြန္ရဲ႕အံ႕ျသသံနဲ႕အတူ က်ြန္ေတာ့္
လက္ထဲက ဇြန္းကလည္းရပ္တန္႕သြားရ
သည္။ခ်မ္းေျမ႕ကို ေခါင္းေမာ့ကာျပန္ျကည့္
ျကည့္မိေတာ့လည္း ေနာက္ေနသည့္ပံုစံနွင့္
မတူ။

"ဟဲ႕ ဟုတ္လို႕လား သူတို႕တြဲလာတာနွစ္ျကာ
ေနပီမလား။ရုတ္တရက္ျကီး ဘာလို႕ပ်က္သြား
တာလဲ ဟုတ္ေရာဟုတ္ရဲ႕လား ငါေတာ့ဘာ
သတင္းမွမျကားမိပါဘူး နင့္အစ္ကိုေျပာျပ
တာလား"

"ဘယ္ကသာ ငါ့အစ္ကိုလားေျပာျပမွာ။ငါက
အဲ႕အစ္မ သူငယ္ခ်င္းေတြနဲ႕ခင္တဲ႕သူဆီက
ခိုင္လံုတဲ႕ရပ္ကြက္ကေန သတင္းရထားတာ။
ေသခ်ာပါတယ္ဆိုေနမွ ေက်ာင္းမွာဘယ္သူ
မွေတာ့ သိပ္မသိျကေသးဘူး"

"ဟမ္ တစ္ကယ္ျကီးလား ဘယ္လိုျဖစ္သြား
ျကတာလဲ သူတို႕နွစ္ေယာက္ကအဘက္
ဘက္ကလိုက္ဖက္ေနလို႕ အကုန္လံုးက
အားက်ေနတာ။ကိုမင္းစစ္ေျကာင္းကလည္း
ရည္းစားမ်ားခဲ႕တယ္လို႕သာ သတင္းထြက္
ထားတာ ဒီအစ္မျကီးကိုေတာ့နွစ္ေတြျကာျပီး
အတည္တြဲတဲ႕ပံုပဲ။နွစ္ေယာက္က ေနနဲ႕လ
ေရႊနဲဲ႕ျမလိုလိုက္လို႕ငါေတာင္ သေဘာက်ေန
ေသးတယ္"

သူနဲ႕လည္းမဆိုင္ပဲ စိတ္ညစ္သြားသလိုေျပာ
ေနျပီး သက္ျပင္းေတြဘာေတြေတာင္
ခ်ေနတဲ႕ေမမီနဲ႕အတူ ခ်မ္းေျမ့ကအေျပာမရပ္
ေသးပဲ တိုးတိုးဆိုတဲ႕သေဘာနဲ႕ က်ြန္ေတာ္
တို႕ကိုစားပြဲအလယ္မွာ ေခါင္းခ်င္းဆိုင္ရ
ေအာင္ဆိုတဲ႕ သေဘာနဲ႕အခ်က္ျပေနသည္။
သူမ်ားအေျကာင္း နားေထာင္ရမယ္ဆိုရင္
အဲ႕ေလာက္ထိစိတ္ဝင္စားျကတာ ဟိုနွစ္
ေယာက္ကခ်မ္းေျမ႕နဲ႕အတူ ေခါင္းခ်င္းဆိုင္
ေနေတာ့ က်ြန္ေတာ္လဲဘုမသိဘမသိနဲ႕
အေရွ႕တိုးလိုက္ရတယ္။

ခ်မ္းေျမ႕က မေျပာခင္သူမ်ားေတြသတိထား
မိလားဆိုတာ ဟိုဟိုဒီဒီလိူက္ျကည့္ေနျပီး။

"ငါျကားထားတာ အစ္မျကီးကသူ႕အိမ္က
သေဘာတူေပးစားတဲ႕သူကို သေဘာက်လို႕
ကိစစ္ေျကာင္းကိုသူ႕ဘက္ကအရင္စျဖတ္
လိုက္တာတဲ႕။ကိုစစ္ေျကာင္း အခုေက်ာင္းကို
လံုးဝမလာေတာ့ဘူးတဲ႕"

တစ္ျခားသူေတြမျကားရေအာင္ ေလသံ
တိုးတိုးနဲ႕ခ်မ္းေျမ႕ရဲ႕ စကားသံေနာက္မွာ
က်ြန္ေတာ္ဘာျဖစ္သြားမွန္းမသိပဲ ေခါင္းကို
အေနာက္ဆုတ္လိုက္မိသည္။မ်က္လံုးထဲသူ႕အလိုလို ျမင္ေယာင္လာတာကဟိုလူရဲ႕
မ်က္နွာ။

"ဟယ္ ဟုတ္လို႕လား ကိုမင္းစစ္ေျကာင္းလို
သူကိုေတာင္ ထားခဲ႕တာဆိုေတာ့ဘယ္လို
လူမ်ိဳးမို႕လို႕လဲ ကိုမင္းစစ္ေျကာင္းထက္
အမ်ားျကီးသာလို႕လား"

"မန္းေလး ေဆးတကၠသိုလ္က ေဆးေက်ာင္း
သားတဲ႕"

"ခ်မ္းေျမ႕ ဟိုမွာ အစ္မနန္းမူယာ"

ဆက္ေျပာရန္ျပင္ေနသည့္ ခ်မ္းေျမ့ကိုေမမီက
အထိတ္တလန္႕နဲ႕ အသံတိတ္ေနရန္အခ်က္
ျပျပီး က်ြန္ေတာ္တို႕ထိုင္ေနတဲ႕ကန္တင္းထဲ
ဝင္လာသည့္ အစ္မတစ္စုကိုက်ြန္ေတာ္ျကည့္
လိုက္မိတဲ႕အခ်ိန္။

ဟိုအစ္ကိုျကီးရဲ႕ ေကာင္မေလးဆိုတာဒီအစ္မလား။တစ္ကယ္ကိုပဲ ကန္တင္းထဲမွာထိုင္ေန
တဲ႕ေယာက်ာ္းေလးတစ္ခ်ိဳ႕ေတာင္ျကည့္ေနျကတဲ႕အထိေမာ္ဒယ္မင္းသမီးလို ေတာ္ေတာ္
ေလးေခ်ာျပီးလွတဲ႕အစ္မျကီးပဲ။ေမမီေျပာသ
လိုပဲ နွစ္ေယာက္က အတူသာတြဲသြားမယ္
ဆိုရင္အကုန္ေငးျပီး ေတာ္ေတာ္ေလးလိုက္မွာ။
ဒီလိုမ်ိဳး ေခ်ာေခ်ာေလးရထားတာေတာင္
ခင္ဗ်ားက ဘာေတြလုပ္ေနလို႕ ကိုယ့္ရည္းစား
တစ္ေယာက္လံုးသူမ်ားလက္ထဲပါသြားရတာ
လဲဗ်ာ။

က်ြန္ေတာ္လည္း ဘယ္ကေနဘယ္လိုစိတ္
မေကာင္းျဖစ္သြားလဲမသိေတာ့ပဲ လက္ဖက္
ထမင္းျပန္ငံု႕ စားေနလိုက္ေပမဲ႕ ေမမီနဲ႕
ခ်မ္းေျမ႕ကေတာ့ ေခါင္းျခင္းဆိုင္ျပီးတိုးတိုး
တိုးတိုးနဲ႕ဘာေတြ ေျပာေနမွန္းမသိ။

က်ြန္ေတာ္ကေတာ့ မသိပါဘူး။သူမ်ားသမီး
ရည္းစားျပတ္တာ ကိုယ့္အပူဘာပါလို႕လဲ။
သူတို႕ဘာသာ နမယ္ျကီးအတြဲမကလို႕ဘာပဲ
ျဖစ္ျဖစ္ ဘယ္လိုျပတ္ျကလဲဆိုတာသူတို႕ပဲ
အသိဆံုးျဖစ္မွာပဲ။တစ္ကယ္ပဲ ထားခဲ႕ခံရ
တယ္ဆိုရင္ေတာ့ က်ြန္ေတာ့္ကိုမုန္႕ဝယ္
ေက်ြးထားတဲ႕သူျဖစ္လို႕ ဟိုအစ္ကိုျကီး
အတြက္ စိတ္မေကာင္းပါဘူး။ဒါနဲ႕ခုနက
ခ်မ္းေျမ့ေျပာတာျကားလိုက္တာ ေဆးေက်ာင္းသားဆိုလားပဲ။

"အေမ့"

ရုတ္တရုတ္ထြက္သြားသည့္ ေယာင္လိုက္မိတဲ႕အသံနဲ႕အတူက်ြန္ေတာ့္လက္တစ္ဖက္မွာ
စပ္ဖ်င္းဖ်င္းနာက်င္မႈ တစ္ခုခံစားလိုက္ရသည္။
အားလံုးစားလို႕ျပီးေတာ့ က်ြန္ေတာ္တို႕ေလး
ေယာက္ဆိုင္ထဲကေန ျပန္ထြက္မလို႕
ေလ်ွာက္လာေနတုန္းအပါက္ဝနားက စားပြဲမွာသူ႕သူငယ္ခ်င္းေတြနဲ႕ထိုင္ေနသည့္ အဲ႕ဒီ
နန္းမူယာဆိုတဲ႕အစ္မက သူ႕လက္ကိုင္အိတ္
ကိုခံုေပၚကေန လႊဲယူလိုက္တဲ႕အခ်ိန္နဲ႕ေဘးမွာ
က်ြန္ေတာ္ေလ်ွာက္လာတဲ႕အခ်ိန္တိုက္ဆိုင္
သြားတာ။ျဖစ္ခ်င္ေတာ့ သူ႕လက္ကိုင္အိတ္
ဆီကဘာအခ်ြန္ေတြနဲ႕ က်ြန္ေတာ့္လက္သြား
ထိမိလဲမသိဘူး။

"အို႕ sorry"

က်ြန္ေတာ့္ကိုတစ္ခ်က္သာ လွည့္ျကည့္လာ
ကာသာ အေရးမျကီးသလို သူ႕သူငယ္ခ်င္း
ေတြဘက္လွည့္ျပီးစကားျပနိေျပာေနတဲ႕
အစ္မနန္းမူယာ။

ေဘးကေမမီက က်ြန္ေတာ့္ကိုဘာျဖစ္သြားလဲ
လိုက္ျကည့္ေနေေတာ့မေမးခင္ က်ြန္ေတာ္
ဘာမွမျဖစ္သလိုနဲ႕ျပံဳးလိုက္ျပီး ဆိုင္ထဲက
ထြက္လာခဲ႕လိုက္သည္။နည္းနည္းေဝးေဝး
ေရာက္မွ က်ြန္ေတာ့္လက္ဖမိုးက်ြန္ေတာ္
ျပန္ျကည့္ေတာ့ ေသြးမထြက္သြားေပမဲ႕
လႊဲရိုက္ခံရလိုက္သလို အခ်ြန္နဲ႕ထိသြားတာ
ေျကာင့္ နီရဲလာသည္။

"ေဆာရီးေျပာတဲ႕ မ်က္နွာပံုစံျကီးကလည္း
ဘာလဲ ဒီအစ္မကအျပင္မွာဒီလိုျကီးလား။ငါကfbမွာသူ႕ ပံုေလးေတြသေဘာက်လို႕
ေက်ာင္းမွာနမယ္ျကီးကြင္းမို႕လို႕role
modelေတာင္ ထားထားတာ"

က်ြန္ေတာ့္ ေဘးကေနလိုက္လာတဲ႕ေမမီက
ခ်မ္းျမ့ကိုမေက်မခ်မိးနဲ႕ ေျပာေနတာကို
မေျပာနဲ႕ေတာ့လို႕ ေခါင္းခါျပေသာ္လည္း
စာကေလးမက က်ြန္ေတာ့္အစားစိတ္တိုေန
သည့္ပံု။

"ဆုလာဘ္ နင့္လက္နာသြားတာလား"

