"အားရို႕… ေတာ္ေတာ္လွတယ္ေနာ္…"
"ငါတို႔အိမ္ေတာ္မွာ မဂၤလာပဲြ ရွိေတာ့မယ္ထင္တယ္…."
"ဘာလဲ… ဘာလုိ႔လဲ… မင္းသား ၃က တကယ္ႀကီး လက္ထပ္မလို႔လား…"
"အိုက္ယား…. ဒုကၡပဲ…. င့ါအသည္း ကြဲပါၿပီ…"
"အရွင္က တကယ္ႀကီးပဲ…"
"နင္တို႔ေတြ စကားေျပာဆင္ျခင္ၾကဦး… ျမန္ျမန္…. ငါတို႔ အခန္းျပင္ရဦးမွာ မဟုတ္လား…"
ခပ္သုတ္သုတ္ထြက္သြားၾကရင္း ေရရြတ္သြားၾကေသာ အေစခံမေလးတို႔ စကားသံကို မို႔ရန္ၾကားေနရသည္။ သူမ တစြန္းတစၾကားလိုက္သည့္အတြက္ သူတို႔ေျပာေနသည့္ အေၾကာင္းရင္းက ဘာမွန္းမသိေခ်။ သူမအနား ျဖတ္သြားသည့္ အေစခံတစ္ဦးကို လွမ္းေခၚၿပီး
"ေဟ့…. အိမ္ေတာ္မွာ မဂၤလာေဆာင္ရွိလို႔လား…"
"ဟမ္… မဂၤလာေဆာင္… မရွိပါဘူး…"
"ဒါဆို အေစခံမေလးေတြ ေျပာေနတာက ဘာႀကီးလဲ…"
"ေအာ္…. အရွင္က အိမ္ေတာ္ကို အမ်ိဳးသမီးတစ္ဦး ေခၚလာတယ္… ေတာ္ေတာ္ႀကီးကို ေခ်ာတာ… နတ္သမီးေလး နတ္သက္ေၾကြလာတဲ့အတိုင္းပဲ… လွခ်က္က ကမ္းကုန္ပဲ… တစ္ခါမွ ဒီလိုအလွမ်ိဳး မျမင္ဖူးဘူး… နင္လည္း သြားၾကည့္သင့္တယ္… အခုဆို ဧည့္ခန္းမွာ ရွိေနဦးမယ္ထင္တယ္…."
"နင္သိလား… အရွင္က မိန္းကေလးဧည့္သည္ တစ္ခါမွ မေခၚလာဖူးဘူး…. ၿပီးေတာ့ အဲဒီနတ္သမီးလွလွေလးက အိမ္ေတာ္မွာပဲ ေနမွာတဲ့…."
"ဟုတ္လား… ငါလည္းသြားၾကည့္ဦးမယ္…"
"ျမန္ျမန္သြားၾကည့္…."
မို႔ရန္ မဆိုင္းမတြပင္ ဧည့္ေဆာင္သို႔ ထြက္လာလိုက္သည္။ ဧည့္ခန္းသို႔ မဝင္မီ အေစခံတစ္ဦး လာပို႔ေနသည့္ လက္ဖက္ရည္ခြက္ကို ေတာင္းၿပီး ခန္းမထဲ ဝင္သြားသည္။ ခန္းမတြင္ ပန္းခ်ီကားတစ္ခ်ပ္ကို စိတ္ဝင္တစား ၾကည့္ေနေသာ မိန္းမပ်ိဳတစ္ဦးကိုသာ ျမင္ရသည့္အတြက္ သူတို႔ေျပာေနသည့္ မိန္းကေလးျဖစ္မည္ထင္သည္။ လက္ဖက္ရည္ခြက္ကို စားပြဲေပၚတင္လိုက္ၿပီး
"ဒီကဧည့္သည္… လက္ဖက္ရည္ သံုးေဆာင္ပါဦး… ဟင္…. အမယဲ့…"
"ရန္ရန္…. မင္း….. ဘယ္လိုလုပ္ၿပီး ဒီေရာက္ေနတာလဲ…"
"အမယဲ့ကေရာ… သူတို႔ေျပာေနတဲ့ မိန္းမလွေလးက အမလား…."
