အပိုင်း ၉
" အား အေးလိုက်တာ "
" ရိပေါ်လေးလား "
" အိမ်ထဲဝင်လေ သား ။ အပြင်မှာအေးတယ် "
" ဟုတ် "
.
.
.
.
.
.
.
" ထိုင်နေနော် သား "
" ဟုတ် ဟုတ်ကဲ့ "
" ဟုတ်ကဲ့ "
" မား ။ ရိပေါ် ဘယ်လိုလုပ် "
...........
"
" ဘာရီး."
"အေးပါ ဝမ်ရိပေါ် ချစ်ဖို့ကောင်းတယ်! ၃၁ ဘုံမှာ ငါ့ခွေးပေါက်လေး ချစ်ဖို့ အကောင်းဆုံးပဲ! အရှိန်လျှော့! "
အဲ့ဒီနေ့က ပထမဆုံးအကြိမ် သူတို့ ကျောင်းနောက်ကျခဲ့တယ် ။
.............
" ဟုတ်ကဲ့ပါ!!!!!! "
" စဉ်းစားအုံးမယ် "
.
.
.
.
.
.
.
.
.
" ဘာပြောပေးရမှာလဲ "
..........
" ဟယ်လို ရှစ်ဟွမ် ပြော "
" ပြန်ပြီးလား "
"တောက်စ်!"
.........
အ့!
ခွပ် !
.
.
.
.
.
.
.
.
.
" ဟယ်လို အားမေ ပြော "
" အင့်....ကိုကိုကျန့် "
"ဦးငယ်လေး ဦးငယ်လေး..."
" ရိပေါ် ဘာဖြစ်လို့လဲ "
........
" ဝမ်ရိပေါ် "
" ထိုင်နေ "
" ပြော! ဘယ်လိုဖြစ်တာလဲ "
" တောင်းပန်ပါတယ် "
.
.
.
.
.
.
" ဟုတ် "
" မှာတာ မမေ့နဲ့နော် ။ ပြန်တော့ "
" အင်း "
" အစ်ကို! "
"အခုပြောလဲ ရတယ်ပြော "
.............................................................
ကျေးဇူးတင်ပါတယ် ။ 🍀
အပိုင်း ၉
မနက် ၈နာရီ ။ ဒီအချိန်က ကျောင်းသွားဖို့အတွက် စောလွန်းသေးပေမယ့် ရိပေါ် အစ်ကို အိမ်ရှေ့ ရောက်နေလေပြီ ။ အရင်က စာကြည့်တိုက်ရှေ့မှ စောင့်နေကြ ဖြစ်ပေမယ့် အခုတော့ အိမ်ထိ ဆိုင်ကယ်နဲ့လာခေါ်ပြီး ကျောင်းကိုတူတူ သွားခွင့်ရထားသည် ။ ဒါလဲ သူအမျိုးမျိုး
ကြံထားချင်းပင် ။ အစ်ကို့ ကျောင်းသွားမယ့် လမ်းနဲ့ မတူတူအောင် ပြောပြီး ဒီလိုလာကြိုခွင့်ရနေခြင်း ။
" အား အေးလိုက်တာ "
အိမ်ရှေ့ရောက်ပြီးဟု Phone ဆက်ထားပေမယ့် အခုထိ မဆင်းလာသေး ။ ညက အိမ်နောက်ကျပြီး မထပြန်ဘူး ထင်တယ် ။ အစ်ကိုက တစ်ခြားချိန်တွေ တက်ကြွ ပေမယ့် အအိပ်တော့ အတော်ကြီးသည် ။ အိပ်ပျော်လို့ ဆင်တက်နှိုးရင်တောင် မနိုးတဲ့ထဲ အစ်ကိုလဲပါသည် ။ ဒါလဲ သူနဲ့တူတူနေရင် သူစိတ်ရှည်ပြီး နိုးပေးရင် ဖြစ်ပါတယ်လေ ။ ကိုယ့်အတွေးနဲ့ကိုယ် သဘောကျနေရင်း ခြံတစ်ခါးပွင့်လာတော့ အစ်ကိုနဲ့ ရုပ်ဆင်ဆင်ရှိတဲ့ အန်တီ တစ်ယောက် ။ ရိပေါ်လဲ ကိုယ်တစ်ချက်ကိုင်းရင်း အရိုအသေပေးလိုက်သည်။
" ရိပေါ်လေးလား "
" ဟုတ် ဟုတ် ကျွန်တော့ ကိုသိတာလား "
အထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေတဲ့သူ့ကို အစ်ကို့မားက ပြုံးပြလာသည် ။ အေးချမ်းခြင်းနဲ့ဆိတ်ငြိမ်ခြင်းကို ပေါင်းစပ်ထားတဲ့အပြုံး ။ အစ်ကို့ အပြုံးကလဲ အန်တီဆီက အမွေရထားတာဖြစ်ရမည် ။
" အိမ်ထဲဝင်လေ သား ။ အပြင်မှာအေးတယ် "
" ဟို အစ်ကို ထွက်လာတော့မှာမို့ အန်တီ "
"မင်းအစ်ကို ခုမှ ပြင်တုန်း ။ လာ အထဲမှာဝင်ပြီးစောင့် "
" ဟုတ် "
ရိပေါ်လဲ မငြင်းသာတော့ဘဲ အိမ်ထဲသို့လိုက်ဝင်ရသည် ။
.
