#Unicode
ထယ်ယောင်းကျောင်းသွားဖို့ပြင်ဆင်ကာအိမ်ကထွက်အလာ အိမ်ရှေ့တည့်တည့်တွင်စပ်ဖြီးဖြီးမျက်နှာပေးနှင့် ဓာတ်တိုင်ကိုမှီကာရပ်စောင့်သော ဟိုငနဲကောင်......
"စောစောစီးစီး အကုသိုလ်များဦးမယ်.."
တိုးတိုးလေးရေရွတ်ကာ ပွစိပွစိနှင့် မမြင်ချင်ယောင်ဆောင်ပြီး ခြေလှမ်းကျဲကြီးတွေနှင့်ကားဂိတ်သို့ထွက်လာလိုက်သည်။
"ဟေ့ ဟေ့ အစ်ကိုသေးသေးလေး....ဒီက Daddy ကိုမမြင်ဘူးလား"
သောက်သံပြဲကြီးနှင့်အော်ကာအနောက်ကနေ
ကားယားကားယားနှင့်ပါလာလေ၏။
"Shit....ဝဲစားလေး...အသံက မီးသတ်သံချောင်းခေါက်တဲ့လူရဲ့အသံမျိုးနဲ့"
ထယ်ယောင်းလုံးဝမကြားချင်ယောင်ဆောင်ကာ ခြေလှမ်းတွေကိုအရှိန်ပိုတင်လိုက်၏။
ကြည့်ရတာအဲ့ငနဲလေးကသူ့ထက်ပိုလို့ခြေလှမ်းကျယ်သည်ထင်သည်။ ခဏလေးအတွင်းပင် သူ့အနားကိုရောက်လာလေ၏။
"ဟူး...မြန်လိုက်တာဗျာ...ဒီမှာအရမ်းတွေမောနေပြီ အစ်ကိုသေးသေးလေးရဲ့"
"အမောဆို့ပြီးရှောသွားလည်းနားအေးတာပဲ"
"ဟာ...ရက်စက်တယ်ဗျာ....အဲ့လိုရက်စက်တာလေးကိုပဲ ဒီက Daddy ကကြွေနေရတာ"
"မင်းဘိုးအေကို Daddy"
"သူတို့ခေတ်မှာမရှိလောက်သေးဘူး အစ်ကိုသေးသေးလေးရဲ့"
ဘယ်လောက်ပြောပြော မျက်နှာပြောင်တိုက်ပါလာသော ထိုငနဲကို သူလျစ်လျူရှု့ကာ ကားပေါ်တက်လာလိုက်၏။
ကားကလူရှင်းပေမယ့် ခုံတွေကတော့အပြည့်....ထို့ကြောင့်နှစ်ယောက်သားမတ်တပ်ရပ်၍သာလိုက်လာရသည်။
ကံကြမ္မာကထိုငနဲလေးကိုမျက်နှာသာပေးနေပုံရသည်။မှတ်တိုင်တစ်ခါရပ်တိုင်း တစ်ခါတစ်ခါဘရိတ်အုပ်လျှင် ထယ်ယောင်းခန္ဓာလေးတစ်ခုလုံးက ထိုအကောင်ရဲ့ကျောက်ခဲလိုမာတောင့်တောင့်ရင်ခွင်ထဲ အလုံးလိုက်ဝင်ရောက်၏.....။
မကျေနပ်သည့်အကြည့်နဲ့မျက်စောင်းခဲကြည့်လည်း ထိုသကောင့်သားကတော့အကျေနပ်ကြီးကျေနပ်နေသည့်ရုပ်ကြီးနှင့်ပြုံးဖြီးဖြီး.....
