A Boy Named JeonJungKook [Co...

By Yon_Di

310K 31K 3.5K

ကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜 More

!! Part 1 !!
!! Part 2 !!
!! Part 3 !!
!! Part 4 !!
!! Part 5 !!
!! Part 7 !!
!! Part 8 !!
!! Part 9 !!
!! Part 10 !!
!! Part 10 !!
!! Part 11 !!
!! Part 12 !!
!! Part 13 !!
!! Part 14 !!
!! Part 15 !!
!! Part 16 !!
!! Part 17 !!
!! Part 18 !!
!! Part 19 !!
!! Part 20 !!
!! Part 21 !! (Final)
ABNJJK Limited Gift
Comic
Book Cover
Order Announcement
Book [Second Edition]

!! Part 6 !!

13.4K 1.6K 313
By Yon_Di

Unicode

Toilet ကပြန်လာပြီးကတည်းက ဂျီမင်းသည် သူ့ကိုတစ်ရှောင်ရှောင်နှင့်.....

နေ့လည်ကန်တင်းချိန်ရောက်လို့ ကန်တင်းသွားရန် ပခုံးပုတ်ခေါ်လိုက်တော့ တုန်တက်သွားသောခန္ဓာသေးသေးလေး.....

"ဂျီမင်း...ကန်တင်းသွားရအောင်"

"ငါ ဗိုက် ဗိုက်မဆာဘူး...မင်းဘာသာပဲသွားလိုက်တော့"

"နေမကောင်းလို့လား"

"ကောင်း ကောင်းပါတယ်....ငါမစားချင်လို့"

"ပြီးရောလေ...ငါသွားပီ...စားချင်တာရှိရင်ဖုန်းဆက်လိုက်"

ဖုန်းဆိုတဲ့အသံကြားပြီး ဂျီမင်းမှာအသံတောင်မထွက်နိုင်တော့....ခေါင်းလေးတဆတ်ဆတ်သာညိတ်ပြနိုင်တော့သည်။

စိတ်ထဲတွင်လည်း လုံးဝကိုအပြစ်သားတစ်ယောက်လို....စာအုပ်လေးတစ်အုပ်ကြောင့် သူငယ်ချင်းကိုသစ္စာဖောက်မိသည်။

ထယ်ယောင်းသာသိရင် စိတ်တော်တော်ဆိုးမှာ....စိတ်ထဲအကြိမ်ကြိမ်တောင်းပန်နေမိပေမယ့်လည်း လောလောဆယ်တော့မျက်နှာချင်းတောင်မဆိုင်ရဲ.....ထယ်ယောင်းသာ သိများသိသွားရင်ဆိုသောစိတ်ကြီးကသာစိုးမိုးနေတော့သည်။

-------------------------

ကျောင်းဆင်းတာတောင် သူ့ကိုမစောင့်ပဲ အခန်းထဲမှအမြန်ပြေးထွက်ကာ အရင်ပြန်သွားသော ဂျီမင်းကြောင့် နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားရသည်။

သူဘာများလုပ်မိလို့ ဂျီမင်းက တစ်ရှောင်ရှောင်လုပ်နေသလဲမသိ.....

နောက်နေ့မှပဲသေချာမေးပြီး တောင်းပန်သင့်ကတောင်းပန်ရမည်။

အခုတော့ တစ်ယောက်တည်းအေးအေးဆေးဆေးပင်....သို့ပေမယ့် ကံကြမ္မာကြီးကသူ့ကိုတစ်ယောက်တည်းနေစေချင်ပုံမရ.....

"Baby Hyung...."

အသံကြားလိုက်ရုံနှင့် မျက်မှောင်ကြုတ် မိသည်ဆိုလို့ဒီတစ်ယောက်သာရှိသေးသည်။

အသံကြားပြီးခဏလေးအတွင်း ထယ်ယောင်းဘေးနားကိုရောက်လာကာ ပခုံးကိုပိုင်စိုးပိုင်နင်းလာဖက်လေ၏။

"ဖယ်လိုက် မင်းလက်ကို"

"ခဏလေးပဲကို...နော်...ခဏလေး ဖက်ချင်လို့"

"မင်း အဲ့လက်ကိုမသုံးချင်တော့ဘူးလား"

"သုံးချင်သေးတာပေါ့ အဟဲ"

စပ်ဖြဲဖြဲနှင့်ပခုံးပေါ်မှလက်ကို အသာလေးဖယ်ချသွားလေ၏။

"တစ်ယောက်တည်းလား"

"ငါ့ဘေးမှာ ခွေးတစ်ကောင်ရှိတယ်"

"ဝိုး....ခွေးလေးက လုံးဝကို dady type ကြီးနော်..."

ထယ်ယောင်းပြောစရာစကားများပင် ဆွံ့အသွားရသည်။ ကိုယ့်ကိုခွေးလို့ပြောနေတာတောင်မနာပဲ Daddy type ခွေးဟုပြောနေသေးသည်။

ဘယ်လိုတောင် အရှက်မရှိမှုမျိုးလဲ....ကြည့်ရသည်က မွေးလာတုန်းက ချက်ကြိုးနဲ့ ရှက်ကြောမှားအဖြတ်ခံလိုက်ရသည်ထင်သည်။

"ငါ့နောက်လိုက်မလာနဲ့..."

"Yes...baby hyung"

အလေးပြုသလိုမျိုး ရင်အုပ်မောက်မောက်ကိုကော့လိုက်ကာ လက်တစ်ဖက်ကိုဘေးကပ်လိုက်ပြီး ကျန်တစ်ဖက်ကို နဖူးစောင်းသို့ ဆတ်ခနဲတင်လိုက်သည့်ပုံလုပ်ပြလေ၏။

တကယ်ပါ....ထယ်ယောင်း ဘာမှပြောစရာမရှိတော့....

လက်ခလယ်ထောင်ပြကာ ထွက်လာတော့ ရင်ဘတ်ပေါ်တွင်လက်နှစ်ဖက်ထပ်တင်ကာ heart ထိသွားပြီဆိုသောပုံစံထပ်လုပ်ပြလေ၏။ ပြီးနောက် အနောက်ကလှမ်းအော်လိုက်သေးသည်။

"ညကျရင် စောင့်နေနော် Baby hyung လေး"

သူကဘာကိုစောင့်နေရမှာတုန်း....ကြောင်တောင်တောင်ကောင်ရှေ့ကခပ်သွက်သွက်သာထွက်လာလိုက်တော့သည်။

-----------------------------

ဂျီမင်းအိမ်ရောက်ကတည်းက ရေမိုးချိုး ထမင်းကိုခပ်သွက်သွက်စားပြီး အခန်းထဲသို့စောစောစီးစီးတက်လာလိုက်သည်။

အမေကတောင် သူ့ကို ထူးထူးဆန်းဆန်းကြည့်နေသေးသည်။

အခန်းထဲရောက်တာနှင့် တံခါးကိုလော့ချပြီး မီးပါပိတ်လိုက်၏။ မီးပွင့်နေရင်အမေက စကားလာပြောနေဦးမည်။

ထို့နောက် စာဖတ်မီးလေးကိုဖွင့်သာဖွင့်ထားလိုက်ပြီး လွယ်အိတ်ထဲမှ ဂျောင်ဂုပေးလိုက်သော စာအုပ်အသစ်စက်စက်လေးကို  အသာအယာလေးထုတ်လိုက်သည်။

ရုတ်တရက်ကြီး စာအုပ်ရမယ်မထင်ထားမိလို့ ပျော်လွန်းပြီး လက်တွေပါတဆတ်ဆတ်တုန်နေလသည်။

စက္ကူဖြတ်ဓားသေးသေးလေးကိုယူလိုက်ကာ အပေါ်ကပလပ်စတစ်ပါးလေးအား အသာလေးဖြဲလိုက်ကာ ဖြည်းဖြည်းချင်းဆွဲချွတ်လိုက်၏။

စာအုပ်အဖုံးလေးကိုလှန်နေသောလက်သေးသေးလေးများက တဆတ်ဆတ်တုန်လို့.....မွှေးပျံ့သောစာအုပ်အသစ်အနံ့လေးကိုတစ်ဝကြီးရှုရှိုက်ကာ စာဖတ်ခြင်းအလုပ်ကိုစတင်လိုက်၏။

"ဂျောင်ဂုရေ ကျေးဇူးပါ...ထယ်ယောင်းရေ Sorry ပါ"

----------------------------

ထယ်ယောင်း ထမင်းစားပြီး TV ခဏထိုင်ကြည့်သည်....ပြီးနောက် လုပ်စရာရှိသည့်စာများကိုအပြီးသတ်လုပ်သည်။

တစ်ယောက်တည်းနေသူမလို့ အေးဆေးပင်....အကုန်ပြီးစီးတော့ နွားနို့လေးသောက်ပြီး အိပ်ယာဝင်ရန်ပြင်လိုက်၏။

နာရီကို alarm ပေးကာအိပ်ရန်အလုပ် ထွက်ပေါ်လာသော noti အသံကြောင့် ဖုန်းကိုယူကြည့်လိုက်သည်။

"အိပ်နေပြီလား"

ထယ်ယောင်းမသိသော နံပါတ်မလို့ ဘယ်သူလဲဆိုတာတော်တော်စဉ်းစားနေရသည်။

ဒီဖုန်းနံပါတ်ကိုသိတာဆိုလို့ omma ရယ်...ဂျီမင်းရယ်...အသိတစ်ချို့လောက်ပဲရှိတာကို...အကုန်လုံးရဲ့ နံပါတ်တွေကိုလည်း,content ထဲမှတ်ထားပီးသားပင်.....

