"ကေလးေလးေရ ေတာ္ေလာက္ၿပီထင္တယ္ေနာ္.....ကိုကိုေခါင္းေတာင္မလွည့္နိုင္ေတာ့ဘူး....."
မံမီ႐ုပ္လိုအထုပ္ခံထားရတဲ့ ေရွာင္းက်န္႔က ရွူံ႔မဲ့ေနၿပီ....။ သူ႔ကိုယ္သူ Northern light သြားၾကည့္မွာလား...အႏၲာတိကတိုက္ခရီးသြားရမွာလားေတာင္မကြဲေတာ့ဘူး....။
သူတို့က မသြားလိုက္ရတဲ့ပ်ားရည္ဆမ္းခရီးအစား အလက္စကာကို ခရီးထြက္လာၾကတာ...။ ဖန္ရွင္းေလးကိုေတာ့ နယူးေယာက္ကရႊမ္းလုက်ဲတို့ဆီမွာထားခဲ့တယ္....။
အလက္စကာရဲ့ ရာသီဥတုမွာေအးဖို့ေနေနသာသာ ရိေပၚရဲ့သည္းသည္းလွုပ္ေနတဲ့ အကဲပိုမွုေတြၾကားထဲမွာ ေရွာင္းက်န္႔တစ္ေယာက္လွုပ္လို့ေတာင္မရဘူး....။
အခုလည္း သူတို့ငွားထားတဲ့ သစ္လုံးအိမ္ေလးရဲ့အေနာက္ဘက္ကေတာင္ကုန္းေပၚတင္ Northern lights သြားၾကည့္မွာကို ရိေပၚက ေရွာင္းက်န္႔ကို အေႏြးထည္အထပ္ထပ္၀တ္ေပးထားတယ္....။ ေျခအိတ္ေတြလက္အိတ္ေတြလည္း ရိေပၚကစြပ္ဆိုႏွစ္ထပ္ဆိုလည္းစြပ္ရတာပဲ....။ နည္းနည္းေစာဒကမတက္လိုက္နဲ႔....မ်က္ေစာင္းႀကီးကေရာက္လာၿပီ....။တစ္ခါတစ္ခါ သူကအႀကီးလား ရိေပၚကအႀကီးလား ေရွာင္းက်န္႔မသဲကြဲေတာ့ဘူး.....။ ဒီကေလးက သူ႔ကိုသိပ္နိုင္စားတယ္....။ ဘာလုပ္လုပ္ အလိုလိုက္အေလၽွာ့ေပးလြန္းတဲ့အထိသူကခ်စ္ရေတာ့လည္း ျပဳသမၽွႏုရတာပါပဲ....။
အေႏြးထည္ကသုံးထပ္....ေျခအိတ္ေတြလက္အိတ္ေတြကႏွစ္ထပ္နဲ႔ သိုးေမႊးဦးထုပ္အနီေလးေဆာင္းလို့ ခပ္ထူထူသိုးေမႊးလည္ပတ္ႀကီးထဲ ေရွာင္းက်န္ကမ်က္ႏွာေလးပဲေပၚေတာ့တာေတာင္ ရိေပၚကမ်က္ေမွာင္ႀကီးၾကဳံ႕လို့ အလိုမက်ေသးဘူး....။
နားရြက္အုပ္တပ္ေပးၿပီးေတာ့ လည္ပတ္ေနာက္တစ္ထည္ယူၿပီး ေရွာင္းက်န္႔မ်က္ႏွာတစ္၀က္ေလာက္ဖုံးေအာင္ပတ္ေပးတယ္....။ ေရွာင္းက်န္႔မ်က္လုံးေလးပဲေပၚေနေတာ့မွ သူကေက်နပ္သြားတယ္....။
"ရၿပီ....ဒီေလာက္ဆို ကိုကိုမေအးေတာ့ဘူး...."
