<ZawgyiVer>
ချီရွယ်အကြာကြီးမေ့မျောမသွားခဲ့။
ပြီးတော့ ကုတင်ပေါ်ရွှေ့ရွှေ့ချင်းပဲသတိရလာခဲ့သည်။
သို့သော် ဘယ်သူဘယ်ဝါဆိုတာရောအသံကိုပါမကြားသိနိုင်။
သူသိတာတစ်ခုကသူ့ခေါင်းဟာနာကျင်လွန်းလို့ပေါက်ကွဲတော့မလိုဖြစ်နေတာကြောင့်မျက်လုံးကိုနောက်တစ်ကြိမ်မှိတ်လိုက်ရုံမှတစ်ပါးမရှိတော့ပေ။
အဲ့အချိန်မှာပဲသူ၏အသိအာရုံဟာတဖန်ပြန်ပျောက်ကွယ်သွားခဲ့သည်ထင်၏။
သူတဖန်နိုးလာပြန်တော့ ဆရာဝန်မရှိတော့။
သို့သော်ထိုသူများက ရှိနေသေးသည်။
သရဲပူးသူကစိုးရိမ်တကြီးမေးသည်။
"ရှောင်းယွမ်¹ ဘယ်လိုနေသေးလဲ?"
ချီရွယ်¹ ဟာ ဒေါသမပြေသေး။
သူ့အသံကတိုးနေပေသိရွံရှာမှုအပြည့်ဖြင့်သာ။
"နှာဘူးကောင် ဘယ်မှာလဲ? ဒီကနေထွက်သွားဖို့ပြောလိုက်စမ်း!"
သရဲပူးသူ² က ပြောင်ချော်ချော်မျက်နှာဖြင့်လှည့်ကာ
"ကြားလား? ရှောင်းယွမ်ကထွက်သွားတဲ့!"
နင်ရှောင်း³ကတော့ မူလနေရာမှာပင်ရပ်နေသည်။
နေရာအနေအထားကြောင့် ချီရွယ်ဟာမျက်နှာဘေးဘက်ကိုသာမြင်ရသည်။
သူ ထိုယောက်ျား၏မျက်နှာမှာဘာပြောင်းလဲမှုမှမတွေ့သလိုဘာမကျေနပ်မှုမှလည်းမတွေ့။
သူဟာချီရွယ့်ကိုတစ်ချက်ငဲ့ကြည့်လိုက်ပြီးချာခနဲလှည့်ထွက်သွားလိုက်သည်။
အားလုံးကတော့ သူချီရွယ့်စကားနားထောင်တယ်ထင်လိမ့်မည်။
သို့သော်ချီရွယ်သာလျှင်သူ့မျက်လုံးတွေမှာရွံရှာမှုတွေကိုမြင်တွေ့ခဲ့သည်။
သူ့မျက်လုံးတွေကသူ သူ့ကိုနမ်းတုန်းကကြည့်ခဲ့တဲ့မျက်လုံးတွေနဲ့ထပ်တူကျနေခဲ့သည်။
သိပ်ရွံဖို့ကောင်းတဲ့အမှိုက်ပုံကြီးကိုကြည့်တဲ့အကြည့်မျိုးပေါ့။
ငါ-ိုး ...! ချီရွယ် ပို၍ပင်ဒေါကန်လာသည်။
မွေးရာပါနှလုံးရောဂါနဲ့မွေးလာခဲ့တာတောင်သူ့ကိုယ်သူအသုံးမကျသလိုတစ်ခါမှမတွေးခဲ့ဖူးစလိုဘယ်သူမှလဲထိုသို့မျက်လုံးများနှင့်သူ့ကိုမကြည့်ခဲ့ကြ။
သူ ခန္ဓာကိုယ်ပိုင်ရှင်အစစ်ကိုရည်ရွယ်မှန်းသေသေချာချာကိုသိသည်။
သို့သော် ဒီနေ့ကိစ္စတော်တော်များများဖြစ်ပျက်ပြီးတဲ့နောက်မှာတော့သူ ထိုသူ့ကိုမနှစ်မြို့မှုတွေက ပို၍ပင်များမြောင်လာသည်။
သူ့ဆုံးဖြတ်ချက်ကတော့ အနာဂတ်မှာမည့်သို့ပင်ထိုသူနှင့်ပက်သက်ဆက်နွယ်သည်ဖြစ်စေ၎င်းနဲ့တော့ရင်းနှီလာမည်မဟုတ်ဟုသာ။
