ဘယ်သူကပဲ အချစ်ကို ပိုရူးသွပ်ခဲ့ ရူးသွပ်ခဲ့ ။
ဘယ်သူကပဲ ခံစားချက်တွေကို ဖြုန်းတီးခဲ့ ဖြုန်းတီးခဲ့ ။
ဘယ်သူက အချစ်ကို ပိုမရူးသွပ်ခဲ့လို့ အချစ်နဲ့
မထိုက်တန်ဘူးလို့ပဲ ပြော ပြော ။
နာကျင်ခြင်းတွေ အနည်းငယ် အနည်ထိုင်သွားတဲ့
အချိန် ။
နှလုံးသားကို သက်သာစေနိုင်တဲ့ ဆေးတစ်ခွက်အဖြစ်
ချိုမြိန်ခြင်းတို့ တစ်ဖန်ပြန်လာပေးခဲ့ရင်ပဲ လုံလောက်ပါပြီ ။
" အဝတ်အစားလည်းထည့်ပြီးပြီ အနွေးထည် မာဖလာ
သောက်ဆေးတွေလည်း အကုန်လုံးထည့်ပြီးပြီဆိုတော့
ဘာကျန်သေးသလဲ ဘာကျန်သေးလဲ စဉ်းစားစမ်း "
ခရီးဆောင်အိတ်ထဲ ဘတ်ခ်ဟွန်းလိုအပ်မယ့် အသုံး
အဆောင်တချို့ထည့်ပြီး အပျော်ခရီးကိုဘာယူသွားဖို့
ကျန်သေးသလဲဆိုတာကို နားထင်လေးကိုလက်ညှိုး
လေးဖြင့်ထိကပ်ကာ ဂျွန်တစ်ယောက် စဉ်းစားခန်းဖွင့်
နေသည် ။
" ဘာတွေလုပ်နေတာလဲ ဂျွန်လေး "
အသံကြားရာ နောက်ကျောဘက်သို့ ဂျွန်တစ်ယောက်
လှည့်ကြည့်လိုက်တော့ကုတင်ပေါ်တွင်အိပ်မှုန်စုတ်ဖွား
ပုံစံလေးနှင့် ငုတ်တုတ်လေးထိုင်လျက်မပွင့်တပွင့် မျက်
လုံးလေးကို လက်ဖြင့်ပွတ်ပြီးမေးလာသောဘတ်ခ်ဟွန်း
ကို ဂျွန်ပြန်ပြုံးပြလျက် ...
" အပျော်ခရီးထွက်ဖို့အတွက် အစ်ကိုလေးဗြောင်
အတွက် လိုအပ်တာတွေကို ပြင်ဆင်ပြီး ထည့်ပေး
နေတာ အစ်ကိုလေးဗြောင် "
" အပျော်ခရီး ! ဘာအပျော်ခရီးလဲ ? ငါလည်း
အပျော်ခရီးသွားမယ်လို့ မပြောမိပါဘူး ဘယ်သူ
ပြောတာကို မင်းကြားလာခဲ့တာလဲ "
မျက်လုံးတစ်စုံမှာလုံးဝမဖွင့်ရသေး ။ မျက်လုံးကြီး
စုံမှိတ်ကာ ပါပီပေါက်စလေးလိုတအီအီနဲ့အီနေပြီး ။
လည်ပင်းလေးကုတ်လိုက် ခေါင်းလေးကုတ်လိုက်နဲ့
ဘတ်ခ်ဟွန်း တွတ်ပွတွတ်ပွ စကားတွေပြောနေမိစဉ် ..
" ဒါယောင်းပြောတာ "
ရုတ်တရက် သူ့ဘယ်ဘက်နားက ကြားလိုက်ရတဲ့
စကားသံကြောင့် မှိတ်ထားတဲ့ မျက်လုံးကိုပွင့်ရုံမျှ
သာဖွင့်ကြည့်လိုက်မိတော့ သူ့ကုတင်ပေါ်တွင် လှဲ
အိပ်နေသော သူ့ကိုကို ချန်းယောလ်ကိုတွေ့လိုက်
ရတာကြောင့် မျက်လုံးမှေးမှေးလေးတွေမှာတဖြေး
ဖြေး ပြူးကျယ်သွားခဲ့သည် ။
ဒါဆို ခုနက သူဖက်အိပ်နေမိတာက ဟန်နီလေး
အမည်ရှိတဲ့ သူ့ဝက်ဝံအရုပ်လေးမဟုတ်ခဲ့ဘူးပေါ့ ? ။
" ကိုကို ! .. ကိုကိုက ဒီကိုဘယ်လိုလုပ် "
" အစ်ကိုချန်းယောလ်က ခရီးသွားဖို့ဆိုပြီး မနက်
၇နာရီကတည်းကအစ်ကိုလေးဗြောင်ကိုလာပြီးနိုး
နေတာ ဒါပေမဲ့ အစ်ကိုလေးဗြောင်ကအစ်ကိုချန်း
ယောလ်နိုးနေတာကိုမနိုးဘဲ ... အိပ်ချင်မူးတူးနဲ့
အစ်ကိုချန်းယောလ်ကို လှမ်းဆွဲဖက်ပြီး တစ်ချက်
လေးတောင်မလွှတ်ပေးတော့ဘဲ ပြန်အိပ်ပျော်သွား
ခဲ့တယ်လေ အဲ့ဒါကြောင့် အစ်ကိုချန်းယောလ်က
အစ်ကိုလေးဗြောင်ရဲ့ကုတင်ပေါ်ကို ရောက်နေရ
တာ "
ချန်းယောလ် အထူးတလည် ရှင်းပြနေစရာမလို ။
ဘတ်ခ်ဟွန်းခရီးဆောင်အိတ်ထဲက ပစ္စည်းတွေကို
စစ်ရင်း ရှင်းပြသွားသော ဂျွန်ဟာဆိုရင်ဖြင့် မျက်နှာ
ရိပ်မျက်နှာကဲ ဖတ်တတ်ပြီး အရိပ်သုံးပါး နားလည်
ကာ အလိုက်သိပ်သိမှုတို့ကြောင့် ဒါယောင်းနဲ့ ချန်း
ယောလ်တို့၏ အချစ်တော်ဖြစ်လာခဲ့သည်မှာ မထူး
ဆန်းလှပေ ။
" အိပ်ရေးဝပြီလား ဟွန်းငယ် "
ဂျွန်အပြောစကားတို့ကြောင့် ပါးစပ်လေးဟကာ