မသိသောနံပါတ်မလို့စာမပြန်တော့ပဲ အိပ်တော့မည်အလုပ် နောက်ထပ်ဝင်လာသော စာကြောင့် မျက်လုံးများပြူးသွားရသည်။

"Baby hyung လေးက Daddy ကို neglect လုပ်တယ်ပေါ့လေ"

ဒါ ဒါ ဟိုဝဲစားလေး......ဖုန်းနံပါတ်ဘယ်လိုသိတာလဲ...

ချက်ချင်းပင်ဝင်လာသောဖုန်းကြောင့် ထယ်ယောင်းမှာ လက်ထဲမှ ဖုန်း လွတ်ပင်ကျသွားသည်။

ပထမတစ်ခေါက်မကိုင်၍ ကျသွားသောဖုန်းလေးသည် ဒုတိယအကြိမ်ထပ်ဝင်လာ၏။

ဒီတစ်ခါတော့ သူ့ဖုန်းနံပါတ်ကိုဘယ်လိုရလဲသိချင်၍ ကိုင်လိုက်သော်......

"ဟာ Baby hyung လေးဖုန်းကိုင်တယ်"

"မင်း ငါ့ဖုန်းနံပါတ်ဘယ်ကရတာလဲ"

"Hyung သူငယ်ချင်းပေးတာလေ"

"ဘာ....ဘယ်သူ"

"Hyung သူငယ်ချင်း ဟိုဂျပုလေးလေ....စာအုပ်ပေးလိုက်တော့ hyung ဖုန်းနံပါတ်ပေးလိုက်တာ"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမယုံနိုင်ပင်ဖြစ်သွားရသည်။ နေ့လည်က ဂျီမင်းသူ့ကို တရှောင်ရှောင်ဖြစ်နေတာ ဒါကြောင့်လား.....မယုံချင်ပေမယ့် အနေအထားကြီးက ယုံရမယ့်အနေအထားကြီးပင်....နောက်ကျောဓားနဲ့အထိုးခံရတယ်ဆိုတာဒီလိုခံစားချက်မျိုးကြီးလား.....

စိတ်တိုလွန်းလို့ ဖုန်းကိုဂွက်ခနဲချပစ်လိုက်သည်။

"အား....ပက်ဂျီမင်း ဒေါသထွက်လွန်းလို့သေတော့မှာပဲ"

တစ်ဖက်တွင်ဘာမှမသိရှာသော ဂျီမင်းလေးမှာ စာအုပ်ကို သည်းကြီးမည်းကြီးသာဖတ်နေလေတော့သည်။

----------------------------------

စက်ပိတ်သွားပြီဖြစ်သော ဖုန်းလေးကိုကြည့်ကာဂျောင်ဂု ပျားရည်အိုးထဲအနှစ်ခံထားရသည့်မျက်နှာကြီးဖြစ်နေသည်။

"အာအီဂူး....ချစ်စရာကောင်းလိုက်တာကွာ"

"အား....အသည်းယားလို့သေတော့မှာပဲ"

"ဘယ်လိုလေးလဲကွာ ဒေါသထွက်နေတဲ့အသံလေးက"

ဖုန်းကြီးကိုရင်ဘတ်ထဲအပ်ကာ အိပ်ယာပေါ်တွင်ဟိုလှိမ့် ဒီလှိမ့်နှင့် လူးလှိမ့်နေ၏။

"အင်း နောက်ဆို ညတိုင်းအသံလေးနားထောင်ပြီးမှအိပ်ရမယ်....ဆဲလည်း ဆဲသံလေးနားထောင်ရုံပေါ့"

--------------------------------

မျက်လုံးလေးများသည် ခပ်စင်းစင်းဖြစ်နေပေမယ့် လက်ကတော့စာရွက်လေးတွေလှန်နေတုန်း.....

အကျောဆန့်ရန် လက်ကိုဘေးသို့ဆန့်တန်းလိုက်တော့ တောင့်တင်းနေသောအကျောအချင်များသည် တဗြစ်ဗြစ်နှင့်......

"အင်း.....အိပ်ဦးမှပါ"

အိပ်ယာပေါ် လှဲရန်ပြင်တုန်း ထွက်ပေါ်လာသော နိုးစက်သံကြီးကြောင့် ကြောင်တောင်တောင်လေးဖြစ်သွားရသည်။

"နာရီသေချာချိန်ထားတာပါ ဘာလို့အချိန်မဟုတ်ပဲအသံမြည်လာပါလိမ့်"

အချိန်ပြန်ပြင်ရန် နာရီကိုယူလိုက်တော့ စင်းနေသောမျက်လုံးများပြူးပြဲသွားသည်။

"၇နာရီထိုးနေပြီ"

ပိတ်ထားသောလိုက်ကာကို ဆွဲဖွင့်လိုက်တော့ ဝင်ရောက်လာသောနေရောင်က မျက်လုံးထဲသို့စူးခနဲ.....

ဒါဆို သူတစ်ညလုံးထိုင်ဖတ်နေမိတာပေါ့.....

ကျောင်းမသွားလို့ကလည်းမရ....pretest ရှိသေးသည်မလို့ ကမန်းကတန်းနှင့်သာ အိမ်ကထွက်လာရတော့သည်။

----------------------------

ထယ်ယောင်း ကျောင်းကိုစောစီးစွာရောက်ရှိနေရသည့်အကြောင်းအရင်းသည် ပက်ဂျီမင်းဆိုသော ဆန်မုန့်ကို ညက်ညက်ကျေအောင် အမှုန့်ကျိတ်ချင်လို့ပေ....

မပေးပါနဲ့ဟု သေချာပြောထားသည့်ကြားက သေချာပေးလိုက်သော ဆန်မုန့်......

အတွေးတောင်မဆုံးသေးခင် ကျောင်းထဲ ဖရိုဖရဲပုံစံနှင့်ကျောင်းထဲပြေးဝင်လာ၏။

မျက်တွင်းကတော့ မနေ့ကလို ညိုမဲနေတုန်း.....

မျက်မှန်ဝိုင်းဝိုင်းထူထူကို ပင့်ပင့်တင်ကာပြေးဝင်လာပြီး ဘေးကိုလည်းအာရုံရှိပုံမရ......

.
.

ဂျီမင်းမှာ ဒရောသောပါနှင့်ပြေးလာသောကြောင့်အဆောင်အဝတွင်ပိတ်ရပ်နေသော ထယ်ယောင်းကိုမမြင်ပေ......

မြင်လိုက်သည်နှင့်တပြိုင်နင်လည်း မာရသွန်ပြေးပွဲလိုပြေးနေသောခြေလှမ်းများကလည်း အရှိန်အော်တိုသတ်သွား၏။

"ဂျီ မင်း လေး"

"ငါ ငါ စာအုပ်ယူစရာတွေရှိလို့သွား သွားနှင့်"

ပြေးထွက်ဖို့လုပ်ခါမှ ဂုတ်ကလေးကနေဆောင့်ဆွဲခံလိုက်ရသောကြောင့် ပြေးလို့မရတော့......

"ခဏလေးနေပါဦး.....ငါနဲ့ တစ်နေရာလိုက်ခဲ့ဦး"

"မ မဟုတ်ဘူး....ငါ ငါတစ်ကယ်မအားလို့"

ထယ်ယောင်းသည် သူ့စကားကိုနားမထောင်စွာ လက်ကိုကျစ်ကျစ်ပါအောင်ဆွဲကာ ကျောင်းခေါင်မိုးပေါ်ကိုခေါ်သွားလေသည်။

"ထိုင်"

ကျောင်းခေါင်မိုးပေါ်တွင် ခုံအဟောင်းတစ်ချို့ကိုစုပုံကာထားရှိလေသည်။ ထိုအပေါ်တွင် ထယ်ယောင်းကသူ့ကို ပစ်ချကာ ထိုင်ခိုင်းလေ၏။

"ဘာ ဘာကိစ္စရှိလို့လဲဟင်"

"ငါ့ကိုပြောစရာတွေများမရှိဘူးလား ဂျီမင်း"

"မ မရှိပါဘူး...ငါက ဘာကိုပြောရမှာတုန်း မင်းကလည်း အဟင်း"

ပေါင်ကိုစိနေအောင်ကျုံ့ထားကာ လက်သည်းကို ကုတ်နေပြီး မျက်ရည်များဝဲနေသော မျက်လုံးညိုညိုများကလည်း ဂဏာမငြိမ်.....

