Mai ကို သူ့ဖခင် လာခေါ်တဲ့ အထိ စောင့်ပေးပြီးတဲ့နောက် Tol ကို အဆောင်ဆီ ပြန်ပို့ဖို့ ကျနော်တို့ ကားမောင်းထွက်လာခဲ့ပါတယ် .. လမ်းတစ်လျှောက်မှာ Tol က အတွေးထဲ နစ်မြောနေပုံ ရပြီး ကျနော်ကတော့ ချစ်နေရသူ ပီပီ သူ့မျက်နှာလေး ငေးရင်း စိတ်ညစ်နေတာတွေ ရှိရင်လည်း ဘယ်လို ဖြေဖျောက်ပေးရမလဲပဲ စဉ်းစားနေမိတယ် ..
"ဘာအလိုမကျဘူးလဲ ... Nong Tol"
"ဘာမှ မဖြစ်ပါဘူး Phi ..."
"Tol နဲ့ Nong Mai ပြဿနာ တစ်ခုခု ဖြစ်နေကြတာလား .. Tol အခု အရမ်း စိတ်ပူနေတဲ့ပုံနဲ့ Phi တကယ် ဘာလုပ်ပေးရမလဲ မသိဘူး .."
"ကျနော်နဲ့ Mai က ငယ်သူငယ်ချင်းတွေ .. အခု Major မတူကြပေမယ့် အဆက်အသွယ်ပြတ်သွားတယ်လို့ မရှိဘူး နေ့တိုင်းလိုလို စကားပြောကြတယ် .."
Tol က ပြီးခဲ့သော အတိတ်နေ့ရက်တွေကို ပြန်တွေးမိသလို ခေတ္တ ငြိမ်သက်သွားကာ သက်ပြင်းရှည်တစ်ခု ချလိုက်ပြီး ...
"Mai က ငယ်ငယ်တည်းက သူ့အနားမှာရှိတဲ့သူတွေကို စိတ်ပူစေတဲ့ မိန်းကလေးပဲ ...
အလွဲတွေ အမြဲ လုပ်မိတတ်သလို .. အရမ်းလှတဲ့ ရုပ်ရည်ကြောင့် ယောက်ျားသားတွေရဲ့ ရန်ကိုလည်း ကြောက်ရပြန်ရော ..
အခုတစ်ခါလည်း သူ့ဘေးကနေ ဘယ်လို နေပါထိုင်ပါ အကြံပေးရုံကလွဲပြီး ဘာလုပ်ပေးသင့်လဲ တကယ် မသိတော့ပါဘူး .. Phi ရယ် .."
"ဒါဆို သိပ်လှပြီး ပြောစရာမလိုအောင် အကျွမ်းဝင်နေတဲ့ အဲ့ဒီမိန်းကလေးကို Nong ဘာလို့ ကိုယ့်အပိုင် ဖြစ်အောင် မလုပ်သေးတာလဲ .."
Tol က ကျနော့်မေးခွန်းအတွက် အဖြေပေးဖို့ အလျင်အမြန် စဉ်းစားလိုက်ရဟန်နှင့် .. ကားပြတင်းမှ မြင်နေရတဲ့ မြင်ကွင်းတွေကို ရောက်တတ်ရာရာ လိုက်ကြည့်နေပြီးမှ ...
"ဘာလို့လဲ ဆိုတော့ ..... ဟို .... အချစ်ဆိုတာ ဘယ်လိုအရာမှန်း ကျနော် အခုထိ မသိသေးလို့ .."
ဟမ် ...
ကျနော် အံ့ဩစွာနဲ့ Nong Tol ကို ကြည့်လိုက်ချင်သော်လည်း ကားက ပြေးနေဆဲမို့ မီးပွိုင့် မီးနီ မိသွားတော့မှ .... "မင်း ရည်းစားထားဖူးတယ် မဟုတ်လား Nong Tol .."
မင်း ရည်းစားတွေ အများကြီး ထားဖူးနေတာပဲလေလို့ ပြောလိုက်ချင်ပေမယ့် သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေလို၍ စကားဆင်ခြင်ကာ မေးလိုက်သည် ..
"ထားတာပေါ့ ..... ဒါပေမယ့် ကျနော် ကောင်မလေးတစ်ယောက်ကို ရည်းစားအဖြစ် ရွေးလိုက်တဲ့ အကြောင်းရင်းက အမြဲလိုလို တစ်ခုတည်းပဲ .. အဲဒီကောင်မလေးက လှလို့ စိတ်ဝင်စားဖို့ ကောင်းလို့ ..
ချစ်သူထားဖို့ ဒီထက်ပိုပြီး ခိုင်လုံတဲ့ ခံစားချက်မျိုး ကျနော့်မှာမကြုံဖူးဘူး.. သိပ်ချစ်တဲ့ စုံတွဲတွေ တစ်ယောက်ကို တစ်ယောက် တစ်ဘဝစာ ဘာကြောင့် ရွေးချယ်ထားသလဲ ဆိုတာ ကျနော်သိပ်သိချင်မိတယ်"
"ကျနော်က မကောင်းဘူးဗျ ... လူတစ်ယောက်ကို ဒီနေ့ စိတ်ဝင်စားနေပေမယ့် နောက်နေ့ဆို စိတ်ဝင်စားမှုမရှိတော့ ပြန်ဘူး .. အဲ့လို စိတ်မဝင်စားတော့ရင်လည်း ဘာအကြောင်းနဲ့မှ အားမနာတတ်ပြန်ဘူး .."