ဘတ်ခ်ဟွန်းတစ်ယောက် တအံ့တသြဖြစ်နေရာ
မှ ချန်းယောလ် အမေးကိုအူကြောင်ကြောင်လေး
နှင့်သာ ခေါင်းညိတ်ပြမိလိုက်တော့ ။
ရုတ်တရက်ဆန်တဲ့ ချန်းယောလ်ရဲ့ ကောက်ပွေ့ချီမှု
ကြောင့် ဆွေ့ခနဲ လေထဲ မြှောက်တတ်သွားတဲ့ သူ့
ကိုယ်လုံးငယ်လေး ။
ဒီနေ့လည်း သူ့မျက်နှာပူပူနဲ့ပဲ တစ်ကိုယ်ရေသန့်ရှင်း
ရေးကို လုပ်ရဦးမှာပါလား ။
------------------------------------------
" အားလုံး အဆင်သင့်ဖြစ်ပါပြီ မမဒါယောင်း "
အိမ်အပေါ်ထပ်ကနေ ဘတ်ခ်ဟွန်းနဲ့ သူ့ခရီးဆောင်
အိတ်နှစ်အိတ်ကို လက်တစ်ဖက်စီ၌ဆွဲကိုင်ပြီး အိမ်
အောက်ထပ်သို့ဆင်းလာခဲ့ပြီး ဧည့်ခန်းထဲသို့ရောက်
သည်နှင့် လက်ထဲကခရီးဆောင်အိတ်လေးနှစ်အိတ်
ကို အသာချကာ ပြောလာသော ဂျွန်အား ဒါယောင်း
ခေါင်းလေးပြန်ညိတ်ပြလိုက်သည် ။
အမှန်တိုင်းပြောရရင် ဤအပျော်ခရီးသည် ဒါယောင်း
သူမရဲ့သူငယ်ချင်းတစ်စုနှင့်သွားဖို့ လုံးဝ စိတ်မကူးခဲ့
မိဘူး ။ တီလေးနာရာရဲ့တောင်းဆိုမှုကြောင့်သာယခု
ကဲ့သို့ သူမတို့တွေ အပျော်ခရီးထွက်ဖို့ စီစဉ်ခဲ့လိုက်ရ
ခြင်းသာ ဖြစ်သည် ။
တကယ်ဆိုရင် ဘတ်ခ်ဟွန်းအမေဗြောင်မင်ရီ၏
အသည်းကင်ဆာရောဂါ အခြေအနေမှာ တစ်နေ့
တစ်ခြားပိုပိုဆိုးလာတာကြောင့် ဘတ်ခ်ဟွန်းမသိ
အောင် တိတ်တိတ်လေး ဆေးရုံခိုးတတ်နေရပြီ ဖြစ်
သည် ။
အခုလို သူမ၏ ကင်ဆာရောဂါဒဏ်ကို ခံစားနေရတာ
တွေကို သားဖြစ်သော ဘတ်ခ်ဟွန်းကို မတွေ့စေချင်
မသိစေချင် ဝမ်းမနည်းစေချင်တဲ့ မင်ရီရဲ့တောင်းဆိုမှု
ကြောင့် နာရာအပါအဝင်ဒါယောင်းနှင့်ချန်းယောလ်တို့
မှာ အခုလိုဝိုင်းဖုံးဖိပြီးလိမ်ထားပေးနေမိကြခြင်းသာဖြစ်
သည် ။
ဒါ့အပြင် အမေဖြစ်သူ၏အကြောင်းကိုသိရပြီး မွေးရာပါ
နှလုံးရောဂါသည်ဖြစ်သော ဘတ်ခ်ဟွန်း တစ်ယောက်
ရှော့ရပြီးနေမကောင်းပြန်ဖြစ်သွားမှာစိုးတာကြောင့်လည်း
ပါသည် ။
အခုတလော ဘတ်ခ်ဟွန်း၏နှလုံးရောဂါသည် သိသိ
သာသာကြီးကိုသက်သာပြီး အရင်ကထက်ပိုပြီးအများ
ကြီးကို ကောင်းလာသည် ။
လက်ကောက်ဝတ်က နာရီလေးရဲ့အချက်ပြသံလေးမှာ
လည်း မကြားရတာ ကြာသလောက်ကို ဖြစ်လာခဲ့သည် ။
ထို့ကြောင့် အခုချိန်မှာ ဒါယောင်းတို့လုပ်ရမည့် အရာ
သည် တစ်ခုတည်းပဲ ။ အဲ့ဒါဘာလဲဆိုတော့ ။ ဘတ်ခ်
ဟွန်းစိတ်ကိုအတက်နိုင်ဆုံး ပျော်အောင်ထားပေးဖို့ပဲ ။
* Phone Ringtone *
ဘောင်းဘီအနောက်အိတ်ကပ် မြည်နေသောဖုန်းကို
ဒါယောင်း ထုတ်ယူပြီးဝင်လာသောအဝင်ဖုန်းကိုလက်
ခံလိုက်ပြီးဖုန်းလေးကိုနားအနားသို့ကပ်လိုက်သည် ။
" ဟုတ်ကဲ့ တီလေးနာရာ "
" ............ "
" တီလေးနာရာပြောသလို ဒါယောင်းတို့ အကုန်
စီစဉ်ပြီးပြီရယ် "
" ............. "
" စိတ်ချပါ တီလေးနာရာ ဒါယောင်းတို့နဲ့အတူလုဟန်
ပါပါတယ် တီလေးနာရာ ဟူးဟူးလေးအတွက်စိတ်သာ
ချ ဒါယောင်းတစ်ယောက်လုံးရှိတယ် "
" ............... "
" ဟုတ်ကဲ့ တီလေးနာရာ .. ဒါနဲ့ တီလေးနာရာ
ဒေါ်လေးမင်ရီ ဘယ်လိုနေသေးလဲ ဟင် သက်
ရောသာရဲ့လား "
" .............. "
" ဟုတ်ကဲ့ တီလေးနာရာ "
ကျသွားတဲ့ ဖုန်းမျက်နှာပြင်လေးကို စိုက်ကြည့်ရင်း
ဒါယောင်း သက်ပြင်းရှည်ရှည်လေး တစ်ချက်ချမိ