"ဟမ္ ဘယ္မွာလဲ ျပအံုးငါ့ကို။နီရဲေနတာပဲ
ဆုလာဘ္နင္ေတာ့ အဲ႕တာဘာလို႕မေျပာပဲ
အသံတိတ္ေနတာလဲ။နင့္အသားကျဖဴတာ
နဲ႕ ရဲတက္လာျပီ။ဟိုအစ္မကလည္းေဘးမွာ
လူလာေနတာ နည္းနည္းပါးပါးမျကည့္ဘူး"

လက္တစ္ဖက္နဲ႕ဖိျပီးဖံုးထားတာေတာင္
ခုဏကထိသြားတဲ႕ေနရာမွာ က်ြန္ေတာ့္
အသားေတြ နီရဲလာတာကိုရည္မြန္ကေတြ႕
သြားေတာ့ ေခါင္းခါေပမဲ႕လည္းမရေတာ့။
ေမမီကပါေဘးနားကပ္လာျပီး က်ြန္ေတာ့္
လက္ကိုလိုက္ျကည့္ကာ စိတ္ေတြတိုေနေတာ့
နာေနသည့္ျကားက က်ြန္ေတာ့္သူငယ္ခ်င္း
ေတြကို ျကည့္ျပီးျပံဳးမိရသည္။

"ငါဘာမွမျဖစ္ပါဘူး ေနာက္သူ႕ဘာသာ
ေပ်ာက္သြားမယ္။မေတာ္တဆျဖစ္တာပဲဟာ
မေျပာနဲ႕ေတာ့"

က်ြန္ေနာ့္ကို ကေလးတစ္ေယာက္လိုမ်ိဳး
ေဘးမွာဝိုင္းျပီး စိတ္ပူေနျကသည့္ေမမီနဲ႕
ရည္မြန္ကို ခ်မ္းေျမ့ကပါျကည့္ျပီးရယ္ေန
ေတာ့ က်ြန္ေတာ္ရွက္ရွက္နဲ႕ခ်မ္းေျမ႕ကို
ရယ္ျပလိုက္ရသည္။က်ြန္ေတာ့္သူငယ္ခ်င္း
ေတြကအဲ႕ဒီလိုပါဆို သူတို႕ထက္လည္းငယ္
ေတာ့ က်ြန္ေတာ့ကိုနည္းနည္းေလးျဖစ္တာနဲ႕
ဆူပူျပီး ဂရုစိုက္ျကတာ။

ေက်ာင္းဝင္းထဲမထြက္ရတာလည္း ျကာေတာ့
ျပန္တဲ႕လမ္းတစ္ေလ်ွာက္က်ြန္ေတာ္တို႕
ေလးေယာက္ ေတာ္ရံုနဲ႕ စာသင္ေဆာင္ကို
ျပန္မေရာက္။ဒီနားမွာခဏထိုင္မယ္ဆိုျပီး
ေနေနလိုက္တာ ေနာက္တစ္ခ်ိန္ အတန္းမမွီ
မွာစိုးလို႕ေျပးျကရတဲ႕အထိပါပဲ။ေက်ာင္းသား
ဘဝအမွတ္တရေတြဆိုတာ ဒီလိူအခ်ိန္ေလး
ေတြပဲထင္ပါတယ္။

_______________________

အိမ္ေရွ႕မွာရပ္လိုက္သည့္ ကိုေဇာ့္ကားသံ
ျကားသည္နွင့္ က်ြန္ေတာ္စာအုပ္ေတြသိမ္းျပီး
အေဖ့ကို ခြင့္ေတာင္းျပီးတာနဲ႕အိမ္ထဲက
အျမန္ေျပးဆင္းလာခဲ႕သည္။အေဖက ဘာမွ
မေျပာေသာ္လည္း တီဗီျကည့္ေနရာကေန
အန္တီေဆြကေတာ့အိမ္ေပါက္ဝကိုျကည့္ေန
ေတာ့ ကိုေဇာ္အိမ္ထဲမဝင္လာေအာင္အျမန္
ေျပးရတယ္။အငယ္ေလးကေတာ့ေနာက္ေဖး
မွာ မလံုးနဲ႕ေဘးအိမ္ကလာပို႕ထားသည့္
မုန္႕လုစားေနျကသည္မို႕ ကားသံမျကားတာ
ေတာ္ေသးသည္။

ျခံျပင္ေရာက္ေရာက္ျခင္းပင္ ကိုေဇာ္က
ကားေပၚကဆင္းျပီးေနျပီး အိမ္ထဲဝင္ဖို႕ျပင္
ေနေသာေျကာင့္ လက္တစ္ကာကာနဲ႕တား
ရ၏။

"ဘာလို႕ေျပးလာတာလဲဆုလာဘ္ ဦးေလး
အိမ္ထဲမွာရွိတယ္မလား မေတြ႕ရတာျကာျပီ
ခဏေလာက္ဝင္ျပီး စကားေျပာရေအာင္။
အငယ္ေကာင္ေရာ ဘာလုပ္ေနလဲ"

"မ မဝင္နဲ႕ေတာ့"

"ဘာျဖစ္လို႕လဲ"

အေရွ႕ကေနကာျပီး အလ်င္ျမန္တားမိသည္ကို
ကိုေဇာ္က နားမလည္သလိုျကည့္ေနေတာ့
ခ်က္ခ်င္းျပံဳးျပလိုက္ရသည္။မတတ္နိုင္ဘူး
တားရမွာပဲ  ကိုေဇာ္ကအေဖနဲ႕အငယ္ေလး
ကိုေတြ႕ခ်င္လို႕အိမ္လာတိုင္း အန္တီေဆြက
အမ်ိဳးစံုေမးေနတာ မျပီးေတာ့။ကိုေဇာ္
အေျကာင္း အန္တီေဆြသာပြဲစားမ်က္လံုးနဲ႕
သိသြားရင္ ရပ္ကြက္ထဲကသူေတြဆီပါျပန့္
သြားလို႕ အဲ႕ဒီအခါဘာမွလုပ္လို႕မရေတာ့ဘူး။

"မဝင္နဲ႕ေတာ့အထဲမွာ အန္တီေဆြပါရွိေန
တယ္။ျပီးရင္ အေမးအျမန္းကလဲမ်ားတာနဲ႕
ကိုေဇာ္က အားနာျပီးျပန္ေျဖေနရအံုးမယ္"

"အဲ႕တာဆိုလည္း ဒီမွာပဲထိုင္ျပီးစကားေျပာ
ရေအာင္ ဆုလာဘ္"

သက္ျပင္းေတြခ်ျပီး က်ြန္ေတာ္တို႕အိမ္ေရွ႕
အုတ္တံတိုင္းနဲ႕ကပ္ရပ္မွာ လုပ္ထားသည့္
သစ္သားထိုင္ခံုတန္းမွာ ဝင္ထိုင္လိုက္သည့္
ကိုေဇာ္က အရင္ကနဲ႕မတူမ်က္နွာမေကာင္း
ေပ။ညေနေမွာင္ရိပ္သန္းေနျပီမို႕ ေနအလင္း
ေရာင္ကမရွိေတာ့ပဲ က်ြန္ေတာ္လဲေဘးမွာ
ဝင္ထိုင္လိုက္ရသည္။လမ္းျကားမို႕ျဖတ္သြား
ျဖတ္လာလဲ သိပ္မရွိ က်ြန္ေတာ္တို႕ကအိမ္ေရွ႕
မွာအငယ္ေလးနဲ႕လဲ ဒီလိုပဲထိုင္ျပီးေဆာ့ေနျကမို႕လို႕ သိပ္ျပီးမထူးဆန္းပါ။

ေဘးမွာထိုင္ေနတဲ႕ ကိုေဇာ္က တိတ္ဆိတ္လို႕
အေတာ္ျကာသည္အထိ ဘာမွမေျပာေတာ့
က်ြန္ေတာ္လဲဘယ္က စကားစရမည္မသိ။
က်ြန္ေတာ့္ကိုဖုန္းဆက္ထဲက အိမ္လာခဲ႕
မယ္ေျပာထားတဲ႕ကိုေဇာ့္အသံ သိပ္မေကာင္း
ဘူး။ေက်ာင္းတက္ေနရတာနဲ႕က်ြန္ေတာ္လည္းကိုေဇာ့္ဆီသြားမလည္ျဖစ္တာ ဒီရက္ပိုင္း
က်ြန္ေတာ့္အစ္ကို ဘာျဖစ္ေနတာလဲေလ။

"ကိုေဇာ္ ဘာ ဘာျဖစ္လို႕လဲ။စိတ္ညစ္စရာ
ေတြရွိလို႕လားက်ြန္ေတာ့္ကိုေျပာေလ။အိမ္မွာ
အန္တီတို႕နဲ႕အဆင္မေျပလို႕လား ဒါမွမဟုတ္ေ
ေက်ာင္းမွာ။က်ြန္ေတာ့္ကိုပဲျဖစ္ျဖစ္ေျပာျပလို႕
ရတာပဲေလ ဒီလိုမ်ိဳးမေနပါနဲ႕"

"ဆုလာလ္"

"ဗ်ာ"

က်ြန္ေတာ့္ကို ငံု႕ျကည့္လာတဲ႕ကိုေဇာ့္မ်က္နွာ
ေတြက စိတ္ဓာတ္ေတြက်ေနသည္ဆိုသည္မွာ
အသိသာ။

"အိမ္ကကိုယ့္ကို ေကာင္မေလးတစ္ေယာက္နဲ႕
ေစ့စပ္ေပးဖို႕ စီစဥ္ေနျကျပီ"

"ဗ်ာ"

က်ြန္ေတာ့္ မ်က္လံုးေတြျပဴးက်ယ္လာျပီး
ထိတ္လန္႕ကာ ကိုေဇာ္ဘာလို႕ဒီလိုျဖစ္ေနလဲ
အေျကာင္းအရင္းကို သိေနသလိုရွိျပီ။

ကိုေဇာ္ကသူ႕ကိုယ္သူ ဘာလဲဆိုတာ
က်ြန္ေတာ့္ကို ဝန္ခံေျပာျပထားေပမဲ႕
အခုခ်ိန္ထိ တစ္ေယာက္ထဲပဲေနခဲ႕ျပီး
ဆရာဝန္ေကာင္းတစ္ေယာက္ ျဖစ္ခ်င္တဲ႕
သူ႕ရည္မွန္းခ်က္ေလးနဲ႕ပဲ အသက္ရွင္ေနတဲ႕
သူတစ္ေယာက္ပါ။ဘုရား က်ြန္ေတာ့္အစ္ကို
ဘယ္ေလာက္ေတာင္အခက္ေတြ႕ေနမလဲ။

"တစ္ တစ္ကယ္ျကီးလား။ဘယ္လိုျဖစ္ျပီး
ေတာ့ ကိုုေဇာ္ဖြင့္ေျပာျပလိုက္ျပီလား။
အန္တီတို႕သိသြားျကလို႕ဒီေလာက္
ခ်က္ခ်င္းျကီး စီစဥ္ျကတာ"

"မဟုတ္ဘူး အေမတို႕မသိေသးဘူး။ဖြင့္ေျပာျပဖို႕လဲ ကိုယ့္မွာသတိၱမရွိဘူး ကိုယ့္အေဖရဲ႕
အသိမိတ္ေဆြသမီးနဲ႕မို႕လို႕ ခ်က္ခ်င္းျကီး
စီစဥ္ျဖစ္သြားတာ"

"အဲ႕တာဆို ကိုေဇာ္အခုဘယ္လိုလုပ္မွာလဲ"

"ကိုယ္ျငင္းလိုက္ရင္ ကိုယ့္မိဘေတြမ်က္နွာ
ပ်က္စရာျဖစ္မယ္။ျပီးရင္ ကိုယ့္အေဖေရာဂါ
တိုးလာမယ္ ကိုယ့္ကို တစ္ခုမဟုတ္တစ္ခု
စိတ္အေနျကပ္ေအာင္လုပ္ျကမယ္။ကိုယ္
အဲ႕ဒါေတြမခံစားနိုင္ေတာ့ဘူး တစ္ကယ္ဘာ
လုပ္ရမယ္ မသိေတာ့ဘူး ဆုလာဘ္"

