မျှော်လင့်ချက်လေးမပျက်ချင်ပါ...
By call_me_Tylor
422K 33.2K 825
လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်တဲ့ ... မျှော်လင့်ချက်မဲ့သွားရင်ရော ... လူတွေက မျှော်လင့်ချက်နဲ့ အသက်ရ... More
မျှော်လင့်ချက်လေးမပျက်ချင်ပါ(Zawgyi&Unicode)
part 1 (Zawgyi&Unicode)
Part 2 (Zawgyi&Unicode)
Part 4 (Zawgyi&Unicode)
Part 5 (Zawgyi&Unicode)
Part 6 (Zawgyi&Unicode)
Part 7 (Zawgyi&Unicode)
Part 8 (Zawgyi&Unicode)
Part 9(Zawgyi&Unicode)
Part 10 (Zawgyi&Unicode)
Part 11(Zawgyi&Unicode)
Part 12(Zawgyi&Unicode)
Part 13(Zawgyi&Unicode)
Part 14(Zawgyi&Unicode)
Just for knowledge (Zawgyi&Unicode)
Part 15(Zawgyi&Unicode)
Part 16(Zawgyi&Unicode)
Part 17(Zawgyi&Unicode)
Part 18(Zawgyi&Unicode)
Part 19(Zawgyi&Unicode)
Part 20(Zawgyi&Unicode)
Part 21(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Part 22(Zawgyi&Unicode)
Part 23(Zawgyi&Unicode)
Part 24(Zawgyi&Unicode)
Part 25(Zawgyi&Unicode)
Part 26(Zawgyi&Unicode)
Part 27(Zawgyi&Unicode)
Part 28(Zawgyi&Unicode)
Part 29(Zawgyi&Unicode)
Part 30(Zawgyi&Unicode)
Part 31(Zawgyi&Unicode)
Part 32(Zawgyi&Unicode)
Part 33(Zawgyi&Unicode)
Part 34(Zawgyi&Unicode)
Part 35(Zawgyi&Unicode)
Part 36(Zawgyi&Unicode)
Part 37(Zawgyi&Unicode)
Part 38(Zawgyi&Unicode)
Part 39(Zawgyi&Unicode)
Part 40(Zawgyi&Unicode)
Part 41(Zawgyi&Unicode)
Part 42(Zawgyi&Unicode)
Part 43(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Final(Zawgyi&Unicode)
Thank you
Extra 1(Zawgyi&Unicode)
Extra 2(Zawgyi&Unicode)
Just for knowledge(Zawgyi)
Just for knowledge(Unicode)
Part 3(Zawgyi&Unicode)
11.4K 1.1K 23
By call_me_Tylor
[Zawgyi]
" စာလည်း မပြန်ဘူးနော် "
" အင်း ... "
_________
To be continue ...
24th February,2020(Mon)
WhiteAster089
[Unicode]
မင်းမြတ်မှာ ကျောင်းကနေ အဆောင်ကိုပြန်ရောက်တာနဲ့ အားကုန်ခါနီးပြီဖြစ်တဲ့ဖုန်းကို အားသွင်းထားခဲ့ပြီး ရေမိုးချိုးရန်ပြင်ရတော့သည်။
ရေမိုးချိုးအဝတ်စားလဲပြီး မနက်ကကမန်းကတမ်း ကျောင်းကိုပြေးရလို့ ရှုပ်ပွကျန်နေခဲ့တဲအခန်းကို ရှင်းရပြန်သေးသည်။ အခန်းရှင်းပြီးတာနဲ့ ရေမချိုးခင်က အားသွင်းထားခဲ့ဖုန်းကိုကြည့်လိုက်တော့ အားတောင်ပြည့်တော့မည်။
လုပ်စရာလည်းမရှိတော့တာကြောင့် သူသူနဲ့ကိုစိုင်းတို့ကို ခေါ်ပြီး Mobile Legend တစ်ပွဲလောက် တိုက်ဖို့တွေးကာ Data on လိုက်သည်။
" စာလည်း မပြန်ဘူးနော် "
" အတန်းချိန်တွေ မပြီးသေးဘူးလား "
" အတန်းဆင်းရင် အဆောင်ကို ဂရုစိုက်ပြန်နော်"
" အဆောင်ပြန်ရောက်ပြီလား "