Wow... ကျနော့်ရဲ့ Nong Tol လေးက သွေးအေးအေးနဲ့ အသည်းခွဲတတ်တဲ့ ကောင်လေးတစ်ယောက်လည်း ဖြစ်ပုံရ၏
"အဲ့လို စိတ်ဝင်စားမှု လျော့တတ်တာ အချစ်ရေးမှာ ပဲလား .... တခြား ကြာကြာ စိတ်ဝင်စားတဲ့ အရာတွေရော တကယ် မရှိဘူးလား"..
"အင်း ရှိပါတယ် .... ရုပ်ရှင်, Game, Sport Carတွေ ... ပြီးတော့ ball တွေ"
"ဟင် .. ဒါဆို Phi ကို စိတ်ဝင်စားပေးလို့ ရပြီပဲ .."
(Tolက basketball, volleyball, football ဆိုတဲ့ အားကစားတွေကို ပြောတာပါ
P'Tihnကတော့ မိန်းမကို boobs, ယောကျာ်းကို balls လို့ စကားပြောင် ခေါ်ကြတာကို ယူပြီး ballsကြိုက်ရင် သူ့ကို ပြန်ကြိုက်လို့ ရပြီလို့ ဖောက်လိုက်တာပါ)
Tol က အိမ်ပြန်ဖို့ ကားပေါ်ရောက်ကတည်းက ပထမဆုံးအကြိမ်အနေနဲ့ ကျနော့်ဘက်ကို လှည့်လာပြီး...
"လုပ်လာပြန်ပြီလား ..
Phi ကိုယ့်ကိုယ့်ကို Gay ဆိုတာတော့ သေချာပါတယ်နော် ..
အရင်ကရော ကောင်လေးတွေနဲ့ Date ဖူးလား"
"Oy oyy, ဘာတွေမေးနေတာလဲ Nong ..
Phi က မိန်းကလေးပဲ ကြိုက်တာပါ ... အတည်တွဲခဲ့တာလဲ မိန်းကလေးပဲ .."
Tol က ဘာမှ ဖြတ်မပြောဘဲ နားစွင့်နေပုံပေါက်တာကြောင့် ကျနော်လည်း ဆွေးဆွေ့မြေ့မြေ့ ပြုံးလိုက်ပြီး ..
"Phiရဲ့ ချစ်သူဟောင်းက Phi က သူများကိစ္စတွေ ခေါင်းထဲထည့်ထားပြီး အရမ်း ဝင်ကူညီတတ်တာကို မကြိုက်ဘူး ..
သူဟာ Phi အတွက် ဘာမှ အရေးမကြီးတဲ့သူလို ခံစားရတယ်တဲ့ .... သည်းမခံနိုင်တော့တဲ့ အဆုံး သူ Phi ကို ထားသွားခဲ့တယ်"
"Phi က ကိုယ့်အတွက်ကိုယ်လည်း ကြည့်ဦးမှပေါ့ဗျာ .."
လွှတ်ခနဲ ပြောလိုက်မိတဲ့ Tol ရဲ့ ထိုစကားကြောင့် ကျနော်တို့ ၂ယောက်လုံး ခဏလောက် ကြက်သေ သေသွားခဲ့သည် ..
ကျနော့်ရဲ့ အချစ်ရေး အကြောင်း ရင်ဖွင့်မိတိုင်း Tol ဘက်က ထို မှတ်ချက်ကလေးကိုသာ ထပ်ပြီး ပြောလာလိမ့်မည်ဟု ကျနော် လုံးဝထင်မထားခဲ့ ..
Tol ကိုယ်တိုင်လည်း သူ့စကားသူ မှင်သက်ကာ ပစ္စုန်ပ္ပန်နဲ့ မနည်း ကြိုးစားပြီး ဆက်စပ်နေပုံရ၏
"အိပ်မက်တွေထဲက အတိုင်း တကယ်ဖြစ်လာပြန်ပြီဗျာ .."
Tol က စိတ်ပင်ပန်းစွာသောဟန်ဖြင့် မျက်လုံးအစုံကိုမှိတ်ကာ နားထင်နှစ်ဖက်ကို နှိပ်နေပြီးနောက် ကိုယ့်ကိုယ်ကို စိတ်ပျက်နေသော လေသံနှင့် ဟက်ခနဲ ရယ်လိုက်ပြီး ..
"Phi မှန်တယ် .. လူထူးဆန်း ဖြစ်နေတာ ကျနော်ပဲ ..
Phi ပြောခဲ့သလို စိတ်ကုဆရာဝန်နဲ့ သွားတွေ့ဖို့ လိုနေတာဆိုရင် .. ဘယ်နေ့လောက် ချိန်းပေးနိုင်မလဲ ..
နှလုံးသွားပြရင်းနဲ့ တစ်ခါတည်း ဝင်ပြလို့ ရနိုင်လား .."
နေဝင်ချိန် ရောက်လာပြီဖြစ်၍ ဖြတ်ကနဲ လင်းလာသော လမ်းမီးတိုင်များကို အဓိပ္ပာယ်မဲ့ ငေးရင်းမိမှ ကျနော် တစ်ကိုယ်လုံး ချွေးစေးတွေပြန်လာသည် ..
တစ်မိုးချုပ်သွားပြန်ပြီ ဖြစ်ကြောင်း သတိပြုမိတော့ Tol အသက်ဆုံးရမယ့် နေ့ကို ရောက်ဖို့ တစ်ရက်နီးသွားခြင်းသာ စိတ်ကို စိုးမိုးလာသည် ...
Tolကို စိတ်ကုဆရာဝန်နဲ့ ကုသခိုင်းခြင်းဟာ အချိန်တန်လို့ ဖြစ်လာမယ့် Accident အပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသွားမည်လား ..
Tol အသက်ကို ကယ်နိုင်မည်လား..