သည် ။
ဒီတစ်ခေါက် သူမထွက်ရမယ့် အပျော်ခရီးက စိတ်
လေးလံမှုတွေနဲ့အတူထွက်ရမယ့် အပျော်ခရီးဖြစ်ပြီး
ထိုအပျော်ခရီး၏ နောက်ကွယ်တွင်ရှိနေသော အချိန်
အခါကို အသင့်စောင့်ကြိုနေတဲ့ ဝမ်းနည်းခြင်းတွေ ။
တစ်နေ့ ။ သူမသိပ်ချစ်ရတဲ့ ဘတ်ခ်ဟွန်းကို လွဲပေးရ
မယ့်အကြောင်းကို သူမတွေးမိလေလေ စိတ်မကောင်း
ဖြစ်ရလေလေပင် ဖြစ်၏ ။
------------------------------------------
" ဟူးဟူးလေးနဲ့ ဂျုံအင်နီးလေး .. ဂျောင်ဆူးနဲ့ လုဟန်
တို့က နှစ်ယောက်အိပ်အခန်းတစ်ခန်းဆီ ချန်းယောလ်
ဂျွန်လေးနဲ့ ဆယ်ဟွန်းတို့ကတော့ သုံးယောက်အိပ်တစ်
ခန်း .. ကဲ .. ရော့ အခန်းသော့တွေ ကိုယ့်အခန်းထဲမှာ
ခရီးဆောင်အိတ်တွေထားပြီး ပြန်ထွက်လာခဲ့ကြ ငါတို့
ဒီမြို့မှာနာမည်ကြီးနေတဲ့ညဈေးတန်းကို သွားလျှောက်
ကြည့်ကြမယ် "
" ဟုတ်ကဲ့ မမဒါယောင်း "
ဟိုတယ်မှာဘိုကင်ကြိုလုပ်ထားတဲ့ အခန်းသော့တွေ
ကို ကမ်းပေးပြီး လက်ကလေး ပိုက်ကာ ပြောလိုက်
သော ဒါယောင်းစကားအား အားတက်သရောပြန်ဖြေ
ပေးသူမှာ ဂျွန်တစ်ယောက်တည်းသာဖြစ်ပြီး ။ ဂျုံအင်တို့
ဆယ်ဟွန်းတို့မှာတော့ သူတို့ချစ်ချစ်တွေနှင့်အတူတစ်
ခန်းတည်းမနေရလို့ ဆူပုတ်နေလေသည် ။
" နီနီ "
" ဟင် ! ပြောလေ ဟွန်း "
ကုတင်ပေါ်ငုတ်တုတ်လေးထိုင်ပြီးလှမ်းခေါ်လာသော
ဘတ်ခ်ဟွန်းကို ဂျုံအင် ဆံပင်ပုံဖော်ရင်း ပြန်ထူးလိုက်
သည် ။
" မမဒါယောင်းကိုပြောပေးပါလား ငါညဈေးတန်းကို
မလိုက်တော့ဘူးလို့ "
ဘတ်ခ်ဟွန်းပြောစကားလေးအဆုံး ဂျုံအင် ဆံပင်ပုံဖော်
နေတာကိုရပ်လျက်ကျောပေးရာအရပ်တွင်ရှိသောဘတ်ခ်
ဟွန်းကိုပြန်လှည့်ကြည့်ပြီး ...
" ဘာလို့လဲ ဟွန်းရဲ့ "
" ဒီအတိုင်း ညဈေးတန်းဆိုတော့လူတွေများမယ်ပုံနဲ့မို့ "
လူအတော်စည်သည့် ဒေသခံညဈေးတန်းကို ဂျုံအင်
တို့နှင့်အတူ ဝှီးချဲနဲ့သွားဖို့အတွက် သိပ်အဆင်မပြေ
လှ ။
သိတဲ့အတိုင်း ညဈေးတန်း လျှောက်တယ်ဆိုတာ
အပျော်အနေနဲ့ ဖြစ်ပေမယ့် ။ သူ့အတွက်ကြောင့်
နှင့် သူများတွေအပြည့်အဝမပျော်ရဘဲ ။ အလုပ်
အပိုရှုပ်နေကြရမှာကို ဘတ်ခ်ဟွန်း မလိုလားပေ ။
ထို့ကြောင့် ဟိုတယ်မှာပဲ သူတစ်ယောက်တည်း
ကျန်နေရစ်ခဲ့ဖို့ ဆုံးဖြတ်လိုက်မိခြင်းသာဖြစ်သည် ။
" ညဈေးတန်းပဲ ဟွန်းရယ် .. လူများတာအဆန်းလား
နောက်ပြီး ဟိုတယ်မှာ မင်းကိုတစ်ယောက်တည်းထား
ခဲ့ရမှာလည်း ငါစိတ်မချနိုင်ပါဘူး .. မရဘူးနော် ဟွန်း
မင်းငါတို့နဲ့ညဈေးတန်းကိုလိုက်ကိုလိုက်ခဲ့ရမယ် ဒါပဲ "
" ဒါပေမဲ့ နီနီ .... "
* ဒေါက် .. ဒေါက် *
ရုတ်တရက်ထွက်လာသော အခန်းအပြင်ကနေ တံခါး
လာခေါက်တဲ့အသံကြောင့်ပြောဖို့ ရည်ရွယ်ထားသော
စကားများ ပျောက်ရှသွားခဲ့ရပြီး ။ တစ်ဆက်တည်းမှာပင်
တံခါးဖွင့်သံကိုပါထပ်ဆင့်ကြလိုက်ရတာကြောင့် ဘတ်ခ်
ဟွန်း အခန်းဝဘက်ကို တစ်ချက်အကြည့်ပို့လိုက်မိသည် ။
တီရှပ်အင်္ကျီလက်တို အဖြူလေးနှင့် ဂျင်းဘောင်းဘီ
အပြာလေးကိုတွဲဖက်ဝတ်ဆင်ထားပြီး ရိုးရိုးလေးနှင့်
ကြည့်ကောင်းနေသော သူ့ရဲ့ကိုကို ချန်းယောလ်မှာ
သူ့ကိုကြည့်နေရာမှ သူ့ဘေးတွင်ရှိသောဂျုံအင်ဆီသို့
အကြည့်လွဲလျက် ...
