ဆူး

By akyinnamon

2.1M 212K 13.2K

(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။ More

Intro (Unicode)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
ဇာတ်သိမ်းပိုင်း
စာအုပ်လေးသိမ်းထားနိုင်ပါပြီ
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
ဆူး 2nd Intro
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
ဇာတ်သိမ်းပိုင်း
Thankyou all
ဆူး (အခန်းဆက်​)

အပိုင်း ၁၈

16.5K 1.8K 50
By akyinnamon

ဒီမိုးယံ အိမ်ပေါ်လှမ်းမတက်ခင်မှာပင် လှေကားထစ်များမှ ဆင်းလာသော ဖခင်ဖြစ်သူကို တွေ့လိုက်ရသည်။ ခါးကိုင်းကိုင်းနှင့် ဆံပင်တွေ ဖြူစွတ်နေသည်မှာ မှတ်မိစရာပင်မရှိ။ နှုတ်ခမ်းမွှေးတွေမှာလည်း အဖြူများကာ မုတ်ဆိတ်မွှေး ကျိုးတဲကျဲတဲနှင့် အဘိုးအိုရုပ်ဖြစ်နေသော ဖခင်မှာ ကြည့်ရက်စရာမရှိ။

"သား ပြန်လာပြီလား။"

"ဟုတ်ကဲ့။ အလုပ်သွားတော့မလို့လား ဖေဖေ။ မစောဘူးလား။"

"ဝင်စရာနေရာရှိလို့ သား။ ဖေဖေသွားဦးမယ်။"

ဦးကျော်ဇော မျက်လုံးတွေက ဂနာမငြိမ်။ ဒီမိုးယံ၏ ပခုံးကို တစ်ချက်ပုတ်ကာ ခေါင်းငိုက်စိုက်နှင့် ထွက်ခွာသွားသည်။ သိုင်းလွယ်ထားသော အမည်း်ရောင်သားရေအိတ်အပြဲထဲမှ ပုလင်းပြားလေးက ခေါင်းပြူနေသည်။ အရက်ဖြူကို ဒီပုလင်းပြားထဲတွင် အမြဲလိုလို အပြည့်တွေ့နေရတတ်သောကြောင့် ဦးကျောဇောပြောသည့် ဝင်စရာရှိသည်ဆိုသောနေရာသည် အရက်ဆိုင်ဖြစ်လိမ့်မည်ဆိုတာကို ဒီမိုးယံ ချက်ချင်းသဘောပေါက်ကာ စိတ်တွေထိုင်းမှိုင်းသွားသည်။

အရက်ဆိုသည်က ဖခင်ဖြစ်သူ အမြဲသောက်ခဲ့တာပါ။ အရက်ကိုစွဲနေသည်မှာ တစ်သက်လောက်ရှိပြီဟု ပြောလို့ရအောင်ကို သောက်ခဲ့ခြင်းဖြစ်သည်။ မူးရူးသောင်းကျန်းတာမရှိပေမယ့် အရင်ကတော့ အရက်လေးဝင်လျှင် ရွှင်ရွှင်ပျပျနှင့် စကားဆို နောက်ပြောင်တတ်သည်။

မိခင်ဖြစ်သူ မရှိတော့သည့် နောက်ပိုင်းတွင်မူ အရက်သောက်ပြီးတာတောင် ဦးကျော်ဇော မရွှင်ပျတော့တာကို ဒီမိုးယံ မြင်နေရသည်။ စကားနည်းသည်ထက်လည်း ပိုနည်းလာသည်။ အိမ်မှာရှိသည့်အချိန်သည်လည်း နည်းသည်ထက်နညး်လာသလို အိမ်မှာရှိသည့် အချိန်များတွင်လည်း ခြံထဲမှ ပက်လက်ကုလားတိုင်တွင် ထိုင်ကာ တစ်နေရာရာကို တွေဝေငေးကြည့်နေသည်ကလွဲလျှင် တုတ်တုတ်မျှမလှုပ်တော့။

မိခင်ဖြစ်သူ ဒေါ်မြလေးကို အသက်လောက်ချစ်သည့် ဖခင်အကြောင်းကို သူ သိသည်။ မိခင်ဖြစ်သူ မျက်နှာတစ်ချက်ညှိုးလျှင်ပင် နေစရာမရှိတတ်တော့သည်လူလေ။ အခုတော့ ရှိသမျှသောကကို ကြိတ်မှိတ်ခံစားကာ အရက်များနှင့် အပူတွေကို အရည်ဖျော်နေသည့် ဖခင်ကို သူ အပြစ်မတင်ချင်တော့။