ဒီတစ်ခေါက်မှာ Mai အကြမ်းဖက်ခံရခြင်းကြောင့် Tol က Mai ရဲ့ ချစ်သူအဖြစ်နေပေးဖို့ အရင်စက်ကွင်းတွေထက် ပိုပြီး စောစော ဆုံးဖြတ်လိုက်နိုင်သည် ..
Tol နဲ့ Mai ချစ်သူတွေ မဖြစ်အောင် မတားဆီးနိုင်ခဲ့ရင် Tol ကို Mai ရဲ့ ချစ်သူဟောင်းကိစ္စနဲ့ ဒေါသဖြစ်စရာ မောစရာ ကြုံရမှာကိုလည်း မတားဆီးနိုင်ပါ ..
ချစ်သူတွေ ဖြစ်မသွားအောင် တားဖို့ဆိုတာလည်း Tol နဲ့ Mai ကြားက သံယောဇဉ်ကို Tol ကိုယ်တိုင် ပြောပြလို့ အခုပဲ နားနဲ့ ဆတ်ဆတ်ကြားခဲ့ပြီ မဟုတ်လား ..
Mai ဟာ သူ့အတွက် ကျနော့်လို မနေ့တနေ့မှ တွေ့တဲ့ကောင်ထက် အများကြီးကို အရေးပါတဲ့ ကောင်မလေး တစ်ယောက်ဖြစ်လို့နေသည် ..
"အင်း .. Nong သွားချင်ရင် သွားလေ .. မဖြစ်မနေတော့ မဟုတ်ပါဘူး .."
"Phi က ဘာလုပ်ဖို့ ပြောချင်တာလဲ .."
သူ့ ကျန်းမာရေးအတွက် အမြဲ အလေးအနက်ထား တိုက်တွန်းတတ်သူက ခပ်ပေါ့ပေါ့ ပြောလိုက်တာကို သတိထားမိတော့ ဘ၀င်မကျစွာဖြင့် Tolက မေးလာသည် ..
ထို့နောက် ကျနော့်ကို စိုးရိမ်စွာ ကြည့်လိုက်ပြီး ...
"Phi .. နေမကောင်းဘူးလား .. အဆင်ပြေရဲ့လား ..."
"ဘာမှ မဖြစ်ပါဘူး .. နည်းနည်း ထပ်နားဖို့ လိုတာ နေမယ်"
အသက်ကို ပြင်းပြင်းရှုကာ ကားလမ်းကြောင်း ပြန်အာရုံစိုက်လိုက်ရင်း .. Tihn ဖြေလိုက်သည် ..
"Phi ... ကားကိုဘေးချလိုက် .. ကျနော် မောင်းမယ် .."
"ရတယ် ... Phi ကောင်းကောင်းမောင်းနိုင်သေးတယ်"..
မခံချင်စိတ်နဲ့ပြောလိုက်ပေမယ့် စတီယာရင်ပေါ် မှ လက်တို့က သိသိသာသာ တုန်ယင်နေ၏
"Phi .. ခင်ဗျားဆိုတာလည်း ဘုရားစူး ဆရာဝန်နော် .. မနက်မှ ဆေးရုံဆင်းလာပြီး တစ်နေကုန် လူကောင်းလို သွားလာနေတယ် .. ကိုယ့်ကိုယ်ကို ဂရုတစိုက်ကို မရှိဘူး .."
ကျနော်က သူ့ကို ခွန်းတုံ့မပြန်ဘဲ ဆက်မောင်းနေတော့ ..
"ခင်ဗျား ဖယ် ... ကျနော်မောင်းမယ် ..
ခုချက်ချင်း ဘေးကိုချ ..ကျနော် အသေမခံနိုင်သေးဘူး .."
Nong Tol ရဲ့ ဒေါသဟာ ကျနော့် အတွက်တော့ မလွန်ဆန်နိုင်တဲ့ အမိန့်အာဏာတစ်ရပ်ပါပဲ ..
သူ့ကို ချစ်နေရတဲ့ ကျနော်က သူ့ကျန်းမာရေး ထိခိုက်လာမယ့် အရေးဆိုရင် ဘာမဆို ဒူးထောက်အရှုံးပေးပြီးသား ဖြစ်နှင့်ပြီ ..
ကျနော် ကားရပ်ပြီး သူနဲ့ နေရာချင်း လဲပေးလိုက်တော့ Tol က ယာဉ်မောင်းနေရာက တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ကာ ကားနောက်ကြည့်မှန်နဲ့ ခုံအနေအထားကို အဆင်ပြေအောင် ညှိယူနေလေသည်
"Phi ကို ပို့မယ်ဆိုတော့ Nong က ဘယ်လို ပြန်မှာလဲ .."
"ပြန်စရာမလိုဘူး .. Phi ကို ကျနော့်အိမ်ပဲ ခေါ်သွားမှာ" ..
Tol ရဲ့ အဖြေကြောင့် နေမကောင်းတဲ့ကြားက အဖျားပါဝင်ချင်လာသည်
"Phi မှာ လဲစရာ ညဝတ်အကျီလည်း မပါဘူး" ..
"ဒီဘောင်းဘီနဲ့ပဲ အိပ် .. အကျီက ကျနော် ငှားမယ်"
စိတ်မရှည်စွာသော ခပ်ပြတ်ပြတ် အမိန့်သံနဲ့ အတူ လီဗာကို ဆောင့်နင်းချလိုက်ပြန်သဖြင့် ကျနော့်မှာ ရှေ့တိုးနောက်ငင်ဖြစ်ကာ နောက်မှီနဲ့ကျောဆောင့်သွားပြီး ကြောက်ကြောက်လန့်လန့်နှင့် ..
"Tol ဖြေးဖြေး .. အရှိန်လျော့ဦးလေ" ..
