แ€แ€ฑแ€œแ€ธแ€„แ€šแ€น (completed)

By Park_Loyal

17K 927 100

love story between two men Present for @Paing7๐Ÿ’— One shot๐Ÿ’— More

แ€แ€ฑแ€œแ€ธแ€„แ€šแ€น๐Ÿ’—Zawgyi code
แ€แ€ฑแ€œแ€ธแ€„แ€šแ€น๐Ÿ’—Unicode
แ€แ€ฑแ€œแ€ธแ€„แ€šแ€น(Extra)๐Ÿ’—Unicode
Something

แ€แ€ฑแ€œแ€ธแ€„แ€šแ€น(Extra)๐Ÿ’—Zawgyi code

2.6K 184 15
By Park_Loyal

ခလေးငယ်

Extra

ဒုန်း

ဒုန်း

ဒုန်း....ဒုန်း!

"Daddy!"

ထမင်းစားခန်းထဲဝင်ကာ ရေခဲသေတ္တာထဲမှ ရေအေးတစ်ဗူး မော့သောက်နေစဉ်....ကြားလိုက်ရသော လှေကားပေါ်မှ ဝုန်းဒိုင်းဆင်းလာသံနှင့်အတူ သူ့အား ခေါ်လာသော ခလေးငယ်ရဲ့ ဒေါသသံစွက်နေသည့် အသံကြောင့် သောက်လက်စ ရေပင် သီးသွားရသည်။

"အဟွတ်..ခလေး..ဟွတ်..ငယ်"

နှုတ်ခမ်းထက်ဝယ် စီးကျသွားသော ရေတို့ကို လက်ဖမိုးဖြင့် သုတ်ကာ ခလေးငယ်အား ကြည့်လေတော့....သူ့အား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်ကို တွေ့ရသည်။

ငါဘာအမှားလုပ်ထားမိလို့ပါလိမ့်။
Yoongi ပြန်ပြီး သေချာ စဉ်းစားကြည့်မိသည်။

မနက်နိုးတုန်းက အကောင်းပါဘဲ။ Companyမသွားခင် ခလေးငယ်ကို ကျောင်းဝင်ပို့တုန်းကလည်း သူ့ကို ပြုံးရွှင်ပြီး အနမ်းတောင်ပေးသွားသေးတာဘဲ။

Companyက အပြန် ကျောင်းဝင်ကြိုပြီး အိမ်ထဲဝင်တဲ့အချိန်အထိလည်း ခလေးငယ်က ပျော်ပျော်ရွှင်ရွှင်ဘဲ။
ရေချိုး အဝတ်အစား လဲမယ်ဆိုပြီး တက်သွားတာ ခုဘာဖြစ်တယ် မသိ။
သူ့အား တစ်ခုခု စိတ်ဆိုးနေသလိုပင်။

"ဘာဖြစ်လို့လဲ ခလေးငယ်"

"ရှင်း"

"ဟင်"

"ဒီကိစ္စကို ရှင်းလို့"

ခလေးငယ်ပြောတာကို နားမလည်၍ ပြန်မေးတော့..ခပ်စူးစူး အသံလေးနှင့်အတူ သူ့ရှေ့သို့ ပြလာသည်က...ဗူးအဖြူလေးတစ်ဗူး။

"Arr...ဒီဟာက"

"Daddyက Mochiကို ဝမ်းနည်းအောင်အရမ်းလုပ်တာဘဲ။ ဒီဆေးတွေကို မသုံးစွဲပါတော့နဲ့ဆိုတာကို...ပြီးတော့ Mochiက Daddyအနားမှာ ရှိနေပြီလေ။ ဘာလို့ ဒီဆေးတွေကို"

ပြောနေရင်းနဲ့ တဖြည်းဖြည်းတိုးကျသွားသော အသံအရ ခလေးငယ်ဟာ အလွန်ပင် ဝမ်းနည်းသွားသည်ဘဲ။

"မဟုတ်ဘူး..ခလေးငယ်။ ကိုယ် အဲဒီ့ဆေးတွေကို မသုံးတော့ပါဘူး"

"ဒါဆို ဘာလို့ ဒီဗူးက အိပ်ယာဘေးက စားပွဲပေါ်မှာ ရှိနေရတာလဲ!"