"ဂျောင်ဂု..."

နာမည်ပဲပြောရသေးသည် ခန္ဓာကိုယ်တစ်ခုလုံးတုန်တက်သွားကာ ထိုင်နေသည့်ခုံပေါ်မှ ငုတ်တုတ်ထိုင်ချပြီး လက်ဝါးနှစ်ဖက်ကို မီးပွင့်မတတ်ပွတ်ကာတောင်းပန်လေ၏။

"ငါတောင်းပန်ပါတယ် ထယ်ယောင်းရယ်....ငါမင်းအပေါ်သစ္စာဖောက်မိပါတယ်....ငါ့အမှားကိုငါသိပါတယ်....ငါ ငါ....."

"ဆက်ပြောလေ..."

"ငါ......"

"စာအုပ်နဲ့လဲလိုက်တယ်ပေါ့"

"ဟင် မင်း မင်းဘယ်လိုသိ"

"ဟိုဝဲစားလေးပြောပြတာ"

"ဟမ် ဂျောင် ဂျောင်ဂုလား......အား ဒီကောင်"

"အခုသိပြီလား နောက်ကျောဓားထိုးခံရတဲ့ခံစားချက်"

"ငါတကယ်တောင်းပန်ပါတယ်ကွာ နော်....ငါ လုံးဝ မဝယ်နိုင်ဖြစ်နေလို့ပါ ခွင့်လွှတ်ပေးပါကွာ နော် နော်"

ဝဲတက်နေသောမျက်ရည်များ ကျလုမတတ် ရှုံ့မဲ့မဲ့မျက်နှာငယ်လေးနှင့်ထိုင်ကာတောင်းပန်နေလေ၏။

ထယ်ယောင်းက ဒီတိုင်းပြောရန်သာလုပ်ထားသည်မလို့ အစကတည်းက ခွင့်လွှတ်ထားပီးသား.....သို့ပေမယ့်လည်း မှတ်လောက်သားလောက်လေးတော့ စိတ်ဆိုးပစ်ရမည်။

"အဟမ်း....ငါခွင့်လွှတ်တယ်...ဒါပေမယ့်စိတ်ဆိုးတုန်းပဲ"

"တစ် တစ်ကယ် ကြီးလား ထယ်ယောင်း"

ထယ်ယောင်းဘာမှမပြောပဲ မျက်စောင်းသာထိုးလိုက်တော့ မရဲတရဲလေးပြုံးပြလေသည်။

"မျက်တွင်းတွေညိုနေတာပဲ ဘာဖြစ်လာတာလဲ"

"ဟီး....စာအုပ်ဖတ်နေတာ မိုးလင်းမှန်းမသိမိုးလင်းသွားလို့"

"အေး နားကိုအေးတာပဲ...နောက်တနေ့နေပြန်မဝင်သွားတာကံကောင်း"

"ဟီး မင်းကလည်း"

"ဟွန့် ရုပ်ကိုက..."

ရှိသမျှသွားကိုအစွမ်းကုန်ဖြဲထားကာ သူ့ကိုအစွမ်းကုန်မျက်နှာချိုသွေးနေပါသော ပက်ဂျီမင်းပင်။

---------------------------------

Pretest စစ်ပြီးသွားတော့ မဖြေနိုင်သည့်သူများကြသည်။ ဂျီမင်းကတော့ ရသလောက်ဖြေခဲ့သည်ပြောသည်။

ထယ်ယောင်းကတော့စာကိုအမြဲပုံမှန်လုပ်သူမလို့ မဖြေနိုင်တာမရှိ.....

ထိုအရာကို ကြိတ်မနိုင် ခဲမရဖြစ်နေသူတစ်ဦးလည်းရှိလေသည်။

.
.

ကန်တင်းချိန်မဟုတ်သေးပေမယ့်လို့ pretest ပြီးသည်နှင့်ဗိုက်ဆာလာသည်မလို့ ကန်တင်းတွင်ထမင်းအတူလာစားကြသည်။

နှစ်ယောက်သား ရယ်စရာတွေပြောလိုက် စားလိုက်နှင့် သာသာယာယာပင်.....

ထိုအခြေအနေကို မလိုပဲဖြစ်နေသော သူတစ်ယောက်မှာ ရုတ်တရက်အကောက်ကြံကြံလေသည်။ အထူးသဖြင့်ထိုအခြေအနေကိုဆိုတာထက် ထယ်ယောင်းကိုမလိုတာဆိုပိုမှန်ပေလိမ့်မည်။

"အဒေါ်ကြီး ရေခဲမုန့်တစ်ခွက်....တစ်ခွက်တည်းမှာပဲလေးလုံးဆင့်ထည့်ပေး"

"မဆန့်လောက်ဘူးကလေးရဲ့....နှစ်ခွက်ထည့်ပေးမယ်"

"မရှည်စမ်းပါနဲ့ဗျာ...ပြောတဲ့အတိုင်းသာလုပ်ပေး"

မောက်မာရိုင်းစိုင်းလွန်းသော ထိုကျောင်းသားမှာ စိတ်ဓာတ်ကလည်းသိမ်ဖျင်းလွန်းသည်။

ထို့နောက် ရလာပြီဖြစ်သောမဆန့်မပြဲရေခဲမုန့်ခွက်ကိုကိုင်ကာ ထယ်ယောင်းတို့အနားသို့လျှောက်လာလေ၏။

ထယ်ယောင်းအနားလည်းအရောက် ခြေချော်သွားသလိုနှင့် မှောက်ချလိုက်လေတော့ ရေခဲမုန့်များသည် ထယ်ယောင်းခေါင်းပေါ်သို့အကုန်မှောက်ကျကုန်လေသည်။

ဂျီမင်းက ထယ်ယောင်းထိုသို့ဖြစ်သွားလေတော့ ပြာပြာသလဲထကာ မင်ဝူးကိုဦးစွာ ရန်တွေ့လေ၏။

"ဟာ မင်ဝူး...မင်းဘာလုပ်တာလဲ"

"Sorry...ခြေချော်သွားတာ"

ထယ်ယောင်း ဘေးပတ်လည်ကိုမျက်လုံးကစားလိုက်တော့ ခြေချော်စရာဘာမှမရှိ....

တဖြည်းဖြည်းအရည်ပျော်ကာစီးကျလာသောရေခဲမုန့်များသည် ထယ်ယောင်းမျက်နှာရှေ့မှ စက်တောက်စက်တောက်ကျနေလေသည်။

တမင်လုပ်မှန်းသိသည်မလို့ လက်သီးများကျစ်ကျစ်ပါအောင်ဆုပ်ထားကာ ဝုန်းခနဲထရပ်လိုက်ပြီး....

"ဟေ့ရောင် မင်းယောက်ျားမဟုတ်ဘူးလား"

"မင်း ဘာစကားပြောတာလဲ"

မင်ဝူးမှာ ထယ်ယောင်းရင်ဘတ်ကအင်္ကျီစကို အရင်ဆောင့်ဆွဲလေ၏။

"မင်ဝူး...ထယ်ယောင်းအကျီစကိုလွှတ်လိုက်"

"မင်းကိစ္စမဟုတ်ရင် ဝင်မပါနဲ့ ဟေ့ရောင်"

ဂျီမင်းမှာ တားလို့လည်းမရတော့ အခြေအနေမဟန်တော့ပြီဖြစ်၍ ပထမနှစ်အခန်းသို့ သုတ်ခြေတင်ကာပြေးလေတော့သည်။

"အဟက်....ယောက်ျားဆိုတာလေ လုပ်ရဲရင်ခံရဲရတယ်.....မျိုးမစစ်တွေလို စကားကိုပလောင်းပလဲမပြောရဘူးကွ နားလည်လား"

"မင်းသေချင်နေတာလား....စောက်စကားကိုကြည့်ပြော"

"အဟက်....စကပ်ဝတ်ထားတဲ့ကောင်ကများ"

"ဟာ....ဒီခွေးကောင်"

"ဝုန်း"

----------------------------------


ဂျောင်ဂုတစ်ယောက် စာမေးပွဲတွင် စာအုပ်ကိုခုံအောက်အကျအနထားကာ ပယ်ပယ်နယ်နယ်ကိုကူးနေလေ၏။

ထိုစဉ် အခန်းဝတွင် ခုန်ဆွခုန်ဆွလုပ်နေသော hyung သူငယ်ချင်း ဟိုဂျပုကိုမြင်လိုက်တော့ စိတ်ထဲတစ်ခုခုကိုထင့်သွားလေသည်။

ထိုဂျပုပါးစပ်ကလည်း မင်း hyung....မင်း hyung ဟုပြောကာ လက်ကလည်းသူ့ကိုထွက်လာရန်ခေါ်နေလေတော့ hyung ဆိုတာနှင့်ဘာမှမစဉ်းစားတော့ပဲ ဝုန်းခနဲထရပ်ကာ အဖြေလွှာကို ဆရာမဆီအပ်ပြီး ပြေးထွက်လာလိုက်သည်။

အနောက်တွင် ခိုးကူးနေသောစာအုပ်ကြီး လွင့်ပြီးကျန်ခဲ့သည်ကိုတောင် ဂျောင်ဂုမသိတော့.....