ဒုက္ခပါပဲ Nong ရယ် ... ဒါ မင်း မောင်းနေကျ Sport Car မဟုတ်ဘူး .. Auto စနစ်လည်း ပါတာမဟုတ် ..
Phi မောင်းတာထက် မင်းမောင်းမှပဲ သေရွာ မြန်မြန်ရောက်တော့မယ်
"ဒီည ကျနော့်အိမ်မှာ အိပ်ပြီး ကျနော် သိချင်တာတွေ အားလုံးကို ရှင်းတဲ့အထိ ဖြေဖို့လုပ် ... ဒါကို အခွင့်အရေးယူပြီး ကျနော့် အသားကို ထိဖို့ ကြိုးစားရင်တော့ Mae နဲ့ ဆက်ရှင်းဖို့ ပြင်ထား" ..
"ကျနော်ပြောတာ ကြားလား" ..
ကားအရှိန်ကို မလျော့ဘဲ Tolက ကားလမ်းဆီမှ အကြည့်လွှဲကာ ကျနော့်ကို မျက်လုံးချင်းဆိုင်ကာ မေးလာတော့ အသက်အန္တရာယ်ကို ထောက်ပြီး ကျနော် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ရ၏
အား .. ဆိုးလိုက်တဲ့ဟာလေး ..
ငါ တကယ့် နတ်ဆိုးလေးတစ်ပါးကိုမှ ချစ်မိနေပြီလား ..
ယဉ်ယဉ်ကျေးကျေး သေသေဝပ်ဝပ်ကောင်လေးရော ပြန်ပေါ်လာဦးမှာလား ..
ဘယ်လိုပုံလေးပဲ နေနေ မင်းက Phi ရင်ကို ဗြောင်းသတ်အောင် ခုန်စေတဲ့သူ ဆိုတာကတော့ မပြောင်းလဲသွားဘူး ...
မင်းက ဆိုးပြလေ ငါက စိတ်ကုန်မသွားဘဲ ပိုပြီး စိတ်လှုပ်ရှားလေ ဆိုတာ မင်းမှ မသိတာ ..
ထို့နောက်တော့ Tol က ဘာမှ ထပ်ပြီး စောဒက မတက်စေချင်ဟန်နှင့် မျက်နှာကို သုန်မှုန်ထားသလို Tihn ဘက်ကလည်း Tol နဲ့ စကားပြောနိုင်ဖို့ မကြိုးစားမိတော့
အဆမတန် ခုန်နေသောရင်ကြောင့် အားနည်းနေတဲ့ ကိုယ်က မိန့်မူးချင်သယောင်ယောင် ဖြစ်လာသည်မို့ ကိုယ့်ကိုယ့်ကို သတိကပ်ပြီး လိုက်လာရသောကြောင့် ဖြစ်သည်
Tol တို့ အိမ်ကို ရောက်တော့ ည ၈နာရီ ထိုးခါနီးပြီ .. Tol က ခြံဝန်းတံခါးကို remote ဖြင့် ခပ်မြန်မြန်ဖွင့်ကာ ခြံထဲမှာ ကားကို ထိုးထားလိုက်၏ .. ကျနော် ဆင်းလာတော့ တစ်ချက်သာ လှည့်ကြည့်ပြီး ကားသော့ကို ကျနော့်ထံ လှမ်းပစ်ပေးသဖြင့် ဖမ်းလိုက်ရသေးသည်
"သြော် .. Nong Tihn ပါလား ... ဘယ်လို ဖြစ်ပြီး သားနဲ့ ပါလာတာလဲ" ...
အိမ်ထဲသို့ အဝင်မှာ Aunty Pang နဲ့ တွေ့ ဖြစ်အောင် တွေ့လိုက်သေးတာမို့ Tol အမေဆိုပေမယ့် ကိုယ့်အမေလိုပဲ မှတ်ယူကာ ရိုသေစွာဖြင့် လက်အုပ်ချီကာ..
"ကောင်းသော ညနေခင်းပါ ... Aunt Pang ခင်ဗျ"
Aunty Pang ကျနော့်အား နွေးထွေးစွာ ပြုံးပြလာပြီး ... ရှေ့က ဖျက်ကနဲ ၀င်သွားတဲ့ သူ့ သားတော်မောင်ကို မျက်လုံးနဲ့ လိုက်ရှာကာ
"Tol နဲ့ အတူလာကြတာလား" ..
အတင်းအဓမ္မ ခေါ်လာတာလို့ ပြန်ဖြေဖို့ ကျနော် စကားစလိုက်ပေမယ့် Tol က ကြားဖြတ်ပြီး ..
"P'Tihn နေမကောင်းသေးလို့ ခေါ်လာတာ Mae ... Guest room ပြင်ခိုင်းထားပါဦး"
"အဲ .. Guest room က aircon ပျက်နေတယ် Tol ... ပြင်တဲ့သူက မနက်မှ လာမယ်တဲ့ ..
ဒါနဲ့ Nong Tihn က ဘယ်အချိန် ဆေးရုံက ဆင်းလာတာတုန်း" ...
"ဒီမနက်ပါပဲ Aunty .."
"Nong Tihn ကို လာမကြည့်လိုက်ရလို့ Mae ကစိတ်မကောင်းဖြစ်နေတာ .. မနေ့က နယ်က ဆိုင်ကို အားချင်းပဲ သွားကြည့်ရတယ်လေ" ..
Aunty Pang က ကျနော့်ကို စေ့စေ့ကြည့်ကာ ကျောပြင်ကို ဖက်လျက် အိမ်အတွင်းသို့ ခေါ်လေသည် ..
"Nong Tol ကို Mae ကိုယ်စား လာကြည့်ခိုင်းထားတာ ... လာကြည့်တယ် မဟုတ်လား .. လက်ဆောင်ရော ယူလာရဲ့လား"..