သူကိုယ္တိုင္လည္း အေႏြးထည္အညိဳႀကီး၀တ္၊ဦးထုပ္အစိမ္းေလးေဆာင္းလို့ သိုးေမႊးလည္ပတ္ႀကီးထဲနစ္ျမႇုပ္ေနတဲ့ ရိေပၚက ေရွာင္းက်န္႔ကို အိမ္အျပင္ကိုလက္ဆြဲေခၚသြားတယ္....။ တစိမ့္စိမ့္ၾကည့္မ၀နဲ႔ သူ႔ဘက္ကိုပဲေခါင္းေစာင္းေနတဲ့ ရိေပၚေၾကာင့္ ေရွာင္းက်န္႔မ်က္ႏွာနည္းနည္းရဲစျပဳလာတယ္....။ ဒီေကာင္ေလးက အျမဲျမင္ေနရတာေတာင္ သူ႔မ်က္ႏွာကို အခုထိၾကည့္မဝေနတုန္းလား......။
အျပင္ဘယ္ႏွစ္လွမ္းမွ မလွမ္းရေသးဘူး။ ရိေပၚက ဟပ္ထိုးလဲမလိုျဖစ္သြားလို့ ေရွာင္းက်န္႔ကဆြဲထားရတယ္.....။ ၁၅ႏွစ္အရြယ္ကတည္းက ဖိနပ္ႀကိဳးကိုအျဖစ္ရွိေအာင္ ေကာင္းေကာင္းမခ်ည္တတ္တဲ့ေကာင္ေလးက ၂၄ႏွစ္ေရာက္ေနၿပီ ခ်ည္ထားတဲ့ဖိနပ္ႀကိဳးက ျပန္ေျပလို့နင္းမိေနတုန္း....။ ဒီဖိနပ္ႀကိဳးေတာင္ မခ်ည္တတ္တဲ့ ကေလးေလးက ေရွာင္းက်န္႔ရဲ့အိမ္ေထာင္ဦးစီးတဲ့.....။
ေရွာင္းက်န္႔က သေဘာတက်နဲ႔ ေအာ္ရယ္တဲ့အခါ ရိေပၚမ်က္ႏွာကမဲလာတယ္....။
"ကိုကို မရယ္နဲ႔.....ကၽြန္ေတာ္ဖိနပ္ႀကိဳးမခ်ည္တတ္တာ ဘယ္သူ႔အျပစ္တုန္း ၆ႏွစ္သားကတည္းက ကိုကိုပဲဖိနပ္ႀကိဳးကစခ်ည္ေပးလာတာကို...."
"ကိုကိုမရွိတဲ့ အခ်ိန္ေတြက်ေတာ့ေရာ ဘယ္သူခ်ည္ေပးလဲ...ဒါဆို...."
"ဒီတိုင္း စြပ္စီးလို့ရတဲ့ဖိနပ္ပဲစီးတယ္...."
"......"
"ကၽြန္ေတာ့္ဖိနပ္ႀကိဳးကို ကိုကိုကလြဲရင္သူမ်ားခ်ည္ေပးတာမႀကိဳက္လို့....."
"ကေလးေလးရာ....."
ေရွာင္းက်န္႔က ႏွင္းခဲျဖဴျဖဴေတြေဖြးေနတဲ့ ေျမေပၚကို ဒူးတစ္ဖက္ေထာက္ထိုင္ၿပီး ရိေပၚဘြတ္ဖိနပ္က ႀကိဳးေတြကိုေသခ်ာျပန္ခ်ည္ေပးတယ္....။ ရိေပၚကေတာ့ ျပဳံးျပဳံးႀကီးနဲ႔ သူ႔ကိုဖိနပ္ႀကိဳးခ်ည္ေပးေနတဲ့ ေရွာင္းက်န္႔ကိုတျမတ္တနိုးစိုက္ၾကည့္ေနတယ္.....။ တကယ္က သူဖိနပ္ႀကိဳးခ်ည္တတ္ေနပါၿပီ....တမင္ဂြင္ဆင္တာ......။
"ငတုံးႀကီး....ေျပာသမၽွယုံတာပဲ....."
ဖိနပ္ႀကိဳးကို အာ႐ုံစိုက္ခ်ည္ေပးေနတဲ့ ကိုကို့နဖူးကို ရိေပၚရႊတ္ခနဲငုံ႔နမ္းလိုက္တယ္....။ ၿပီးေတာ့ထြက္ေျပးတယ္....။
"ဘာ....ဘာ....ငတုံး.....ဝမ္ ရိေပၚ ကေလးစုတ္ေလး ေသဖို့ျပင္ထားလိုက္ေတာ့...."