.
.
.
.
.
.
" ထိုင်နေနော် သား "
ဆိုဖာမှာဝင်ထိုင်းရင်း အစ်ကို့ အိမ်ကို သူ သေချာကြည့်မိသည်။ ဒါ ပထမဆုံး အစ်ကိုအိမ်ထဲရောက်ဖူးခြင်းပင် ဧည့်ခန်းက ရိုးရိုးရှင်းရှင်း ။ ပြီးတော့ အစ်ကို့ ငယ်ပုံလေးတွေနဲ့မိသားစုဓာတ်ပုံတွေ ချိတ်ထားတယ် ။ အစ်ကို တို့က မိသားစုလေးယောက်လား ။ မွေးချင်းမရှိလောက်ဘူးထင်ထားခဲ့တာ ။
သူအတွေးများနေတုန်း အန်တီက သူ့ရှေ့ နွားနို့ တစ်ခွက် လာချပေးတယ် ။
" သားငယ်လေး နွားနို့ သောက်အုံး..."
" ရပါတယ် အန်တီ ကျွန်တော် စားခဲ့ပြီးပြီး"
" ပူတုန်းလေး သောက်လိုက်...ပြီးတော့ မားလို့ပဲ ခေါ်ပါ သားငယ်လေး ညီဆိုတော့ မားသားလေးပဲပေါ့ "
" ဟုတ် ဟုတ်ကဲ့ "
ရိပေါ် နွားနို့ခွက်ကိုကိုင်ပြီး တစ်ငုံသောက်လိုက်တယ် ။
နွေးထွေးတယ် ဆိုတာ အစ်ကိုတို့ သားအမိကို ပြောတာပင် ။ စကားပြောတာ လေသံအေးအေးလေးကစ တကယ် နားထောင်လို့ကောင်းလွန်းသည် ။ တည်ငြိမ်လွန်ပြီး အေးချမ်းလွန်းတဲ့ သူ့ရှေ့က အမျိုးသမီးကို သဘောကျသည် ။ ပြီးတော့ ကျေးဇူးတင်ရမည် အစ်ကို့ကို မွေးဖွားပေးခဲ့တဲ့အတွက် ၊ ကျွန်တော် မြတ်နိုးရတဲ့ အစ်ကို့ကို ။
" သားငယ်လေးက ဒီမှာ တူမလေးနဲ့နေတာဆို နေရထိုင်ရအဆင်ပြေရဲ့လား "
" ဟုတ်ကဲ့ ဒေါ်ကြီးတစ်ယောက်လဲ ရှိတော့ အဆင်ပြေပါတယ် "
"တစ်ခုခု လိုအပ်တာရှိရင် မင်းအစ်ကို့ဆီကနေ မားကိုပြောနော် "
" ဟုတ်ကဲ့ "
စကားနည်းတဲ့ ရိပေါ်ကြောင့် သူတို့စကားဝိုင်းလေးက တိတ်ဆိတ်သွားပြန်သည် ။ ၁၅မီစ်လောက်ကြာတော့ လှေကားက ခြေသံ ။ အစ်ကိုဆင်းလာပြီးနဲ့တူတယ် ။
" မား ။ ရိပေါ် ဘယ်လိုလုပ် "
အိမ်ပေါ်ထပ်က ဆင်းလာတဲ့ အစ်ကိုက ကျွန်တော့ကို တွေ့တော့ အံ့သြသွားသည်ထင် ။ မျက်လုံးပြူ း ပခုံးတွန့်ပြရင်း ဖြေရှင်းချက်တောင်းနေပုံရသည် ။
" မား အပြင်ထွက်ရင်း သားငယ်လေးကိုတွေ့လို့ အိမ်ထဲမှာစောင့်ခိုင်းထားတာ "
" အော်.... ဒါဆို ကျွန်တော်တို့ သွားပြီးနော် မား "
" မား ကျွန်တော် သွားတော့မယ်နော် "
"သားငယ်လေး နောက်ဆို မင်းအစ်ကိုနဲ့ အိမ် လိုက်လာနော်"
...........
