CHAY《completed》

By Phyoyee39

392K 34.7K 1.1K

Crushဆီကattentionလိုချင်​လား??? တစ်​ခြားလူ​တွေနဲ့​ပျော်​​ပျော်​ရွှင်​ရွှင်​​နေပီးသူ့ကိုပိုးစိုးပက်​စက်​​ချေပြလိ... More

Intro💙
part-1📎📎📎
part-2📎📎📎
part-4📎📎📎
part-5📎📎📎
part-6📎📎📎
part-7📎📎📎
part-8📎📎📎
part-3📎📎📎
part-9📎📎📎
part-10📎📎📎
part-11📎📎📎
part-12📎📎📎
part-13📎📎📎
part-14📎📎📎
part-15📎📎📎
part-16📎📎📎
part-17📎📎📎
part-18📎📎📎
part-19📎📎📎
part-20📎📎📎
part-21📎📎📎
part-22📎📎📎
part-23📎📎📎
part-24📎📎📎
part-25📎📎📎
part-26📎📎📎
part-27📎📎📎
part-28📎📎📎
part-29📎📎📎
part-30📎📎📎
part-31
part-32📎📎📎
part-33📎📎📎
part-34📎📎📎
Part-35📎📎📎
Mini chapter ♥
Part-36📎📎📎
Part-37📎📎📎
BJYX🌈
Part-38
Part-39
Part-40
Part-42
Part-43
Attention Pls,😚
Part-44<final>
LOVE AT FIRST SIGHT

Part-41

4.5K 456 28
By Phyoyee39

📱📲

တိတ်ဆိတ်နေတဲ့အခန်းငယ်အတွင်းမှာရှောင်းကျန့်ရဲ့ဖုန်းသံကကျယ်လောင်စွာထွက်ပေါ်လာတာမလို့ရှောင်မားမားကလက်ထဲကရေဇလုံကိုချရင်း
ဖုန်းအမြန်ကိုင်လိုက်ရတယ်။
သူမသားလေးအဖျားရှိန်ကြောင့်အိပ်ပျော်နေ
သည်ကိုနိုးသွားမှာစိုး၍ပင်ဖြစ်သည်။

~ ရှောင်းကျန့်!အဆင်ပြေရဲ့လား?!ကိုယ်အရမ်းစိတ်ပူနေလို့,ဟင် အဆင်ပြေရဲ့လား?! ~

ဖုန်းကိုင်ကိုင်ခြင်းပင်ထွက်ပေါ်လာသောစကားသံတို့မှာစိုးရိမ်မှုအပြည့်ဖြင့်။
သူမမျက်မှောင်ကျုတ်လိုက်မိပီးအပြစ်ကင်းစွာ
အိပ်ပျော်နေသောသားဖြစ်သူမျက်နှာအားတစ်
ချက်လှမ်းကြည့်လိုက်မိသည်။
အိပ်ပျော်နေမှန်းသေချာတော့မှလည်ချောင်း
ရှင်းကာစကားစပြောလိုက်သည်။

~ အန်တီကရှောင်းကျန့်ရဲ့အမေပါ! ~

~ ရှောင်းကျန့်.... ~

~ အန်တီပြောတာအရင်နားထောင်ပေးပါလား?! ~

ဟိုဘက်ကစကားစရုံပင်ရှိသေး။သူမဖြတ်ပြောလိုက်ခြင်းပင်။

~ ‌အား‌တော့နာပါရဲ့!အန်တီ့သားနဲ့မင်းကို
သဘောမတူနိုင်ဘူးကွယ်! ~

~ …. ~

~ အန်တီရှင်းရှင်းပဲပြောမယ်ကွယ်,အန်တီတို့
အသိုင်းအဝိုင်းထဲအရှက်မရချင်ဘူး,သားတို့လူ
ငယ်‌တွေရဲ့ရူးမိုက်မှု‌ကြောင့်ပတ်ဝန်းကျင်ရဲ့အ‌ပြောကိုလည်းအန်တီမခံနိုင်ဘူး!သားတို့ရော
တစ်သက်လုံးခံနိုင်မှာတဲ့လား?!စောစောစီးစီး
လမ်းခွဲလိုက်တာသားတို့အတွက်အ‌‌ကောင်းဆုံးဖြစ်မယ်လို့အန်တီထင်တယ်။သားတို့
ဆက်တွဲ‌နေမယ်ဆိုရင်လည်းအန်တီတို့က
မရမကခွဲရမှာပဲ။ကိုယ့်အသိနဲ့ကိုယ်‌နောက်ဆုတ်
လိုက်ကြတာပိုကောင်းပါတယ်။‌လူကြီး‌တွေကို
အခက်‌တွေ့‌အောင်မလုပ်ပါနဲ့‌တော့!နောက်ထပ် ထက်မဆက်သွယ်ပါ‌တော့နဲ့လို့
အန်တီတောင်းဆိုချင်တယ်။ ~