"မိငယ်။"

အိမ်ရှေ့ကြမ်းပြင်ပေါ်မှာ မှောက်နေသည့် ကလေးငယ်ကိုတွေ့တော့ ဒီမိုးယံ မျက်မှောင်ကြုတ်ကာ မိငယ်ကို လှမ်းခေါ်ရသည်။ ကလေးကိုတစ်ယောက်တည်းပစ်ထားကာ ဘယ်သွားနေသည်မသိ။ အခု နွေသဇင်လေးက ဟိုဟာဆွဲ၊ ဒီဟာဆွဲနှင့် မှောက်လည်း မှောက်တတ်နေပြီ။ ဆွဲလို့ရသမျှကိုလည်း ပါးစပ်ထဲထည့်နေသည့်အရွယ်။ အခုလည်း အနားမှာရှိသော အဝတ်စကိုဆွဲကာ ပါးစပ်ထဲထည့်ရန်လုပ်နေသည်။ အဝတ်စကို သူ ဆွဲဖယ်လိုက်တော့ ကလေးငယ်က ငိုချင်သယောင် မျက်နှာမဲ့နေပြီဖြစ်သည်။ သိပ်မကြာခင် အာပြဲနေအောင် အော်ငိုတော့မည်ကို အတွေ့အကြုံအရ သူ သိသည်။

"မိငယ်။"

"ကိုကြီး။ မိငယ် ဒီမှာ။"

"ကလေးကို တစ်ယောက်တည်း ဘာလို့ ထားခဲ့တာလဲဟ။"

အိမ်နောက်ဘက်မှ မိငယ်အသံကြောင့် သူ စိတ်တိုကာ ဒေါသဖြင့် အော်မိသည်။ ဂလုံး ဂလွမ်း အသံတွေကြောင့် ရှပ်တီးရှပ်ပြာနှင့် ဒီကောင်မလေး ခလုတ်တွေ တိုက်နေမည်ဆိုတာကို သူ သိသည်။ သိပ်မကြာလိုက်။ အပြေးထွက်လာသော မိငယ်၏ ထဘီအောက်နားစမှာ ရေစက်လက်နှင့်ဖြစ်သည်။

"အဝတ်လျှော်နေတာ ကိုကြီးရ။"

"ကလေးနားမှာနေ။ ငါ ဆက်လျှော်လိုက်မယ်။"

နောက်ဘေးလှေကားထစ်များကို ဒီမိုးယံ ကျော်ဆင်းလိုက်သည်။ ဆွေးနေပြီဖြစ်သော သစ်သားလှေကားထစ်များက ယိုင်နဲ့နဲ့နှင့် တကျွီကျွီ မြည်ကာ အသံပေးညည်းညူနေကြသည်။ ရေစည်ပိုင်းဘေးနားမှ အဝတ်ဇလုံကိုတွေ့တော့ ဒီမိုးယံ မောသွားသည်။ နည်းနည်းနောနော အဝတ်တွေမဟုတ်။ ကလေးအနှီးတွေရော၊ အကျီီ၊ ဘောင်းဘီတွေပါ အကုန်ပါသည်။ ခက်သည်က ရှိသမျှ အဝတ်အားလုံးကို ဇလုံကြီးတစ်ခုထဲတွင် အားလုံးရောထည့်ကာ ရေစိမ်ထားခြငး်ဖြစ်သည်။ အနှီးအဖြူတွေက အကျီင်္အနီတစ်ထည်မှ အရောင်လွင့်လာသော ပန်းရောင်ရေထဲတွင် ငြိမ့်နေသည်မှာ မြင်မကောင်း။

"ဒီကောင်မလေးကတော့ကွာ။ ငါ ထလုပ်မှ နာဦးမယ်။"

မိငယ်ကို ထောင်းခနဲ ဒေါသထွက်ကာ ရေစည်ပိုင်းကို ခြေထောက်ဖြင့်ကန်တော့ သူ ခြေထောက်နာတာသာ အဖတ်တင်သည်။

"ဟေ့။ ငါ့သမီးလေး ဘယ်မှာလဲ။"