" မား လို့တောင် ခေါ်တယ်ပေါ့ "
" အစ်ကို့ အမေကအဲ့လို ခေါ်ခိုင်းလို့ပါ ။ ဘာလဲ မနာလိုတာလား
"
" မဟုတ်ပါဘူးကွာ မားက ကျန်းချန်တို့ကိုတောင် သိပ် မခင်ပေမယ့် မင်းကိုတော့ အခုမှတွေ့ရသေးတယ်.. ငါ့ကို ခေါ်သလို သားငယ်လေးတွေ ဘာတွေ ဖြစ်ကုန်လို့လေ "
" ဒါက ကျွန်တော်က ချစ်ဖို့ကောင်းတယ်လေ "
" ဘယ်နား ။ မင်းမျက်နှာက ချစ်ဖိုကောင်းတယ်? "
အစ်ကို့စကားကြောင် ြရိပေါ် ဆိုင်ကယ်ကို အရှိန် မြှင့်လိုက်လေသည် ။
" အား!!!!! ရိပေါ် ခွေးကောင်လေး မြန်မြန်မမောင်းနဲ့ မသာပေါ် ကုန်မယ် "
" ကျွန်တော်ကို ချစ်ဖို့ကောင်းတယ်လို့ ပြောရင် လျှော့ပေးမယ်... "
" ဘာရီး."
" ကျွန်တော့ကို ချစ်ဖို့ကောင်းတယ်လို့ပြော! "
"အေးပါ ဝမ်ရိပေါ် ချစ်ဖို့ကောင်းတယ်! ၃၁ ဘုံမှာ ငါ့ခွေးပေါက်လေး ချစ်ဖို့ အကောင်းဆုံးပဲ! အရှိန်လျေျှာ့! "
သူတမင် စလိုက်တာပေမယ့် အစ်ကိုက အလန့်တကြားအော်ပြောလာရင်း ခါးကို သိုင်းဖက်လာတဲ့ လက်တစ်စုံကြောင့် ရိပေါ် သတိလက်လွှတ်ဖြစ်သွားရတာမို့ ဆိုင်ကယ်ကို ပြန်ထိန်းလိုက်ရသည် ။ အစ်ကို့ လက်တွေက ကျွန်တော့ခါးမှာတင်းတင်းကျပ်ကျပ် ။ နီးကပ်နေတဲ့ ရင်ဘက်ရယ် လက်ဆီကအနွေးဓာတ်ရယ် ။ ကျွန်တော့ကို အမျိုးမျိူ းပြုစားနေသလား အစ်ကိုရာ ။
ရိပေါ် ဆိုင်ကယ်ကတုံ့ကနဲ လမ်းမဘေးထိုးရပ်သွားသည် ။
"အဲ့လောက် အရှိန်လျှော့စရာမလိုဘူးလေ "
" ကျွန်တော် ရင်တုန်သွားလို့ "
ရိပေါ် အမှန်အတိုင်းသာဖြေလိုက်သည် ။ အခုအနေအထားနဲ့ သူဆိုင်ကယ်ထပ်မောင်းဖို့ မဖြစ်နိုင်တော့ ။
" ဟားဟား ငါ့စကားကြောင့်လား ။ ဟားဟား "
ရယ်ပါ ရယ်ပါ ။ ကျွန်တော့ကြောင့်ဖြစ်တဲ့ အစ်ကို ရယ်သံတွေက နားထောင်လို့ကောင်းလွန်းလို့ ။
ကားလမ်းမဘေး ရပ်ထားတဲ့ဆိုင်ကယ်တစ်စီးဆီက ကျောပြင်ကိုမနာအောင်ရိုက်ပုတ်ပြီး အူလှိုက်သဲလှိုက်ရယ်သံတွေနဲ့ ကောင်လေးတစ်ယောက် ။ ပြီးတော့ ထိုကောင်လေးရယ်သံကြောင့် မျက်နှာမှာ အပြုံးပန်းဝေနေတဲ့ကောင်လေးနောက်တစ်ယောက် ။
အဲ့ဒီနေ့က ပထမဆုံးအကြိမ် သူတိ့ု ကျောင်းနောက်ကျခဲ့တယ် ။
.............
