A Boy Named JeonJungKook [Co...

By Yon_Di

310K 31K 3.5K

ကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜 More

!! Part 1 !!
!! Part 2 !!
!! Part 3 !!
!! Part 4 !!
!! Part 6 !!
!! Part 7 !!
!! Part 8 !!
!! Part 9 !!
!! Part 10 !!
!! Part 10 !!
!! Part 11 !!
!! Part 12 !!
!! Part 13 !!
!! Part 14 !!
!! Part 15 !!
!! Part 16 !!
!! Part 17 !!
!! Part 18 !!
!! Part 19 !!
!! Part 20 !!
!! Part 21 !! (Final)
ABNJJK Limited Gift
Comic
Book Cover
Order Announcement
Book [Second Edition]

!! Part 5 !!

13.5K 1.5K 117
By Yon_Di

#Unicode

ဂျီမင်းတစ်ယောက် မျက်မှန်ဝိုင်းဝိုင်းကြီးအောက်က မျက်ရည်လဲ့သောမျက်လုံးများဖြင့် စာအုပ်ဆိုင်အထဲရှိစာအုပ်တစ်အုပ်အား ဆိုင်ပြင်မှငေးကြည့်နေလေသည်။

"မင်းနဲ့ငါ ဒီတစ်သက်ဝေးရပြီထင်ပါတယ်ကွာ"

အကြည့်တွေလွှဲပြီး ထိုနေရာကထွက်လာချင်ပါသော်လည်း ခြေလှမ်းများကထိုနေရာတွင်အမြစ်တွယ်နေသလို ရွေ့ပင်မလာ.....

ထိုစာအုပ်က တခြားတော့မဟုတ်....webtoon တွင်အလွန်နာမည်ကြီးသော author Smeraldo Su ၏ ထုတ်ဝေထားသောစာအုပ်.....ဂျီမင်း၏ favourite author ဆိုလည်းမမှား.....

Limited Edition မလို့ ကန့်သတ်ထားသည့်အုပ်ရေအတိုင်းသာ ထုတ်ပြီး ထိုအရေအတွက်ကုန်သွားကထပ်မထုတ်ဟု ကြေငြာထားပြီးသားလည်းဖြစ်သည်။

စာအုပ်ဈေးနှုန်းက သိကြားမင်းဖင်ကိုတောင်မက ငယ်ထိပ်ကိုပင်ထိနေလောက်ပြီဖြစ်၍ ဂျီမင်းလေးမဝယ်နိုင်.....

သူ့လို webtoon အရူးအတွက် ဤစာအုပ်သည် ကမ္ဘာကြီးတစ်ခုလိုပင်......စာအုပ်အရေအတွက်ကလည်း သိပ်မရှိတော့မှန်း သိထားတော့ သူ့မှာရူးမတတ်ပင်ခံစားနေရသည်။

မှန်ဘောင်ထဲထည့်ပြီး မီးထိုးကာကြော်ငြာထားသောထိုစာအုပ်ကို နောက်ဆုံးခွဲခွာရပြီဟူသော အကြည့်နှင့် ဝမ်းနည်းကြေကွဲစွာကြည့်ကာ ထိုနေရာကပြေးထွက်လာရလေသည်။

---------------------------

ဂျောင်ဂုသူ့ Baby hyung လေးနောက်လိုက်သာလိုက်နေသည် အခုချိန်ထိ ဖုန်းနံပါတ်မသိရသေး။

အပေါင်းအသင်းလည်းသိပ်မရှိသော baby hyung လေးကြောင့် အသိတွေဆီကလည်းမေးလို့မရ။

ညာဏ်နီညာဏ်နက်ပေါင်းစုံသုံးကာမေးပါသော်လည်း လည်လွန်းသောသူ့ baby hyung လေးကြောင့် အစအနတောင်မသိရသေး။

Baby hyung လေးအဖတ်လုပ်သည်ဆိုလို့ ဟိုဂျပုတစ်ယောက်တည်းသာရှိသည်။

အဲ့တော့ နောက်ဆုံးသိနိုင်သိကဟိုဂျပုတစ်ယောက်တည်းသာ.....တော်ရုံပြောပြမယ်မဟုတ်ပေမယ့်လည်း ပြောပြအောင်ချော့မေးရမည်။ ထိုအခါမှ မပြောရင်လည်း မရရတဲ့နည်းနဲ့ပြောအောင်လုပ်ရမှာပင်......

အခုလောလောဆယ်တော့ baby hyung ရဲ့မျက်နှာလေးကိုသွားရောက်မျှော်ဖူးရပေမည်။

--------------------------

ဂျီမင်းတစ်ယောက်ကျောင်းရောက်ကတည်းက ခုံပေါ်တွင်သာမှောက်နေပြီး မျက်နှာကလည်းသိပ်မကြည်သည်ကို ထယ်ယောင်းသတိထားမိလေသည်။

"ဂျီမင်း....မင်းဘာဖြစ်နေတာလည်း"

ထယ်ယောင်းအသံကိုကြားတော့မှောက်အိပ်နေရာမှခေါင်းထောင်လာလေ၏။

"အင်....ဘာမှမဖြစ်ပါဘူးကွာ"

"မှန်း....မင်းနေမကောင်းဖြစ်နေတာလား"

ထယ်ယောင်းလက်ဖျားလေးနှင့်နဖူးကိုစမ်းကြည့်ပါသော်လည်း ကိုယ်ကမပူ....