"တို႔က…"
"မင္းနဲ႔ ဖန္းယဲ့က သိေနတာလား…."
မို႔ရန္ေနာက္သို႔ လွည့္ၾကည့္လုိက္သည္။ ဟြာရွန္႔ကိုျမင္ေတာ့ အရိုအေသျပဳလုုိက္ကာ
"စစ္သူႀကီး… က်ေနာ္နဲ႔ အမယဲ့က ေတြ႕ဖူးပါတယ္…"
"အစ္ကိုရွန္႔… ရန္ရန္က က်မအသက္ကို ကယ္ဖူးတဲဲ့သူပါ… ဟိုတစ္ခါက အစ္ကို႔ကို ေျပာျပဖူးတယ္ေလ…"
"အင္း… ငါသိၿပီ… မင္းသြားေတာ့…"
"ဟုတ္ကဲ့…. အမယဲ့… က်ေနာ္သြားၿပီ…"
ႏွင္ၿပီျဖစ္သည့္အတြက္ မုိ႔ရန္ ဘာမွဆက္မေျပာဘဲ ဖန္းယဲ့ကို ႏႈတ္ဆက္ၿပီးသာ ထြက္လာခဲ့သည္။ သူမစိတ္ထဲ ပထုတ္ခံရသည့္အတြက္ အနည္းငယ္ေတာ့ မေက်မနပ္ျဖစ္မိသည္။
အင္းေပါ့ေလ…. ေသသြားၿပီထင္တဲ့ ခ်စ္သူနဲ႔ျပန္ေတြ႕ၿပီဆိုေတာ့… ဘယ္သူ႔ဘယ္သူကိုမွ အဖက္မလုပ္ခ်င္ေတာ့ဘူး…. ငါလည္း အဖက္မလုပ္ပါဘူးေတာ္…. ဟန္႔!!!!
အခ်ိန္တို႔သည္ တျဖည္းျဖည္းျဖင့္သာ ကုန္ဆံုးလာသည္။ ၿမိဳ႕ေတာ္သို႔ ေရာက္ေနသည္မွာ ရက္ေပါင္း ၂၀ခန္႔ရွိၿပီးေနာက္ ဟြာရွန္႔ဆီသို႔ အေရးႀကီးသတင္း ေရာက္လာသည္။ ဟြာရွန္႔က သတင္းရလွ်င္ ရခ်င္း ခ်က္ခ်င္းပင္ နယ္စပ္သို႔ ခရီးထြက္သြားသည္။ အလ်င္စလုိ ထြက္သြားသည့္အတြက္ အလြန္႔အလြန္အေရးႀကီးေသာ ကိစၥျဖစ္ရမည္ဟု မို႔ရန္ ေတြးမိသည္။ ျမင္းကို ဟြာရွန္႔ႏွင့္ မ်က္ေျခမျပတ္သြားေစရန္ အၿပိဳင္အေသာ့ႏွင္ၿပီး ေမာင္းရသည့္အတြက္ သူမ မ်ားမ်ားစားစား မေတြးႏိုင္ေသး။ တပ္စခန္းသို႔ေရာက္မွ အနားယူရေတာ့မည္ထင္သည္။ သို႔ေသာ္ သူမအေတြး တက္တက္စင္ လြဲေလသည္။ စခန္းသို႔ ေရာက္လွ်င္ ေရာက္ခ်င္း အေရးေပၚအစည္းအေဝး ခ်က္ခ်င္းလုပ္ကာ လက္ေထာက္ဝူက ျဖစ္ပ်က္သြားသည့္ အေျခအေနကို ရွင္းျပသည္။
"ဒါဆို ရႊီခံတပ္အေျခအေနကေရာ… ဘယ္လိုရွိလဲ…"
"က်.. က်ေနာ္…. ရႊီခံတပ္က က်သြားပါၿပီ…."