" ပြင်လို့ပြီးပြီးလား ညီ .. အပြင်မှ ညီကို ဂျောင်ဆူး
စောင့်နေတယ် "
" ပြီးပြီ ကိုကြီးပတ် .. ဟွန်းကို ကိုကြီးပတ်ဆီအပ်
ထားခဲ့ပြီ .. ညီသွားပြီ bye bye ဟွန်း "
" ရား ! .. နီနီ !! "
သူ့နာမည်ကိုအော်ခေါ်နေသော ဘတ်ခ်ဟွန်းအား ဂျုံအင်
ပြန်မဖြေပေးနိုင်တော့ ။ သူ့အစ်ကို ချန်းယောလ် လက်ထဲ
ဘတ်ခ်ဟွန်းကိုအပ်ထားခဲ့ပြီး သူ့ချစ်ချစ် ဂျောင်ဆူးဆီသို့
သာ အမြန်ပြေးထွက်သွားခဲ့သည် ။
အနောက်တွင်တော့ ပြေးထွက်သွားခဲ့သော ဂျုံအင်၏
ကျောပြင်လေးကိုတစ်ချက်ကြည့်ပြီးဘတ်ခ်ဟွန်းဘက်
သို့ မျက်နှာပြန်မူကာဘတ်ခ်ဟွန်းထိုင်နေသောကုတင်
အနားသို့ ချန်းယောလ် လျှောက်လာခဲ့သည် ။
ကုတင်လေးအနားသို့ရောက်သည်နှင့် ဘတ်ခ်ဟွန်း
ကို ကျောပေးပြီး မုဆိုးဒူးထောက်ထိုင်ချလိုက်ကာ ...
" တက် "
တိုပြတ်ပြတ်စကားတစ်ခွန်းသာဆိုလိုက်သောချန်းယောလ်
၏ကျောပြင်ကို ဘတ်ခ်ဟွန်း စိုက်ကြည့်ရင်း မျက်လုံးလေး
ပေကလည် ပေကလည်နှင့် ကြောင်အရပြန်သည် ။
" ကိုကို ! "
တက်လို့ပြောနေတာကို ကျောပေါ်သို့မတက် ။ မျက်လုံး
ဝိုင်းဝိုင်းလေးတွေနှင့် ကုတင်ထက်ငုတ်တုတ်လေးထိုင်ပြီး
အူကြောင်ကြောင်လေးလုပ်နေသော ဘတ်ခ်ဟွန်း၏လက်
ကလေး တစ်ဖက်ကို ချန်းယောလ်တစ်ချက်လှမ်းဆွဲလိုက်
တော့ ။ သူ့အလိုလိုကျောပြင်ပေါ်သို့ပြိုကျလာသော ကိုယ်
လုံးငယ်လေးနှင့်အတူ ထွက်ပေါ်လာတဲ့ အာမေဋိတ် အသံ
သေးသေးလေး ။
မာကျောနေသော ရေခဲကျောက်နှလုံးသားကို တဖြေးဖြေး
ချင်း အရည်ပျော်စေသား ။
" ကိုကို ခဏ "
ပေါ့ပေါ့ပါးပါး ဘတ်ခ်ဟွန်းကိုယ်လုံးလေးကိုကျောပိုးကာ
အခန်းထဲကထွက်ဖို့အလုပ် ။ ရုတ်တရက် ဟန့်တားမှုဆို
လာသော ဘတ်ခ်ဟွန်း၏မျက်နှာလေးကို သူခေါင်းလေး
တစ်ချက်စောင်းကာငဲ့ကြည့်ပြီး ...
" ဘာယူဖို့ကျန်သေးလို့လဲ "
" ဝှီး .. ဝှီးချဲ .. မယူတော့ဘူးလား ? "
" မယူတော့ဘူး ဒီည သူ့ကို ကိုယ်အနားပေးထားတယ် "
အနားပေးထားတာ ! ။ ဘာအဓိပ္ပါယ်ပါလိမ့် ? ။
ကျောင်းစာဘက်တွင် ဉာဏ်ကောင်းသလောက် ချန်း
ယောလ်ပြောစကားတွေကိုအတော်နှင့်ဉာဏ်ရည်လိုက်
မမှီတဲ့ ဘတ်ခ်ဟွန်း ။ ထုံးစံအတိုင်း ။ အရင်လိုပါပဲ ။
ချန်းယောလ်အနောက်ကို ကြောင်တောင်တောင်လေး
ပါသွားခဲ့ရပြန်လေသည် ။
------------------------------------------
ဆက်ရန် ...