ယွန်ဂီက ဆရာ မမြင်အောင်ထိုစာအုပ်ကြီးကို အသည်းအသန်လိုက်ကောက်လေတော့သည်။

.
.

"Hyung...hyung ဘာဖြစ်တာလဲ"

"မင် မင်ဝူး ထယ်ယောင်းပေါ်ကိုရေခဲမုန့်တွေလောင်းချပြီး ရန်စနေလို့"

"ဘာ....ဘယ်ကခွေးကောင်လဲ...ဘယ်မှာလဲ"

"ကန် ကန်တင်းမှာ"

အခန်းရှေ့ကနေပြေးထွက်သွားသည်မှာ flash ပင်သူ့ထက်နှေးဦးပေမည်။

ဂျီမင်းမှာလည်း အနောက်ကနေခြေတံတိုတိုလေးတွေနှင့်အမှီပြေးလိုက်ခဲ့ရလေသည်။

------------------------

ဂျောင်ဂု ကန်တင်းကိုရောက်ရောက်ချင်းပင် ဝုန်း ဆိုသောအသံကြီးနှင့်အတူ hyung ခန္ဓာကိုယ်လေးသည် ခုံနှင့်တိုက်ကာ လဲကျသွား၏။

"တောက်"

တောက်ခေါက်သံအကျယ်ကြီးသည် ကန်တင်းတံခါးဝတွင် ကျယ်လောင် မြည်ဆောင့်တွန်းလိုက်သည်ကိုမြင်သော ဒေါသသည်ငယ်ထိပ်ထိဆောင့်တက်ကာ နွားရိုင်းတစ်ကောင်လို ဘာမှမမြင်တော့......မျက်လုံးထဲတွင် hyung ကိုတွန်းချလိုက်သည့်ဟိုကောင့်ကိုသာမြင်တော့သည်။

သို့ပေမယ့် သူ့ Baby Hyung လေးကိုအရင်ဆုံးပြေးထူတော့ ခေါင်းတွင်ရေခဲမုန့်များကစေးကပ်ကပ်နှင့်....

ရေခဲမုန့်လောင်းချသည်ဆိုလို့ အကျီပေါ်လောက်ပဲထင်မိခဲ့တာ....အခုက ခေါင်းပေါ်ဆိုတော့ ဒီကောင် သေတွင်းတူးတာမကလို့ မြေပါမြှုပ်ပြီးသားလုပ်ထားသည်ပဲ......

Hyung ကိုထူကာ ခုံပေါ်တွင်အသာလေးတင်ပေးလိုက်ပြီး မီးဝင်းဝင်းတောက်နေသောမျက်လုံးများနှင့် ဟိုကောင့်ကိုကြည့်လိုက်တော့ အမြီးကုပ်နေသောခွေးလို.....

.
.

ရုတ်တရက် တံခါးဝတွင်ပေါ်လာကာ တောက်ခေါက်သံအကျယ်ကြီးနှင့် ဂျောင်ဂုကြောင့် မင်ဝူး သွေးပျက်မလိုပင်ဖြစ်သွားရသည်။

ဘယ်လိုပင် အကြောတင်းသည်ဆိုပေမယ့် လူကောင်ချင်းကွာလည်းကွာသလို တကျောင်းလုံးကလည်းကြောက်သော ဂျွန်ဂျောင်ဂုမလို့ ဒူးများပင်တဆတ်ဆတ်တုန်နေပြီဖြစ်သည်။

"မင်းလား....ငါ့ Baby Hyung ကိုထိတာ"

"မ မဟုတ်ဘူး...တောင်း တောင်းပန်ပါတယ်"

"မင်းအစကတည်းက တောင်းပန်မှုတွေမရှိအောင်လုပ်ခဲ့သင့်တယ်....အကို့ကိုထိတာ ငါ့ကိုထိတာပဲ "

သူ့ဆီတရွေ့ရွေ့လျှောက်လာကာ ဂုတ်ကနေ ဆွဲပြီးတရွတ်တိုက်ဆွဲခေါ်သွားသော ဂျောင်ဂုကြောင့် မင်ဝူး လိပ်ပြာလွင့်မလိုပင်ဖြစ်နေပြီဖြစ်သည်။

ရေခဲမုန့်များထည့်ထားသော ရေခဲသေတ္တာကြီးကို ဝုန်း ခနဲဆွဲဖွင့်ကာ ဂုတ်ကနေဆွဲထားသောမင်ဝူးကို ရေခဲမုန့်ကန်ထဲသို့စနှစ်လေ၏.....။

"ရော့...အဲ့မှာစတော်ဘယ်ရီအရသာ....အဲ့မှာ ချောကလက်...အဲ့မှာ mint...အဲ့မှာ ဒူးရင်းသီး...မဝသေးဘူးမလား အင့် အဲ့မှာ vanilla...."

တစ်ကန်ပြီးတစ်ကန်ထဲသို့ မျက်နှာကိုနှစ်လိုက် ဆွဲယူလိုက် နှစ်လိုက်နှင့် လုပ်နေသောဂျောင်ဂု.....

အရသာလည်းစုံသွားတော့ ပြန်ဆွဲထုတ်ကာ ကြမ်းပြင်ပေါ်ပစ်ချလိုက်၏။

မင်ဝူးမှာတော့ မျက်နှာကြီးတစ်ခုလုံး ရေခဲဖတ်များနှင့်ပစ်လဲသွားလေတော့သည်။

.
.

ထယ်ယောင်းနှင့်ဂျီမင်းမှာ ဂျောင်ဂုလုပ်လိုက်သည်ကိုကြည့်ပြီး ကြက်သေသေနေလေတော့သည်။

ဆံပင်ကိုတစ်ချက်သပ်လိုက်ပြီး ထယ်ယောင်းရှေ့သို့လျှောက်လာသော ဂျောင်ဂုမှာ အခုမှကျေနပ်သွားသည့်ပုံ.......

ထို့နောက် ခုံတွင်ထိုင်နေသော ထယ်ယောင်းကို ပွေ့ချီလိုက်ကာ.......

"ခါးနာသွားတယ်မလား Baby hyung လေး....ကျောင်းဆေးခန်းလိုက်ပို့ပေးမယ်နော်"

ယခု ဂျောင်ဂုသည် ခုနက ဂျောင်ဂုနှင့်လားလားမှမဆိုင်.......

ထယ်ယောင်းမှာ ဘာမှပင်မဆိုနိုင်တော့ပဲ ဂျောင်ဂုပွေ့ခေါ်သွားသည့်နောက်သို့သာပါသွားလေတော့သည်။

   TBC 😂

ရေခဲမုန့်အရသာစုံစားချင်ရင် ဂျွန်ဂျောင်ဂုဆီသွားပါနော် 😆😆

#Zawgyi
Toilet ကျပန္လာၿပီးကတည္းက ဂ်ီမင္းသည္ သူ႔ကိုတစ္ေရွာင္ေရွာင္ႏွင့္.....

ေန႔လည္ကန္တင္းခ်ိန္ေရာက္လို႔ ကန္တင္းသြားရန္ ပခုံးပုတ္ေခၚလိုက္ေတာ့ တုန္တက္သြားေသာခႏၶာေသးေသးေလး.....

