"ကျတော်ကြယ်လေးတွေကိုချစ်တယ်, ကျတော်အရမ်းစိတ်ညစ်နေတဲ့အချိန်တွေ တစ်ယောက်တည်း ကောင်းကင်
ကြီးကိုမော့ကြည့်ပြီးကြယ်လေးတွေနဲ့စကားပြောတတ်တယ်...ဘေးကမြင်တဲ့သူကတော့ကျတော့ကိုတစ်ယောက်တည်းစကားတွေထိုင်ပြောနေပြီးစိတ်မနှံ့တဲ့သသူလို့ထင်ရင်ထင်မှာပေါ့...ရင်ထဲကခံစားချက်တွေကိုဖွင့်ဟဖို့ယုံကြည်ရမဲ့သူဆိုတာကျတော့မှာမရှိခဲ့ဘူး...ကြယ်လေးတွေကသာကျတော့ရဲ့အကောင်းဆုံးသောအဖော်........"
ကြယ်လေးတွေကိုချစ်တတ်တဲ့ကျတော်" xiao zhan ❤️
"ကျတော်နေထိုင်တာ yun mong ဆိုတဲ့နယ်ဒေသလေးမှာပေါ့ ပါးမားနဲ့ကျတော် မိသားစုသုံးယောက်သာရှိတယ် အော်...ကျတော့ရဲ့မွေးစားသမီးကြောင်ဝက်တုတ်မလေးလဲရှိသေးတယ်ဗျ...ကျတော်က graphic designer နဲ့ဘွဲ့ရပြီးခါစပေါ့......"
အတွေးလေးတွေနယ်ချဲ့နေတုန်းလေးမားကအခန်းတံခါးကိုခေါက်ပြီး "ဒေါက်...ဒေါက်...ဒေါက် xiao zhan သားရေ အိပ်နေလား တနေ့တနေ့အခန်းအောင်းရင်အောင်း မအောင်းရင် တောင်ကုန်းပေါ်သွားလိုက်နဲ့နင်ဟာလေ ဒီလိုပဲနေနေတော့မှာလား"
"ဟာ မား ကလဲဗျာ ဒီလိုမနေလို့သားကဘယ်လိုနေရမှာလဲ မိန်းမယူရမှာလား"
"ဟဲ့.. အလုပ်လေးဘာလေးရှာမယ်မစဉ်းစားဘူး မိန်းမယူဖို့ ဒီခေါင်းထဲကထွက်လာတယ်တော် နင်နော် ငါကြည့်နေတာအကောင်းမအောက်မေ့နဲ့"
"မားကြည့်နေတာပဲ မားပဲပေါ့ အကောင်း လို့မအောက်မေ့ပါဘူး ဟီဟီ😬"
"ကဲ...ဒီကောင်လေးအလကားနေပြောင်ဖို့ပဲတတ်တယ် အလုပ်လေးဘာလေးရှာအုံးလေ zhan zhan ရဲ့ မင်းရဲ့ပါးလဲအသက်ကြီးပြီ သူ့ကိုလဲအနားပေးပါအုံး"
"အွန်းပါ မားရယ် သား အလုပ်လုပ်မှာပါ သားသာ Bei Jing မှာအလုပ်သွားလုပ်မှ မားတို့လွမ်းမနေနဲ့" ဒါကတော့တနေ့တနေ့ မားက ကျတော့ကိုလာလာပြောနေကျစကားပေါ့ဗျာ သူ့သားလေးကိုအလုပ်သိပ်လုပ်စေချင်နေတာ အဲ့ဒါနဲ့ကျတော်လဲ ညစ်ညစ်နဲ့သွားခဲ့တယ် အိမ်သာထဲကိုပါ ဗိုက်နာလာလို့လေ😬😬
ညနေစောင်းတော့ထုံးစံအတိုင်းကျတော့ရဲ့တောင်ကုန်းလေးပေါ်တက်လာခဲ့တယ် ကိုယ်တိုင်လုပ်ထားတဲ့ တဲလေးလဲရှိတယ် ဘယ်သူမှနှောင့်ယှက်လို့မရတဲ့အေးချမ်းတဲ့နေရာလေးပေါ့ တစ်နေ့ဒီနေရာကိုကျတော့ရဲ့ချစ်သူလေးကိုခေါ်ပြမယ်လို့စိတ်ကူးထားတယ် ဟီဟီ 😬 မားပြောသလို အလုပ်အကြောင်းမတွေးဘူးဒါပဲခေါင်းထဲရှိတယ်လို့တော့မပြောပါနဲ့ ကျတော့စိတ်ကူးလေးကိုပြောပြတာ...
နေလဲသိပ်မဝင်သေးတာနဲ့ကျတော့တဲလေးထဲဝင်လာ
လိုက်ပြီး ကွပ်ပြစ်လေးပေါ်လှဲလိုက်ပြီး ခဏအိပ်ပျော်သွားတယ် မိနစ် ၂၀ / ၃၀ လောက်ရှိမယ်ထင်တယ်......."Xiao Zhan...Xiao Zhan... ငါမင်းဆီလာခဲ့မလို့..." ကျတော်လန့်နိုးလာတယ် ဟာဗျာဘယ်လိုကြီးလဲခဏလေးအိပ်ပျော်သွားတာနဲ့ အိပ်မက်တယ်ထင်တာပဲ ဒါမဲ့အပြင်မှာတကယ်လာပြောနေသလိုပဲ ငါယောင်ယမ်းနေတာပဲဖြစ်မှာပါလေဆိုပြီးမေ့မေ့
ပျောက်ပျောက်နေလိုက်တယ် ပြီးတော့ကျတော့ရဲ့ကြယ်လေးတွေကြည့်ဖို့အပြင်ထွက်ခဲ့တယ် မြက်ခင်းလေးပေါ်
ပက်လက်လှန် ကြယ်လေးတွေကြည့်နေတုန်းမှာ ကြယ်ကြွေသွားတယ်ဗျ ကြယ်ကြွေတာတွေ့လို့ဆုတောင်းရင် ဆုတောင်း ပြည့်တယ်ဆိုလို့ ကျတော်ဆုတောင်းလိုက်တယ်
".............. "
--------------------------------------------------------------
ဖတ်ရတာပျင်းစရာများဖြစ်နေလားမသိဘူး 😪😪😪
အခုမှပထမဆုံးရေးတာမို့ ဖတ်လို့မကောင်းမှာလဲဆိုးတယ် rating လေးတေပေးပြီးအားပေးကြပါအုံးနော် 🙄🙄🙄
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Zawgyi
".............. "
--------------------------------------------------------------