A Boy Named JeonJungKook [Co...

By Yon_Di

310K 30.9K 3.5K

ကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜 More

!! Part 1 !!
!! Part 2 !!
!! Part 3 !!
!! Part 5 !!
!! Part 6 !!
!! Part 7 !!
!! Part 8 !!
!! Part 9 !!
!! Part 10 !!
!! Part 10 !!
!! Part 11 !!
!! Part 12 !!
!! Part 13 !!
!! Part 14 !!
!! Part 15 !!
!! Part 16 !!
!! Part 17 !!
!! Part 18 !!
!! Part 19 !!
!! Part 20 !!
!! Part 21 !! (Final)
ABNJJK Limited Gift
Comic
Book Cover
Order Announcement
Book [Second Edition]

!! Part 4 !!

14.6K 1.6K 142
By Yon_Di

Unicode

Iron Man  အရုပ်များကိုဗီရိုများနှင့်အပြည့်တင်ထားသောအခန်းကျယ်ကြီးအတွင်း ဆူညံသောနှိုးစက်သံက မနက်စောစောစီးစီးကျယ်လောင်စွာထွက်ပေါ်လာ၏။

ခြုံထားသည့်စောင်ကအစ Iron Man အရုပ်နှင့်.....

"အင်း....ဆူညံနေတာပဲကွာ...ခဏအိပ်ချင်သေးတယ်"

ဂျောင်ဂုတစ်ယောက်ညလုံးပေါက်ဂိမ်းဆော့ထားလေတော့ အိပ်ယာကမထချင်.....
အိပ်ချင်မူးတူးနှင့် ကုတင်ခေါင်းရင်းကိုလက်ဆန့်ကာ နှိနှိုးစက်ပြန်ပိတ်ရန် တဖတ်ဖတ်နှင့် လိုက်စမ်းကာပိတ်လိုက်ပြီး ပြန်အိပ်လိုက်၏။

ခဏလေးဆိုမှခဏလေး သူပြန်မှေးမိတာပါ....ပြန်နိုးလာတော့ဘာကိစ္စ ၉ နာရီတောင်ထိုးသွားရတာလဲ....

နောက်ကျပြီဆိုသောအသိနှင့် အိပ်ယာပေါ်ကဝုန်းခနဲထကာ ရေချိုးခန်းသို့အမြန်ပြေးရသည်။

တွေ့သည့်အင်္ကျီကိုကောက်ဝတ်ကာ လှေကားထစ်များကိုပါ ကျော်ချပြီး လွှားခနဲ လွှားခနဲ နှင့်ပြေးဆင်းလာသည်ကို omma ကမြင်လေတော့.....

"ဟဲ့ သားလေး...ဖြည်းဖြည်းဆင်းလေကွယ် ပြုတ်ကျနေဦးမယ်"

"မဆင်းလို့မရဘူး omma ရဲ့....နောက်ကျနေပြီဗျ...နောက်ကျနေပြီ"

သားဖြစ်သူနောက်ကျနေပြီဟုဆိုကာအပြေးအလွှားလုပ်နေခြင်းကိုပထမဆုံးမြင်ဖူးသောအမေဖြစ်သူမှာအံ့ဩခြင်းပေါင်းများစွာနှင့်....

နောက်ဆုံး စားပွဲပေါ်တွင် သားငယ်အကြိုက် ကော်ဖီပူပူလေးနှင့်ပေါင်မုန့်မီးကင်လေးတင်ထားပေးသည်တောင်မှ ထိုကလေးလေးက ပေါင်မုန့်ကိုပါးစပ်ထဲထိုးထည့်ကာပြေးသွားလေသည်။

သူအရမ်းကြိုက်လွန်းသည့်ကော်ဖီကိုတောင်မသောက်ပဲအရေးတကြီး လောလော လောလောနှင့်ထွက်သွားရအောင် ဘာတွေများအရေးကြီးနေပါသနည်း။

သူမမှာသာအတွေးပေါင်းများစွာနှင့်ကျန်ခဲ့ရလေသည်။

.
.