ထယ်ယောင်းတို့ဘေးတွင်ရပ်နေသောအတွဲတစ်တွဲလည်းရှိလေ၏။
ထယ်ယောင်းတို့ရပ်နေသောရှေ့ခုံရှိအမျိုးသမီးကြီးက ဆင်းသွားလေတော့ ထယ်ယောင်းထိုင်ရန်ကြံလိုက်ပေမယ့်လည်း မိန်းကလေးဖြစ်သူကိုဦးစားပေးကာမထိုင်ပဲမတ်တပ်ဆက်ရပ်နေလိုက်သည်။
"ကိုကို ထိုင်လိုက်...ချစ်လေးမထိုင်တော့ဘူး"
"ချစ်လေးပဲထိုင်ပါ...ကိုကိုကရတယ်"
"ကိုကိုပဲထိုင်လိုက်ပါဆို"
ဟိုလူထိုင်ဒီလူထိုင်နှင့်ပြောနေသောထိုနှစ်ယောက်ကိုကြည့်ကာ ထယ်ယောင်း၏စိတ်ကောင်းစေတနာလေးများကြက်ပျောက်ငှက်ပျောက် ပျောက်သွားရ၏။
အခုချိန်ထိငြင်းခုံနေလို့မပြီးသောထိုနှစ်ယောက်မထိုင်သေးခင် ထယ်ယောင်းဝင်ထိုင်လိုက်တော့ မကျေနပ်သည့်အကြည့်တွေနှင့်....ထိုင်ဖို့လုပ်နေတာနားမလည်ဘူးလားဆိုသောအကြည့်တွေနှင့် ဘုကြည့်ကြည့်လာလေ၏။
မတတ်နိုင်....ရှိတဲ့စေတနာလေးကကုန်သွားပြီဖြစ်သည်။
သူ့ကိုကြည့်ကာ ခပ်ကြိတ်ကြိတ်ရယ်နေသော ဂျောင်ဂုထံမှအသံတစ်သံထွက်လာလေ၏။
"အဲ့တာပဲ မောင်စားအေးစားနဲ့...နောက်ဆုံးကြားကခွေးစားဆိုတဲ့စကားပုံကဒါပဲ"
ဟမ်..ဟမ်...ခဏ...အဲ့တာဆိုသူကခွေးဖြစ်သွားတာပေါ့
ထယ်ယောင်းမျက်ထောင့်နီကြီးနှင့်ကြည့်နေသည်ကို မမြင်နိုင်စွာ ထိုသကောင့်သားလေးက ခပ်ကြိတ်ကြိတ်ရယ်နေလေ၏။
နောက်မှရယ်နေရင်း ရုတ်တရက်တိခနဲရပ်တန့်သွားပြီးထိုင်နေသောသူ့ကိုငုံ့ကြည့်ကာ.....
"အယ်....Daddy မဟုတ် ကျွန်တော် အဲ့လိုပြောချင်တာမဟုတ်ဘူး Baby Hyung လေးရဲ့ ဟီးဟီး"
"မျက်စောင်းကြီးကလည်း....နဂါးဆိုပြာကျနေလောက်ပြီ အဟင်း"
ထယ်ယောင်းစိတ်ခြောက်ခြားစရာကောင်းလွန်းသောအပြုံးကြီးကိုပြုံးလိုက်တော့ အကြောက်ကြောက်အလန့်လန့်နှင့်ကြည့်လာလေ၏။
"ဘာ ဘာလုပ်မ မလို့လဲ Bay Baby hyung လေးရဲ့"
စကားတွေကအထစ်ထစ်အငေါ့ငေါ့တွေနှင့်......
"ဘာမှမလုပ်ပါဘူး အဟင်း"
ထယ်ယောင်းခုံမှရုတ်တရက်ထရပ်လိုက်တော့ သူ့ကိုငုံ့ကြည့်နေသောထိုငနဲလေး၏နှာခေါင်းနှင့် ထယ်ယောင်းရဲ့ခေါင်းသည် 'ခွပ်' ခနဲမိတ်ဆက်၏။
"အား သေသေပါပီ..."
နှာခေါင်းဖိကာအော်နေသောငနဲလေး၏ ကွင်းထိုးဖိနပ်လေးပဲစီးထားသည့် ခြေထောက်ဖြူဖြူအပေါ် ရှုးဖိနပ်ဖြူဖြူလေးနှင့်အိခနဲနင်းချလိုက်တော့ ခုန်ဆွခုန်ဆွပင်ဖြစ်သွားလေ၏။
ထို့နောက် မှတ်တိုင်ရပ်သည်နှင့်ကွက်တိဖြစ်၍ ကျောင်းမရောက်သေးသော်လည်း ဆင်းချလာလိုက်သည်။
"Hyung...Baby Hyung...."
