Zawgyi
"နွင္းျဖဴ ေရ..ဒိီေန႔လည္း အေစာႀကီးပဲျပန္လာတယ္ေနာ္။ေနမေကာင္းလို႔လားကေလး.."
အိမ္နီးနားခ်င္းတစ္ေယာက္၏ နႈတ္ဆက္စကားကို အၿပံဳးျဖင့္သာ တံု႔ျပန္ရင္း နွင္းျဖဴအိမ္ထဲသို႔ဝင္လိုက္သည္။အိမ္အတြင္းသို႔ဝင္လိုက္သည္နွင႔္ သင္းပ်ံ့ပ်ံ့ရနံ႔တစ္ခုက နွာေခါင္းထဲတ္ုိးဝင္လာသည္။ နွင္းဆီပန္းနံ႔ကုိ သေဘာက်ေသာ သူမအေမေၾကာင့္ အိမ္ထဲရွိ အေမႊးအိုးတြင္ ထိုအနံ႔ကိုသာ ထည့္ထားၾကျခင္းျဖစ္သည္။
"သမီး.. အတန္းမတက္ဘူးလား"
ဧည့္ခန္းတြင္ ထိုင္ေနေသာ အေမျဖစ္သူမွ ေမးလိုက္သည္။ ဆံပင္က္ုိရိုးရွင္းစြာ ထံုးဖြဲ႕ထားၿပီး အျပာႏုေရာင္ဝမ္းဆက္ကိုဝတ္ဆင္ထားသည္။ထို႔ျပင္ ၾကည္လင္ေသာ အသားအေရ၊ ပါးလႊာေသာ နႈတ္ခမ္း နွင့္ မဟာဆန္ေသာ မ်က္နွာထားကို ပိုင္ဆိုင္ထားၿပီး စကားအေျပာအဆို အလြန္ပါးနပ္လွေသာသူမအေမကို တစ္အိမ္လံုးက ခ်စ္ေၾကာက္ရိုေသရသည္။
"ဒီေန႔ အတန္းခ်ိန္ေစာေစာၿပီးလို႔ပါ ေမေမ"
"အဲ့ဒါဆိုလည္းၿပီးတာပဲ။ စာႀကိဳးစားေနာ္ သမီး။ တျခားကိစၥကို မေျပာလိုေပမယ့္ ေက်ာင္းစာကိစၥမွာေတာ့ ေမေမ့ကို စိတ္ခ်ရေအာင္ လုပ္ေပးပါ သမီး"
"ဟုတ္ကဲ့"
"သြားနားေတာ့ေလ။ အဝတ္အစားလဲၿပီးရင္ ေအာက္ျပန္ဆင္းလာခဲ့။ အေမ ဒီေန႔ ပန္းသီးေတြ ဝယ္ထားတယ္။သမီးကို ေဖ်ာ္ရည္လုပ္ေပးမယ္"
"တကယ္ေနာ္!"