စိတ်ကိုလျှော့ကာ ဆောင့်ကြောင့်ထိုင်ချိန် အိမ်ရှေ့မှ ရှိုင်းထွဋ်၏ အသံကို ကြားလိုက်ရသည်။ နွေသဇင်လေး၏ ခိုးခိုးခစ်ခစ်ရယ်သံကိုပါ ဆက်တိုက် ကြားလိုက်ရသည်။ ဒီကလေးမလေးက သူ့ကိုတွေ့လျှင်သာ ငိုမဲ့မဲ့၊ ရှိုင်းထွဋ် အသံကြားသည်နှင့် အူမြူးကာ ပျော်သွားတတ်သည်။ မွေးကတည်းက အနေစိမ်းလို့လားတော့မသိ။ ဒီမိုးယံလက်ထဲ ဘယ်တော့မှမနေ။ တစ်ခါတစ်ရံ ချီဖြစ်လျှင်အောင် ငိုသည်မှာ မတိတ်တော့။ ခေါင်းမာလိုက်သည်မှာ သူပင် အရှုံးပေးရသည်။ မိငယ်နှင့် ရှိုင်းထွဋ်ကလွဲလျှင် ဘယ်သူ့လက်ထဲမှ မလိုက်။

"သမီးက ဒီမှာကို။ ဖေကြီးထွဋ်ဆီလာစမ်း။ မိငယ်။ ဒါက အွိက်အွိက် ဟင်း။"

"ဘာ အွိက်အွိက်ဟင်းလဲ ကိုထွဋ်ရ။"

"ဝက်သားဟင်းလေ။ ရယ်မနေနဲ့။ အဖွားကြီးပေါက်စ။ ဆံပင်ကလည်း စုတ်ဖွားနဲ့။ ဘယ်ချောင်တိုးပြီး ထွက်လာတာလဲ။"

မိငယ်ကိုပါ စနောက်နေသည့် ရှိုင်းထွဋ်အသံသည် တစ်အိမ်လုံး ဆူညံနေသည်။ ဒီလိုပဲဖြစ်သည်။ သူတို့အိမ်လေးသည် အမြဲတမ်း ထိုင်းမှိုင်းငြိမ်သက်နေသလောက် ရှိုင်းထွဋ် ရောက်လာပြီဆိုတာနှင့် ဆူဆူညံညံအသံများနှင့် ပြန်လည်စည်ကားလာတတ်သည်။

"ဟေ့ကောင် ဒီဒီ... မင်း ဘယ်မှာလဲ။ ယောက်ဖကြီး။"

လူကိုမမြင်ရသေးခင်မှာ ရှိုင်းထွဋ်၏အသံက အရင်ရောက်လာပြီဖြစ်သည်။ သိပ်မကြာလိုက်။ လှေကားထစ်ပေါ် ဝုန်းခနဲဝင်ထိုင်ချလိုက်သော ရှိုင်းထွဋ်ကြောင့် ယဲ့တဲ့တဲ့လှေကားလေးမှာ ယမ်းခါသွားသည်။ လှေကားထစ်ဘေးနားတွင်တော့ ရေစည်ပိုင်းချထားကာ ကျောက်ပြားခင်းထားသော ရေချိုးရာ နေရာရှိသည်။ ရေညှိတက်ချင်သလိုလိုဖြစ်နေသော ကျောက်ပြားပေါ်တွင်မူ ဆပ်ပြာရည်စိမ်ထားသော အဝတ်ဇလုံကြီးရှိနေသည်။

အပြာနုရောင်အကျီင်္၊ ဒူးလောက်ရောက်သည့် ဘောင်းဘီတိုနှင့် ငုတ်တုတ်ထိုင်ကာ အဝတ်လျှော်နေသော ဒီမိုးယံကို ကြည့်ရသည်မှာ သနားစရာကောင်းသလို ရယ်ချင်စရာလည်းကောင်းသည်။ လက်ရှည်အကျီင်္ကို ဖြစ်သလို ခေါက်လိပ်တင်ထားသည်မှာ ကပိုကရိုဖြစ်ပေမယ့် တစ်မျိုးလေးတော့ ကြည့်လို့ကောင်းနေသည်။ ဒါပေမယ့် တစ်လောကလုံးကို ရိုက်သတ်ချင်သလို မျက်နှာရှစ်ခေါက်ချိုးဖြစ်နေသည်ကတော့ ကြည့်မကောင်း။