~ အန်တီ့စကားတွေကိုနားထောင်ပေးလို့
ကျေးဇူးပါ! ~

တီ....

သူမပြောချင်သမျှပြောကာဖုန်းကိုချလိုက်တော့သည်။သူမတစ်ကယ်ပင်မကြားချင်ပါ။တစ်ကယ်
ဆိုကလေးတွေချစ်ခြင်းမှာစစ်မှန်ကြောင်းသူမသိပါသည်။သို့သော်...
*မဖြစ်နိုင်ဘူးလေ,ကလေးတွေရယ်!တစ်ခါ
လောက်တော့မိဘတွေရဲ့ဂုဏ်ကိုကြည့်ပေးပါ။*

~ မားမား တောင်းပန်ပါတယ်,ကွယ် ~

အိပ်ပျော်နေသောသားဖြစ်သူ၏နဖူးလေးအား
ငုံ့နမ်းကာသူမအခန်းထဲမှထွက်လာခဲ့လိုက်‌တော့သည်။

********

*စောစောစီးစီးလမ်းခွဲရမယ်!နောက်ထပ်ထက်မဆက်သွယ်ပါနဲ့တော့!ဟား...‌တောင်းပန်ပါတယ်,အန်တီ!ကျွန်‌တော်အန်တီ‌ပြောသလိုမလုပ်နိုင်‌
လောက်ဘူး^ဟင့်အင်း^မလုပ်ချင်တာ!ကျွန်တော့်ဘဝကရှောင်းကျန့်မရှိရင်မဖြစ်လို့ပါ!တကယ်ကို...သူမရှိရင်မဖြစ်လို့ပါ!*

ရိပေါ်သူ့အတွေးနဲ့သူပါးပေါ်ကျလာတဲ့မျက်ရည်စက်တွေကို လက်ခုံနဲ့သုတ်ချလိုက်တယ်။မျက်နှာချင်းဆိုင်ကဝရံတာကိုအကြည့်ပို့မိတော့
ဘယ်သူ့မှမတွေ့ရ။အလုပ်ကကိစ္စ‌တွေ
ပြတ်သွားကတည်းကသူဒီအိမ်‌ရှေ့ကိုလာခဲ့တာဖြစ်သည်။အိမ်ထဲဝင်‌တွေ့ချင်‌သော်လည်း
အခြေအနေအရမဖြစ်နိုင်သည်မို့ဖုန်းဆက်လိုက်ခြင်းပင်။ဤသည်ကို‌ရှောင်းကျန့်မားမားနှင့်
တန်းတိုး‌လေသည်။
*ရှောင်းကျန့်ကဘာလို့ဖုန်းမကိုင်နိုင်ရတာလဲ?!
သူဘာများဖြစ်နေလို့လဲ?!သူ့ကိုတစ်ခုခုများ
လုပ်ထားကြတာလား?!*
အတွေးများကိုဂယောက်ဂယက်တွေးမိပီးမှ
ခေါင်းကိုပြန်ခါလိုက်ရသည်။
*သူတို့သားပဲ,ဘာမှတော့ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး!*

📱📲

ရိပေါ်အ‌တွေးများစွာနဲ့ကားလမ်းမဘက်ကိုငေးနေတုန်းမှာပဲ ဖုန်းသံကထမြည်လာတယ်။စိတ်ရှုပ်‌နေတာ‌ကြောင့်နာမည်ကိုကြည့်မ‌နေ‌တော့ဘဲတန်းကိုင်လိုက်‌တော့တယ်။

~ ရိပေါ်... ~

ထွက်ပေါ်လာတဲ့အသံလေးကတိုးဖျဖျ။

~ ကိုယ်အခုယုန်ဖြူ့အိမ်‌ရှေ့မှာ ~

တွေ့ရလိုတွေ့ရငြားပြောလိုက်တဲ့စကားလေးတစ်ခွန်းပါပဲ။
တီ....
ရုတ်တရပ်ကျသွားတဲ့ဖုန်းကဘာကြောင့်လဲ?!
ဘေလ်ကုန်သွားတာလား?!ဒါမှမဟုတ်...