နွင္းျဖဴ အေပၚထပ္သို႔ ေျပးတက္ၿပီး အဝတ္အစားကို အျမန္ပင္ လဲလိုက္သည္။
သူမနာမည္သည္ နွင္းဧကရီျဖဴျဖစ္ေသာ္လညး္ အိမ္သားအားလံုးက နွင္းျဖဴဟုသာေခၚၾကသည္။ သူမသည္ ရန္ကုန္နိုင္ငံျခားဘာသာ တကၠသိုလ္တြင္ ဂ်ပန္ဘာသာက္ု္ိ သင္ၾကားေနသူျဖစ္သည့္အေလ်ာက္ သူမကိုယ္ပိုင္Japanနာမည္ကို သူမကို္ယ္တိုင္သတ္မွတ္ထားေသးသည္။Yukiဟူေသာ နွင္း နွင့္ ကေလးငယ္ ဟူေသာ Koကိုေပါင္းစပ္ကာ Yukikoဟုေပးထားသည္။Yukioဟုအတန္းသားမ်ားကေခၚေသာ္လည္း လူတိုင္းလိုလို ကေတာ့ သူမကို နွင္းျဖဴ သိ့ုမဟုတ္ ဧကရီ ဟုသာ အဖ်ားစြတ္ေခၚၾကသည္။
သူမ အေမနာမည္မွာ ေဆာင္းနွင္းခ်ိဳျဖစ္သည္။ အသက္၄၇နွစ္ရွိၿပီျဖစ္ေသာ္လည္း အ႐ြယ္တင္နပ်ဳိစဲျဖစ္သည္။ စည္းကမ္းႀကီးေသာ္လည္း အေျပာအဆို ၊ အေတြးအေခၚမ်ားမွာ ေခတ္ေရွ႕ေျပး သိမ္ေမြ့သျဖင့္ အိမ္သားမ်ားသာမက ပတ္ဝန္းက်င္ကပင္ ခ်စ္ခင္ေလးစားရသည္။
" သမီး ဒီမွာ။ သမီးအတြက္ အခ်ိဳေလ်ာ့ထားတယ္"
"ဒါေပမယ့္.."
"အခ်ဳိေတြ အရမ္းစားရင္ ဆီးခ်ိဳျဖစ္မယ္။ ဆီးခ်ိဳျဖစ္ရင္."
"ေျခေတြ လက္ေတြ ျဖတ္ရမယ္။ အလြတ္ေတာင္ရေနၿပီ"
နႈတ္ခမ္းကိုတစ္ေတာင္ေလာက္ဆူရင္း ေျပာလိုက္သည္။ အေမအလစ္တြင္ အခ်ိဳမ်ားခိုးစားမိေနသည္ကို သတိရကာ ေျခလက္မ်ားပင္ ယားလာေလသည္။
"ဒီအပတ္ စေနေန႔။အေမတို႔ အဘြားအိမ္က္ုိသြားၾကမယ္။၂ပတ္ေလာက္ ပိတ္ရက္ဆိုေတာ့ အေမတို႔ အဲ့မွာ ၾကာၾကာေလးေနၾကမယ္ေလ။ပြဲေ္လည္းရွိတာကိုး"
" ...."
"ၿပီးေတ့ာ အေမသိတယ္ေနာ္ သမီးဘာေတြ လုပ္ထားတယ္ဆိုတာကို။ဟိုတစ္လက ေရာက္လာတဲ့ ပါဆယ္ထုပ္က Tarotမလား။"
"ဟို..အဲ့တာ.."
သမီး..အေမေမးေနတာေျဖေလ"
နွင္းျဖဴ လက္ဖ်ားမ်ားေအးစက္သြားသည္။ သူမအေမမသိေစရန္ ခိုးဝယ္ပါသည္ဆိုမွ တန္းမ္ိသြားရသည္။ အေမစိ္တ္ဆိုးမည္က္ိုေၾကာက္ပါသည္ဆိုမွ ထိုက္ိစၥကိုိသိသြားရသည္။
" သမီးက ဒီအတိုင္း...ဒီအတိုင္းေလး"
" ျမဴနွင္းကို ေပးထားတဲ့ ကတိက တည္မွျဖစ္မွာလားသမီးရယ္"
သူမထင္သလို စိတ္မဆိုးသြားေသာေၾကာင့္ စိတ္ထဲတြင္ ေပ်ာ္သြားရေသာ္လည္း အေမျဖစ္သူကို စိတ္မေကာင္းေအာင္ လုပ္မ္ိသျဖင့္ အျပစ္ရွိသေယာင္ခံစားေနရသည္။
"ထားလိုက္ပါ..ေသာၾကာေန႔ညအေမတို႔ ခရီးသြားရင္ သားငယ္ေလးကို သမီးအန္တီအိမ္မွာထားခဲ့မယ္။ သားႀကီးကိုပဲေခၚသြားမယ္"
"ဘာျဖစ္လို႔လဲ"
အေအးခြက္ကို အနည္းငယ္လႈပ္ရမ္းရင္း ေမးလိုက္သည္။ေမာင္ေလးကုိ ထားသြားေလ့မရွိေသာ အေမ့အတြက္ ထို အစီအစဥ္မွာ အနည္းငယ္ဆန္းၾကယ္ေနေလသည္။