" ကဲ အကုန်လုံး.... ပွဲက ဒီလာမယ့် ၁ရက်နေ့နော် "
" ဟုတ်ကဲ့ပါ!!!!!! "
စီနီယာတစ်ယောက်ရဲ့စကားကို အကုန်လုံးဖြေပြတော့ အတန်းဆင်းလေသည်။
" ရိပေါ် မင်းပြိုင်မယ်မလား "
" စဉ်းစားအုံးမယ် "
" ပြိုင်ပါဟာ ။ မင်းသာပြိုင်ရင် ပထမရမှာ.... နော်.... နော်ပြိုင်နော် "
" ရုပ်နဲ့မလိုက် မနွဲ့စမ်းနဲ့ ရှစ်ဟွမ် ။ သွားမယ် ဆိုင်ကို အစ်ကိုတို့စောင့်နေလောက်ပြီ "
.
.
.
.
.
.
.
.
.
" အကိုတို့ရာ ပြောပေးအုံး ဆရာဝမ်ကို "
ဆိုင်ထဲဝင်ဝင်ချင်း ထိုင်တောင်မထိုင်ရသေးပဲ ရှစ်ဟွမ်က ညံတော့သည်။
" ဘာပြောပေးရမှာလဲ "
" ဒီ ၁ရက်နေ့ ကျွန်တော်တို့ Clubက အကပြိုင်ပွဲ ရှိတယ် ။ အဲ့တာ ပြိုင်ခိုင်းမို့ ။ ဒီကောင်က ပြောမရလို့ "
" အေးလေ ရိပေါ် ဝင်ပြိုင်ပါလား ဒီလောက်မိုက်တာ"
" ကျွန်တော် စဉ်းစားအုံးမလို့ "
" ဘာစဉ်းစားစရာလိုလိုလဲ ။ မင်းကလဲ ကျောင်းပွဲပဲ ဝင်သာပြိုင် ။ ရှောင်ကျန့် ပြောအုံး မင်းညီကို "
" အစ်ကိုလဲ ပြိုင်စေချင်တယ် ရိပေါ် ။ မင်းအရည်အချင်းကို ဒီမှာချပြရမယ်လေ "
" ကျွန်တော် စာရင်းပေးလိုက်မယ် အစ်ကို "
ရှစ်ဟွမ်တို့ အစ်ကို ကျန်းချန်တို့ အံသြတဲ့ အကြည့်နဲ့ ကြည့်နေမှာသိပေမယ့် ကျွန်တော်ဂရုမစိုက် ။ ကျွန်တော်ဂရုစိုက်တာ အစ်ကိုတစ်ယောက်ထဲလေ ။ အစ်ကို့ စကားတစ်ခွန်းဆို သူဘာပဲလုပ်ရလုပ်ရလုပ်ပေးနိုင်သည် ။
..........