"မင်း ဘာဖြစ်နေတာလဲ။"

"ဟိုကောင်မလေးလေ။ အဝတ်တွေကို အရောင်မခွဲဘဲ ရောစိမ်ထားတယ်။"

"ဟုတ်လား။ အရောင်ဆိုးပြီးသားဖြစ်သွားတာပေါ့။"

ရှိုင်းထွဋ် ခပ်ပေါ့ပေါ့ပြောကာ အဝတ်များစိမ်ထားသော ရေဇလုံထဲမှ ဆပ်ပြာရည်ကို လှမ်းထိရင်း ဒီမိုးယံ မျက်နှာကိုရေစင်သွားအောင် လက်ညှိုးနှင့် လှမ်း တောက်လိုက်သည်။ မှုန်ကုပ်ထားသော မျက်ခုံးနှစ်ဖက်က ပြေလျှော့မသွား။ မျက်နှာမှာစင်သွားသော ဆပ်ပြာရည်များကို ပခုံးဖြင့်ဖိသုတ်လိုက်ရုံသာ သုတ်ပြီး အဝတ်ဆက်လျှော်နေသည်။

"ထွဋ်ထွဋ်။"

"yes.."

"မင်း ဘယ်တော့ ကျောင်းစတက်ရမှာလဲ။"

"၁၂ လပိုင်းလောက်ဖြစ်မယ်။"

ဆည်းဆာချိန်သည် လွမ်းမောဖွယ်ကောင်းနေသည်။ အပြာနုရောင် အောက်ခံကောင်းကင်ပြင်တွင် လိမ္မော်ရောင်တောက်သော တိမ်လွှာတစ်ချို့ ရှိနေသည်။ နေဝင်သွားပေမယ့် သူ့ရဲ့ရောင်ခြည်တန်းလေးများနှင့် တိမ်စိုင်တိမ်မျှင်များကို နောက်ဆုံးပွေ့ပိုက်နှုတ်ဆက်နေကြသလို။

"မင်း တကယ် ကျောင်းဆက်မတက်တော့ဘူးလား ဒီဒီ။"

"ငါ ဆရာဝန် လုပ်ဖို့ စိတ်မဝင်စားဘူး။"

"ငါလည်း စိတ်ဝင်စားတာမှ မဟုတ်တာ။ ဆရာဝန်အလုပ်က ဒီလောက်ပင်ပန်းတာ။ ငါမလုပ်ချင်ပါဘူး။"

သူ ဖြေတော့ ဒီမိုးယံက တအံ့တသြ လှည့်ကြည့်သည်။

"ဒါဆို ဘာလို့ ဆေးကျောင်း တက်ဖို့လုပ်နေတာလဲ။"

"ဟီး။"

သူ ရယ်ကျဲကျဲနှင့် ဒီမိုးယံနား ငုတ်တုတ်ထိုင်ကာ ကျောက်ပြားဘေးနားမှ မြက်ပင်တစ်ချို့ကို ဆွဲနှုတ်လိုက်သည်။ လက်ထဲမှာ နှစ်ပတ်၊ သုံးပတ်လည်သွားအောင်ဆော့ပြီးမှ ထိုမြက်ပင်ငယ်နှင့် ဒီမိုးယံ ပါးကို တို့လိုက်သည်။ ထို့နောက် လည်ပင်းကိုလည်း ပွတ်သပ်ထိုးရင်း နောက်သည်။ သူ့ဘာသာတောင် ယားကျိကျိဖြစ်ပေမယ့် ဒီမိုးယံကတော့ အဝတ်လျှော်မပျက်။ လှည့်ပင်မကြည့်။

"ဆေးကျောင်းတက်တိုင်း ဆေးကုရမယ်လို့ မင်းကိုဘယ်သူပြောလဲ။"

မြက်ပင်ကို နှာခေါင်းထဲထည့်ဖို့လုပ်တော့မှ ဒီမိုးယံ သူ့လက်ကို ပုတ်ထုတ်လိုက်သည်။

"ဆေးကုဖို့မဟုတ်ရင် မင်းက ဘာလို့ ဆေးကျောင်းတက်မှာလဲ။"

"အင်း။ ကုတယ်ပဲပြောရမှာပေါ့။ ငါက စိတ်ရောဂါကုတဲ့ ဆရာဝန်လုပ်မှာ။"

"သောက်ရူး။"