"လာပါတယ် ခင်ဗျာ .... ငှက်သိုက်ခြင်း ဟောဒီလောက်ကြီးလည်း ယူလာပါတယ်"
ကျနော်က ငှက်သိုက်ခြင်း ဘယ်လောက်ကြီးတယ်ဆိုတာ လက်နှစ်ဖက်ကို ဆန့်ကာ သရုပ်ပြလိုက်တော့ Aunty Pang က တခစ်ခစ် ရယ်လေသည် ..
"Mae ကဖြင့် သူ့ကို သစ်သီးတွေ ၀ယ်သွားခိုင်းတာပါ .. ကြည့်ရတာ သူ ရွေးရမှာ ပျင်းလို့ ထင်တယ် ..
ဟုတ်လား Tol .."
Aunty Pang က ရှုးဖိနပ်ကို ချွတ်ကာ ဖိနပ်စင်ထက်မှာ သေချာ ပြန်ထားနေတဲ့ သူမရဲ့ သားကို လှမ်းစလိုက်ပေမယ့် သားဖြစ်သူကတော့ ငှက်သိုက်ခြင်းအကြောင်းကို စကားမပြန်နိုင်ဘဲ တစ်ခုခုကြောင့် စိတ်ရှုပ်နေပုံရ၏ ..
"Guest Room က တကယ်ပဲ သုံးဖို့ အဆင်မပြေဘူးလား Mae" ..
"အင်း" ..
Aung Pang က Tol ကို တစ်ခွန်းသာ ဖြေပြီး ကျနော့်ကို ကြည့်ကာ ..
"Nong Tihn ဒီညတော့ မင်းရဲ့ Nong Tol အခန်းမှာပဲ အိပ်လိုက်နော် ..
Aunty လည်း ကြိုမသိရတော့ Aircon ပြင်တဲ့သူကို ကြိုပြီး မခေါ်လိုက်ရဘူး .. ခေါင်းအုံးနဲ့ စောင်တွေ Aunty ယူလာပေးမယ် ခဏစောင့် .."
ပြောပြီးပြီးချင်း ဒုတိယထပ်သို့ တက်သွားသော Aunty Pang ကို ကျနော်တို့ ၂ယောက်လုံး မတားလိုက်နိုင်ဘဲ ပါးစပ်အဟောင်းနဲ့ ကျန်ခဲ့ကြသည် ..
ထို့နောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ....
"Tol"
"Phi"
ပြိုင်တူ ခေါ်မိကြသောကြောင့် ကျနော်ကပဲ လက်ပြကာ Tol ကို အရင်ပြောစေလိုက်သည် ..
"တစ်ခုခု မရိုးမသား လုပ်လို့ကတော့နော်" ..
"အေး .. Phi က Tol ကို Mae နဲ့ အရင်တိုင်မှာ" ...
သူ့စကားကို ဖြတ်ပြောပြီး သူပြောနေကျ ပုံစံအတိုင်း လက်ညိုးထိုးကာ ခြိမ်းခြောက်လိုက်တော့ Tol က ရုပ်တည်ကြီးနဲ့ နှာခေါင်းလေးကတော့ ပွစိပွစိ ဖြစ်သွားပြန်သည် ..
ကျနော်ကတော့ ကျေနပ်စွာ ပြုံးလိုက်ပြီး ..
"Nong ကိုယ်တိုင်ပဲ ဒီမှာ အိပ်ရမယ် ဆိုပြီး Phi ကို အတင်းခေါ်လာတာ ..
ဒါပေမယ့် တစ်ခန်းတည်း အိပ်ရမယ်လို့တော့ နည်းနည်းမှ မတွေးမိဘူး မဟုတ်လား"
"တွေးစရာကို မလိုတာ ..
Phi ကုတင်ယူလိုက် .. ကျနော် အောက်ထပ်က ဆိုဖာမှာ အိပ်မယ်"
"အတော်ပဲ .. ဒါဆို Phi လည်း မင်းသိချင်တဲ့ ပေါက်ကရတွေ ဖြေစရာမလိုတော့ဘူး ..."
Tol က စိမ်းစိမ်းဝါးဝါးကြည့်လာတော့ ကျနော့်မှာ ပျော်လိုက်သည့်ဖြစ်ခြင်း ...
လူကို အတင်းအကျပ် လုပ်တတ်တဲ့ ဒေါသအိုးကို ကျဉ်းထဲကျပ်ထဲ ကျအောင် ပြန်လုပ်ရတဲ့ အရသာက ဘာနဲ့မှ မတူ ..
"စိတ်လျော့ စိတ်လျော့ .. Phi က ကြမ်းပြင်မှာပဲ အိပ်ပါ့မယ် ..
Nong က ကုတင်မှာပဲ အိပ်ပါ ...
ဒီကို ခေါ်လာပေးတာ ကျေးဇူးနော် ..
မဟုတ်ရင် အခုအချိန် ER ထဲကို လူနာဖြစ်ပြီး ပြန်ရောက်နေလောက်ပြီ .."
ဒီတစ်ခါ ကျနော့်ကို ကြည့်လာတဲ့ Tol ရဲ့ အကြည့်ကတော့ ကျနော် အဓိပ္ပာယ် မပြန်တတ်အောင်ကို ဆန်းကြယ်၏
"ကျနော့် နောက်လိုက်ခဲ့.."
Tihn တစ်ယောက် ကျေနပ်စွာဖြင့် Tol ခေါ်ရာသို့ ....