"ဘာမှမဖြစ်ပါဘူးကွာ...ဒီတိုင်း နေရတာသိပ်မကောင်းလို့"

ထိုမျှသာပြောပြီး ပြန်မှောက်အိပ်သွားလေသည်။

အမြဲတမ်းတက်ကြွနေသောသူကို လဒမှိုင်မှိုင်သလိုမြင်နေရသည်မှာ သိပ်အဆင်မပြေလှပေ.....

သူငယ်ချင်းဆိုလို့ ဒီကောင်လေးတစ်ယောက်ပဲရှိသည်မလို့ စိတ်ညစ်နေတာလေးကိုရအောင်မေးပြီး စိတ်ညစ်နေမှုအနည်းငယ်သက်သာအောင်လုပ်ပေးရန် ပြင်လိုက်၏။

"ဂျီမင်း.....ငါ့ကိုကြည့်ဦး"

----------------------

ဂျောင်ဂုတစ်ယောက် မြောက်ကြွမြောက်ကြွနှင့် သူ့ baby hyung လေးထံသို့......

အခန်းထဲမဝင်ခင် ပြတင်းပေါက်ရှိမှန်တွင် ကိုယ့်ပုံကိုယ်သေချာကြည့်လိုက်ကာ ဆံပင်တစ်ချက်နှစ်ချက်သပ်လိုက်ပြီး.....

"ဒီကောင် တော်တော်ကြည့်ကောင်းတာပဲ အဟား"

ကိုယ့်ပုံကိုယ်ကြည့်ကာ ကျေနပ်ပြုံးကြီးပြုံးပြီး အခန်းထဲဝင်ရန်ပြင်လိုက်စဉ် baby hyung နှင့် ဂျပု၏စကားကြောင့် ခြေလှမ်းတွေခဏရပ်ထားမိသည်။

"မင်းကလည်း အဲ့တာလေးကြောင့်အခုလိုဖြစ်နေရလား"

"ဖြစ်တာပေါ့ကွာ....ငါ webtoon တွေကိုသေလောက်အောင်သဘောကျတာကိုး...မင်းကလည်း မခံစားဖူးပဲနဲ့..... author Smeraldo Su ကိုငါ့မှာဘယ်လောက်တောင်သဘောကျလိုက်ရသလဲ.....အရေးအသားကကောင်းလွန်းလို့ ငါ့မှာ အိပ်ရေးတွေပျက်တဲ့အထိဖတ်တာ"

"အေးပါကွာ...."

Webtoon အရူးရင့်နေသည့်သူငယ်ချင်းဖြစ်သူကို ထယ်ယောင်း ဘာမှမလုပ်ပေးတတ်တော့.....ဈေးကလည်း တကယ်ပင် သိကြားမင်းငယ်ထိပ်တက်နေသည်မလို့ သူလည်းမဝယ်ပေးနိုင်.....

စကားပြောနေတုန်း ခဏတာငြိမ်ကျသွားပြီး ၅မိနစ်လောက်ကြာတော့ ဂျီမင်း၏ စာအုပ်လိုချင်သောအီသံကြီးကိုပြန်ကြားရလေသည်။

"ထယ်ယောင်းရေ....ငါအဲ့စာအုပ်မရရင်ရူးသွားမယ်ထင်တယ်....ဟမ်"

"မင်း online ကနေဖတ်ဖူးနေတာပဲလေ....စိတ်လေးနည်းနည်းလျော့ပါကွာ"

"မတူဘူး....စာအုပ်ကနေဖတ်ရတူနဲ့ online ကဖတ်ရတာနဲ့....အား ရူးတော့မှာပဲ"

ဆံပင်ဆွဲကာ ခုံပေါ်ပြန်မှောက်သွားပြီဖြစ်သော ဂျီမင်းကိုကြည့်ကာ ထယ်ယောင်း ခေါင်းခါသည်ပဲတတ်နိုင်တော့သည်။

အပြင်ဘက်ရှိဂျောင်ဂုကတော့ ဖြစ်စဉ်အစအဆုံးကြားလိုက်ရလေတော့ ကောက်ကျစ်ပြုံးကြီးပြုံးကာ ဖုန်းကိုထုတ်လိုက်ပြီး......

"Hello....omma...author Smeraldo Su ရဲ့အသစ်ထုတ်ထားတဲ့စာအုပ်ရှိသမျှအကုန်ဝယ်ထားပေး"

".............."

"ချစ်တယ်နော် omma....မွမွ"

အမေဖြစ်သူကိုဖုန်းထဲကနေချွဲပြီးနောက် သူ့အစီအစဉ်ကအထမြောက်တော့မည်ဖြစ်သည်။

"အဟင်း.....နောက်နေ့တွေ့ကြမယ် ဂျပုရေ"

--------------------------

နောက်တစ်နေ့ကျောင်းပြန်တက်ရတော့ အခန်းထဲသို့ဝင်လာသည့် ဂျီမင်းပုံကြောင့် ထယ်ယောင်း တော်တော်လေးပင်အံ့သ့သွားရသည်။

မျက်ကွင်းနှစ်ဖက်ကညိုကာ မျက်လုံးဟောက်ပက်နှင့် ဆံပင်များကမသပ်မရပ် ဟိုတစ်စဒီတစ်စထောင်ထွက်ကာ အိပ်ယာကနေအလူးအလဲထလာပြီး ကျောင်းလာသည့်ပုံနှင့်အခန်းထဲဝင်လာလေ၏။

ထို့နောက် ခုံပေါ်တွင် အသက်မရှိသူလို ဘက်ခနဲထိုင်ချကာ တစ်ခါတည်းစားပွဲနှင့်မျက်နှာကိုအပ်လေသည်။

"ဂျီမင်း....ဘာဖြစ်ပြန်လာတုန်း"

ထယ်ယောင်းအသံကြောင့် မှောက်နေရာမှ ခေါင်းထောင်လာကာ.....

