Without You

Autorstwa khinnyeinchanwai

16.5K 1.4K 173

မင်း မရှိရင် ငါ ဆိုတာလည်း မရှိနိုင်တာမို့..... Więcej

သူစိမ်းလူ
ကြယ်နဲ့တူသော
သူချစ်သော သစ်ခွပန်းပွင့်တွေ
အိမ်မက်
မင်းနဲ့ အတူ
နာကျင်မှုဆိုတာ ကူးစက်ရောဂါတစ်မျိုး
တောင်တက်ကြမယ်
ကောက်ရိုးတစ်မျှင်
ကံတရားရဲ့လှည့်စားမှု
တချို့ကိစ္စတွေကမေ့နေတာပဲကောင်းတယ်...
အိမ်မက်ထဲက သူ
အမှန်တရားကခါးတယ်
ပြစ်ဒဏ်
ချစ်တဲ့ February
ဇာတ်သိမ်းပြင်ဆင်ပြောင်းလဲခြင်း
အဖြစ်မှန်
ထွက်ပြေးတဲ့သူ
ရေစက်
ရင်ကွဲရတဲ့အဖြစ်မျိုး မကြုံလိုပါ
အချစ်က သေစေနိုင်တယ်
လွဲမှားခဲ့သောဖြစ်တည်မှု
အတူရှိနေပေးပါ
ချစ်ခြင်းရဲ့နယ်မြေ
ချစ်ခြင်းရဲ့နယ်မြေ

ဝုဋ်

531 55 7
Autorstwa khinnyeinchanwai

"""""""""""""""

ဘိုးဘိုးရဲ့ဒေါသကိုသူစောင့်မျှော်နေပေမယ့်
ဘိုးဘိုးရဲ့မျက်နှာကဘာမှမထူးခြားသွား...

တကယ်ဆို....
ဘိုးဘိုးအံ့ဩသွားရမှာမဟုတ်ဘူးလား......

ပထမ အံ့သြ မယ်....
ဒုတိယ ဒေါသထွက်မယ်....
တတိယ သူ့ကိုလိမ်လည်မှုနဲ့ တရားစွဲမယ်
ဆိုရင်တောင်ရတယ်.....

ဒါပေမယ့်....
သူပြောလိုက်တဲ့စကားက
ဘိုးဘိုးအတွက်ဘာမှမထူးခြားသလိုပဲ...

" ဘိုးဘိုး.......''

"ဘိုးဘိုးသိပြီးသားပါ......''

အံ့သြ လွန်းမက အံ့သြ ရသူက သူကိုယ်တိုင်....

သူက Kongpob မဟုတ်တာကို
ဘိုးဘိုးကသိနေတယ်...
သူတောင် မကြာသေးခင်ကမှသိတာလေ...

" Kentu ကို စိတ်ဆိုးပြီးပစ်ထားတာ
မှန်ပေမယ့် သူ့အကြောင်းမှန်သမျှကို
ဘိုးဘိုးမသိတာတော့မဟုတ်ဘူးလေ
Singto ရဲ့....''

ဗုဒ္ဓေါ......

ဘိုးဘိုးက သူဘယ်သူဆိုတာပါသိနေတယ်....

" ဘိုးဘိုးမှာသားသမီးနှစ်ယောက်ပဲ
ရှိတာ မြေးလည်းသိနေတာပဲ....
သားက နိုင်ငံခြားမှာကျောင်းသွားတက်တယ်.. ပိုက်ဆံဖြုန်းဖို့ပဲသိပြီး
စာလည်းမကြိုးစား မိန်းမကလိုက်စားလိုက်သေး...
မူးယစ်ဆေးဆိုလည်း သူပါတယ်....
အဲ့ဒါကြောင့်မို့ Kentu ကို
ဘိုးဘိုးပစ်ထားခဲ့တာ...သူပြောင်းလဲလာတဲ့တစ်နေ့မှာပြန်ခေါ်မယ်ဆိုတဲ့ဆုံးဖြတ်
ချက်နဲ့ပေါ့....
ဒါပေမယ့် ဘိုးဘိုးတွက်ကိန်းမှားသွားခဲ့တယ်...
သူက ဟိုနိုင်ငံသူနဲ့ယူပြီး အရင်လို
ပေပေတေတေပဲ....
ဇနီးအပေါ်လည်းမကောင်း
သားအပေါ်လည်းတာဝန်မကျေနဲ့....
မြေး Kongpob ဟာ သူ့စားရိတ်သူရှာပြီး
ပဲကျောင်းတက်ရရှာတယ်...''