Norhern Light ၾကည့္ဖို့လာတဲ့ ေဒသခံေတြကေတာ့ ေကာင္ေလးႏွစ္ေယာက္ဆီ မသိမသာ အာ႐ုံေရာက္ေရာက္သြားတယ္....။ ေကာင္ေလးႏွစ္ေယာက္က ႏွင္းေဘာလုံးေတြနဲ႔ ပစ္ေပါက္လို့ ႏွင္းေတြၾကားမွာ ေျပးလႊားကစားေနၾကတာ....။
ေပ်ာ္ရႊင္ေနၾကတဲ့ အာရွသားေကာင္ေလးႏွစ္ေယာက္ကို ညီအစ္ကိုလို့ေတာ့ သူတို့မထင္ပါဘူး.....။ သူတို့အဲ့ေလာက္မပိန္းဘူး.....။ ဘယ္ညီအစ္ကိုက အခ်စ္ေတြျပည့္ေနတဲ့ မ်က္၀န္းေတြနဲ႔အခ်င္းခ်င္းစိုက္ၾကည့္ၾကလို့လဲ.....။ အဲ့ဒါ စုံတြဲပဲ.....။ ၿပီးေတာ့ သိပ္ခ်စ္ၾကတဲ့ စုံတြဲ.....။
ေကာင္ေလးတစ္ေယာက္ကေျပးရင္း လႊားရင္း သူ႔ကိုမိေတာ့မယ္ထင္တာနဲ႔ ႏွင္းေတြေပၚတမင္ေခ်ာ္လဲပစ္ၿပီး ေနာက္ေကာင္ေလးကို တအီအီနဲ႔ မူယာမာယာမ်ားေတာ့တာပဲ.....။ ေနာက္ေကာင္ေလးက ျပာယာျပာယာေျပးလာၿပီး ဘယ္နားနာသြားလဲ ျပာျပာသလဲလဲစစ္တယ္....။ အညာမိေတာ့မယ့္ အကဲပိုေလးကို ဒီေလာက္ႏွင္းထုအထူႀကီး မနာပါဘူးလို့ သူတို့ေအာ္ေျပာျပခ်င္မိတယ္....။
ရိေပၚက သူနာသြားလား စိုးရိမ္တႀကီးေမးေနတဲ့ ကိုကို့ကိုက်ာဘက္မွာ ဖြက္ထားတဲ့ လက္ဝါးအျပည့္ႏွင္းေတြကို ေခါင္းေပၚကၾကဲခ်လိုက္တယ္.....။
"ငတုံးႀကီး....အညာမိျပန္ၿပီ......"
ၿပီးတာနဲ႔ ရိေပၚကလုံးခနဲထေျပးတာပဲ.....။
"ဝမ္ ရိေပၚ....!!!!!"
ေရွာင္းက်န္႔က ထေအာ္ၿပီး ျပန္ေျပးလိုက္တယ္....။ ဒီတစ္ခါေတာ့ ေရွာင္းက်န္႔က အရွိန္မ်ားမ်ားနဲ႔ ေျပးလာတာမို့ ရပ္ေစာင့္ရင္း ဗိုက္ႏွိပ္ရယ္ေနတဲ့ ရိေပၚကို ၀င္တိုက္မိၿပီး ႏွစ္ေယာက္သားႏွင္းေတြထဲ တလိမ့္ေခါက္ေခြးပဲ.....။
ႏွစ္ေယာက္က လဲေနရာကျပန္မထပဲ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ေအာ္ရယ္မိၾကတယ္....။ သူတို့ေျမေပၚကမထရေသးခင္ပဲ ေကာင္းကင္ယံမွာ Northern Light ေတြေပၚလာတယ္.....။
"ကိုကိုၾကည့္.....ေကာင္းကင္မွာ Northern Light ေတြေပၚလာၿပီ......"
ရိေပၚကေကာင္းကင္ကိုၾကည့္ရင္း သူ႔ရင္ဘတ္ေပၚမွာ ေမွာက္လ်က္ကေန မထရေသးတဲ့ ေရွာင္းက်န္႔ကို ေျပာလိုက္တယ္....။ ေရွာင္းက်န္႔ကလည္း အဲ့ေတာ့မွ ရိေပၚ ေပၚကေနကုန္း႐ုန္းထၿပီးေကာင္းကင္ကိုေမာ့ၾကည့္တယ္....။
ပဆစ္တုတ္ထိုင္ရင္း ေကာင္းကင္ကိုေငးေမာေနတဲ့ ေရွာင္းက်န္႔ကို ရိေပၚကလက္ကေနဆြဲခ်တယ္....။
"ကၽြန္ေတာ့္လက္ေမာင္းေပၚေခါင္းအုံးၿပီး ပက္လက္လန္ၾကည့္ေလ....."
