[Zawgyi]
🎼 ယိမ္းႏြဲ႕ကာ တီးကြက္နဲ႔ အတူကစဥ္ ... လက္ခုပ္သံ စီးခ်က္လိုက္မွာလား ... ညီညီညာ ညင္းသြဲ႕သြဲ႕ အတာေရသဘင္ ပြဲရက္မွာ ယွဥ္ၿပိဳင္ရင္း ကကြက္မ်ိဳးစံုနဲ႔ ... ေဖာ္ေ႐ြစြာပင္ ဆီးလို႔ႀကိဳေနမယ္ ... လွမ္းလာခဲ့ေပါ့ကြယ္ ... ညစဥ္ရက္ဆက္အတူ ... ကဗ်ာေႏြဦး ေတးသြားအလွေတြနဲ႔ ... ကိုယ္ေလေမွ်ာ္ေနမယ္ 🎼
သၾကၤန္အေငြ႕အသက္တို႔ ဖုံုးလႊမ္းေနလ်က္ ေတးသီခ်င္းသံတို႔က တလူလူ ... မင္းျမတ္တို႔ ေရာက္ေနသည့္ေနရာက တစ္ျခားေတာ့ မဟုတ္ ... 1st semester မေျဖခင္ အႀကိဳ ျပဳလုပ္ေပးသည့္ ေက်ာင္းတြင္း သၾကၤန္ ... စာေမးပြဲမေျဖခင္ အျပတ္ကဲၾကမယ္ႀကံကာ မင္းျမတ္တို႔ တစ္ဖြဲ႕လံုး ေရာက္လာၾကျခင္း ... ဘြဲ႕နွင္းသဘင္ ခန္းမေရွ႕တြင္ ေဆာက္ထားသည့္ မဏၭပ္ေအာက္တြင္ မင္းျမတ္တို႔ တစ္ဖြဲ႕ လူေတာင္စံုေနၿပီ ... သူသူ ေတာ့မပါ ... သူသူက အက ပါထားသည္မို႔ သူသူ ကၿပီးလွ်င္ ေက်ာင္းထဲတြင္ အတူ လည္ၾကရန္ ေစာင့္ေနၾကျခင္း ... ေဘးမွာလည္းတစ္ျခားလူေတြက စင္ေပၚက သီခ်င္းသံေတြနဲ႔ ကခုန္ေနၾကသည္။ မင္းျမတ္တို႔လဲ သူသူ မပါေတာ့ ေယာက်ာ္းေလးေတြ ခ်ည္းပဲမလို႔ လူငယ္မ်ားပီပီ ေပ်ာ္ေပ်ာ္ပါးပါး ခုန္ေပါက္ေနေတာ့သည္။
စိတ္လြတ္ကိုယ္လႊတ္ ေပ်ာ္ပါးၾကရင္း မဏၭပ္ေပၚမွ သီခ်င္းသံ ရပ္သြားေတာ့ မင္းျမတ္တို႔ မဏၭပ္ေပၚလွမ္းၾကည့္လိုက္ေတာ့ သူသူတို႔ အဖြဲ႕ ကဖို႔အလွည့္ေရာက္လာလို႔ စင္ေပၚတက္လာၾကျခင္း ... ေနရာယူၾကေတာ့ သူသူက ေရွ႕ဆံုးက ... E major princess က ေရွ႕ဆံုးကေန ေနရာယူထားတာမို႔ မဏၭပ္ေအာက္ကေန အကုန္လံုး အားေပးသံမ်ားနွင့္ ပြဲစည္ကုန္ေတာ့သည္ ။ ၿငိမ္ေနရာမွ သီခ်င္းသံစလာလို႔ နားေထာင္ၾကည့္ေတာ့ EVERGLOW ရဲ႕ Dun Dun သီခ်င္း ... စလာကတည္းက သီခ်င္းကလဲ ခပ္ျမဴးျမဴး ေရွ႕ဆံုးက E major princess ဆိုေတာ့ ဘာေျပာေကာင္းမလဲ အကုန္လံုး ပြဲႂကြလာေတာ့သည္။ သူသူက sweat pant အနက္ေရာင္ေဘာင္းဘီနွင့္ သၾကၤန္အေရာင္ အဝါအစိမ္းစပ္အက်ႌ ခါးအတိုကို ဝတ္ထားေတာ့ စင္ေပၚတြင္ ထင္းထြက္ေနသည္။ ကလိုက္တိုင္း မာန္ပါပါ ...
ေဘးက ေဖယံကို မင္းျမတ္လွည့္ၾကည့္မိေတာ့ ခုနကလို ခုန္ေပါက္မေနေတာ့ပဲ စင္ေပၚက သူသူ႔ကိုသာ မ်က္ေမွာင္ႀကီး က်ံဳ႕ရင္း ၾကည့္ေနသည္။ သီခ်င္းကလဲ ခပ္ျမဴးျမဴးနဲ႔ ခုန္ေပါက္လို႔ေကာင္းတဲ့ သီခ်င္းမို႔ မဏၭပ္ေရွ႕လဲ လူက တျဖည္းျဖည္းနဲ႔ စည္လာသည္။ ဘြဲနွင္းသဘက္ခန္းမေရွ႕က ကြင္းျပင္က်ယ္က တစ္ေက်ာင္းလံုးနီးပါး ေက်ာင္းသူ ေက်ာင္းသားေတြ အတြက္ မက်ယ္တာေၾကာင့္ ၾကာလာတာနဲ႔ လူအရမ္းတိုးလာေတာ့သည္။ သူသူ ကေနတုန္း ေအာက္မွာ မင္းျမတ္တို႔ အုပ္စုက လူနံျပားျဖစ္ေတာ့မည္။ လူမ်ားလာေတာ့ တိုးရင္းႀကိတ္ရင္းနဲ႔ မင္းျမတ္တို႔ အုပ္စု ဘယ္အခ်ိန္က စၿပီးလူကြဲသြားလဲပင္ မသိလိုက္။ က်န္တဲ့ သံုးေယာက္ ဘယ္လိုက်န္ခဲ့လဲ မသိ ... မင္းျမတ္နဲ႔ ေသြးခန္႔က တစ္ဖြဲ႕ကြဲထြက္လာသည္။ လူကလဲ အရမ္းၾကပ္လာတာမို႔ မင္းျမတ္ အသက္ရွဴပင္ မဝေတာ့ ...
'ကိုျမတ္ ... လူက အရမ္းၾကပ္လာၿပီ ... ကိုယ္တို႔ အျပင္ထြက္ၾကမလား ... အျပင္ေရာက္မွပဲ ဟိုေကာင္ေတြကို ဖုန္းဆက္လိုက္ရေအာင္'
'အင္း ... အဲ့အႀကံေကာင္းတယ္ ကိုခန္႔'
မင္းျမတ္ အမွန္တကယ္ပင္ အသက္ရွဴရခက္လာတာမို႔ ေသြးခန္႔ ေျပာလာသည္ကိုပဲ ခပ္ျမန္ျမန္ သေဘာတူလိုက္ေတာ့သည္။ ထြက္မယ္သာ ေျပာတာ မင္းျမတ္ေရာ ေသြးခန္႔ေရာ လူအုပ္ၾကားထဲ ေရာက္ေနတာမို႔ ေတာ္ေတာ္နဲ႔ ထြက္ဖို႔ မလြယ္မွန္းလဲ မင္းျမတ္သိသည္။
'ကိုျမတ္ ... လူေတြက အရမ္းၾကပ္ေနတာ ... ကိုျမတ္ကို ေနာက္က ထားၿပီး ကိုယ္ အေရွ႕က အရမ္းတိုးေနရင္ လူထပ္ကြဲသြားလိမ့္မယ္'
'အဲ့တာလဲ ဟုတ္တယ္ ကိုခန္႔ ... ငါတို႔ ဘယ္လိုထြက္မလဲ'
ေသြးခန္႔ ေျပာတာလဲ ဟုတ္ေနတာမို႔ ေရစိုစို ေနပူပူၾကား မင္းျမတ္ အႀကံအိုက္ရေတာ့သည္။
'ကိုယ္အေနာက္ကေန ကိုျမတ္ ပုခံုးကို ကိုင္ထားေပးမယ္ ... တူတူတိုးၾကတာေပါ့'
'အင္း ကိုခန္႔'
ေသြးခန္႔ေျပာသည့္ အတိုင္းပဲ လုပ္စရာရွိေတာ့တာမို႔ မင္းျမတ္သေဘာတူလိုက္သည္။ ထြက္မည့္ဘက္သို႔ မင္းျမတ္ လွည့္လိုက္ေတာ့ ေသြးခန္႔ကလဲ ေနာက္ကေန ပုခံုးကို ထိန္းကိုင္ရင္း တိုးေပးသည္။ မ်ားစြာေသာ လူၾကားထဲ တိုးရင္းတိုးရင္း ေသြးခန္႔က လူထပ္ကြဲသြားၾကမွာ စိုးလို႔ထင္သည္ မင္းျမတ္ပုခံုးကို အားထည့္ကာ ဆုပ္ကိုင္လာတာမို႔ ၾကာေတာ့ မင္းျမတ္ ပုခံုးေတြပင္ နာလာသည္။
'ကိုခန္႔ ငါ ပုခံုးေတြနာလာၿပီကြ ... နည္းနည္း အားေလ်ာ့ပါဦးဟ ... ကြဲသြားလဲ ဘာမွမျဖစ္ဘူး အျပင္ေရာက္ရင္ ျပန္ေတြ႕မွာပါ'
'ဒီတိုင္း ကိုယ္တို႔ လူထပ္ကြဲသြားရင္ ကိုယ္က အေၾကာင္းမဟုတ္ေပမယ့္ ကိုျမတ္ တစ္ေယာက္ထဲ ျဖစ္ေနမွာစိုးလို႔႔ပါ'
ပုခံုးနာလာလြန္းလို႔ မင္းျမတ္လွည့္ေျပာလိုက္ေတာ့ ေသြးခန္႔ကလဲ ခပ္ေအးေအး ရွင္းျပလာသည္။ မင္းျမတ္လဲ ဘာမွ ထပ္မေျပာပဲ ေနတုန္း ေသြးခန္႔လုပ္လိုက္သည့္ အျပဳအမူေၾကာင့္ ခဏပင္ ခပ္ေတာင့္ေတာင့္ ျဖစ္သြားသလို ... တျခားေတာ့မဟုတ္ ေသြးခန္႔လက္ေတြက မင္းျမတ္ပုခံုးကို ထိန္းကိုင္ထားရင္းကေန ညာဘက္လက္က ေရွ႕ဆန္႔လာၿပီး မင္းျမတ္လည္ပင္းကို သိုင္းဖက္လာသည္။ သိုင္းဖက္ၿပီး တစ္ဖက္က ဘယ္ဘက္ပခံုးကို ဆုတ္ကိုင္ထားသည္။ ဘယ္ဘက္လက္ကေတာ့ မင္းျမတ္ရဲ႕ ဘယ္ဘက္ခါးကို အသာထိန္းကိုင္လိုက္သည္။
'ကိုျမတ္က ပုခံုးေတြ အရမ္းနာလာၿပီဆိုလို႔ ဒီလိုပဲ ဆက္သြားၾကမယ္ ... အျပင္လဲ ေရာက္ေတာ့မွာပဲ '
မင္းျမတ္ ခပ္ေၾကာင္ေၾကာင္ ျဖစ္ေနတုန္း ေသြးခန္႔က စကားဆက္ေျပာလာတာမို႔ အျမန္အဆန္သာ လူအုပ္အျပင္ကို တိုးထြက္ခဲ့လိုက္ေတာ့သည္။
________
🎼 Hit you with that Du-duu Du-duu Du-duu🎼
မင္းျမတ္နဲ႔ ေသြးခန္႔တို႔ ၾကပ္သိပ္ေနသည့္ လူအုပ္ႀကီးကို တိုးရင္း အျပင္ကိုပင္ေရာက္လာသည္။ အျပင္ကေန သူသူတို႔ ကေနသည့္ဘက္ လွမ္းၾကည့္ေတာ့ သီခ်င္းက remix ျဖစ္ပံုပင္ ... ခုခ်ိန္ထိ မၿပီးေသး ... မင္းျမတ္လဲ အျပင္ေရာက္ေနၿပီမို႔ ကြဲသြားသည့္ ကိုစိုင္းတို႔ သံုးေယာက္ကို ဖုန္းလွမ္းေခၚဖို႔ ဖုန္းထုတ္ေနတုန္း...
'ကိုျမတ္ ကိုယ္တို႔ တစ္ခုခုစားရင္းပဲ ေစာင့္ၾကမလား ကိုစိုင္းတို႔ ေဖယံတို႔ အျပင္ကို မေရာက္ေလာက္ေသးဘူး ... သီခ်င္းသံေတြနဲ႔ ဖုန္းေခၚလဲ သူတို႔ၾကားမွာမဟုတ္ဘူး'
'ဒီလိုပဲ လုပ္ၾကတာေပါ့ ... လူကြဲတာလဲ ေက်ာင္းထဲပဲမလို႔ ဘာမွ မျဖစ္ပါဘူး'
ေရကစို ေနကပူနဲ႔ လူအုပ္ထဲလဲ တိုးထားရေသးတာမို႔ မင္းျမတ္ အမွန္တကယ္ပင္ဗိုက္ဆာေနၿပီ ... ေသြးခန္႔ကလဲ မုန္႔စားရင္းေစာင့္ၾကဖို႔ ေျပာလာတာမို႔ မင္းျမတ္ဟန္ပင္ မေဆာင္နိုင္ေတာ့ ... ခ်က္ခ်င္းသေဘာတူလိုက္ေတာ့သည္။ မင္းျမတ္နဲ႔ ေသြးခန္႔ canteen ဘက္ေလွ်ာက္လာခဲ့ေတာ့ canteen မွာလဲ ေက်ာင္းသူ ေက်ာင္းသားေတြ က်ပ္သိပ္ေနသည္။ ထိုင္စရာဝိုင္းပင္ မက်န္ေတာ့ ...
'ကိုယ္တို႔ ေက်ာင္းေစ်းတန္းဘက္ကပဲ ဝယ္စားၾကတာေပါ့'
'အင္း'
canteen မွာလဲ တကယ္ထိုင္စရာမရွိတာမို႔ နွစ္ေယာက္သား ေက်ာင္းေစ်းတန္းဘက္ကိုသာ ဆက္ေလွ်ာက္လာေတာ့သည္။ ေက်ာင္းေစ်းတန္းဘက္ေရာက္ေတာ့လဲ လူမ်ားေနတာေၾကာင့္ လူထပ္တိုးရမည့္ အေရးကို မင္းျမတ္စိတ္ပ်က္လာရသည္။
'လူမ်ားေနတာ ဒီမွာပဲ ထိုင္ေစာင့္ေနလိုက္ေတာ့ ... ကိုယ္ပဲသြားဝယ္လိုက္ေတာ့မယ္'
မင္းျမတ္ပံုစံကို ကိုခန္႔ ရိပ္မိသည္ထင္ ... သူတစ္ေယာက္ပဲ သြားဖို႔ေျပာလာသည္။ မင္းျမတ္ ဘာမွေတာင္ ျပန္မေျပာရေသး ေစ်းတန္းဘက္ ေျပးထြက္သြားတာမို႔ မင္းျမတ္လဲ ေဘးနားက အုတ္ခံုေပၚမွာသာ ထိုင္ေစာင့္ေနလိုက္ေတာ့သည္။ ထိုင္ေစာင့္ေနရင္း ဘယ္ေလာက္မွမၾကာလိုက္ ေသြးခန္႔ေဖာ့ဘူး နွစ္ဘူးနွင့္ ေဖ်ာ္ရည္နွစ္ဘူးကိုင္ကာ ျပန္ေရာက္လာသည္။ ေဖာ့ဘူးတစ္ဘူးကို ေသြးခန္႔က လွမ္းေပးလာတာမို႔ ဖြင့္ၾကည့္လိုက္ေတာ့ ဘာဂါတစ္လံုး ...
'ဗိုက္ဆာေနမယ္ထင္လို႔ ကိုယ္လဲ ဗိုက္ျပည့္မယ့္ဟာပဲ အျမန္ဝယ္လာလိုက္တာ ... ကိုျမတ္လက္ထဲကဟာ ခရမ္းခ်ဥ္သီးမပါဘူး'
ေသြးခန္႔ေျပာကာမွ မင္းျမတ္လဲ လက္ထဲက ဘာဂါကို ျပန္ၾကည့္မိသည္။ အမွန္ပင္ ခရမ္းခ်ဥ္သီးမပါ ... ဘာဂါထဲတြင္ ခရမ္းခ်ဥ္သီး ပါတာကို မင္းျမတ္လံုးဝမႀကိဳက္ ... အနံကို မႀကိဳက္တာဆို ပိုမွန္သည္။ သူငယ္ခ်င္းတစ္ဖြဲ႕လံုးစုၿပီး မုန္႔သြားစားလို႔ ဘာဂါစားျဖစ္ရင္ မင္းျမတ္က ခရမ္းခ်ဥ္သီးေတြ ဖယ္ထုတ္တတ္သည္ကို ေသြးခန္႔ မွတ္ထားတာ ျဖစ္မည္။
'ေက်းဇူးပဲ ကိုခန္႔'
'အင္း'
ေသြးခန္႔လဲ ဆာေနတာျဖစ္မည္။ မင္းျမတ္ေဘးမွာ ဝင္ထိုင္ၿပီး သူ႔ဘာဂါဘူးကိုသာ ဖြင့္ကာစားေနသည္။ မင္းျမတ္လဲ ဘာမွဆက္ေျပာမေနေတာ့ပဲ ကိုယ့္ဘာဂါကိုသာ ယူစားလိုက္ေတာ့သည္။ ေရစိုေနတာေၾကာင့္ ေနပူေနေပမယ့္လဲ ၿငိမ္ၿငိမ္ထိုင္ကာ မုန္႔စားေနသည္မို႔ လက္အတိုအကြက္နဲ႔ ရိုးရိုးဂ်င္းေဘာင္းဘီသာ ဝတ္ထားတဲ့ မင္းျမတ္ ေလတစ္ခ်က္တစ္ခ်က္ေဝွ႔လိုက္လွ်င္ တုန္တုန္သြားေတာ့သည္။
'ေရာ႕ ဝတ္ထား ကိုျမတ္ ေအးေနၿပီမလား'
'ရတယ္ ကိုခန္႔ ... မင္းလဲ ေအးတယ္မလား '
'ကိုယ္ကရတယ္ ... ေအာက္က လက္ရွည္ဝတ္ထားတာ ... မေအးဘူး ... ဖ်ားမယ္ ဝတ္ထား'
ေသြးခန္႔က မင္းျမတ္ခ်မ္းေနတာကို သတိထားမိသည္ထင္သည္။ ဝတ္ထားတဲ့ သားေရဂ်ာကင္ကို မင္းျမတ္ဘက္သို႔ ခြၽတ္ေပးလာသည္။ မင္းျမတ္ထက္စာလွ်င္ ေသြးခန္႔က လက္ရွည္ပါတာမလို႔ မင္းျမတ္လဲ ဘာမွ ဆက္ေျပာမေနေတာ့ပဲ ေသြးခန္႔ဂ်ာကင္ကို ယူဝတ္ထားရင္း ဗိုက္ဆာဆာနဲ႔ လက္ထဲက ဘာဂါပဲ ဆက္စားေနလိုက္ေတာ့သည္။
________
အမွတ္တရေတြက ေႏြးေထြးတယ္ ...
To be continue ...
1st May,2020(Sun)
WhiteAster089
[Unicode]
🎼 ယိမ်းနွဲ့ကာ တီးကွက်နဲ့ အတူကစဉ် ... လက်ခုပ်သံ စီးချက်လိုက်မှာလား ... ညီညီညာ ညင်းသွဲ့သွဲ့ အတာရေသဘင် ပွဲရက်မှာ ယှဉ်ပြိုင်ရင်း ကကွက်မျိုးစုံနဲ့ ... ဖော်ရွေစွာပင် ဆီးလို့ကြိုနေမယ် ... လှမ်းလာခဲ့ပေါ့ကွယ် ... ညစဉ်ရက်ဆက်အတူ ... ကဗျာနွေဦး တေးသွားအလှတွေနဲ့ ... ကိုယ်လေမျှော်နေမယ် 🎼
သင်္ကြန်အငွေ့အသက်တို့ ဖုံးလွှမ်းနေလျက် တေးသီချင်းသံတို့က တလူလူ ... မင်းမြတ်တို့ ရောက်နေသည့်နေရာက တစ်ခြားတော့ မဟုတ် ... 1st semester မဖြေခင် အကြို ပြုလုပ်ပေးသည့် ကျောင်းတွင်း သင်္ကြန် ... စာမေးပွဲမဖြေခင် အပြတ်ကဲကြမယ်ကြံကာ မင်းမြတ်တို့ တစ်ဖွဲ့လုံး ရောက်လာကြခြင်း ... ဘွဲ့နှင်းသဘင် ခန်းမရှေ့တွင် ဆောက်ထားသည့် မဏ္ဌပ်အောက်တွင် မင်းမြတ်တို့ တစ်ဖွဲ့ လူတောင်စုံနေပြီ ... သူသူ တော့မပါ ... သူသူက အက ပါထားသည်မို့ သူသူ ကပြီးလျှင် ကျောင်းထဲတွင် အတူ လည်ကြရန် စောင့်နေကြခြင်း ... ဘေးမှာလည်းတစ်ခြားလူတွေက စင်ပေါ်က သီချင်းသံတွေနဲ့ ကခုန်နေကြသည်။ မင်းမြတ်တို့လဲ သူသူ မပါတော့ ယောကျာ်းလေးတွေ ချည်းပဲမလို့ လူငယ်များပီပီ ပျော်ပျော်ပါးပါး ခုန်ပေါက်နေတော့သည်။
စိတ်လွတ်ကိုယ်လွှတ် ပျော်ပါးကြရင်း မဏ္ဌပ်ပေါ်မှ သီချင်းသံ ရပ်သွားတော့ မင်းမြတ်တို့ မဏ္ဌပ်ပေါ်လှမ်းကြည့်လိုက်တော့ သူသူတို့ အဖွဲ့ ကဖို့အလှည့်ရောက်လာလို့ စင်ပေါ်တက်လာကြခြင်း ... နေရာယူကြတော့ သူသူက ရှေ့ဆုံးက ... E major princess က ရှေ့ဆုံးကနေ နေရာယူထားတာမို့ မဏ္ဌပ်အောက်ကနေ အကုန်လုံး အားပေးသံများနှင့် ပွဲစည်ကုန်တော့သည်။ ငြိမ်နေရာမှ သီချင်းသံစလာလို့ နားထောင်ကြည့်တော့ EVERGLOW ရဲ့ Dun Dun သီချင်း ... စလာကတည်းက သီချင်းကလဲ ခပ်မြူးမြူး ရှေ့ဆုံးက E major princess ဆိုတော့ ဘာပြောကောင်းမလဲ အကုန်လုံး ပွဲကြွလာတော့သည်။ သူသူက sweat pant အနက်ရောင်ဘောင်းဘီနှင့် သင်္ကြန်အရောင် အဝါအစိမ်းစပ်အင်္ကျီ ခါးအတိုကို ဝတ်ထားတော့ စင်ပေါ်တွင် ထင်းထွက်နေသည်။ ကလိုက်တိုင်း မာန်ပါပါ ...
ဘေးက ဖေယံကို မင်းမြတ်လှည့်ကြည့်မိတော့ ခုနကလို ခုန်ပေါက်မနေတော့ပဲ စင်ပေါ်က သူသူ့ကိုသာ မျက်မှောင်ကြီး ကျုံ့ရင်း ကြည့်နေသည်။ သီချင်းကလဲ ခပ်မြူးမြူးနဲ့ ခုန်ပေါက်လို့ကောင်းတဲ့ သီချင်းမို့ မဏ္ဌပ်ရှေ့လဲ လူက တဖြည်းဖြည်းနဲ့ စည်လာသည်။ ဘွဲနှင်းသဘက်ခန်းမရှေ့က ကွင်းပြင်ကျယ်က တစ်ကျောင်းလုံးနီးပါး ကျောင်းသူ ကျောင်းသားတွေ အတွက် မကျယ်တာကြောင့် ကြာလာတာနဲ့ လူအရမ်းတိုးလာတော့သည်။ သူသူ ကနေတုန်း အောက်မှာ မင်းမြတ်တို့ အုပ်စုက လူနံပြားဖြစ်တော့မည်။ လူများလာတော့ တိုးရင်းကြိတ်ရင်းနဲ့ မင်းမြတ်တို့ အုပ်စု ဘယ်အချိန်က စပြီးလူကွဲသွားလဲပင် မသိလိုက်။ ကျန်တဲ့ သုံးယောက် ဘယ်လိုကျန်ခဲ့လဲ မသိ ... မင်းမြတ်နဲ့ သွေးခန့်က တစ်ဖွဲ့ကွဲထွက်လာသည် ။ လူကလဲ အရမ်းကြပ်လာတာမို့ မင်းမြတ် အသက်ရှူပင် မဝတော့ ...
'ကိုမြတ် လူက အရမ်းကြပ်လာပြီ ကိုယ်တို့ အပြင်ထွက်ကြမလား အပြင်ရောက်မှပဲ ဟိုကောင်တွေကို ဖုန်းဆက်လိုက်ရအောင်'
'အင်း ... အဲ့အကြံကောင်းတယ် ကိုခန့်'
မင်းမြတ် အမှန်တကယ်ပင် အသက်ရှူရခက်လာတာမို့ သွေးခန့် ပြောလာသည်ကိုပဲ ခပ်မြန်မြန် သဘောတူလိုက်တော့သည်။ ထွက်မယ်သာ ပြောတာ မင်းမြတ်ရော သွေးခန့်ရော လူအုပ်ကြားထဲ ရောက်နေတာမို့ တော်တော်နဲ့ ထွက်ဖို့ မလွယ်မှန်းလဲ မင်းမြတ်သိသည်။
'ကိုမြတ် လူတွေက အရမ်းကြပ်နေတာ ကိုမြတ်ကို နောက်က ထားပြီး ကိုယ် အရှေ့က အရမ်းတိုးနေရင် လူထပ်ကွဲသွားလိမ့်မယ်'
'အဲ့တာလဲ ဟုတ်တယ် ကိုခန့် ... ငါတို့ ဘယ်လိုထွက်မလဲ'
သွေးခန့် ပြောတာလဲ ဟုတ်နေတာမို့ ရေစိုစို နေပူပူကြား မင်းမြတ် အကြံအိုက်ရတော့သည်။
'ကိုယ်အနောက်ကနေ ကိုမြတ် ပုခုံးကို ကိုင်ထားပေးမယ် ... တူတူတိုးကြတာပေါ့'
'အင်း ကိုခန့်'
သွေးခန့်ပြောသည့် အတိုင်းပဲ လုပ်စရာရှိတော့တာမို့ မင်းမြတ်သဘောတူလိုက်သည်။ ထွက်မည့်ဘက်သို့ မင်းမြတ် လှည့်လိုက်တော့ သွေးခန့်ကလဲ နောက်ကနေ ပုခုံးကို ထိန်းကိုင်ရင်း တိုးပေးသည်။ များစွာသော လူကြားထဲ တိုးရင်းတိုးရင်း သွေးခန့်က လူထပ်ကွဲသွားကြမှာ စိုးလို့ထင်သည် မင်းမြတ်ပုခုံးကို အားထည့်ကာ ဆုပ်ကိုင်လာတာမို့ ကြာတော့ မင်းမြတ် ပုခုံးတွေပင် နာလာသည်။
'ကိုခန့် ငါ ပုခုံးတွေနာလာပြီကွ ... နည်းနည်း အားလျော့ပါဦးဟ ... ကွဲသွားလဲ ဘာမှမဖြစ်ဘူး ... အပြင်ရောက်ရင် ပြန်တွေ့မှာပါ'
'ဒီတိုင်း ကိုယ်တို့ လူထပ်ကွဲသွားရင် ကိုယ်က အကြောင်းမဟုတ်ပေမယ့် ကိုမြတ် တစ်ယောက်ထဲ ဖြစ်နေမှာစိုးလို့ပါ'
ပုခုံးနာလာလွန်းလို့ မင်းမြတ်လှည့်ပြောလိုက်တော့ သွေးခန့်ကလဲ ခပ်အေးအေး ရှင်းပြလာသည်။ မင်းမြတ်လဲ ဘာမှ ထပ်မပြောပဲ နေတုန်း သွေးခန့်လုပ်လိုက်သည့် အပြုအမူကြောင့် ခဏပင် ခပ်တောင့်တောင့် ဖြစ်သွားသလို ... တခြားတော့မဟုတ် သွေးခန့်လက်တွေက မင်းမြတ်ပုခုံးကို ထိန်းကိုင်ထားရင်းကနေ ညာဘက်လက်က ရှေ့ဆန့်လာပြီး မင်းမြတ်လည်ပင်းကို သိုင်းဖက်လာသည်။
သိုင်းဖက်ပြီး တစ်ဖက်က ဘယ်ဘက်ပခုံးကို ဆုတ်ကိုင်ထားသည်။ ဘယ်ဘက်လက်ကတော့ မင်းမြတ်ရဲ့ ဘယ်ဘက်ခါးကို အသာထိန်းကိုင်လိုက်သည်။
'ကိုမြတ်က ပုခုံးတွေ အရမ်းနာလာပြီဆိုလို့ ဒီလိုပဲ ဆက်သွားကြမယ် ... အပြင်လဲ ရောက်တော့မှာပဲ '
မင်းမြတ် ခပ်ကြောင်ကြောင် ဖြစ်နေတုန်း သွေးခန့်က စကားဆက်ပြောလာတာမို့ အမြန်အဆန်သာ လူအုပ်အပြင်ကို တိုးထွက်ခဲ့လိုက်တော့သည်။
________
🎼 Hit you with that Du-duu Du-duu Du-duu🎼
မင်းမြတ်နဲ့ သွေးခန့်တို့ ကြပ်သိပ်နေသည့် လူအုပ်ကြီးကို တိုးရင်း အပြင်ကိုပင်ရောက်လာသည်။ အပြင်ကနေ သူသူတို့ ကနေသည့်ဘက် လှမ်းကြည့်တော့ သီချင်းက remix ဖြစ်ပုံပင် ... ခုချိန်ထိ မပြီးသေး ... မင်းမြတ်လဲ အပြင်ရောက်နေပြီမို့ ကွဲသွားသည့် ကိုစိုင်းတို့ သုံးယောက်ကို ဖုန်းလှမ်းခေါ်ဖို့ ဖုန်းထုတ်နေတုန်း...
'ကိုမြတ် ကိုယ်တို့ တစ်ခုခုစားရင်းပဲ စောင့်ကြမလား ... ကိုစိုင်းတို့ ဖေယံတို့ အပြင်ကို မရောက်လောက်သေးဘူး ... သီချင်းသံတွေနဲ့ ဖုန်းခေါ်လဲ သူတို့ကြားမှာမဟုတ်ဘူး'
'ဒီလိုပဲ လုပ်ကြတာပေါ့ ... လူကွဲတာလဲ ကျောင်းထဲပဲမလို့ ဘာမှ မဖြစ်ပါဘူး'
ရေကစို နေကပူနဲ့ လူအုပ်ထဲလဲ တိုးထားရသေးတာမို့ မင်းမြတ် အမှန်တကယ်ပင်ဗိုက်ဆာနေပြီ ... သွေးခန့်ကလဲ မုန့်စားရင်းစောင့်ကြဖို့ ပြောလာတာမို့ မင်းမြတ်ဟန်ပင် မဆောင်နိုင်တော့ ... ချက်ချင်းသဘောတူလိုက်တော့သည်။ မင်းမြတ်နဲ့ သွေးခန့် canteen ဘက်လျှောက်လာခဲ့တော့ canteen မှာလဲ ကျောင်းသူ ကျောင်းသားတွေ ကျပ်သိပ်နေသည်။ ထိုင်စရာဝိုင်းပင် မကျန်တော့ ...