"ဂ်ီမင္း...ကန္တင္းသြားရေအာင္"

"ငါ ဗိုက္ ဗိုက္မဆာဘူး...မင္းဘာသာပဲသြားလိုက္ေတာ့"

"ေနမေကာင္းလို႔လား"

"ေကာင္း ေကာင္းပါတယ္....ငါမစားခ်င္လို႔"

"ၿပီးေရာေလ...ငါသြားပီ...စားခ်င္တာရွိရင္ဖုန္းဆက္လိုက္"

ဖုန္းဆိုတဲ့အသံၾကားၿပီး ဂ်ီမင္းမွာအသံေတာင္မထြက္ႏိုင္ေတာ့....ေခါင္းေလးတဆတ္ဆတ္သာညိတ္ျပႏိုင္ေတာ့သည္။

စိတ္ထဲတြင္လည္း လုံးဝကိုအျပစ္သားတစ္ေယာက္လို....စာအုပ္ေလးတစ္အုပ္ေၾကာင့္ သူငယ္ခ်င္းကိုသစၥာေဖာက္မိသည္။

ထယ္ေယာင္းသာသိရင္ စိတ္ေတာ္ေတာ္ဆိုးမွာ....စိတ္ထဲအႀကိမ္ႀကိမ္ေတာင္းပန္ေနမိေပမယ့္လည္း ေလာေလာဆယ္ေတာ့မ်က္ႏွာခ်င္းေတာင္မဆိုင္ရဲ.....ထယ္ေယာင္းသာ သိမ်ားသိသြားရင္ဆိုေသာစိတ္ႀကီးကသာစိုးမိုးေနေတာ့သည္။

-------------------------

ေက်ာင္းဆင္းတာေတာင္ သူ႔ကိုမေစာင့္ပဲ အခန္းထဲမွအျမန္ေျပးထြက္ကာ အရင္ျပန္သြားေသာ ဂ်ီမင္းေၾကာင့္ နည္းနည္းေတာ့ စိတ္မေကာင္းျဖစ္သြားရသည္။

သူဘာမ်ားလုပ္မိလို႔ ဂ်ီမင္းက တစ္ေရွာင္ေရွာင္လုပ္ေနသလဲမသိ.....

ေနာက္ေန႔မွပဲေသခ်ာေမးၿပီး ေတာင္းပန္သင့္ကေတာင္းပန္ရမည္။

အခုေတာ့ တစ္ေယာက္တည္းေအးေအးေဆးေဆးပင္....သို႔ေပမယ့္ ကံၾကမၼာႀကီးကသူ႔ကိုတစ္ေယာက္တည္းေနေစခ်င္ပုံမရ.....

"Baby Hyung...."

အသံၾကားလိုက္႐ုံႏွင့္ မ်က္ေမွာင္ၾကဳတ္ မိသည္ဆိုလို႔ဒီတစ္ေယာက္သာရွိေသးသည္။

အသံၾကားၿပီးခဏေလးအတြင္း ထယ္ေယာင္းေဘးနားကိုေရာက္လာကာ ပခုံးကိုပိုင္စိုးပိုင္နင္းလာဖက္ေလ၏။

"ဖယ္လိုက္ မင္းလက္ကို"

"ခဏေလးပဲကို...ေနာ္...ခဏေလး ဖက္ခ်င္လို႔"

"မင္း အဲ့လက္ကိုမသုံးခ်င္ေတာ့ဘူးလား"

"သုံးခ်င္ေသးတာေပါ့ အဟဲ"

စပ္ၿဖဲၿဖဲႏွင့္ပခုံးေပၚမွလက္ကို အသာေလးဖယ္ခ်သြားေလ၏။

"တစ္ေယာက္တည္းလား"

"ငါ့ေဘးမွာ ေခြးတစ္ေကာင္ရွိတယ္"

"ဝိုး....ေခြးေလးက လုံးဝကို dady type ႀကီးေနာ္..."

ထယ္ေယာင္းေျပာစရာစကားမ်ားပင္ ဆြံ႕အသြားရသည္။ ကိုယ့္ကိုေခြးလို႔ေျပာေနတာေတာင္မနာပဲ Daddy type ေခြးဟုေျပာေနေသးသည္။

ဘယ္လိုေတာင္ အရွက္မရွိမႈမ်ိဳးလဲ....ၾကည့္ရသည္က ေမြးလာတုန္းက ရွက္ေၾကာအျဖတ္ခံလိုက္ရသည္ထင္သည္။

"ငါ့ေနာက္လိုက္မလာနဲ႔..."

"Yes...baby hyung"

အေလးျပဳသလိုမ်ိဳး ရင္အုပ္ေမာက္ေမာက္ကိုေကာ့လိုက္ကာ လက္တစ္ဖက္ကိုေဘးကပ္လိုက္ၿပီး က်န္တစ္ဖက္ကို နဖူးေစာင္းသို႔ ဆတ္ခနဲတင္လိုက္သည့္ပုံလုပ္ျပေလ၏။

တကယ္ပါ....ထယ္ေယာင္း ဘာမွေျပာစရာမရွိေတာ့....

လက္ခလယ္ေထာင္ျပကာ ထြက္လာေတာ့ ရင္ဘတ္ေပၚတြင္လက္ႏွစ္ဖက္ထပ္တင္ကာ heart ထိသြားၿပီဆိုေသာပုံစံထပ္လုပ္ျပေလ၏။ ၿပီးေနာက္ အေနာက္ကလွမ္းေအာ္လိုက္ေသးသည္။

"ညက်ရင္ ေစာင့္ေနေနာ္ Baby hyung ေလး"

သူကဘာကိုေစာင့္ေနရမွာတုန္း....ေၾကာင္ေတာင္ေတာင္ေကာင္ေရွ႕ကခပ္သြက္သြက္သာထြက္လာလိုက္ေတာ့သည္။

-----------------------------

ဂ်ီမင္းအိမ္ေရာက္ကတည္းက ေရမိုးခ်ိဳး ထမင္းကိုခပ္သြက္သြက္စားၿပီး အခန္းထဲသို႔ေစာေစာစီးစီးတက္လာလိုက္သည္။

အေမကေတာင္ သူ႔ကို ထူးထူးဆန္းဆန္းၾကည့္ေနေသးသည္။

အခန္းထဲေရာက္တာႏွင့္ တံခါးကိုေလာ့ခ်ၿပီး မီးပါပိတ္လိုက္၏။ မီးပြင့္ေနရင္အေမက စကားလာေျပာေနဦးမည္။

ထို႔ေနာက္ စာဖတ္မီးေလးကိုဖြင့္သာဖြင့္ထားလိုက္ၿပီး လြယ္အိတ္ထဲမွ ေဂ်ာင္ဂုေပးလိုက္ေသာ စာအုပ္အသစ္စက္စက္ေလးကို  အသာအယာေလးထုတ္လိုက္။

႐ုတ္တရက္ႀကီး စာအုပ္ရမယ္မထင္ထားမိလို႔ ေပ်ာ္လြန္းၿပီး လက္ေတြပါတဆတ္ဆတ္တုန္ေနလသည္။

စကၠဴျဖတ္ဓားေသးေသးေလးကိုယူလိုက္ကာ အေပၚကပလပ္စတစ္ပါးေလးအား အသာေလးၿဖဲလိုက္ကာ ျဖည္းျဖည္းခ်င္းဆြဲခြၽတ္လိုက္၏။

စာအုပ္အဖုံးေလးကိုလွန္ေနေသာလက္ေသးေသးေလးမ်ညးက တဆတ္ဆတ္တုန္လို႔.....ေမႊးပ်ံ႕ေသာစာအုပ္အသစ္အနံ႔ေလးကိုတစ္ဝႀကီးရႈရႈိက္ကာ စာဖတ္ျခင္းအလုပ္ကိုစတင္လိုက္၏။

"ေဂ်ာင္ဂုေရ ေက်းဇူးပါ...ထယ္ေယာင္းေရ Sorry ပါ"

----------------------------

ထယ္ေယာင္း ထမင္းစားၿပီး TV ခဏထိုင္ၾကည့္သည္....ၿပီးေနာက္ လုပ္စရာရွိသည့္စာမ်ားကိုအၿပီးသတ္လုပ္သည္။

တစ္ေယာက္တည္းေနသူမလို႔ ေအးေဆးပင္....အကုန္ၿပီးစီးေတာ့ ႏြားႏို႔ေလးေသာက္ၿပီး အိပ္ယာဝင္ရန္ျပင္လိုက္၏။

နာရီကို alarm ေပးကာအိပ္ရန္အလုပ္ ထြက္ေပၚလာေသာ noti အသံေၾကာင့္ ဖုန္းကိုယူၾကည့္လိုက္သည္။

"အိပ္ေနၿပီလား"

ထယ္ေယာင္းမသိေသာ နံပါတ္မလို႔ ဘယ္သူလဲဆိုတာေတာ္ေတာ္စဥ္းစားေနရသည္။

ဒီဖုန္းနံပါတ္ကိုသိတာဆိုလို႔ omma ရယ္...ဂ်ီမင္းရယ္...အသိတစ္ခ်ိဳ႕ေလာက္ပဲရွိတာကို...အကုန္လုံးရဲ႕ နံပါတ္ေတြကိုလည္း,content ထဲမွတ္ထားပီးသားပင္.....

မသိေသာနံပါတ္မလို႔စာမျပန္ေတာ့ပဲ အိပ္ေတာ့မည္အလုပ္ ေနာက္ထပ္ဝင္လာေသာ စာေၾကာင့္ မ်က္လုံးမ်ားျပဴးသြားရသည္။

"Baby hyung ေလးက Daddy ကို neglect လုပ္တယ္ေပါ့ေလ"

ဒါ ဒါ ဟိုဝဲစားေလး......ဖုန္းနံပါတ္ဘယ္လိုသိတာလဲ...