ရိေပၚလက္ေမာင္းေပၚေခါင္းအုံးၿပီး ေကာင္းကင္ကိုၾကည့္ေနတုန္း ပါးတစ္ဖက္ေႏြးခနဲျဖစ္သြားတာကို ေရွာင္းက်န္႔ခံစားလိုက္ရတယ္....။ဒီကေလးဟာ သူ႔ကိုအားတာနဲ႔ နမ္းဖို့ေလာက္ေခ်ာင္းေနတာပဲ.....။
"ကိုကို....ကၽြန္ေတာ့္တို့ဘယ္ေတာ့မွမခြဲေတာ့ဘူးေနာ္......"
"အင္း.....ထာ၀ရေတြအဆုံးသတ္သြားတဲ့အခ်ိန္ထိေအာင္ ဘယ္ေတာ့မွမခြဲဘူး......."
ေကာင္ေလးႏွစ္ေယာက္ဟာ Northern Light ေတြကို ေငးေမာရင္း ထာ၀ရမခြဲဖို့ကတိေတြေပးခဲ့ၾကတယ္....။
_______________________________
သစ္လုံးအိမ္ထဲျပန္ေရာက္ေတာ့ ရိေပၚက ေရွာင္းက်န္႔ရဲ့ႏွင္းေတြစိုကုန္တဲ့ အ၀တ္ေတြကို ခ်က္ခ်င္းအကုန္လဲေပးတယ္....။ ဖ်ားသြားမွာစိုးလို့.....။
ခုေနာက္ပိုင္း သူကပဲ စိတ္ထင္လို့လား အကဲပိုေနလို့လား မသိေပမယ့္ ေရွာင္းက်န္႔က သာမန္လူေတြထက္ပိုအားနည္းသလိုပဲ.....။ အရင္ကေလာက္ အေအးမခံနိုင္ဘူး။ ခဏနဲ႔ဖ်ားတယ္....။ တစ္ခုခုဆို ခ်ဴခ်ာၿပီ....။
ကင္ဆာလိုေရာဂါမ်ိဳးကို အံတုၿပီး ခုခ်ိန္ထိအသက္ရွင္ေနေပးတာကိုက ဆုလာဘ္တစ္ပါးျဖစ္ေနတဲ့ ရိေပၚအတြက္ကေတာ့ ေရွာင္းက်န္႔ဘယ္ေလာက္ခ်ဴခ်ာေနပါေစ အားနည္းေနပါေစ ေစာဒကတက္စရာေတာ့မရွိပါဘူး....။သူက အဆေပါင္းမ်ားစြာပိုတိုးၿပီး ဂ႐ုစိုက္မွာ တန္ဖိုးထားကာကြယ္ေပးမွာ.....။
ဆိုဖာေပၚမွာ ေကာ္ဖီပူပူတစ္ခြက္ကိုင္လို့တီဗြီၾကည့္ရင္း ဆြယ္တာအျဖဴေလးထဲနစ္ျမႇုပ္ေနတဲ့ ကိုကို့ကိုယ္ေပၚ ေစာင္တစ္ထည္ထပ္လႊားေပးၿပီး ရိေပၚေဘးမွာ ၀င္ထိုင္လိုက္တယ္....။
"ကိုကို...."
"ဟြန္...."
"ခ်စ္တယ္ သိလား.....ေသေလာက္ေအာင္ခ်စ္တယ္....."
"အင္း....."
ကိုကိုက တီဗြီမွာလာေနတဲ့ ေၾကာင္နဲ႔ႂကြက္ကိုပဲ စိတ္၀င္စားေနၿပီး ၀တ္ေၾကတန္းေၾကျပန္ေျဖတယ္....။ ဒီကိုကိုက လူကိုလာဆြေနတာပဲ....။ရိေပၚကိုကို့မ်က္ႏွာကို ဆြဲလွည့္လိုက္တယ္....။
"ဘာ အင္းလဲ.....ကိုကိုကလည္း ကေလးေလးကိုခ်စ္ပါတယ္လို့ ျပန္ေျဖရမွာေလ......"
"အင္း အင္း ခ်စ္တယ္ေနာ္ ခ်စ္တယ္ အမ်ားႀကီးခ်စ္တယ္..."