#########
Tol ရဲ့ အခန်းလေးက အိမ်မကြီးနဲ့ လိုက်ဖက်စွာ ကျယ်ဝန်းပြီး ပစ္စည်းတွေများနေပေမယ့် အားလုံး နေရာတကျ ရှိနေသည် ... ဒါကလည်း လောလောဆယ်မှာ Tolက အဆောင်မှာပဲ နေတာဖြစ်လို့ Aunty Pang ရှင်းလင်းထားတဲ့ ပုံစံမှာပဲ အမြဲရှိနေတာ ဖြစ်မယ် ..
Tol က အခန်းထဲ ရောက်တာနဲ့ ကျောပိုးအိတ်ကို စာကြည့်စားပွဲရဲ့ ထိုင်ခုံပေါ်ကို လှမ်းတင်လိုက်ပြီး အိပ်ရာခင်းအသစ် ခေါင်းအုံးအသစ်တွေနဲ့ သူ့ အိပ်ရာလေးကို ကြည့်ကာ ကျေနပ်နေပုံရ၏
ကုတခေါင်းရင်း အခန်းနံရံပေါ်မှာလည်း ဘောင်လှလှခတ်ထားတဲ့ ဓာတ်ပုံတွေက စီစီရီရီ ...
ဘောလုံးအသင်း ဝတ်စုံနဲ့ Tolရဲ့ ပုံ ...
Tol အထက်တန်း ဘွဲ့ယူစဉ်ကပုံ ..
ဘောလုံးအသင်းသားတွေနဲ့ Group ပုံ ..
စသည်ဖြင့် ရှိပြီး အစွန်ဆုံးမှာတော့ Tol ငယ်စဉ်ဘ၀ ကျနော်တို့ မိသားစုနဲ့ ခရီးထွက်စဉ် အရွယ်က ပုံလေးတစ်ခုကိုတွေ့လိုက်ရသည် ..
အင်း ..တကယ့် ကောင်မလေးပါကွာ ..
ငါ မှားပြီး သစ္စာဆိုမိတာလည်း မလွန်ပါဘူး
အုန်းမှုတ်ခွက်ဆံပင်ပုံစံနဲ့ မျက်နှာဖောင်းဖောင်းလေးကိုမှ မျက်တောင်နက်နက် မျက်ဝန်းတောက်တောက်လေးတွေနဲ့ ကလေးလေးကို ကြည့်ကာ ကျနော် ပြုံးနေမိတော့ ...
"Phi ..."
ခပ်ကျယ်ကျယ် ခေါ်သံကြောင့် ကျနော် သဘောကျပြီး ငေးနေသော ဓာတ်ပုံထဲက ကလေးလေးရဲ့ အနှစ်နှစ်ဆယ် ကြာသွားချိန် မူကွဲလေးကို မျက်နှာချင်းဆိုင်လိုက်ရသည်...
မူကွဲလေးဟာလည်း တကယ်ချောတဲ့ ကောင်လေး ဖြစ်ပြီး စိတ်တိုနေတဲ့ အချိန်ကလွဲလို့ ငယ်ငယ်က ပါးဖောင်းလေး မပျောက်သေးတာမို့ ကျနော့်အတွက်တော့ ပိုပြီးချစ်ဖို့ကောင်းနေတာ ...
"ကျနော့်ကို ပြောပြဖို့ လိုတာလေးများ မရှိသေးဘူးလား"...
ကျနော်က သူ့ရဲ့ ကလေးဘ၀ ဓာတ်ပုံလေးကို လက်ညိုးထိုးပြလိုက်ကာ..
"ဒါ Nong မဟုတ်လား .. သိပ်ချစ်ဖို့ ကောင်းတာပဲ"
သူသိချင်တာတွေ မပြောသေးဘဲ ဝေ့ဝိုက်နေပြန်ပြီ ဆိုတဲ့ သဘောနဲ့ Tol က မျက်လုံးကို အပေါ်ပင့်၍ တစ်ချက်ကြည့်ကာ ခေါင်းရမ်းလိုက်သည် ..
ထို အပြုအမူလေးကပဲ ကျနော့်ရင်ထဲ သူ့ကို အသည်းယားကာ ပိုစနောက်ချင်သွားသဖြင့် Tol အား ခေါင်းစခြေဆုံး ကြည့်လိုက်ပြီး ...
"Nong က ကြီးလာတော့ ပိုတောင် ချစ်ဖို့ကောင်းသေးတယ်"
(အေ့လေ အေ့လေ 😂)
Tol ရဲ့ မျက်နှာက ရှိရင်းစွဲထက် ပိုပြီး ခက်ထန်လာကာ လွယ်အိတ်တင်ထားသည့် ကုလားထိုင်၏ နောက်မှီ အစွန်းကို အားနဲ့ ဖိပြီး ဆုပ်ကိုင်လိုက်သည်မှာ လက်ဆစ်လေးတွေ နီရဲလာသည် အထိ ....
သူ့ကို ချစ်ဖို့ ကောင်းတယ်လို့ ထပ်ပြောမိရင် ကျနော့်ကို ထိုကုလားထိုင်နှင့် ကောက်ရိုက်တော့မည့် အသွင်ကို ပြနေသည်
"အပိုတွေပဲ ပြောနေဦးမှာလား Phi .."
သူ၏ ဒေါသက ကျနော့်အပေါ် ဘာသက်ရောက်မှုမှ မရှိသလို ဟန်နှင့် ဘောလုံးအသင်းသားများနဲ့ အတူ ရိုက်ထားသော ဓာတ်ပုံကို ဆက်ကြည့်နေလိုက်သည် ...