ခ်က္ခ်င္းပင္ဝင္လာေသာဖုန္းေၾကာင့္ ထယ္ေယာင္းမွာ လက္ထဲမွ ဖုန္း လြတ္ပင္က်သြားသည္။

ပထမတစ္ေခါက္မကိုင္၍ က်သြားေသာဖုန္းေလးသည္ ဒုတိယအႀကိမ္ထပ္ဝင္လာ၏။

ဒီတစ္ခါေတာ့ သူ႔ဖုန္းနံပါတ္ကိုဘယ္လိုရလဲသိခ်င္၍ ကိုင္လိုက္ေသာ္......

"ဟာ Baby hyung ေလးဖုန္းကိုင္တယ္"

"မင္း ငါ့ဖုန္းနံပါတ္ဘယ္ကရတာလဲ"

"Hyung သူငယ္ခ်င္းေပးတာေလ"

"ဘာ....ဘယ္သူ"

"Hyung သူငယ္ခ်င္း ဟိုဂ်ပုေလးေလ....စာအုပ္ေပးလိုက္ေတာ့ hyung ဖုန္းနံပါတ္ေပးလိုက္တာ"

ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းမယုံႏိုင္ပင္ျဖစ္သြားရသည္။ ေန႔လည္က ဂ်ီမင္းသူ႔ကို တေရွာင္ေရွာင္ျဖစ္ေနတာ ဒါေၾကာင့္လား.....မယုံခ်င္ေပမယ့္ အေနအထားႀကီးက ယုံရမယ့္အေနအထားႀကီးပင္....ေနာက္ေက်ာဓားနဲ႔အထိုးခံရတယ္ဆိုတာဒီလိုခံစားခ်က္မ်ိဳးႀကီးလား.....

စိတ္တိုလြန္းလို႔ ဖုန္းကိုဂြက္ခနဲခ်ပစ္လိုက္သည္။

"အား....ပက္ဂ်ီမင္း ေဒါသထြက္လြန္းလို႔ေသေတာ့မွာပဲ"

တစ္ဖက္တြင္ဘာမွမသိရွာေသာ ဂ်ီမင္းေလးမွာ စာအုပ္ကို သည္းႀကီးမည္းႀကီးသာဖတ္ေနေလေတာ့သည္။

----------------------------------

စက္ပိတ္သြားၿပီျဖစ္ေသာ ဖုန္းေလးကိုၾကည့္ကာေဂ်ာင္ဂု ပ်ားရည္အိုးထဲအႏွစ္ခံထားရသည့္မ်က္ႏွာႀကီးျဖစ္ေနသည္။

"အာအီဂူး....ခ်စ္စရာေကာင္းလိုက္တာကြာ"

"အား....အသည္းယားလို႔ေသေတာ့မွာပဲ"

"ဘယ္လိုေလးလဲကြာ ေဒါသထြက္ေနတဲ့အသံေလးက"

ဖုန္းႀကီးကိုရင္ဘတ္ထဲအပ္ကာ အိပ္ယာေပၚတြင္ဟိုလွိမ့္ ဒီလွိမ့္ႏွင့္ လူးလွိမ့္ေန၏။

"အင္း ေနာက္ဆို ညတိုင္းအသံေလးနားေထာင္ၿပီးမွအိပ္ရမယ္....ဆဲလည္း ဆဲသံေလးနားေထာင္႐ုံေပါ့"

--------------------------------

မ်က္လုံးေလးမ်ားသည္ ခပ္စင္းစင္းျဖစ္ေနေပမယ့္ လက္ကေတာ့စာ႐ြက္ေလးေတြလွန္ေနတုန္း.....

အေက်ာဆန႔္ရန္ လက္ကိုေဘးသို႔ဆန႔္တန္းလိုက္ေတာ့ ေတာင့္တင္းေနေသာအေက်ာအခ်င္မ်ားသည္ တျဗစ္ျဗစ္ႏွင့္......

"အင္း.....အိပ္ဦးမွပါ"

အိပ္ယာေပၚ လွဲရန္ျပင္တုန္း ထြက္ေပၚလာေသာ ႏိုးစက္သံႀကီးေၾကာင့္ ေၾကာင္ေတာင္ေတာင္ေလးျဖစ္သြားရသည္။

"နာရီေသခ်ာခ်ိန္ထားတာပါ ဘာလို႔အခ်ိန္မဟုတ္ပဲအသံျမည္လာပါလိမ့္"

အခ်ိန္ျပန္ျပင္ရန္ နာရီကိုယူလိုက္ေတာ့ စင္းေနေသာမ်က္လုံးမ်ားျပဴးၿပဲသြားသည္။

"၇နာရီထိုးေနၿပီ"

ပိတ္ထားေသာလိုက္ကာကို ဆြဲဖြင့္လိုက္ေတာ့ ဝင္ေရာက္လာေသာေနေရာင္က မ်က္လုံးထဲသို႔စူးခနဲ.....

ဒါဆို သူတစ္ညလုံးထိုင္ဖတ္ေနမိတာေပါ့.....

ေက်ာင္းမသြားလို႔ကလည္းမရ....pretest ရွိေသးသည္မလို႔ ကမန္းကတန္းႏွင့္သာ အိမ္ကထြက္လာရေတာ့သည္။

----------------------------

ထယ္ေယာင္း ေက်ာင္းကိုေစာစီးစြာေရာက္ရွိေနရသည့္အေၾကာင္းအရင္းသည္ ပက္ဂ်ီမင္းဆိုေသာ ဆန္မုန႔္ကို ညက္ညက္ေက်ေအာင္ အမႈန႔္က်ိတ္ခ်င္လို႔ေပ....

မေပးပါနဲ႔ဟု ေသခ်ာေျပာထားသည့္ၾကားက ေသခ်ာေပးလိုက္ေသာ ဆန္မုန႔္......

အေတြးေတာင္မဆုံးေသးခင္ ေက်ာင္းထဲ ဖ႐ိုဖရဲပုံစံႏွင့္ေက်ာင္းထဲေျပးဝင္လာ၏။

မ်က္တြင္းကေတာ့ မေန႔ကလို ညိဳမဲေနတုန္း.....

မ်က္မွန္ဝိုင္းဝိုင္းထူထူကို ပင့္ပင့္တင္ကာေျပးဝင္လာၿပီး ေဘးကိုလည္းအာ႐ုံရွိပုံမရ......

.
.

ဂ်ီမင္းမွာ ဒေရာေသာပါႏွင့္ေျပးလာေသာေၾကာင့္အေဆာင္အဝတြင္ပိတ္ရပ္ေနေသာ ထယ္ေယာင္းကိုမျမင္ေပ......

ျမင္လိုက္သည္ႏွင့္တၿပိဳင္နင္လည္း မာရသြန္ေျပးပြဲလိုေျပးေနေသာေျခလွမ္းမ်ားကလည္း အရွိန္ေအာ္တိုသတ္သြား၏။

"ဂ်ီ မင္း ေလး"

"ငါ ငါ စာအုပ္ယူစရာေတြရွိလို႔သြား သြားႏွင့္"

ေျပးထြက္ဖို႔လုပ္ခါမွ ဂုတ္ကေလးကေနေဆာင့္ဆြဲခံလိုက္ရေသာေၾကာင့္ ေျပးလို႔မရေတာ့......

"ခဏေလးေနပါဦး.....ငါနဲ႔ တသ္ေနရာလိုက္ခဲ့ဦး"

"မ မဟုတ္ဘူး....ငါ ငါတစ္ကယ္မအားလို႔"

ထယ္ေယာင္းသည္ သူ႔စကားကိုနားမေထာင္စြာ လက္ကိုက်စ္က်စ္ပါေအာင္ဆြဲကာ ေက်ာင္းေခါင္မိုးေပၚကိုေခၚသြားေလသည္။

"ထိုင္"

ေက်ာင္းေခါင္မိုးေပၚတြင္ ခုံအေဟာင္းတစ္ခ်ိဳ႕ကိုစုပုံကာထားရွိေလသည္။ ထိုအေပၚတြင္ ထယ္ေယာင္းကသူ႔ကို ပစ္ခ်ကာ ထိုင္ခိုင္းေလ၏။

"ဘာ ဘာကိစၥရွိလို႔လဲဟင္"

"ငါ့ကိုေျပာစရာေတြမ်ားမရွိဘူးလား ဂ်ီမင္း"

"မ မရွိပါဘူး...ငါက ဘာကိုေျပာရမွာတုန္း မင္းကလည္း အဟင္း"

ေပါင္ကိုစိေနေအာင္က်ဳံ႔ထားကာ လက္သည္းကို ကုတ္ေနၿပီး မ်က္ရည္မ်ားဝဲေနေသာ မ်က္လုံးညိဳညိဳမ်ားကလည္း ဂဏာမၿငိမ္.....

"ေဂ်ာင္ဂု..."