6.2.2020
REN JO JO
------------------------------------------
ဘယ္သူကပဲ အခ်စ္ကို ပို႐ူးသြပ္ခဲ့ ႐ူးသြပ္ခဲ့ ။
ဘယ္သူကပဲ ခံစားခ်က္ေတြကို ျဖဳန္းတီးခဲ့ ျဖဳန္းတီးခဲ့ ။
ဘယ္သူက အခ်စ္ကို ပိုမ႐ူးသြပ္ခဲ့လို႔ အခ်စ္နဲ႕
မထိုက္တန္ဘူးလို႔ပဲ ေျပာ ေျပာ ။
နာက်င္ျခင္းေတြ အနည္းငယ္ အနည္ထိုင္သြားတဲ့
အခ်ိန္ ။
ႏွလုံးသားကို သက္သာေစနိုင္တဲ့ ေဆးတစ္ခြက္အျဖစ္
ခ်ိဳၿမိန္ျခင္းတို႔ တစ္ဖန္ျပန္လာေပးခဲ့ရင္ပဲ လုံေလာက္ပါၿပီ ။
" အဝတ္အစားလည္းထည့္ၿပီးၿပီ အႏြေးထည္ မာဖလာ
ေသာက္ေဆးေတြလည္း အကုန္လုံးထည့္ၿပီးၿပီဆိုေတာ့
ဘာက်န္ေသးသလဲ ဘာက်န္ေသးလဲ စဥ္းစားစမ္း "
ခရီးေဆာင္အိတ္ထဲ ဘတ္ခ္ဟြန္းလိုအပ္မယ့္ အသုံး
အေဆာင္တခ်ိဳ႕ထည့္ၿပီး အေပ်ာ္ခရီးကိုဘာယူသြားဖို႔
က်န္ေသးသလဲဆိုတာကို နားထင္ေလးကိုလက္ညွိုး
ေလးျဖင့္ထိကပ္ကာ ဂြၽန္တစ္ေယာက္ စဥ္းစားခန္းဖြင့္
ေနသည္ ။
" ဘာေတြလုပ္ေနတာလဲ ဂြၽန္ေလး "
အသံၾကားရာ ေနာက္ေက်ာဘက္သို႔ ဂြၽန္တစ္ေယာက္
လွည့္ၾကည့္လိုက္ေတာ့ကုတင္ေပၚတြင္အိပ္မႈန္စုတ္ဖြား
ပုံစံေလးႏွင့္ ငုတ္တုတ္ေလးထိုင္လ်က္မပြင့္တပြင့္ မ်က္
လုံးေလးကို လက္ျဖင့္ပြတ္ၿပီးေမးလာေသာဘတ္ခ္ဟြန္း
ကို ဂြၽန္ျပန္ၿပဳံးျပလ်က္ ...
" အေပ်ာ္ခရီးထြက္ဖို႔အတြက္ အစ္ကိုေလးေျဗာင္
အတြက္ လိုအပ္တာေတြကို ျပင္ဆင္ၿပီး ထည့္ေပး
ေနတာ အစ္ကိုေလးေျဗာင္ "
" အေပ်ာ္ခရီး ! ဘာအေပ်ာ္ခရီးလဲ ? ငါလည္း
အေပ်ာ္ခရီးသြားမယ္လို႔ မေျပာမိပါဘူး ဘယ္သူ
ေျပာတာကို မင္းၾကားလာခဲ့တာလဲ "
မ်က္လုံးတစ္စုံမွာလုံးဝမဖြင့္ရေသး ။ မ်က္လုံးႀကီး
စုံမွိတ္ကာ ပါပီေပါက္စေလးလိုတအီအီနဲ႕အီေနၿပီး ။
လည္ပင္းေလးကုတ္လိုက္ ေခါင္းေလးကုတ္လိုက္နဲ႕
ဘတ္ခ္ဟြန္း တြတ္ပြတြတ္ပြ စကားေတြေျပာေနမိစဥ္ ..
" ဒါေယာင္းေျပာတာ "
႐ုတ္တရက္ သူ႕ဘယ္ဘက္နားက ၾကားလိုက္ရတဲ့
စကားသံေၾကာင့္ မွိတ္ထားတဲ့ မ်က္လုံးကိုပြင့္႐ုံမွ်
သာဖြင့္ၾကည့္လိုက္မိေတာ့ သူ႕ကုတင္ေပၚတြင္ လွဲ
အိပ္ေနေသာ သူ႕ကိုကို ခ်န္းေယာလ္ကိုေတြ႕လိုက္
ရတာေၾကာင့္ မ်က္လုံးေမွးေမွးေလးေတြမွာတေျဖး
ေျဖး ျပဴးက်ယ္သြားခဲ့သည္ ။
ဒါဆို ခုနက သူဖက္အိပ္ေနမိတာက ဟန္နီေလး
အမည္ရွိတဲ့ သူ႕ဝက္ဝံအ႐ုပ္ေလးမဟုတ္ခဲ့ဘူးေပါ့ ? ။
" ကိုကို ! .. ကိုကိုက ဒီကိုဘယ္လိုလုပ္ "
" အစ္ကိုခ်န္းေယာလ္က ခရီးသြားဖို႔ဆိုၿပီး မနက္
၇နာရီကတည်းကအစ်ကိုလေးဗြောင်ကိုလာပြီးနိုး
ေနတာ ဒါေပမဲ့ အစ္ကိုေလးေျဗာင္ကအစ္ကိုခ်န္း
ေယာလ္နိုးေနတာကိုမနိုးဘဲ ... အိပ္ခ်င္မူးတူးနဲ႕
အစ္ကိုခ်န္းေယာလ္ကို လွမ္းဆြဲဖက္ၿပီး တစ္ခ်က္
ေလးေတာင္မလႊတ္ေပးေတာ့ဘဲ ျပန္အိပ္ေပ်ာ္သြား
ခဲ့တယ္ေလ အဲ့ဒါေၾကာင့္ အစ္ကိုခ်န္းေယာလ္က
အစ္ကိုေလးေျဗာင္ရဲ႕ကုတင္ေပၚကို ေရာက္ေနရ
တာ "
ခ်န္းေယာလ္ အထူးတလည္ ရွင္းျပေနစရာမလို ။
ဘတ္ခ္ဟြန္းခရီးေဆာင္အိတ္ထဲက ပစၥည္းေတြကို
စစ္ရင္း ရွင္းျပသြားေသာ ဂြၽန္ဟာဆိုရင္ျဖင့္ မ်က္ႏွာ
ရိပ္မ်က္ႏွာကဲ ဖတ္တတ္ၿပီး အရိပ္သုံးပါး နားလည္
ကာ အလိုက္သိပ္သိမႈတို႔ေၾကာင့္ ဒါေယာင္းနဲ႕ ခ်န္း
ေယာလ္တို႔၏ အခ်စ္ေတာ္ျဖစ္လာခဲ့သည္မွာ မထူး
ဆန္းလွေပ ။