"Author Smeraldo Su စာအုပ်တွေ အကုန်ရောင်းကုန်သွားပြီတဲ့"

"အော်...."

ထိုမျှသာပြောပြီး ခုံပေါ် ပြန်မှောက်သွားလေသည်။

ထယ်ယောင်းလည်း အော် ဆိုသောစကားလုံးလေးတစ်လုံးသာပြောနိုင်ပေတော့သည်။

ခဏကြာတော့.....

"ငါ toilet သွားလိုက်ဦးမယ် ထယ်ယောင်း"

"အော်အေးအေး...သွားလေ...ငါလိုက်ပေးရဦးမလား"

"ရတယ်...ငါ့ဘာသာသွားမယ်"

တရွေ့ရွေ့နှင့် walking dead တွေလို အခန်းထဲကနေထွက်သွားသော ဂျီမင်းပုံကြောင့်ထယ်ယောင်း စိတ်တော့အနည်းငယ်ပူသွားတတော့အမှန်ပင်.....

.
.

စာအုပ်ကုန်သွားပြီ....သူမရလိုက်ဘူးဆိုသောအသိကြီးက ဂျီမင်းခေါင်းတစ်ခုလုံးကိုစိုးမိုးထား၏။

သူမနေ့ကမှကြည့်တာ အုပ်ရေ 50 ကျော်လောက်ကျန်သေးသည်ကို.....တစ်နေ့ခင်းလေးအတွင်းမှာပင် အကုန်ရောင်းကုန်ကာ sold out သွားမည်ဆိုတော့ သူ့မှာကမ္ဘာကြီးချာချာလည်သွားလေသည်။

မုန့်ဖိုးလေးမစားပဲစုကာဝယ်မလို့စဉ်းစားထားသည်ကို ဘယ်ဝဲစားလေးတွေက ဝယ်သွားသည်မသိ။

ပိုက်ဆံမစုမိပဲ အစားတွေချည်းသေအောင်စားပြီးမွဲပြာကျနေသည့်ကိုယ့်ကိုကိုယ်သာ အားမလိုအားမရနှင့်ဒေါသတွေထွက်နေလေသည်။

Toilet ထဲရှိဘေစင်တွင် အနည်းငယ်လန်းဆန်းသွားအောင် မျက်နှာကိုရေအနည်းငယ်စွတ်လိုက်ကာ ပြန်ထွက်လာလိုက်၏။

Toilet ထဲကထွက်ထွက်ချင်း toiet ရှေ့တွင်နံရံကိုမှီကာစောင့်နေသော တစ်ကျောင်းလုံးရဲ့အော်ကြောလန်ကြီး ဂျောင်ဂုကြောင့် ခြေလှမ်းတွေတိခနဲရပ်သွားလေသည်။

ပြုံးပြုံးကြီးနှင့်သူ့ကိုစိုက်ကြည့်နေကာ လက်ညှိုးကိုကွေးပြီးသူ့ဘက်ကိုခေါ်နေသောကြောင့် ဂျီမင်း ကျောရိုးထဲကနေပင် စိမ့်တက်လာကာ ကြက်သီးတွေထလာလေ၏။

ဒါကောင်းတဲ့ လက္ခာမှမဟုတ်ပဲ......

ဂျီမင်းထွက်ပြေးရန် ပြင်တော့ ဂုတ်ကနေလှမ်းဆွဲထားသောကြောင့် ခြေထောက်လေးသည်လေထဲတွင်ယက်ကန်ယက်ကန်နှင့်.....

အရင်က ထယ်ယောင်းရော ယွန်ဂီ hyung ရောရှိသည်မလို့ သိပ်တော့မကြောက်....အခုကနှစ်ယောက်တည်းရှိပြီး အကောင်ကလည်းကွာသည်မလို့ ကြောက်ရသည်။ ပြုံးပြုံးကြီးစိုက်ကြည့်နေသည့်ဂျောင်ဂုပုံကလည်းစိတ္တဇဆန်နေသောကြောင့် ကျောရိုးထဲတစ်ချက်တစ်ချက် စိမ့်ခနဲ စိမ့်ခနဲပင်....

"ခဏနေပါဦး ဂျပုလေးရဲ့ ဘာလို့ထွက်ပြေးတာလဲ....မေးစရာရှိလို့ကို"

"ဘာ ဘာမေးမလို့လဲ ဂျောင် ဂျောင် ဂျောင်ဂု"

"Baby Hyung ရဲ့ဖုန်းနံပါတ်သိလား"

Baby hyung ဆိုလို့သူ့မှာမနည်းအပြေးစဉ်းစားရသေးသည်။ နောက်မှ ထယ်ယောင်းမှန်းသိကာ အတင်းငြင်းရလေသည်။ လို့ဆို ထယ်ယောင်းက ဂျောင်ဂုဖုန်းနံပါတ်တောင်းရင် လုံးဝမပေးရန်ပြောထားသည်မလို့.......

"ဟင် ဟင့်အင်း....ငါ ငါမသိဘူး"

"သေ..ချာ..လား"

တစ်လုံးချင်းစီပြောချလိုက်သည့်အသံကြီးက လိပ်ပြာပင်လွင့်ချင်သလိုလို.....