သက္ျပင္းေတြအခါခါခ်ျပီး အေဝးကိုျကည့္ေန
တဲ႕ကိုေဇာ့္ပံုစံ ကက်ြန္ေတာ့္ရင္ထဲဘယ္လိုမွ
ေနလို႕မေကာင္းေတာ့ပဲ ငိုခ်င္လာသည္။
က်ြန္ေတာ့္ကို အေမမရွိေတာ့တဲ႕အခ်ိန္ကစ
ေက်ာင္းမွာ မ်က္နွာမငယ္ရေအာင္ေစာင့္
ေရွာက္ေပးခဲ႕တဲ႕က်ြန္ေတာ့္အစ္ကို အျမဲ
သူ႕ညီေလးအရင္း တစ္ေယာက္လိုမ်ိဳး
သေဘာထားေပးခဲ႕ျပီး က်ြန္ေတာ္ငိုေနတဲ႕
အခ်ိန္တိုင္း နွစ္သိမ့္ေပးခဲ႕တဲ႕က်ြန္ေတာ့္
အစ္ကို။

အခုအရြယ္ေရာက္လာတဲ႕ အခ်ိန္မွာ
က်ြန္ေတာ္က က်ြန္ေတာ့္အစ္ကိုအတြက္
ဘာမွျပန္မကူညီနိုင္ဘူးလား။

"ကိုယ့္ညီေလးကို စိတ္ညစ္ေအာင္ေျပာ
လိုက္မိျပီထင္တယ္။စိတ္ထဲမထားနဲ႕ဆုလာဘ္
ကိုယ့္မွာ ဒီအေျကာင္း ရင္ဖြင့္ေျပာျပစရာဆို
လို႕လည္း မင္းပဲရွိလို႕"

"က်ြန္ေတာ္သိျပီးေနမွ စိတ္ထဲမထားပဲ
ဘယ္လိုေနရမလဲ။အခုဘယ္လိုလုပ္မလဲ
ကိုေဇာ္ အန္တီတို႕ကိုအေျကာင္းျပခ်က္
တစ္ခုခုေပးျပီးျငင္းရင္ေရာ ဥပမာ က်ြန္ေတာ့္
မွာခ်စ္ရမဲ႕သူရွိေနျပီးတို႕ဘာတို႕ ။ကိုေဇာ္
ေက်ာင္းမွာ သူငယ္ခ်င္းမိန္းကေလးေတြ
ဘာေတြေတာ့ရွိတယ္မလား သူတို႕ကို
အကူအညီေတာင္းျပီး ကိုေဇာ့္ခ်စ္သူအျဖစ္
ဟန္ေဆာင္ျပီး အန္တီတို႕နဲ႕အရင္ေပးေတြ႕
လိုက္ရင္ေရာ"

မနားတမ္းေျပာလိုက္တဲ႕က်ြန္ေတာ့္စကားကို
ကိုေဇာ္က မ်က္နွာမေကာင္းရာကေနဟာသ
တစ္ခုျကားလိုက္ရသလို ရယ္သည္။

"ဆုလာဘ္ မင္းကေတာ့ေလ ဘယ္ေတာ့မွ
ကေလးစိတ္ေပ်ာက္မွာလဲ"

"က်ြန္ေတာ္က အျကံဥာဏ္ေပးျကည့္တာကို"

"အခုခ်က္ခ်င္းျကီး စီစဥ္မွာေတာ့မဟုတ္ေသး
ဘူး။တစ္ဖက္ကေကာင္မေလး ေက်ာင္းျပီးမွ
ေစ့စပ္ဖို႕ကိစၥေဆြးေနြးမယ္တဲ႕။အခုကိုယ့္စိတ္
ထဲ ပိုျပီးေနရခက္ေနတာက တစ္ဖက္က
မိန္းကေလးကို လိမ္ညာသလိုျဖစ္ေနမွာပဲ
ကိုယ္စိုးရိမ္တယ္။ဒီအေတာအတြင္း ကိုယ့္
မိဘေတြကို အမွန္အတိုင္းေျပာျပနိုင္ဖို႕ပဲ
ကိုယ္ဆံုးျဖတ္လိုက္ျပီ"

"ဖြင့္ေျပာျပဖို႕ကလြဲျပီး တစ္ျခားနည္းလမ္း
တစ္ကယ္မရွိေတာ့ဘူးလား။gayျဖစ္ေန
တယ္ဆိုတာနဲ႕ပဲ ကိုေဇာ္ကလိမ္ညာသလို
ျဖစ္ေနတယ္လို႕ စိတ္ထဲမထားပါနဲ႕။
က်ြန္ေတာ္တို႕ တစ္ျခားနည္းလမ္းတစ္ခု
စဥ္းစားျကည့္ျကမယ္ ဆိုရင္ေရာ"

"မျဖစ္နိုင္ေတာ့ဘူး တစ္ဖက္ကေကာင္မေလး
ကလည္း ကိုယ္နဲ႕ေစ့စပ္ဖို႕သူ႕မိဘေတြ
စီစဥ္တာသေဘာတူလိုက္ျပီ။ကိုယ့္ကို
အဘက္ဘက္က သေဘာက်တယ္တဲ႕။
ဟက္ ကိုယ့္အေမကသူ႕သားကိုဘယ္
ေလာက္အမႊန္းတင္ျပီး ေျပာထားလဲေတာ့
မသိဘူး"

"ကိုေဇာ္လိုလူကို ဘယ္ေကာင္မေလးက
ျငင္းမွာလဲဗ်ာ။အန္တီတို႕သေဘာတူထားတာ
ဘယ္ကေကာင္မေလးလဲ ကိုေဇာ္နဲ႕ရြယ္တူ
ပဲလား"

"မင္းတို႕ ရတနာပံုကပဲ။အခုေနာက္ဆံုး
နွစ္တက္ေနတာ နမယ္က နန္းမူယာတဲ႕"

"နန္းမူယာ ဟုတ္လား နမယ္ေလးက
လွတယ္ေနာ္။ဗ်ာ နန္းမူယာ"

ဒီနာမယ္ကို ရင္းနွီးေနတယ္ဆိုျပီးေခါင္း
တစ္ညိတ္ညိတ္နဲ႕ က်ြန္ေတာ္စဥ္းစားေနတုန္း
ရုတ္တရက္ေျကာင္သြားကာ ေျပာစရာေတြ
ဆြံ႕အသြားရသည္။ဒီေလာက္ထိတိုက္ဆိုင္။

ေန႕ ေန႕လည္ကခ်မ္းေျမ့ေျပာေနတဲ႕
အစ္မနန္းမူယာနဲ႕ သေဘာတူထားတဲ႕
ေဆးေက်ာင္းသားဆိုတာ ကိုေဇာ္လား။

"ဘာျဖစ္လို႕လဲ ဆုလာဘ္မင္းနဲ႕သိလို႕လား"

"မ မဟုတ္။အဲ႕ဒီအစ္မက တစ္ကယ္ပဲ
ကိုေဇာ္နဲ႕ေစ့စပ္ဖို႕သေဘာတူလိုက္တာလား"

"အင္း သေဘာတူတယ္တဲ႕ သူ႕မွာလည္း
ခ်စ္သူရည္းစားမရွိေတာ့ မိဘေတြ စကား
နားေထာင္ျပီး"

"ဗ်ာ အစ္မနန္းမူယာမွာ ခ်စ္သူရည္းစားမရွိဘူး
ဟုတ္လား"

"အင္းေလ ဘာျဖစ္လို႕လဲ"

"ဘာ ဘာမွမျဖစ္ပါဘူး"

ကိုေဇာ္ ကနားမလည္သလိုျကည့္ေနသည္ကို
အေတြးေတြနဲ႕ ေခါင္းအျမန္ခါျပလိုက္ရသည္။

က်ြန္ေတာ့္ ေခါင္းထဲမွာလဲ အေတြးေပါင္းစံုနဲ႕
ရုတ္တရက္ထိတ္လန္႕ျပီး ဘာေျပာရမွန္း
မသိေတာ့ပါ။ကိုမင္းစစ္ေျကာင္းနဲ႕လဲျပတ္
သြားျပီဆိုေတာ့ အဲ႕ဒီအစ္မကသူ႕မွာ
ခ်စ္သူမရွိဘူးလို႕ေျပာထားတာျဖစ္မွာပါ။
အဲ႕ဒီအစ္မရဲ႕ မိန္းကေလးသိကၡာလဲရွိေတာ့
ကိုေဇာ္ကို အမွန္အတိုင္းေျပာျပလို႕
မျဖစ္ဘူး။

ရည္းစား ရွိခဲ႕တာကိုသူ႕အေျကာင္းနဲ႕သူ
မေျပာျပတာက အျပစ္ေတာ့လည္းမဟုတ္
ပါဘူး။ဒါေပမဲ႕အဲ႕ဒီအစ္မရည္းစားက
ကိုမင္းစစ္ေျကာင္း ျဖစ္ခဲ႕တာေတာ့အရမ္းကို
ထိတ္လန္႕ ေျကာက္ရႊံ႕စရာျဖစ္သြားျပီ။

ကိုေဇာ္ ဘာလို႕ဒီေလာက္ေတာင္ ကံဆိုး
ရတာလဲ။က်ြန္ေတာ္တို႕မႏ ၱေလးျမိဳ႕ျကီးထဲမွာ
ေကာင္မေလးေတြ ဒီေလာက္မ်ားတဲ႕ထဲကမွ
ကိုမင္းစစ္ေျကာင္းရဲ႕ ေကာင္မေလးကိုမွ
သြားထိရဲတယ္။မနက္က ေကာင္မေလးထား
တာခံလိုက္ရတယ္ဆိုတာ ျကားလိုက္ရေတာ့
ဟိုလူအတြက္ စိတ္မေကာင္းျဖစ္သြားေပမဲ႕
အခုစိတ္ပူရမွာ က်ြန္ေတာ့္အစ္ကိုျဖစ္သြားျပီ။

အဲ႕ဒီလူ ေဒါသထြက္ရင္ဘယ္ေလာက္
ေျကာက္စရာေကာင္းလဲ က်ြန္ေတာ္အသိဆံုး။
က်ြန္ေတာ့္ကိုေတာင္ သူ႕ထက္အမ်ားျကီး
ငယ္ျပီးတစ္ေက်ာင္းထဲသားခ်င္း မို႕လို႕
အေလ်ာ့ေပးျပီးဘာမွမလုပ္တာ။က်ြန္ေတာ့္
လိုမ်ိဳးကေလးေတြနဲ႕ ရန္ျဖစ္ဖို႕စိတ္မဝင္စား
ေပမဲ႕သူနဲ႕ရြယ္တူဆိုရင္ အဲ႕အစ္ကိုျကီးက
အေလ်ာ့ေပးမဲ႕ပံုမေပၚဘူး။ဘုရားသိျကားမလို႕
ကိုေဇာ္ကိုေတာ့ သူ႕ေကာင္မေလးကိုျဖတ္လု
သြားတယ္ဆိုျပီး ရန္ျငိဳးမထားပါေစနဲ႕။
သူ႕အေနာက္မွာ တစ္ေယာက္ထိရင္အကုန္
ပါတဲ႕ သူ႕သူငယ္ခ်င္းတစ္အုပ္ရွိျပီး ပိုက္ဆံ
ခ်မ္းသာတဲ႕သူက ကိုေဇာ္ကိုမေက်နပ္ခ်က္
ေတြနဲ႕ေခ်ာင္းရိုက္တာေတြ ဘာေတြလုပ္
သြားရင္။

က်ြန္ေတာ္အေတြးနဲ႕တင္ ထိတ္လန္႕ျပီး
ကိုေဇာ္ကို အလန္႕တျကားျကည့္လိုက္မိ
သည္။

"ကိုေဇာ္ အခုတစ္ေလာ အသြားအလာ
ဆင္ျခင္ေနာ္။ျဖစ္နိုင္ရင္တစ္ေယာက္ထဲ
ဘယ္ကိုမွမသြားနဲ႕"

"ဘာျဖစ္လို႕လဲ ဆုလာဘ္"

"ဒီအတိုင္း ဒီအတိုင္းပဲ။သတိဆိုတာ ပိုတယ္
မရွိဘူးက်ြန္ေတာ့္ စကားကိုနားေထာင္ေပး
ပါဗ်ာ"