ခေါင်းနဲ့ဆောင့်ထားသောနှာခေါင်းကိုအုပ်ကာ ခြေထောက်ကလည်းတက်နင်းခံထားရသောကြောင့်ခုန်ဆွဆွနှင့်ကားပေါ်ကျန်ခဲ့လေသည်။
ထယ်ယောင်းကတော့ သာသာလေးပင် Taxi လေးတားကာကျောင်းသို့ဆက်လာလိုက်၏။
.
.
ထယ်ယောင်းကျောင်းရောက်လာတော့ဟိုတစ်နေ့ကလို နှောင့်ယှက်သည့်ငနဲလေးမရှိတော့....
"အခုမှပဲနားအေးတယ်"
လွယ်အိတ်ကိုပခုံးတစ်ဖက်ပေါ်တင်ကာ အခန်းရှိရာသို့လျှောက်လာလိုက်၏။
ကော်ရစ်တာတစ်လျှောက်အေးအေးဆေးဆေးလေးလျှောက်လာနေတုန်း အရှိန်နဲ့ပြေးဖက်ခံလိုက်ရသောကြောင့် ထယ်ယောင်းခန္ဓာကိုယ်လေးသည်အရှေ့သို့အင့်ခနဲပင်......
"ဟမ်....ဒီကောင် ကျောင်းဘယ်လိုရောက်လာတာလဲ"
ထိုကောင်လေး bus နဲ့ပဲဆက်လိုက်လာတာမဟုတ်ဘူးလား....အဲ့တာဆိုဘာကြောင့်....
"ကိုယ့်ယောင်္ကျားကိုတွေ့တာအဲ့လောက်လန့်စရာမလိုပါဘူး baby hyung လေးရဲ့"
"မင်းဘိုးအေ ယောင်္ကျား"
"အတူတူရောက်လာလို့အံ့ဩနေတယ်မလား....baby hyung လေးဆင်းသွားတာနဲ့ဒီကယောင်္ကျားက ချက်ချင်းပဲ Taxi ငှားပြီးလိုက်လာတာ..."
စိတ်ဆင်းရဲလိုက်တာ....ထယ်ယောင်းစိတ်ပျက်လက်ပျက်ပင်ကြည့်နေမိသည်။
"ငါ့ပခုံးပေါ်ကလက်ကိုဖယ်"
ပြောလည်းပြော ထိုလက်ကိုဖယ်ထုတ်လိုက်၏။ လက်ဖယ်သွားသော်လည်းရုပ်ကစပ်ဖြဲဖြဲ....
ဘေးကနေနောက်ပြန်လျှောက်ကာ ထယ်ယောင်းမျက်နှာကိုကြည့်ပြီးပါလာလေ၏။
"Shit...ငါ့ကိုအဲ့လိုလာကြည့်မနေနဲ့"
"မဆဲပါနဲ့ဆို....ဒီကောင်လေးကနှလုံးသားနုနုလေးရယ်"
ထယ်ယောင်းပြောလို့မရသည့်အတူတူ လက်ခလယ်ထောင်ပြပြီးသာ အခန်းသို့ရောက်ပြီမလို့အခန်းထဲဝင်လာလိုက်သည်။
အဲ့တာတောင်မှ ထယ်ယောင်းကြားအောင်အော်ပြောလိုက်သေး၏။
"လက်ခလယ်လေးကချစ်ဖို့ကောင်းလိုက်တာ" ဟု.....
ထယ်ယောင်းတော်တော်လေးပင် ဆလံသသွား၏။ ဘယ်လိုအရှက်မရှိခြင်းမျိုးလဲ......။
.
.
ကန်တင်းချိန်သို့ရောက်တော့လည်း အခန်းဝတွင်ရပ်စောင့်နေသောထိုဟာလေးကိုမြင်လိုက်ရတော့ စိတ်ကုန်လက်ပန်းပင်ဖြစ်သွားသည်။
ဆန်မုန့်လုံးကတော့ မျက်မှန်အဝိုင်းကြီးတစ်ပင့်ပင့်နှင့်ဘာမှမသိ.....