ကိုကိုက မ်က္ႏွာကဆြဲလွည့္ခံထားရတာေတာင္ တီဗြီဘက္မ်က္လုံးေတြက ေစာင္းေနေသးတယ္.....။
ဘာလဲ....အခု ရိေပၚက ေၾကာင္နဲ႔ႂကြက္ေလာက္ေတာင္ စိတ္၀င္စားမခံရတာလား.....။
ရိေပၚ ပလစ္ခံလိုက္ရတာလား......။
အား.....ဒီကိုကိုအျပစ္ေပးခံခ်င္ေနၿပီ....။
ရိေပၚကိုကို့ႏွုတ္ခမ္းေတြကိုဆြဲနမ္းပစ္ၿပီး....ေအာက္ႏွုတ္ခမ္းေလးကိုလည္း ကိုက္ခ်ပစ္လိုက္တယ္....။ ယုန္ဆိုးေလး....အစားခံခ်င္ေနၿပီ.....။
ေၾကာင္နဲ႔ႂကြက္ေလာက္ ရိေပၚကိုအေရးမေပးမိျခင္း ျပႆနာဟာ ေရွာင္းက်န္႔အတြက္ အိပ္ေရးပ်က္ရတဲ့ အလက္စကာ ညေတြဆီဦးတည္သြားေတာ့တာပဲ.....။
~~~~~~~~~~~~~~~~~~~~~~~
Unicode
"ကလေးလေးရေ တော်လောက်ပြီထင်တယ်နော်.....ကိုကိုခေါင်းတောင်မလှည့်နိုင်တော့ဘူး....."
မံမီရုပ်လိုအထုပ်ခံထားရတဲ့ ရှောင်းကျန့်က ရှူံ့မဲ့နေပြီ....။ သူ့ကိုယ်သူ Northern light သွားကြည့်မှာလား...အန္တာတိကတိုက်ခရီးသွားရမှာလားတောင်မကွဲတော့ဘူး....။
သူတို့က မသွားလိုက်ရတဲ့ပျားရည်ဆမ်းခရီးအစား အလက်စကာကို ခရီးထွက်လာကြတာ...။ ဖန်ရှင်းလေးကိုတော့ နယူးယောက်ကရွှမ်းလုကျဲတို့ဆီမှာထားခဲ့တယ်....။
အလက်စကာရဲ့ ရာသီဥတုမှာအေးဖို့နေနေသာသာ ရိပေါ်ရဲ့သည်းသည်းလှုပ်နေတဲ့ အကဲပိုမှုတွေကြားထဲမှာ ရှောင်းကျန့်တစ်ယောက်လှုပ်လို့တောင်မရဘူး....။
အခုလည်း သူတို့ငှားထားတဲ့ သစ်လုံးအိမ်လေးရဲ့အနောက်ဘက်ကတောင်ကုန်းပေါ်တင် Northern lights သွားကြည့်မှာကို ရိပေါ်က ရှောင်းကျန့်ကို အနွေးထည်အထပ်ထပ်ဝတ်ပေးထားတယ်....။ ခြေအိတ်တွေလက်အိတ်တွေလည်း ရိပေါ်ကစွပ်ဆိုနှစ်ထပ်ဆိုလည်းစွပ်ရတာပဲ....။ နည်းနည်းစောဒကမတက်လိုက်နဲ့....မျက်စောင်းကြီးကရောက်လာပြီ....။တစ်ခါတစ်ခါ သူကအကြီးလား ရိပေါ်ကအကြီးလား ရှောင်းကျန့်မသဲကွဲတော့ဘူး.....။ ဒီကလေးက သူ့ကိုသိပ်နိုင်စားတယ်....။ ဘာလုပ်လုပ် အလိုလိုက်အလျှော့ပေးလွန်းတဲ့အထိသူကချစ်ရတော့လည်း ပြုသမျှနုရတာပါပဲ....။
အနွေးထည်ကသုံးထပ်....ခြေအိတ်တွေလက်အိတ်တွေကနှစ်ထပ်နဲ့ သိုးမွှေးဦးထုပ်အနီလေးဆောင်းလို့ ခပ်ထူထူသိုးမွှေးလည်ပတ်ကြီးထဲ ရှောင်းကျန်ကမျက်နှာလေးပဲပေါ်တော့တာတောင် ရိပေါ်ကမျက်မှောင်ကြီးကြုံ့လို့ အလိုမကျသေးဘူး....။
နားရွက်အုပ်တပ်ပေးပြီးတော့ လည်ပတ်နောက်တစ်ထည်ယူပြီး ရှောင်းကျန့်မျက်နှာတစ်ဝက်လောက်ဖုံးအောင်ပတ်ပေးတယ်....။ ရှောင်းကျန့်မျက်လုံးလေးပဲပေါ်နေတော့မှ သူကကျေနပ်သွားတယ်....။
"ရပြီ....ဒီလောက်ဆို ကိုကိုမအေးတော့ဘူး...."