"မဆိုင္တဲ့ကေလးကို ဘာလို႔ေခၚသြားရမွာလဲ ။ အေမ ဟန္ေလးကို သမီးလို မျဖစ္ေစခ်င္ဘူး။အဲ့ေန႔ကသာ အဲ့လိုေတြ ျဖစ္မယ္သိခဲ့ရင္ သမီးကို အေမ ထားခဲ့မွာ"
မ်က္ရည္စမ်ားေဝ့ဝဲတက္လာသျဖင့္ လက္ကိုင္ပုဝါျဖင့္ ထိတို႔ေနလိုက္သည္။ အေမငိုသည္ကို ျမင္သျဖင့္ နွင္းျဖဴစိတ္မေကာင္းျဖစ္မိသည္။
"ေမေမ... သမီး ကတိေပးတယ္။ သမီး ဒိီတိုက္ပြဲကု္ိ နိုင္ေအာင္တိုက္မယ္။ အမွန္တရားကို အကုန္သိေအာင္ လုပ္ေပးမွာမို႔လို႔ မငိုပါနဲ႔ေတာ့"
"အဲ့ဒါေတြ မလိုဘူး....အေမက ေဘးကင္းကင္းနဲ႔ အရာရာကိုၿပီးဆံုးသြားေစခ်င္တာ "
"အဲ့ဒါက္ို ကတိမေပးနိုင္ေပမယ့္ အတတ္နိုင္ဆံုးႀကိဳးစားပါ့မယ္"
နွင္းျဖဴ အေမ့လက္ကို ဆုပ္ကိုင္ရင္း ကတိေပးလုိက္သည္။ဖြင့္ထားေသာျပတင္းေပါက္မွ ေနေရာင္ျခည္က သူမ၏ မ်က္နွာေပၚတြင္ လင္းလက္ေနသည္။ ထို႔အတူ ႏူးညံ့ေသာ အႁပံဳးတစ္ပြင့္က ေနေရာင္ျခည္နွင့္ အတူေတာက္ပေနသည္။
Unicode
"နှင်းဖြူ ရေ..ဒီနေ့လည်း အစောကြီးပဲပြန်လာတယ်နော်။နေမကောင်းလို့လားကလေး.."
အိမ်နီးနားချင်းတစ်ယောက်၏ နှုတ်ဆက်စကားကို အပြုံးဖြင့်သာ တုံ့ပြန်ရင်း နှင်းဖြူအိမ်ထဲသို့ဝင်လိုက်သည်။အိမ်အတွင်းသို့ဝင်လိုက်သည်နှင့် သင်းပျံ့ပျံ့ရနံ့တစ်ခုက နှာခင်းထဲတ်ိုးဝင်လာသည်။ နှင်းဆီပန်းနံ့ကို သဘောကျသော သူမအမေကြောင့် အိမ်ထဲရှိ အမွှေးအိုးတွင် ထိုအနံ့ကိုသာ ထည့်ထားကြခြင်းဖြစ်သည်။
"သမီး.. အတန်းမတက်ဘူးလား"
ဧည့်ခန်းတွင် ထိုင်နေသော အမေဖြစ်သူမှ မေးလိုက်သည်။ ဆံပင်က်ိုရိုးရှင်းစွာ ထုံးဖွဲ့ထားပြီး အပြာနုရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားသည်။ထို့ပြင် ကြည်လင်သော အသားအရေ၊ ပါးလွှာသော နှုတ်ခမ်း နှင့် မဟာဆန်သော မျက်နှာထားကို ပိုင်ဆိုင်ထားပြီး စကားအပြောအဆို အလွန်ပါးနပ်လှသောသူမအမေကို တစ်အိမ်လုံက ချစ်ကြောက်ရိုသေရသည်။
"ဒီနေ့ အတန်းချိန်စောစောပြီးလို့ပါ မေမေ"
"အဲ့ဒါဆိုလည်းပြီးတာပဲ။ စာကြိုးစားနော် သမီး။ တခြားကိစ္စကို မပြောလိုပေမယ့် ကျောင်းစာကိစ္စမှာတော့ မေမေ့ကို စိတ်ချရအောင် လုပ်ပေးပါ သမီး"
"ဟုတ်ကဲ့"
"သွားနားတော့လေ။ အဝတ်အစားလဲပြီးရင် အောက်ပြန်ဆင်းလာခဲ့။ အမေ ဒီနေ့ ပန်းသီးတွေ ဝယ်ထားတယ်။သမီးကို ဖျော်ရည်လုပ်ပေးမယ်"
"တကယ်နော်!"