"စစ္သူႀကီး…"
လက္ေထာက္ဝူေဘးရွိ စစ္သူႀကီးတစ္ဦးက ၾကမ္းျပင္ေပၚဒူးေထာက္လုိက္သည္။
"က်ေနာ္အသံုးမက်လုိ႔ပါ… က်ေနာ္ေသသင့္တာပါ…"
"မင္း… ျမန္ျမန္ထစမ္း… ဒီအခ်ိန္က ဒါေတြလုပ္ရမယ့္အခ်ိန္မဟုတ္ဘူး… သူတို႔ေတြက အလစ္ဝင္တိုက္တာပဲ… ငါ့ကို ျဖစ္သမွ် ေျပာျပ…"
"သူတို႔ေတြက မဟာမိတ္ဖဲြ႕ၿပီး ေပါင္းစပ္ထားတယ္လုိ႔ ျမင္ပါတယ္… က်ေနာ္တို႔ကို တလီျပည္က အရင္ပုန္ကန္တာ မွန္ေပမယ့္ ေနာက္ကြယ္မွာ တလီကို အေထာက္အပံ့ေပးေနတဲ့ ျပည္ေတြ ရွိတယ္လုိ႔ စံုစမ္းရပါတယ္…."
"တလီက… ျပည္ငယ္ေပမယ့္… စစ္သည္ေတြက အေလ့အက်င့္ေကာင္းေကာင္းရထားၾကတယ္… သူတို႔ ဒီလုိလုပ္တာက ခ်ီႏိုင္ငံကို စစ္ေၾကညာတဲ့သေဘာပဲ… တလီျပည္ကို ဘယ္သူေတြ အေထာက္အပံ့ေပးမွာလဲ…"
ဟြာရွန္႕ေျမပံုကို ၾကည့္ရင္း လက္က ေျမပံုရွိ ေနရာသံုးခုကို ေထာက္လိုက္သည္။
"ဒီျပည္နယ္ေတြက ျဖစ္ႏိုင္ေခ်အမ်ားဆံုးပဲ….. လက္ေထာက္ဝူ မင္းေျပာၾကည့္စမ္း…"
"စစ္သူႀကီး… က်န္းဟူနဲ႔ လြီဟူက ၿငိမ္းခ်မ္းေရးမယူထားတာမွန္ေပမယ့္ ဟြားဟူက…"
တခ်ိန္လံုးၿငိမ္သက္စြာ နားေထာင္ေနေသာ မို႔ရန္ေခါင္းတို႔ ေထာင္မတ္ၿပီး ေတာင့္တင္းသြားသည္။
"ဟြားဟူက… ခ်ီႏိုင္ငံနဲ႔ ၿငိမ္းခ်မ္းေရး ယူထားၿပီးသား…"
"တခ်ိဳ႕ေသာအရာေတြက အျမင္နဲ႔ ဆံုးျဖတ္လို႔မရဘူး… ၿငိမ္းခ်မ္းေရးဆိုတာလည္း ေရႊေရစိမ္ပဲ… အားလံုးက ခ်ီႏိုင္ငံ ၿပိဳကြဲေအာင္ လုပ္ဖို႔ စိတ္အားထက္သန္ေနၾကတာ… အခြင့္အေရးကို ေစာင့္ေနၾကတာပဲ…."
"စစ္သူႀကီး… တကယ္ပဲ ျပည္နယ္၄ခုက ေပါင္းစည္းထားတာဆိုရင္… ဒါဆို အရွင္မင္းႀကီးကိုသတင္းပို႔ၿပီး က်ေနာ္တို႔ စစ္သည္အင္အားတိုးဖို႔ က်ားအမိန္႔တံဆိပ္တစ္ျခမ္း အသံုးျပဳရေတာ့မွာလား…."
"မလိုေသးဘူး…. ငါတို႔စစ္သည္အင္အားနဲ႔ ခံတပ္နံပါတ္ ၄ကို ကာကြယ္ထား… ခံတပ္ ၄အတြက္ စစ္သည္ ၅ေထာင္ကို ထပ္ပို႔လုိက္…
အမိန္႔အတိုင္းပါ…."
မို႔ရန္ နားေထာင္ေနရင္း ရင္ထဲ တိတ္တဆိတ္ ဆုေတာင္းေနသည္။
င့ါအစ္ကိုတို႔ ဒီစစ္ပြဲထဲ မပါပါေစနဲ႔…. သူတို႔ထင္ေနတာ လဲြေနပါေစ!!!