Data on လိုက်တာနဲ့ တွေ့လိုက်ရတဲ့စာတွေကြောင့် မင်းမြတ်မှာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တော့သည်။ စာပို့ထားတဲ့သူက တခြားသူမဟုတ်ပဲ သွေးခန့်
ဆိုတဲ့ အချေကောင်ဖြစ်သည်။ 
ဘာဖြစ်ချင်နေမှန်းမသိ။ မနေ့ကတည်းက စာတွေပို့နေတာကြောင့် သူသူပြောတဲ့ ချေတယ်ဆိုတာ သူမှဟုတ်ရဲ့လား၊ လူမှားနေတာလားလို့ပင် ပြန်တွေးယူနေရသည်အထိ။ စာပို့တဲ့သူကပို့ထားတော့ မကောင်းတတ်တာကြောင့် စာပြန်လိုက်တော့သည်။
" ဟုတ်ကဲ့ အဆောင်ပြန်ရောက်ပြီဗျ "
" စာပြန်ပီနော် ... ခုလေးတင်ချေလိုက်တာလို့ တွေးနေတာ "
စာပြန်ပြီးမကြာခင်မှာ reply က ချက်ချင်းဝင်လာသည်။ တစ်နေကုန်တစ်နေခမ်း Data on ထားသလားပင် အောက်မေ့ရသည်။
မင်းမြတ်ကတော့ တစ်နေကုန် data မ on နိုင်။ အိမ်ကပို့ပေးတဲ့မုန့်ဖိုးနဲ့ ဖုန်းဘေကို အကြိုက်ထည့်နေရင် အဆင်ပြေမှာမဟုတ်တာကြောင့် တစ်နေ့က်ိုဘေတစ်ထောင်လောက်နဲ့သာ လောက်အောင်သုံးရသည်။
ဒင်းကစာပြန်တော့လည်း မချိုးမပြေ။ နေ့လည်က ကျောင်းမှာမလို့ သူသူနဲ့စကားပြောရင်း စာမပြန်ဖြစ်တာလည်းပါသည်။ ချေတယ်လေးဘာလေးနဲ့။ မင်းမြတ်က အနေသာအေးပေမယ့် ချေတယ်ပြောရင် နည်းနည်းလေးမှမကြိုက်ပေ။
" မချေဘူးဗျ ... နေ့လည်က မေ့သွားလို့ "
" ဟုတ်ပါပြီဗျာ ... ညနေစာစားပြီးပြီလား "
မဆီမဆိုင်ခုမှ အစောကြီးရှိသေးတာ ဘယ်လိုဖြစ်လို့ မိန်းကလေးတွေကို သွားသွားကြူကြတဲ့ အကွက်တွေမျိုး လာပြောနေလဲမသိ။ စိတ်တွေလဲတကယ်လေရပါသည်။
" အင်း ... "
့ပျင်းတိပျင်းရွဲ အင်း တစ်လုံးသာ ပြန်လိုက်တော့ စာပြန်မလာတော့။ ဒါလည်းကောင်းပါတယ်။ အေးအေးလူလူပဲ နေရတော့တာပေါ့။
ဒါပေမယ့်ခက်သား... messager မှာတင် စကားပြောဖူးတာ နှစ်ဆယ့်လေးနာရီပင်မပြည့်သေး။ ပြန်စာမရတော့လည်း စိတ်ထဲတစ်မျိုးပင်။ မရင်းနှီးချင်လို့ ဝေးဝေးနေချင်ကာမှ မသိစိတ်က ခင်သွားသလိုမျိုး။
မင်းမြတ်ကို ဘယ်သူကမှ သူ့လောက်စာတွေ တောက်လျှောက်မပို့တတ်။ Game လည်း မဆော့ချင်တော့တာနဲ့ သွေးခန့်ရဲ့ account ကို ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
Friend request ပို့လာတုန်းက Profile ပုံကလွဲရင် သူသူနဲ့ကိုစိုင်းတို့ပါ Mutual ရှိနေတာမို့ ထွေထွေထူးထူး ဝင်မကြည့်ဖြစ်ခဲ့။
အခုမှသာ account ထဲ ဝင်ကြည့်ဖြစ်တာမလို့ ကိုယ်တော်ကဓာတ်ပုံရိုက်ရတာ ဝါသနာပါပုံရသည်။ သူ့ပုံအနည်းအကျဉ်းမှလွဲပီး ကျန်တာက ခွေးပုံလေးတွေနှင့် ရှုခင်းပုံတွေချည်းသာ တွေးရသည်။ 
ခွေးတော့ချစ်တတ်ပုံရသည်။ ဒီတစ်ချက်တော့ သူနဲ့ တူတယ်လို့ မင်းမြတ်တွေးလိုက်မိသေးသည်။ တွေးမိရင်း အိမ်မှာကျန်နေခဲ့တဲ့ ကီကီလေးကိုတောင် သတိရသွားသည်။
ကီကီက စပင်နီယယ်လ် ခွေးပုအထီးလေးဖြစ်ပြီး ဝဝလုံးလုံးလေးနှင့် မင်းမြတ် အသည်းကျော်လေးပင်။
Wall ထဲ လျှောက်ကြည့်နေရင်း လောလောလတ်လတ် တင်ထားသည့် post တစ်ခုကို တွေ့လိုက်ရသည်။ Caption က 'Step by step'။ နောက်မှာ ခြေဖဝါးပုံ emoji လေးနှစ်ခုနှင့် ...
