CHAY《completed》
By Phyoyee39
391K 34.6K 1.1K
Crushဆီကattentionလိုချင်​လား??? တစ်​ခြားလူ​တွေနဲ့​ပျော်​​ပျော်​ရွှင်​ရွှင်​​နေပီးသူ့ကိုပိုးစိုးပက်​စက်​​ချေပြလိ... More
Intro💙
part-1📎📎📎
part-2📎📎📎
part-4📎📎📎
part-5📎📎📎
part-6📎📎📎
part-7📎📎📎
part-8📎📎📎
part-3📎📎📎
part-9📎📎📎
part-10📎📎📎
part-11📎📎📎
part-12📎📎📎
part-13📎📎📎
part-14📎📎📎
part-15📎📎📎
part-16📎📎📎
part-17📎📎📎
part-18📎📎📎
part-19📎📎📎
part-20📎📎📎
part-21📎📎📎
part-22📎📎📎
part-23📎📎📎
part-24📎📎📎
part-25📎📎📎
part-26📎📎📎
part-27📎📎📎
part-28📎📎📎
part-29📎📎📎
part-30📎📎📎
part-31
part-32📎📎📎
part-33📎📎📎
part-34📎📎📎
Part-35📎📎📎
Mini chapter ♥
Part-36📎📎📎
Part-37📎📎📎
BJYX🌈
Part-38
Part-39
Part-40
Part-41
Part-43
Attention Pls,😚
Part-44<final>
LOVE AT FIRST SIGHT
Part-42
4.7K 470 13
By Phyoyee39
*******
ရှောင်မားမား‌‌တစ်ယောက်ခွဲစိတ်ခန်းရှေ့တွင်ထိုင်နေရသည်မှာတစ်နာရီကျော်ပင်ရှိနေပီဖြစ်သည်။
လူနာတင်ကားခေါ်ပီးကတည်းကသူမသားနှင့်အတူဝမ်ရိပေါ်ကလိုက်သွားသောကြောင့်ကျင်းရွှမ်အာဟူသောကလေးမအတွက်သူမလာစောင့်ပေး‌နေခြင်းပင်။အရမ်းမရင်းနှီးသော်လည်း
သူမကိုတစ်ခါကူညီပေးဖူးသည်ကြောင့်လည်းပါလိမ့်မည်ထင်။လူနာရှင်ကိုဆက်သွယ်ရန်
နည်းလမ်းမရှိသောကြောင့်သူမသာထိုင်စောင့်ပေးနေဖြစ်တော့သည်။သားငယ်ကိုလည်းဟိုကောင်လေးရှိနေသောကြောင့်လားမပြောတတ်။စိတ်မပူမိဘဲ
သွားမကြည့်ဖြစ်သေးချေ။တစ်နာရီကျော်ကြာ
ထိုကောင်မလေးနားတွင်သာစောင့်ပေးနေခြင်း
ပင်။အချိန်‌နှစ်နာရီနီးပါးကြာပီးနောက်
ခွဲစိတ်ခန်းတံခါးပွင့်၍ဆရာဝန်နှင့်အကူဆရာမ‌
လေးများထွက်လာကြသည်။
~ ဆရာ,လူနာအ‌ခြေနေလေး! ~
~ အသက်အန္တရာယ်မရှိ‌တော့ပါဘူး!ခေါင်းထိသွားတာချုပ်ပေးထားတယ်!အင်း..‌ခြေ‌ထောက်တစ်ဖက်က‌တော့အရိုး
အက်သွားတယ်,သတိတော့မရသေးဘူး!ခဏနေရင်ရိုးရိုးအခန်းကိုရွေ့ပေး‌တော့မှာပါ!~
~ ဟုတ်ကဲ့!ကျေးဇူးပါ,ဆရာ! ~
ခေါင်းတစ်ချက်ငြိမ့်ပြကာထွက်သွားသောဆရာ့ကိုကြည့်ကာသူမသက်ပြင်းကိုသာချမိသည်။*ဟင်း,ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့!မိန်းကလေးရယ်!*
******
ဝမ်ရိပေါ်ရှောင်းကျန့်လက်လေးအားဆုပ်ကိုင်ကာ ဖြူဖျော့နေသောမျက်နှာလေးအားငေးနေမိသည်
ကားနှင့်အနည်းငယ်သာထိမိ‌သော်လည်းအဖျားကြီးနေသည်မို့လန့်၍သတိမေ့သွားခြင်းပင်။
အားဆေးသွင်းထားသော်လည်းတစ်နာရီကျော်ကြာသည်အထိသတိပြန်မလာသေးပေ။စဉ်းစားလေ၊စဉ်းစားလေကျင်းရွှမ်အာကို
ဒေါသထွက်လေပင်ဖြစ်သည်။သို့သော်သူမလည်း
ထိခိုက်မိသည်မို့စိတ်ကိုလျော့ထားလိုက်တော့
သည်။မဟုတ်လျှင်သူမကိုသွားသတ်မိလောက်
သည်ပင်။ဘယ်လိုအတွေးနဲ့များလူကို
ကားနဲ့တိုက်ဖို့စဉ်းစားရဲရတာလဲ?!