နှင်းဖြူ အပေါ်ထပ်သို့ ပြေးတက်ပြီး အဝတ်အစားကို အမြန်ပင် လဲလိုက်သည်။
သူမနာမည်သည် နှင်းဧကရီဖြူဖြစ်သော်လည်း အိမ်သားအားလုံးက နှင်းဖြူဟုသာခေါ်ကြသည်။ သူမသည် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ဂျပန်ဘာသာက်ုိ သင်ကြားနေသူဖြစ်သည့်အလျောက် သူမကိုယ်ပိုင်Japanနာမည်ကို သူမကိုယ်တိုင်သတ်မှတ်ထားသေးသည်။Yukiဟူသော နှင်း နှင့် ကလေးငယ် ဟူသော Koကိုပေါင်းစပ်ကာ Yukikoဟုပေးထားသည်။Yukioဟုအတန်းသားများကခေါ်သော်လည်း လူတိုင်းလိုလို ကတော့ သူမကို နှင်းဖြူ သို့မဟုတ် ဧကရီ ဟုသာ အဖျားစွတ်ခေါ်ကြသည်။
သူမ အမေနာမည်မှာ မြူနှင်းချိုဖြစ်သည်။ အသက်၄၇နှစ်ရှိပြီဖြစ်သော်လည်း အရွယ်တင်နပျိုစဲဖြစ်သည်။ စည်းကမ်းကြီးသော်လည်း အပြောအဆို ၊ အတွေးအခေါ်များမှာ ခေတ်ရှေ့ပြေး သိမ်မွေ့သဖြင့် အိမ်သားများသာမက ပတ်ဝန်းကျင်ကပင် ချစ်ခင်လေးစားရသည်။
" သမီး ဒီမှာ။ သမီးအတွက် အချိုလျော့ထားတယ်"
"ဒါပေမယ့်.."
"အချိုတွေ အရမ်းစားရင် ဆီးချိုဖြစ်မယ်။ ဆီးချိုဖြစ်ရင်."
"ခြေတွေ လက်တွေ ဖြတ်ရမယ်။ အလွတ်တောင်ရနေပြီ"
နှုတ်ခမ်းကိုတစ်တောင်လောက်ဆူရင်း ပြောလိုက်သည်။ အမေအလစ်တွင် အချိုများခိုးစားမိနေသည်ကို သတိရကာ ခြေလက်များပင် ယားလာလေသည်။
"ဒီအပတ် စနေနေ့။အမေတို့ အဘွားအိမ်က်ိုသွားကြမယ်။ ၂ညလောက်အိပ်ရမယ်ထင်တယ်။ တနင်္လာနေ့ကပိတ်ရက်ဆိုတော့ အမေတို့ အဲ့မှာ ကြာကြာလေးနေကြမယ်လေ။"
" ...."