ဘယ်လောက်ပဲကြောက်ကြောက် သူငယ်ချင်းအပေါ်သစ္စာရှိရမည် ကတိတည်ရမည်။ ထို့ကြောင့်လုံးဝမပြောနိုင်....

"တစ် တစ်ကယ်....ငါ ငါ လုံးဝမသိတာ"

"Author Smerlado Su ရဲ့စာအုပ်ပေးမယ်ဆိုရင်ရော...."

Aunthor Smerlado Su ဆိုသည်နှင့် ဂျီမင်း ပြတ်သားနေသောစိတ်များသည် ပိုလို့ပင်ပြတ်သားသွားလေသည်။

တောင်းပန်ပါတယ် ထယ်ယောင်းရေ........

"01××××××××.....ထယ်ယောင်းဖုန်းနံပါတ်"

"အဟက်....နပ်သားပဲ"

"ငါဘယ်နေ့ရမှာလဲ"

"ရော့....."

လွယ်အိတ်ထဲကထုတ်ပေးလာသည့် စာအုပ်အသစ်စက်စက်ကြီးကြောင့် ဂျီမင်း မျက်လုံးတွေအရောင်တောက်သွားလေသည်။

ပလက်စတစ်အပါးလေးနှင့်အပေါ်ကနေသေချာအုပ်ထားသောစာအုပ်လေးကို သေချာလေးပွတ်ကြည့်ကာ သဘောကျပြီးရင်းကျနေရသည်။

"ဟို....ထယ် ထယ်ယောင်းကို ငါ ငါပေးတယ်လို့မ မပြောနဲ့နော်"

"စိတ်ချလိုက်.....မသိစေရဘူး"

"အင်း အင်း....ငါ ငါသွားတော့မယ်"

ပြောပြီးသည်နှင့် စာအုပ်ကို အင်္ကျီအောက်သို့ထည့်ဝှက်ကာ ဟိုကြည့်ဒီကြည့်လုပ်ကာ သုတ်သုတ် သုတ်သုတ်နှင့်ပြေးထွက်သွားလေ၏။

.
.

အဟက်...ဂျွန်ဂျောင်ဂုပါ ဒါမျိုးမှမပိုင်ရင် ဘာသွားပိုင်မလဲ.....

ရွတ်ပြသွားသောဖုန်းနံပါတ်လေးကို Contant ထဲတွင် Baby Hyung ဟုသေချာလေးရိုက်ထည့်ကာမှတ်ထားလိုက်သည်။

"Mission Completed"

---------------------------

ထယ်ယောင်းမှာ toilet သို့တစ်ယောက်တည်းအကြာကြီးထွက်သွားသော ဂျီမင်းကိုစိတ်ပူပြီး အခန်းထဲမှထွက်လိုက်လာလိုက်သည်။

Toilet ဘက်မှရေးကြီးသုတ်ပြာနှင့်ပြေးလာသည့်ပုံစံက တစ်ခုခုကိုအရေးကြီးနေသည့်ပုံ.....

သူ့ကိုမမြင်ပဲ ဝင်တိုက်လေတော့ ဘယ်သူလဲပုံစံနှင့် မျက်ကွင်းညိုနှစ်ဖက်နှင့်မော့ကြည့်လေသည်။

ထယ်ယောင်းကိုလည်းမြင်လေတော့ အလန့်တကြားနှင့်အနောက်ကိုခုန်ဆုတ်သွား၏။

"ဘာဖြစ်လာတာလဲ ဂျီမင်း....မင်းပုံစံကိုလည်းပြန်ကြည့်ဦး"

သူ့ကိုမြင်တော့မှ မျက်နှာတစ်ခုလုံးဖြူစုတ်သွားပြီး နှုတ်ခမ်းမှာလည်းသွေးမရှိတော့......

"ဘာ ဘာမှမဖြစ်ဘူး....ငါ အ အတန်းထဲဝင်နှင့်ပြီ"

စကားတောင်ကောင်းကောင်းမပြောပဲ အခန်းထဲပြေးဝင်သွားသော ဂျီမင်းကြောင့် ထယ်ယောင်းကြောင်တောင်တောင်လေးပင်ဖြစ်သွားရသည်။

"ဘာဖြစ်လာတာလဲ....သရဲအခြောက်ခံလာရတာများလား"

အစကတည်းကထွေထွေထူးထူးမတွေးတတ်သော ထယ်ယောင်းမှာ နောက်ဖြစ်လာမည့်အနာဂတ်ကိုကြိုမမြင်နိုင်စွာ ခေါင်းလေးသာကုတ်ပြီး အခန်းထဲလည်ကြောင်ကြောင်လေးပြန်ဝင်သွားလေတော့သည်။

---------------------------

TBC ❤

အိပ်မပျော်လို့ စာထိုင်ရေး 😁💜








#Zawgyi
ဂ်ီမင္းတစ္ေယာက္ မ်က္မွန္ဝိုင္းဝိုင္းႀကီးေအာက္က မ်က္ရည္လဲ့ေသာမ်က္လုံးမ်ားျဖင့္ စာအုပ္ဆိုင္အထဲရွိစာအုပ္တစ္အုပ္အား ဆိုင္ျပင္မွေငးၾကည့္ေနေလသည္။

"မင္းနဲ႔ငါ ဒီတစ္သက္ေဝးရၿပီထင္ပါတယ္ကြာ"

အၾကည့္ေတြလႊဲၿပီး ထိုေနရာကထြက္လာခ်င္ပါေသာ္လည္း ေျခလွမ္းမ်ားကထိုေနရာတြင္အျမစ္တြယ္ေနသလို ေ႐ြ႕ပင္မလာ.....