ဒီမိုးယံက ကောင်းကြီးပေးပေမယ့် ရှိုင်းထွဋ် ဂရုမစိုက်။

"ဟုတ်တယ်ကွ။ မငး် စဉ်းစားကြည့်။ ဆရာဝန်ဆိုတာ နေ့ရော ညရော နားရတာမဟုတ်ဘူး။ လူနာတွေ တရုန်းရုန်းနဲ့ ဘယ်လောက်ပင်ပန်းလဲ။ ငါက ကျောင်းပြီးရင် Master တို့ PHD တို့ ဆက်တက်မယ်ကွာ။ အထူးပြုဘွဲ့တွေ တသီကြီးရတော့မှ ကိုယ်ပိုင် ဆေးခန်းဖွင့်မယ်။"

"မင်းဆီမှာလာကုမယ့်သူတွေကိုတော့ သနားတယ် ဟေ့ကောင်။ မင်းဆီရောက်မှ ရောဂါမပျောက်ဘဲ ရောဂါဖောက်သွားကြမှာ။"

"အဲဒါဘာဖြစ်လဲ။ ရောဂါပိုဆိုးလေ ပိုကုချိန်ရလေပေါ့။ ပိုကုရလေ ပိုက်ဆံပိုရလေပေါ့။"

သူက ဝမ်းသာအားရထောက်ခံတော့ ဒီမိုးယံ မျက်ဖြူလန်ပြသည်။ အင်းလေ။ စေတနာကို ရှေ့တန်းတင်ပြီး ဆင်းရဲသားတွေကို ဆေးကုပေးမယ် ဘာညာနှင့် လူကြားကောင်းအောင် သူ ပြောမယ်များထင်နေလားမသိ။ ဒီဘဝမှာ ဝေသန္တရာလုပ်ဖို့ သူ့မှာ စိတ်ကူးမရှိ။ ကောင်းကောင်းနေမည်။ ကောင်းကောင်းစားမည်။ သက်သက်သာသာနှင့် ပိုက်ဆံများများရမည့် အလုပ်ကိုသာ ရွေးချယ်မည်။ ဒါပဲဖြစ်သည်။ ရှိုင်းထွဋ်တို့က ဘဝမှာ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာကို ရှင်းနေအောင် သိပြီးသား။

"မင်းစဉ်းစားကြည့်စမ်း။ ဘယ်လောက်ဇိမ်ကျလဲ။ လူနာကို ထိုင်ခုံမှာထိုင်ခိုင်းပြီး လေပန်းရုံပဲ။ အလွန်ဆုံးရှိ ရုပ်ရှင်တွေထဲမှာလို ဘောပင်လေးနဲ့ လိုက်မှတ်သလိုလုပ်ပြီး လျှောက်ခြစ်နေလိုက်ရုံပေါ့။"

"အေးပါကွာ။ အရူးတွေကို ကုမယ်ပေါ့။"

"အဲဒါ မင်း ဉာဏ်မမီလို့ပြောတာ။ စိတ်ရောဂါဆိုတာ အရူးတွေပဲရှိတာမဟုတ်ဘူး။ လူတိုင်းမှာ စိတ်နဲ့ပတ်သက်တဲ့ ဝေဒနာတွေရှိတယ်။ မင်းလည်း အန်တီမြ ဆုံးကတည်းက မင်းကိုယ်မင်း ခွင့်မလွှတ်နိုင်တဲ့ စိတ်ရောဂါ ဖြစ်နေတယ်မဟုတ်လား။"

သူ့စကားအဆုံးမှာ ဒီမိုးယံ ငြိမ်သက်သွားသည်။ ဘာစကားမှ မဆက်။

"ငါ ဆေးခန်းဖွင့်ပြီးရင် မင်းကို အရင်ဆုံးကုပေးမှာ ဒီဒီရ။"

"သေပါလား ထွဋ်ထွဋ်။ မင်း ကုပေးတိုင်း ငါကငြိမ်ခံရမှာလား။ ဆရာဝန်ဖြစ်လည်း မင်းကို ငါ တစ်စက်မှ အယုံအကြည်မရှိဘူး။ အခုနက ပြောတာပဲကြည့်။"

"မင်းကိုတော့ တကယ် ကုပေးမှာပါကွ။ အဲဒါမှ အရင်က ဒီမိုးယံလို ပြောင်ချော်ချော်၊ နောက်တောက်တောက် ပြန်ဖြစ်လာမှာ။"