"ပြီးတေ့ာ အမေသိတယ်နော် သမီးဘာတွေ လုပ်ထားတယ်ဆိုတာကို။ဟိုတစ်လက ရောက်လာတဲ့ ပါဆယ်ထုပ်က Tarotမလား။"
"ဟို..အဲ့တာ.."
သမီး..အမေမေးနေတာဖြေလေ"
နှင်းဖြူ လက်ဖျားများအေးစက်သွားသည်။ သူမအမေမသိစေရန် ခိုးဝယ်ပါသည်ဆိုမှ တန်းမ်ိသွားရသည်။ အမေစ်ိတ်ဆိုးမည်က်ိုကြောက်ပါသည်ဆိုမှ ထိုက်ိစ္စကိုသိသွားရသည်။
" သမီးက ဒီအတိုင်း...ဒီအတိုင်းလေး"
" မြူနှင်းကို ပေးထားတဲ့ ကတိက တည်မှဖြစ်မှာလားသမီးရယ်"
သူမထင်သလို စိတ်မဆိုးသွားသောကြောင့် စိတ်ထဲတွင် ပျော်သွားရသော်လည်း အမေဖြစ်သူကို စိတ်မကောင်းအောင် လုပ်မ်ိသဖြင့် အပြစ်ရှိသယောင်ခံစားနေရသည်။
"ထားလိုက်ပါ..သောကြာနေ့ညအမေတို့ ခရီးသွားရင် သားငယ်လေးကို သမီးအန်တီအိမ်မှာထားခဲ့မယ်။ သားကြီးကိုပဲခေါ်သွားမယ်"
"ဘာဖြစ်လို့လဲ"
အအေးခွက်ကို အနည်းငယ်လှုပ်ရမ်းရင်း မေးလိုက်သည်။မောင်လေးကို ထားသွားလေ့မရှိသော အမေ့အတွက် ထို အစီအစဉ်မှာ အနည်းငယ်ဆန်းကြယ်နေလေသည်။
"မဆိုင်တဲ့ကလေးကို ဘာလို့ခေါ်သွားရမှာလဲ ။ အမေ ဟန်လေးကို သမီးလို မဖြစ်စေချင်ဘူး။အဲ့နေ့ကသာ အဲ့လိုတွေ ဖြစ်မယ်သိခဲ့ရင် သမီးကို အမေ ထားခဲ့မှာ"
မျက်ရည်စများဝေ့ဝဲတက်လာသဖြင့် လက်ကိုင်ပုဝါဖြင့် ထိတိုနေလိုက်သည်။ အမေငိုသည်ကို မြင်သဖြင့် နှင်းဖြူစိတ်မကောင်းဖြစ်မိသည်။
"မေမေ... သမီး ကတိပေးတယ်။ သမီး ဒီတိုက်ပွဲကုိ နိုင်အောင်တိုက်မယ်။ အမှန်တရားကို အကုန်သိအောင် လုပ်ပေးမှာမို့လို့ မငိုပါနဲ့တော့"
"အဲ့ဒါတွေ မလိုဘူး....အမေက ဘေးကင်းကင်းနဲ့ အရာရာကိုပြီးဆုံးသွားစေချင်တာ "
"အဲ့ဒါက်ို ကတိမပေးနိုင်ပေမယ့် အတတ်နိုင်ဆုံးကြိုးစားပါ့မယ်"
နှင်းဖြူ အမေ့လက်ကို ဆုပ်ကိုင်ရင်း ကတိပေးလိုက်သည်။ဖွင့်ထားသောပြတင်းပေါက်မှ နေရောင်ခြည်က သူမ၏ မျက်နှာပေါ်တွင် လင်းလက်နေသည်။ ထို့အတူ နူးညံ့သော အပြုံးတစ်ပွင့်က နေရောင်ခြည်နှင့် အတူတောက်ပနေသည်။