ထိုစာအုပ္က တျခားေတာ့မဟုတ္....webtoon တြင္အလြန္နာမည္ႀကီးေသာ author Smerlado Su ၏ ထုတ္ေဝထားေသာစာအုပ္.....ဂ်ီမင္း၏ favourite author ဆိုလည္းမမွား.....

Limited Edition မလို႔ ကန႔္သတ္ထားသည့္အုပ္ေရအတိုင္းသာ ထုတ္ၿပီး ထိုအေရအတြက္ကုန္သြားကထပ္မထုတ္ဟု ေၾကျငာထားၿပီးသားလည္းျဖစ္သည္။

စာအုပ္ေဈးႏႈန္းက သိၾကားမင္းဖင္ကိုေတာင္မက ငယ္ထိပ္ကိုပင္ထိေနေလာက္ၿပီျဖစ္၍ ဂ်ီမင္းေလးမဝယ္ႏိုင္.....

သူ႔လို webtoon အ႐ူးအတြက္ ဤစာအုပ္သည္ ကမာၻႀကီးတစ္ခုလိုပင္......စာအုပ္အေရအတြက္ကလည္း သိပ္မရွိေတာ့မွန္း သိထားေတာ့ သူ႔မွာ႐ူးမတတ္ပင္ခံစားေနရသည္။

မွန္ေဘာင္ထဲထည့္ၿပီး မီးထိုးကာေၾကာ္ျငာထားေသာထိုစာအုပ္ကို ေနာက္ဆုံးခြဲခြာရၿပီဟူေသာ အၾကည့္ႏွင့္ ဝမ္းနည္းေၾကကြဲစြာၾကည့္ကာ ထိုေနရာကေျပးထြက္လာရေလသည္။

---------------------------

ေဂ်ာင္ဂုသူ႔ Baby hyung ေလးေနာက္လိုက္သာလိုက္ေနသည္ အခုခ်ိန္ထိ ဖုန္းနံပါတ္မသိရေသး။

အေပါင္းအသင္းလည္းသိပ္မရွိေသာ baby hyung ေလးေၾကာင့္ အသိေတြဆီကလည္းေမးလို႔မရ။

ညာဏ္နီညာဏ္နက္ေပါင္းစုံသုံးကာေမးပါေသာ္လည္း လည္လြန္းေသာသူ႔ baby hyung ေလးေၾကာင့္ အစအနေတာင္မသိရေသး။

Baby hyung ေလးအဖတ္လုပ္သည္ဆိုလို႔ ဟိုဂ်ပုတစ္ေယာက္တည္းသာရွိသည္။

အဲ့ေတာ့ ေနာက္ဆုံးသိႏိုင္သိကဟိုဂ်ပုတစ္ေယာက္တည္းသာ.....ေတာ္႐ုံေျပာျပမယ္မဟုတ္ေပမယ့္လည္း ေျပာျပေအာင္ေခ်ာ့ေမးရမည္။ ထိုအခါမွ မေျပာရင္လည္း မရရတဲ့နည္းနဲ႔ေျပာေအာင္လုပ္ရမွာပင္......

အခုေလာေလာဆယ္ေတာ့ baby hyung ရဲ႕မ်က္ႏွာေလးကိုသြားေရာက္ေမွ်ာ္ဖူးရေပမည္။

--------------------------

ဂ်ီမင္းတစ္ေယာက္ေက်ာင္းေရာက္ကတည္းက ခုံေပၚတြင္သာေမွာက္ေနၿပီး မ်က္ႏွာကလည္းသိပ္မၾကည္သည္ကို ထယ္ေယာင္းသတိထားမိေလသည္။

"ဂ်ီမင္း....မင္းဘာျဖစ္ေနတာလည္း"

ထယ္ေယာင္းအသံကိုၾကားေတာ့ေမွာက္အိပ္ေနရာမွေခါင္းေထာင္လာေလ၏။

"အင္....ဘာမွမျဖစ္ပါဘူးကြာ"

"မွန္း....မင္းေနမေကာင္းျဖစ္ေနတာလား"

ထယ္ေယာင္းလက္ဖ်ားေလးႏွင့္နဖူးကိုစမ္းၾကည့္ပါေသာ္လည္း ကိုယ္ကမပူ....

"ဘာမွမျဖစ္ပါဘူးကြာ...ဒီတိုင္း ေနရတာသိပ္မေကာင္းလို႔"

ထိုမွ်သာေျပာၿပီး ျပန္ေမွာက္အိပ္သြားေလသည္။

အၿမဲတမ္းတက္ႂကြေနေသာသူကို လဒမႈိင္မႈိင္သလိုျမင္ေနရသည္မွာ သိပ္အဆင္မေျပလွေပ.....

သူငယ္ခ်င္းဆိုလို႔ ဒီေကာင္ေလးတစ္ေယာက္ပဲရွိသည္မလို႔ စိတ္ညစ္ေနတာေလးကိုရေအာင္ေမးၿပီး စိတ္ညစ္ေနမႈအနည္းငယ္သက္သာေအာင္လုပ္ေပးရန္ ျပင္လိုက္၏။

"ဂ်ီမင္း.....ငါ့ကိုၾကည့္ဦး"

----------------------

ေဂ်ာင္ဂုတစ္ေယာက္ ေျမာက္ႂကြေျမာက္ႂကြႏွင့္ သူ႔ baby hyung ေလးထံသို႔......