Tol ဟာ ဒီ ဓာတ်ပုံထဲမှာ သိပ်ပျော်ရွှင်နေရတာကြောင့် နောင်ကို အားကစား ပြင်းပြင်းထန်ထန် လုပ်မရတော့ဘူးဆိုတာ သိရင် သူ ဘယ်လို တုံ့ပြန်လိမ့်မလဲ သိချင်မိ၏
"Nong ရဲ့ ရှေ့မှာတင် လူတစ်ယောက် အသက်ဆုံးသွားတာမျိုး ကြုံခဲ့ဖူးသလား .."
"ဟင့်အင်း ... ကျနော်က Phi လို ER ဆရာဝန်မှ မဟုတ်တာ .."
"Nong ပြောတာ သိပ်မှန်တာပဲ .. ER ဆရာဝန်ဆိုတော့ လူသေတဲ့ ကိစ္စဟာ Phi အတွက် ထူးထူးထွေထွေ မဟုတ်တော့ဘူး"
ထိုမဆန်းတော့သော ကိစ္စအတွက် ဘာဖြစ်မယ် မသိနိုင်သော အခုထက်ထိ အချိန်စက်ကွင်းတွေထဲ လမ်းပျောက်နေရပုံတွေကို ရေးရေးပြန်မြင်လာတော့ ရင်ထဲ လေးလံလာသည် ...
ကိုယ်ခံအား သိပ်မကောင်းတဲ့ အခြေအနေက Tihn ရဲ့ စိတ်ကို သာမန်နေ့တွေထက် ထိလွယ်ရှလွယ် ဖြစ်နေစေ၏
"ဒါပေမယ့် တစ်ရက်မှာတော့ Phi အဖို့ မဆန်းတဲ့ သေခြင်းတရားနဲ့ ပတ်သတ်ပြီး ချွင်းချက်ရှိလာခဲ့တယ် ..
ကောင်လေးတစ်ယောက် Accident နဲ့ အသက်ဆုံးခါနီး Phi ဆီရောက်တာတယ် ..
အဲ့ဒီနောက် သူ အသက်ဆုံးပြီးတိုင်း Phiရဲ့ နေ့ရက်တွေက တစ်ပတ်ပြန်လည်နေတော့တာပဲ .. ပထမတော့ Phi တွေးတယ် ..
သူ အသက်ရှင်မှ ငါ အချိန်ကို ပုံမှန်ဆက်သွားလို့ ရနိုင်မယ်ပေါ့ .."
ပြန်ပြောင်းပြောပြနေရခြင်းနဲ့ တစ်ပြိုင်နက်မှာပဲ အချိန်စက်ကွင်းတွေထဲက ပြက်ပြက်ထင်ထင် မှတ်မိနေစေတဲ့ အရာတွေက Tihn စိတ်ထဲ တရိပ်ရိပ် ထင်ဟပ်လာပြန်သည် ..
လူနာတွန်းလှည်းနဲ့ ရောက်လာတဲ့ သွေးအလိမ်းလိမ်းနဲ့ Tolရဲ့ ကိုယ်ခန္ဓာ ....
ထိုစဉ်ကတော့ ကံခေသော လူငယ်တစ်ယောက်အပေါ် ဂရုဏာသက်ခဲ့ခြင်းထက် ပိုပြီး ဘာမှ မခံစားခဲ့ရ ..
နောက်တော့ ကိုယ့်ရင်ခွင်ထဲ အမောဆိုက်သွားသည့် Tol ကို တင်းတင်းပွေ့ရင်း ER သို့ ရောက်ခဲ့ရပုံ ...
ကိုယ်တိုင် နှလုံးခုန်စက် သုံးပြီး သူ့အသက်ကို ကယ်တင်ရင်း အခေါက်တိုင်း သူ့ကို ဆုံးရှုံးလိုက်ရသည်များ ....
နောက်ဆုံးတစ်ခေါက်တွင် နှလုံးWard ထဲ ပို့နိုင်သည်အထိ ကြိုးစားခဲ့ပြီးမှ အဖတ်မတင်ခဲ့ပုံတွေ ..
ယခု ကျနော့် ရှေ့မှာ ရပ်နေတဲ့ Tol ကတော့ ပကတိ ကျန်းမာနေဆဲ ..
နောက် သုံးလေးရက်နေရင် သူ သေရတော့မယ်ဆိုတာ မသိသေးသော အပူအပင် ကင်းတဲ့ သူဌေးသား ကောင်ချောလေး ...
"အဲ့ဒီ ကောင်လေးကို ကယ်တင်ဖို့ ကြိုးစားရင်း မထင်မှတ်ဘဲ သိလာရတာက သူဟာ Phi အတွက် အရေးကြီးတဲ့ သူတစ်ယောက်ဆိုတာပဲ ..
သူ အေးအေးချမ်းချမ်းနဲ့ အသက်ဆက်ရှင်ဖို့ဆို Phi ကိုယ် Phiတောင် စတေးရဲတယ် ဆိုတာပဲ .."
Tol ကို ဝမ်းနည်းစွာ ကြည့်ရင်း ပြောနေမိသော ကျနော့် မျက်ဝန်းမှာ တစွန်းတစ စိုစွတ်လာသောကြောင့် ထင်ပါရဲ့ ..
Tolရဲ့ မျက်ဝန်းမှာလည်း ဝမ်းနည်းရိပ်တွေ ထင်လာတာကို တွေ့ရလေသည် ..
တခုခုပြောလိုက်ဖို့ သူပြင်ပြီးမှ ဆို့နင့်နေပြီး ခေါင်းငိုက်စိုက်ကျသွားလေသည် ..
.. ထို့နောက် ကျနော့်ဆီ ရုတ်တရက် ပြန်မော့ကြည့်လာပြီး အရဲစွန့်ဟန်ဖြင့် ..
"ကျနော် အခုလိုပဲ ကျန်းကျန်းမာမာ ရှိနေဦးမှာပါနော် .. Phi .."