ဆေးဗူး အား စားပွဲပေါ်သို့ ဆောင့်ချကာ အော်ပြောလာသော ခလေးငယ်က..မျက်ရည်များ စီးကျချေပြီ။

ခေါင်းလေးငုံ့ကာ တအင့်အင့်ရိုက်ငိုနေသော ခလေးငယ်ကို ရင်ခွင်ထဲ ဆွဲပွေ့ကာ...ဆံပင်နုနုလေးတွေကို ပွတ်သပ်ပေးရင်း....

"ကိုယ်ပြောတာ နားထောင်..ခလေးငယ်။ ကိုယ် အဲ့ဒီ့ေ
အိပ်ဆေးတွေကို မသုံးတော့တာ ဆေးရုံဆင်းပြီးကတည်းကဘဲ။ စားပွဲပေါ်မှာ ရှိနေတာက ကိုယ်မနေ့က စာရွက်စာတမ်းတွေ ရှာရင်းနဲ့ ဒီဗူးကို တွေ့လို့ ပစ်မလို့ပါကွာ။ ခုတလော Company တိုးချဲ့ဖို့ ကိစ္စတွေကြောင့် ကိုယ်ဒီဟာကို ပစ်ဖို့မေ့သွားတာပါ"

ထိုအခါမှ တအီအီငိုနေသော ခလေးငယ်မှာ အငိုရပ်သွားပြီး ရှိုက်သံတိုးတိုးလေးနှင့် မေးလာသည်။

"အင့်...တကယ်လား"

ရင်ခွင်ထဲမှ အသံသေးသေးလေးကြောင့် Yoongiပြုံးလိုက်မိကာ...ခလေးငယ်အား မျက်နှာချင်းဆိုင်စေပြီး ပါးမို့မို့လေး နှစ်ဖက်ကို အုပ်ကိုင်လျက်.....

"ကိုယ်က ခလေးငယ်ကို ဝမ်းနည်းစေမယ့် ကိစ္စမျိုး လုပ်မယ်ထင်လို့လား"

သူ့မေးခွန်းကို ခလေးငယ်က နှုတ်ခမ်းဖူးဖူးလေး ပြုံးယောင်သန်းလျက် ခေါင်းခါပြီး ပြန်ဖြေလာသည်။

"ကိုယ့်ခလေးငယ်က အဆိုးလေးကွာ။ ကြည့်ပါဦး ဆေးဗူးကို ဆောင့်ချလိုက်တာ စားပွဲတောင် အက်သွားပြီလား မသိဘူး"

ဝမ်းနည်းနေသော ခလေးငယ်အား မျက်လုံးမှေးကြည့်ကာ ရွှတ်နောက်နောက်ဆိုလေတော့....

"Daddyနော်..ရွှတ်"

မျက်ရည်ဗလပွနဲ့ ခလေးငယ်က နှပ်တွေသုတ်ရင်း နှုတ်ခမ်းလေးထော်ကာ ပြန်ရန်တွေ့လာသည်။

တကယ်ပါ...ခလေးငယ်ဟာ သူ့ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆည်းလည်းလေးပါ။

_______________ခလေးငယ်_____________

"အတွင်းရေးမှူး Min...ရုံးခန်းထဲ လာခဲ့ပါ"

ဆက်သွယ်ထားသော ဖုန်းမှတစ်ဆင့် မှာကြားပြီးနောက်....ခုံပေါ် ခြေချိတ်ထိုင်ရင်း နှုတ်မှလည်း တိုးတိုးလေး နံပါတ်စဉ် ရေတွက်နေမိသည်။

"တစ်

နှစ်

သုံး

လေး

-"

"ချောက်"

5စက္ကန့်ပင် မကြာလိုက်...ကြားလိုက်ရသော တံခါးဖွင့်သံကြောင့် Yoongiရဲ့ နှုတ်ခမ်းပါးတို့ ကော့တက်သွားသည်။