သူတကယ်ပင်ရွံရှာမိ‌တော့သည်။သို့သော်ကားကိုအချိန်မှီပြန်ထိန်း၍ပင်တော်သေးသည်။မဟုတ်လျှင်အကျိုးဆက်ကတွေးဝံ့စရာ
ပင်။သူမရဲ့အတွေးတွေကိုသူကိုယ်တိုင်လည်း
လိုက်မမှီတော့‌ချေ။ဘာဖြစ်ဖြစ်‌သူ့ချစ်ရသူ
သည်သာအရေးအကြီးဆုံးပင်ဖြစ်သည်။ရိပေါ်အတွေးတို့ကိုရပ်ရင်းသူ့လက်နှစ်ဖက်ဖြင့်
ဆုပ်ကိုင်ထားသောရှောင်းကျန့်လက်ဖမိုးလေးကိုခပ်ဖွဖွနမ်းလိုက်တော့သည်။
*ကိုယ်အရာရာကိုရင်ဆိုင်မှာမလို့,မြန်မြန်သတိရလာပေးပါတော့!!*
*******
ရှောင်မားမားဆေးရုံတံခါးကိုတွန်းဖွင့်ရင်းခဏကြာကြည့်ပီးမှခပ်ဖွဖွပြန်ပိတ်လိုက်ရင်းအပြင်တွင်သာထိုင်နေလိုက်သည်။အ‌ကြောင်းစုံ
အစအဆုံးကိုနားလည်သ‌ဘော‌ပေါက်ပီးတဲ့‌
နောက်မှာ‌ကျန့်ကျန့်ကဝမ်ရိ‌ပေါ်ဆို‌သော
က‌လေးကိုအရမ်းချစ်မှန်းသူမတွေးမိလိုက်ပီဖြစ်သည်။
*သူ့တို့ဆီတည့်တည့်ဝင်လာတဲ့ကား‌ကြောင့်
ရိ‌ပေါ်ကိုတွန်းထုတ်ခဲ့တာမဟုတ်ပါလော^^*
ငယ်ငယ်လေးကတည်းကပင်တစ်ဦးတည်းသောသားလေးဖြစ်တာကြောင့် တစ်အိမ်လုံးမှဖူးဖူးမှုတ်ကာအလိုလိုက်ထားခဲ့ကြသည်လေ။သူမတို့သားအမြဲပြုံးပျော်နေသည်ကို
သာမြင်ချင်ခဲ့သည်။သို့သော်....အခုတစ်ခါတွင်‌တော့...
သူမအတွေးနှစ်ခုကြားဗျာများနေရသည်ပင်။
သူမသားလေးပျော်ဖို့ပဲအဓိကလား?! ဒါမှမဟုတ်... သူမတို့ရဲ့ဂုဏ်သိက္ခာ!!
ဘယ်အရာကပိုအရေးကြီးနေတာလဲ?!!
*******
~ အင်း...ရိပေါ်! ~
မျက်ခွံများလှုပ်လာကာညည်းညူသံထွက်လာသောရှောင်းကျန့်!!