ထယ်ယောင်း ကျောင်းထဲသို့ရောက်ရောက်ချင်း မျက်လုံးကိုကျောင်းဝန်းပတ်ပတ်လည်သို့အရင်ကစားစေလိုက်၏။

ဟိုငနဲလေးကိုမတွေ့တာသေချာမှ အေးအေးဆေးဆေး လေးဝင်လာလိုက်သည်။

ထိုငနဲလေးကိုမတွေ့လို့ မနက်ခင်းလေးကိုအေးအေးချမ်းချမ်းလေးကုန်ဆုံးမလားအောက်မေ့ပါရဲ့ အကျိုးမပေးသော ညှပ်ဖိနပ်က တိခနဲပြတ်ထွက်လေ၏။

"Shit....ပြတ်သွားပြီလားဟ"

ထယ်ယောင်းတစ်ယောက် ဘာလုပ်လို့လုပ်ရမှန်းမသိ မတ်တပ်ပဲရပ်နေမိစဉ် အနောက်က ကြားလိုက်ရသောအသံကြောင့် ကမ္ဘာကြီးတစ်ခုလုံးကျက်သရေအဖြာဖြာတုံးသွားရသည်။

"Baby Hyung...Baby Hyung"

သူမကြားမချင်း ခုနှစ်ချီအသံနှင့်အော်ခေါ်နေသော သကောင့်သားလေး၏အသံကို ထယ်ယောင်းမကြားချင်ယောင်ဆောင်နေလိုက်သည်။

သူခေါ်နေတာကိုပြန်မထူးလို့ထင်သည်...ဖတ်ဖတ် ဖတ်ဖတ်နှင့်ထယ်ယောင်းအနားကိုပြေးလာသော ခြေသံကိုကြားရလေ၏။

"Baby Hyung လေးကခေါ်နေတာပြန်လည်းမထူးဘူး....ဒီပါးစပ်လေးမပါလို့လား ဟီး"

"မင်းဘိုးအေ"

ထယ်ယောင်းဖိနပ်ပျက်လို့စိတ်တိုနေသည့်ကြားက ထိုဝဲစားလေးကလာစနေသော ပိုလို့ပင်စိတ်တိုလာရသည်။

ထယ်ယောင်းကိုတစ်ချိန်လုံးအသေးစိတ်ကြည့်နေသော ဂျောင်ဂုမှာဖိနပ်ပြတ်သည်ကိုတွေ့သော်.....

"Baby hyung ဖိနပ်ပြတ်သွားတာလား...ကျွန်တော့်ကိုလည်းမပြောဘူး"

"ပြောရအောင်မင်းကငါ့အမေမှမဟုတ်တာ"

ထယ်ယောင်း ငါ့အဖေအဖေလို့ပြောရင် daddy လို့ပြောလာမည့်အကွက်တွေကိုမြင်တာကြောင့် ကြိုရှောင်ကွင်းကာပြောပါသော်လည်း ပြောရဲဆိုရဲပါးစပ်လေးက Daddy ဆိုသောစကားကထွက်လာလေ၏။

"အော်...Daddy ပါဆို Baby hyung လေးကလည်း"

သူ့ကိုယ်သူ Daddy လို့ပြောပြီး ထယ်ယောင်းပခုံးလေးနှစ်ဖက်ကိုကိုင်ကာ လမ်းနဘေးတွင်လုပ်ထားသောခုံလေးတွေအတင်းထိုင်စေ၏။

"ဟ ဟ ဘာလုပ်နေတာလဲ...ငါ့ကိုလွှတ်"

"ငြိမ်ငြိမ်နေပါ hyung ရယ်...ခဏလေးပဲ"

ထယ်ယောင်းမက်မွန်သီးလေးခုံနဲ့တစ်ပြေးတည်းဖြစ်သွားလေတော့ ထယ်ယောင်းရှေ့တွင်ဒူးထောက်ကာထိုင်ချလိုက်လေသော ဂျောင်ဂု....

ထို့နောက်သူ့ဖိနပ်ကို ကြိုးတွေဆွဲဖြည်ကာ ချွတ်လိုက်ပြီး ထယ်ယောင်းခြေဖဝါးလေးကို ခပ်ဖွဖွလေးကိုင်ကာ ပြတ်သွားသောဖိနပ်ကိုချွတ်လိုက်ပြီး သူ့ရှုးဖိနပ်လေးအားစီးပေးလေသည်။

ဂျေင်ဂုလုပ်ရက်ကြောင့် ထယ်ယောင်းရှက်လည်း ရှက် အားလဲအားနာ သွားရသည်။

"ဟ ဟ မင်း ဘာလုပ်နေတာလဲ"

"ဖိနပ်စီးပေးနေတာလေ hyung ရယ်"

ပြောပြောဆိုဆိုနှင့် ထယ်ယောင်းကိုဖိနပ်နှစ်ဖက်စလုံးစီးပေးခြင်းကိစ္စအောင်မြင်သွားလေ၏။

အစကလူတွေကကြည့်သွားကြလေတော့ ရှက်လွန်းလို့ လူကဘာကိုမှမမြင်တော့.....