"ထယ်ယောင်း ကန်တင်းသွားမယ်လေ ဘာရပ်လုပ်နေတာလဲ"
"ငါမသွားချင်တော့ဘူး"
ထယ်ယောင်းထွက်သွားတာနဲ့အနောက်ကတစ်ကောက်ကောက်ပါလာမည်ကိုသိတာကြောင့် ထွက်တောင်မထွက်ချင်တော့.......
"ဗိုက်ဆာတယ်ဆို....သွားမယ်လာ"
သူ့လက်ကိုဆွဲကာထွက်လာတော့ အပြင်ကဟိုအကောင်အကြည့်တွေကမှုန်အကုပ်ကုပ်......
ထယ်ယောင်းသူ့ကိုမခေါ်ပဲဒီတိုင်းဖြတ်လျှောက်သွားတော့ အနောက်ကနေ တောက်လျှောက်လိုက်ပါလာ၏။
ဆန်မုန့်ကတော့ ဘာမှမသိစွာ သူ့ကိုခေါ်ကာကန်တင်းသို့သာဦးတည်နေသည်။
.
.
ထယ်ယောင်းစားထျင်သည်ကိုဆန်မုန့်နဲ့မှာလိုက်ပြီး ခုံတွင်ထိုင်စောင့်နေလိုက်၏။
ဖတ်ခနဲပစ်တင်လိုက်သောလွယ်အိတ်ကြောင့် ဖုန်းသုံး နေရာမှ မျက်လုံးလှန်ကြည့်မိတော့ ဟိုငတိ.....
"အဲ့ဂျပုကဘာလဲ baby hyung လေး"
".............."
ထယ်ယောင်းဘာမှမဖြေပဲ ဖုန်းလေးကိုသာဆက်ကြည့်နေလိုက်၏။
.
.
အခုချိန်မှာ မင်ယွန်ဂီ၏အသည်းတစ်ခြမ်းတွေ ကမ္ဘာတစ်ခုလုံးတွေနားမလည်နိုင်....သူ့အစ်ကိုသေးသေးလေးလက်ကို ပိုက်စိုးပိုင်နင်းဆွဲခေါ်သွားကတည်းကမကြည်နိုင်တော့.....
"အဲ့ဂျပု.....အင့် "
စကားမဆုံးသေးခင်အနောက်မှ အင်္ကျီဆောင့်ဆွဲခံလိုက်ရသောကြောင့်လှည့်ကြည့်လိုက်တော့ ယွန်ဂီဖြစ်နေ၏။
"သေချင်လို့လား"
အေးစက်စက်လေးတွဲတွဲအသံကြီးက ဂျောင်ဂုတစ်ခန္ဓာလုံး ကြက်သီးတွေကဖြင်းဖြင်း.....
ကိုယ်မသိသည့်လူတစ်ယောက်ထပ်ရောက်လာတော့ ထယ်ယောင်းမျက်မှောင်များကျုံ့သွား၏။
ထိုစဉ် ဂျီမင်းကလည်း မြန့်ထည့်ထားသည့်ဗန်းလေးကိုင်ကာရောက်လာလေသည်။
"အင်...ယွန်ဂီ hyung....ဘာလာလုပ်တာလဲ"
ထယ်ယောင်းရှေ့မှာထိုင်နေသည့်ဂျောင်ဂုကိုလည်းတသ်ချက်ကြည့်လိုက်သေး၏။
မျက်မှန်ဝိုင်းဝိုင်းကြီးအောက်ကမျက်လုံးလဲ့လဲ့လေးက ထိုကောင်လေးရဲ့ဆွဲဆောင်မှုတစ်မျိုး....
အဝါရောင်အင်္ကျီအပွကြီးဝတ်ထားပုံမှာကလေးလေးတစ်ယောက်လို.....
တစ်ကိုယ်လုံးချုံ့ကြည့်ပြီး ယွန်ဂီမှာအသည်းယားပြီးရင်းယားနေရ၏။
ဒါလား fourth year ကျောင်းသား....မသိရင်ကလေးလေးလိုပဲထင်ကြမှာ.....