"အမိန့်ရှိပါ...Min CEO shi..ကျွန်တော်မျိုး ဘာလုပ်ပေးရမလဲ"

လက်နှစ်ဖက်ကို ဝမ်းဗိုက်ရှေ့ ယှက်သွယ်ကာ ခါးညွှတ်ပြီး ရွဲ့တဲ့တဲ့အသံလေးဖြင့် မေးလာသော ကောင်လေးအား သူအသဲယားမိသည်။

"အဟမ်း...တတိယအထပ်က အခန်3း06မှာ ရှိတဲ့ ဖိုင်နံပါတ်02683ကို သွားယူပေးပါ...အတွင်းရေးမှူး Min....Mo...chi"

သူ့စကားအဆုံး ခုနတုန်းက ရွဲ့တဲ့တဲ့မျက်နှာဘေးလေးကနေ...စူပုတ်ပုတ်မျက်နှာဘေးသို့ ကူးပြောင်းသွားသည့် ခလေးငယ်။

"Nae..CEO "

မျက်မှောင်လေးကို ကြုတ်ကာ နှုတ်ခမ်းလေးမှာဆူထော်ပြီး သူ့အားစိုက်ကြည့်ကာ ပြန်ဖြေလာသော ခလေးငယ်ကြောင့် သူရယ်ချင်စိတ်ကို အောင့်အီးထားရသည်။

သူစိတ်မကြည်ကြောင်းကို ဟွန့်ခနဲ နှာတစ်ချက်မှုတ်ကာ ဘုကြည့်ကြည့်ပြီး တံခါးဆီသို့ ခြေလှမ်းဦးတည်နေသည့် ခလေးငယ်အား သူလှမ်းပြောလိုက်သည်။

"ဒါနဲ့.."

သူ့စကားကြောင့် တံခါးဆီသို့လှမ်းနေသော ခလေးငယ်ရဲ့ ခြေလှမ်းများရပ်တန့်သွားသော်လည်း လှည့်မကြည့်လာပေ။

"ဓာတ်လှေကားက ပျက်နေတော့ ရိုးရိုးလှေကားကနေ သွားမှရမယ်....သွားလို့ရပါပြီ...အတွင်းရေးမှူး Min"

ဒီတစ်ခါမှာတော့..အခန်းအပြင်သို့ မထွက်ခင် ခလေးငယ်ပေးအပ်သော အကြည့်စူးစူးကို သူရရှိလိုက်သည်။

ရုံးခန်းတံခါးကို ဆွဲဖွင့်ကာ ဆူပုတ်ပုတ်နှင့်ထွက်သွားသော ကောက်လေးမှာတော့ အခန်းထဲရှိ သူ့Daddyရဲ့ မြတ်နိုးစိတ်ကြောင့် ဖြစ်ထွန်းလာတဲ့ အပြုံးတို့ကို မမြင်လိုက်။

____________♥♥♥♥♥_____________

"ဂါး...Daddy အစုတ်ပလုတ်ကြီး..လူကို မနက်ကလည်း Companyသွားတာမစောင့်ဘူး။
စိတ်ဆိုးနေတယ်ဆိုတာလည်း သိသိကြီးနဲ့ လူကိုမချော့ဘဲ..တတိယအထပ်ကြီးထိ လူကို လှေကားတက်ခိုင်းတယ်....အား....ရုပ်သိမ်းတယ် ရုပ်သိမ်းတယ်။ Daddyကို ချစ်တယ်လို့ပြောထားတာကို ရုပ်သိမ်းတယ်။ မချစ်ဘူး...Daddyအစုတ်ပလုတ်ကို"

လှေကားတက်ရင်း သူ့Daddyကြီးကို ဆုတောင်းမေတ္တာတွေ ပို့သနေတဲ့ Mochiလေးပါပင်။

ဆူပုတ်ပုတ်နဲ့ ပွစိပွစိရွတ်နေသော ကောင်ငယ်လေး မသိလိုက်တာက....သူ့Daddyကြီးမှာ ပျက်နေသည်ဟု ဆိုခဲ့သော ဓာတ်လှေကား အကောင်းမှ တတိယအထပ်ရှိ အခန်3း06သို့ ကြိုတင်သွားနှင့်နေပြီဆိုတာကို။