သူကိုယ်တိုင်လည်း အနွေးထည်အညိုကြီးဝတ်၊ဦးထုပ်အစိမ်းလေးဆောင်းလို့ သိုးမွှေးလည်ပတ်ကြီးထဲနစ်မြှုပ်နေတဲ့ ရိပေါ်က ရှောင်းကျန့်ကို အိမ်အပြင်ကိုလက်ဆွဲခေါ်သွားတယ်....။ တစိမ့်စိမ့်ကြည့်မဝနဲ့ သူ့ဘက်ကိုပဲခေါင်းစောင်းနေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်မျက်နှာနည်းနည်းရဲစပြုလာတယ်....။ ဒီကောင်လေးက အမြဲမြင်နေရတာတောင် သူ့မျက်နှာကို အခုထိကြည့်မဝနေတုန်းလား......။
အပြင်ဘယ်နှစ်လှမ်းမှ မလှမ်းရသေးဘူး။ ရိပေါ်က ဟပ်ထိုးလဲမလိုဖြစ်သွားလို့ ရှောင်းကျန့်ကဆွဲထားရတယ်.....။ ၁၅နှစ်အရွယ်ကတည်းက ဖိနပ်ကြိုးကိုအဖြစ်ရှိအောင် ကောင်းကောင်းမချည်တတ်တဲ့ကောင်လေးက ၂၄နှစ်ရောက်နေပြီ ချည်ထားတဲ့ဖိနပ်ကြိုးက ပြန်ပြေလို့နင်းမိနေတုန်း....။ ဒီဖိနပ်ကြိုးတောင် မချည်တတ်တဲ့ ကလေးလေးက ရှောင်းကျန့်ရဲ့အိမ်ထောင်ဦးစီးတဲ့.....။
ရှောင်းကျန့်က သဘောတကျနဲ့ အော်ရယ်တဲ့အခါ ရိပေါ်မျက်နှာကမဲလာတယ်....။
"ကိုကို မရယ်နဲ့.....ကျွန်တော်ဖိနပ်ကြိုးမချည်တတ်တာ ဘယ်သူ့အပြစ်တုန်း ၆နှစ်သားကတည်းက ကိုကိုပဲဖိနပ်ကြိုးကစချည်ပေးလာတာကို...."
"ကိုကိုမရှိတဲ့ အချိန်တွေကျတော့ရော ဘယ်သူချည်ပေးလဲ...ဒါဆို...."
"ဒီတိုင်း စွပ်စီးလို့ရတဲ့ဖိနပ်ပဲစီးတယ်...."
"......"
"ကျွန်တော့်ဖိနပ်ကြိုးကို ကိုကိုကလွဲရင်သူများချည်ပေးတာမကြိုက်လို့....."
"ကလေးလေးရာ....."
ရှောင်းကျန့်က နှင်းခဲဖြူဖြူတွေဖွေးနေတဲ့ မြေပေါ်ကို ဒူးတစ်ဖက်ထောက်ထိုင်ပြီး ရိပေါ်ဘွတ်ဖိနပ်က ကြိုးတွေကိုသေချာပြန်ချည်ပေးတယ်....။ ရိပေါ်ကတော့ ပြုံးပြုံးကြီးနဲ့ သူ့ကိုဖိနပ်ကြိုးချည်ပေးနေတဲ့ ရှောင်းကျန့်ကိုတမြတ်တနိုးစိုက်ကြည့်နေတယ်.....။ တကယ်က သူဖိနပ်ကြိုးချည်တတ်နေပါပြီ....တမင်ဂွင်ဆင်တာ......။
"ငတုံးကြီး....ပြောသမျှယုံတာပဲ....."
ဖိနပ်ကြိုးကို အာရုံစိုက်ချည်ပေးနေတဲ့ ကိုကို့နဖူးကို ရိပေါ်ရွှတ်ခနဲငုံ့နမ်းလိုက်တယ်....။ ပြီးတော့ထွက်ပြေးတယ်....။
"ဘာ....ဘာ....ငတုံး.....ဝမ် ရိပေါ် ကလေးစုတ်လေး သေဖို့ပြင်ထားလိုက်တော့...."