"Hyung ဘာစားမလဲ...ကျွန်တော်သွားယူပေးမယ်"
"ဟမ် ရတယ်...ကိုယ် ကိုယ့်ဘာသာသွားယူမယ်"
ထိုအသံသည့်ခုနကဂျောင်ဂုကိုပြောသည့်အသံနှင့်လားလားမျှမဆိုင်....။
ယွန်ဂီထွက်သွားတော့ ဂျီမင်းကထယ်ယောင်းဘေးတွင်ဝင်ထိုင်ပြီး ထမင်းဟင်းပန်းကန်လေးကိုဗန်းလေးထဲမှထုတ်ပေးလေ၏။
"ဒီနေ့ရဲ့ Menu အသစ်တဲ့ ထယ်ယောင်း..."
"အင်း...ဂျီမင်း"
ခဏကြာတော့ ယွန်ဂီပြန်ရောက်လာကာ ဂျောင်ဂုအတွက်ပါ ယူလာလေ၏။
အကုန်အတူတူစားနေရင်း ယွန်ဂီက ဂျီမင်းရဲ့ပန်းကန်ထဲအသားဖတ်ထည့်ပေးလိုက်တော့ ထယ်ယောင်းအကြည့်တွေက ဂျီမင်းပန်းကန်ထဲ.....
ဂျီမင်းကယွန်ဂီကိုကြောင်တောင်တောင်လေးကြည့်နေတော့......
"အသားမကြိုက်လို့ စားလိုက်"
"ဟုတ်ဟုတ်"
ဂျီမင်းကတော့ဘာမှမသိ ကျွေးတာကိုပဲစားနေလေ၏။
ဂျောင်ဂုမှာထယ်ယောင်းမျက်နှာရိပ်မျက်နှာကဲကိုကြည့်ကာစိတ်အခြေအနေကိုဖတ်နေမိ၏။
ဘာလဲ...အခုhyungကအားကျနေတာလား...
သူဘာလုပ်ရမလဲစဉ်းစားနေတုန်း ထယ်ယောင်းကကိုယ့်ထမင်းကိုပြန်စားနေပြီဖြစ်သည်။
ထို့နောက် မီးပုံးပျံအပွလောက်ရှိသည့်အင်္ကျီကိုဝတ်ထားသောဂျီမင်းမှာ အင်္ကျီလက်ကြီးကို မနိုင်မနင်းနှင့်ဆွဲတင်လိုက် ပြန်လျောလာလိုက်ဖြစ်နေလေတော့ ယွန်ဂီမှာ ဂျီမင်းလက်ကလေးကိုဆွဲယူကာ သေချာလေးခေါက်တင်ပေးလိုက်၏။
ထိုအချင်းအရာကိုလည်း ထယ်ယောင်းကလှည့်ကြည့်လေတော့ ဂျောင်ဂုတို့မနေတတ်တော့ချေ.....
"ဟုတ်တယ် hyung သူ့ကိုလုပ်ပေးမယ့်သူမရှိလို့ အားကျနေတာနေမှာ...hyung မျက်နှာမငယ်အောင်ငါရိုပေးရမယ် "
.
.
.
ခဏကြာတော့ထယ်ယောင်းထမင်းစားနေသည်ကိုအရှေ့ကနေမေးထောက်ကာ ရီဝေဝေအကြည့်တွေနှင့်ငုတ်တုတ်လာထိုင်ကြည့်နေသောဂျောင်ဂု...... ဘယ်သူမဆိုကိုယ်စားနေတာကိုထိုင်ကြည့်နေရင်ကောင်းကောင်းစားတတ်မည်မဟုတ်။
စားနေရင်းဇွန်းလေးကိုအသာလေးချလိုက်ကာ....
"မင်း ဝယ်မစားနိုင်လို့ ငါစားနေတာကိုမျှော်နေတာလား"
"Baby hyung လေးခွံ့ကျွေးမှာကို Daddy ကစောင့်နေတာ"
"ဖွီးးးးးးးးး......."