"ရှောင်း" ၊ ကလေးမျက်နှာ⁴ ကတော့နောက်မှအော်ခေါ်လိုက်သည်။
နင်ရှောင်းရဲ့ချစ်သူလေးဖြစ်သည့်အလျောက်သဘာဝကျကျပဲပြေးလိုက်ကာထွက်သွားတော့သည်။
သို့သော်ထွက်မသွားခင်လေးမှာမမေ့မလျော့ပါပဲပြန်လှည့်ကာ
"အစ်ကိုရှောင်းယွမ် ဒီရက်ပိုင်းအတွင်းထပ်လာခဲ့ပါ့မယ်"
ချီရွယ်ယဉ်ကျေးစွားပဲပြန်ဖြေလိုက်သည်။
ဒီကောင်လေးကသူ့ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ချစ်သူကိုခိုးခဲ့ပေမဲ့သူနဲ့ရန်ငြိုးမှမရှိပဲလေ။
သူ့အပေါ်မှာအချစ်ရောအမုန်းပါရှိမနေ။
တခြားသူတွေလည်းနှုတ်ဆက်ကာပြန်သွားပြီ။
သရဲပူးသူကထိုသူတွေကိုပြန်ပို့ကာကုတင်ဘေးမှာလာထိုင်သည်။
လူနာဆောင်ထဲမှာတော့သူတို့နှစ်ယောက်တည်းသာ။
ချီရွယ်တစ်ယောက်တည်းခေါင်းငြိမ့်ကာဒီတစ်ယောက်ကတော့မူလခန္ဓာကိုယ်ပိုင်ရှင်နဲ့ဆက်ဆံရေးကောင်းရှိရမည်။
ပါးစပ်ကြီးပြဲအောင်ပြုံးနေသူကိုမြင်တော့နာမည်မေးဖို့လုပ်လိုက်သည်။
သရဲပူးသူကပါးနှစ်ဖက်ကိုဖြစ်ညှစ်လိုက်ကာတံတွေးတွေပေအောင်နမ်းလိုက်သည်။
"ရှောင်းယွမ် $ရမ်းချစ်တယ်ကွာ!"
ချီရွယ် ၊ " ......"
သရဲပူးသူက အရမ်းပျော်ပြီးထပ်နမ်းချင်ပေမဲ့ချီရွယ်က အတင်းပဲရင်ဘတ်ကိုတွန်းထုတ်ကာအားမရှိစွာပဲ ၊
"စိတ်ထိန်းဦး ...
ပြောစရာရှိရင်ပါးစပ်နဲ့ပဲပြော ...
မင်းက ဇီးရိုးဆိုတာလဲ သတိရ ...
မင်းကဓားပြရုပ်နဲ့ပေမဲ့ အခြောက်ကခြောက်ပဲ"
သရဲပူးသူက ချီရွယ် အတိတ်မေ့နေတာသတိရသွားပြီးမတ်တပ်ရပ်ရုံသာရပ်ပြီးသွားဖြဲကာ ၊
"အစောက မင်းကွာဟိတ်ဟန်အပြည့်ပဲ!
လက်သီးတွေကလဲ အားပြင်းချက်ပဲ!"
ချီရွယ်ကတော့ သရဲပူးသူနမ်းတာကလက်သီးအားပြင်းတာကြောင့်ပဲလို့ယူဆကာ လစ်လျူရှုနေလိုက်သည်။
ထိုအစားတခါတခါထထဖောက်သောခေါင်းကိုက်ဝေဒနာကိုကြိတ်ခံရင်းအသံတိုးစစဖြင့် ၊
"မင်း နာမည်ကဘာလဲ?"
"ရဲ့ရွှေ့ချွမ်း²"
"မင်းမှတ်မိလား?"
ငါ လုပ်*ခဲ့တယ်ဆိုရင်ရူးနေလို့ပဲ! ချီရွယ်တစ်ယောက်တည်းစဉ်းစားကာပြန်ဖြေလိုက်သည်။
"ဟင့်အင်း"
သူခဏလောက်ရလိုက်ပြီး ၊
"ဒါကဘယ်နေရာလဲ?"
"ရှင်အိုင့်ဆေးရုံလို့နံရံမှာကပ်ထားတယ်လေကွာ ..
ဒီမှာစာလုံးတွေကိုကြည့် - မိုးနတ်မင်းသည်လူသားအားလုံကိုစောင့်ရှောက်သည် ..."
"အော် အတွင်းလူနာရုံ ၂ ၊ အဆောင် ၂၂၂ .."