ညနေအတန်းဆင်းတော့ ရိပေါ် အစ်ကို့ကိုပြန်ပို့ပေးဖို့ ဆိုင်ကယ်တွေ ကားတွေထားတဲ့ပါကင်မှာ စောင့်နေသည် ။
" နောက်ကျနေပြီးကို ဘာလို့ ထွက်မလာသေးတာလဲ "
Phone တစ်ခေါက် ပြန်ခေါ်တော့လဲ မကိုင် ။message ပို့ထာတာလဲ မကြည့် ။ ကျောင်းထဲမှာပဲ ရှိနေတာ သိပေမယ့် ပြန်ချိန်ရောက်နေပြီးကို ခုထိမထွက်လာသေး ။ ဝင်ရှာလိုက်ရင် ကောင်းမလား ။
ရောက်လာနိုး ရောက်လာနိုးနဲ့ မျှော်နေတုန်း ရိပေါ်ဆီကိုဖုန်းဝင်လာတယ် ။
" ဟယ်လို ရှစ်ဟွမ် ပြော "
" ပြန်ပြီးလား "
" အစ်ကို့ကို စောင့်နေတယ် မပြန်ရသေးဘူး ။အကိုထင်ဟွေ့တို့ကိုရော တွေ့မိလား "
" အေး ငါတို့နဲ့ တူတူပြန်တာလေ "
" အော် အေအေ ။ အဲ့တာဆို ငါ phone ချလိုက်တော့မယ်နော် "
ရိပေါ် အခန်းတွေဘက်ကို ပြန်ပြေးရတော့သည် ။ အစ်ကိုကျန်းချန်တို့လဲ ပြန်သွားပြီးကို ဘယ်နားသွားပြီး ဘာလုပ်နေပြန်လဲမသိ ။
အစ်ကို့ အတန်းရှေ့ရောက်လဲ မတွေ့၍ Guardian တီချယ်တွေနဲ့ စာလုပ်တဲ့ အဆောင်ကို ထပ်ပြေးရပြန်တယ်။
အတန်းရှေ့ရောက်တော့ အသံကြားရ၍ သူ အခန်းထဲ ဝင်မယ်အလုပ် အစ်ကိုနဲ့အတူ စီနီယာကိုပါ တွေ့လိုက်ရတာမို့ ရိပေါ် တံခါးနောက်မှာ ပြန်နေလိုက်တယ် ။ ဒီချိန်ကြီးထိ သူ့ဖုန်းတောင်မကိုင်ဘဲ စီနီယာ ဆိုတဲ့ လူနဲ့ တူတူရှိနေတာလား ။ သူက နောက်ကျနေလို့ စိုးရိမ်နေပေမယ့် အစ်ကိုက ဒီလူနဲ့ ပြုံးပြုံးရွှင်ရွှင်ကို စာလုပ်နေတာလား ။
ညနေပိုင်း စာလုပ်ချိန်ဆို အစ်ကိုတို့ ပူးပူးကပ်ကပ်နေတာထက် အခုက တစ်ယောက်ပခုံး တစ်ယောက်ထိ တဲ့ထိကိုတူတူထိုင်ရင်း စီနီယာက အစ်ကို့ကို စာရှင်းပြနေတယ် ။ လိုတာထပ်ပိုပြီး ပြုံးနေတဲ့ အစ်ကိုရော မထိထထိ လုပ်နေတဲ့ အဲ့လူရော ။ အစ်ကိုကရော မသိတာလား သိသိကြီးနဲ့ ငြိမ်နေတာလား ။
ထို့နောက် အစ်ကို့မျက်နှာဘေးတမင်ကပ်လာတဲ့ စီနီယာရဲ့ မျက်နှာ.....
"တောက်စ်!"
ဒီမြင်ကွင်းကို ကြာကြာကြည့်မိရင် ဒီမှာတင် ဘာလုပ်မိမလဲ မသိတာမို့ ကျောခိုင်းထွက်လာခဲ့ရသည်။ ဒီတိုင်း ကြည့်ပြီး သဘောကျနေရလဲဖြစ်တယ် အစ်က်ို ။ ဒါပေမယ့် ကျွန်တော် ဒုတိယလူတော့ မဖြစ်ချင်ဘူး ။
.........
