မျှော်လင့်ချက်လေးမပျက်ချင်ပါ...
call_me_Tylor
422K 33.2K 825
မျှော်လင့်ချက်လေးမပျက်ချင်ပါ(Zawgyi&Unicode)
part 1 (Zawgyi&Unicode)
Part 2 (Zawgyi&Unicode)
Part 3(Zawgyi&Unicode)
Part 4 (Zawgyi&Unicode)
Part 5 (Zawgyi&Unicode)
Part 6 (Zawgyi&Unicode)
Part 8 (Zawgyi&Unicode)
Part 9(Zawgyi&Unicode)
Part 10 (Zawgyi&Unicode)
Part 11(Zawgyi&Unicode)
Part 12(Zawgyi&Unicode)
Part 13(Zawgyi&Unicode)
Part 14(Zawgyi&Unicode)
Just for knowledge (Zawgyi&Unicode)
Part 15(Zawgyi&Unicode)
Part 16(Zawgyi&Unicode)
Part 17(Zawgyi&Unicode)
Part 18(Zawgyi&Unicode)
Part 19(Zawgyi&Unicode)
Part 20(Zawgyi&Unicode)
Part 21(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Part 22(Zawgyi&Unicode)
Part 23(Zawgyi&Unicode)
Part 24(Zawgyi&Unicode)
Part 25(Zawgyi&Unicode)
Part 26(Zawgyi&Unicode)
Part 27(Zawgyi&Unicode)
Part 28(Zawgyi&Unicode)
Part 29(Zawgyi&Unicode)
Part 30(Zawgyi&Unicode)
Part 31(Zawgyi&Unicode)
Part 32(Zawgyi&Unicode)
Part 33(Zawgyi&Unicode)
Part 34(Zawgyi&Unicode)
Part 35(Zawgyi&Unicode)
Part 36(Zawgyi&Unicode)
Part 37(Zawgyi&Unicode)
Part 38(Zawgyi&Unicode)
Part 39(Zawgyi&Unicode)
Part 40(Zawgyi&Unicode)
Part 41(Zawgyi&Unicode)
Part 42(Zawgyi&Unicode)
Part 43(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Final(Zawgyi&Unicode)
Thank you
Extra 1(Zawgyi&Unicode)
Extra 2(Zawgyi&Unicode)
Just for knowledge(Zawgyi)
Just for knowledge(Unicode)
Part 7 (Zawgyi&Unicode)
10K 984 7
call_me_Tylor
[Zawgyi]
'အေး အားတယ်ဟ'
'အားတယ် သူ'
'အားပါတယ်ဝေ့'
'inn'
'အေး သွားကြမယ်'
'သဘောတူတယ်'
'ဟုတ်ပြီ'
________
________
To be continue ...
29th February,2020(Sat)
WhiteAster089
[Unicode]
'Hey guys ... ဒီနေ့ အားကြလားဟေ့'
မင်းမြတ် new feed ပွတ်နေတုန်း သူသူ့ ထံမှ စာဝင်လာသည်။ Private cb တွင်တော့ မဟုတ် ... group chat ထဲတွင် ဖြစ်သည်။ မင်းမြတ်တို့ အုပ်စုနှင့် သွေးခန့်တို့ အဖွဲ့ နှစ်ဖွဲ့ပေါင်းသွားပြီးနောက် group chat လေး တစ်ခုလုပ်ဖြစ်သည်။ အကုန်လုံးကလဲ သူငယ်ချင်း အရင်းကြီးတွေလို ပြောမနာဆိုမနာနဲ့ တော်တော်ရင်းနှီးနေကြပြီဖြစ်သည်။
နောက်ပိုင်းလဲ ကျောင်းမှာမဟုတ်ပဲ ပြောစရာစကား ရှိကြလျှင် group chat တွက်သာ ပြောကြသည်။ အခုလည်း ကျောင်းပိတ်ရက်မို့ သူသူ ဘာပြောဦးမလဲ မသိ ..