ကိုမင္းစစ္ေျကာင္းက အဲ႕ဒီအစ္မျကီးကို
နွစ္နဲ႕ခ်ီျပီးတြဲခဲ႕တယ္ဆိုေတာ့ ေတာ္ေတာ္
ေလးခ်စ္ခဲ႕မွာပဲ။ဘာပဲျဖစ္ျဖစ္ ထားခဲ႕ခံရ
တယ္ဆိုေတာ့ သူ႕လိုလူမ်ိဴးကေယာက်ာ္း
ေလးခ်င္း မေက်နပ္တာေတာ့ျဖစ္ကိုျဖစ္
မွာပဲ။ေက်ာင္းေတာင္ လံုးဝမလာေတာ့တဲ႕
အထိ ကိုမင္းစစ္ေျကာင္း ခင္ဗ်ားအခုခ်ိန္မွာ
ဘယ္ေလာက္ ခံရခက္ေနမလည္းဆိုတာ
က်ြန္ေတာ္ေတြးျကည့္ရံုနဲ႕တင္ နားလည္
ပါတယ္။ဒါေပမဲ႕နဂိုထဲကမွ သူ႕အေျကာင္း
နဲ႕သူစိတ္ဓာတ္က်ေနတဲ႕ က်ြန္ေတာ့္
အစ္ကိုကိုေတာ့ ခႊင့္လႊတ္ေပးပါဗ်ာ။ခင္ဗ်ား
ေကာင္မေလးကို တမင္လုယူတာမဟုတ္
ရပါဘူး။

မ်က္နွာမေကာင္းဆဲ ျဖစ္ေနသည့္ကိုေဇာ္ကို
ျကည့္ကာက်ြန္ေတာ္ ဆံုးျဖတ္ခ်က္တစ္ခု
ခ်လိုက္သည္။တစ္ခုခုဆိုရင္ေတာ့ က်ြန္ေတာ့္
အစ္ကိုကို က်ြန္ေတာ္ကာကြယ္ရမယ္။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode

ညနေခင်းအချိန် လေပြေတွေနဲ့ကျုံးဘေးက
အေးချမ်းနေပေမဲ့ ကန်ရေပြင်ကိုငေးကြည့်
နေရင်း စိတ်အစဉ်က အတည်တကျ
မရှိ။ဒီနေ့တော့ချိန်းထားတဲ့ အချိန်ထက်စော
ပြီးကိုယ်တိုင်ကားမောင်းထွက်လာကာ
စစ်ကြောင်းကို အရင်ထိုင်စောင့်နေဖြစ်သည်။

ကျုံးဘေးကထိုင်ခုံတန်းမှာ နန်းတော်မြို့ရိုးကို
ကြည့်ပြီးထိုင်နေရတာညနေစောင်းအချိန်မို့
အေးအေးချမ်းချမ်းရှိနေပေမဲ့  စိတ်ကိုသေချာ
ဆုံးဖြတ်ပြီးလာခဲ့ပေမဲ့ တစ်ကယ်တမ်းတော့
မပြတ်သားတဲ့စိတ်နဲ့တစ်ယောက်ထဲလွန်ဆွဲ
နေဆဲ။နှလုံးသားနဲ့ဦးနှောက်လို့ဆိုရအောင်
လည်း ဒီလူကိုမူယာ ချစ်နေပါပြီဆိုတာကိုယ်
ကိုတိုင်ဝေခွဲမရဖြစ်နေဆဲပါ။နန်းမူယာဆိုတာ
ဘယ်တုန်းကမှ တစ်ခုခုလုပ်တော့မယ်ဆိုရင်
စိတ်ကမပြတ်မသားမဖြစ်ဘူးခဲ့ ကိုယ့်ကိုတိုင်
လည်းစိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးတစ်
ယောက်ဖြစ်အောင်ပဲ နေခဲ့သည်။

အနောက်ပြန်လှည့်ကြည့်ရင် ဘယ်တော့မှ
နောင်တမရှိစေရဘူး။

ငြိမ်သက်ကာသာ အတော်ကြာထိုင်နေဆဲ
ဖြစ်ပြီး ရင်းနှီးလွန်းမက ရင်းနှီးလွန်းနေသည့်
ကားသံကိုကြားလိုက်ရတဲ့ အချိန်ရင်ထဲ
မကောင်းတော့ပဲဆို့နင့်လာသလိုဖြစ်လာကာ
လှည့်မကြည့်ဖြစ်။အနားမှာ ကားရပ်သံ
ကြားလိုက်ရပြီး သိပ်မကြာခင်ဘေးနားကို
လျှောက်လာတဲ့သူက မူယာထိုင်နေတဲ့
ထိုင်ခုံအစွန်းမှာ ခပ်ခွာခွာပဲ ဝင်ထိုင်လိုက်ပြီး
သူက မူယာ့ကိုကြည့်မနေခဲ့ပါ။

ရက်တော်တော်များများ မတွေ့ရတာကြာ
သည့် ချစ်သူနှစ်ယောက်ပြန်တွေ့သည့်ပုံစံ
က ပြင်ဆင်လို့မရအောင် အေးစက်လွန်းနေ
သည်။

"စစ်ကြောင်း နင်ငါ့ကိုဘာမှပြောစရာစကား
မရှိဘူးလား"

"မင်းပြောတာနားထောင်ပေးဖို့ ကိုယ်
လာခဲ့တာ"

အောက်နှုတ်ခမ်းကိုဖိကိုက်ကာ တစ်ချက်
ရယ်လိုက်မိတဲ့အချိန် မျက်လုံးထဲကထိန်းမ
ရတော့တဲ့ မျက်ရည်ကြည်တွေဝဲလာတာ
မူယာနဲ့တောင်မတူ။မျက်ရည်တွေမကျလာ
ခင် လက်တွေနဲ့အမြန်ဖိသုတ်လိုက်ပြီး
ကန်ရေပြင်ကိုပဲငေးကြည့်နေတဲ့
သူ့ကိုမျက်နှာချင်းဆိုင်လိုက်ပြီး။

"စစ်ကြောင်း ငါတို့လမ်းခွဲကြရအောင်"

ကြားလိုက်ရတဲ့စကားကို အံ့သြဟန်မပြု
နည်းနည်းလေးတောင် မျက်နှာမပျက်သွား။

"ဘယ်ကကောင်လဲ"

"နင် နင်ဘယ်လိုသိလဲ"

"မင်းသူငယ်ချင်းတွေနဲ့ ကိုယ့်သူငယ်ချင်း
တွေက မသိတာမှမဟုတ်ပဲ"

မူယာ့ဘက်ကို လှည့်လာပြီး ပြောနေသည့်
ပုံကနည်းနည်းလေးမှ နာကျင်ဟန်မပြတော့
မျက်ရည်ဝဲနေသည့် မူယာကပဲကိုယ့်ကိုကိုယ်
မာနပြန်ဆယ်ရင်း အပြုံးတစ်ခုလုပ်ယူရသည်။
စိတ်ထဲမှာ မခံချင်သလိုဖြစ်နေမှုက။

"ဘယ်သူမှန်းတော့ နင်မသိသေးဘူးမလား
ဒါမှမဟုတ် အရေးမပါလို့ မစုံစမ်းတာပဲဖြစ်
မှာပါ နင်သိချင်ရင်အလွယ်လေးလေ။နင်မသိ
ချင်လဲ အခုငါပြောပြမယ် သူကမန်းလေး
ဆေးတက္ကသိုလ်က ဆေးကျောင်းသား
ဆရာဝန်ဖြစ်မဲ့သူ။ငါ့မိဘတွေကသဘောတူ
တယ်ဆိုတာထက်ငါကိုယ်တိုင် သဘောကျ
လို့ပဲ"

"ဘာလဲ ဆေးကျောင်းသားမို့လို့လား"

တည်တည်ငြိမ်ငြိမ်ပြောနေသည့် အသံက
မူယာ့ကိုလှောင်ချင်တာမဟုတ် ခင်မင်ရင်းနှီး
သည့်သူတစ်ယောက်ကို အေးဆေးစွာပဲ
ပြောနေသည်နှင့်တူနေသည်။ဒီလောက်ထိ
တည်ငြိမ်အေးဆေးနေတယ်တဲ့လား။

အင်းလေ မင်းစစ်ကြောင်းက မိန်းကလေး
တစ်ယောက်ကို နစ်နာအောင်ပြောမဲ့သူမှ
မဟုတ်ပဲ။

"နင် ငါ့ကိုမတားတော့ဘူးလား"

"မင်းဆုံးဖြတ်ထားပြီးပြီဆိုရင် ကိုယ်တား
လည်း ဘယ်အသုံးဝင်တော့မှာလဲ"

"ငါ့ဘက်ကလမ်းခွဲမယ်ဆိုတာနဲ့ နင်ဒီလိုပဲ
ငါ့ကို လက်လွှတ်ပေး လိုက်တော့မှာလား
ငါ့ကိုနည်းနည်းလေးတောင် မဆွဲထားတော့
ဘူးလား။စစ်ကြောင်း ငါကနင့်အတွက်
ဘာလဲ"

"အဲ့ဒီအတွက် ကိုယ့်မှာအဖြေမရှိဘူး။
ကိုယ်တို့တွဲခဲ့တဲ့တစ်လျှောက်လုံး ကိုယ်မင်း
အပေါ် သံယောဇဉ်ဘယ်လောက်ရှိခဲ့လဲ
ဆိုတာ မူယာ မင်းအသိဆုံးဖြစ်မှာပါ"

သူကြည့်လာတဲ့ အဲ့ဒီအရာအားလုံးကို
နားလည်ပေးထားသလို အကြည့်တွေထဲ
မူယာကိုယ့်ကိုကိုယ် လိပ်ပြာမလုံစွာနေရ
ခက်လာမှုက။

"ဟုတ်ပါတယ် ငါတို့စတွဲခဲ့တဲ့အချိန်ကနေ
စပြီး နင်ငါ့အပေါ်ဘာအမှားမှမရှိဘူး။ငါ့ကို
နားလည်မှုအပြည့်ပေးပြီး မိန်းကလေးမို့လို့
နင်အမြဲအလျော့ပေးခဲ့တယ်။ငါ့ကိုချုပ်ချယ်မှု
မရှိ လွတ်လပ်ခွင့်အပြည့်ပေးထားတယ်။
ဒါပေမဲ့နင်သိလား ငါအမြဲကြားချင်ခဲ့တာ
နင် ငါ့ကိုချစ်တယ်လို့ဘယ်တုန်းကမှမပြော
ခဲ့ဖူးဘူး။နင်ငါ့ကိုသံယောဇဉ်ရှိသလို ငါလည်း
နင့်အပေါ်တစ်ခါမှ သစ္စာမဖောက်ခဲ့ဖူးဘူး
ဆိုတာနင်သိပါတယ်။ငါ့ကိုအဲ့လိုမကြည့်ပါနဲ့"

စိတ်ထဲမနေနိုင်စွာ အော်ဟစ်ခြင်းရဲ့အဆုံး
သတ်မှာ ကျဆင်းလာချင်နေတဲ့ မျက်ရည်
တွေကိုထိန်းနေရတာမလွယ်ကူ။

သူက ပြောသမျှတိတ်တဆိတ်နားထောင်
ပေးနေပြီး နောက်ဆုံးစကားရဲ့အဆုံးသတ်မှာ
မျက်နှာတည်သွားကာ ကန်ရေပြင်ကို
အကြည့်လွှဲသွားသည်။

"သစ္စာဆိုတဲ့စကားကို လွယ်လွယ်
မပြောနဲ့။ကိုယ်တို့နှစ်ယောက်အတွက်အဲ့ဒီ
စကားလုံးက မတန်ဘူး"

အမုန်းစကား နည်းနည်းလေးမှမပါ။မူယာ့
တစ်ယောက်ထဲကို သူအပြစ်မပြောသည့်တိုင်
သူပြောသလိုပဲ ကိုယ့်အကြောင်းကိုယ်သာ
သိပြီး ရှက်သည့်စိတ်ဖြစ်လာသည်။

"ငါ့ကိုအခုတား"