_______________ခလေးငယ်____________

"ဟူး...ခုမှဘဲ ရောက်တော့တယ်...ဟောဟဲ"

တတိယထပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ပြီသည်နှင့် လိုက်ရှာမိတာက..အခန်းနံပါတ်306...။

"ဟော..တွေ့ပြီ"

ဗိုက်ဆာနေသော ခလေး မုန့်ရသွားသကဲ့ပင် ပြုံးရွှင်စွာဖြင့် တံခါးအား ဆွဲဖွင့်လိုက်လေတော့.....

"ဟင်"

အခန်းအတွင်းရှိနေသည်က...ဖိုင်တွဲများမဟုတ်ဘဲ....အဖြူ ရောင် အခန်းမျက်နှာကျက်တွင် ကပ်တွယ်နေသော အနီရောင် မိုးပျံပူဖောင်းလေးများ။

အခန်းတံခါးမှ တစ်ဖက်ဘေးအခန်3း05သို့ ဆက်သွယ်ထားသော နံရံရှိတံခါးဝအထိ ခင်းထားသော အနီရောင် လျှောက်လမ်းအခင်းလေး။

စိတ်လှုပ်ရှားမှုနှင့်အတူ ထိုအနီရောင်လျှောက်လှမ်းလေးအတိုင်း လျှောက်လှမ်းသွားမိသည်။

ထိုစဉ်..အကြည့်တို့က နံရံတို့ဆီ ရောက်သွားတော့....

တွေ့ရသည်က.....

"ဟင်"

အဖြူရောင် ဇာလေးတွေနှင့် ဘောင်ကွတ်ထားသော ဓာတ်ပုံများ။

လသားအရွယ်ကနေ....ယခုအချိန်အထိ သူ့ဓာတ်ပုံများ။
ဓာတ်ပုံတိုင်းတွင် သူ့နှင့်အတူ တွေ့ရသော Daddyရဲ့ အပြုံးများက....သူ့အား မည်မျှ ချစ်မြတ်နိုးကြောင်း သက်သေပြနေသည်။

သွားရည်တွေရွှဲနေသည့် သူ့လက်ပုစိဖြင့် Daddyပါးကို ဆွဲနေသော်လည်း အပြုံးမပျက်သော အဖြူရောင် ဓာတ်ပုံထဲမှ Daddy...။

Daddyရင်ဘတ်ပေါ်မှောက်အိပ်နေသော သူ့ကို သွေးကြောစိမ်းများ ထင်းနေသော လက်ဖွေးဖွေးတစ်ဖက်ဖြင့် ဖက်ထားကာ ရိုက်ထားသော ဓာတ်ပုံထဲမှ ခြောက်လအရွယ်သူနှင့် Daddy...။

ခြံဝန်းထဲ၌ လမ်းလျှောက်တတ်ကာစ သူ့ရဲ့နောက်ကျောပုံလေး။

တစ်နှစ်သားအရွယ် သူ့က Daddyဂုတ်ပေါ်ခွစီးပြီး Daddyဆံပင်ကို ဆွဲကာ ရယ်နေသော ပုံလေး။

စာကြည့်စားပွဲတွင် ထိုင်ကာ စာလုပ်နေသည့် သူအလယ်တန်းအရွယ် အမှတ်တရလေး။

စသည့် စသည့် သူဘွဲ့ယူပြီး Daddy Companyမှာ အလုပ်ဝင်သည်အထိ တိတ်တဆိတ်ရိုက်ယူထားသော ဓာတ်ပုံများ ကို ကြည့်ရင်း Daddyအပေါ် သူပိုပြီးချစ်ခင်မိသည်။

လမ်းအဆုံး၌ တည်ရှိနေသည့် တစ်ဖက်အခန်းသို့ သွားရာ တံခါးချပ်ကို ရင်ခုန်စွာနှင့် သူဆွဲဖွင့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် တံခါးဖွင့်ဖွင့်ချင်းဆီးကြိုနေသည်က....အမဲရောင်suitနှင့် ခန်းညားလှသော အပြုံးပိုင်ရှင် Daddy...။