သူ့မေးခွန်းကြောင့် ကျနော် စိတ်ကျဉ်းကျပ်စွာဖြင့် မျက်နှာတစ်ခုလုံးကို လက်နဲ့ ပွတ်သပ်ကာ .. ဆံပင်တွေကို ဆွဲဆုပ်နေမိသည် ...
"Nong သိရင်တော့ Phi ကို ရူးနေတယ် ထင်မှာပဲ ...
Phi အားလုံး အမှန်အတိုင်းပြောပြရင်တောင် Nong လက်ခံဖို့ဆိုတာ မလွယ်ဘူးကွာ ..
အဲဒီတော့ Nong သိထားရမှာက ...."
ကျနော် စိတ်ငြိမ်အောင် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ...
"Phi လုပ်နေသမျှ အရာတိုင်းဟာ Nong ကို ကောင်းစေချင်လို့ချည်းပဲ ..
Nong အပေါ် အမှားအယွင်း တစ်ခုတစ်လေ ကျရောက်လာမှာကိုတောင် အဖြစ်မခံနိုင်လို့ပဲ .."
တင်းထားတဲ့ကြားက အသံတွေ တုန်လာတာကြောင့် ကိုယ့်ရင်ဘတ်ကို ဖိထိန်းထားလျက် ..
"ဘာလို့လဲ ဆိုတော့ .. Phi က .. Phi က .. Nong ကို သိပ်တန်ဖိုးထားတာလေ ...
အကယ်၍ Nong တစ်ခုခုဖြစ်သွားရင် Phi ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး .."
ကျနော့်ဘက်က တုန်ရီနေသလောက် Tol ဘက်ကတော့ ကျနော့် စကားတွေကို အသိအမှတ်ပြုလိုပုံ မပေါ်တာကြောင့် အနည်းငယ် ရှက်စိတ်ဝင်လာမိပြီး ရပ်နေရာမှ နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်ကာ Tolနားမှ ခွါလိုက်မိသည်
Ai'Tihn မင်း ဘာဖြစ်ချင်နေတာလဲ ...
စိတ်ခံစားချက်ကို မထိန်းနိုင်တာ ပျော့ညံ့နောက်တွန့်တာတွေက မင်းရဲ့ styleမဟုတ်ဘူး
မင်းဆိုတာ ဥာဏ်ကောင်းကောင်းနဲ့ အခက်အခဲတွေကို ဖြေရှင်းတတ်တဲ့ သူပဲ
ဒါပေမယ့် ကျနော် မောပန်းနေတယ် ....
အခုထိ အဆီအငေါ်မတည့်နိုင်သေးတဲ့ အရာအားလုံးကိုလဲ လက်လျော့လိုက်ချင်ပြီ ..
ကျနော် နားဖို့ လိုနေတယ် ..
Tolဆီက ထွက်ပြေးဖို့ လိုနေတယ် ...
ဖြစ်နိုင်ရင် နောက်ထပ် အချိန်စက်ကွင်းတစ်ခုမှာဖြစ်ဖြစ် ... Tolက အထင်ကြီးလေးစားရတဲ့ Phi တစ်ယောက်အနေနဲ့ ကိစ္စတွေကို ပြုပြင်ဖို့ ထပ်ကြိုးစားချင်တယ်
"ဟိုလေ.. Phi သွားသင့်ပြီ ထင်တယ် Nong ...
ဟုတ်တယ် Phi အိမ်ပြန်တာ ပိုကောင်းလိမ့်မယ် ..
Phi နေလည်း ကောင်းနေပါပြီ ..
Aunty ကို နှုတ်ဆက်သွားတယ်လို့ Nong ပဲ ပြောပေးပါဦး"
Tol ကို ကမန်းကတန်း ကျောခိုင်းလိုက်ကာ လွတ်မြောက်ရာ ဖြစ်တဲ့ အိမ်ခန်းတံခါးဝဆီကို Tihn အမြန်လျှောက်သွားလိုက်သည် ...
သို့သော်လည်း တံခါးလက်ကိုင်ဘုဆီ လက်မလှမ်းနိုင်ခင်လေးမှာပဲ ကျနော့် လက်ကောက်ဝတ် တစ်ဖက်ကို တုံ့ဆွဲခြင်း ခံလိုက်ရကာ...
"မသွားရဘူး Phi..."
ရုန်းဖယ်ဖို့ ကြိုးစားလိုက်တော့လည်း လွတ်မသွားအောင် အမိအရ ဆုပ်ကိုင်ထားသည်မို့ လည်ပြန် ငဲ့ကြည့်လိုက်သောအခါ ထိတ်လန့်စိုးရိမ်စွာသောတဲ့ မျက်ဝန်းတွေနဲ့ Nong Tol က ..
"Phi ...ကားမောင်းပြီး သွားလို့ မဖြစ်ဘူး..
Phi ကျနော့်ကို အခေါက်တိုင်းမှာ ဆိုင်ကယ် မမောင်းဖို့ တားခဲ့တယ် ..
ဒါပေမယ့် ကျနော် နားမထောင်ခဲ့လို့ ပြဿနာတွေ များခဲ့ရတယ် ...
အဲ့ဒါကြောင့် ဒီတစ်ခါတော့ Phiက ကျနော့်စကားကို နားထောင်ရမယ်"
ကျနော် ဒီမှာပဲ ညအိပ်သင့်သလား
နေရာချင်း ပြောင်းပြန်ဖြစ်သွားသောအခါ သူပြောသလို ထိခိုက်မိသူရော ပြောင်းလဲ သွားနိုင်ပါသလား
############
(ဆွဲထားပါ Nong Tol ဒီလို Phiကြီးကို လက်လွတ်မခံကောင်းပါဘူး 😝)