Norhern Light ကြည့်ဖို့လာတဲ့ ဒေသခံတွေကတော့ ကောင်လေးနှစ်ယောက်ဆီ မသိမသာ အာရုံရောက်ရောက်သွားတယ်....။ ကောင်လေးနှစ်ယောက်က နှင်းဘောလုံးတွေနဲ့ ပစ်ပေါက်လို့ နှင်းတွေကြားမှာ ပြေးလွှားကစားနေကြတာ....။
ပျော်ရွှင်နေကြတဲ့ အာရှသားကောင်လေးနှစ်ယောက်ကို ညီအစ်ကိုလို့တော့ သူတို့မထင်ပါဘူး.....။ သူတို့အဲ့လောက်မပိန်းဘူး.....။ ဘယ်ညီအစ်ကိုက အချစ်တွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့အချင်းချင်းစိုက်ကြည့်ကြလို့လဲ.....။ အဲ့ဒါ စုံတွဲပဲ.....။ ပြီးတော့ သိပ်ချစ်ကြတဲ့ စုံတွဲ.....။
ကောင်လေးတစ်ယောက်ကပြေးရင်း လွှားရင်း သူ့ကိုမိတော့မယ်ထင်တာနဲ့ နှင်းတွေပေါ်တမင်ချော်လဲပစ်ပြီး နောက်ကောင်လေးကို တအီအီနဲ့ မူယာမာယာများတော့တာပဲ.....။ နောက်ကောင်လေးက ပြာယာပြာယာပြေးလာပြီး ဘယ်နားနာသွားလဲ ပြာပြာသလဲလဲစစ်တယ်....။ အညာမိတော့မယ့် အကဲပိုလေးကို ဒီလောက်နှင်းထုအထူကြီး မနာပါဘူးလို့ သူတို့အော်ပြောပြချင်မိတယ်....။
ရိပေါ်က သူနာသွားလား စိုးရိမ်တကြီးမေးနေတဲ့ ကိုကို့ကိုကျာဘက်မှာ ဖွက်ထားတဲ့ လက်ဝါးအပြည့်နှင်းတွေကို ခေါင်းပေါ်ကကြဲချလိုက်တယ်.....။
"ငတုံးကြီး....အညာမိပြန်ပြီ......"
ပြီးတာနဲ့ ရိပေါ်ကလုံးခနဲထပြေးတာပဲ.....။
"ဝမ် ရိပေါ်....!!!!!"
ရှောင်းကျန့်က ထအော်ပြီး ပြန်ပြေးလိုက်တယ်....။ ဒီတစ်ခါတော့ ရှောင်းကျန့်က အရှိန်များများနဲ့ ပြေးလာတာမို့ ရပ်စောင့်ရင်း ဗိုက်နှိပ်ရယ်နေတဲ့ ရိပေါ်ကို ဝင်တိုက်မိပြီး နှစ်ယောက်သားနှင်းတွေထဲ တလိမ့်ခေါက်ခွေးပဲ.....။
နှစ်ယောက်က လဲနေရာကပြန်မထပဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အော်ရယ်မိကြတယ်....။ သူတို့မြေပေါ်ကမထရသေးခင်ပဲ ကောင်းကင်ယံမှာ Northern Light တွေပေါ်လာတယ်.....။
"ကိုကိုကြည့်.....ကောင်းကင်မှာ Northern Light တွေပေါ်လာပြီ......"
ရိပေါ်ကကောင်းကင်ကိုကြည့်ရင်း သူ့ရင်ဘတ်ပေါ်မှာ မှောက်လျက်ကနေ မထရသေးတဲ့ ရှောင်းကျန့်ကို ပြောလိုက်တယ်....။ ရှောင်းကျန့်ကလည်း အဲ့တော့မှ ရိပေါ် ပေါ်ကနေကုန်းရုန်းထပြီးကောင်းကင်ကိုမော့ကြည့်တယ်....။
ပဆစ်တုတ်ထိုင်ရင်း ကောင်းကင်ကိုငေးမောနေတဲ့ ရှောင်းကျန့်ကို ရိပေါ်ကလက်ကနေဆွဲချတယ်....။
"ကျွန်တော့်လက်မောင်းပေါ်ခေါင်းအုံးပြီး ပက်လက်လန်ကြည့်လေ....."
ရိပေါ်လက်မောင်းပေါ်ခေါင်းအုံးပြီး ကောင်းကင်ကိုကြည့်နေတုန်း ပါးတစ်ဖက်နွေးခနဲဖြစ်သွားတာကို ရှောင်းကျန့်ခံစားလိုက်ရတယ်....။ဒီကလေးဟာ သူ့ကိုအားတာနဲ့ နမ်းဖို့လောက်ချောင်းနေတာပဲ.....။
"ကိုကို....ကျွန်တော့်တို့ဘယ်တော့မှမခွဲတော့ဘူးနော်......"