ပုံကတော့ mall တစ်ခုကို ရောက်နေပုံရသည်။ ဓာတ်လှေကားရဲ့ အောက်ဆုံးထစ်မှာ အပေါ်မတက်ဘေးပဲ ဘေးလက်ရန်းကိုကိုင်ကာ စတိုင်လ်ကျကျရပ်နေတဲ့ပုံတစ်ပုံ။
သေချာကြည့်ရသလောက် သွေးခန့်က မင်းမြတ်ထက်အရပ်ရှည်ပုံရသည်။ မင်းမြတ်တောင် ငါးပေတစ်ဆယ် ရှိနေတာ။ သွေးခန့်အရပ်က ၆ ပေလောက်တော့ရှိလောက်သည်။ 
Camera ကိုကြည့်နေတဲ့ မျက်နှာက မရယ်မပြုံးနှင့်နေတာတောင် တော်တော်ကြည့်ကောင်းသည်။ အဲ့ဒါကြောင့် ဒီလိုရုပ်တည်နဲ့နေလည်း ကြည့်ကောင်းနေလို့ တစ်ချိန်တည်း အချေ King လို့ နာမည်တွင်နေတာလားလို့ပါ တစ်ထိုင်တည်း တွေးမိသေးသည်။
မျက်နှာတည့်တည့်ထားပြီး Camera ကို ကြည့်နေတာမျိုးမဟုတ်ပဲ မျက်နှာကို ဘေးနည်းနည်စောင်းပြီး Camera ကို ကြည့်နေတာကြောင့် မေးရိုးက သိသိသာသာထင်းနေသည်။
ဉာဏ်ကောင်းမည်ဟု ယူဆရသည့် မေးစေ့က ရှေ့သို့ သိသိသာသာလေး ထွက်နေပြီး မေးအပေါ်က နှုတ်ခမ်းမထူမပါးတို့က တင်းတင်းစေ့ထားသည်။ ပြီးတော့ မျက်ခုံးခတန်းတွေအောက်က စူးစူးရှရှ မျက်ဝန်းတို့တွေကလည်း တော်တော်ဆွဲဆောင်မှုရှိသည်။
နှာတံပေါ်ပေါ်နဲ့သူက အကုန်လုံးခြုံငုံပြောရရင် ယောကျာ်းလေးချင်းတောင် အားကျစရာ ကြည့်ကောင်းနေသည့် ရုပ်ရည်မျိုး။ ပြည့်စုံလွန်းနေသည်။
မင်းမြတ်ထင်တာ မမှားဘူးဆိုရင် သွေးခန့်ဆိုသည့်လူက သူသူ့ရဲ့ ငမ်းစရာအဆင်စာရင်းထဲမှာ သေချာပေါက်ပါနေမည့်သူပင်။
မင်းမြတ်လည်း ပထဝီကအချေ king သွေးခန့်ဆိုတာ ဘယ်လိုလဲ သေချာသိသွားပြီမို့ Thway Khant's wall ထဲက ပြန်ထွက်ရန် Back key သာ နှိပ်ပီး ဖုန်းကိုဘေးချထားလိုက်ကာ စာမေးပွဲလည်း နီးနေပြီမလို့ စာနည်းနည်းပြန်ကြည့်ဖို့ ပြန်လိုက်တော့သည်။
_________
မဝင်လာစေချင်လို့ စည်းရိုးအထပ်ထပ်ကာထားပေမယ့်
သူက တဖြည်းဖြည်းတိုးဝင်လာခဲ့တယ် ...
To be continue ...
24th February,2020(Mon)
WhiteAster089
Continue Reading
You'll Also Like
105K 4.3K 190
This story follows the early life of James also known by his street name Headshot or Shooter. James had an extremely rough childhood, one that turned...
91.6K 4.7K 16
+ ဆန်တဲ့ အသုံးအနှုန်းတွေ ရိုင်းစိုင်းသောအသုံးနှုန်းတွေပါလို့ရီဒါတို့အဆင်ပြေမှသာဖတ်ပေးကြပါရန် ။
128K 5.6K 55
ငယ်ငယ်ကတည်းကတစ်ယောက်နှင့်တစ်ယောက်မတည့်တဲ့ကောင်လေးနှစ်ယောက်ကအလှလေးတစ်ယောက်ကိုအပြိုင်အဆိုင်လိုက်ကြရာက မိဘတွေရဲ့အတင်းအကြပ်စီစဉ်ပေးမှုကြောင့်တစ်ယောက်အပေါ...
5.8M 162K 26
-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season...