သူအတွေးများနေတုန်း‌အိမ်ထဲကနေပြေးထွက်လာတဲ့ပုံရိပ်လေး။
*ရှောင်းကျန့်!*
ရိပေါ်တစ်ယောက်ကားပေါ်ကနေအလျှင်အမြန်ဆင်းပီးယုန်ဖြူဆီအပြေးသွားလိုက်တယ်။

~ ရိပေါ်!! ~

ရင်ခွင်ထဲတိုးဝင်လာတဲ့ကောင်လေးဟာမြတ်နိုး
ဖွယ်အတိ။ကိုယ်လေးကိုရင်ခွင်ထဲထည့်ဖက်ထား
မိတော့သူ့နှာဖျားက‌လေ‌ငွေ့‌နွေး‌နွေးကလည်
ပင်းကိုလာရိုက်ခတ်‌လေသည်။

~ ယုန်ဖြူ!ဖျားနေတာလား?!~

လည်ပင်းကိုလာထိသည့်လေငွေ့လေးတွေက
ပူနေသည်မို့ရင်ခွင်ထဲမှထုတ်ရင်းမေးမိသည်။

~ အင်း,နည်းနည်းလေးပဲဖျားတာပါ!ရိပေါ်နဲ့တွေ့လို့သက်သာသွားပီ! ~

ထိုစကားတို့ကိုပြုံးပြုံးလေးဖြင့်ဖြေကာရင်ခွင်ထဲပြန်လည်တိုးဝင်လာပြန်သည်မို့တင်း‌နေ‌အောင်ပြန်ဖက်ရင်းခေါင်းလုံးလုံးလေးပေါ်ကဆံပင်တို့ကိုငုံ့နမ်းမိသည်။
*လွမ်းနေခဲ့ရတာ...ဒီကိုယ်လုံးလေး...ဆံပင်ပွပွလေး...ပီးတော့...ဒီလူသားလေးကို... *

******

ကျင်းရွှမ်အာမျက်စိ‌ရှေ့ကစုံတွဲကိုကြည့်ရင်း
ဒေါသတွေအလိပ်လိုက်တက်လာရတယ်။
ရိပေါ်မိဘတွေကိုစည်းရုံးလို့မရ‌လို့"မစားရတဲ့အမဲ သဲနဲ့ပက်"ဆိုသလိုပဲ၊ရှောင်းကျန့်မိဘတွေကို
ဂုန်းထိုးဖို့သူမလာခဲ့တာဖြစ်သည်။ဒါပေမယ့်ဘယ်သူထင်မှာလဲ?!
ဒီလိုရင်နာပီးမွန်းကြပ်ဖွယ်ကောင်းတဲ့မြင်ကွင်းကို မြင်လိုက်ရမယ်လို့?!
ရုတ်တရပ်သူမဆင်ခြင်တုံတရားတို့ကင်းမဲ့သွားသည်။စိတ်ရဲ့စေရာအတိုင်းလုပ်မိတာက
ကားကိုအရှိန်တင်ပီးမောင်းလိုက်မိတာပဲ။

ရိပေါ်နဲ့ရှောင်းကျန့်ကအခုလမ်းမပေါ်မှာ။တစ်‌ယောက်ကိုယ်တစ်‌ယောက်တင်း‌နေ‌အောင်ဖက်ထားရင်းစကား‌တွေ‌ပြော‌နေကြတာ။သူကလွှတ်မ‌ပေးမိသလို‌ရှောင်းကျန့်ကလည်းသူ့ရင်ခွင်ထဲကမထွက်။‌ရှောင်းကျန့်တို့အိမ်က
လမ်းရဲ့အစွန်ဆုံးဖြစ်တာကြောင့်လူသွားလူလာ
မရှိသည်မို့‌တော်‌သေးသည်။မဟုတ်လျင်သူများ‌တွေအမြင်တစ်မျိုးဖြစ်‌
နေမည်မဟုတ်ပါ‌လော။