နာမည္ပဲေျပာရေသးသည္ ခႏၶာကိုယ္တစ္ခုလုံးတုန္တက္သြားကာ ထိုင္ေနသည့္ခုံေပၚမွ ငုတ္တုတ္ထိုင္ခ်ၿပီး လက္ဝါးႏွစ္ဖက္ကို မီးပြင့္မတတ္ပြတ္ကာေတာင္းပန္ေလ၏။

"ငါေတာင္းပန္ပါတယ္ ထယ္ေယာင္းရယ္....ငါမင္းအေပၚသစၥာေဖာက္မိပါတယ္....ငါ့အမွားကိုငါသိပါတယ္....ငါ ငါ....."

"ဆက္ေျပာေလ..."

"ငါ......"

"စာအုပ္နဲ႔လဲလိုက္တယ္ေပါ့"

"ဟင္ မင္း မင္းဘယ္လိုသိ"

"ဟိုဝဲစားေလးေျပာျပတာ"

"ဟမ္ ေဂ်ာင္ ေဂ်ာင္ဂုလား......အား ဒီေကာင္"

"အခုသိၿပီလား ေနာက္ေက်ာဓားထိုးခံရတဲ့ခံစားခ်က္"

"ငါတကယ္ေတာင္းပန္ပါတယ္ကြာ ေနာ္....ငါ လုံးဝ မဝယ္ႏိုင္ျဖစ္ေနလို႔ပါ ခြင့္လႊတ္ေပးပါကြာ ေနာ္ ေနာ္"

ဝဲတက္ေနေသာမ်က္ရည္မ်ား က်လုမတတ္ ရႈံ႕မဲ့မဲ့မ်က္ႏွာငယ္ေလးႏွင့္ထိုင္ကာေတာင္းပန္ေနေလ၏။

ထယ္ေယာင္းက ဒီတိုင္းေျပာရန္သာလုပ္ထားသည္မလို႔ အစကတည္းက ခြင့္လႊတ္ထားပီးသား.....သို႔ေပမယ့္လည္း မွတ္ေလာက္သားေလာက္ေလးေတာ့ စိတ္ဆိုးပစ္ရမည္။

"အဟမ္း....ငါခြင့္လႊတ္တယ္...ဒါေပမယ့္စိတ္ဆိုးတုန္းပဲ"

"တစ္ တစ္ကယ္ ႀကီးလား ထယ္ေယာင္း"

ထယ္ေယာင္းဘာမွမေျပာပဲ မ်က္ေစာင္းသာထိုးလိုက္ေတာ့ မရဲတရဲေလးၿပဳံးျပေလသည္။

"မ်က္တြင္းေတြညိဳေနတာပဲ ဘာျဖစ္လာတာလဲ"

"ဟီး....စာအုပ္ဖတ္ေနတာ မိုးလင္းမွန္းမသိမိုးလင္းသြားလို႔"

"ေအး နားကိုေအးတာပဲ...ေနာက္တေန႔ေနျပန္မဝင္သြားတာကံေကာင္း"

"ဟီး မင္းကလည္း"

"ဟြန႔္ ႐ုပ္ကိုက..."

ရွိသမွ်သြားကိုအစြမ္းကုန္ၿဖဲထားကာ သူ႔ကိုအစြမ္းကုန္မ်က္ႏွာခ်ိဳေသြးေနပါေသာ ပက္ဂ်ီမင္းပင္။

---------------------------------

Pretest စစ္ၿပီးသြားေတာ့ မေျဖႏိုင္သည့္သူမ်ားၾကသည္။ ဂ်ီမင္းကေတာ့ ရသေလာက္ေျဖခဲ့သည္ေျပာသည္။

ထယ္ေယာင္းကေတာ့စာကိုအၿမဲပုံမွန္လုပ္သူမလို႔ မေျဖႏိုင္တာမရွိ.....

ထိုအရာကို ႀကိတ္မႏိုင္ ခဲမရျဖစ္ေနသူတစ္ဦးလည္းရွိေလသည္။

.
.

ကန္တင္းခ်ိန္မဟုတ္ေသးေပမယ့္လို႔ pretest ၿပီးသည္ႏွင့္ဗိုက္ဆာလာသည္မလို႔ ကန္တင္းတြင္ထမင္းအတူလာစားၾကသည္။

ႏွစ္ေယာက္သား ရယ္စရာေတြေျပာလိုက္ စားလိုက္ႏွင့္ သာသာယာယာပင္.....

ထိုအေျခအေနကို မလိုပဲျဖစ္ေနေသာ သူတစ္ေယာက္မွာ ႐ုတ္တရက္အေကာက္ႀကံႀကံေလသည္။ အထူးသျဖင့္ထိုအေျခအေနကိုဆိုတာထက္ ထယ္ေယာင္းကိုမလိုတာဆိုပိုမွန္ေပလိမ့္မည္။

"အေဒၚႀကီး ေရခဲမုန႔္တစ္ခြက္....တစ္ခြက္တည္းမွာပဲေလးလုံးဆင့္ထည့္ေပး"

"မဆန႔္ေလာက္ဘူးကေလးရဲ႕....ႏွစ္ခြက္ထည့္ေပးမယ္"

"မရွည္စမ္းပါနဲ႔ဗ်ာ...ေျပာတဲ့အတိုင္းသာလုပ္ေပး"

ေမာက္မာ႐ိုင္းစိုင္းလြန္းေသာ ထိုေက်ာင္းသားမွာ စိတ္ဓာတ္ကလည္းသိမ္ဖ်င္းလြန္းသည္။

ထို႔ေနာက္ ရလာၿပီျဖစ္ေသာမဆန႔္မၿပဲေရခဲမုန႔္ခြက္ကိုကိုင္ကာ ထယ္ေယာင္းတို႔အနားသို႔ေလွ်ာက္လာေလ၏။

ထယ္ေယာင္းအနားလည္းအေရာက္ ေျခေခ်ာ္သြားသလိုႏွင့္ ေမွာက္ခ်လိုက္ေလေတာ့ ေရခဲမုန႔္မ်ားသည္ ထယ္ေယာင္းေခါင္းေပၚသို႔အကုန္ေမွာက္က်ကုန္ေလသည္။

ဂ်ီမင္းက ထယ္ေယာင္းထိုသို႔ျဖစ္သြားေလေတာ့ ျပာျပာသလဲထကာ မင္ဝူးကိုေအာ္ေမးမိ၏။

"ဟာ မင္ဝူး...မင္းဘာလုပ္တာလဲ"

"Sorry...ေျခေခ်ာ္သြားတာ"

ထယ္ေယာင္း ေဘးပတ္လည္ကိုမ်က္လုံးကစားလိုက္ေတာ့ ေျခေခ်ာ္စရာဘာမွမရွိ....

တျဖည္းျဖည္းအရည္ေပ်ာ္ကာစီးက်လာေသာေရခဲမုန႔္မ်ားသည္ ထယ္ေယာင္းမ်က္ႏွာေရွ႕မွ စက္ေတာက္စက္ေတာက္က်ေနေလသည္။

တမင္လုပ္မွန္းသိသည္မလို႔ လက္သီးမ်ားက်စ္က်စ္ပါေအာင္ဆုပ္ထားကာ ဝုန္းခနဲထရပ္လိုက္ၿပီး....

"ေဟ့ေရာင္ မင္းေယာက္်ားမဟုတ္ဘူးလား"

"မင္း ဘာစကားေျပာတာလဲ"

မင္ဝူးမွာ ထယ္ေယာင္းရင္ဘတ္ကအက်ႌစကို အရင္ေဆာင့္ဆြဲေလ၏။

"မင္ဝူး...ထယ္ေယာင္းအက်ီစကိုလႊတ္လိုက္"

"မင္းကိစၥမဟုတ္ရင္ ဝင္မပါနဲ႔ ေဟ့ေရာင္"

ဂ်ီမင္းမွာ တားလို႔လည္းမရေတာ့ အေျခအေနမဟန္ေတာ့ၿပီျဖစ္၍ ပထမႏွစ္အခန္းသို႔ သုတ္ေျခတင္ကာေျပးေလေတာ့သည္။

"အဟက္....ေယာက္်ားဆိုတာေလ လုပ္ရဲရင္ခံရဲရတယ္.....မ်ိဳးမစစ္ေတြလို စကားကိုပေလာင္းပလဲမေျပာရဘူးကြ နားလည္လား"

"မင္းေသခ်င္ေနတာလား....ေစာက္စကားကိုၾကည့္ေျပာ"

"အဟက္....စကပ္ဝတ္ထားတဲ့ေကာင္ကမ်ား"

"ဟာ....ဒီေခြးေကာင္"

"ဝုန္း"

----------------------------------

ေဂ်ာင္ဂုတစ္ေယာက္ စာေမးပြဲတြင္ စာအုပ္ကိုခုံေအာက္အက်အနထားကာ ပယ္ပယ္နယ္နယ္ကိုကူးေနေလ၏။

ထိုစဥ္ အခန္းဝတြင္ ခုန္ဆြခုန္ဆြလုပ္ေနေသာ hyung သူငယ္ခ်င္း ဟိုဂ်ပုကိုျမင္လိုက္ေတာ့ စိတ္ထဲတစ္ခုခုကိုထင့္သြားေလသည္။

ထိုဂ်ပုပါးစပ္ကလည္း မင္း hyung....မင္း hyung ဟုေျပာကာ လက္ကလည္းသူ႔ကိုထြက္လာရန္ေခၚေနေလေတာ့ hyung ဆိုတာႏွင့္ဘာမွမစဥ္းစားေတာ့ပဲ ဝုန္းခနဲထရပ္ကာ အေျဖလႊာကို ဆရာမဆီအပ္ၿပီး ေျပးထြက္လာလိုက္သည္။

အေနာက္တြင္ ခိုးကူးေနေသာစာအုပ္ႀကီး လြင့္ၿပီးက်န္ခဲ့သည္ကိုေတာင္ ေဂ်ာင္ဂုမသိေတာ့.....