ေန႔ရွိသေရြ႕ ဒါကိုပဲ မုိ႔ရန္ ဆုေတာင္းသည္။ မနက္တိုင္း စစ္ပြဲသတင္းကို နားစြင့္ေနမိသည္။ ေန႔တိုင္းပင္ ေရႊလင္းယုန္တပ္ဆီက အကူစစ္သည္တို႔ကိုခအျခားေသာ နယ္စပ္ရွိ ၿမိဳ႕မ်ားဆီ ပို႔လႊတ္ေနသည္။ ၅ရက္ေျမာက္ေန႔တြင္ ပို႔လႊတ္ေသာ စစ္သည္စာရင္းအတြက္ လက္ေထာက္ဝူကို ကူေပးရင္း သူမလက္သည္ တစ္ေနရာအေရာက္တြင္ ရပ္သြားသည္။
သံုးကေလး… အစ္ကိုငါး…. ဖူအစ္ကိုႀကီးတို႔ အားလံုးပါ ပါတာလား…!!!!
"လက္ေထာက္ဝူ…"
"အင္း…"
"က်ေနာ္လည္း ဒီတစ္ေခါက္ လိုက္သြားခ်င္တယ္…."
"မရဘူး…"
"ဘာလို႔လဲ… က်ေနာ္လည္း တိုက္ပြဲအေတြ႕အႀကံဳလုိခ်င္္လို႔ပါ…. က်ေနာ့္ကိုလည္း စာရင္းထဲ ထည့္ေပးပါလား…"
"မင္းကို ထည့္လုိ႔ မျဖစ္ဘူး…"
"အေၾကာင္းျပခ်က္က ဘာလဲ… က်ေနာ္လည္း စစ္သည္တစ္ေယာက္ပဲေလ… ေနာ္… လက္ေထာက္ဝူ… က်ေနာ့္ကိုလည္း စာရင္းထဲ သြင္းေပးပါ…. က်ေနာ္ျပန္လာရင္ လက္ေထာက္ဝူကို ေကာင္းေကာင္းျပဳစုပါ့မယ္…"
လက္ေထာက္ဝူ၏လက္ေမာင္းကို လႈပ္ခါရမ္းရင္း မို႔ရန္ေတာင္းဆိုေနသည္။
"အာ… ငါမင္းကို စာရင္းထဲ ထည့္လုိက္လုိ႔မရပါဘူးဆိုေန…"
"ရပါတယ္ဆို… လက္ေထာက္ဝူ… စာရင္းထဲ ထည့္ေပးပါ… ဘာလုိ႔ မရဘူးခ်ည္း ျငင္းေနရတာလဲ…"
"မင္းက…. မိန္း…."
လက္ေထာက္ဝူပါးစပ္ကို ခ်က္ခ်င္းပိတ္လိုက္သည္။ သူ႔ပါးစပ္က မင္းက မိန္းကေလးမို႔လို႔.. ဟု ထြက္သြားေတာ့မလိုပင္။
================================
အပိုင်း (၆၀)
"အားရို့… တော်တော်လှတယ်နော်…"
"ငါတို့အိမ်တော်မှာ မင်္ဂလာပွဲ ရှိတော့မယ်ထင်တယ်…."
"ဘာလဲ… ဘာလို့လဲ… မင်းသား ၃က တကယ်ကြီး လက်ထပ်မလို့လား…"
"အိုက်ယား…. ဒုက္ခပဲ…. င့ါအသည်း ကွဲပါပြီ…"
"အရှင်က တကယ်ကြီးပဲ…"
"နင်တို့တွေ စကားပြောဆင်ခြင်ကြဦး… မြန်မြန်…. ငါတို့ အခန်းပြင်ရဦးမှာ မဟုတ်လား…"
ခပ်သုတ်သုတ်ထွက်သွားကြရင်း ရေရွတ်သွားကြသော အစေခံမလေးတို့ စကားသံကို မို့ရန်ကြားနေရသည်။ သူမ တစွန်းတစကြားလိုက်သည့်အတွက် သူတို့ပြောနေသည့် အကြောင်းရင်းက ဘာမှန်းမသိချေ။ သူမအနား ဖြတ်သွားသည့် အစေခံတစ်ဦးကို လှမ်းခေါ်ပြီး
"ဟေ့…. အိမ်တော်မှာ မင်္ဂလာဆောင်ရှိလို့လား…"
"ဟမ်… မင်္ဂလာဆောင်… မရှိပါဘူး…"
"ဒါဆို အစေခံမလေးတွေ ပြောနေတာက ဘာကြီးလဲ…"
"အော်…. အရှင်က အိမ်တော်ကို အမျိုးသမီးတစ်ဦး ခေါ်လာတယ်… တော်တော်ကြီးကို ချောတာ… နတ်သမီးလေး နတ်သက်ကြွေလာတဲ့အတိုင်းပဲ… လှချက်က ကမ်းကုန်ပဲ… တစ်ခါမှ ဒီလိုအလှမျိုး မမြင်ဖူးဘူး… နင်လည်း သွားကြည့်သင့်တယ်… အခုဆို ဧည့်ခန်းမှာ ရှိနေဦးမယ်ထင်တယ်…."