အခန္းထဲမဝင္ခင္ ျပတင္းေပါက္ရွိမွန္တြင္ ကိုယ့္ပုံကိုယ္ေသခ်ာၾကည့္လိုက္ကာ ဆံပင္တစ္ခ်က္ႏွစ္ခ်က္သပ္လိုက္ၿပီး.....

"ဒီေကာင္ ေတာ္ေတာ္ၾကည့္ေကာင္းတာပဲ အဟား"

ကိုယ့္ပုံကိုယ္ၾကည့္ကာ ေက်နပ္ၿပဳံးႀကီးၿပဳံးၿပီး အခန္းထဲဝင္ရန္ျပင္လိုက္စဥ္ baby hyung ႏွင့္ ဂ်ပု၏စကားေၾကာင့္ ေျခလွမ္းေတြခဏရပ္ထားမိသည္။

"မင္းကလည္း အဲ့တာေလးေၾကာင့္အခုလိုျဖစ္ေနရလား"

"ျဖစ္တာေပါ့ကြာ....ငါ webtoon ေတြကိုေသေလာက္ေအာင္သေဘာက်တာကိုး...မင္းကလည္း မခံစားဖူးပဲနဲ႔..... author Smeraldo Su ကိုငါ့မွာဘယ္ေလာက္ေတာင္သေဘာက်လိုက္ရသလဲ.....အေရးအသားကေကာင္းလြန္းလို႔ ငါ့မွာ အိပ္ေရးေတြပ်က္တဲ့အထိဖတ္တာ"

"ေအးပါကြာ...."

Webtoon အ႐ူးရင့္ေနသည့္သူငယ္ခ်င္းျဖစ္သူကို ထယ္ေယာင္း ဘာမွမလုပ္ေပးတတ္ေတာ့.....ေဈးကလည္း တကယ္ပင္ သိၾကားမင္းငယ္ထိပ္တက္ေနသည္မလို႔ သူလည္းမဝယ္ေပးႏိုင္.....

စကားေျပာေနတုန္း ခဏတာၿငိမ္က်သြားၿပီး ၅မိနစ္ေလာက္ၾကာေတာ့ ဂ်ီမင္း၏ စာအုပ္လိုခ်င္ေသာအီသံႀကီးကိုျပန္ၾကားရေလသည္။

"ထယ္ေယာင္းေရ....ငါအဲ့စာအုပ္မရရင္႐ူးသြားမယ္ထင္တယ္....ဟမ္"

"မင္း online ကေနဖတ္ဖူးေနတာပဲေလ....စိတ္ေလးနည္းနည္းေလ်ာ့ပါကြာ"

"မတူဘူး....စာအုပ္ကေနဖတ္ရတူနဲ႔ online ကဖတ္ရတာနဲ႔....အား ႐ူးေတာ့မွာပဲ"

ဆံပင္ဆြဲကာ ခုံေပၚျပန္ေမွာက္သြားၿပီျဖစ္ေသာ ဂ်ီမင္းကိုၾကည့္ကာ ထယ္ေယာင္း ေခါင္းခါသည္ပဲတတ္ႏိုင္ေတာ့သည္။

အျပင္ဘက္ရွိေဂ်ာင္ဂုကေတာ့ ျဖစ္စဥ္အစအဆုံးၾကားလိုက္ရေလေတာ့ ေကာက္ပ်စ္ၿပဳံးႀကီးၿပဳံးကာ ဖုန္းကိုထုတ္လိုက္ၿပီး......

"Hello....omma...author Smeraldo Su ရဲ႕အသစ္ထုတ္ထားတဲ့စာအုပ္ရွိသမွ်အကုန္ဝယ္ထားေပး"

".............."

"ခ်စ္တယ္ေနာ္ omma....မြမြ"

အေမျဖစ္သူကိုဖုန္းထဲကေနခြၽဲၿပီးေနာက္ သူ႔အစီအစဥ္ကအထေျမာက္ေတာ့မည္ျဖစ္သည္။

"အဟင္း.....ေနာက္ေန႔ေတြ႕ၾကမယ္ ဂ်ပုေရ"

--------------------------

ေနာက္တစ္ေန႔ေက်ာင္းျပန္တက္ရေတာ့ အခန္းထဲသို႔ဝင္လာသည့္ ဂ်ီမင္းပုံေၾကာင့္ ထယ္ေယာင္း ေတာ္ေတာ္ေလးပင္အံ့သ့သြားရသည္။

မ်က္ကြင္းႏွစ္ဖက္ကညိဳကာ မ်က္လုံးေဟာက္ပက္ႏွင့္ ဆံပင္မ်ားကမသပ္မရပ္ ဟိုတစ္စဒီတစ္စေထာင္ထြက္ကာ အိပ္ယာကေနအလူးအလဲထလာၿပီး ေက်ာင္းလာသည့္ပုံႏွင့္အခန္းထဲဝင္လာေလ၏။

ထို႔ေနာက္ ခုံေပၚတြင္ အသက္မရွိသူလို ဘက္ခနဲထိုင္ခ်ကာ တစ္ခါတည္းစားပြဲႏွင့္မ်က္ႏွာကိုအပ္ေလသည္။

"ဂ်ီမင္း....ဘာျဖစ္ျပန္လာတုန္း"

ထယ္ေယာင္းအသံေၾကာင့္ ေမွာက္ေနရာမွ ေခါင္းေထာင္လာကာ.....

"Author Smeraldo Su စာအုပ္ေတြ အကုန္ေရာင္းကုန္သြားၿပီတဲ့"

"ေအာ္...."