ယြန္ဂီက ဆရာ မျမင္ေအာင္ထိုစာအုပ္ႀကီးကို အသည္းအသန္လိုက္ေကာက္ေလေတာ့သည္။

.
.

"Hyung...hyung ဘာျဖစ္တာလဲ"

"မင္ မင္ဝူး ထယ္ေယာင္းေပၚကိုေရခဲမုန႔္ေတြေလာင္းခ်ၿပီး ရန္စေနလို႔"

"ဘာ....ဘယ္ကေခြးေကာင္လဲ...ဘယ္မွာလဲ"

"ကန္ ကန္တင္းမွာ"

အခန္းေရွ႕ကေနေျပးထြက္သြားသည္မွာ flash ပင္သူ႔ထက္ေႏွးဦးေပမည္။

ဂ်ီမင္းမွာလည္း အေနာက္ကေနေျခတံတိုတိုေလးေတြႏွင့္အမွီေျပးလိုက္ခဲ့ရေလသည္။

------------------------

ေဂ်ာင္ဂု ကန္တင္းကိုေရာက္ေရာက္ခ်င္းပင္ ဝုန္း ဆိုေသာအသံႀကီးႏွင့္အတူ hyung ခႏၶာကိုယ္ေလးသည္ ခုံႏွင့္တိုက္ကာ လဲက်သြား၏။

"ေတာက္"

ေတာက္ေခါက္သံအက်ယ္ႀကီးသည္ ကန္တင္းတံခါးဝတြင္ က်ယ္ေလာင္ ျမည္ဟီးလာေလသည္။

သူေတာင္မထိရက္မကိုင္ရက္ျဖစ္ေနေသာ hyung ေသးေသးေလးကို ဟိုမေအေပးက ေဆာင့္တြန္းလိုက္သည္ကိုျမင္ေသာ ေဒါသသည္ငယ္ထိပ္ထိေဆာင့္တက္ကာ ႏြား႐ိုင္းတစ္ေကာင္လို ဘာမွမျမင္ေတာ့......မ်က္လုံးထဲတြင္ hyung ကိုတြန္းခ်လိုက္သည့္ဟိုေကာင့္ကိုသာျမင္ေတာ့သည္။

သို႔ေပမယ့္ သူ႔ Baby Hyung ေလးကိုအရင္ဆုံးေျပးထူေတာ့ ေခါင္းတြင္ေရခဲမုန႔္မ်ားကေစးကပ္ကပ္ႏွင့္....

ေရခဲမုန႔္ေလာင္းခ်သည္ဆိုလို႔ အက်ီေပၚေလာက္ပဲထင္မိခဲ့တာ....အခုက ေခါင္းေပၚဆိုေတာ့ ဒီေကာင္ ေသတြင္းတူးတာမကလို႔ ေျမပါျမႇဳပ္ၿပီးသားလုပ္ထားသည္ပဲ......

Hyung ကိုထူကာ ခုံေပၚတြင္အသာေလးတင္ေပးလိုက္ၿပီး မီးဝင္းဝင္းေတာက္ေနေသာမ်က္လုံးမ်ားႏွင့္ ဟိုေကာင့္ကိုၾကည့္လိုက္ေတာ့ အၿမီးကုပ္ေနေသာေခြးလို.....

.
.

႐ုတ္တရက္ တံခါးဝတြင္ေပၚလာကာ ေတာက္ေခါက္သံအက်ယ္ႀကီးႏွင့္ ေဂ်ာင္ဂုေၾကာင့္ မင္ဝူး ေသြးပ်က္မလိုပင္ျဖစ္သြားရသည္။

ဘယ္လိုပင္ အေၾကာတင္းသည္ဆိုေပမယ့္ လူေကာင္ခ်င္းကြာလည္းကြာသလို တေက်ာင္းလုံးကလည္းေၾကာက္ေသာ ဂြၽန္ေဂ်ာင္ဂုမလို႔ ဒူးမ်ားပင္တဆတ္ဆတ္တုန္ေနၿပီျဖစ္သည္။

"မင္းလား....ငါ့ Baby Hyung ကိုထိတာ"

"မ မဟုတ္ဘူး...ေတာင္း ေတာင္းပန္ပါတယ္"

"မင္းအစကတည္းက ေတာင္းပန္မႈေတြမရွိေအာင္လုပ္ခဲ့သင့္တယ္....အကို႔ကိုထိတာ ငါ့ကိုထိတာပဲ "

သူ႔ဆီတေ႐ြ႕ေ႐ြ႕ေလွ်ာက္လာကာ ဂုတ္ကေန ဆြဲၿပီးတ႐ြတ္တိုက္ဆြဲေခၚသြားေသာ ေဂ်ာင္ဂုေၾကာင့္ မင္ဝူး လိပ္ျပာလြင့္မလိုပင္ျဖစ္ေနၿပီျဖစ္သည္။

ေရခဲမုန႔္မ်ားထည့္ထားေသာ ေရခဲေသတၱာႀကီးကို ဝုန္း ခနဲဆြဲဖြင့္ကာ ဂုတ္ကေနဆြဲထားေသာမင္ဝူးကို ေရခဲမုန႔္ကန္ထဲသို႔စႏွစ္ေလ၏.....။

"ေရာ့...အဲ့မွာစေတာ္ဘယ္ရီအရသာ....အဲ့မွာ ေခ်ာကလက္...အဲ့မွာ mint...အဲ့မွာ ဒူးရင္းသီး...မဝေသးဘူးမလား အင့္ အဲ့မွာ vanilla...."

တစ္ကန္ၿပီးတစ္ကန္ထဲသို႔ မ်က္ႏွာကိုႏွစ္လိုက္ ဆြဲယူလိုက္ ႏွစ္လိုက္ႏွင့္ လုပ္ေနေသာေဂ်ာင္ဂု.....

အရသာလည္းစုံသြားေတာ့ ျပန္ဆြဲထုတ္ကာ ၾကမ္းျပင္ေပၚပစ္ခ်လိုက္၏။

မင္ဝူးမွာေတာ့ မ်က္ႏွာႀကီးတစ္ခုလုံး ေရခဲဖတ္မ်ားႏွင့္ပစ္လဲသြားေလေတာ့သည္။

.
.

ထယ္ေယာင္းႏွင့္ဂ်ီမင္းမွာ ေဂ်ာင္ဂုလုပ္လိုက္သည္ကိုၾကည့္ၿပီး ၾကက္ေသေသေနေလေတာ့သည္။

ဆံပင္ကိုတစ္ခ်က္သပ္လိုက္ၿပီး ထယ္ေယာင္းေရွ႕သို႔ေလွ်ာက္လာေသာ ေဂ်ာင္ဂုမွာ အခုမွေက်နပ္သြားသည့္ပုံ.......

ထို႔ေနာက္ ခုံတြင္ထိုင္ေနေသာ ထယ္ေယာင္းကို ေပြ႕ခ်ီလိုက္ကာ.......

"ခါးနာသြားတယ္မလား Baby hyung ေလး....ေက်ာင္းေဆးခန္းလိုက္ပို႔ေပးမယ္ေနာ္"

ယခု ေဂ်ာင္ဂုသည္ ခုနက ေဂ်ာင္ဂုႏွင့္လားလားမွမဆိုင္.......

ထယ္ေယာင္းမွာ ဘာမွပင္မဆိုႏိုင္ေတာ့ပဲ ေဂ်ာင္ဂုေပြ႕ေခၚသြားသည့္ေနာက္သို႔သာပါသြားေလေတာ့သည္။

   TBC 😂

ေရခဲမုန႔္အရသာစုံစားခ်င္ရင္ ဂြၽန္ေဂ်ာင္ဂုဆီသြားပါေနာ္ 😆😆

Continue Reading

You'll Also Like

286K 49.3K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
62.1K 8.4K 33
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
86.8K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
44.5K 4.5K 21
မြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...