" အိပ္ေရးဝၿပီလား ဟြန္းငယ္ "
ဂြၽန္အေျပာစကားတို႔ေၾကာင့္ ပါးစပ္ေလးဟကာ
ဘတ္ခ္ဟြန္းတစ္ေယာက္ တအံ့တၾသျဖစ္ေနရာ
မွ ခ်န္းေယာလ္ အေမးကိုအူေၾကာင္ေၾကာင္ေလး
ႏွင့္သာ ေခါင္းညိတ္ျပမိလိုက္ေတာ့ ။
႐ုတ္တရက္ဆန္တဲ့ ခ်န္းေယာလ္ရဲ႕ ေကာက္ေပြ႕ခ်ီမႈ
ေၾကာင့္ ေဆြ႕ခနဲ ေလထဲ ျမႇောက္တတ္သြားတဲ့ သူ႕
ကိုယ္လုံးငယ္ေလး ။
ဒီေန႕လည္း သူ႕မ်က္ႏွာပူပူနဲ႕ပဲ တစ္ကိုယ္ေရသန့္ရွင္း
ေရးကို လုပ္ရဦးမွာပါလား ။
------------------------------------------
" အားလုံး အဆင္သင့္ျဖစ္ပါၿပီ မမဒါေယာင္း "
အိမ္အေပၚထပ္ကေန ဘတ္ခ္ဟြန္းနဲ႕ သူ႕ခရီးေဆာင္
အိတ္ႏွစ္အိတ္ကို လက္တစ္ဖက္စီ၌ဆြဲကိုင္ၿပီး အိမ္
ေအာက္ထပ္သို႔ဆင္းလာခဲ့ၿပီး ဧည့္ခန္းထဲသို႔ေရာက္
သည္ႏွင့္ လက္ထဲကခရီးေဆာင္အိတ္ေလးႏွစ္အိတ္
ကို အသာခ်ကာ ေျပာလာေသာ ဂြၽန္အား ဒါေယာင္း
ေခါင္းေလးျပန္ညိတ္ျပလိုက္သည္ ။
အမွန္တိုင္းေျပာရရင္ ဤအေပ်ာ္ခရီးသည္ ဒါေယာင္း
သူမရဲ႕သူငယ္ခ်င္းတစ္စုႏွင့္သြားဖို႔ လုံးဝ စိတ္မကူးခဲ့
မိဘူး ။ တီေလးနာရာရဲ႕ေတာင္းဆိုမႈေၾကာင့္သာယခု
ကဲ့သို႔ သူမတို႔ေတြ အေပ်ာ္ခရီးထြက္ဖို႔ စီစဥ္ခဲ့လိုက္ရ
ျခင္းသာ ျဖစ္သည္ ။
တကယ္ဆိုရင္ ဘတ္ခ္ဟြန္းအေမေျဗာင္မင္ရီ၏
အသည္းကင္ဆာေရာဂါ အေျခအေနမွာ တစ္ေန႕
တစ္ျခားပိုပိုဆိုးလာတာေၾကာင့္ ဘတ္ခ္ဟြန္းမသိ
ေအာင္ တိတ္တိတ္ေလး ေဆး႐ုံခိုးတတ္ေနရၿပီ ျဖစ္
သည္ ။
အခုလို သူမ၏ ကင္ဆာေရာဂါဒဏ္ကို ခံစားေနရတာ
ေတြကို သားျဖစ္ေသာ ဘတ္ခ္ဟြန္းကို မေတြ႕ေစခ်င္
မသိေစခ်င္ ဝမ္းမနည္းေစခ်င္တဲ့ မင္ရီရဲ႕ေတာင္းဆိုမႈ
ေၾကာင့္ နာရာအပါအဝင္ဒါေယာင္းႏွင့္ခ်န္းေယာလ္တို႔
မွာ အခုလိုဝိုင္းဖုံးဖိၿပီးလိမ္ထားေပးေနမိၾကျခင္းသာျဖစ္
သည္ ။
ဒါ့အျပင္ အေမျဖစ္သူ၏အေၾကာင္းကိုသိရၿပီး ေမြးရာပါ
ႏွလုံးေရာဂါသည္ျဖစ္ေသာ ဘတ္ခ္ဟြန္း တစ္ေယာက္
ေရွာ့ရၿပီးေနမေကာင္းျပန္ျဖစ္သြားမွာစိုးတာေၾကာင့္လည္း
ပါသည္ ။
အခုတေလာ ဘတ္ခ္ဟြန္း၏ႏွလုံးေရာဂါသည္ သိသိ
သာသာႀကီးကိုသက္သာၿပီး အရင္ကထက္ပိုၿပီးအမ်ား
ႀကီးကို ေကာင္းလာသည္ ။
လက္ေကာက္ဝတ္က နာရီေလးရဲ႕အခ်က္ျပသံေလးမွာ
လည္း မၾကားရတာ ၾကာသေလာက္ကို ျဖစ္လာခဲ့သည္ ။
ထို႔ေၾကာင့္ အခုခ်ိန္မွာ ဒါေယာင္းတို႔လုပ္ရမည့္ အရာ
သည္ တစ္ခုတည္းပဲ ။ အဲ့ဒါဘာလဲဆိုေတာ့ ။ ဘတ္ခ္
ဟြန္းစိတ္ကိုအတက္နိုင္ဆုံး ေပ်ာ္ေအာင္ထားေပးဖို႔ပဲ ။
* Phone Ringtone *
ေဘာင္းဘီအေနာက္အိတ္ကပ္ ျမည္ေနေသာဖုန္းကို
ဒါေယာင္း ထုတ္ယူၿပီးဝင္လာေသာအဝင္ဖုန္းကိုလက္
ခံလိုက္ၿပီးဖုန္းေလးကိုနားအနားသို႔ကပ္လိုက္သည္ ။
" ဟုတ္ကဲ့ တီေလးနာရာ "
" ............ "
" တီေလးနာရာေျပာသလို ဒါေယာင္းတို႔ အကုန္
စီစဥ္ၿပီးၿပီရယ္ "
" ............. "
" စိတ္ခ်ပါ တီေလးနာရာ ဒါေယာင္းတို႔နဲ႕အတူလုဟန္
ပါပါတယ္ တီေလးနာရာ ဟူးဟူးေလးအတြက္စိတ္သာ
ခ် ဒါေယာင္းတစ္ေယာက္လုံးရွိတယ္ "
" ............... "
" ဟုတ္ကဲ့ တီေလးနာရာ .. ဒါနဲ႕ တီေလးနာရာ
ေဒၚေလးမင္ရီ ဘယ္လိုေနေသးလဲ ဟင္ သက္
ေရာသာရဲ႕လား "
" .............. "
" ဟုတ္ကဲ့ တီေလးနာရာ "
က်သြားတဲ့ ဖုန္းမ်က္ႏွာျပင္ေလးကို စိုက္ၾကည့္ရင္း