ဂျီမင်းမှာသောက်နေသည့်ရေများ ရေပန်းလိုစင်ထွက်ကုန်၏။
ထိုရေများကတော့ ယွန်ဂီ၏မျက်နှာပေါ်သို့မိုးရေစက်များကဲ့သို့......
"အာ တောင်း တောင်းပန်ပါတယ် hyung....ရေတွေစိုကုန်ပြီ"
ဂျီမင်းမှာပြာပြာသလဲနှင့်ထကာ ယွန်ဂီမျက်နှာပေါ်ရှိရေစက်များကို တစ်ရှုးလေးနှင့်သုတ်ပေးနေ၏။
ယွန်ဂီမျက်နှာကြီးသည်မှိုရထားသလို....တစ်ချက်တောင်မလှုပ်ပဲ ငြိမ်နေလေ၏။
"မင်းကဘာထဖြစ်တာလဲ ဆန်မုန့်"
"ဟမ် ဘာ ဘာမှမဖြစ်ဘူး"
ယွန်ဂီကတော့ သူ့ကောင်လေးကိုဆန်မုန့်လို့ခေါ်လေတော့ ရှုတည်တည်အကြည့်နှင့်ထယ်ယောင်းကိုကြည့်နေလေ၏။
"ငါသွားတော့မယ်....သူဖုန်းစားရှေ့ထမင်းစားနေရသလိုပဲ...မျှော်နေတာ ကောင်းကောင်းမစားရဘူး"
"သူဖုန်းစားတောင်မှ Baby Hyung ရဲ့သူဖုန်းစားလေး"
တော်တော်ဖြစ်နေသော ဂျောင်ဂုကို ယွန်ဂီနှင့်ထယ်ယောင်းကစိတ်ပျက်သလိုကြည့်နေ၏။ ဂျီမင်းကအခြေအနေတွေကို သိပ်မသိသေးတော့ ကြောင်တောင်တောင်လေးနှင့်သာ.............။
TBC....💌
Unnie Assignment တွေလုပ်ရမှာဖြစ်လို့ မအားလို့မရေးဖြစ်ဘူးရယ် 😥
ဖုန်းအကြာကြီးကြည့်ရင်မျက်ရည်ပူတွေကျလာတာလည်းပါလို့ပါနော်......ARMY ZIP က Taeပုံကိုကြည့်ပြီး ဘေဘီ mood ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါတယ်ရှင့် 🤧🤧
အဲ့တာကြောင့်အခုအပိုင်းလေး မကောင်းခဲ့ရင်တောင်းပန်ပါတယ်လို့ 🥺❣
#Zawgyi
ထယ္ေယာင္းေက်ာင္းသြားဖို႔ျပင္ဆင္ကာအိမ္ကထြက္အလာ အိမ္ေရွ႕တည့္တည့္တြင္စပ္ၿဖီးၿဖီးမ်က္ႏွာေပးႏွင့္ ဓာတ္တိုင္ကိုမွီကာရပ္ေစာင့္ေသာ ဟိုငနဲေကာင္......
"ေစာေစာစီးစီး အကုသိုလ္မ်ားဦးမယ္.."