~ ရိပေါ်!! ~

ရှောင်းကျန့်ကရုတ်တရပ်သူ့ကိုအော်ပီးတွန်းထုတ်လိုက်တာမလို့လူကယိုင်ထွက်သွားရတယ်။လမ်းမပေါ်ပစ်မကျခင်မှာလက်နဲ့ထောက်ကာခံပီးရှောင်းကျန့်ကိုလှည့်ကြည့်လိုက်တော့ ကားတစ်စီးကသူ့စီဝင်လာနေတာ။သူအမြန်ပြန်ထပေမယ့်မြက်ကနဲနာသွားတဲ့ခြေထောက်ကြောင့်ခြေထပေမယ့်မြက်ကနဲနာသွားတဲ့ခြေထောက်ကြောင့်ဖင်ထိုင်ရက်ပြန်ကျသွားရတယ်။ဘယ်လိုပဲပြန်ထထမရတော့တာမလို့
အသံကုန်ဟစ်ပီးအော်မိတော့တယ်။

~ ရှောင်းကျန့်!မဟုတ်ဘူး!!မလုပ်နဲ့!! ~

ဒုန်း!!!

~ သား!! ~

ဆူညံသွားတဲ့အသံတွေကြောင့်အိမ်ထဲက‌နေ‌
ရှောင်းကျန့်မားမားက‌ပြေးထွက်လာတယ်။
ရုတ်တရပ်ဖြစ်ရပ်‌တွေကြားမှာသူ‌ဘာကိုမှလိုက်မမှီ‌တော့။လမ်းမ‌ပေါ်မှာလဲကျ‌နေတဲ့‌ရှောင်းကျန့်။သူ့အဖြစ်က‌ခြေဖြတ်ခံထားရတဲ့လူလိုပဲ။ဘယ်လိုမှ‌ခြေ‌ထောက်ကထမရဘူး။မခံမရပ်နိုင်‌အောင်နာ‌နေတာဖြစ်တယ်။သူဒူးနှစ်ဖက်‌ထောက်လျက်ပဲ‌ရှောင်းကျန့်နားသွားပီး‌ရှောင်မားမားလက်ထဲက‌ရှောင်းကျန့်ကိုသူ့ရင်ခွင်ထဲ‌ပြောင်းထည့်လိုက်တယ်။

~ အန်တီ...‌ဆေးရုံ....ဖုန်းဆက်လိုက်ဦးမယ်။ခဏ....ကြည့်ထားဦး...‌နော်! ~

အတုန်တုန်အယင်ယင်နဲ့ရှောင်မားမားကပြောရင်း မျက်ရည်များကိုသုတ်လျက်အိမ်ထဲပြေးဝင်သွားသည်။ရိပေါ်မှာ‌တော့သူ့လက်ထဲတွင်သတိ‌မေ့‌နေ‌
သောချစ်ရသူကိုသာ‌‌ငေးကြည့်‌နေလျက်။

*******

~ ရှောင်းကျန့်!မဟုတ်ဘူး!!မလုပ်နဲ့!! ~

*ရိပေါ်အသံပဲ!*
ကျင်းအာမျက်ဝန်းထောင့်ကနေမြင်လိုက်ရတာကသွေးပျက်နေတဲ့ရိပေါ်။သူမတစ်ခါမှမမြင်ဖူးတဲ့ရိ‌‌ပေါ်ရဲ့ပုံစံ။သူမအမြန်ပဲကားစတီယာတိုင်ကိုဝိုက်ချလိုက်
တယ်။

ဒုန်း!!!

ကျယ်လောင်သံကသူမနားထဲဝယ်ပဲ့တင်ထပ်လျက်။ကားနဲ့ထိရုံလေးသာထိသွားတာမို့
လဲကျသွားတဲ့ရှောင်းကျန့်။*သူဘာမှဖြစ်မှာမဟုတ်ပါဘူး,ရိပေါ်!*
ကားနောက်ကြည့်မှန်ကတဆင့်သူမငေးရင်းပြုံးမိတယ်။ထိုးကိုက်လာတဲ့ခေါင်းကြောင့်
နောက်စေ့ကိုကိုင်မိတော့အနီရောင်အရည်ပျစ်
ပျစ်တွေက သူမလက်မှာပေကျံလာတယ်။
*အင်းလေ,သစ်ပင်နဲ့ကားအရှိန်ပြင်းပြင်းနဲ့ဝင်ဆောင့်မှ‌တော့သွေးထွက်ပီပေါ့!မဆန်းပါဘူး!*
‌‌မေ့လဲ‌နေတဲ့‌ရှောင်းကျန့်ဆီဒူး‌ထောက်သွား‌
နေတဲ့ရိ‌ပေါ်ကိုကြည့်ရင်းသူမစိတ်ထဲကနေ
အကြီးအကျယ်အော်ရယ်မိတော့တာပဲ။