ထိုမွ်သာေျပာၿပီး ခုံေပၚ ျပန္ေမွာက္သြားေလသည္။

ထယ္ေယာင္းလည္း ေအာ္ ဆိုေသာစကားလုံးေလးတစ္လုံးသာေျပာႏိုင္ေပေတာ့သည္။

ခဏၾကာေတာ့.....

"ငါ toilet သြားလိုက္ဦးမယ္ ထယ္ေယာင္း"

"ေအာ္ေအးေအး...သြားေလ...ငါလိုက္ေပးရဦးမလား"

"ရတယ္...ငါ့ဘာသာသြားမယ္"

တေ႐ြ႕ေ႐ြ႕ႏွင့္ walking dead ေတြလို အခန္းထဲကေနထြက္သြားေသာ ဂ်ီမင္းပုံေၾကာင့္ထယ္ေယာင္း စိတ္ေတာ့အနည္းငယ္ပူသြားတေတာ့အမွန္ပင္.....

.
.

စာအုပ္ကုန္သြားၿပီ....သူမရလိုက္ဘူးဆိုေသာအသိႀကီးက ဂ်ီမင္းေခါင္းတစ္ခုလုံးကိုစိုးမိုးထား၏။

သူမေန႔ကမွၾကည့္တာ အုပ္ေရ 50 ေက်ာ္ေလာက္က်န္ေသးသည္ကို.....တစ္ေန႔ခင္းေလးအတြင္းမွာပင္ အကုန္ေရာင္းကုန္ကာ sold out သြားမည္ဆိုေတာ့ သူ႔မွာကမာၻႀကီးထ်ာခလည္သြားေလသည္။

မုန႔္ဖိုးေလးမစားပဲစုကာဝယ္မလို႔စဥ္းစားထားသည္ကို ဘယ္ဝဲစားေလးေတြက ဝယ္သြားသည္မသိ။

ပိုက္ဆံမစုမိပဲ အစားေတြခ်ည္းေသေအာင္စားၿပီးမြဲျပာက်ေနသည့္ကိုယ့္ကိုကိုယ္သာ အားမလိုအားမရႏွင့္ေဒါသေတြထြက္ေနေလသည္။

Toilet ထဲရွိေဘစင္တြင္ အနည္းငယ္လန္းဆန္းသြားေအာင္ မ်က္ႏွာကိုေရအနည္းငယ္စြတ္လိုက္ကာ ျပန္ထြက္လာလိုက္၏။

Toilet ထဲကထြက္ထြက္ခ်င္း toiet ေရွ႕တြင္နံရံကိုမွီကာေစာင့္ေနေသာ တစ္ေက်ာင္းလုံးရဲ႕ေအာ္ေၾကာလန္ႀကီး ေဂ်ာင္ဂုေၾကာင့္ ေျခလွမ္းေတြတိခနဲရပ္သြားေလသည္။

ၿပဳံးၿပဳံးႀကီးႏွင့္သူ႔ကိုစိုက္ၾကည့္ေနကာ လက္ညႇိဳးကိုေကြးၿပီးသူ႔ဘက္ကိုေခၚေနေသာေၾကာင့္ ဂ်ီမင္း ေက်ာ႐ိုးထဲကေနပင္ စိမ့္တက္လာကာ ၾကက္သီးေတြထလာေလ၏။

ဒါေကာင္းတဲ့ လကၡာမွမဟုတ္ပဲ......

ဂ်ီမင္းထြက္ေျပးရန္ ျပင္ေတာ့ ဂုတ္ကေနလွမ္းဆြဲထားေသာေၾကာင့္ ေျခေထာက္ေလးသည္ေလထဲတြင္ယက္ကန္ယက္ကန္ႏွင့္.....

အရင္က ထယ္ေယာင္းေရာ ယြန္ဂီ hyung ေရာရွိသည္မလို႔ သိပ္ေတာ့မေၾကာက္....အခုကႏွစ္ေယာက္တည္းရွိၿပီး အေကာင္ကလည္းကြာသည္မလို႔ ေၾကာက္ရသည္။ ၿပဳံးၿပဳံးႀကီးစိုက္ၾကည့္ေနသည့္ေဂ်ာင္ဂုပုံကလည္းစိတၱဇဆန္ေနေသာေၾကာင့္ ေက်ာ႐ိုးထဲတစ္ခ်က္တစ္ခ်က္ စိမ့္ခနဲ စိမ့္ခနဲပင္....

"ခဏေနပါဦး ဂ်ပုေလးရဲ႕ ဘာလို႔ထြက္ေျပးတာလဲ....ေမးစရာရွိလို႔ကို"

"ဘာ ဘာေမးမလို႔လဲ ေဂ်ာင္ ေဂ်ာင္ ေဂ်ာင္ဂု"

"Baby Hyung ရဲ႕ဖုန္းနံပါတ္သိလား"

Baby hyung ဆိုလို႔သူ႔မွာမနည္းအေျပးစဥ္းစားရေသးသည္။ ေနာက္မွ ထယ္ေယာင္းမွန္းသိကာ အတင္းျငင္းရေလသည္။ လို႔ဆို ထယ္ေယာင္းက ေဂ်ာင္ဂုဖုန္းနံပါတ္ေတာင္းရင္ လုံးဝမေပးရန္ေျပာထားသည္မလို႔.......

"ဟင္ ဟင့္အင္း....ငါ ငါမသိဘူး"

"ေသ..ခ်ာ..လား"

တစ္လုံးခ်င္းစီေျပာခ်လိုက္သည့္အသံႀကီးက လိပ္ျပာပင္လြင့္ခ်င္သလိုလို.....