သူ့စိတ်ကို သိသည့်Daddyက လက်ဆန့်တန်းကာ ကြိုဆိုလေတော့...သူဟန်မဆောင်နိုင်ဘဲ Daddyရင်ခွင်ထဲ အပြေးခိုဝင်လိုက်သည်။

ကိုယ်အပေါ်ထားရှိတဲ့ Daddyရဲ့ ချစ်မြတ်နိုးမှုအပေါ် ကြည်နူးမိသည်က...မျက်နှာပေါ်စီးကျနေသော ကြည်နူးမျက်ရည်တွေက သက်သေပင် ။

"ချစ်တယ်...Daddy...အရမ်း..ဟင့်..အရမ်းချစ်တယ်"

လွတ်လပ်စွာ ဝန်ခံလေတော့ ပိုပြီးတင်းကြပ်လာတဲ့ Daddyရဲ့ ပွေ့ဖက်မှု။

တစ်ခုခုပြောလိုသည်ထင် ကိုယ့်အား ဆွဲခွာလာသော Daddyကို မလွှတ်ပေးဘဲ ပိုပြီး တင်ကြပ်စွာ ရင်ခွင်ထဲ ခိုလှုံလေတော့ Daddyက ခပ်ဟဟရယ်သည်။

ထို့နောက် ဆွဲမခွာတော့ဘဲ ကိုယ်တစ်ကိုယ်လုံးကို ရင်ခွင်ထဲ နစ်နေအောင် ဆွဲဖက်ကာ နဖူးထက် အနမ်းအပ်ပြီး......

"ခလေးငယ်ကို ကိုယ်တစ်ခုတောင်းဆိုစရာရှိတယ်"

"အွန်း"

ခေါင်းလေးငြိမ့်ကာ ပြန်တုံ့ပြန်တော့ မျက်နှာအား လက်နှစ်ဖက်ဖြင့် ပင့်ယူကာ မျက်ဝန်းထဲထိ စိုက်ကြည့်ပြီး....

"ထာဝရ Min Mochiအဖြစ် ရှိနေပေးနိုင်မလား....ကိုယ့်ကို မှီခိုအားထားပြီး ချစ်မယ့်Min Mochiအဖြစ်နဲ့လေ"

မျှော်လင့်ချက်အပြည့်နှင့် မေးလာသော Daddyအား သူအဖြေပြန်ပေးမိတာက
.
.
.
.
.
.
.
နှုတ်ခမ်းပါးထက် နှုတ်ခမ်းဖူးအား နားခိုစေ၍။

ပြုံးယောင်သန်းလာသည့် နှုတ်ခမ်းပါးနှင့်အတူ ပြန်လည်တုံ့ပြန်လာသည့် အနမ်းတို့ကြောင့် လက်ပုစိလေးတို့ ခိုနားရာက Daddyလည်ပင်းထက်ဆီ။

"ကျေးဇူးတင်ပါတယ်..ခလေးငယ်"

မျည်ရည်ငွေ့များဝေ့သီကာ ပြုံးပြီးပြောလာသည့် Daddy...။

Mochiရဲ့ ဘဝမှာ အရေးအကြီးဆုံးက Daddy...
အလိုအပ်ဆုံးက Daddy......
အချစ်ဆုံးကလည်း Daddy...
Mochiရဲ့ အရာရာဟာ Daddyပါဘဲ။

"Daddyရော ကတိတစ်ခုပေးနိုင်မလား"

သူတောင်းဆိုမည့်ကတိကို ပြုံးပြီး နားဆင်နေသော Daddyအနားသို့ တိုးကပ်သွားပြီး နားနားသို့ကပ်ကာ တိုးတိုးလေးမေးလိုက်သည်က...
.
.
.
.
.
.
.
"Mochiလို ခလေးဆိုးလေးကို ထာဝရချစ်ပေးနိုင်မလား"

သူ့ရဲ့စကားအဆုံး Daddyက ဟားခနဲ အသံပြုကာ နှုတ်ခမ်းကို အနမ်းခြွေပီး...