'အေး အားတယ်ဟ'
'အားတယ် သူ'
'အားပါတယ်ဝေ့'
'inn'
Group ထဲက လူတွေ အကုန်လုံး online ဖြစ်နေကြသည်ထင် ... သူသူ့ စာရောက်ပြီး ခဏကြာ ကိုစိုင်းထံမှ အားကြောင်း စာထပ်ဝင်လာသည်။ နောက်တော့ ဖေယံ နှင့် ဇေယျာတို့ထံမှလည်း တစ်ပြိုင်တည်း အားကြောင်း စာရောက်လာသည်။ နောက်ဆုံးက တည်ငြိမ်သူ အမောင် ကိုခန့်ကတော့ အေးအေးဆေးဆေး inn တစ်လုံးတည်း ... မင်းမြတ်လဲ chat head ကို နှိပ်ပြီး keyboard ပေါ် လက်ချောင်းလေးများ ပြေးလွှားလျက်
'အားတယ် သူသူ ... ဘာဖြစ်တုန်း အဲ့တော့'
'အားနေကြတာပဲဟာ ... ငါတို့တစ်ဖွဲ့လုံး ရုပ်ရှင်သွားကြည့်ရအောင်လေ ... ပျင်းလို့သေတော့မယ်ဟ'
စာမေးပွဲနီးနေတာကို သူသူဆိုသည့် အမျိုးအနွယ်လေးက ခွေးဖြစ်ချင်နေသည်လား အောက်မေ့ရသည်။ တစ်ဖွဲ့လုံးက Major မတူပေမယ့် အကုန် Third year တွေချည်း... စာမေးပွဲကလည်း အကုန်တစ်ရက်တည်း ဖြေရမည်ဖြစ်သည်။ ကျောင်းပိတ်ရက် စာလုပ်တာ မလုပ်တာ အပထား ... ခုချိန်က စိတ်ဖြောင့်ဖြောင့် လည်လို့ကောင်းမယ့် အချိန်မျိုးမဟုတ် ...
'လုပ်ပါဟာ ... သွားကြရအောင် ... စာလည်း လုပ်လို့မရတော့ဘူးဟ ... ခေါင်းပူနေပြီ ခေါင်းလေးဘာလေးသွားဆေးကြရအောင် . နော်နော် ...'
'အေး သွားကြမယ်'
'သူ ~ ပြောတာ မှန်တယ် ... ခေါင်းသွားဆေးရအောင်ကွာ ... အပြန်မုန့်ဝင်စားကြတာပေါ့'
'သဘောတူတယ်'
မင်းမြတ် ပြောမလို့ကြံနေသေး သူသူ့ထံမှ နောက်တစ်စောင်ထပ်ရောက်လာပြီးနောက် ကိုစိုင်း ဖေယံနှင့် ဇေယျာ တို့ကလည်း တက်တက်ကြွကြွ ခေါင်းဆေးမည်လုပ်လာသည်။ အချေကိုယ်တော်ကတော့ seen ဖြစ်သွားပေမယ့် reply မလာသေး ... သွားရင် ကောင်မလား မသွားရင် ကောင်မလား တွေးနေတုန်း group chat ဘေးတွင် chat head နောက်တစ်ခု တက်လာသည်။ တစ်ခြားသူတော့ မဟုတ် ... ပို့ထားသူက ကိုခန့် ...
'ကိုမြတ် ... မင်းရော သွားမလား ??'
အကုန်လုံး ရင်းရင်းနှီးနှီးဖြစ်ကြပြီးနောက် သွေးခန့်ကတော့ မင်းမြတ်ကို ကိုမြတ်လို့ခေါ်ပြီး မင်းမြတ်ကတော့ သွေးခန့်ကို ကိုခန့်လို့ ခေါ်သည်။ ရင်းနှီးနေကြပြီမို့ ဘယ်သူမှလည်း အခေါ်အဝေါ်အပေါ် အထူးတဆန်းဖြစ်မနေ ... အကုန်လုံးလိုလိုက ရုပ်ရှင်သွားဖို့ သဘောတူနေသည်မို့ မင်းမြတ် သူတစ်ယောက်တည်း ကွက်ပြီး ဒေဝဒတ် ဖြစ်မနေချင် ...
သူငယ်ချင်းတွေ အတူစုလျှောက်လည်တာမျိုးက လူစုံမှ ပျော်စရာကောင်းသည့် ခံစားချက်မျိုးကို မင်းမြတ်နားလည်သည်။ မင်းမြတ် မလိုက်ဘူး တွေးထားပေမယ့် အစကတည်းက သွေးခန့်က ခပ်အေးအေးနေတတ်သူမို့ သူပါ မလိုက်တော့ဘူး လုပ်နေရင် သူသူတို့ စိတ်ဆိုးမှာလည်း ကြောက်ရသည်။ မင်းမြတ်လဲ ဆက်တွေးမနေတော့ပဲ ရုပ်ရှင်ကြည့်မည့် အစီအစဉ်ကို သဘောတူရန်သာ ဆုံးဖြတ်လိုက်တော့သည်။
'အင်း သွားရအောင်လေ ကိုခန့် ... အကုန်လုံးသွားချင်နေကြတာပဲ '
'ဟုတ်ပြီ'
ကိုခန့်ဘက်ကလည်း သဘောတူနေပြီမို့ မင်းမြတ်လဲ group chat ထဲသို့ သွားမည့်အကြောင်းသာ ပြန်ပြောလိုက်တော့သည်။ ထို့နောက်ထို့နောက် အသီးသီး ကိုယ့်အစီအစဉ်နှင့်ကိုယ် Ocean နေ့လည် ၁ နာရီ တွင် ဆုံကြရန်သာ သဘောတူလိုက်ကြတော့သည်။ သွေးခန့် ဖေယံနှင့် ဇေယျာ တို့က အဆောင်တစ်ခုထဲ တူတူ နေကြသည်မို့ သူတို့အဖွဲ့က Grab နှင့်လာကြမည်ဖြစ်သည်။ သူသူနှင့် ကိုစိုင်းကတော့ အဆောင်ချင်းလဲ နီးနီးလေးမို့ ကိုစိုင်းက သူသူ့အဆောင်မှာ သူသူ့ကို ဝင်ခေါ်ပြီး သွားမည်။ မင်းမြတ်ကတော့ ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်သာ Ocean သို့သွားမည်။
________
နေ့လည်စာထမင်းစားပြီး ရုပ်ရှင်ကြည့်ရန် ချိန်းထားတာကြောင့် မင်းမြတ်လဲ ပြင်ဆင်ပြီး ဆိုင်ကယ်နှင့် Ocean ဘက်သို့သာ ထွက်ခဲ့လိုက်တော့သည်။ မင်းမြတ် Ocean ရောက်တော့ လူတောင်စုံနေပြီ ... သူတစ်ယောက်ပဲ နောက်ကျနေတာ ဖြစ်သည်။ မင်းမြတ်လဲ ဆိုင်ကယ်အပ်ပြီး ကိုခန့်တို့ သူသူတို့ အုပ်စုစောင့်နေသည့် နေရာကိုသာ အမြန်ပြေးခဲ့လိုက်တော့သည်။ ရုပ်ရှင်စပြမည့် အချိန်နီးနေပေမယ့် လက်မှတ်တွေလဲ အကုန်ဝယ်ပြီးတာမို့ ရုပ်ရှင် မစမီ ရုပ်ရှင်ကြည့်ရင်းစားရန် မုန့်သာ အမြန်ဝယ်ကြတော့သည်။ အခုထိ ကြည့်ကြမယ့် ကားက ဘာကားမှန်းမသိသေးတာမို့ သူသူ့ကို မေးကြည့်တော့ The Invisible Man အင်္ဂလိပ်သရဲကား ...
မင်းမြတ် စိတ်အပျက်ဆုံးထဲဇာတ်ကား အမျိုးအစားထဲမှာ သရဲကားတွေ ပါသည် ။ ကြည့်ရတာ ကြောက်တာမျိုးမဟုတ် ... ဘယ်အချိန် ပေါ်လာမယ်မှန်းမသိ အသဲတယားယားနှင့် ထိုင်ကြည့်နေရသည့် ခံစားချက်ကြီးကို မကြိုက် ... ရုပ်ရှင်လက်မှတ်ကို ကြည့်လိုက် သူသူ့ကို ကြည့်လိုက်နှင့် လုပ်တော့ သူသူက စာမေးပွဲနီးတော့ စိတ်ထဲပေါ့သွားအောင် အားရပါးရအော်ဖို့ သရဲကားရွေးထားသည်တဲ့ ... တကယ့်မလွယ်သည့် သူငယ်ချင်းမ ... လက်မှတ်ကလဲ ဝယ်ထားပြီးဖြစ်တာကြောင့် မင်းမြတ်လဲ ဘာမှ ဆက်ပြောမနေတော့ ... မုန့်ဝယ်ပိုက်ဆံရှင်းပြီးကြတာနဲ့ တစ်ဖွဲ့လုံး ရုပ်ရှင်ရုံထဲကိုသာ ဝင်ခဲ့ကြတော့သည်။