"နင်သိလား… အရှင်က မိန်းကလေးဧည့်သည် တစ်ခါမှ မခေါ်လာဖူးဘူး…. ပြီးတော့ အဲဒီနတ်သမီးလှလှလေးက အိမ်တော်မှာပဲ နေမှာတဲ့…."
"ဟုတ်လား… ငါလည်းသွားကြည့်ဦးမယ်…"
"မြန်မြန်သွားကြည့်…."
မို့ရန် မဆိုင်းမတွပင် ဧည့်ဆောင်သို့ ထွက်လာလိုက်သည်။ ဧည့်ခန်းသို့ မဝင်မီ အစေခံတစ်ဦး လာပို့နေသည့် လက်ဖက်ရည်ခွက်ကို တောင်းပြီး ခန်းမထဲ ဝင်သွားသည်။ ခန်းမတွင် ပန်းချီကားတစ်ချပ်ကို စိတ်ဝင်တစား ကြည့်နေသော မိန်းမပျိုတစ်ဦးကိုသာ မြင်ရသည့်အတွက် သူတို့ပြောနေသည့် မိန်းကလေးဖြစ်မည်ထင်သည်။ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး
"ဒီကဧည့်သည်… လက်ဖက်ရည် သုံးဆောင်ပါဦး… ဟင်…. အမယဲ့…"
"ရန်ရန်…. မင်း….. ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ…"
"အမယဲ့ကရော… သူတို့ပြောနေတဲ့ မိန်းမလှလေးက အမလား…."
"တို့က…"
"မင်းနဲ့ ဖန်းယဲ့က သိနေတာလား…."
မို့ရန်နောက်သို့ လှည့်ကြည့်လိုက်သည်။ ဟွာရှန့်ကိုမြင်တော့ အရိုအသေပြုလိုက်ကာ
"စစ်သူကြီး… ကျနော်နဲ့ အမယဲ့က တွေ့ဖူးပါတယ်…"
"အစ်ကိုရှန့်… ရန်ရန်က ကျမအသက်ကို ကယ်ဖူးတဲ့သူပါ… ဟိုတစ်ခါက အစ်ကို့ကို ပြောပြဖူးတယ်လေ…"
"အင်း… ငါသိပြီ… မင်းသွားတော့…"
"ဟုတ်ကဲ့…. အမယဲ့… ကျနော်သွားပြီ…"
နှင်ပြီဖြစ်သည့်အတွက် မို့ရန် ဘာမှဆက်မပြောဘဲ ဖန်းယဲ့ကို နှုတ်ဆက်ပြီးသာ ထွက်လာခဲ့သည်။ သူမစိတ်ထဲ ပထုတ်ခံရသည့်အတွက် အနည်းငယ်တော့ မကျေမနပ်ဖြစ်မိသည်။
အင်းပေါ့လေ…. သေသွားပြီထင်တဲ့ ချစ်သူနဲ့ပြန်တွေ့ပြီဆိုတော့… ဘယ်သူ့ဘယ်သူကိုမှ အဖက်မလုပ်ချင်တော့ဘူး…. ငါလည်း အဖက်မလုပ်ပါဘူးတော်…. ဟန့်!!!!