"ပြွတ်စ်....ခလေးငယ်ရဲ့ ကတိကို ကိုယ်ကစကားနဲ့ အဖြေမပေးဘဲ လက်တွေ့ ချစ်ပေးမှာမို့လို့..ခလေးငယ်သာ အဝဆိုးဖို့ပြင်ထား"

ကြည်လင်နေသော ကောင်းကင်ကြီးနှင့်အတူ လူသားနှစ်ဦးရဲ့ ပျော်ရွှင်ဖွယ် ရယ်မောသံတို့က စည်းချက်ကျလျက်...။

**Daddyသိလား။ စွန့်ပစ်ခဲ့တဲ့ မိဘကို Mochiတစ်ခါမှ မတမ်းတခဲ့မိဘူး။
ငယ်စဉ်ကတည်းကနေ..ဒီအချိန်ထိ တစ်ကြိမ်တစ်ခါမှ နာလည်းမနာကြဉ်းသလို..တမ်းလည်းမတမ်းတမိဘူး။

ဘာလို့ဆို....Daddyရှိတာနဲ့တင် Mochiဘဝဟာ ပြည့်စုံပြီမို့....
Daddyကလွဲရင် တခြားအရာတွေဆိုတာ..Mochiအတွက် တမ်းတရလောက်အောင် မလိုအပ်တာမို့လို့။

Mochiဟာ မွေးကတည်းက မိုးနတ်မင်းက သတ်မှတ်ပေးပြီးသားဖြစ်တဲ့ Daddyရဲ့ ခလေးငယ်မို့လို့။

ချစ်တယ် Daddy**

_____________THE END____________
Written by Po Po (Park_Loyal)
#2954words

Readersတို့အား ချစ်ခင်လေးစားမြတ်နိုးလျက် 🙆😘❤

ဖတ်ရတာအဆင်ပြေရဲ့လားဟင်😢


Continue Reading

You'll Also Like

357K 13K 60
๐—œ๐—ก ๐—ช๐—›๐—œ๐—–๐—› noura denoire is the first female f1 driver in ๐——๐—˜๐—–๐—”๐——๐—˜๐—ฆ OR ๐—œ๐—ก ๐—ช๐—›๐—œ๐—–๐—› noura denoire and charle...
17.4K 2K 10
[Compeleted] แ€„แ€ซแ€ทแ€†แ€ฎแ€€แ€šแ€ฐแ€žแ€ผแ€ฌแ€ธแ€แ€šแ€นแ€ท แ€™แ€บแ€€แ€นแ€œแ€ถแ€ฏแ€ธแ€กแ€แ€ผแ€€แ€น แ€™แ€„แ€นแ€ธแ€€แ€ญแ€ฏ แ€„แ€ซ แ€แ€…แ€นแ€…แ€…แ€ฎแ€†แ€ฏแ€แ€นแฟแ€–แ€ฒแ€•แ€…แ€นแ€™แ€šแ€น...แ‹ แ€แ€…แ€นแ€…แ€…แ€ฎแ€†แ€ฏแ€แ€นแฟแ€–แ€ฒแ€แ€ถแ€›แ€แ€šแ€นแ€†แ€ญแ€ฏแ€แ€ฌ แ€˜แ€ฌแ€œแ€ฒแ€žแ€ญแ€œแ€ฌแ€ธ แ€แ€…แ€นแ€†แ€„แ€นแ€ทแ€แ€บแ€„แ€นแ€ธแ€…แ€ฎ แ€•แ€ฒแ€ทแ€ฑแ‚‚แ€€แ€ผแ€žแ€ผแ€ฌแ€ธแ€แ€ฌแ€€แ€ญแ€ฏแ€ฑแ€ปแ€•...
677K 24.7K 100
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! ๐Ÿ˜‚๐Ÿ’œ my first fanfic...
10.2K 915 13
แ€žแ€ฐ๐Ÿ’“ Special for My VJin ๐Ÿ’“