ဘိုးဘိုးရဲ့မျက်လုံးတွေဟာရီဝေလို့...
မှန်ပြတင်းအပြင်က အမှောင်ထုကို
စိုက်ကြည့်နေလေတယ်...

သူမသိသေးတဲ့အကြောင်းအရာတွေမို့
ဘိုးဘိုးစကားဆက်လာမှာကိုပဲ
သူစောင့်နေလိုက်တယ်....

" မြေး Kongpob မဆုံးခင်ထဲက ဘိုးဘိုး
နဲ့အဆက်သွယ်ရှိတယ်....
ဒါပေမယ့် Kentu ကတော့မသိဘူး...
အဲ့ဒါကြောင့်လည်း လူစားထိုးဖို့အကြံကို
Putawam မိသားစုနဲ့ ပေါင်းကြံခဲ့တာပေါ့.....ဖြစ်ချင်တော့
Kongpob accident ဖြစ်တဲ့နေ့ရဲ့
နောက်နေ့မှာပဲ Singto လည်း
Accident ဖြစ်ခဲ့တာလေ....
အဲ့တိုက်ဆိုင်မှုက Cola Supan
Putawam အတွက်အကွက်ကောင်း
ဖြစ်သွားခဲ့တာပေါ့...
Cola က Singto ကိုတဖက်သတ်သဘောကျနေခဲ့တာကိုး...''

ထိုစကားကိုတော့ သူ့ကိုစေ့စေ့ကြည့်ပြီး
ပြောလာလေတယ်...
သူက အရာရာကိုမေ့နေခဲ့တာမို့
စုံလုံးကန်းခဲ့သလောက်
ဘိုးဘိုးကတော့အားလုံးကို
စုံစမ်းထားခဲ့ပုံပါပဲ....

" အဲ့ဒါတွေကို ဘိုးဘိုးအစထဲကသိနေခဲ့
တာလား....''

"ဘယ်ဟုတ်မလဲ....သူတို့စီစဉ်တာ
တော်တော်လေးကိုပိရိခဲ့တာလေ....
မြေးKong accident ဖြစ်တာကို
သိပေမယ့် မသေဘူးလို့ပဲဘိုးဘိုး
ထင်ခဲ့တာ...ရခဲ့တဲ့ဒဏ်ရာတွေကြောင့်
တော်တော်ကြာသတိမေ့နေခဲ့တယ်ဆိုတာကို ယုံနေခဲ့တာ...
ဘိုးဘိုးရဲ့အထောက်တွေကလည်း
အဲ့လိုပဲသတင်းပို့ခဲ့တာကိုး...''

"ဒါဆို...ဒီကိစ္စ တွေကိုဘယ်တုန်းက
စသိတာလဲ...''

"မြေးကို ဒီကိုပြန်ခေါ်ခဲ့ပြီးတော့မှ
ထူးဆန်းနေလို့ DNA စစ်ခဲ့တာလေ...
ဘိုးဘိုးကအသက်ကြီးနေတာတော့
မှန်တယ်....
ဒါပေမယ့် ဦးနှောက်ကတော့အကောင်းတိုင်းရှိနေသေးတယ်လေ....''

ဆိုတော့....
သူရောက်လာပြီးမှဘိုးဘိုးသိသွား
ခဲ့တာပေါ့....

" ကျွန်တော်က Singto ဆိုတာကိုရော
ဘယ်လိုသိတာလဲ...''

"လွယ်လွယ်လေးပဲလေ မြေးရယ်
DNA နဲ့တိုက်စစ်လိုက်တာပဲပေါ့...
လွန်ခဲ့တဲ့ငါးနှစ်က ပျောက်ဆုံးသွားသူတွေ
ရဲ့ DNA တိုက်စစ်ကြည့်တော့
Singto Prachaya Ruangrojရဲ့
မျိုးရိုးဗီဇနဲ့တစ်ထပ်ထဲပဲလေ...
ငွေရှိရင်ဘာမဆိုလုပ်လို့ရနေတဲ့လောက
မှာ ဒီကိစ္စ လောက်ကမခက်ပါဘူး...''

ခုတော့......
အားလုံးကိုသူသိသွားခဲ့ပါပြီ...
သူဟာ Singto ဆိုတာသိပြီးတဲ့နောက်
တော့ တခြားကိစ္စတွေ ကဘာများခက်ခဲ
မှာမို့လဲ....