ဒါေယာင္း သက္ျပင္းရွည္ရွည္ေလး တစ္ခ်က္ခ်မိ
သည္ ။
ဒီတစ္ေခါက္ သူမထြက္ရမယ့္ အေပ်ာ္ခရီးက စိတ္
ေလးလံမႈေတြနဲ႕အတူထြက္ရမယ့္ အေပ်ာ္ခရီးျဖစ္ၿပီး
ထိုအေပ်ာ္ခရီး၏ ေနာက္ကြယ္တြင္ရွိေနေသာ အခ်ိန္
အခါကို အသင့္ေစာင့္ႀကိဳေနတဲ့ ဝမ္းနည္းျခင္းေတြ ။
တစ္ေန႕ ။ သူမသိပ္ခ်စ္ရတဲ့ ဘတ္ခ္ဟြန္းကို လြဲေပးရ
မယ့္အေၾကာင္းကို သူမေတြးမိေလေလ စိတ္မေကာင္း
ျဖစ္ရေလေလပင္ ျဖစ္၏ ။
------------------------------------------
" ဟူးဟူးေလးနဲ႕ ဂ်ဳံအင္နီးေလး .. ေဂ်ာင္ဆူးနဲ႕ လုဟန္
တို႔က ႏွစ္ေယာက္အိပ္အခန္းတစ္ခန္းဆီ ခ်န္းေယာလ္
ဂြၽန္ေလးနဲ႕ ဆယ္ဟြန္းတို႔ကေတာ့ သုံးေယာက္အိပ္တစ္
ခန္း .. ကဲ .. ေရာ့ အခန္းေသာ့ေတြ ကိုယ့္အခန္းထဲမွာ
ခရီးေဆာင္အိတ္ေတြထားၿပီး ျပန္ထြက္လာခဲ့ၾက ငါတို႔
ဒီၿမိဳ႕မွာနာမည္ႀကီးေနတဲ့ညေဈးတန္းကို သြားေလွ်ာက္
ၾကည့္ၾကမယ္ "
" ဟုတ္ကဲ့ မမဒါေယာင္း "
ဟိုတယ္မွာဘိုကင္ႀကိဳလုပ္ထားတဲ့ အခန္းေသာ့ေတြ
ကို ကမ္းေပးၿပီး လက္ကေလး ပိုက္ကာ ေျပာလိုက္
ေသာ ဒါေယာင္းစကားအား အားတက္သေရာျပန္ေျဖ
ေပးသူမွာ ဂြၽန္တစ္ေယာက္တည္းသာျဖစ္ၿပီး ။ ဂ်ဳံအင္တို႔
ဆယ္ဟြန္းတို႔မွာေတာ့ သူတို႔ခ်စ္ခ်စ္ေတြႏွင့္အတူတစ္
ခန္းတည္းမေနရလို႔ ဆူပုတ္ေနေလသည္ ။
" နီနီ "
" ဟင္ ! ေျပာေလ ဟြန္း "
ကုတင္ေပၚငုတ္တုတ္ေလးထိုင္ၿပီးလွမ္းေခၚလာေသာ
ဘတ္ခ္ဟြန္းကို ဂ်ဳံအင္ ဆံပင္ပုံေဖာ္ရင္း ျပန္ထူးလိုက္
သည္ ။
" မမဒါေယာင္းကိုေျပာေပးပါလား ငါညေဈးတန္းကို
မလိုက္ေတာ့ဘူးလို႔ "
ဘတ္ခ္ဟြန္းေျပာစကားေလးအဆုံး ဂ်ဳံအင္ ဆံပင္ပုံေဖာ္
ေနတာကိုရပ္လ်က္ေက်ာေပးရာအရပ္တြင္ရွိေသာဘတ္ခ္
ဟြန္းကိုျပန္လွည့္ၾကည့္ၿပီး ...
" ဘာလို႔လဲ ဟြန္းရဲ႕ "
" ဒီအတိုင္း ညေဈးတန္းဆိုေတာ့လူေတြမ်ားမယ္ပုံနဲ႕မို႔ "
လူအေတာ္စည္သည့္ ေဒသခံညေဈးတန္းကို ဂ်ဳံအင္
တို႔ႏွင့္အတူ ဝွီးခ်ဲနဲ႕သြားဖို႔အတြက္ သိပ္အဆင္မေျပ
လွ ။
သိတဲ့အတိုင္း ညေဈးတန္း ေလွ်ာက္တယ္ဆိုတာ
အေပ်ာ္အေနနဲ႕ ျဖစ္ေပမယ့္ ။ သူ႕အတြက္ေၾကာင့္
ႏွင့္ သူမ်ားေတြအျပည့္အဝမေပ်ာ္ရဘဲ ။ အလုပ္
အပိုရႈပ္ေနၾကရမွာကို ဘတ္ခ္ဟြန္း မလိုလားေပ ။
ထို႔ေၾကာင့္ ဟိုတယ္မွာပဲ သူတစ္ေယာက္တည္း
က်န္ေနရစ္ခဲ့ဖို႔ ဆုံးျဖတ္လိုက္မိျခင္းသာျဖစ္သည္ ။
" ညေဈးတန္းပဲ ဟြန္းရယ္ .. လူမ်ားတာအဆန္းလား
ေနာက္ၿပီး ဟိုတယ္မွာ မင္းကိုတစ္ေယာက္တည္းထား
ခဲ့ရမွာလည္း ငါစိတ္မခ်နိဳင္ပါဘူး .. မရဘူးေနာ္ ဟြန္း
မင္းငါတို႔နဲ႕ညေဈးတန္းကိုလိုက္ကိုလိုက္ခဲ့ရမယ္ ဒါပဲ "
" ဒါေပမဲ့ နီနီ .... "
* ေဒါက္ .. ေဒါက္ *
႐ုတ္တရက္ထြက္လာေသာ အခန္းအျပင္ကေန တံခါး
လာေခါက္တဲ့အသံေၾကာင့္ေျပာဖို႔ ရည္႐ြယ္ထားေသာ
စကားမ်ား ေပ်ာက္ရွသြားခဲ့ရၿပီး ။ တစ္ဆက္တည္းမွာပင္
တံခါးဖြင့္သံကိုပါထပ္ဆင့္ၾကလိုက္ရတာေၾကာင့္ ဘတ္ခ္
ဟြန္း အခန္းဝဘက္ကို တစ္ခ်က္အၾကည့္ပို႔လိုက္မိသည္ ။
တီရွပ္အကၤ်ီလက္တို အျဖဴေလးႏွင့္ ဂ်င္းေဘာင္းဘီ
အျပာေလးကိုတြဲဖက္ဝတ္ဆင္ထားၿပီး ရိုးရိုးေလးႏွင့္
ၾကည့္ေကာင္းေနေသာ သူ႕ရဲ႕ကိုကို ခ်န္းေယာလ္မွာ
သူ႕ကိုၾကည့္ေနရာမွ သူ႕ေဘးတြင္ရွိေသာဂ်ဳံအင္ဆီသို႔
အၾကည့္လြဲလ်က္ ...