~ ယုန်ဖြူ!ကိုယ့်ကိုမြင်ရလား?!ဟင်,ဘယ်လိုနေသေးလဲ?!ခေါင်းကိုက်နေလား?!နေရတာအဆင်ပြေရဲ့လား?! ~
~ အင်း...ရေ...‌ရေဆာတယ်! ~
~ အင်း,ကိုယ်တိုက်မယ်နော်! ~
ရိပေါ်ဂွမ်းစလေးအားရေစွတ်ကာ‌အနည်းငယ်‌ခြောက်နေသောရှောင်းကျန့်နှုတ်ခမ်း‌ပေါ်သို့ဖိ
ကပ်‌ပေးလိုက်သည်။
~ အော်...လူနာသတိရလာပီပဲ! ~
ဆရာဝန်ထွက်‌ခေါ်မည်အပြုအချိန်ကိုက်ဝင်လာသောသူနာပြုမလေးကြောင့်ရိပေါ်‌ထိုင်ခုံတွင်သာပြန်ထိုင်‌နေလိုက်‌တော့သည်။
~ အင်း...အားလုံး‌ကောင်းသားပဲ!အားဆေး
တစ်လုံးခဏနေလာသွင်းပေးပါ့မယ်!အဆင်ပြေရင်မနက်ဖြန်ဆင်းလို့ရပါပီ! ~
~ ဟုတ်ကဲ့!ကျေးဇူးပါ,ခင်ဗျ! ~
ရုပ်တည်ကြီးနှင့်ထိုင်မြဲထိုင်နေ‌သောရိပေါ်
ကြောင့်ရှောင်းကျန့်ဝင်ပြောလိုက်ခြင်းပင်။
~ ဘာလို့အဲ့လိုလုပ်ရတာလဲ?! ~
~ ဟမ်?! ~
ရုတ်တရပ်ကြီးမေးလိုက်သောရိပေါ်စကားကိုသူလုံးဝနားမလည်ပေ။
~ဘာလို့ကိုယ့်ကိုတွန်းထုတ်လိုက်ရတာလဲလို့မေးနေတာ!ယုန်ဖြူကစွမ်းအားရှင်ကြီးလား?!တစ်ခုခုဖြစ်ရင်ဒီလူရင်ကျိုးမှာကိုသိရဲ့လား?!ဘာလို့အဲ့လို....! ~
တုန်ယင်နေတဲ့ရိပေါ်ရဲ့စကားသံတွေ။
~ ချစ်လို့ပေါ့! ~
~ ငါချစ်တဲ့မင်းကိုမထိခိုက်စေချင်လို့ပါ! ~
~ စိတ်မတိုပါနဲ့‌တော့,ဟုတ်ပီလား?! ~
ရှောင်းကျန့်ကခပ်ပြုံးပြုံးဖြင့်‌ပြောလိုက်ကာ လက်နှစ်ဖက်ကိုဆန့်ပေးလိုက်သည်။
ထို့နောက်သူ့ကိုဖက်တွယ်လာသောရိပေါ်အားနောက်ကျောကိုပုတ်ပေးကာ...
~အခုငါဘာမှမဖြစ်တော့ဘူးနော်,စိတ်‌လျော့လိုက်တော့! ~
ရိပေါ်ရဲ့အကျင့်အရသူစိတ်ကိုတင်းထားကာ ခံစားချက်ကိုဖုံးကွယ်ထားမည်ဖြစ်ကြောင်းသူသိ၍ပြောလိုက်ခြင်းပင်။ခဏကြာသော်သူ၏
ညာဘက်ပခုံးမှာပူနွေးစိုစွတ်လာတော့သည်။
~ အင်း,ဝအောင်ငိုလိုက်နော်!ငါဖက်ထားပေးမှာမလို့!စိတ်ထဲကိုသိမ်းမထားနဲ့‌တော့! ~
~ အင်း...မင်းသာတစ်ခုခုဖြစ်သွားရင်...
ငါ‌လေ...အသက်ဆက်မရှင်နိုင်‌လောက်‌
တော့ဘူး! ~
ရိပေါ်ရဲ့ကလေးဆန်ဆန်စကားသံကြောင့်ရှောင်းကျန့်ပြုံးလိုက်မိသည်။ဝမ်ရိပေါ်ဆိုတဲ့လူ!အရာရာပီးပြည့်စုံနေပေမယ့်အားနည်းချက်က
သူဆိုတဲ့ရှောင်ရှောင်းကျန့်ပဲရှိတာ။
~ အခုငါဘာမှမဖြစ်ဘူးလေ,စိတ်ချပါ!ငါကမင်းအနားမှာတစ်သက်လုံးနေပေးမှာ,နော်!~
ချော့သလိုလေးပြောလိုက်ကာဖက်ထားရင်းနဲ့ပင်နောက်ကျောကိုပုတ်ပေးနေမိ‌တော့သည်။
ထိုအခြင်းအရာကိုတိတ်ဆိတ်စွာကြည့်နေခဲ့သောလူတစ်ယောက်လည်းရှိနေခဲ့လေသည်။
Note♥
ကိုယ်ကတိတည်ပါတယ်နော်။မကောင်းရင်ပြောနော်!ကိုယ့်ကိုယ်ကိုယ်ဆိုးရွား‌နေတရ်လို့ထင်နေလို့။
ပြစ်ပြစ်နှစ်နှစ်လေးတစ်ခါလောက်ဝေဖန်ခဲ့ကြပါ့လား။မကောင်းဘူးတို့,ဆိုးရွားတရ်တို့,ဘာတို့^^
အားပေးနေတဲ့တစ်ယောက်ချင်းစီ...
Love you allပါရှင်♥♥♥
Continue Reading
You'll Also Like
66K 5K 29
127K 11.3K 39
Jeon Jungkook ♡ Kim Taehyung By Sundi_Minie Asshole /Warning⚠
33.8K 3.2K 25
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
116K 10.9K 29
သူကငါ့အပိုင်ဆိုတာ မင်းတို့လက်မခံချင်လည်းလက်ခံရမှာပဲ !