အချိန်တို့သည် တဖြည်းဖြည်းဖြင့်သာ ကုန်ဆုံးလာသည်။ မြို့တော်သို့ ရောက်နေသည်မှာ ရက်ပေါင်း ၂၀ခန့်ရှိပြီးနောက် ဟွာရှန့်ဆီသို့ အရေးကြီးသတင်း ရောက်လာသည်။ ဟွာရှန့်က သတင်းရလျှင် ရချင်း ချက်ချင်းပင် နယ်စပ်သို့ ခရီးထွက်သွားသည်။ အလျင်စလို ထွက်သွားသည့်အတွက် အလွန့်အလွန်အရေးကြီးသော ကိစ္စဖြစ်ရမည်ဟု မို့ရန် တွေးမိသည်။ မြင်းကို ဟွာရှန့်နှင့် မျက်ခြေမပြတ်သွားစေရန် အပြိုင်အသော့နှင်ပြီး မောင်းရသည့်အတွက် သူမ များများစားစား မတွေးနိုင်သေး။ တပ်စခန်းသို့ရောက်မှ အနားယူရတော့မည်ထင်သည်။ သို့သော် သူမအတွေး တက်တက်စင် လွဲလေသည်။ စခန်းသို့ ရောက်လျှင် ရောက်ချင်း အရေးပေါ်အစည်းအဝေး ချက်ချင်းလုပ်ကာ လက်ထောက်ဝူက ဖြစ်ပျက်သွားသည့် အခြေအနေကို ရှင်းပြသည်။
"ဒါဆို ရွှီခံတပ်အခြေအနေကရော… ဘယ်လိုရှိလဲ…"
"ကျ.. ကျနော်…. ရွှီခံတပ်က ကျသွားပါပြီ…."
"စစ်သူကြီး…"
လက်ထောက်ဝူဘေးရှိ စစ်သူကြီးတစ်ဦးက ကြမ်းပြင်ပေါ်ဒူးထောက်လိုက်သည်။
"ကျနော်အသုံးမကျလို့ပါ… ကျနော်သေသင့်တာပါ…"
"မင်း… မြန်မြန်ထစမ်း… ဒီအချိန်က ဒါတွေလုပ်ရမယ့်အချိန်မဟုတ်ဘူး… သူတို့တွေက အလစ်ဝင်တိုက်တာပဲ… ငါ့ကို ဖြစ်သမျှ ပြောပြ…"
"သူတို့တွေက မဟာမိတ်ဖွဲ့ပြီး ပေါင်းစပ်ထားတယ်လို့ မြင်ပါတယ်… ကျနော်တို့ကို တလီပြည်က အရင်ပုန်ကန်တာ မှန်ပေမယ့် နောက်ကွယ်မှာ တလီကို အထောက်အပံ့ပေးနေတဲ့ ပြည်တွေ ရှိတယ်လို့ စုံစမ်းရပါတယ်…."
"တလီက… ပြည်ငယ်ပေမယ့်… စစ်သည်တွေက အလေ့အကျင့်ကောင်းကောင်းရထားကြတယ်… သူတို့ ဒီလိုလုပ်တာက ချီနိုင်ငံကို စစ်ကြေညာတဲ့သဘောပဲ… တလီပြည်ကို ဘယ်သူတွေ အထောက်အပံ့ပေးမှာလဲ…"
ဟွာရှန့်မြေပုံကို ကြည့်ရင်း လက်က မြေပုံရှိ နေရာသုံးခုကို ထောက်လိုက်သည်။
"ဒီပြည်နယ်တွေက ဖြစ်နိုင်ချေအများဆုံးပဲ….. လက်ထောက်ဝူ မင်းပြောကြည့်စမ်း…"
"စစ်သူကြီး… ကျန်းဟူနဲ့ လွီဟူက ငြိမ်းချမ်းရေးမယူထားတာမှန်ပေမယ့် ဟွားဟူက…"
တချိန်လုံးငြိမ်သက်စွာ နားထောင်နေသော မို့ရန်ခေါင်းတို့ ထောင်မတ်ပြီး တောင့်တင်းသွားသည်။
"ဟွားဟူက… ချီနိုင်ငံနဲ့ ငြိမ်းချမ်းရေး ယူထားပြီးသား…"
"တချို့သောအရာတွေက အမြင်နဲ့ ဆုံးဖြတ်လို့မရဘူး… ငြိမ်းချမ်းရေးဆိုတာလည်း ရွှေရေစိမ်ပဲ… အားလုံးက ချီနိုင်ငံ ပြိုကွဲအောင် လုပ်ဖို့ စိတ်အားထက်သန်နေကြတာ… အခွင့်အရေးကို စောင့်နေကြတာပဲ…."