"အင်း.....ထာဝရတွေအဆုံးသတ်သွားတဲ့အချိန်ထိအောင် ဘယ်တော့မှမခွဲဘူး......."
ကောင်လေးနှစ်ယောက်ဟာ Northern Light တွေကို ငေးမောရင်း ထာဝရမခွဲဖို့ကတိတွေပေးခဲ့ကြတယ်....။
_______________________________
သစ်လုံးအိမ်ထဲပြန်ရောက်တော့ ရိပေါ်က ရှောင်းကျန့်ရဲ့နှင်းတွေစိုကုန်တဲ့ အဝတ်တွေကို ချက်ချင်းအကုန်လဲပေးတယ်....။ ဖျားသွားမှာစိုးလို့.....။
ခုနောက်ပိုင်း သူကပဲ စိတ်ထင်လို့လား အကဲပိုနေလို့လား မသိပေမယ့် ရှောင်းကျန့်က သာမန်လူတွေထက်ပိုအားနည်းသလိုပဲ.....။ အရင်ကလောက် အအေးမခံနိုင်ဘူး။ ခဏနဲ့ဖျားတယ်....။ တစ်ခုခုဆို ချူချာပြီ....။
ကင်ဆာလိုရောဂါမျိုးကို အံတုပြီး ခုချိန်ထိအသက်ရှင်နေပေးတာကိုက ဆုလာဘ်တစ်ပါးဖြစ်နေတဲ့ ရိပေါ်အတွက်ကတော့ ရှောင်းကျန့်ဘယ်လောက်ချူချာနေပါစေ အားနည်းနေပါစေ စောဒကတက်စရာတော့မရှိပါဘူး....။သူက အဆပေါင်းများစွာပိုတိုးပြီး ဂရုစိုက်မှာ တန်ဖိုးထားကာကွယ်ပေးမှာ.....။
ဆိုဖာပေါ်မှာ ကော်ဖီပူပူတစ်ခွက်ကိုင်လို့တီဗွီကြည့်ရင်း ဆွယ်တာအဖြူလေးထဲနစ်မြှုပ်နေတဲ့ ကိုကို့ကိုယ်ပေါ် စောင်တစ်ထည်ထပ်လွှားပေးပြီး ရိပေါ်ဘေးမှာ ဝင်ထိုင်လိုက်တယ်....။
"ကိုကို...."
"ဟွန်...."
"ချစ်တယ် သိလား.....သေလောက်အောင်ချစ်တယ်....."
"အင်း....."
ကိုကိုက တီဗွီမှာလာနေတဲ့ ကြောင်နဲ့ကြွက်ကိုပဲ စိတ်ဝင်စားနေပြီး ဝတ်ကြေတန်းကြေပြန်ဖြေတယ်....။ ဒီကိုကိုက လူကိုလာဆွနေတာပဲ....။ရိပေါ်ကိုကို့မျက်နှာကို ဆွဲလှည့်လိုက်တယ်....။
"ဘာ အင်းလဲ.....ကိုကိုကလည်း ကလေးလေးကိုချစ်ပါတယ်လို့ ပြန်ဖြေရမှာလေ......"
"အင်း အင်း ချစ်တယ်နော် ချစ်တယ် အများကြီးချစ်တယ်..."
ကိုကိုက မျက်နှာကဆွဲလှည့်ခံထားရတာတောင် တီဗွီဘက်မျက်လုံးတွေက စောင်းနေသေးတယ်.....။
ဘာလဲ....အခု ရိပေါ်က ကြောင်နဲ့ကြွက်လောက်တောင် စိတ်ဝင်စားမခံရတာလား.....။
ရိပေါ် ပလစ်ခံလိုက်ရတာလား......။
အား.....ဒီကိုကိုအပြစ်ပေးခံချင်နေပြီ....။
ရိပေါ်ကိုကို့နှုတ်ခမ်းတွေကိုဆွဲနမ်းပစ်ပြီး....အောက်နှုတ်ခမ်းလေးကိုလည်း ကိုက်ချပစ်လိုက်တယ်....။ ယုန်ဆိုးလေး....အစားခံချင်နေပြီ.....။
ကြောင်နဲ့ကြွက်လောက် ရိပေါ်ကိုအရေးမပေးမိခြင်း ပြဿနာဟာ ရှောင်းကျန့်အတွက် အိပ်ရေးပျက်ရတဲ့ အလက်စကာ ညတွေဆီဦးတည်သွားတော့တာပဲ.....။