'ကိုယ်တို့ ကျောင်းဈေးတန်းဘက်ကပဲ ဝယ်စားကြတာပေါ့'
'အင်း'
canteen မှာလဲ တကယ်ထိုင်စရာမရှိတာမို့ နှစ်ယောက်သား ကျောင်းဈေးတန်းဘက်ကိုသာ ဆက်လျှောက်လာတော့သည်။ ကျောင်းဈေးတန်းဘက်ရောက်တော့လဲ လူများနေတာကြောင့် လူထပ်တိုးရမည့် အရေးကို မင်းမြတ်စိတ်ပျက်လာရသည်။
'လူများနေတာ ဒီမှာပဲ ထိုင်စောင့်နေလိုက်တော့ ... ကိုယ်ပဲသွားဝယ်လိုက်တော့မယ်'
မင်းမြတ်ပုံစံကို ကိုခန့် ရိပ်မိသည်ထင် ... သူတစ်ယောက်ပဲ သွားဖို့ပြောလာသည်။ မင်းမြတ် ဘာမှတောင် ပြန်မပြောရသေး ဈေးတန်းဘက် ပြေးထွက်သွားတာမို့ မင်းမြတ်လဲ ဘေးနားက အုတ်ခုံပေါ်မှာသာ ထိုင်စောင့်နေလိုက်တော့သည်။ ထိုင်စောင့်နေရင်း ဘယ်လောက်မှမကြာလိုက် သွေးခန့်ဖော့ဘူး နှစ်ဘူးနှင့် ဖျော်ရည်နှစ်ဘူးကိုင်ကာ ပြန်ရောက်လာသည်။ ဖော့ဘူးတစ်ဘူးကို သွေးခန့်က လှမ်းပေးလာတာမို့ ဖွင့်ကြည့်လိုက်တော့ ဘာဂါတစ်လုံး ...
'ဗိုက်ဆာနေမယ်ထင်လို့ ကိုယ်လဲ ဗိုက်ပြည့်မယ့်ဟာပဲ အမြန်ဝယ်လာလိုက်တာ ... ကိုမြတ်လက်ထဲကဟာ ခရမ်းချဉ်သီးမပါဘူး'
သွေးခန့်ပြောကာမှ မင်းမြတ်လဲ လက်ထဲက ဘာဂါကို ပြန်ကြည့်မိသည်။ အမှန်ပင် ခရမ်းချဉ်သီးမပါ ... ဘာဂါထဲတွင် ခရမ်းချဉ်သီး ပါတာကို မင်းမြတ်လုံးဝမကြိုက် ... အနံကို မကြိုက်တာဆို ပိုမှန်သည်။ သူငယ်ချင်းတစ်ဖွဲ့လုံးစုပြီး မုန့်သွားစားလို့ ဘာဂါစားဖြစ်ရင် မင်းမြတ်က ခရမ်းချဉ်သီးတွေ ဖယ်ထုတ်တတ်သည်ကို သွေးခန့် မှတ်ထားတာ ဖြစ်မည်။
'ကျေးဇူးပဲ ကိုခန့်'
'အင်း'
သွေးခန့်လဲ ဆာနေတာဖြစ်မည်။ မင်းမြတ်ဘေးမှာ ဝင်ထိုင်ပြီး သူ့ဘာဂါဘူးကိုသာ ဖွင့်ကာစားနေသည်။ မင်းမြတ်လဲ ဘာမှဆက်ပြောမနေတော့ပဲ ကိုယ့်ဘာဂါကိုသာ ယူစားလိုက်တော့သည်။ ရေစိုနေတာကြောင့် နေပူနေပေမယ့်လဲ ငြိမ်ငြိမ်ထိုင်ကာ မုန့်စားနေသည်မို့ လက်အတိုအကွက်နဲ့ ရိုးရိုးဂျင်းဘောင်းဘီသာ ဝတ်ထားတဲ့ မင်းမြတ် လေတစ်ချက်တစ်ချက်ဝှေ့လိုက်လျှင် တုန်တုန်သွားတော့သည်။
'ရော့ ဝတ်ထား ကိုမြတ် ... အေးနေပြီမလား'
'ရတယ် ကိုခန့် ... မင်းလဲ အေးတယ်မလား '
'ကိုယ်ကရတယ် ... အောက်က လက်ရှည်ဝတ်ထားတာ ... မအေးဘူး ... ဖျားမယ် ဝတ်ထား'
သွေးခန့်က မင်းမြတ်ချမ်းနေတာကို သတိထားမိသည်ထင်သည်။ ဝတ်ထားတဲ့ သားရေဂျာကင်ကို မင်းမြတ်ဘက်သို့ ချွတ်ပေးလာသည်။ မင်းမြတ်ထက်စာလျှင် သွေးခန့်က လက်ရှည်ပါတာမလို့ မင်းမြတ်လဲ ဘာမှ ဆက်ပြောမနေတော့ပဲ သွေးခန့်ဂျာကင်ကို ယူဝတ်ထားရင်း ဗိုက်ဆာဆာနဲ့ လက်ထဲက ဘာဂါပဲ ဆက်စားနေလိုက်တော့သည်။
________
အမှတ်တရတွေက နွေးထွေးတယ် ...
To be continue ...
1st May,2020(Sun)
WhiteAster089