"စစ်သူကြီး… တကယ်ပဲ ပြည်နယ်၄ခုက ပေါင်းစည်းထားတာဆိုရင်… ဒါဆို အရှင်မင်းကြီးကိုသတင်းပို့ပြီး ကျနော်တို့ စစ်သည်အင်အားတိုးဖို့ ကျားအမိန့်တံဆိပ်တစ်ခြမ်း အသုံးပြုရတော့မှာလား…."
"မလိုသေးဘူး…. ငါတို့စစ်သည်အင်အားနဲ့ ခံတပ်နံပါတ် ၄ကို ကာကွယ်ထား… ခံတပ် ၄အတွက် စစ်သည် ၅ထောင်ကို ထပ်ပို့လိုက်…
အမိန့်အတိုင်းပါ…."
မို့ရန် နားထောင်နေရင်း ရင်ထဲ တိတ်တဆိတ် ဆုတောင်းနေသည်။
င့ါအစ်ကိုတို့ ဒီစစ်ပွဲထဲ မပါပါစေနဲ့…. သူတို့ထင်နေတာ လွဲနေပါစေ!!!
နေ့ရှိသရွေ့ ဒါကိုပဲ မို့ရန် ဆုတောင်းသည်။ မနက်တိုင်း စစ်ပွဲသတင်းကို နားစွင့်နေမိသည်။ နေ့တိုင်းပင် ရွှေလင်းယုန်တပ်ဆီက အကူစစ်သည်တို့ကိုခအခြားသော နယ်စပ်ရှိ မြို့များဆီ ပို့လွှတ်နေသည်။ ၅ရက်မြောက်နေ့တွင် ပို့လွှတ်သော စစ်သည်စာရင်းအတွက် လက်ထောက်ဝူကို ကူပေးရင်း သူမလက်သည် တစ်နေရာအရောက်တွင် ရပ်သွားသည်။
သုံးကလေး… အစ်ကိုငါး…. ဖူအစ်ကိုကြီးတို့ အားလုံးပါ ပါတာလား…!!!!
"လက်ထောက်ဝူ…"
"အင်း…"
"ကျနော်လည်း ဒီတစ်ခေါက် လိုက်သွားချင်တယ်…."
"မရဘူး…"
"ဘာလို့လဲ… ကျနော်လည်း တိုက်ပွဲအတွေ့အကြုံလိုချင်လို့ပါ…. ကျနော့်ကိုလည်း စာရင်းထဲ ထည့်ပေးပါလား…"
"မင်းကို ထည့်လို့ မဖြစ်ဘူး…"
"အကြောင်းပြချက်က ဘာလဲ… ကျနော်လည်း စစ်သည်တစ်ယောက်ပဲလေ… နော်… လက်ထောက်ဝူ… ကျနော့်ကိုလည်း စာရင်းထဲ သွင်းပေးပါ…. ကျနော်ပြန်လာရင် လက်ထောက်ဝူကို ကောင်းကောင်းပြုစုပါ့မယ်…"
လက်ထောက်ဝူ၏လက်မောင်းကို လှုပ်ခါရမ်းရင်း မို့ရန်တောင်းဆိုနေသည်။
"အာ… ငါမင်းကို စာရင်းထဲ ထည့်လိုက်လို့မရပါဘူးဆိုနေ…"
"ရပါတယ်ဆို… လက်ထောက်ဝူ… စာရင်းထဲ ထည့်ပေးပါ… ဘာလို့ မရဘူးချည်း ငြင်းနေရတာလဲ…"
"မင်းက…. မိန်း…."
လက်ထောက်ဝူပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။ သူ့ပါးစပ်က မင်းက မိန်းကလေးမို့လို့.. ဟု ထွက်သွားတော့မလိုပင်။