ဘိုးဘိုးပြောသလို ငွေရှိရင်
အရာအားလုံးကိုသိနိုင်နေတာပဲ
မဟုတ်လား....

သူ accident ဖြစ်တာ...
Cola ကသူ့ကို Canada ပို့ပြီးဆေးကုသ
မှုခံယူစေတာ....
သူ့မှတ်ဉာဏ်တွေကိုဖျက်ပေးပြီး
Kongpob ရဲ့မှတ်ဉာဏ်အပိုင်းအစတွေ
ကိုထည့်ပေးခဲ့တာ...

အားလုံးက ငွေကြောင့်ပဲပြီးပြည့်စုံခဲ့သလို
ငွေကြောင့်ပဲ သူဟာအသုံးချခံဖြစ်ခဲ့ရတာ...

Kongpob မိဘတွေနဲ့ Cola တို့မိသားစု
ရဲ့ လောဘတွေကြားမှာ
ဘုမသိဘမသိနဲ့ နစ်နာရသူက
Singto ဆိုတဲ့သူ နဲ့ Singto ကို
ငါးနှစ်ကြာလိုက်ရှာနေခဲ့တဲ့ Phi Kit...

ဒါပေမယ့်
သူတွေးမရတာက ဘိုးဘိုးကသူ့ကို
Kongpob မဟုတ်မှန်းသိနေသားနဲ့
အမွေတွေအကုန် ပုံပေးတဲ့ကိစ္စ....

" ဘိုးဘိုး......ဒါဆို....ဒီစာချုပ်တွေက
ဘာလို့ ကျွန်တော့ကို....''

"ဘိုးဘိုးထင်ခဲ့တာက မြေးလည်း
တစ်သက်လုံးKongpob အဖြစ်နဲ့
နေသွားနိုင်မယ်လို့ပေါ့....
ဘိုးဘိုးအသက်ကြီးပြီ...
သားဆိုတာကလည်း အားကိုးလို့မရ...
သမီးကလည်း အိမ်ထောင်မပြုပဲ
တစ်ယောက်ထဲနေတယ်....
တစ်ဦးတည်းသောမြေးလေးကလည်း
မတော်တဆဆုံးပါးသွားခဲ့ပြီ...
ဘိုးဘိုးရှာခဲ့သမျှစည်းစိမ်တွေကို
ထိန်သိမ်းမယ့် မျိုးဆက်ကဘယ်မှာလဲ...
ပြီးတော့ မြေးရဲ့စိတ်နေသဘောထားက
ကောင်းမွန်တယ်....
ဖြောင့်မတ်တယ်...အကျင့်စာရိတ္တဆိုလည်းပြောစရာမရှိဘူး...
ဘိုးဘိုးရဲ့မျိုးဆက်အဖြစ် ချန်ထားခဲ့ဖို့
မြေးကအသင့်တော်ဆုံးပဲလေ....''

သူ့ပုခုံးကိုလာဆုပ်ကိုင်ပြီးပြောလာ
တဲ့ဘိုးဘိုးကိုထိုင်နေရက်ကပဲ
သူမော့ကြည့်နေမိခဲ့တယ်...

သူ့စိတ်နှလုံးထဲမှာလည်း
ဘိုးဘိုးကသူ့ရဲ့အဘိုးအရင်းလို့
မှတ်ယူထားခဲ့မိပြီးပြီ....

ဒါပေမယ့်....
သူက Singto ပဲဖြစ်နေတုန်းလေ...

ပြီးတော့ Singto ကိုစောင့်နေခဲ့
ရှာနေခဲ့တဲ့ ချစ်သူကလည်းရှိနေဆဲပဲလေ..

ညနေက Phi Kit ရဲ့အသွင်ကို
ပြန်မြင်မိတယ်....
သူက Singto ဆိုတာသိနေတာတောင်
သူ့ကိုမပြောသွားခဲ့ဘူး...

နာကျင်နေလျက်နဲ့ သူ့ရဲ့စေ့စပ်ပွဲကို
တောင် လာပြီးဂုဏ်ပြုပေးလိုက်သေးတယ်....

သူ့ကိုလက်ထပ်ခွင့်တောင်းမယ့်
လက်စွပ်ကိုတောင် လက်ဖွဲ့အဖြစ်ပေးအပ်
ခဲ့သေးတယ်....

ဘယ်လိုနှလုံးသားနဲ့များ
ဒီလောက် ခွင့်လွှတ်နားလည်ပေးနိုင်ရ
တာလဲ....

အမြဲတမ်းရှာဖွေနေခဲ့ရတဲ့ ချစ်သူက
သူ့ရှေ့မှာရှိနေပြီး တခြားသူနဲ့
လက်တွဲဖို့လုပ်နေတာကို
ခွင့်ပြုပေးလိုက်ဖို့က
တကယ်ရော လွယ်ကူပါရဲ့လား....

ပြီးတော့....
ခုလက်ရှိ သူ......
Kongpob ဖြစ်သွားခဲ့တဲ့ Singto
သူတကယ်တရားပါရဲ့လား....

Singto ရဲ့အတိတ်ကိုမမှတ်မိတာနဲ့ပဲ
Kongpob အဖြစ်နေဖို့ဆုံးဖြတ်မိခဲ့တဲ့
သူက.....

အား........

တကယ်ကို မကောင်းဆိုးဝါးတစ်ကောင်
ပါလား.....

""""""""""""""""""""""

"Phi Kit ပျောက်နေတယ်...
ဘယ်လိုပျောက်သွားလဲ ဆိုတာ
ဘယ်သူမှမသိကြဘူး....
Phi Sing ပျောက်သွားသလိုပဲ
ခြေရာလက်ရာမကျန်ပဲပျောက်သွားခဲ့တာ...''

Tay က Phi Kit ရဲ့ဓာတ်ပုံကို
တွေတွေကြီးကြည့်ရင်းကဖြေလာတယ်...

သူ က Singto မှန်း Tay သိနေပေမယ့်
သူ့ကိုမပြော....
သူကလည်း သူ သိနေပါပြီဆိုတာကို
Tay ကိုမပြောမိ....

စေ့စပ်ပွဲပြီးထဲက ပြဿနာတွေရှင်းထုတ်ဖို့
စေ့စပ်ပွဲပြန်ဖျက်သိမ်းဖို့...
Kongpob ရဲ့မိဘတွေအတွက်
သင့်လျော်တဲ့အမွေတွေခွဲဝေပေးဖို့
ဘိုးဘိုးကိုနားချနေရတာနဲ့ပဲ
သူ Tay ကိုရော Phi Kit ကိုပါ
မဆက်သွယ်မိခဲ့....

ကြားထဲမှာ သုံးရက်လောက်ကြာသွား
ခဲ့သည်

ပြဿနာတွေအကုန်ရှင်းသွားမှ
Phi Kit ဆီပြန်မယ်လို့ သူတွေးထားခဲ့တာ...

သူက Kongpob ဖြစ်နေလည်းပဲ....
သူ Phi Kit ကို ငြိတွယ်နေခဲ့ပြီးပြီ
ဆိုတာ သူသိလိုက်ရတယ်....

Phi Kit နဲ့စတွေ့ထဲကနေ အခုချိန်ထိ
ဖြစ်ပျက်ခဲ့သမျှတွေကိုပြန်တွေးကြည့်ရင်
သူ့ စိတ်ထဲမှာ Phi Kit က
နေရာတစ်နေရာရှိနေခဲ့ပြီးပြီ....

သူကအတိတ်မေ့နေလည်း
သူချစ်တာက Phi Kit ပဲ
ဖြစ်နေတုန်းပဲ.......

အခုကျတော့......
Phi Kit က ပျောက်နေတယ်တဲ့လား....

သူ့ရင်ကို တန်ပေါင်းများစွာလေးလံတဲ့
အရာတစ်ခုနဲ့တက်ဖိလိုက်သလိုပဲ....
သူ့နှလုံးဟာ အဆမတန်ခုန်ပေါက်လာ
တယ်....
အကြီးစားမြေငလျှင်လှုပ်ခတ်လိုက်သလို
သူ့ရင်တွင်းမှာမုန်တိုင်းဝင်နေတယ်...

ဒါပေမယ့်လည်း
သူ မလှုပ်နိုင်တော့ဘူး....
တံတွေးမျိုချဖို့တောင် သူ့မှာအားမရှိတော့ဘူး

" သူ ခရီးတွေထွက်နေတာလားမှမသိတာ...
ငါ့စေ့စပ်ပွဲနေ့တုန်းက သူ အရေးတကြီး
သွားစရာနေရာရှိတယ်လို့ပြောခဲ့တာ...
သူ အဲ့ဒီကိုသွားနေတာဖြစ်မှာပါ...''

Phi Kit နဲ့နောက်ဆုံးတွေ့ခဲ့တဲ့
မှတ်ဉာဏ်တွေကိုပြန်ဖော်ရင်း
သူပြောလိုက်တယ်....

" အင်း.....သူသွားခဲ့တယ်....Phi Sing
ပျောက်သွားခဲ့တဲ့နေရာကိုပဲ
သူသွားခဲ့တာ....သူ့ကားကိုလည်း
ကားအပ်တဲ့နေရာမှာတွေ့ခဲ့တယ်...
ကျောက်စွန်းကြီးကနေ အောက်ကိုဆင်းတဲ့ ကြိုးကိုလည်းတွေ့
ခဲ့တယ်...
ဒါပေမယ့်
တောင်အောက်ကိုပြုတ်ကျထားတဲ့
အခြေအနေလည်းမရှိဘူး....သွေးစသွေးန
လည်းမတွေ့ရဘူး....
ဒီအတိုင်း....ဒီအတိုင်းပျောက်သွားခဲ့တာ...''

Phi Kit ဟာ အသက်ရှင်လျက်ရှိနေပါဦး
မလားဆိုတာကို Tay မသေချာဘူး...
စောင့်မျော်နေခဲ့ရတဲ့ချစ်သူကို
လက်လွှတ်ပေးလိုက်ပြီးမှ
Phi Kit မှာ အသက်ရှင်သန်ချင်စိတ်
ရှိနေပါဦးမလား...

" ငါ သူ့ကိုသွားရှာမယ်....''

ပြောရင်းကလှည့်ထွက်သွားတဲ့
Kongpob ကိုသူဆွဲလိုက်တယ်....

" မင်းကဘယ်ကိုသွားရှာမှာလဲ....''

"သူပျောက်သွားတဲ့တောင်ပေါ်ကိုလေ...
သူ ငါ့ကိုနှစ်တွေအများကြီးရှာခဲ့သလိုမျိုး
ငါလည်းသွားရှာမလို့....
ငါ........ငါ....သူ့ကိုတွေ့အောင်ရှာမှာ....''

စကားလုံးတွေကိုညှစ်ထုပ်ပြီးပြောနေရသလို ပင်ပင်ပန်းပန်း ပြောနေတဲ့
Kongpob ကို သူ မယုံနိုင်သလို
ကြည့်နေမိတယ်....

စကားလုံးတွေကိုခွဲခြမ်းစိတ်ဖြာနေရင်းနဲ့..

Kongpob ဘာပြောနေတယ်ဆိုတာ
သူသဘောပေါက်သလိုလို မပေါက်သလိုလို......

" မင်း.....ဘာပြောလိုက်တာ......''

"ငါသိပြီးပြီ.....ငါက Singto ဆိုတာ
ငါသိပြီးပြီ.....အဲ့ဒါကြောင့်မို့...ငါ
Phi Kit ကိုတွေ့မှဖြစ်မယ်.....''

Kongpob......
မဟုတ်သေးဘူး....
Phi Sing ရဲ့မျက်လုံးတစ်စုံကနေ
မျက်ရည်စီးကြောင်းနှစ်ကြောင်း
ဖြာဆင်းနေလေတယ်......

ဒီပုံက........
လွန်ခဲ့တဲ့ ငါးနှစ်က Phi Kit ရဲ့
အခြေအနေ နဲ့တစ်ထပ်ထဲပဲ.....

ယောက်ျားတွေမို့ ဟီး ချမငိုပေမယ့်
အသံတိတ်ကျနေတဲ့မျက်ရည်တွေက
ဘယ်လောက်ထိနာကျင်နေရလဲဆိုတာ
ယောက်ျားချင်းမို့ သူခံစားမိတယ်....

ဒါ......ဒါက
ဝုဋ် လား.......

Phi Kit နာကျင်ခဲ့ရသလို
Phi Sing လည်းနာကျင်နေတယ်....

ဝုဋ်လည်တယ်ဆိုတာ........
ဒါမျိုးလား.....

""""""""""""""""""""

Czytaj Dalej

To Też Polubisz

85.1K 11.4K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
33.4K 2.6K 72
ဖတ်ကြည့်နော်😉😉
417K 24.4K 78
သံမဏိနှင်း‌ဆီ-Book Announcement
16.5K 1.4K 25
မင်း မရှိရင် ငါ ဆိုတာလည်း မရှိနိုင်တာမို့.....