မျက်ရည်တွေဝဲနေသည်ကို ထိန်းမထားနိုင်
တော့ပဲသူ့ကိုပြောသည့်တိုင် မျက်နှာချင်း
မဆိုင်လာ။

"နင်ငါ့ကိုအခုတားရင် ငါ့မိဘတွေကိုလွန်ဆန်
ပြီး နင့်ဆီပြန်လာခဲ့မယ်"

"ကိုယ်ဆွဲထားလို့ရော မင်းကကိုယ့်ဆီမှာ
ပျော်မှာလား"

"အဲ့တာအကြောင်းပြချက်တွေ နင်တစ်ကယ်
ပဲငါ့ကိုဆွဲထားဖို့ နင့်မှာနည်းနည်းလေးမှ
စိတ်ကူးမရှိဘူးမလား။ငါကနင့်အတွက် မရှိ
မဖြစ်သာဆိုရင် နင်ငါ့ကိုလွယ်လွယ်နဲ့လမ်း
မခွဲပေးပဲ ဆွဲထားမှာပဲ"

ထင်ထားတာနဲ့ ခြားနားစွာ လမ်းခွဲခြင်းကို
အဆင်သင့်ဖြစ်နေသည့်သူ့ပုံစံက စိတ်ထဲ
မခံမရပ်နိုင်ပဲဘာကိုဒေါသထွက်နေမှန်းမသိ
ဖြစ်စေသည်။အနိုင်လိုချင်တဲ့ မိန်းကလေး
သဘာဝမို့ပဲ သူမူယာ့ကိုမပြတ်ပေးပဲဆွဲထား
မှာကို တောင်းပန်မှာကိုလိုချင်နေတာလား။

"ကိုယ့်ထက်သာတဲ့ကောင်ဆီ သွားချင်နေ
တယ်ဆိုရင်လည်း မင်းဘဝပျော်ရွှင်ဖို့ကိုယ်
ဆုတောင်းပေးတယ်။အဲ့တာမင်းအတွက်
စိတ်ရင်းနဲ့ ဆုတောင်းပေးတဲ့ ကိုယ့်ရဲ့
နောက်ဆုံးသံယောဇဉ်ပဲ။မူယာ မင်းကိုအမုန်း
တွေနဲ့ ကိုယ်လမ်းမခွဲချင်ဘူး"

စကားအကုန်ပြောပြီး ပြန်ဖို့အဆင့်သင့်ဖြစ်
နေတဲ့သူ့ပုံစံ ကိုနောက်ဆုံးကြည့်ပြီးပျက်
ယွင်းနေသည့် မျက်နှာကိုပြင်ကာ မျက်ရည်
ကြည်တွေကိုသုတ်ဖယ်ပြီး နှုတ်ခမ်းထက်
အပြုံးတစ်ခုဆင်မိသည်။ဒီထပ်ပိုပြီး ပြောစရာ
စကားလုံးတွေ မလိုအပ်တော့ဘူးထင်ပါတယ်။

"ငါတောင်းပန်ပါတယ် စစ်ကြောင်း"

"မလိုပါဘူး ကိုယ်အဆင်ပြေမှာပါ။မင်းအရင်
သွားမလား ကိုယ်အရင်သွားရမလား"

"ငါဆက်ထိုင်ချင်နေသေးတယ်"

ချက်ချင်းထရပ်လိုက်တဲ့ သူကမူယာကို
နောက်ဆုံးအနေနဲ့တောင် နှုတ်ဆက်ဖို့
တစ်ချက်လေးလှည့်မကြည့်။

"အဲ့တာဆိုရင်လည်း တစ်ယောက်တည်း
သိပ်ကြာကြာတော့မနေနဲ့ ကိုယ်အရင်သွားပြီ"

လှည့်ထွက်သွားတဲ့ သူ့ကျောပြင်က ဒီလူကို
အပြီအပိုင်ဆုံးရှုံးလိုက်ရပြီဆိုတဲ့စိတ်ဝင်လာ
တော့ ကိုယ့်ကိုကိုယ်မှန်လားမှားလား ဝေခွဲ၍
မရ။တစ်ဖြည်းဖြည်းဝေးကွာ သွားတဲ့
ကားသံကိုနားထောင်ရင်း ထင်ထားသလိုမျိုး
ရင်ထဲမှာ မပေါ့ပါးနေ။

စစ်ကြောင်း နင်ဟန်ဆောင်နေတာ ငါသိပါ
တယ်။နင်တစ်ကယ်ပဲ ဘာမှမဖြစ်ဘူးဆိုရင်
ငါတို့နှစ်ယောက် တွဲခဲ့တဲ့သက်တမ်းက
လှောင်ရယ်စရာဖြစ်သွားလိမ့်မယ်။
ယောကျာ်းမာနနဲ့ နင်ငါ့ကိုနည်းနည်းလေး
တောင်မှမဆွဲထားဘူးနော်။ငါ အနည်းဆုံး
တော့ နင့်ဆီကနေ မပြတ်ပေးဘူးဆိုတဲ့
စကားကိုမျှော်လင့်ခဲ့သေးတယ်။

မာနချင်းပြိုင်မှတော့ အချစ်မရှိခဲ့တဲ့ငါ့တို့
ပတ်သက်မှုက အဆုံးသတ်ပေါ့ဟာ။
နင်ပြောသလိုပဲ ငါတို့နှစ်ယောက်ကြားက
သံယောဇဉ်ကတော့လွယ်လွယ်ကူကူ
မဟုတ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါ့ကိုမမုန်း
လိုက်ပါနဲ့။

............................................................................................................................................................………………

ကန်တင်းထဲဝင်ဝင်ချင်းလူတွေ နည်းနည်း
များနေသည်မို့ သုံးယောက်သား စားပွဲနေရာ
ရအောင်မနဲထိုင်လိုက်ရသည်။အတန်းနှစ်ချိန်
ဆက်ပြီးတာနဲ့ ကန်တင်းသွားဖို့မလိုက်တော့
ဘူးဆိုတာကို ဒီနှစ်ယောက်ကအတင်းဆွဲ
ခေါ်လာတာ။အတန်းအပြင်မထွက်ရတာလည်း
ကြာနေပြီမို့လို့ ကျောင်းဝင်းထဲအေးအေးချမ်း
ချမ်းလျှောက်သွားရတာ စိတ်နှလုံးပေါ့ပါးနေ
သည်။

နေရာရတာနဲ့တစ်ပြိုင်နက် မေမီတစ်ယောက်
မီနူးကောက်ကိုင်နေပြီ။အစားဆိုရင်တော့
ကျွန်တော်တို့က တိုင်ပင်စရာမလိုဘူး။

"ဒီနေ့ ဘာစားရင်ကောင်းမလဲ။အင်
ရှမ်းခေါက်ဆွဲပဲ စားတော့မယ်။နင်တို့ရော"

"ငါက သီးစုံထမင်းကြော်"

"ဆုလာဘ်နင်ရော"

"လက်ဖက်ထမင်း ကြက်ဥမယူဘူး"

"ဘယ်လောက်မှ ကွာတာလည်းမဟုတ်ဘူး
ဆုလာဘ်ရယ် ကြက်ဥလေးတော့ထည့်လိုက်
ပါဟာ ငါတို့ကိုမြိုမကျအောင်မလုပ်နဲ့"

စိတ်ဆင်းရဲနေတဲ့ အသံနဲ့ပြောနေတဲ့မေမီကို
ပြိုင်မငြင်းချင်တော့ပဲခေါင်းညိတ်လိုက်တော့
ဘေးကနေ မှာတာတွေလိုက်မှတ်နေတဲ့
အဒေါ်ကြီးက ကျွန်တော့်ကိုကြည့်ပြီးရယ်သွား
သည်။မေမီမ သဘောကျပြီး ပြောင်နေတာကို
စိတ်ပျက်ပျက်နဲ့ ဘာမှမပြောတော့ပဲ ရည်မွန်
ကိုကြည့်လိုက်တော့ ဖုန်းကိုမျက်နှာကမခွာပဲ
စာတွေပို့နေပြန်သည်။ကိုဝဏ္ဏနဲ့စကားပြော
နေတာဖြစ်မှာပေါ့။ကျွန်တော်နဲ့မေမီ လည်း
နားလည်ပေးကာ နောက်ပိုင်းဘာမှမပြောဖြစ်
တော့။ရည်မွန်ပြောပြထားသလိုပဲ အဲ့ဒီကိုဝဏ္ဏ
က ရည်မွန့်ကိုအလေးထားပြီးလိုက်နေသည်
ဆိုတာ ဘေးကနေကျွန်တော်တို့တွေမြင်ခဲ့
ရတယ်။တစ်ကယ်ချစ်သူတွေ ဖြစ်သွားကြရင်
လည်း ဘာမှပြောစရာမရှိတော့ပါဘူး ဘယ်
လောက်ပဲ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ဖြစ်
ဝင်မပါသင့်တော့ဘူးလေ။ဒီလောက်အချိန်တို
လေးအတွင်းမှာ သူတို့ချင်းတစ်ယောက်ကို
တစ်ယောက်အဲ့လောက်ထိ ရင်းနှီးသွားကြ
မယ်ဆိုတာ ကျွန်တော်ရောမေမီပါမထင်ခဲ့
မိတာတော့ အမှန်ပင်။ရည်မွန်အိမ်က သိသွား
မှာတစ်ခုကိုပဲအခု ကျွန်တော်တို့စိတ်ပူနေ
ရတော့သည်။

"ဟဲ့ ချမ်းမြေ့ ငါတို့ဒီမှာ"

မှာထားတာတွေ လာချပေးမှာကိုသုံးယောက်
သားစောင့်နေကြတုန်း ချမ်းမြေ့ကမေမီဆီကို
ဖုန်းဆက်လာပြီး ထိုင်နေသည့်ကန်တင်းကို
မေးကာမကြာခင်ပင်ရောက်လာသည်။ချမ်းမြေ့
ပုံစံကြည့်ရတာ ပြေးလာလို့မောနေတဲ့ပုံစံနဲ့
ကျွန်တော်တို့ဝိုင်းမှာ ခုံတစ်ခုံဆွဲပြီးဝင်ထိုင်
လိုက်သည်။

"ဆုလာဘ် ငါ့ကိုရေနည်းနည်းတိုက်စမ်းပါ။
ငါ မောလို့သေတော့မယ်"

"အင်း သောက်လေ"

ကျွန်တော်သောက်မယ်ဆိုပြီး ထည့်ထားသည့်
ရေခွက်ကို ချမ်းမြေ့ကတောင်းတော့ပေး
သောက်လိုက်သည်။တစ်ဆက်ထဲမှာထားတာ
တွေလာချပေးတော့ ကျွန်တော့်မျက်လူံးတွေ
အရောင်လက်သွားပြီး ဇွန်းနဲ့ခရင်းကောက်
ကိုင်ရင်း ကျွန်တော့်လက်ဖက်ထမင်းပန်းကန်
ကိုသာ အကြည့်မခွာတမ်းဖြစ်နေရသည်။

"နင်တို့က မှာပြီးကြပြီလား"

"အေး မသိဘူးလေဟယ် နင်ကမနက်ပိုင်း
မလာတော့အတန်းမတက်တော့ဘူးထင်
နေတာ"

"အဒေါ် ဒီမှာကျွန်တော့်ကိုထမင်းပေါင်းတစ်ပွဲ။
နင်တို့ဆီက ငါ့နည်းနည်းအရင်ကျွေးကြနော်
ဗိုက်တော်တော်ဆာနေပီ"

"အင်း စားလေဟဲ့ ပြောစရာလား။ပြီးရင်နင့်
ထမင်းပေါင်းလဲပြန်ကျွေး"

ချမ်းမြေ့က ကျွန်တော်တို့သုံးယောက်ဆီ
ကနေ ဇွန်းကိုင်ကာတစ်လှည့်ဆီယူစားနေပြီး
ကျွန်တော်လည်း ဗိုက်ဆာနေပြီမို့ ခေါင်းမ
ဖော်တမ်းငုံ့စားနေလိုက်သည်။

"ချမ်းမြေ့ နင်ဒီနေ့ဘာလို့အဲ့လောက်
တောင်နောက်ကျနေတာလဲ"

"မပြောနဲ့ ကျောင်းလာဖို့အိမ်မှာငါ့ကိုလိုက်ပို့
မဲ့သူမရှိလို့ တက်စီငှားပီးလာရတယ်။ဒါနဲ့
ဒီနေ့ ငါ့မှာနင်တို့ကိုပြောပြဖို့သတင်းထူး
အရမ်းအရမ်း အရေးကြီးတဲ့သတင်းထူး
ရှိတယ်"

"ဟဲ့ ဘာလဲ ဘာလဲ။အရမ်းတွေသိချင်နေပီ"

ကျွန်တော်က သူတို့ပြောနေတာကို
ဂရုမစိုက်နိုင်ငုံ့စားနေတုန်း မေမီတစ်ယောက်
စားလက်စပင်ရပ်ပြီး ချမ်းမြေ့ကိုသိချင်လွန်း
နေသည့်မျက်နှာပေးနှင့်။ပြောချင်လွန်းအား
ကြီးနေသည့်ချမ်းမြေ့ကလည်း လည်ချောင်း
ရှင်းဖို့ရေတွေဘာတွေတောင် သောက်ပြီး
တစ်ခြားသူတွေကို မကြားစေချင်တဲ့ပုံစံနဲ့
လက်ကာပြီး ခေါင်းက စားပွဲအလယ်ကိုတိုး
လာသည်။

"ကိုမင်းစစ်ကြောင်းနဲ့ အစ်မနန်းမူယာတို့
ပြတ်သွားကြပီတဲ့"

"ဟင်"

'ဟယ် ဘယ်လို"

မေမီနဲ့ရည်မွန်ရဲ့အံ့သြသံနဲ့အတူ ကျွန်တော့်
လက်ထဲက ဇွန်းကလည်းရပ်တန့်သွားရ
သည်။ချမ်းမြေ့ကို ခေါင်းမော့ကာပြန်ကြည့်
ကြည့်မိတော့လည်း နောက်နေသည့်ပုံစံနှင့်
မတူ။

"ဟဲ့ ဟုတ်လို့လား သူတို့တွဲလာတာနှစ်ကြာ
နေပီမလား။ရုတ်တရက်ကြီး ဘာလို့ပျက်သွား
တာလဲ ဟုတ်ရောဟုတ်ရဲ့လား ငါတော့ဘာ
သတင်းမှမကြားမိပါဘူး နင့်အစ်ကိုပြောပြ
တာလား"

"ဘယ်ကသာ ငါ့အစ်ကိုလားပြောပြမှာ။ငါက
အဲ့အစ်မ သူငယ်ချင်းတွေနဲ့ခင်တဲ့သူဆီက
ခိုင်လုံတဲ့ရပ်ကွက်ကနေ သတင်းရထားတာ။
သေချာပါတယ်ဆိုနေမှ ကျောင်းမှာဘယ်သူ
မှတော့ သိပ်မသိကြသေးဘူး"

"ဟမ် တစ်ကယ်ကြီးလား ဘယ်လိုဖြစ်သွား
ကြတာလဲ သူတို့နှစ်ယောက်ကအဘက်
ဘက်ကလိုက်ဖက်နေလို့ အကုန်လုံးက
အားကျနေတာ။ကိုမင်းစစ်ကြောင်းကလည်း
ရည်းစားများခဲ့တယ်လို့သာ သတင်းထွက်
ထားတာ ဒီအစ်မကြီးကိုတော့နှစ်တွေကြာပြီး
အတည်တွဲတဲ့ပုံပဲ။နှစ်ယောက်က နေနဲ့လ
ရွှေနဲ့မြလိုလိုက်လို့ငါတောင် သဘောကျနေ
သေးတယ်"

သူနဲ့လည်းမဆိုင်ပဲ စိတ်ညစ်သွားသလိုပြော
နေပြီး သက်ပြင်းတွေဘာတွေတောင်
ချနေတဲ့မေမီနဲ့အတူ ချမ်းမြေ့ကအပြောမရပ်
သေးပဲ တိုးတိုးဆိုတဲ့သဘောနဲ့ ကျွန်တော်
တို့ကိုစားပွဲအလယ်မှာ ခေါင်းချင်းဆိုင်ရ
အောင်ဆိုတဲ့ သဘောနဲ့အချက်ပြနေသည်။
သူများအကြောင်း နားထောင်ရမယ်ဆိုရင်
အဲ့လောက်ထိစိတ်ဝင်စားကြတာ ဟိုနှစ်
ယောက်ကချမ်းမြေ့နဲ့အတူ ခေါင်းချင်းဆိုင်
နေတော့ ကျွန်တော်လဲဘုမသိဘမသိနဲ့
အရှေ့တိုးလိုက်ရတယ်။

ချမ်းမြေ့က မပြောခင်သူများတွေသတိထား
မိလားဆိုတာ ဟိုဟိုဒီဒီလိူက်ကြည့်နေပြီး။

"ငါကြားထားတာ အစ်မကြီးကသူ့အိမ်က
သဘောတူပေးစားတဲ့သူကို သဘောကျလို့
ကိစစ်ကြောင်းကိုသူ့ဘက်ကအရင်စဖြတ်
လိုက်တာတဲ့။ကိုစစ်ကြောင်း အခုကျောင်းကို
လုံးဝမလာတော့ဘူးတဲ့"

တစ်ခြားသူတွေမကြားရအောင် လေသံ
တိုးတိုးနဲ့ချမ်းမြေ့ရဲ့ စကားသံနောက်မှာ
ကျွန်တော်ဘာဖြစ်သွားမှန်းမသိပဲ ခေါင်းကို
အနောက်ဆုတ်လိုက်မိသည်။မျက်လုံးထဲသူ့အလိုလို မြင်ယောင်လာတာကဟိုလူရဲ့
မျက်နှာ။

"ဟယ် ဟုတ်လို့လား ကိုမင်းစစ်ကြောင်းလို
သူကိုတောင် ထားခဲ့တာဆိုတော့ဘယ်လို
လူမျိုးမို့လို့လဲ ကိုမင်းစစ်ကြောင်းထက်
အများကြီးသာလို့လား"

"မန်းလေး ဆေးတက္ကသိုလ်က ဆေးကျောင်း
သားတဲ့"

"ချမ်းမြေ့ ဟိုမှာ အစ်မနန်းမူယာ"

ဆက်ပြောရန်ပြင်နေသည့် ချမ်းမြေ့ကိုမေမီက
အထိတ်တလန့်နဲ့ အသံတိတ်နေရန်အချက်
ပြပြီး ကျွန်တော်တို့ထိုင်နေတဲ့ကန်တင်းထဲ
ဝင်လာသည့် အစ်မတစ်စုကိုကျွန်တော်ကြည့်
လိုက်မိတဲ့အချိန်။

ဟိုအစ်ကိုကြီးရဲ့ ကောင်မလေးဆိုတာဒီအစ်မလား။တစ်ကယ်ကိုပဲ ကန်တင်းထဲမှာထိုင်နေ
တဲ့ယောကျာ်းလေးတစ်ချို့တောင်ကြည့်နေကြတဲ့အထိမော်ဒယ်မင်းသမီးလို တော်တော်
လေးချောပြီးလှတဲ့အစ်မကြီးပဲ။မေမီပြောသ
လိုပဲ နှစ်ယောက်က အတူသာတွဲသွားမယ်
ဆိုရင်အကုန်ငေးပြီး တော်တော်လေးလိုက်မှာ။
ဒီလိုမျိုး ချောချောလေးရထားတာတောင်
ခင်ဗျားက ဘာတွေလုပ်နေလို့ ကိုယ့်ရည်းစား
တစ်ယောက်လုံးသူများလက်ထဲပါသွားရတာ
လဲဗျာ။

ကျွန်တော်လည်း ဘယ်ကနေဘယ်လိုစိတ်
မကောင်းဖြစ်သွားလဲမသိတော့ပဲ လက်ဖက်
ထမင်းပြန်ငုံ့ စားနေလိုက်ပေမဲ့ မေမီနဲ့
ချမ်းမြေ့ကတော့ ခေါင်းခြင်းဆိုင်ပြီးတိုးတိုး
တိုးတိုးနဲ့ဘာတွေ ပြောနေမှန်းမသိ။

ကျွန်တော်ကတော့ မသိပါဘူး။သူများသမီး
ရည်းစားပြတ်တာ ကိုယ့်အပူဘာပါလို့လဲ။
သူတို့ဘာသာ နမယ်ကြီးအတွဲမကလို့ဘာပဲ
ဖြစ်ဖြစ် ဘယ်လိုပြတ်ကြလဲဆိုတာသူတို့ပဲ
အသိဆုံးဖြစ်မှာပဲ။တစ်ကယ်ပဲ ထားခဲ့ခံရ
တယ်ဆိုရင်တော့ ကျွန်တော့်ကိုမုန့်ဝယ်
ကျွေးထားတဲ့သူဖြစ်လို့ ဟိုအစ်ကိုကြီး
အတွက် စိတ်မကောင်းပါဘူး။ဒါနဲ့ခုနက
ချမ်းမြေ့ပြောတာကြားလိုက်တာ ဆေးကျောင်းသားဆိုလားပဲ။

"အမေ့"

ရုတ်တရုတ်ထွက်သွားသည့် ယောင်လိုက်မိတဲ့အသံနဲ့အတူကျွန်တော့်လက်တစ်ဖက်မှာ
စပ်ဖျင်းဖျင်းနာကျင်မှု တစ်ခုခံစားလိုက်ရသည်။
အားလုံးစားလို့ပြီးတော့ ကျွန်တော်တို့လေး
ယောက်ဆိုင်ထဲကနေ ပြန်ထွက်မလို့
လျှောက်လာနေတုန်းအပါက်ဝနားက စားပွဲမှာသူ့သူငယ်ချင်းတွေနဲ့ထိုင်နေသည့် အဲ့ဒီ
နန်းမူယာဆိုတဲ့အစ်မက သူ့လက်ကိုင်အိတ်
ကိုခုံပေါ်ကနေ လွှဲယူလိုက်တဲ့အချိန်နဲ့ဘေးမှာ
ကျွန်တော်လျှောက်လာတဲ့အချိန်တိုက်ဆိုင်
သွားတာ။ဖြစ်ချင်တော့ သူ့လက်ကိုင်အိတ်
ဆီကဘာအချွန်တွေနဲ့ ကျွန်တော့်လက်သွား
ထိမိလဲမသိဘူး။

"အို့ sorry"

ကျွန်တော့်ကိုတစ်ချက်သာ လှည့်ကြည့်လာ
ကာသာ အရေးမကြီးသလို သူ့သူငယ်ချင်း
တွေဘက်လှည့်ပြီးစကားပြနိပြောနေတဲ့
အစ်မနန်းမူယာ။

ဘေးကမေမီက ကျွန်တော့်ကိုဘာဖြစ်သွားလဲ
လိုက်ကြည့်နေေတော့မမေးခင် ကျွန်တော်
ဘာမှမဖြစ်သလိုနဲ့ပြုံးလိုက်ပြီး ဆိုင်ထဲက
ထွက်လာခဲ့လိုက်သည်။နည်းနည်းဝေးဝေး
ရောက်မှ ကျွန်တော့်လက်ဖမိုးကျွန်တော်
ပြန်ကြည့်တော့ သွေးမထွက်သွားပေမဲ့
လွှဲရိုက်ခံရလိုက်သလို အချွန်နဲ့ထိသွားတာ
ကြောင့် နီရဲလာသည်။

"ဆောရီးပြောတဲ့ မျက်နှာပုံစံကြီးကလည်း
ဘာလဲ ဒီအစ်မကအပြင်မှာဒီလိုကြီးလား။ငါကfbမှာသူ့ ပုံလေးတွေသဘောကျလို့
ကျောင်းမှာနမယ်ကြီးကွင်းမို့လို့role
modelတောင် ထားထားတာ"

ကျွန်တော့် ဘေးကနေလိုက်လာတဲ့မေမီက
ချမ်းမြ့ကိုမကျေမချမိးနဲ့ ပြောနေတာကို
မပြောနဲ့တော့လို့ ခေါင်းခါပြသော်လည်း
စာကလေးမက ကျွန်တော့်အစားစိတ်တိုနေ
သည့်ပုံ။

"ဆုလာဘ် နင့်လက်နာသွားတာလား"

"ဟမ် ဘယ်မှာလဲ ပြအုံးငါ့ကို။နီရဲနေတာပဲ
ဆုလာဘ်နင်တော့ အဲ့တာဘာလို့မပြောပဲ
အသံတိတ်နေတာလဲ။နင့်အသားကဖြူတာ
နဲ့ ရဲတက်လာပြီ။ဟိုအစ်မကလည်းဘေးမှာ
လူလာနေတာ နည်းနည်းပါးပါးမကြည့်ဘူး"

လက်တစ်ဖက်နဲ့ဖိပြီးဖုံးထားတာတောင်
ခုဏကထိသွားတဲ့နေရာမှာ ကျွန်တော့်
အသားတွေ နီရဲလာတာကိုရည်မွန်ကတွေ့
သွားတော့ ခေါင်းခါပေမဲ့လည်းမရတော့။
မေမီကပါဘေးနားကပ်လာပြီး ကျွန်တော့်
လက်ကိုလိုက်ကြည့်ကာ စိတ်တွေတိုနေတော့
နာနေသည့်ကြားက ကျွန်တော့်သူငယ်ချင်း
တွေကို ကြည့်ပြီးပြုံးမိရသည်။

"ငါဘာမှမဖြစ်ပါဘူး နောက်သူ့ဘာသာ
ပျောက်သွားမယ်။မတော်တဆဖြစ်တာပဲဟာ
မပြောနဲ့တော့"

ကျွန်နော့်ကို ကလေးတစ်ယောက်လိုမျိုး
ဘေးမှာဝိုင်းပြီး စိတ်ပူနေကြသည့်မေမီနဲ့
ရည်မွန်ကို ချမ်းမြေ့ကပါကြည့်ပြီးရယ်နေ
တော့ ကျွန်တော်ရှက်ရှက်နဲ့ချမ်းမြေ့ကို
ရယ်ပြလိုက်ရသည်။ကျွန်တော့်သူငယ်ချင်း
တွေကအဲ့ဒီလိုပါဆို သူတို့ထက်လည်းငယ်
တော့ ကျွန်တော့ကိုနည်းနည်းလေးဖြစ်တာနဲ့
ဆူပူပြီး ဂရုစိုက်ကြတာ။

ကျောင်းဝင်းထဲမထွက်ရတာလည်း ကြာတော့
ပြန်တဲ့လမ်းတစ်လျှောက်ကျွန်တော်တို့
လေးယောက် တော်ရုံနဲ့ စာသင်ဆောင်ကို
ပြန်မရောက်။ဒီနားမှာခဏထိုင်မယ်ဆိုပြီး
နေနေလိုက်တာ နောက်တစ်ချိန် အတန်းမမှီ
မှာစိုးလို့ပြေးကြရတဲ့အထိပါပဲ။ကျောင်းသား
ဘဝအမှတ်တရတွေဆိုတာ ဒီလိူအချိန်လေး
တွေပဲထင်ပါတယ်။

_______________________

အိမ်ရှေ့မှာရပ်လိုက်သည့် ကိုဇော့်ကားသံ
ကြားသည်နှင့် ကျွန်တော်စာအုပ်တွေသိမ်းပြီး
အဖေ့ကို ခွင့်တောင်းပြီးတာနဲ့အိမ်ထဲက
အမြန်ပြေးဆင်းလာခဲ့သည်။အဖေက ဘာမှ
မပြောသော်လည်း တီဗီကြည့်နေရာကနေ
အန်တီဆွေကတော့အိမ်ပေါက်ဝကိုကြည့်နေ
တော့ ကိုဇော်အိမ်ထဲမဝင်လာအောင်အမြန်
ပြေးရတယ်။အငယ်လေးကတော့နောက်ဖေး
မှာ မလုံးနဲ့ဘေးအိမ်ကလာပို့ထားသည့်
မုန့်လုစားနေကြသည်မို့ ကားသံမကြားတာ
တော်သေးသည်။

ခြံပြင်ရောက်ရောက်ခြင်းပင် ကိုဇော်က
ကားပေါ်ကဆင်းပြီးနေပြီး အိမ်ထဲဝင်ဖို့ပြင်
နေသောကြောင့် လက်တစ်ကာကာနဲ့တား
ရ၏။

"ဘာလို့ပြေးလာတာလဲဆုလာဘ် ဦးလေး
အိမ်ထဲမှာရှိတယ်မလား မတွေ့ရတာကြာပြီ
ခဏလောက်ဝင်ပြီး စကားပြောရအောင်။
အငယ်ကောင်ရော ဘာလုပ်နေလဲ"

"မ မဝင်နဲ့တော့"

"ဘာဖြစ်လို့လဲ"

အရှေ့ကနေကာပြီး အလျင်မြန်တားမိသည်ကို
ကိုဇော်က နားမလည်သလိုကြည့်နေတော့
ချက်ချင်းပြုံးပြလိုက်ရသည်။မတတ်နိုင်ဘူး
တားရမှာပဲ  ကိုဇော်ကအဖေနဲ့အငယ်လေး
ကိုတွေ့ချင်လို့အိမ်လာတိုင်း အန်တီဆွေက
အမျိုးစုံမေးနေတာ မပြီးတော့။ကိုဇော်
အကြောင်း အန်တီဆွေသာပွဲစားမျက်လုံးနဲ့
သိသွားရင် ရပ်ကွက်ထဲကသူတွေဆီပါပြန့်
သွားလို့ အဲ့ဒီအခါဘာမှလုပ်လို့မရတော့ဘူး။

"မဝင်နဲ့တော့အထဲမှာ အန်တီဆွေပါရှိနေ
တယ်။ပြီးရင် အမေးအမြန်းကလဲများတာနဲ့
ကိုဇော်က အားနာပြီးပြန်ဖြေနေရအုံးမယ်"

"အဲ့တာဆိုလည်း ဒီမှာပဲထိုင်ပြီးစကားပြော
ရအောင် ဆုလာဘ်"

သက်ပြင်းတွေချပြီး ကျွန်တော်တို့အိမ်ရှေ့
အုတ်တံတိုင်းနဲ့ကပ်ရပ်မှာ လုပ်ထားသည့်
သစ်သားထိုင်ခုံတန်းမှာ ဝင်ထိုင်လိုက်သည့်
ကိုဇော်က အရင်ကနဲ့မတူမျက်နှာမကောင်း
ပေ။ညနေမှောင်ရိပ်သန်းနေပြီမို့ နေအလင်း
ရောင်ကမရှိတော့ပဲ ကျွန်တော်လဲဘေးမှာ
ဝင်ထိုင်လိုက်ရသည်။လမ်းကြားမို့ဖြတ်သွား
ဖြတ်လာလဲ သိပ်မရှိ ကျွန်တော်တို့ကအိမ်ရှေ့
မှာအငယ်လေးနဲ့လဲ ဒီလိုပဲထိုင်ပြီးဆော့နေကြမို့လို့ သိပ်ပြီးမထူးဆန်းပါ။

ဘေးမှာထိုင်နေတဲ့ ကိုဇော်က တိတ်ဆိတ်လို့
အတော်ကြာသည်အထိ ဘာမှမပြောတော့
ကျွန်တော်လဲဘယ်က စကားစရမည်မသိ။
ကျွန်တော့်ကိုဖုန်းဆက်ထဲက အိမ်လာခဲ့
မယ်ပြောထားတဲ့ကိုဇော့်အသံ သိပ်မကောင်း
ဘူး။ကျောင်းတက်နေရတာနဲ့ကျွန်တော်လည်းကိုဇော့်ဆီသွားမလည်ဖြစ်တာ ဒီရက်ပိုင်း
ကျွန်တော့်အစ်ကို ဘာဖြစ်နေတာလဲလေ။

"ကိုဇော် ဘာ ဘာဖြစ်လို့လဲ။စိတ်ညစ်စရာ
တွေရှိလို့လားကျွန်တော့်ကိုပြောလေ။အိမ်မှာ
အန်တီတို့နဲ့အဆင်မပြေလို့လား ဒါမှမဟုတ်ေ
ကျောင်းမှာ။ကျွန်တော့်ကိုပဲဖြစ်ဖြစ်ပြောပြလို့
ရတာပဲလေ ဒီလိုမျိုးမနေပါနဲ့"

"ဆုလာလ်"

"ဗျာ"

ကျွန်တော့်ကို ငုံ့ကြည့်လာတဲ့ကိုဇော့်မျက်နှာ
တွေက စိတ်ဓာတ်တွေကျနေသည်ဆိုသည်မှာ
အသိသာ။

"အိမ်ကကိုယ့်ကို ကောင်မလေးတစ်ယောက်နဲ့
စေ့စပ်ပေးဖို့ စီစဉ်နေကြပြီ"

"ဗျာ"

ကျွန်တော့် မျက်လုံးတွေပြူးကျယ်လာပြီး
ထိတ်လန့်ကာ ကိုဇော်ဘာလို့ဒီလိုဖြစ်နေလဲ
အကြောင်းအရင်းကို သိနေသလိုရှိပြီ။

ကိုဇော်ကသူ့ကိုယ်သူ ဘာလဲဆိုတာ
ကျွန်တော့်ကို ဝန်ခံပြောပြထားပေမဲ့
အခုချိန်ထိ တစ်ယောက်ထဲပဲနေခဲ့ပြီး
ဆရာဝန်ကောင်းတစ်ယောက် ဖြစ်ချင်တဲ့
သူ့ရည်မှန်းချက်လေးနဲ့ပဲ အသက်ရှင်နေတဲ့
သူတစ်ယောက်ပါ။ဘုရား ကျွန်တော့်အစ်ကို
ဘယ်လောက်တောင်အခက်တွေ့နေမလဲ။

"တစ် တစ်ကယ်ကြီးလား။ဘယ်လိုဖြစ်ပြီး
တော့ ကိုဇော်ဖွင့်ပြောပြလိုက်ပြီလား။
အန်တီတို့သိသွားကြလို့ဒီလောက်
ချက်ချင်းကြီး စီစဉ်ကြတာ"

"မဟုတ်ဘူး အမေတို့မသိသေးဘူး။ဖွင့်ပြောပြဖို့လဲ ကိုယ့်မှာသတ္တိမရှိဘူး ကိုယ့်အဖေရဲ့
အသိမိတ်ဆွေသမီးနဲ့မို့လို့ ချက်ချင်းကြီး
စီစဉ်ဖြစ်သွားတာ"

"အဲ့တာဆို ကိုဇော်အခုဘယ်လိုလုပ်မှာလဲ"

"ကိုယ်ငြင်းလိုက်ရင် ကိုယ့်မိဘတွေမျက်နှာ
ပျက်စရာဖြစ်မယ်။ပြီးရင် ကိုယ့်အဖေရောဂါ
တိုးလာမယ် ကိုယ့်ကို တစ်ခုမဟုတ်တစ်ခု
စိတ်အနေကြပ်အောင်လုပ်ကြမယ်။ကိုယ်
အဲ့ဒါတွေမခံစားနိုင်တော့ဘူး တစ်ကယ်ဘာ
လုပ်ရမယ် မသိတော့ဘူး ဆုလာဘ်"

သက်ပြင်းတွေအခါခါချပြီး အဝေးကိုကြည့်နေ
တဲ့ကိုဇော့်ပုံစံ ကကျွန်တော့်ရင်ထဲဘယ်လိုမှ
နေလို့မကောင်းတော့ပဲ ငိုချင်လာသည်။
ကျွန်တော့်ကို အမေမရှိတော့တဲ့အချိန်ကစ
ကျောင်းမှာ မျက်နှာမငယ်ရအောင်စောင့်
ရှောက်ပေးခဲ့တဲ့ကျွန်တော့်အစ်ကို အမြဲ
သူ့ညီလေးအရင်း တစ်ယောက်လိုမျိုး
သဘောထားပေးခဲ့ပြီး ကျွန်တော်ငိုနေတဲ့
အချိန်တိုင်း နှစ်သိမ့်ပေးခဲ့တဲ့ကျွန်တော့်
အစ်ကို။

အခုအရွယ်ရောက်လာတဲ့ အချိန်မှာ
ကျွန်တော်က ကျွန်တော့်အစ်ကိုအတွက်
ဘာမှပြန်မကူညီနိုင်ဘူးလား။

"ကိုယ့်ညီလေးကို စိတ်ညစ်အောင်ပြော
လိုက်မိပြီထင်တယ်။စိတ်ထဲမထားနဲ့ဆုလာဘ်
ကိုယ့်မှာ ဒီအကြောင်း ရင်ဖွင့်ပြောပြစရာဆို
လို့လည်း မင်းပဲရှိလို့"

"ကျွန်တော်သိပြီးနေမှ စိတ်ထဲမထားပဲ
ဘယ်လိုနေရမလဲ။အခုဘယ်လိုလုပ်မလဲ
ကိုဇော် အန်တီတို့ကိုအကြောင်းပြချက်
တစ်ခုခုပေးပြီးငြင်းရင်ရော ဥပမာ ကျွန်တော့်
မှာချစ်ရမဲ့သူရှိနေပြီးတို့ဘာတို့ ။ကိုဇော်
ကျောင်းမှာ သူငယ်ချင်းမိန်းကလေးတွေ
ဘာတွေတော့ရှိတယ်မလား သူတို့ကို
အကူအညီတောင်းပြီး ကိုဇော့်ချစ်သူအဖြစ်
ဟန်ဆောင်ပြီး အန်တီတို့နဲ့အရင်ပေးတွေ့
လိုက်ရင်ရော"

မနားတမ်းပြောလိုက်တဲ့ကျွန်တော့်စကားကို
ကိုဇော်က မျက်နှာမကောင်းရာကနေဟာသ
တစ်ခုကြားလိုက်ရသလို ရယ်သည်။

"ဆုလာဘ် မင်းကတော့လေ ဘယ်တော့မှ
ကလေးစိတ်ပျောက်မှာလဲ"

"ကျွန်တော်က အကြံဉာဏ်ပေးကြည့်တာကို"

"အခုချက်ချင်းကြီး စီစဉ်မှာတော့မဟုတ်သေး
ဘူး။တစ်ဖက်ကကောင်မလေး ကျောင်းပြီးမှ
စေ့စပ်ဖို့ကိစ္စဆွေးနွေးမယ်တဲ့။အခုကိုယ့်စိတ်
ထဲ ပိုပြီးနေရခက်နေတာက တစ်ဖက်က
မိန်းကလေးကို လိမ်ညာသလိုဖြစ်နေမှာပဲ
ကိုယ်စိုးရိမ်တယ်။ဒီအတောအတွင်း ကိုယ့်
မိဘတွေကို အမှန်အတိုင်းပြောပြနိုင်ဖို့ပဲ
ကိုယ်ဆုံးဖြတ်လိုက်ပြီ"

"ဖွင့်ပြောပြဖို့ကလွဲပြီး တစ်ခြားနည်းလမ်း
တစ်ကယ်မရှိတော့ဘူးလား။gayဖြစ်နေ
တယ်ဆိုတာနဲ့ပဲ ကိုဇော်ကလိမ်ညာသလို
ဖြစ်နေတယ်လို့ စိတ်ထဲမထားပါနဲ့။
ကျွန်တော်တို့ တစ်ခြားနည်းလမ်းတစ်ခု
စဉ်းစားကြည့်ကြမယ် ဆိုရင်ရော"

"မဖြစ်နိုင်တော့ဘူး တစ်ဖက်ကကောင်မလေး
ကလည်း ကိုယ်နဲ့စေ့စပ်ဖို့သူ့မိဘတွေ
စီစဉ်တာသဘောတူလိုက်ပြီ။ကိုယ့်ကို
အဘက်ဘက်က သဘောကျတယ်တဲ့။
ဟက် ကိုယ့်အမေကသူ့သားကိုဘယ်
လောက်အမွှန်းတင်ပြီး ပြောထားလဲတော့
မသိဘူး"

"ကိုဇော်လိုလူကို ဘယ်ကောင်မလေးက
ငြင်းမှာလဲဗျာ။အန်တီတို့သဘောတူထားတာ
ဘယ်ကကောင်မလေးလဲ ကိုဇော်နဲ့ရွယ်တူ
ပဲလား"

"မင်းတို့ ရတနာပုံကပဲ။အခုနောက်ဆုံး
နှစ်တက်နေတာ နမယ်က နန်းမူယာတဲ့"

"နန်းမူယာ ဟုတ်လား နမယ်လေးက
လှတယ်နော်။ဗျာ နန်းမူယာ"

ဒီနာမယ်ကို ရင်းနှီးနေတယ်ဆိုပြီးခေါင်း
တစ်ညိတ်ညိတ်နဲ့ ကျွန်တော်စဉ်းစားနေတုန်း
ရုတ်တရက်ကြောင်သွားကာ ပြောစရာတွေ
ဆွံ့အသွားရသည်။ဒီလောက်ထိတိုက်ဆိုင်။

နေ့ နေ့လည်ကချမ်းမြေ့ပြောနေတဲ့
အစ်မနန်းမူယာနဲ့ သဘောတူထားတဲ့
ဆေးကျောင်းသားဆိုတာ ကိုဇော်လား။

"ဘာဖြစ်လို့လဲ ဆုလာဘ်မင်းနဲ့သိလို့လား"

"မ မဟုတ်။အဲ့ဒီအစ်မက တစ်ကယ်ပဲ
ကိုဇော်နဲ့စေ့စပ်ဖို့သဘောတူလိုက်တာလား"

"အင်း သဘောတူတယ်တဲ့ သူ့မှာလည်း
ချစ်သူရည်းစားမရှိတော့ မိဘတွေ စကား
နားထောင်ပြီး"

"ဗျာ အစ်မနန်းမူယာမှာ ချစ်သူရည်းစားမရှိဘူး
ဟုတ်လား"

"အင်းလေ ဘာဖြစ်လို့လဲ"

"ဘာ ဘာမှမဖြစ်ပါဘူး"

ကိုဇော် ကနားမလည်သလိုကြည့်နေသည်ကို
အတွေးတွေနဲ့ ခေါင်းအမြန်ခါပြလိုက်ရသည်။

ကျွန်တော့် ခေါင်းထဲမှာလဲ အတွေးပေါင်းစုံနဲ့
ရုတ်တရက်ထိတ်လန့်ပြီး ဘာပြောရမှန်း
မသိတော့ပါ။ကိုမင်းစစ်ကြောင်းနဲ့လဲပြတ်
သွားပြီဆိုတော့ အဲ့ဒီအစ်မကသူ့မှာ
ချစ်သူမရှိဘူးလို့ပြောထားတာဖြစ်မှာပါ။
အဲ့ဒီအစ်မရဲ့ မိန်းကလေးသိက္ခာလဲရှိတော့
ကိုဇော်ကို အမှန်အတိုင်းပြောပြလို့
မဖြစ်ဘူး။

ရည်းစား ရှိခဲ့တာကိုသူ့အကြောင်းနဲ့သူ
မပြောပြတာက အပြစ်တော့လည်းမဟုတ်
ပါဘူး။ဒါပေမဲ့အဲ့ဒီအစ်မရည်းစားက
ကိုမင်းစစ်ကြောင်း ဖြစ်ခဲ့တာတော့အရမ်းကို
ထိတ်လန့် ကြောက်ရွှံ့စရာဖြစ်သွားပြီ။

ကိုဇော် ဘာလို့ဒီလောက်တောင် ကံဆိုး
ရတာလဲ။ကျွန်တော်တို့မန ္တလေးမြို့ကြီးထဲမှာ
ကောင်မလေးတွေ ဒီလောက်များတဲ့ထဲကမှ
ကိုမင်းစစ်ကြောင်းရဲ့ ကောင်မလေးကိုမှ
သွားထိရဲတယ်။မနက်က ကောင်မလေးထား
တာခံလိုက်ရတယ်ဆိုတာ ကြားလိုက်ရတော့
ဟိုလူအတွက် စိတ်မကောင်းဖြစ်သွားပေမဲ့
အခုစိတ်ပူရမှာ ကျွန်တော့်အစ်ကိုဖြစ်သွားပြီ။

အဲ့ဒီလူ ဒေါသထွက်ရင်ဘယ်လောက်
ကြောက်စရာကောင်းလဲ ကျွန်တော်အသိဆုံး။
ကျွန်တော့်ကိုတောင် သူ့ထက်အများကြီး
ငယ်ပြီးတစ်ကျောင်းထဲသားချင်း မို့လို့
အလျော့ပေးပြီးဘာမှမလုပ်တာ။ကျွန်တော့်
လိုမျိုးကလေးတွေနဲ့ ရန်ဖြစ်ဖို့စိတ်မဝင်စား
ပေမဲ့သူနဲ့ရွယ်တူဆိုရင် အဲ့အစ်ကိုကြီးက
အလျော့ပေးမဲ့ပုံမပေါ်ဘူး။ဘုရားသိကြားမလို့
ကိုဇော်ကိုတော့ သူ့ကောင်မလေးကိုဖြတ်လု
သွားတယ်ဆိုပြီး ရန်ငြိုးမထားပါစေနဲ့။
သူ့အနောက်မှာ တစ်ယောက်ထိရင်အကုန်
ပါတဲ့ သူ့သူငယ်ချင်းတစ်အုပ်ရှိပြီး ပိုက်ဆံ
ချမ်းသာတဲ့သူက ကိုဇော်ကိုမကျေနပ်ချက်
တွေနဲ့ချောင်းရိုက်တာတွေ ဘာတွေလုပ်
သွားရင်။

ကျွန်တော်အတွေးနဲ့တင် ထိတ်လန့်ပြီး
ကိုဇော်ကို အလန့်တကြားကြည့်လိုက်မိ
သည်။

"ကိုဇော် အခုတစ်လော အသွားအလာ
ဆင်ခြင်နော်။ဖြစ်နိုင်ရင်တစ်ယောက်ထဲ
ဘယ်ကိုမှမသွားနဲ့"

"ဘာဖြစ်လို့လဲ ဆုလာဘ်"

"ဒီအတိုင်း ဒီအတိုင်းပဲ။သတိဆိုတာ ပိုတယ်
မရှိဘူးကျွန်တော့် စကားကိုနားထောင်ပေး
ပါဗျာ"

ကိုမင်းစစ်ကြောင်းက အဲ့ဒီအစ်မကြီးကို
နှစ်နဲ့ချီပြီးတွဲခဲ့တယ်ဆိုတော့ တော်တော်
လေးချစ်ခဲ့မှာပဲ။ဘာပဲဖြစ်ဖြစ် ထားခဲ့ခံရ
တယ်ဆိုတော့ သူ့လိုလူမျိူးကယောကျာ်း
လေးချင်း မကျေနပ်တာတော့ဖြစ်ကိုဖြစ်
မှာပဲ။ကျောင်းတောင် လုံးဝမလာတော့တဲ့
အထိ ကိုမင်းစစ်ကြောင်း ခင်ဗျားအခုချိန်မှာ
ဘယ်လောက် ခံရခက်နေမလည်းဆိုတာ
ကျွန်တော်တွေးကြည့်ရုံနဲ့တင် နားလည်
ပါတယ်။ဒါပေမဲ့နဂိုထဲကမှ သူ့အကြောင်း
နဲ့သူစိတ်ဓာတ်ကျနေတဲ့ ကျွန်တော့်
အစ်ကိုကိုတော့ ခွှင့်လွှတ်ပေးပါဗျာ။ခင်ဗျားကောင်မလေးကို တမင်လုယူတာ
မဟုတ်ရပါဘူး။

မျက်နှာမကောင်းဆဲ ဖြစ်နေသည့်ကိုဇော်ကို
ကြည့်ကာကျွန်တော် ဆုံးဖြတ်ချက်တစ်ခု
ချလိုက်သည်။တစ်ခုခုဆိုရင်တော့ ကျွန်တော့်
အစ်ကိုကို ကျွန်တော်ကာကွယ်ရမယ်။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

860K 54K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
647K 56.6K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
124K 5.5K 40
"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလ...
258K 9.3K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...