တိုးတိုးေလးေရ႐ြတ္ကာ ပြစိပြစိႏွင့္ မျမင္ခ်င္ေယာင္ေဆာင္ၿပီး ေျခလွမ္းက်ဲႀကီးေတြႏွင့္ကားဂိတ္သို႔ထြက္လာလိုက္သည္။
"ေဟ့ ေဟ့ အစ္ကိုေသးေသးေလး....ဒီက Daddy ကိုမျမင္ဘူးလား"
ေသာက္သံၿပဲႀကီးႏွင့္ေအာ္ကာအေနာက္ကေန
ကားယားကားယားႏွင့္ပါလာေလ၏။
"Shit....ဝဲစားေလး...အသံက မီးသတ္သံေခ်ာင္းေခါက္တဲ့လူရဲ႕အသံမ်ိဳးနဲ႔"
ထယ္ေယာင္းလုံးဝမၾကားခ်င္ေယာင္ေဆာင္ကာ ေျခလွမ္းေတြကိုအရွိန္ပိုတင္လိုက္၏။
ၾကည့္ရတာအဲ့ငနဲေလးကသူ႔ထက္ပိုလို႔ေျခလွမ္းက်ယ္သည္ထင္သည္။ ခဏေလးအတြင္းပင္ သူ႔အနားကိုေရာက္လာေလ၏။
"ဟူး...ျမန္လိုက္တာဗ်ာ...ဒီမွာအရမ္းေတြေမာေနၿပီ အစ္ကိုေသးေသးေလးရဲ႕"
"အေမာဆို႔ၿပီးေရွာသြားလည္းနားေအးတာပဲ"
"ဟာ...ရက္စက္တယ္ဗ်ာ....အဲ့လိုရက္စက္တာေလးကိုပဲ ဒီက Daddy ကေႂကြေနရတာ"
"မင္းဘိုးေအကို Daddy"
"သူတို႔ေခတ္မွာမရွိေလာက္ေသးဘူး အစ္ကိုေသးေသးေလးရဲ႕"
ဘယ္ေလာက္ေျပာေျပာ မ်က္ႏွာေျပာင္တိုက္ပါလာေသာ ထိုငနဲကို သူလ်စ္လ်ဴရႈ႕ကာ ကားေပၚတက္လာလိုက္၏။
ကားကလူရွင္းေပမယ့္ ခုံေတြကေတာ့အျပည့္....ထို႔ေၾကာင့္ႏွစ္ေယာက္သားမတ္တပ္ရပ္၍သာလိုက္လာရသည္။
ကံၾကမၼာကထိုငနဲေလးကိုမ်က္ႏွာသာေပးေနပုံရသည္။မွတ္တိုင္တစ္ခါရပ္တိုင္း တစ္ခါတစ္ခါဘရိတ္အုပ္လွ်င္ ထယ္ေယာင္းခႏၶာေလးတစ္ခုလုံးက ထိုအေကာင္ရဲ႕ေက်ာက္ခဲလိုမာေတာင့္ေတာင့္ရင္ခြင္ထဲ အလုံးလိုက္ဝင္ေရာက္၏.....။
မေက်နပ္သည့္အၾကည့္နဲ႔မ်က္ေစာင္းခဲၾကည့္လည္း ထိုသေကာင့္သားကေတာ့အေက်နပ္ႀကီးေက်နပ္ေနသည့္႐ုပ္ႀကီးႏွင့္ၿပဳံးၿဖီးၿဖီး.....
ထယ္ေယာင္းတို႔ေဘးတြင္ရပ္ေနေသာအတြဲတစ္တြဲလည္းရွိေလ၏။
ထယ္ေယာင္းတို႔ရပ္ေနေသာေရွ႕ခုံရွိအမ်ိဳးသမီးႀကီးက ဆင္းသြားေလေတာ့ ထယ္ေယာင္းထိုင္ရန္ႀကံလိုက္ေပမယ့္လည္း မိန္းကေလးျဖစ္သူကိုဦးစားေပးကာမထိုင္ပဲမတ္တပ္ဆက္ရပ္ေနလိုက္သည္။
"ကိုကို ထိုင္လိုက္...ခ်စ္ေလးမထိုင္ေတာ့ဘူး"
"ခ်စ္ေလးပဲထိုင္ပါ...ကိုကိုကရတယ္"
"ကိုကိုပဲထိုင္လိုက္ပါဆို"
ဟိုလူထိုင္ဒီလူထိုင္ႏွင့္ေျပာေနေသာထိုႏွစ္ေယာက္ကိုၾကည့္ကာ ထယ္ေယာင္း၏စိတ္ေကာင္းေစတနာေလးမ်ားၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားရ၏။