*ဟက်^ရူးလိုက်တာ,ကျင်းအာရယ်!နောက်ဆုံးအချိန်အထိနင်ကသတ္တိမရှိခဲ့ဖူးပဲ*

*အချစ်ဆိုတဲ့အရာကလည်းခက်သား!သူနာကျင်နေတာမြင်ရုံနဲ့ကိုယ်ကငရဲကျသလိုပူလောင်နေမိတာ!*

*တစ်ခါလေးပါ...နောက်ဆုံးတစ်ခါလောက်ငါ့ကိုငဲ့ကြည့်ပေးပါ့လား,ရိပေါ်?!*

သူမမိုက်ရူးရဲဆန်စွာတောင်းဆိုနေမိတယ်။သို့တိုင်
သူမချစ်ရသူဟာသူ့ချစ်သူရဲ့မျက်နှာကိုသာစူးစိုက်ကြည့်နေဆဲ။

*တစ်ကယ်...နောက်ဆုံးအကြိမ်လေးအဖြစ်လေ!တစ်ခါလောက်တော့မျက်နှာသာပေးပါလား...
ကံကြမ္မာရယ်... *

သူမရူးမိုက်စွာပါပဲ...နောက်ဆုံးအချိန်...သူမမျက်ဝန်းတွေအမှောင်မဖုံးခင်...လောကကြီးနဲ့သူမအဆက်အသွယ်မပြတ်ခင်အထိ...နောက်ကြည့်မှန်လေးကိုစူးစိုက်ကြည့်ရင်း...သူမ...
မျှော်လင့်နေခဲ့မိပါတယ်....နောက်ဆုံးတော့...
မျှော်လင့်ချက်တွေ....တစစီကြေမွသွားခြင်း
နဲ့အတူ...သူမလောကကြီးဟာလည်း...အ‌မှောင်ဖုံးသွားပါတော့တယ်...

*ချစ်ခြင်းတိုင်းမှာလှပတဲ့အနားသတ်တွေရှိပေ
မယ့်...အတ္တတွေလွှမ်းခြုံလာရင်တော့...ဆိုးရွားစွာနိဂုံးချုပ်ရတော့တာပါပဲ...*

*တကယ်တော့...လူတိုင်းမသိခဲ့တာတစ်ခုရှိ
တယ်...ကိုယ်ချစ်တဲ့သူကို...ပိုင်ဆိုင်မှပျော်ရွှင်ရတာမဟုတ်ဘဲ...သူပြုံးပျော်နေမှ...ကိုယ်ပျော်ရွှင်ရတယ်ဆိုတာပါပဲ...*

^ဖြူစင်‌သောနှလုံးသားများဖြင့်....အတ္တကင်းစွာ...ချစ်နိုင်ကြပါ‌စေ^

Note♥

ကိုယ်ပျောက်နေတာယူတို့မသိကြဘူးမလား?!မျှော်နေမရ့်လူလည်းမရှိလောက်ဘူးရယ်😣
ကိုယ်ကသာ‌ယူတို့ကိုလွမ်းနေရတာ😭😭
ဒါဒါတေကကိုယ့်ကိုမချစ်ကြဘူး😭
ကိုယ်ကကျောင်းတစ်နေကုန်တက်ပီး
ပိတ်ရက်သင်တန်းတက်‌နေရပါတယ်။တကယ့်ကိုမအားလို့ပါ😔။ကြိုးစားပီးထပ်ရေးပေးပါ့မယ်။ဝေဖန်ပီးအားပေးကြပါဦး♥♥♥

^ကျင်းအာကရိ‌ပေါ်ကိုသိပ်ချစ်ပါတယ်။ပိုင်ဆိုင်လိုစိတ်များသွားရုံပါ။အရမ်းမမုန်းကြပါနဲ့လို့♥♥♥^

Continue Reading

You'll Also Like

32.5K 3.1K 21
Omegaverseဖြစ်ပြီးMarried lifeလေးပါ Start date -2.8.2024 End date -??
80.1K 11.1K 47
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...
604K 103K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
339K 7K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...