နှစ် ဆိုတဲ့ဂဏန်းအတန်းလိုက်ကြီးကိုကြားလိုက်တဲ့နောက်ချီရွယ်လန့်သွားခဲ့သည်။
သူအိပ်ယာပေါ်မှနေ၍စဉ်းစားခန်းဖွင့်နေတော့သူအလယ်ကအိပ်ယာပေါ်မှာဖြစ်နေ၏။
အလယ်ဆိုတော့ ဒုတိယမြောက်ဖြစ်နေပြန်သည်။
ချီရွယ် အံ့သြတကြီးဖြစ်ကာ ၊
"ဘာ !!!"
ဘယ်လိုထူးဆန်းတဲ့အတွဲလိုက်နံပါတ်ကြီးလဲ!
ရဲ့ရွှေ့ချွမ်းလန့်သွားကာ ၊
"ရှောင်းယွမ်?"
"ဘာမှမဟုတ်ဘူး"
ချီရွယ် ခပ်ပြတ်ပြတ်ပဲပြောလိုက်သည်။
"ဒါက လူနာရုံ ၂ ဟုတ်လား?"
"အင်း ဘာဖြစ်လို့လဲ?"
ချီရွယ် ရုတ်တရက်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။
သူရဲ့ပထမအဆောင်ကဒီအဆောက်အဦးရဲ့ခြောက်လွှာမှာ။
သူတစ်ခုတည်းသောလုပ်ချင်တာကအပေါ်ကိုတက်မယ် သူသေလားရှင်လားသိချင်တာတစ်ချက်လောက်လေးပဲကြည့်ချင်တာပဲဖြစ်သည်။
ရဲ့ရွှေ့ချွမ်းကသူမဖြေတာကိုတွေ့သော်လည်းထပ်မေးမနေ။သူရေချိုးခန်းထဲသို့သာဝင်သွားလိုက်သည်။
ချီရွယ် တံခါးပိတ်တာကိုကြည့်နေလိုက်ပြီးချက်ချင်းထဖို့ရုန်းကန်လိုက်သည်။
သို့သော်သူလှုပ်လျှင်လှုပ်ချင်းဆိုသလို ခေါင်းမူးကာအော့အန်ချင်လာသည်။
သူရုတ်တရက်လဲကျသွားကာခေါင်းကပိုနာကျင်လာတာကိုခံစားလိုက်ရသည်။
ဒီအခြေအနေဖြင့်သာသူသွားမယ်ဆိုလျှင်ဓာတ်လှေကားဆီမရောက်ခင်မှာပဲသတိလစ်သွားနိုင်သည်။
ရဲ့ရွှေ့ချွမ်းခပ်မြန်မြန်ပဲပြန်လာသည်။
သူ ချီရွယ့်မျက်နှာပေါ်က ခြောက်နေပြီဖြစ်တဲ့ဖရဲသီးအဖတ်တွေနဲ့အရည်တွေကိုသုတ်ပေးဖို့လုပ်ပေမဲ့ချီရွယ်လှုပ်ရှားနိုင်မှတော့သူစိမ်းယောက်ျားတစ်ယောက်ဒီလိုကူသုတ်ပေးနေတာဟာတော်တော်လေးအူကြောင်ကြောင်နိုင်တယ်လို့ချီရွယ်တွေးမိသည်။
အဲ့ဒါကြောင့်ပဲချီရွယ် တပတ်ကိုယူကာသမံကာလျှံကာပဲသုတ်လိုက်ကာပြန်ကမ်းပေးလိုက်ပြီး ၊
"ကျေးဇူးပါပဲ"
"မင်း ငါ့အပေါ်မှာအဲ့လောက်ယဉ်ကျေးနေဖို့မလိုဘူး .."
ရဲ့ရွှေ့ချွမ်း ချီရွယ့်မျက်နှာအခုချိန်ထိဖြူဖြော့နေမှန်းသတိထားမိကာ
"ဘယ်လိုနေသေးလဲ?"
"ခေါင်းကိုက်လို့ ... နားချင်တယ်"
ရဲ့ရွှေ့ချွမ်း ခေါင်းငြိမ့်ကာလိုက်ကာဆွဲပေးလိုက်သည်။
"မင်း ခေါင်းကိုက်တာကလေ အတိတ်မေ့တာရဲ့နောက်ဆက်တွဲဝေဒနာတဲ့ ဆရာဝန်က ..
မင်းတဖြည်းဖြည်းပြန်သတိရလာလိမ့်မယ်တဲ့"
သူ တိုးစစနှင့်ဆိုသည်။
"တကယ်တော့ မင်းပြန်သတိမရရင်လဲမဆိုးပါဘူး ..
ငါကတော့မင်းအခုပုံစံကိုပိုကြိုက်တယ် ..
မင်းတကယ်လူစားထိုးလိုက်သလိုပဲကွာ ..