အစ်ကို့ ဆိုင်ဘေး အမှောင်ကျနေတဲ့ အုတ်ခုံမှာ ဘီယာတစ်ဘူးနဲ့ သူထိုင်နေသည်မှ ကြာနေပြီး ဖြစ်သည် ။ ညနေက ကိစ္စကို ဒေါ်သထွက်ပေမယ့် ဒီနေ့အဖို့ အစ်ကိုမျက်နှာကို သေသေချာချာမတွေ့ရသေးဘူးမလား ။ ဒါဆို ဒီညသူအိပ်လို့တောင်ပျော်မှာမဟုတ်ပေ ။ အစ်ကိုက ကောဖီခါးခါးတစ်ခွက်လဲဟုတ်သလို အိပ်ဆေးတစ်ခွက်လဲဟုတ်တယ် ။ ပြီးတော့ အစ်ကိုက သူ့ကိုယ်တိုင်ကျေကျေနပ်ကြီး ခုန်ဆင်းခဲ့တဲ့ နွံတစ်ခု ။ ရုန်းလေးနစ်လေပါပေါ့ ။
အလုပ်ဆင်းချိန် မျက်နှာလေးဖြစ်ဖြစ် မြင်လိုက်ရလဲအဆင်ပြေတယ် ။
အ့!
" ဟ ဒီကောင် ဘာကောင်လဲ ။ငါလာတာ မမြင်ဘူးလား ကန်းနေလား မင်း "
ကျစ်! သူထိုင်နေတဲ့နေရာက လမ်းမနဲ့ဝေးပြီး အမှောင်ကျ သည်မို့ လမ်းသရဲကောင်တွေက ပြသာနာလာရှာကြတာပင် ။
" ကျွန်တော့ဟာ ကျွန်တော် ထိုင်နေတာ ယ ခင်များတို့က သပ်သပ်ကြီး ဝင်တိုက်ပြီးပြသာနာရှာချင်တာမဟုတ်ဘူးလား "
" ပြသာနာ ရှာတာတဲ့လား ။ မင်းကသာ ငါတို့သွားမယ့်လမ်းမှာရှိနေတာလေ ပြန်တောင်းပန်.....မဟုတ်ရင် ဖယ် ဝေးဝေးလစ် "
" ဒီနေရာက ခင်ဗျား အဖေ ပိုင်တဲ့နေရာမို့လို့လား ။ မဖယ်နိုင်သလို တောင်းပန်ဖို့ဆို ပိုဝေးတယ် ဟက်! "
" ငယ်ပေမယ့် ဇ နဲ့ဟ ။ ငါတို့ကို မစမ်းနဲ့နော် ကောင်လေး မှားသွားမယ်"
ရန်မဖြစ်ချင်ပေမယ့် သူ့ရင်ဘက်ကို လက်ညှိုးနဲ့ ထိုးထိုးပြီး ပြောနေတဲ့ ဘောင်မဝင်တဲ့ ကောင်တွေကြောင့် သည်းခံနိုင်တဲ့ အတိုင်းအတာ ကုန်လေပြီး ။ ဘီယာအရှိန်ကြောင့်ရော ဒေါသတွေကိုတစ်ယောက်က်ယောကို ပုံချဖို့လိုနေတာကြောင့် ဘီယာဘူးကိုလမ်းဘေး ပြစ်ထုတ်လိုက်ပြီး......
" စမ်းတယ်ဆိုတာ ဒါကို ပြောတာလား "
ခွပ် !
သူ့ဘက်ကစတဲ့ လက်သီးတစ်ချက်ကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည် ။ သုံးယောက်တစ်ယောက်မို့ သူ့မနိုင် ။ ဒါပေမယ့် ဒီအချိန်သွေးဆိုးနေပေလို့သာ ။ မဟုတ်ရင် သူဒီမှာတင် အသက်ထွက်နေလောက်သည် ။ ရုန်းရင်းဆန်ခက်ဖြစ်နေတာကြောင့် ရဲကားရောက်လာချိန်မှာတော့ ဘဝမှာ တစ်ခါမှမရောက်ဖူးသည့် ရဲစခန်းကို သွားရပေအုံးမည် ။
တောက်စ်! တကယ် အကျိုး မပေးတာ ။
.
.
.
.
.
.
.
.
.
" ဟယ်လို အားမေ ပြော "
" အင့်....ကိုကိုကျန့် "
" အားမေ ဘာဖြစ်တာလဲ ။ ငိုနေတာလား အစ်ကို့ကိုသေချာပြော ဘာဖြစ်တာလဲ "
"ဦးငယ်လေး ဦးငယ်လေး..."