" ျပင္လို႔ၿပီးၿပီးလား ညီ .. အျပင္မွ ညီကို ေဂ်ာင္ဆူး
ေစာင့္ေနတယ္ "
" ၿပီးၿပီ ကိုႀကီးပတ္ .. ဟြန္းကို ကိုႀကီးပတ္ဆီအပ္
ထားခဲ့ၿပီ .. ညီသြားၿပီ bye bye ဟြန္း "
" ရား ! .. နီနီ !! "
သူ႕နာမည္ကိုေအာ္ေခၚေနေသာ ဘတ္ခ္ဟြန္းအား ဂ်ဳံအင္
ျပန္မေျဖေပးနိုင္ေတာ့ ။ သူ႕အစ္ကို ခ်န္းေယာလ္ လက္ထဲ
ဘတ္ခ္ဟြန္းကိုအပ္ထားခဲ့ၿပီး သူ႕ခ်စ္ခ်စ္ ေဂ်ာင္ဆူးဆီသို႔
သာ အျမန္ေျပးထြက္သြားခဲ့သည္ ။
အေနာက္တြင္ေတာ့ ေျပးထြက္သြားခဲ့ေသာ ဂ်ဳံအင္၏
ေက်ာျပင္ေလးကိုတစ္ခ်က္ၾကည့္ၿပီးဘတ္ခ္ဟြန္းဘက္
သို႔ မ်က္ႏွာျပန္မူကာဘတ္ခ္ဟြန္းထိုင္ေနေသာကုတင္
အနားသို႔ ခ်န္းေယာလ္ ေလွ်ာက္လာခဲ့သည္ ။
ကုတင္ေလးအနားသို႔ေရာက္သည္ႏွင့္ ဘတ္ခ္ဟြန္း
ကို ေက်ာေပးၿပီး မုဆိုးဒူးေထာက္ထိုင္ခ်လိဳက္ကာ ...
" တက္ "
တိုျပတ္ျပတ္စကားတစ္ခြန္းသာဆိုလိုက္ေသာခ်န္းေယာလ္
၏ေက်ာျပင္ကို ဘတ္ခ္ဟြန္း စိုက္ၾကည့္ရင္း မ်က္လုံးေလး
ေပကလည္ ေပကလည္ႏွင့္ ေၾကာင္အရျပန္သည္ ။
" ကိုကို ! "
တက္လို႔ေျပာေနတာကို ေက်ာေပၚသို႔မတက္ ။ မ်က္လုံး
ဝိုင္းဝိုင္းေလးေတြႏွင့္ ကုတင္ထက္ငုတ္တုတ္ေလးထိုင္ၿပီး
အူေၾကာင္ေၾကာင္ေလးလုပ္ေနေသာ ဘတ္ခ္ဟြန္း၏လက္
ကေလး တစ္ဖက္ကို ခ်န္းေယာလ္တစ္ခ်က္လွမ္းဆြဲလိုက္
ေတာ့ ။ သူ႕အလိုလိုေက်ာျပင္ေပၚသို႔ၿပိဳက်လာေသာ ကိုယ္
လုံးငယ္ေလးႏွင့္အတူ ထြက္ေပၚလာတဲ့ အာေမဋိတ္ အသံ
ေသးေသးေလး ။
မာေက်ာေနေသာ ေရခဲေက်ာက္ႏွလုံးသားကို တေျဖးေျဖး
ခ်င္း အရည္ေပ်ာ္ေစသား ။
" ကိုကို ခဏ "
ေပါ့ေပါ့ပါးပါး ဘတ္ခ္ဟြန္းကိုယ္လုံးေလးကိုေက်ာပိုးကာ
အခန္းထဲကထြက္ဖို႔အလုပ္ ။ ႐ုတ္တရက္ ဟန႔္တားမႈဆို
လာေသာ ဘတ္ခ္ဟြန္း၏မ်က္ႏွာေလးကို သူေခါင္းေလး
တစ္ခ်က္ေစာင္းကာငဲ့ၾကည့္ၿပီး ...
" ဘာယူဖို႔က်န္ေသးလို႔လဲ "
" ဝွီး .. ဝွီးခ်ဲ .. မယူေတာ့ဘူးလား ? "
" မယူေတာ့ဘူး ဒီည သူ႕ကို ကိုယ္အနားေပးထားတယ္ "
အနားေပးထားတာ ! ။ ဘာအဓိပ္ပါယ်ပါလိမ့် ? ။
ေက်ာင္းစာဘက္တြင္ ဉာဏ္ေကာင္းသေလာက္ ခ်န္း
ေယာလ္ေျပာစကားေတြကိုအေတာ္ႏွင့္ဉာဏ္ရည္လိုက္
မမွီတဲ့ ဘတ္ခ္ဟြန္း ။ ထုံးစံအတိုင္း ။ အရင္လိုပါပဲ ။
ခ်န္းေယာလ္အေနာက္ကို ေၾကာင္ေတာင္ေတာင္ေလး
ပါသြားခဲ့ရျပန္ေလသည္ ။
------------------------------------------
ဆက္ရန္ ...
6.2.2020
REN JO JO