နောက်နောင်အတိတ်သတိရရင်တောင်ဒီစိတ်နေစိတ်ထားလေးတစ်ဝက်လောက်ကျန်နေသေးရင်ကျေးဇူးတင်မယ်"
ငါကတကယ့်ကိုတစ်ခြားတစ်ယောက်ကွ!
ချီရွယ်မျက်လုံးမှိတ်ထားလိုက်ကာဘာမှပြန်မပြောတော့ပေ။
အကယ်၍ပြန်နိုးလာတဲ့အချိန်မှာမူလကိုယ်ကိုပြန်ရောက်နေရင်ကောင်းမည်ဟုသာတွေးမိသည်။
သူတို့ကြားကရန်စတွေကသူနဲ့မဆိုင်ရေးချမဆိုင်။
သူညနေပိုင်းမျက်လုံးပြန်မပွင့်ခင်အထိနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။
သူအလိုလိုနိုးလာတာမဟုတ်ပဲတိုးစစနှင့် ရှဲတဲတဲအသံကြောင့်သာနိုးလာခဲ့ခြင်းဖြစ်သည်။
ထိုအသံက ကြောင်ထီးတွေပြာသိုလမှာ ဟိုခုန်ဒီတက်လုပ်ရင်းခန္ဓာဗေဒဆိုင်ရာပြဿနာကြောင့်မရှူနိုင်မကယ်နိုင်ဖြစ်ကာမရပ်မနား 'ညောင်' နေသလိုပင်။
"အားယိုး ...အားယိုးး"
သူမျက်မှောင်ကျုံ့ကာချက်ချင်းဆိုသလိုထအော်လိုက်သည်။
"ဘာအသံတွေထွက်နေတာလဲ?
မိတ်လိုက်ချင်နေတာလား?!"
လူကြီးရုတ်တရက်ထွက်လာတဲ့အသံကြောင့်လန့်သွားကာပြန်မပက်ခင်နှစ်စက္ကန့်လောက်ရပ်သွားခဲ့သည်။
"#မင်းပဲမိတ်လိုက်ချင်နေတာ! ..
မင်းတို့တစ်မျိုးလုံးမိတ်လိုက်ချင်နေတာ!"
ချီရွယ်ဘေးဘက်လှည့်လိုက်တော့ လူနာတစ်ယောက်ဘေးအိပ်ယာမှာထပ်တိုးနေသည်။
သူအံ့သြကာ ၊
"ခင်ဗျားကိုး .
လူသန်ကြီး! .."
လူကြီးကတစ်ဖန်ပြန်ကာ ၊
"#မင်းပဲလူသန် ..
မင်းတို့တစ်မျိုးလုံးလူသန်! .."
------------------
Note :
[1. ချီရွယ် : ယခင် ခန္ဓာကိုယ်ကနံမည် ။
1. ရှောင်းယွမ် : ယခုခန္ဓာကိုယ်ကနံမည်။]
[2. သရဲပူးသူနံမည်ပါလာပါပြီ "ရဲ့ရွှေ့ချွမ်း" ပါ]
[3. နင်ရှောင်းက ရှောင်းယွမ်ရဲ့ချစ်သူပါ။
သစ္စာဖောက်သွားတယ်ဆိုလား?]
[4. "ကလေးမျက်နှာ" ဆိုတာက နင်ရှောင်း နဲ့ဖောက်ပြန်တယ်ဆိုတဲ့ကောင်လေးပါ။
သူ့အစ်ကိုနဲ့ ချီရွယ်တို့ရဲ့ဖရဲသီးစစ်ပွဲနဲ့ ဆေးရုံအခန်းတွင်းဆော်ပလော်တီးပွဲကိုတော့ အခန်း - ၂ မှာ ရှုစားနိုင်ပါတယ်။]
[* . လုပ် တယ်ဆိုတာကတော့ အဟမ်း ရဲ့ရွှေ့ချွမ်းတပတ်ကုန်းယူတော့ အနောက်ဘက်ကိုချီရွယ်မြင်ပြီးအဆုံးထိတွေးလိုက်တယ်လို့ယူဆပါတယ်။]
[# . တရုတ်တွေဆဲနည်းပါ။ Author No_Coz ပြန်တာလေး သဘောကျလို့ အဲ့လိုလေးပြန်ထားပါတယ်။ Author No_Coz ကို credit အကြီးကြီးပေးပါတယ်နော်။]
#အမှားတစ်စုံတစ်ရာရှိရင် ပြောပြပါ။
ဇန် စိတ်မဆိုးတတ်ပါဘူး။
ရီဒါလေးတို့ ချလစ် ယူပါနော် 😘