" ရိပေါ် ဘာဖြစ်လို့လဲ "
" ဦးငယ်လေး ရန်ဖြစ်ပြီး စခန်း ရောက်နေတယ်တဲ့ အီးဟီး...အခု အာမခံနဲ့လာထုတ်ဖို့ အိမ်ကိုphoneဆက်တယ် ။ ဒေါ်ကြီးလဲမရှိဘူး ဒီချိန်ကြီး အားမေလဲ မသွားရဲဘူး....အီးဟီး... ဘယ်လိုလုပ်ရမလဲ "
ငိုရင်းပြောနေသည့် အားမေကြောင့် လူက ပိုပူထူလာရသည် ။ တစ်ညနေလေးမတွေ့လိုက်ရတာ ဒီကောင်လေးက ဘယ်လိုဖြစ်ပြီး စခန်းထိပါ ရောက်သွားရတာတုန်း ။
" အားမေ စိတ်မပူနဲ့နော် ။ အခု အစ်ကို စခန်းသွားပြီး ရိပေါ်ကို ပြန်ခေါ်လာပေးမယ်နော် ဟုတ်ပြီးလား "
" ဟုတ်.... ဦးငယ်လေးက....အင့် အဲ့လိုနေရာတွေမှာ တစ်ခါမှ နေဖူးတာ မဟုတ်ဘူး ။ မြန်မြန်ပြန်ခေါ်ပေးနော် "
" အင်း အိမ်မှပဲနေနော် ကြားလား စိတ်မပူနဲ့ "
........
စခန်းရောက်တော့ နှစ်ဖက်လုံးအလွန်ဖြစ်၍ ကျေအေးပေးပြီး အာမခံနဲ့ မှ အိမ်ပေးပြန်မည်ဟုဆိုလေသည် ။
" ဝမ်ရိပေါ် "
မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့ တစ်ခါမှ ရန်မဖြစ်ဖူးတဲ့လူက ဖြစ်မယ့်ဖြစ်တော့လဲ စခန်းထိပါ လာခေါ်ရလား ။
" အစ်ကို အာမခံပေးတာမို့ ဝမ်ရိပေါ် ပြန်လို့ရပြီ း "
" ဟုတ် ကျေးဇူးတင်ပါတယ် စခန်းမှူး "
ရှောင်းကျန့်က အရိုအသေပေးရင်း ကျေးဇူးတင်ကြောင်းပြောနေပေမယ့် ရိပေါ်တို့က မထုံသလိုလိုနဲ့ မက်တပ်ရီး ရပ်နေလေသည် ။ သူ့ကိုယ်သူ ဂိုဏ်းစတားကများ ထင်နေလား မသိ။
"ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ "
" မင်းကမှ ဘယ်လိုဖြစ်တာလဲ ။ ရန်ဖြစ်ပြီး စခန်းပါရောက်ပြီး အားမေကိုပါ စခန်းလာစေချင်တာလား...ဟမ်! "
" အားမေ ခေါ်လို့လာတာလား "
" ထိုင်နေ "
ကျွန်တော့ကို စခန်းရှေ့က အုတ်ခုံမှာ ထိုင်ခိုင်းပြီး အစ်ကိုက တစ်နေရာကို ပြေးသွားသည် ။ အစ်ကို့ရှေ့ ကလေးဆန်တာတောင် မပြချင်တဲ့ ကျွန်တော်က အခုတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကိုပါ အစ်ကိုက မြင်နေရပြီး ။ ရိပေါ် ခေါင်းတွင်တွင်သာ ငုတ်ထားတော့သည် ။ မကြာ အစ်ကိုက အထုပ်တစ်တုပ်နဲ့ ပြန်ရောက်လာသည်။
" မော့ ခေါင်းကို....ဆေးအရင်ထည့်မယ် "
" ရတယ် ကျွန်တော့ဟာကျွန်တော် လုပ်မယ် "
" မဆူချင်ဘူး ဝမ်ရိပေါ် ငြိမ်ငြိမ်နေ! "
အစ်ကို တကယ်ကြီး ဒေါ်သထွက်နေလေပြီး ။ တစ်ခါမှ မခေါ်ဖူးတဲ့ နာမည် အပြည့်အစုံကိုတောင် ခေါ်လိုက်တာမို့ ရိပေါ်ဆက်ကနဲတုန်သွားရသည် ။ ဒီအချိန်မှာ သူက အပြစ်လုပ်ထားတဲ့ လူမို့ ငြိမ်ငြိမ်သာနေလိုက်သည်။