ဘယ္ေလာက္ပဲေၾကာက္ေၾကာက္ သူငယ္ခ်င္းအေပၚသစၥာရွိရမည္ ကတိတည္ရမည္။ ထို႔ေၾကာင့္လုံးဝမေျပာႏိုင္....

"တစ္ တစ္ကယ္....ငါ ငါ လုံးဝမသိတာ"

"Author Smerlado Su ရဲ႕စာအုပ္ေပးမယ္ဆိုရင္ေရာ...."

Aunthor Smerlado Su ဆိုသည္ႏွင့္ ဂ်ီမင္း၏ ျပတ္သားေနေသာစိတ္မ်ားသည္ ပိုလို႔ပင္ျပတ္သားသြားေလသည္။

ေတာင္းပန္ပါတယ္ ထယ္ေယာင္းေရ........

"01××××××××.....ထယ္ေယာင္းဖုန္းနံပါတ္"

"အဟက္....နပ္သားပဲ"

"ငါဘယ္ေန႔ရမွာလဲ"

"ေရာ့....."

လြယ္အိတ္ထဲကထုတ္ေပးလာသည့္ စာအုပ္အသစ္စက္စက္ႀကီးေၾကာင့္ ဂ်ီမင္း မ်က္လုံးေတြအေရာင္ေတာက္သြားေလသည္။

ပလက္စတစ္အပါးေလးႏွင့္အေပၚကေနေသခ်ာအုပ္ထားေသာစာအုပ္ေလးကို ေသခ်ာေလးပြတ္ၾကည့္ကာ သေဘာက်ၿပီးရင္းက်ေနရသည္။

"ဟို....ထယ္ ထယ္ေယာင္းကို ငါ ငါေပးတယ္လို႔မ မေျပာနဲ႔ေနာ္"

"စိတ္ခ်လိုက္.....မသိေစရဘူး"

"အင္း အင္း....ငါ ငါသြားေတာ့မယ္"

ေျပာၿပီးသည္ႏွင့္ စာအုပ္ကို အက်ႌေအာက္သို႔ထည့္ဝွက္ကာ ဟိုၾကည့္ဒီၾကည့္လုပ္ကာ သုတ္သုတ္ သုတ္သုတ္ႏွင့္ေျပးထြက္သြားေလ၏။

.
.

အဟက္...ဂြၽန္ေဂ်ာင္ဂုပါ ဒါမ်ိဳးမွမပိုင္ရင္ ဘာသြားပိုင္မလဲ.....

႐ြတ္ျပသြားေသာဖုန္းနံပါတ္ေလးကို Contant ထဲတြင္ Baby Hyung ဟုေသခ်ာေလး႐ိုက္ထည့္ကာမွတ္ထားလိုက္သည္။

"Mission Completed"

---------------------------

ထယ္ေယာင္းမွာ toilet သို႔တစ္ေယာက္တည္းအၾကာႀကီးထြက္သြားေသာ ဂ်ီမင္းကိုစိတ္ပူၿပီး အခန္းထဲမွထြက္လိုက္လာလိုက္သည္။

Toilet ဘက္မွေရးႀကီးသုတ္ျပာႏွင့္ေျပးလာသည့္ပုံစံက တစ္ခုခုကိုအေရးႀကီးေနသည့္ပုံ.....

သူ႔ကိုမျမင္ပဲ ဝင္တိုက္ေလေတာ့ ဘယ္သူလဲပုံစံႏွင့္ မ်က္ကြင္းညိဳႏွစ္ဖက္ႏွင့္ေမာ့ၾကည့္ေလသည္။

ထယ္ေယာင္းကိုလည္းျမင္ေလေတာ့ အလန႔္တၾကားႏွင့္အေနာက္ကိုခုန္ဆုတ္သြား၏။

"ဘာျဖစ္လာတာလဲ ဂ်ီမင္း....မင္းပုံစံကိုလည္းျပန္ၾကည့္ဦး"

သူ႔ကိုျမင္ေတာ့မွ မ်က္ႏွာတစ္ခုလုံးျဖဴစုတ္သြားၿပီး ႏႈတ္ခမ္းမွာလည္းေသြးမရွိေတာ့......

"ဘာ ဘာမွမျဖစ္ဘူး....ငါ အ အတန္းထဲဝင္ႏွင့္ၿပီ"

စကားေတာင္ေကာင္းေကာင္းမေျပာပဲ အခန္းထဲေျပးဝင္သြားေသာ ဂ်ီမင္းေၾကာင့္ ထယ္ေယာင္းေၾကာင္ေတာင္ေတာင္ေလးပင္ျဖစ္သြားရသည္။

"ဘာျဖစ္လာတာလဲ....သရဲအေျခာက္ခံလာရတာမ်ားလား"

အစကတည္းကေထြေထြထူးထူးမေတြးတတ္ေသာ ထယ္ေယာင္းမွာ ေနာက္ျဖစ္လာမည့္အနာဂတ္ကိုႀကိဳမျမင္ႏိုင္စြာ ေခါင္းေလးသာကုတ္ၿပီး အခန္းထဲလည္ေၾကာင္ေၾကာင္ေလးျပန္ဝင္သြားေလေတာ့သည္။

---------------------------

TBC ❤

အိပ္မေပ်ာ္လို႔ စာထိုင္ေရး 😁💜







Continue Reading

You'll Also Like

77.8K 4.3K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
145K 14.5K 16
I've got a blank space baby ''
46.9K 3.3K 47
" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "