[Unicode]
Chanyeol က "Club မှာတွေ့မယ်"လို့ပြောတာကြောင့် ရောက်လာသော Luhan...
"ဟျောင့်! Chanyeol! မင်း Baekhyun ကိုလိုက်မရှာဘူးလား"
"နေပါစေကွာ...သူ့ဟာသူ"
"ဟာကွာ!မင်းက တာဝန်မဲ့လှချည်လား...မင်းချစ်လှပါရဲ့ ဆိုပြီးတော့ လက်ထပ်ထားတာမဟုတ်ဘူးလား? မင်းကွာ....တောက်* "
"ငါ့ကို လာပြီးတောက်မခေါက်နဲ့!
အဟက်! သူတောင် ငါနဲ့ မနေချင်လို့ ထွက်သွားတာမလား! မင်းကဘာတွေလာပြီး စိတ်ပူပြနေတာလဲ!"
"မပူလို့ရမလားကွ! သူ့မှာက.....ဟာကွာ"
"ဘာလဲ! သူ့မှာ ငါ့အပြင်နောက်တစ်ယောက်ရှိတာလား... အဟား! အဲ့ဒါကြောင့် ထွက်သွားတာလား.. ဟုတ်လား"
"ဘာပြောတယ်!"
ခွမ်း* ဝုန်း*
Luhan စိတ်တိုသွားသည်မို့ Chanyeol ကို လက်သီးဖြင့်ထိုးလိုက်သည်... Chanyeol အများကြီးသောက်ထားတာပြီး မူးလည်းမူးနေသည်မို့ ထိုင်ခုံပေါ်မှ ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသည်.... စားပွဲပေါ်မှ ခွက်နှင့် သောက်ပြီးသား အရက်ပုလင်းက ခွမ်းဆိုသော အသံနောက်မှာ ကြေကြေမွမွ....
"ခွပ်* မင်းကွာ! ခွပ်* မင်းလို လူစိတ်မရှိတဲ့ ကောင်ကို ခွပ်* မှတ်လောက်အောင် ဆုံးမရမယ် ခွပ်*"
"Han တော်ပြီလေ....တော်တော့... Chanyeol သေတော့မယ်"
"သေပေ့စေ...သူ့လိုကောင်မျိုးက သေသင့်တာ ကြာပြီ"
Luhan အာက်မှာလဲနေတဲ့ Chanyeol ပေါ်ကို တက်ခွပြီး မျက်နှာကို စိတ်ရှိတိုင်းထိုးနေမိသည်မှာ Chanyeol မျက်နှာတစ်ခုလုံးဒဏ်ရာဒဏ်ချက်တွေပြည့်တဲ့အထိဘဲ...
Hun က ကျနော့်ကို ဝင်ဆွဲတော့မှ အသိပြန်ဝင်တဲ့အထိ...
"ယောက်ျားဖောက်ပြန်တာကို သိပေမယ့် မပြောရဲခဲ့တာ မဟုတ်ဘူး သူ့ပါးစပ်က မပြောနိုင်ခဲ့တာ... မင်းလိုတိရစ္ဆာန်ကောင်ရဲ့ ဂုဏ်သိက္ခာအတွက်တဲ့... အဟက်! လောကကြီးက အရမ်းဆန်းကြယ်တာဘဲ ဂုဏ်သိက္ခာမရှိတဲ့ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာအတွက် မပြစ်မရှိတဲ့လူနှစ်ယောက်က ပေးဆပ်နေရတာ"
"......"
"ဒါကိုများ ဘာတဲ့!? သူ့မှာ ငါ့အပြင်နောက်တစ်ယောက်ရှိတာလားတဲ့!ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ ပြက်လုံးလဲကွာ...ဟား ဟား ဟား...
Park Chanyeol မင်းကို ဟာသကားတွေထဲမှာ ဇာတ်ဆောင်မင်းသားလုပ်ခိုင်းသင့်တာ...ငါအူတွေနာနေပြီ...ဟား ဟား...
အေးလေ မင်းလိုကောင်ကို သေလောက်အောင်ချစ်တဲ့ Baekhyun ဆိုတဲ့ကောင်ကလည်း ရူးနေလို့နေမှာပေါ့..."
"Han တော်ပြီလေကွာ...သွားရအောင်နော်"
"Park Chanyeol မင်း နောက်မှ နောင်တမရပါစေနဲ့လို့ ငါဆုတောင်းပေးတယ်...ငါသွားပြီ"
Luhan Chanyeol ရှေ့မှ လှည့်ထွက်လာခဲ့သည်...ဒါပေမယ့် စကားတစ်ခွန်းကို နောက်လှည့်ကာ ပြောလိုက်သည်
"ပြီးတော့ မေတ္တာဆိုတာ ဆူးတတ်တယ်နော်....မင်းမသိမှာဆိုလို့ ငါပြောပြတာ"
--------LITC-------
"Kyungsoo ရေ အမှိုက်လေးသွားပစ်လိုက်ပါဦး"
"Nae hyung"
ကျနော့်ကျောင်းစရိတ်အတွက် စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တယ်... သူဌေးဖြစ်တဲ့ Xiumin hyung က ညီလေးတစ်ယောက်လို နွေးနွေးထွေးထွေးပြောဆိုဆက်ဆံတယ်....
အမှိုက်ပစ်ဖို့ထွက်လာတုန်း တစ်ချိန်က ကိုယ့်အပေါ်အကြွေးတင်ထားတဲ့လူရဲ့ကားကိုတွေ့လိုက်ရသည်...
"ဟင်! ဟိုကား! တွေ့ကြတာပေါ့! ခင်ဗျားကြီး လျော်ကြေးပေးဖို့သာပြင်ထား"
*ဒီနားမှာဘဲစောင့်နေရမယ်*
"Jongin shi ကျမနဲ့ ခဏလောက်စကားပြောရအောင်"
"Sorry ကွာ ကိုယ့်မှာမင်းနဲ့ ပြောစရာမရှိဘူး"
"ရှင့်မှာ မရှိလည်း ကျမမှာရှိတယ်"
"ဟာ... မင်းရဲ့ ဓာတ်ပြားဟောင်းကြီးကို ငါဘယ်နှခါလောက်နားထောင်ရဦးမှာလဲ...
Jongin shi ကျမနဲ့ သုံးရက်လောက်ဘဲ တွဲကြည့်ပါ... Jongin shi မကြိုက်ရင် ဖြတ်လို့ရပါတယ်...ကဲ မင်းစကားတွေကို ငါတောင် အလွတ်ရနေပြီ...
မင်းနဲ့ သုံးရက်မပြောနဲ့ ခဏတောင်တွေ့ချင်တာမဟုတ်ဘူး... ခုလို မင်းနဲ့စကားပြောနေမိတဲ့ ငါကိုယ့်ငါတောင် မသတီတော့ဘူး...ငါအဲ့လောက်ထိ မင်းကို မတွေ့ချင်တာ...ရှင်းပြီလား"
"ဒါပေမယ့် ရှင့်မှာဆိုင်သူ မရှိသ၍ကျမကြိုးစားနေဦးမှာဘဲ...အဲ့ဒါလေးကိုတော့ မှတ်ထားပေးပါ Kim Jongin shi"
"Ok! coal! သဘောတူတယ်"
"....."
"ဟုတ်ပါပြီ ကျမသွားလိုက်ပါမယ် Jongin shi"
"ကောင်းပြီ"
*အော်...မိန်းမတွေများဘယ်လိုမှန်းတောင်မသိ...ယောက်ျားလေးဘက်ကငြင်းနေတာတောင် အတင်းတွယ်ကပ်နေတယ်....သနားပါတယ်*
ကိုယ့်ဘာသာကိုယ် စဉ်းစားရင်း ခေါင်းအထပ်ထပ်ခါမိသည်...
ကားထားရာဘက်ကို လျှောက်လာလိုက်တော့ ကားနားမှာ ရစ်သီရစ်သီလုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်....
ကားထဲကိုချောင်းကြည့်လိုက်၊ ဘေးကိုလှည့်ကြည့်လိုက်နဲ့ ပါးစပ်ကလည်း ပွစိပွစိနဲ့ ...ကားဘီးကိုလည်း ခြေထောက်နဲ့ ကန်သေး...ဘလိုဟာလေးလဲကွာ..
"ဟေ့! သူများကားကို ဘာလုပ်နေတာလဲကွ!"
"အမလေးဗျ!"
ကားနားကို ရစ်သီရစ်သီလုပ်နေတဲ့ အကောင်ပေါက်ကို အဝေးကကြည့်နေရတာ အူတွေယားလာတာကြောင့် အနားသွားကပ်ပြီး စ လိုက်မိသည်...
"ဘာတွေလုပ်မလို့ ဒီလောက်တောင်လန့်သွားတာလဲ...မဟုတ်မှလွဲရော ကားခိုးမလို့လုပ်နေတာတော့မဟုတ်ပါဘူးနော်"
"ဘာဗျ! ကျနော်က သူခိုးရုပ်ပေါက်နေလို့လား"
လူက နဂိုကတည်းကမှ အူယားနေပါတယ်ဆိုမှ နှုတ်ခမ်းလေးထော်ပြီးရန်တွေ့နေတဲ့ အ
ကောင်ပေါက်ကြောင့် ရင်ထဲကို ကင်းခြေများအကောင်တစ်ရာလောက်ပြေးနေသလို ခံစားရသည်....
*မင်းလေးက သူခိုးရုပ်တော့ မပေါက်ပေမယ့် သူခိုးလေးဘဲလေ...ကိုယ့်နှလုံးသားနဲ့ ရင်ခုန်သံကို ခိုးယူသွားတဲ့ အချစ်သူခိုးလေး*
ကပ်ကပ်လန်အောင် ရန်တွေ့နေတဲ့ သူလေးရဲ့ ပုံစံက စိတ်မှာ မယိုးမရွဖြစ်နေတာကြောင့် ထပ် စ ချင်လာသည်...
"ကိုယ့်ကားမှန်ကခွဲလို့မရဘူးနော်... ဘာနဲ့ထုထု ကွဲမှာမဟုတ်ဘူး... မှန်အကောင်းစားတွေနဲ့ လုပ်ထားတာ"
"အော်...အရေးထဲမှာ ကားကြော်ငြာနဲ့လာတိုးနေသေးတယ်"
Kyungsoo အသံထွက်တယ်ဆိုလောက်ရုံလေးသာပြောလိုက်မိသည်
"ဟိတ်! ကိုယ်ကြားတယ်နော်"
"ပာာဗျာ....ကြားရင် ကြားတယ်လို့မှတ်လိုက်ဗျာ"
*ငါနော် အသည်းယားလာပြီ...အဲ့နှုတ်ခမ်းကို ဆွဲကိုက်ပစ်လိုက်ရ...စိတ်ထိန်းစမ်း...Kim Jongin ကိုယ့်စိတ်ကိုထိန်းစမ်း...ဟူး*
"ဒါနဲ့ ဒီကားက ခင်ဗျားကားလား"
"ဟုတ်တယ်လေ ပေါက်စရ"
"ဘာဗျ! ပေါက်စ!ကျွန်တော်က ပေါက်စမဟုတ်ဘူးဗျ နာမည်ရှိတယ်... Kyungsoo...Do Kyungsoo...ကျွန်တော့်နာမည် Do Kyungsoo"
"ဟုတ်ပါပြီ ပေါက်စရယ်"
"ဟာ....ခင်ဗျားကြီးပြောလေကဲလေ"
"ဟောဗျာ...ပေါက်စကို ပေါက်စလို့ခေါ်တော့ဘာဖြစ်လို့လဲ"
"ဟင်းးး... ထားလိုက်တော့ ကြိုက်သလိုသာခေါ်တော့...ဒီကားပိုင်ရှင်က ဦးလေးကြီးဆိုတော့ ကျွန်တော့်ကို လျော်ကြေးပေးရမယ်"
"ဟင်!!ဘာအတွက်လည်းပေါက်စရ!"
"ဒီမှာ ဦးလေးကြီး!ခုမှ ဂျပန်ဝက်အူလာလုပ်မနေနဲ့"
"မူလီလောက်တော့လုပ်ပါ ပေါက်စရယ်"
"ဦးလေးကြီး လျှာအရမ်းရှည်တာဘဲ...ဒီတိုင်းကျွန်တော်ပြောတာလေးဘဲနားထောင်လို့မရဘူးလား"
"ဟုတ်ပါပြီ ပေါက်စရယ်...ကိုယ်နားထောင်နေတယ်...ပြော"
"ပြီးခဲ့တဲ့အပတ်က wings hotel ရှေ့မှာ ဦးလေးကြီးကားနဲ့ ကျွန်တော် တိုက်မိတော့မလိုဖြစ်ခဲ့တာ"
"Omm"
"အဲ့ဒါ ကျွန်တော်ခါးနာသွားလို့ တစ်ပတ်လောက် အလုပ်မဆင်းနိုင်ဘူး"
"Inn"
"ဦးလေးကြီး ကျွန်တော်ပြောတာနားထောင်နေလား"
"omm"
ကျွန်တော်ပြောသမျှကို ပြုံးပြုံးကြီးနဲ့ ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး ကျွန်တော်ကို စိုက်ကြည့်နေတဲ့ ဦးလေးကြီးကြောင့် လူကအရည်ပျော်ချင်စိတ်ပေါက်လာသည်....
မနေတတ်လို့ သူ့မျက်နှာရှေ့ကို လက်ကို ဝှေ့ယမ်းပြကာမေးလိုက်တော့ သူကတော့ဂရုမစိုက်သလို ပြုံးပြုံးကြီးပြန်ဖြေလာတာက "omm" တဲ့... ကျွန်တော်ထွက်ပြေးချင်စိတ်ပေါက်လာသည်...
"ဦးလေးကြီး ဦးလေးကြီး"
"Hum? omm! ပြောလေပေါက်စ ကိုယ်နားထောင်နေတယ်"
အော်... ကောင်းကြပါလေရော...အခုမှ သတိပြန်လည်လာတဲ့လူလို ယောင်တောင်တောင်နဲ့ ...ပြောနေတုန်းကကြတော့နားမထောင်ဘူး...ကလေးတွေလို တင်ပါးကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်ရ မကောင်းရှိတော့မယ်....
"ဦးလေးကြီး ပြောနေတုန်းကနားမထောင်ဘဲနဲ့"
"နားထောင်နေပါတယ် ပေါက်စရ ဆက်ပြော"
"အဟမ်း ဟုတ်ပြီ ဆက်ပြောမယ်"
"အဲ့နေ့က ကျွန်တော် ဖင်နောင့်ရိုးနာသွားတယ်... အဲ့ဒါကြောင့် တစ်ပတ်လောက်အလုပ်မဆင်းနိုင်ဘူး"
"ဟုတ်လား ကလေး ကိုယ့်ကိုပြ ကိုယ်ဆေးခန်းလိုက်ပို့ပေးမယ်"
"ခင်ဗျားကြီးနော် မယုတ်မာနဲ့ ...ဖင်နောင့်ရိုးနာတာ ခင်ဗျားကို ဘာလို့ပြရမှာလဲ...ပြီးတော့ဆေးခန်းပို့တာက အဲ့နေ့ကတည်းကပို့ပါ့လား...ခုမှလာပြီးတော့"
"အဲ့နေ့ကကိုယ့်တကယ်မသိလိုက်တာပါကွာ...အဲ့နေ့က ကိုယ့်စိတ်နဲ့ကို ပူထူနေလို့ပါ...ကိုယ်တောင်းပန်ပါတယ်ကွာ"
"ဦးလေးကြီးက ဘာတွေပူထူနေတာလဲ... မဟုတ်မှလွဲရော ဟိုတယ်ထဲကထွက်လာတာဆိုတော့ ဦးလေးကြီး... ဝိုးးးးးး မထင်ရဘူးနော်"
မျက်လုံးလေးပြူးပြီးကြည့်နေတာက ချစ်စဖွယ်အတိ...တဝိုးဝိုးနဲ့ အော်ပြီး ပါးစပ်ကလေးကို ပိတ်ပြီးအံ့ဩနေဟန်က ပင်ကွင်းပေါက်လေးတစ်ကောင်အတိုင်း...
*Kim Jongin စိတ်ကို လာဆွနေတာလား မင်းလေးက*
"ကိုယ်ကဘာလုပ်လုပ်ပါ ပေါက်စကရော ဘာလို့ဟိုတယ်ကို လာတာလဲ"
"ကျွန်တော်က အော်ဒါသွားပို့တာ...ကျနော်က စားသောက်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်တာလေ"
"အော်...ဒါနဲ့ ကိုယ်မင်းကို အလုပ်တစ်ခုကမ်းလှမ်းချင်လို့...ဖြစ်မလား?"
"ဗျာ! တကယ်လား! ဘာအလုပ်လဲ! ဦးလေးကြီးက ကုမ္ပဏီပိုင်ရှင်လား? ကျွန်တော့်ကို တကယ် အလုပ်ခန့်မှာလား"
"Omm တကယ်! ဒါနဲ့ ပေါက်စက ကိုယ့်ကို ဘာလို့ ဦးလေးကြီးလို့ ခေါ်တာလဲ? ကိုယ်က အဲ့လောက်အသက်ကြီးတဲ့ပုံပေါက်နေလို့လား"
"မဟုတ်ပါဘူး...ခင်ဗျားက နုပါတယ်...ခင်ဗျားက ကျွန်တော့်ကို တွေ့ကတည်းက ပေါက်စလို့ခေါ်နေတာ မကျေနပ်လို့"
"ဟုတ်ပါပြီပေါက်စလို့ မခေါ်တော့ဘူး...ငယ် လို့ခေါ်မယ်...ကိုယ့်ရဲ့ငယ်"
"ဟင်!!ဘယ်လိုနာမည်ကြီးတုန်း!ထားလိုက်ပါ...ပေါက်စလို့မခေါ်ရင်ပြီးတာဘဲ"
"ငယ်ကရော ကိုယ့်ကို ဘယ်လိုခေါ်မှာလဲ"
"ဘယ်လိုခေါ်ရမှာလဲ! သူဌေးလို့ခေါ်ရမှာလား ဒါမှမဟုတ်ရင် boss!"
"ဟာ!!အဲ့လိုကြီးတွေမခေါ်ပါနဲ့ငယ်ရာ! ကို လို့ခေါ်"
"ဗျာ!!! ဘယ်လိုကြီးလဲ မခေါ်ချင်ပါဘူး မိန်းမဆန်တယ်"
"အာ့ဆို အလုပ်မပေးတော့ဘူး"
"အဲ့လိုတော့ မလုပ်ပါနဲ့ hyung လို့ခေါ်မယ်လေနော်...နော်...နော်...နော်လို့"
"ဟုတ်ပြီ ဒီတစ်ခါတော့ အလျှော့ပေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ် hyung... hee hee...ဒါနဲ့ hyung ကျနော်က ဘာလုပ်ရမှာလဲ"
"ငယ်က ကိုယ့်ရဲ့.........."
--------LITC-------
*မောင်...ဒီနေ့ ကျွန်တော် မောင့်ရင်ခွင်နဲ့ဝေးကွာနေတာ တစ်ပတ်ပြည့်ပြီ မောင်... ကျွန်တော် တကယ်အဆင်မပြေဘူး...
မောင်ရဲ့ ကိုယ်သင်းနံ့လေးကို လွမ်းတယ်...မောင့်ရဲ့ ရင်ခွင်ကျယ်ကြီးနဲ့ဝေးကွာနေတော့ နွေးထွေးမှုတွေ ပျောက်ကွယ်နေသလိုဘဲ...
ကျွန်တော်လေ မောင့်ရဲ့ ရင်ခွင်ထဲမှာနေပြီးတော့ မောင့်ကိုချစ်တဲ့အကြောင်းတွေပြောချင်သေးတယ်...
ကျွန်တော်ဟင်းချက်နေရင် ကျွန်တော့်ရဲ့နောက်ကျောလေးကိုဖက်ထားတတ်တဲ့ မောင့်ကို လွမ်းတယ်...
ညအိပ်ချိန် သီချင်းအေးအေးလေးတွေဆိုပြပြီး ချော့သိပ်တတ်တဲ့ မောင့်ရဲ့ အသံဩရှရှလေးကို နားထောင်ချင်တယ်...
Good morning, good night ဆိုပြီး အနမ်းတွေပေးတတ်တဲ့ မောင့်ရဲ့နှုတ်ခမ်းထူထူကို တောင့်တမိတယ်....
ဒါပေမယ့်.....
မောင့်ရဲ့ ကိုယ်သင်းနံ့လေးနဲ့ဝေးနေလို့ မေ့သွားမှာ စိုးရိမ်မိတယ် မောင်...
မောင့်ရဲ့ ရင်ခွင်ကျယ်ကြီးကို မှန်းဆပြီး နွေးထွေးမှုကို မျှော်လင့်ကြည့်ပေမယ့် လေအေးအေးကသာ အဖော်ပြုနေတယ် မောင်ရယ်...
မောင့်ရဲ့ရင်ခွင်ထဲမှာနေပြီး အချစ်စကားတွေပြောချင်ပေမယ့် မောင်က ကျွန်တော့်ကို လက်မခံတော့ဘူးလေ...
ဟင်းချက်နေရင် နောက်ကျောပြင်ကနေရမယ့် မောင့်ရင်ခွင်ရဲ့ အနွေးဓာတ်လေးကို တောင့်တမိပေမယ့် မောင်မရှိဘူးဆိုတဲ့အကြောင်းကို နောက်ကျောပြင်အေးအေးက ခဏခဏ လာသတိပေးနေတယ်...
ညအိပ်ချိန်မှာ မောင့်အသံဩရှရှနဲ့ ညည်းတတ်တဲ့ သီချင်းလေးတွေကို နားထာင်ချင်ပေမယ့် ကျွန်တော့်မှာ အခွင့်အရေးမရှိတော့ဘူး မောင်ရေ...
မနက်တိုင်း ညတိုင်းမှာ မောင့်နှုတ်ခမ်းထူထူကို တမ်းတမိပေမယ့် ကျွန်တော့်လို ဝဋ်ကြွေးရှိတဲ့လူကတော့ ချစ်တဲ့လူရဲ့ အငွေ့အသက်ကိုမပြောနဲ့ အနားမှာတောင် နေခွင့်မရှိတော့တဲ့ဘဝကို ရောက်နေပြီလေ...
ဒါပေမယ့် ကျွန်တော်ကြံ့ခိုင်မှရမယ်....
ကျွန်တော့်ရဲ့ ချစ်ခြင်းတွေနဲ့ အသက်ဆက်ရှင်သန်မယ့် အပြစ်မဲ့တဲ့သူလေးရှိသေးတယ် မောင်ရဲ့...
မောင့်ကို မချစ်တာမဟုတ်ပါဘူး...မောင့်ကို ကျွန်တော့်ရဲ့ နှလုံးသားထဲမှာဘဲသိမ်းထားတော့မယ် မောင်...
"အနေဝေးလို့ သွေးအေးတယ်" ဆိုတာ အချစ်စစ်ကို ပေါ့ပေါ့တန်တန်သတ်မှတ်ကြတဲ့ လူတွေပြောတဲ့ စကားပါ မောင်...
မောင် ဆိုတဲ့ပန်းလေး ကျွန်တော့်ရဲ့ နှလုံးသားဥယျာဉ်ထဲမှာ အမြဲတမ်းရှင်သန်နေမှာပါ...
အရမ်းချစ်တယ် မောင်...
______________________________________
ချစ်ရတာပင်ပန်းလွန်းပေမယ့် မမေ့ရက်ဘူး မောင်ရေ.....
.
.
.
.
.
.
.
.
Tbc........
Thanks for reading 💕💕💕
[Zawgyi]
Chanyeol က "Club မွာေတြ႕မယ္"လို႔ေျပာတာေၾကာင့္ ေရာက္လာေသာ Luhan...
"ေဟ်ာင့္! Chanyeol! မင္း Baekhyun ကိုလိုက္မရွာဘူးလား"
"ေနပါေစကြာ...သူ႔ဟာသူ"
"ဟာကြာ!မင္းက တာဝန္မဲ့လွခ်ည္လား...မင္းခ်စ္လွပါရဲ႕ ဆိုၿပီးေတာ့ လက္ထပ္ထားတာမဟုတ္ဘူးလား? မင္းကြာ....ေတာက္* "
"ငါ့ကို လာၿပီးေတာက္မေခါက္နဲ႔!
အဟက္! သူေတာင္ ငါနဲ႔ မေနခ်င္လို႔ ထြက္သြားတာမလား! မင္းကဘာေတြလာၿပီး စိတ္ပူျပေနတာလဲ!"
"မပူလို႔ရမလားကြ! သူ႔မွာက.....ဟာကြာ"
"ဘာလဲ! သူ႔မွာ ငါ့အျပင္ေနာက္တစ္ေယာက္ရွိတာလား... အဟား! အဲ့ဒါေၾကာင့္ ထြက္သြားတာလား.. ဟုတ္လား"
"ဘာေျပာတယ္!"
ခြမ္း* ဝုန္း*
Luhan စိတ္တိုသြားသည္မို႔ Chanyeol ကို လက္သီးျဖင့္ထိုးလိုက္သည္... Chanyeol အမ်ားႀကီးေသာက္ထားတာၿပီး မူးလည္းမူးေနသည္မို႔ ထိုင္ခုံေပၚမွ ၾကမ္းျပင္ေပၚသို႔ ဝုန္းခနဲ ျပဳတ္က်သည္.... စားပြဲေပၚမွ ခြက္ႏွင့္ ေသာက္ၿပီးသား အရက္ပုလင္းက ခြမ္းဆိုေသာ အသံေနာက္မွာ ေၾကေၾကမြမြ....
"ခြပ္* မင္းကြာ! ခြပ္* မင္းလို လူစိတ္မရွိတဲ့ ေကာင္ကို ခြပ္* မွတ္ေလာက္ေအာင္ ဆုံးမရမယ္ ခြပ္*"
"Han ေတာ္ၿပီေလ....ေတာ္ေတာ့... Chanyeol ေသေတာ့မယ္"
"ေသေပ့ေစ...သူ႔လိုေကာင္မ်ိဳးက ေသသင့္တာ ၾကာၿပီ"
Luhan အာက္မွာလဲေနတဲ့ Chanyeol ေပၚကို တက္ခြၿပီး မ်က္ႏွာကို စိတ္ရွိတိုင္းထိုးေနမိသည္မွာ Chanyeol မ်က္ႏွာတစ္ခုလုံးဒဏ္ရာဒဏ္ခ်က္ေတြျပည့္တဲ့အထိဘဲ...
Hun က က်ေနာ့္ကို ဝင္ဆြဲေတာ့မွ အသိျပန္ဝင္တဲ့အထိ...
"ေယာက္်ားေဖာက္ျပန္တာကို သိေပမယ့္ မေျပာရဲခဲ့တာ မဟုတ္ဘူး သူ႔ပါးစပ္က မေျပာႏိုင္ခဲ့တာ... မင္းလိုတိရစာၦန္ေကာင္ရဲ႕ ဂုဏ္သိကၡာအတြက္တဲ့... အဟက္! ေလာကႀကီးက အရမ္းဆန္းၾကယ္တာဘဲ ဂုဏ္သိကၡာမရွိတဲ့ လူတစ္ေယာက္ရဲ႕ဂုဏ္သိကၡာအတြက္ မျပစ္မရွိတဲ့လူႏွစ္ေယာက္က ေပးဆပ္ေနရတာ"
"......"
"ဒါကိုမ်ား ဘာတဲ့!? သူ႔မွာ ငါ့အျပင္ေနာက္တစ္ေယာက္ရွိတာလားတဲ့!ဘယ္ေလာက္ေတာင္ ရယ္စရာေကာင္းလိုက္တဲ့ ျပက္လုံးလဲကြာ...ဟား ဟား ဟား...
Park Chanyeol မင္းကို ဟာသကားေတြထဲမွာ ဇာတ္ေဆာင္မင္းသားလုပ္ခိုင္းသင့္တာ...ငါအူေတြနာေနၿပီ...ဟား ဟား...
ေအးေလ မင္းလိုေကာင္ကို ေသေလာက္ေအာင္ခ်စ္တဲ့ Baekhyun ဆိုတဲ့ေကာင္ကလည္း ႐ူးေနလို႔ေနမွာေပါ့..."
"Han ေတာ္ၿပီေလကြာ...သြားရေအာင္ေနာ္"
"Park Chanyeol မင္း ေနာက္မွ ေနာင္တမရပါေစနဲ႔လို႔ ငါဆုေတာင္းေပးတယ္...ငါသြားၿပီ"
Luhan Chanyeol ေရွ႕မွ လွည့္ထြက္လာခဲ့သည္...ဒါေပမယ့္ စကားတစ္ခြန္းကို ေနာက္လွည့္ကာ ေျပာလိုက္သည္
"ၿပီးေတာ့ ေမတၱာဆိုတာ ဆူးတတ္တယ္ေနာ္....မင္းမသိမွာဆိုလို႔ ငါေျပာျပတာ"
--------LITC-------
"Kyungsoo ေရ အမႈိက္ေလးသြားပစ္လိုက္ပါဦး"
"Nae hyung"
က်ေနာ့္ေက်ာင္းစရိတ္အတြက္ စားေသာက္ဆိုင္တစ္ဆိုင္မွာ အလုပ္လုပ္တယ္... သူေဌးျဖစ္တဲ့ Xiumin hyung က ညီေလးတစ္ေယာက္လို ေႏြးေႏြးေထြးေထြးေျပာဆိုဆက္ဆံတယ္....
အမႈိက္ပစ္ဖို႔ထြက္လာတုန္း တစ္ခ်ိန္က ကိုယ့္အေပၚအေႂကြးတင္ထားတဲ့လူရဲ႕ကားကိုေတြ႕လိုက္ရသည္...
"ဟင္! ဟိုကား! ေတြ႕ၾကတာေပါ့! ခင္ဗ်ားႀကီး ေလ်ာ္ေၾကးေပးဖို႔သာျပင္ထား"
*ဒီနားမွာဘဲေစာင့္ေနရမယ္*
"Jongin shi က်မနဲ႔ ခဏေလာက္စကားေျပာရေအာင္"
"Sorry ကြာ ကိုယ့္မွာမင္းနဲ႔ ေျပာစရာမရွိဘူး"
"ရွင့္မွာ မရွိလည္း က်မမွာရွိတယ္"
"ဟာ... မင္းရဲ႕ ဓာတ္ျပားေဟာင္းႀကီးကို ငါဘယ္ႏွခါေလာက္နားေထာင္ရဦးမွာလဲ...
Jongin shi က်မနဲ႔ သုံးရက္ေလာက္ဘဲ တြဲၾကည့္ပါ... Jongin shi မႀကိဳက္ရင္ ျဖတ္လို႔ရပါတယ္...ကဲ မင္းစကားေတြကို ငါေတာင္ အလြတ္ရေနၿပီ...
မင္းနဲ႔ သုံးရက္မေျပာနဲ႔ ခဏေတာင္ေတြ႕ခ်င္တာမဟုတ္ဘူး... ခုလို မင္းနဲ႔စကားေျပာေနမိတဲ့ ငါကိုယ့္ငါေတာင္ မသတီေတာ့ဘူး...ငါအဲ့ေလာက္ထိ မင္းကို မေတြ႕ခ်င္တာ...ရွင္းၿပီလား"
"ဒါေပမယ့္ ရွင့္မွာဆိုင္သူ မရွိသ၍က်မႀကိဳးစားေနဦးမွာဘဲ...အဲ့ဒါေလးကိုေတာ့ မွတ္ထားေပးပါ Kim Jongin shi"
"Ok! coal! သေဘာတူတယ္"
"....."
"ဟုတ္ပါၿပီ က်မသြားလိုက္ပါမယ္ Jongin shi"
"ေကာင္းၿပီ"
*ေအာ္...မိန္းမေတြမ်ားဘယ္လိုမွန္းေတာင္မသိ...ေယာက္်ားေလးဘက္ကျငင္းေနတာေတာင္ အတင္းတြယ္ကပ္ေနတယ္....သနားပါတယ္*
ကိုယ့္ဘာသာကိုယ္ စဥ္းစားရင္း ေခါင္းအထပ္ထပ္ခါမိသည္...
ကားထားရာဘက္ကို ေလွ်ာက္လာလိုက္ေတာ့ ကားနားမွာ ရစ္သီရစ္သီလုပ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကို ေတြ႕လိုက္ရသည္....
ကားထဲကိုေခ်ာင္းၾကည့္လိုက္၊ ေဘးကိုလွည့္ၾကည့္လိုက္နဲ႔ ပါးစပ္ကလည္း ပြစိပြစိနဲ႔ ...ကားဘီးကိုလည္း ေျခေထာက္နဲ႔ ကန္ေသး...ဘလိုဟာေလးလဲကြာ..
"ေဟ့! သူမ်ားကားကို ဘာလုပ္ေနတာလဲကြ!"
"အမေလးဗ်!"
ကားနားကို ရစ္သီရစ္သီလုပ္ေနတဲ့ အေကာင္ေပါက္ကို အေဝးကၾကည့္ေနရတာ အူေတြယားလာတာေၾကာင့္ အနားသြားကပ္ၿပီး စ လိုက္မိသည္...
"ဘာေတြလုပ္မလို႔ ဒီေလာက္ေတာင္လန႔္သြားတာလဲ...မဟုတ္မွလြဲေရာ ကားခိုးမလို႔လုပ္ေနတာေတာ့မဟုတ္ပါဘူးေနာ္"
"ဘာဗ်! က်ေနာ္က သူခိုး႐ုပ္ေပါက္ေနလို႔လား"
လူက နဂိုကတည္းကမွ အူယားေနပါတယ္ဆိုမွ ႏႈတ္ခမ္းေလးေထာ္ၿပီးရန္ေတြ႕ေနတဲ့ အ
ေကာင္ေပါက္ေၾကာင့္ ရင္ထဲကို ကင္းေျခမ်ားအေကာင္တစ္ရာေလာက္ေျပးေနသလို ခံစားရသည္....
*မင္းေလးက သူခိုး႐ုပ္ေတာ့ မေပါက္ေပမယ့္ သူခိုးေလးဘဲေလ...ကိုယ့္ႏွလုံးသားနဲ႔ ရင္ခုန္သံကို ခိုးယူသြားတဲ့ အခ်စ္သူခိုးေလး*
ကပ္ကပ္လန္ေအာင္ ရန္ေတြ႕ေနတဲ့ သူေလးရဲ႕ ပုံစံက စိတ္မွာ မယိုးမ႐ြျဖစ္ေနတာေၾကာင့္ ထပ္ စ ခ်င္လာသည္...
"ကိုယ့္ကားမွန္ကခြဲလို႔မရဘူးေနာ္... ဘာနဲ႔ထုထု ကြဲမွာမဟုတ္ဘူး... မွန္အေကာင္းစားေတြနဲ႔ လုပ္ထားတာ"
"ေအာ္...အေရးထဲမွာ ကားေၾကာ္ျငာနဲ႔လာတိုးေနေသးတယ္"
Kyungsoo အသံထြက္တယ္ဆိုေလာက္႐ုံေလးသာေျပာလိုက္မိသည္
"ဟိတ္! ကိုယ္ၾကားတယ္ေနာ္"
"ပာာဗ်ာ....ၾကားရင္ ၾကားတယ္လို႔မွတ္လိုက္ဗ်ာ"
*ငါေနာ္ အသည္းယားလာၿပီ...အဲ့ႏႈတ္ခမ္းကို ဆြဲကိုက္ပစ္လိုက္ရ...စိတ္ထိန္းစမ္း...Kim Jongin ကိုယ့္စိတ္ကိုထိန္းစမ္း...ဟူး*
"ဒါနဲ႔ ဒီကားက ခင္ဗ်ားကားလား"
"ဟုတ္တယ္ေလ ေပါက္စရ"
"ဘာဗ်! ေပါက္စ!ကြၽန္ေတာ္က ေပါက္စမဟုတ္ဘူးဗ် နာမည္ရွိတယ္... Kyungsoo...Do Kyungsoo...ကြၽန္ေတာ့္နာမည္ Do Kyungsoo"
"ဟုတ္ပါၿပီ ေပါက္စရယ္"
"ဟာ....ခင္ဗ်ားႀကီးေျပာေလကဲေလ"
"ေဟာဗ်ာ...ေပါက္စကို ေပါက္စလို႔ေခၚေတာ့ဘာျဖစ္လို႔လဲ"
"ဟင္းးး... ထားလိုက္ေတာ့ ႀကိဳက္သလိုသာေခၚေတာ့...ဒီကားပိုင္ရွင္က ဦးေလးႀကီးဆိုေတာ့ ကြၽန္ေတာ့္ကို ေလ်ာ္ေၾကးေပးရမယ္"
"ဟင္!!ဘာအတြက္လည္းေပါက္စရ!"
"ဒီမွာ ဦးေလးႀကီး!ခုမွ ဂ်ပန္ဝက္အူလာလုပ္မေနနဲ႔"
"မူလီေလာက္ေတာ့လုပ္ပါ ေပါက္စရယ္"
"ဦးေလးႀကီး လွ်ာအရမ္းရွည္တာဘဲ...ဒီတိုင္းကြၽန္ေတာ္ေျပာတာေလးဘဲနားေထာင္လို႔မရဘူးလား"
"ဟုတ္ပါၿပီ ေပါက္စရယ္...ကိုယ္နားေထာင္ေနတယ္...ေျပာ"
"ၿပီးခဲ့တဲ့အပတ္က wings hotel ေရွ႕မွာ ဦးေလးႀကီးကားနဲ႔ ကြၽန္ေတာ္ တိုက္မိေတာ့မလိုျဖစ္ခဲ့တာ"
"Omm"
"အဲ့ဒါ ကြၽန္ေတာ္ခါးနာသြားလို႔ တစ္ပတ္ေလာက္ အလုပ္မဆင္းႏိုင္ဘူး"
"Inn"
"ဦးေလးႀကီး ကြၽန္ေတာ္ေျပာတာနားေထာင္ေနလား"
"omm"
ကြၽန္ေတာ္ေျပာသမွ်ကို ၿပဳံးၿပဳံးႀကီးနဲ႔ ေခါင္းတၿငိမ့္ၿငိမ့္လုပ္ၿပီး ကြၽန္ေတာ္ကို စိုက္ၾကည့္ေနတဲ့ ဦးေလးႀကီးေၾကာင့္ လူကအရည္ေပ်ာ္ခ်င္စိတ္ေပါက္လာသည္....
မေနတတ္လို႔ သူ႔မ်က္ႏွာေရွ႕ကို လက္ကို ေဝွ႔ယမ္းျပကာေမးလိုက္ေတာ့ သူကေတာ့ဂ႐ုမစိုက္သလို ၿပဳံးၿပဳံးႀကီးျပန္ေျဖလာတာက "omm" တဲ့... ကြၽန္ေတာ္ထြက္ေျပးခ်င္စိတ္ေပါက္လာသည္...
"ဦးေလးႀကီး ဦးေလးႀကီး"
"Hum? omm! ေျပာေလေပါက္စ ကိုယ္နားေထာင္ေနတယ္"
ေအာ္... ေကာင္းၾကပါေလေရာ...အခုမွ သတိျပန္လည္လာတဲ့လူလို ေယာင္ေတာင္ေတာင္နဲ႔ ...ေျပာေနတုန္းကၾကေတာ့နားမေထာင္ဘူး...ကေလးေတြလို တင္ပါးကို ခပ္ဆတ္ဆတ္ေလး ႐ိုက္လိုက္ရ မေကာင္းရွိေတာ့မယ္....
"ဦးေလးႀကီး ေျပာေနတုန္းကနားမေထာင္ဘဲနဲ႔"
"နားေထာင္ေနပါတယ္ ေပါက္စရ ဆက္ေျပာ"
"အဟမ္း ဟုတ္ၿပီ ဆက္ေျပာမယ္"
"အဲ့ေန႔က ကြၽန္ေတာ္ ဖင္ေနာင့္႐ိုးနာသြားတယ္... အဲ့ဒါေၾကာင့္ တစ္ပတ္ေလာက္အလုပ္မဆင္းႏိုင္ဘူး"
"ဟုတ္လား ကေလး ကိုယ့္ကိုျပ ကိုယ္ေဆးခန္းလိုက္ပို႔ေပးမယ္"
"ခင္ဗ်ားႀကီးေနာ္ မယုတ္မာနဲ႔ ...ဖင္ေနာင့္႐ိုးနာတာ ခင္ဗ်ားကို ဘာလို႔ျပရမွာလဲ...ၿပီးေတာ့ေဆးခန္းပို႔တာက အဲ့ေန႔ကတည္းကပို႔ပါ့လား...ခုမွလာၿပီးေတာ့"
"အဲ့ေန႔ကကိုယ့္တကယ္မသိလိုက္တာပါကြာ...အဲ့ေန႔က ကိုယ့္စိတ္နဲ႔ကို ပူထူေနလို႔ပါ...ကိုယ္ေတာင္းပန္ပါတယ္ကြာ"
"ဦးေလးႀကီးက ဘာေတြပူထူေနတာလဲ... မဟုတ္မွလြဲေရာ ဟိုတယ္ထဲကထြက္လာတာဆိုေတာ့ ဦးေလးႀကီး... ဝိုးးးးးး မထင္ရဘူးေနာ္"
မ်က္လုံးေလးျပဴးၿပီးၾကည့္ေနတာက ခ်စ္စဖြယ္အတိ...တဝိုးဝိုးနဲ႔ ေအာ္ၿပီး ပါးစပ္ကေလးကို ပိတ္ၿပီးအံ့ဩေနဟန္က ပင္ကြင္းေပါက္ေလးတစ္ေကာင္အတိုင္း...
*Kim Jongin စိတ္ကို လာဆြေနတာလား မင္းေလးက*
"ကိုယ္ကဘာလုပ္လုပ္ပါ ေပါက္စကေရာ ဘာလို႔ဟိုတယ္ကို လာတာလဲ"
"ကြၽန္ေတာ္က ေအာ္ဒါသြားပို႔တာ...က်ေနာ္က စားေသာက္ဆိုင္မွာ အခ်ိန္ပိုင္းအလုပ္လုပ္တာေလ"
"ေအာ္...ဒါနဲ႔ ကိုယ္မင္းကို အလုပ္တစ္ခုကမ္းလွမ္းခ်င္လို႔...ျဖစ္မလား?"
"ဗ်ာ! တကယ္လား! ဘာအလုပ္လဲ! ဦးေလးႀကီးက ကုမၸဏီပိုင္ရွင္လား? ကြၽန္ေတာ့္ကို တကယ္ အလုပ္ခန႔္မွာလား"
"Omm တကယ္! ဒါနဲ႔ ေပါက္စက ကိုယ့္ကို ဘာလို႔ ဦးေလးႀကီးလို႔ ေခၚတာလဲ? ကိုယ္က အဲ့ေလာက္အသက္ႀကီးတဲ့ပုံေပါက္ေနလို႔လား"
"မဟုတ္ပါဘူး...ခင္ဗ်ားက ႏုပါတယ္...ခင္ဗ်ားက ကြၽန္ေတာ့္ကို ေတြ႕ကတည္းက ေပါက္စလို႔ေခၚေနတာ မေက်နပ္လို႔"
"ဟုတ္ပါၿပီေပါက္စလို႔ မေခၚေတာ့ဘူး...ငယ္ လို႔ေခၚမယ္...ကိုယ့္ရဲ႕ငယ္"
"ဟင္!!ဘယ္လိုနာမည္ႀကီးတုန္း!ထားလိုက္ပါ...ေပါက္စလို႔မေခၚရင္ၿပီးတာဘဲ"
"ငယ္ကေရာ ကိုယ့္ကို ဘယ္လိုေခၚမွာလဲ"
"ဘယ္လိုေခၚရမွာလဲ! သူေဌးလို႔ေခၚရမွာလား ဒါမွမဟုတ္ရင္ boss!"
"ဟာ!!အဲ့လိုႀကီးေတြမေခၚပါနဲ႔ငယ္ရာ! ကို လို႔ေခၚ"
"ဗ်ာ!!! ဘယ္လိုႀကီးလဲ မေခၚခ်င္ပါဘူး မိန္းမဆန္တယ္"
"အာ့ဆို အလုပ္မေပးေတာ့ဘူး"
"အဲ့လိုေတာ့ မလုပ္ပါနဲ႔ hyung လို႔ေခၚမယ္ေလေနာ္...ေနာ္...ေနာ္...ေနာ္လို႔"
"ဟုတ္ၿပီ ဒီတစ္ခါေတာ့ အေလွ်ာ့ေပးလိုက္မယ္"
"ေက်းဇူးတင္ပါတယ္ hyung... hee hee...ဒါနဲ႔ hyung က်ေနာ္က ဘာလုပ္ရမွာလဲ"
"ငယ္က ကိုယ့္ရဲ႕.........."
--------LITC-------
*ေမာင္...ဒီေန႔ ကြၽန္ေတာ္ ေမာင့္ရင္ခြင္နဲ႔ေဝးကြာေနတာ တစ္ပတ္ျပည့္ၿပီ ေမာင္... ကြၽန္ေတာ္ တကယ္အဆင္မေျပဘူး...
ေမာင္ရဲ႕ ကိုယ္သင္းနံ႔ေလးကို လြမ္းတယ္...ေမာင့္ရဲ႕ ရင္ခြင္က်ယ္ႀကီးနဲ႔ေဝးကြာေနေတာ့ ေႏြးေထြးမႈေတြ ေပ်ာက္ကြယ္ေနသလိုဘဲ...
ကြၽန္ေတာ္ေလ ေမာင့္ရဲ႕ ရင္ခြင္ထဲမွာေနၿပီးေတာ့ ေမာင့္ကိုခ်စ္တဲ့အေၾကာင္းေတြေျပာခ်င္ေသးတယ္...
ကြၽန္ေတာ္ဟင္းခ်က္ေနရင္ ကြၽန္ေတာ့္ရဲ႕ေနာက္ေက်ာေလးကိုဖက္ထားတတ္တဲ့ ေမာင့္ကို လြမ္းတယ္...
ညအိပ္ခ်ိန္ သီခ်င္းေအးေအးေလးေတြဆိုျပၿပီး ေခ်ာ့သိပ္တတ္တဲ့ ေမာင့္ရဲ႕ အသံဩရွရွေလးကို နားေထာင္ခ်င္တယ္...
Good morning, good night ဆိုၿပီး အနမ္းေတြေပးတတ္တဲ့ ေမာင့္ရဲ႕ႏႈတ္ခမ္းထူထူကို ေတာင့္တမိတယ္....
ဒါေပမယ့္.....
ေမာင့္ရဲ႕ ကိုယ္သင္းနံ႔ေလးနဲ႔ေဝးေနလို႔ ေမ့သြားမွာ စိုးရိမ္မိတယ္ ေမာင္...
ေမာင့္ရဲ႕ ရင္ခြင္က်ယ္ႀကီးကို မွန္းဆၿပီး ေႏြးေထြးမႈကို ေမွ်ာ္လင့္ၾကည့္ေပမယ့္ ေလေအးေအးကသာ အေဖာ္ျပဳေနတယ္ ေမာင္ရယ္...
ေမာင့္ရဲ႕ရင္ခြင္ထဲမွာေနၿပီး အခ်စ္စကားေတြေျပာခ်င္ေပမယ့္ ေမာင္က ကြၽန္ေတာ့္ကို လက္မခံေတာ့ဘူးေလ...
ဟင္းခ်က္ေနရင္ ေနာက္ေက်ာျပင္ကေနရမယ့္ ေမာင့္ရင္ခြင္ရဲ႕ အေႏြးဓာတ္ေလးကို ေတာင့္တမိေပမယ့္ ေမာင္မရွိဘူးဆိုတဲ့အေၾကာင္းကို ေနာက္ေက်ာျပင္ေအးေအးက ခဏခဏ လာသတိေပးေနတယ္...
ညအိပ္ခ်ိန္မွာ ေမာင့္အသံဩရွရွနဲ႔ ညည္းတတ္တဲ့ သီခ်င္းေလးေတြကို နားထာင္ခ်င္ေပမယ့္ ကြၽန္ေတာ့္မွာ အခြင့္အေရးမရွိေတာ့ဘူး ေမာင္ေရ...
မနက္တိုင္း ညတိုင္းမွာ ေမာင့္ႏႈတ္ခမ္းထူထူကို တမ္းတမိေပမယ့္ ကြၽန္ေတာ့္လို ဝဋ္ေႂကြးရွိတဲ့လူကေတာ့ ခ်စ္တဲ့လူရဲ႕ အေငြ႕အသက္ကိုမေျပာနဲ႔ အနားမွာေတာင္ ေနခြင့္မရွိေတာ့တဲ့ဘဝကို ေရာက္ေနၿပီေလ...
ဒါေပမယ့္ ကြၽန္ေတာ္ႀကံ့ခိုင္မွရမယ္....
ကြၽန္ေတာ့္ရဲ႕ ခ်စ္ျခင္းေတြနဲ႔ အသက္ဆက္ရွင္သန္မယ့္ အျပစ္မဲ့တဲ့သူေလးရွိေသးတယ္ ေမာင္ရဲ႕...
ေမာင့္ကို မခ်စ္တာမဟုတ္ပါဘူး...ေမာင့္ကို ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားထဲမွာဘဲသိမ္းထားေတာ့မယ္ ေမာင္...
"အေနေဝးလို႔ ေသြးေအးတယ္" ဆိုတာ အခ်စ္စစ္ကို ေပါ့ေပါ့တန္တန္သတ္မွတ္ၾကတဲ့ လူေတြေျပာတဲ့ စကားပါ ေမာင္...
ေမာင္ ဆိုတဲ့ပန္းေလး ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားဥယ်ာဥ္ထဲမွာ အၿမဲတမ္းရွင္သန္ေနမွာပါ...
အရမ္းခ်စ္တယ္ ေမာင္...
______________________________________
ခ်စ္ရတာပင္ပန္းလြန္းေပမယ့္ မေမ့ရက္ဘူး ေမာင္ေရ.....
.
.
.
.
.
.
.
.
Tbc........
Thanks for reading 💕💕💕