ရုပ်ရှင်ရုံထဲရောက်တော့ ဇာတ်ကားက စတောင်စနေပြီ ... သူသူကတော့ မိန်းကလေးမို့ အလယ်တွင် ထိုင်သည်။ ယောကျာ်းလေး ငါးယောက်ကြား မိန်းကလေး ဝင်ထိုင်သည် ဘာညာကို သူသူက ဂရုစိုက်နေမည် မဟုတ် ... ကုန်ကုန်ပြောရရင် သူသူက မင်းမြတ်တို့ ငါးယောက်လုံးကို ယောက်ျားလေးလို့ကို သတ်မှတ်သည် မဟုတ် ... ညီအစ်မလိုသာ သတ်မှတ်ထားသည့် သူမျိုး ... အကုန်လုံးကလဲ သူသူ့ကိုဆိုရင် ညီမအငယ် အဆိုးအဆာလေးလိုသာ သဘောထားကြသည်။ အင်း . ဖေယံက လွဲလို့ပေါ့ ... သူသူဝင်ထိုင်ပြီး မင်းမြတ်တို့လဲ ဝင်ထိုင်ကြသည်။ ဘယ်ဘက်အစွန်းမှာ ကိုစိုင်းက ထိုင်ပြီး ကိုစိုင်းဘေးတွင် သွေးခန့်နှင့် မင်းမြတ်က ကပ်ရပ် မင်းမြတ် ဘေးတွင်တော့ သူသူ ဖေယံနှင့် ဇေယျာတို့ကလဲ အတန်းလိုက် ထိုင်ကြသည် ။
မှောင်မှောင် မဲမဲ ရုပ်ရှင်ရုံထဲ ရုပ်ရှင် ကြည့်နေကြရင်း သရဲထွက်လာရင် မင်းမြတ် တုန်တုန်သွားသည်မှ အပ အလွန်အမင်းကြောက်နေသည်တော့ မဖြစ် ... သရဲကားကြည့်နေရင်း ကြောက်လွန်းလို့ ဘေးကလူ ရင်ခွင်ထဲ တိုးဝင်နေရအောင် ဘဝကြီးက ဗမာပေါကားဆန်မနေ ... ဘေးက သူသူကတော့ အာပြဲနဲ့ ထထအော်ပြီး ဘေးက ဖေယံလက်မောင်းကို အတင်းဆုတ်ထားသည် ။ လက်မောင်းကို ဆုတ်ထားတာ ကြောက်အားနဲ့ အားပါနေလို့လားတော့မသိ ဖေယံက မျက်နှာကြီး ရှုံ့ မဲ့နေသည် ။ ဘေးက ဇေယျာတို့ ကိုစိုင်းတို့ကိုလဲ လှမ်းကြည့်လိုက်တော့ သူသူတို့ ဖြစ်ပုံကို လှမ်းကြည့်နေကြပြီး ရုပ်တွေက ပြုံးစိစိ ...
မင်းမြတ် သူငယ်ချင်းတစ်ဖွဲ့လုံးနဲ့ ရုပ်ရှင်လိုက်လာတာ မှန်သွားသည်တော့ပြောရမည် ။ အကုန် ပေါ့ပေါ့ပါးပါးနှင့် ပျော်စရာကောင်းသည်။ ဒီလိုအချိန်အခိုက်အတန့် ဆိုတာမျိုးက တက္ကသိုလ် ကျောင်းသားအရွယ် သူငယ်ချင်းတွေနဲ့မှ ကြုံရတာမျိုး ... ရုပ်ရှင်ကြည့်ပြီးတော့ တစ်ဖွဲ့လုံး Lotteria တွင် ကြက်ကြော်ဝင်စားကြပြီးမှ အသီးသီး လမ်းခွဲပြီး အဆောင်သာ ပြန်ကြတော့သည် ။ ဒီနေ့ အဖို့ မင်းမြတ်အတွက် သူငယ်ချင်းတွေနဲ့ အမှတ်တရက မမေ့နိုင်စရာ ...
________
ရင်းနှီးမှုတွေက ပျော်စရာအတိ ...
To be continue ...
29th February,2020(Sat)
WhiteAster089
Продолжить чтение
Вам также понравится
wlw oneshots 💋 morgan ‼️
Подростковая литература
601K 2.3K 63
lesbian oneshots !! includes smut and fluff, chapters near the beginning are AWFUL. enjoy!
2.1K 164 21
အချစ်ဆိုတဲ့အရာက ကံကြမ္မာလား၊ ဖူးစာလား ဒါမှမဟုတ်တစ်စုံတစ်ယောက်အတွက် ငါကအစားထိုးခံလား။ ဂုဏ်ရောင်ထိန်ညီး မင်းသခင် Sart.23.4.2024
When Two Worlds Collide Alexis Brionna💜
Подростковая литература
107K 4.3K 191
This story follows the early life of James also known by his street name Headshot or Shooter. James had an extremely rough childhood, one that turned...
39K 1.1K 12
"ကိုယ်မင်းကိုချစ်လို့ ဂုဏ် ကျမယ် ဆင်းရဲမယ် အနှိမ်ခံရမယ် ဆိုရင်တောင်ဂရုစိုက်နေမယ်ထင်လား ကိုယ် မင်းကိုချစ်မိတာဟာအမှား ဆိုရင်တောင် ကိုယ်ဆက်မြတ်နိုးမိမှ...