"ငါက အခု ဘယ်လိုဖြစ်နေလို့လဲ။"

"ရာသီလာခါနီး ကောင်မလေးတစ်ယောက်လို အမြဲတမ်း စိတ်တိုနေတာ။"

သူ့စကားဆုံးသည်နှင့် ဒီမိုးယံက ဆဲပြီးသားဖြစ်သည်။ ဒါပေမယ့် ရှိုင်းထွဋ်တို့က မဖြုံ။ နောက်ထပ်မြက်တစ်ပင်ကို ဆတ်ခနဲ ဆွဲနှုတ်ကာ ဒီမိုးယံကို မြက်ညှိုးကောက်ကောက်ထိုးပြီးမှ စကားဆက်သည်။

"ဟုတ်တယ်ကွ။ မင်းကို အရင်ကလို ပြန်ဖြစ်စေချင်တာ။ မင်းအရင်က ငါ့ကိုတွေ့တိုင်း အမျိုးမျိုး မျက်နှာလိုက်ပြောင်နေတာမဟုတ်လား။ ငါ အခု မင်းကို လက်သီးနဲ့မထိုးရတာ ဘယ်လောက်ကြာပြီလဲ။ ပျင်းစရာကြီးကွာ။"

သူ့စကားအဆုံးမှာ ဒီမိုးယံ တစ်ချက်ပြုံးသည်။ ပြုံးသည်ဆိုရုံ ခဏလေးပေမယ့် ငေးကြည့်ရလောက်အောင် လှပသည့် အချိန်ပိုင်းလေးတစ်ခုပါ။

"နေစမ်းပါဦး ထွဋ်ထွဋ်ရာ။ မင်း ဆရာဝန်ဖြစ်ချင်တဲ့ ရည်မှန်းချက်က ငါ့ရဲ့စိတ်ရောဂါကို ကုပေးဖို့။ ဟုတ်လား။"

"အေး။"

"ငါ့ရဲ့ စိတ်ရောဂါကို ပျောက်သွားအောင် ကုပေးချင်တာက မင်း ငါ့ကို စိတ်ကြိုက် ထိုးချင်လို့။ အဲဒီလိုလား။"

"အမှန်ပဲ။"

"ငါ မင်းရဲ့ကြီးမားတဲ့ ရည်မှန်းချက်ကို အရမ်းလေးစားတယ်။"

ဒီမိုးယံ ခေါင်းကိုခါရင်း ကောက်ချက်ချသည်။ နဖူးပေါ်ငိုက်ကျနေသော ဆံပင်များကို သပ်တင်ပြီး သူ့ကိုလှမ်းကြည့်ကာ စိတ်ပျက်လက်ပျက်ပုံစံ တစ်ချက်ရယ်လိုက်သေးသည်။ ပြီးမှ ဇလုံထဲမှ ရှပ်တစ်ထည်၏ ကော်လံကို ဂျီးပြောင်အောင် လက်ဖြင့်ပွတ်တိုက်လျှော်ကာ ရေညှစ်ပြီး ဇလုံအလွတ်ထဲထည်လိုက်သည်။ ဒီမိုးယံလုပ်သမျှကို ကြည့်နေရင်းနှင့် ရှိုင်းထွဋ် မနေနိုင်တော့။

"ဟေ့ကောင်..ဘာလို့ ရေညှစ်နေသေးလဲ။"

ဒီမိုးယံက ရှိုင်းထွဋ်အမေးကို နားမလည်သလို မော့ကြည့်သည်။

"အဝတ်တွေကို ဘာလို့ အပင်ပန်းခံပြီး ရေညှစ်နေသေးတာလဲကွ။ နောက်လည်း ဆပ်ပြာစင်အောင် ရေပြန်ဆေးရမယ်မဟုတ်လား။ မညှစ်ဘဲ ဒီအတိုင်း ထုတ်ပြီး ဟိုဘက်ဇလုံထဲထည့်လေ။"

အူကြောင်ကြောင်နှင့် သူ့ကိုမော့ကြည့်နေသော ဒီမိုးယံ ပုံစံက အခုထိ နားလည်သေးဟန်မရှိ။ ရှိုင်းထွဋ် ပေါင်ကို လက်နှစ်ဖက်ဖြင့်ရိုက်ကာ သက်ပြင်းချရင်း မတ်တပ်ရပ်လိုက်ရသည်။

"ဒီမှာကြည့်။ ငါ လုပ်ပြမယ်။"

ဆပ်ပြာရည် စိမ်ထားသော ရေဇလုံထဲက အဝတ်တစ်ခုကို ဇလုံလွတ်ထဲသို့ လက်မနှင့်လက်ညှိုးကြားညှပ်ယူကာ သူ ပြောင်းထည့်သည်။ နောက်အဝတ်တစ်ခုကိုလည်း ဒီပုံစံအတိုင်း နေရာရွှေ့လိုက်သည်။

"တွေ့လား။ အဝတ်တွေကို အဲလိုလေးယူပြီး ဇလုံပြောင်းလိုက်ရုံပဲ။ အခု အဝတ်တွေပေါ် ရေလောင်းထည့်။ ဒီဆပ်ပြာရည်တွေကိုသွန်။ နောက် ဒီလို ပြန်ယူပြီး ဒီဘက်ဇလုံထဲကို ပြန်ထည့်။ နောက် ဟိုဘက်ဇလုံထဲကို ပြန်ပြောင်း။ ဟိုဘက်ပြောင်း၊ ဒီဘက်ပြောင်းပေါ့ကွာ။ အဝတ်တွေကို ရေညှစ်မနေနဲ့။ အားလုံးရေစင်မှ နောက်ဆုံးတစ်ခါညှစ်ပြီး လှမ်းလေ။"

လက်တွေ့ပြရတာနဲ့ ရှင်းပြရတာနဲ့ပင် သူ တော်တော်မောသွားသည်။ အာခေါင်တွေခြောက်ကာ ရေပင် ငတ်လာသည်။ ဒါကိုပင် ဒီမိုးယံက ကျေးဇူးမတင်သည့်အပြင် ရန်ပြန်တွေ့မည့်ပုံ ဒေါသကြီးနေသည်။

"အဲဒီ့လို အပျိုစင်တွေ ထမသိမ်းနဲ့ ကနေသလို ဟိုဘက်ဒီဘက်ရွှေ့ရုံနဲ့ မင်းအဘ အဝတ်တွေက စင်မလားကွ။"

ဒီမိုးယံက သူ ဖယ်ထားသည့် အဝတ်တွေကို အားကြီးနှင့် ဆပ်ပြာရည်ဇလုံထဲ ဝုန်းဒိုင်းနှင့် ပြန်ထည့်သည်။

"မင်း သက်သာအောင် ငါသင်ပေးတာ။ ကန်ထည့်လိုက်လို့ မင်း နာမယ် ဒီဒီ။"

"ဒါဆို ကူလျှော်ပေးပါလားကွ။"

"ငါဆန်းသစ်တီထွင်ထားတဲ့ နည်းလမ်းကို မင်းမှ လက်မခံတာ။"

"မင်း ကူမှာလား။ ရှုပ်မှာလား။ မကူရင် သွားတော့"

အခုနောက်ပိုင်း ဒီမိုးယံ သူ့ကိုမောင်းထုတ်ရတာကို တော်တော်သဘောတွေ့နေဟန်ရှိသည်။ ရှိုင်းထွဋ် မကျေနပ်ပေမယ့် ပြိုင်ငြင်းမနေတော့။

"ဘာလုပ်ပေးရမှာလဲ။"

"ရေခပ်ထည့်ပေး။"

ဒီမိုးယံ၏ တောင်းဆိုချက်မှာ သိပ်မပင်ပန်းသည့် ကိစ္စဖြစ်၍ လက်ခံလိုက်ပြီး ရေစည်ပိုင်းထဲမှ ရေများကို ခပ်ကာ ရေဇလုံအလွတ်ထဲ လောင်းထည့်ပေးလိုက်သည်။ ကောင်းကောင်းလုပ်ပေးသည်တော့မဟုတ်။ တမင်ညစ်ကာ ငုတ်တုတ်ထိုင်နေသည့် ဒီမိုးယံကို ရေများများစင်အောင် ကျောက်ပြားပေါ် ရေတစ်ချို့တစ်ဝက်ကို သွန်ပစ်ခြင်းဖြစ်သည်။

"ခွေးမသား။"

ဒီမိုးယံမှ ပျစ်ပျစ်နှစ်နှစ်ဆဲတော့ နာစရာရှိ သူ့အမေနာလိမ့်မည်ဟု သဘောထားကာ ရှိုင်းထွဋ် စိတ်မဆိုး။ တဟားဟားရယ်ကာ ဖလားထဲမှ လက်ကျန်ရေတစ်ချို့ကို ဒီမိုးယံ ခေါင်းပေါ်လောင်းချလိုက်သည်မို့ ဆံပင်တွေစိုကာ အချောင်းလိုက်ဖြစ်ကုန်သည်။

"ဟေ့ကောင်။ ငါ ထ ထိုးမှာ။"

"ထိုးလေ။"

သူ ရယ်ရင်း သူ့ကို မော့ကြည့်လာသည့် ဒီမိုးယံ မျက်နှာကို ရေစက်များဖြင့် လှမ်းပက်လိုက်သည်။

ထိုအချိန်..

ထိုခဏလေးမှာ သူ အရာရာကို မေ့သွားမိသည်။

ရေစိုနေသော ဆံပင်များကြားမှ တောက်ပလှပလွန်းသော အစိမ်းရောင်သဲ့သဲ့ မျက်လုံးများ..

ရေစက်တစ်ချို့ပေကျံနေသော ပါးပြင်..

ပြုံးတော့မလိုလို အံကြိတ်တော့မလိုလို ဝေခွဲရခက်သည့် နှုတ်ခမ်းပါးတစ်စုံ..

ဒီမိုးယံ၏ နဖူးထောင့်မှသည် ပါးပြင်ထက်၊ ၎င်းနောက်မှ လည်ပင်းတောက်လျှောက်စီးဆင်းသွားသော ရေစက်လေးတစ်စက်နှင့်အတူ သူလိုက်ပါ စီးဆင်းနေရသလို ရင်တွေခုန်လာသည်။

မှောင်ရီသန်းနေသော အလင်းရောင်အောက်မှာ ဒီမိုးယံဆိုသည့်ကောင်လေးသည် ပြီးပြည့်စုံလွန်းသော အချောအလှပိုင်ရှင်တစ်ယောက်ပါ။ ရုတ်တရက်ကြီး လက်ဖျားခြေဖျားတွေ အေးစက်လာကာ ဘာလုပ်ရမှန်းမသိတော့။ ရင်ဘတ်ထဲမှ ပြင်းထန်လာသော နှလုံးခုန်သံနှင့်အတူ မျက်နှာက မီးမြိှုက်ခံလိုက်ရသလို။ စက္ကန့်အတော်ကြာအောင် သူ မှင်သက် ငေးမောမိသွားတာကို သူငယ်ချင်းဖြစ်သူ သတိမထားမိစေရန် ဆုတောင်းရင်း ရှိုင်းထွဋ် အကြည့်လွှဲလိုက်ရသည်။

ရုတ်တရက်ကြီး တိတ်ဆိတ်မှုက သူတို့နှစ်ယောက်ကြား တိုးဝင်လာသည်။

ရှိုင်းထွဋ် စကားတစ်ခုခုပြောလိုက်ချင်ပေမယ့် ခြောက်သွေ့နေသော အာခေါင်ထဲမှ မည်သည့်စကားတစ်လုံးမှ ထွက်မလာခဲ့။ ဒီမိုးယံလည်း ခေါင်းပြန်ငုံ့ကာ အဝတ်ကိုသာ ဂရုစိုက်လျှော်နေသည်။ မှောင်ကျလာသော ကောင်းကင်ပြင်ကြောင့် ဘာမှတောင် သဲကွာစွာ မမြင်ရတော့။

ရေစည်ပိုင်းထဲမှာ ထင်နေသော ရှိုင်းထွဋ်၏ ပုံရိပ်သည်လည်း ၀ိုးဝါးလာနေသလို လှုပ်ခါနေသော ရေလှိုင်းလေးများကြားမှာ မတည်ငြိမ်စွာ ယိမ်းယိုင်နေသည်။

သူ့နှလုံးသားသည်လည်း ဒီရေလှိုင်းလေးများလို အစိုးမရတော့တာ သေချာပါသည်။

Continue Reading

You'll Also Like

701K 7.4K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
191K 4.7K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.6M 40.9K 10
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
7.1K 1K 11
ကျုပ်က လူရိုးဗျ။ ခင်များနဲ့တွေ့မှ အဆန်းတကြယ်တွေဖြစ်ကုန်တော့တာပဲ...