နောက်မှဖိနပ်ဗလာဖြစ်သွားသောဂျောင်ဂုကိုကြည့်လိုက်တော့ ခြေချောင်းထိပ်လေးတွင် Iron Man အရုပ်ပုံပါသော ခြေအိတ်နီနီလေးနှင့်.....

ဆင်ပြောင်ကြီး အမြှီးကျမှတစ်ဆိုသလို တစ်ကိုယ်လုံး Daddy ဆိုဒ်ပြည့်ဂိုဒ်ပြည့်ဖမ်းလာပြီးကာမှ Iron Man ခြေအိတ်တွင် အကုန်ရေစုန်မျောကုန်၏။

ထယ်ယောင်း ရယ်သံနည်းနည်းထွက်သွားတော့ သူ့ကိုရှက်ရွံ့သောမျက်နှာလေးနှင့်မော့ကြည့်လာ၏။

"Hyung တစ်မျိုးမထင်နဲ့နော်...ကျွန်တော် ဒီအရုပ်ကိုအရမ်းသဘောကျလို့ ဟီးဟီး"

ရယ်ကျဲကျဲနှင့်ထိုမျှသာပြောပြီး သူ့ရှေ့ကနေထပြေးသွားလေ၏။

ထယ်ယောင်းမှာသာစိတ်ဆိုးရမလို ရယ်ရမလိုလို ကျေးဇူးပဲတင်ရမလိုလိုဖြစ်ကာကျန်ခဲ့လေတော့သည်။

.
.

Hyung ရှေ့ကနေသူရှက်ရှက်နဲ့ထပြေးလာခဲ့တာ ဘယ်ရောက်လို့ရောက်လာမှန်းပင်မသိ။

ဒီနေ့လိုနေ့မျိုးကျမှ စွပ်လာမိတဲ့ကိုယ့်ကိုကိုယ်သာ နံရံနဲ့ခေါင်းနဲ့ပြေးဆောင့်ချင်မိတော့သည်။

မင်ယွန်ဂီကိုပြောပြလေတော့ ငပျင်းရယ်သံကြီးနှင့်သာရယ်ပြီး ပြန်အိပ်သွားလေ၏။

အားကိုးမရတဲ့နှစ်ဆွေးကြီးကြောင့် သူ့မှာငိုချင်စိတ်ပင်ပေါက်သွားရလေသည်။

"Hyung ရယ်သွားတယ်...သူ့ကိုကြည့်ပြီး hyung ရယ်သွားတယ်....Daddy image တော့ပျက်ပါပီကွာ"

.
.

နေ့လည်ကန်တင်းချိန်ရောက်တော့ မယောင်မလည်နှင့် hyung ကိုလိုက်ရှာနေမိသည်။

မနက်က မဟာအရှက်တော်ကွဲထားလေတော့ မျက်နှာချင်းမဆိုင်ရဲ......

ဟော....နောက်ဆုံးတော့တွေ့ပါပီ...ဟိုဂျပုနဲ့အတူအတူထိုင်ကာမုန့်စားနေခေသည်။

ဘေးတစ်စောင်းတွေ့ရတာတောင်သူ့မှာသေမလိုတွေဖြစ်နေရသည်။

စွဲဆောင်လွန်းပါတယ် hyung ရယ်.....

ဘေးကအစစ်မတစ်သိုက်က ခိုးကြည့်ကာရယ်နေကြတော့ သူ့မှာ အူတိုရပြန်သည်။

ဟို hyung ပေါက်စလေးကလည်း မုန့်စားနေတာတောင်မှ ရူးခါလောက်အောင်ဖြစ်နေသည်ကိုး....