နှုတ်ခမ်းဘေးနားထိ ဆေးထည့်ပေးပြီး အသာလေး မှုတ်ပေးသည် ။ ဒေါသထွက်နေ့တဲ့ကြားက အစ်ကို့မျက်နှာမှာ စိုးရိမ်တဲ့အရိပ်အယောင်ကိုလဲတွေ့ရတာမို့ စိတ်ကျေနပ်သွားသည် ။ သူမနာဖို့ကိုသာ အာရုံရှိနေတဲ့အစ်ကိုက သူငေးနေတာကို မသိ ။ အစ်ကိုဘေးနား အစ်က်ို့ဂရုစိုက်မှုတွေအောက်မှာ နေရတာကို ကျွန်တော်တကယ်ကြီးပျော်မွေ့နေခဲပြီ ။ တကယ်ပဲ ကျွန်တော့ ဘဝမှာ အစ်ကိုမရှိရင် မဖြစ်တော့ဘူးလို့ ထင်ရတဲ့အထိ အစ်ကိုက ကျွန်တော့ ဘဝထဲတိုးဝင်လာခဲ့တယ် ။
" ပြော! ဘယ်လိုဖြစ်တာလဲ "
ဆေးဘူးအဖုံးကို ပိတ်ရင်း အစ်ကိုကမေးလာသည် ။
" ဒီတိုင်း နည်းနည်း ညှိ ရင်းက ရန်ဖြစ်တဲ့ထိရောက်သွားတာ ။ သူတို့က အရင် ရန်လာရှာတာ "
" အရင် ရန်လာရှာလဲ မင်းဘက်က ရှောင်လိုက်ရင် ဖြစ်တယ် ရိပေါ် ။ ရန်ဖြစ်စခန်းရောက်ပြီး အကုန်လုံးကို စိတ်ပူအောင် လုပ်ရတာ ပျော်လား ။ ဟမ်! ပြီးတော့ မင်းတစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "
" တောင်းပန်ပါတယ် "
" ထားလိုက်တော့ ပြန်မယ် အားမေ စောင့်နေလိမ့်မယ် "
.
.
.
.
.
.
" အိမ်ကို ရောက်အောင်ပြန်နော် ။ ရောက်တာနဲ့ ဖုန်း ဆက်နော်...ဒဏ်ရာကိုလဲ ဆေးထည့်နော် ။ ရိပေါ် စိတ်ပူရအောင်မလုပ်နဲ့.... ကြားလား အစ်ကိုပြောတာ "
" ဟုတ် "
" မှာတာ မမေ့နဲ့နော် ။ ပြန်တော့ "
" အစ်ကို အိမ်ထဲအရင်ဝင်ပါ "
" အင်း "
" အစ်ကို! "
ခြံတံခါးဖွင့်ပြီး အိမ်ထဲဝင်ခါနီးဆဲဆဲ အစ်ကိုက လှည့်ကြည့်သည် ။ ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် အစ်ကို သူမဟုတ်တဲ့တစ်ခြားလူလက်ထဲပါသွားမှာကို စိုးရိမ်နေတယ် ။
သူ့မှာလဲ ကြိုးစားပိုင်ခွင့်ရှိတယ်မလား ။
" အကယ်၍ ပြိုင်ပွဲနေ့မှာ ပထမရခဲ့ရင် အစ်ကို့ကို ပြောစရာရှိတယ် "
"အခုပြောလဲ ရတယ်ပြော "
" ဟအင်း အဲ့နေ့ကြမှပြောမယ် ဝင်တော့ အစ်ကို "
"အင်း ကောင်းကောင်းပြန်အုံး ခွေးပေါက်လေး "
ထိုနေ့က ပေကျင်း ကောင်းကင်ထက် ကြယ်တွေစုံနေတယ်။ ကြယ်လေးတွေက ကိုယ်ပိုင်ဆိုင်ခွင့် မရှိဘဲ ငေးကြည့်ခွင့်ပဲရှိတဲ့ အရာတစ်ခုဆိုတာ ထိုကောင်လေးသိခဲ့ရင် ။
.............................................................
ကျေးဇူးတင်ပါတယ် ။ 🍀