ထိုအလှလေးကို မနီးမဝေးကနေ ယောင်လည်လည်နှင့်ငေးကြည့်နေမိသည်။

သူ့ရဲ့ baby hyung လေးမှာ ဟိုဂျပုကိုကြည့်ပြီးစကားပြောနေရင်း ဘေးနားကစတော်ဘယ်ရီအချိုရည်ခွက်လေးကိုလှမ်းယူလိုက်တော့ လက်ထဲအံဝင်ခွင်ကျမဖြစ်ပဲ တိုက်မိပြီး မှောက်ကျကုန်၏။

ဂျောင်ဂုမှာ သူရပ်နေသည့်နေရာမှ ထယ်ယောင်းရှိသည့်နေရာသို့မည်သို့ပင်ရောက်သွားသလဲမသိလိုက်။

မနက်ကကိစ္စကြောင့်ရှက်နေသည်မလို့ hyung မျက်နှာကိုစေ့စေ့မကြည့်ပဲ မှောက်ကျနေသည့်  အချိုရည်များကို ဖတ်ဖတ် ဖတ်ဖတ်နှင့် မြန်မြန်ဆန်ဆန် သုတ်ပေးကာ အချိုရည်ခွက်ကိုအမှိုက်တောင်းထဲပစ်ထည့်လိုက်ပီး အိတ်ကပ်ထဲမှလက်ကိုင်ပုဝါလေးကို ဘေးနားအသာလေးချပေးကာ သူမဟုတ်သလိုထွက်လာလိုက်၏။

.
.

ထယ်ယောင်း ရုတ်တရက်ဘေးကနေ အလင်းထက်မြန်သောအရှိန်နှင့်ရောက်ချလာပြီး သူမှောက်ကျသွားသောအချိုရည်ခွက်အတွက်ဘာစကားမှမပြောဘဲ ကပြာကယာသုတ်ပေးပြီး အလျင်အမြန်ထွက်သွားတဲ့ဂျောင်ဂုကိုကြည့်ပြီးထယ်ယောင်းမှာပါးစပ်အဟောင်းသားနဲ့......။

သူဘာမှလုပ်စရာပင်မလိုလိုက်....မျက်စိတစ်မှတ်အတွင်းမှာ အကုန်လုံးကို သန့်ရှင်းသွားသည်။

ပြီးလျှင် သူမဟုတ်သလိုထွက်သွားသည့်ပုံက ထယ်ယောင်းအတွက် တော်တော်လေးရယ်စရာကောင်းနေသည်။

ရုပ်တည်ကြီးနှင့်အကုန်လုပ်ပေးပြီးထွက်သွားသည်မလို့ ထယ်ယောင်း ရယ်ပြုံးလေးပြုံးမိ၏။

မနက်က Iron Man ခြေအိတ်ကိုတော်တော်ရှက်သွားပုံရသည်။

အမြဲတမ်းသူ့မျက်နှာရှေ့တွင်အပိုးမသေသောရုပ်နှင့် ပြုံးစိစိ ရှိနေသည့်သူက ဒီနေ့အတွက်တော့ ပျောက်ချင်းမလှပျောက်နေသည်။

အခုလည်းဘယ်ချောက်ကဘယ်လိုချောင်းနေလို့ သူ အချိုရည်ဖိတ်တာကိုမြင်လိုက်သလဲမသိ။

ဘာပဲဖြစ်ဖြစ် ဒီနေ့အတွက်တော့ ထယ်ယောင်း ပြုံးမိသွားသေးသည်ပဲ။

.
.

ဂျောင်ဂု ထိုနေရာကနေ မသိသလိုပြန်ထွက်ပြီး အကွယ်ကပြန်ချောင်းကြည့်နေတော့ သူ့ Baby Hyung လေးပြုံးလိုက်သည်ကိုမြင်လိုက်ရ၍ ရင်ထဲ၌ရေခဲမြစ်ကြီးစီးဆင်းသွားသလို....

ထိုမျက်နှာလေးကိုအရှေ့တည့်တည့်ကနေမေးထောက်ပြီး တစ်စိမ့်စိမ့်ထိုက်ကြည့်ချင်နေပါသော်လည်း မနက်က မဟာအရှက်တော်ကွဲထားသည်မလို့ မသွားရဲ....

"ဒီနေ့တော့ အဝေးကပဲငေးမယ် Baby Hyung ရေ"

TBC.....💜

နှစ်တစ်သောင်း update 😆😆

#Zawgyi













.
.




"Shit....ပြတ်သွားပြီလားဟ"


"Baby Hyung...Baby Hyung"




"မင်းဘိုးအေ"













"ဟ ဟ မင်း ဘာလုပ်နေတာလဲ"










.
.






.
.












.
.









.
.




TBC.....💜

နှစ်တစ်သောင်း update 😆😆

Continue Reading

You'll Also Like

565K 49.3K 29
Taekook Fanfiction Jeon Kim Own creation
26.6K 2.3K 72
ဖတ်ကြည့်နော်😉😉
82.2K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
71.7K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။