အခုခ်ိန္ထိျငင္းခုံေနလို႔မၿပီးေသာထိုႏွစ္ေယာက္မထိုင္ေသးခင္ ထယ္ေယာင္းဝင္ထိုင္လိုက္ေတာ့ မေက်နပ္သည့္အၾကည့္ေတြႏွင့္....ထိုင္ဖို႔လုပ္ေနတာနားမလည္ဘူးလားဆိုေသာအၾကည့္ေတြႏွင့္ ဘုၾကည့္ၾကည့္လာေလ၏။
မတတ္ႏိုင္....ရွိတဲ့ေစတနာေလးကကုန္သြားၿပီျဖစ္သည္။
သူ႔ကိုၾကည့္ကာ ခပ္ႀကိတ္ႀကိတ္ရယ္ေနေသာ ေဂ်ာင္ဂုထံမွအသံတစ္သံထြက္လာေလ၏။
"အဲ့တာပဲ ေမာင္စားေအးစားနဲ႔...ေနာက္ဆုံးၾကားကေခြးစားဆိုတဲ့စကားပုံကဒါပဲ"
ဟမ္..ဟမ္...ခဏ...အဲ့တာဆိုသူကေခြးျဖစ္သြားတာေပါ့
ထယ္ေယာင္းမ်က္ေထာင့္နီႀကီးႏွင့္ၾကည့္ေနသည္ကို မျမင္ႏိုင္စြာ ထိုသေကာင့္သားေလးက ခပ္ႀကိတ္ႀကိတ္ရယ္ေနေလ၏။
ေနာက္မွရယ္ေနရင္း ႐ုတ္တရက္တိခနဲရပ္တန႔္သြားၿပီးထိုင္ေနေသာသူ႔ကိုငုံ႔ၾကည့္ကာ.....
"အယ္....Daddy မဟုတ္ ကြၽန္ေတာ္ အဲ့လိုေျပာခ်င္တာမဟုတ္ဘူး Baby Hyung ေလးရဲ႕ ဟီးဟီး"
"မ်က္ေစာင္းႀကီးကလည္း....နဂါးဆိုျပာက်ေနေလာက္ၿပီ အဟင္း"
ထယ္ေယာင္းစိတ္ေျခာက္ျခားစရာေကာင္းလြန္းေသာအၿပဳံးႀကီးကိုၿပဳံးလိုက္ေတာ့ အေၾကာက္ေၾကာက္အလန႔္လန႔္ႏွင့္ၾကည့္လာေလ၏။
"ဘာ ဘာလုပ္မ မလို႔လဲ Bay Baby hyung ေလးရဲ႕"
စကားေတြကအထစ္ထစ္အေငါ့ေငါ့ေတြႏွင့္......
"ဘာမွမလုပ္ပါဘူး အဟင္း"
ထယ္ေယာင္းခုံမွ႐ုတ္တရက္ထရပ္လိုက္ေတာ့ သူ႔ကိုငုံ႔ၾကည့္ေနေသာထိုငနဲေလး၏ႏွာေခါင္းႏွင့္ ထယ္ေယာင္းရဲ႕ေခါင္းသည္ 'ခြပ္' ခနဲမိတ္ဆက္၏။
"အား ေသေသပါပီ..."
ႏွာေခါင္းဖိကာေအာ္ေနေသာငနဲေလး၏ ကြင္းထိုးဖိနပ္ေလးပဲစီးထားသည့္ ေျခေထာက္ျဖဴျဖဴအေပၚ ရႈးဖိနပ္ျဖဴျဖဴေလးႏွင့္အိခနဲနင္းခ်လိုက္ေတာ့ ခုန္ဆြခုန္ဆြပင္ျဖစ္သြားေလ၏။
ထို႔ေနာက္ မွတ္တိုင္ရပ္သည္ႏွင့္ကြက္တိျဖစ္၍ ေက်ာင္းမေရာက္ေသးေသာ္လည္း ဆင္းခ်လာလိုက္သည္။
"Hyung...Baby Hyung...."
ေခါင္းနဲ႔ေဆာင့္ထားေသာႏွာေခါင္းကိုအုပ္ကာ ေျခေထာက္ကလည္းတက္နင္းခံထားရေသာေၾကာင့္ခုန္ဆြဆြႏွင့္ကားေပၚက်န္ခဲ့ေလသည္။
ထယ္ေယာင္းကေတာ့ သာသာေလးပင္ Taxi ေလးတားကာေက်ာင္းသို႔ဆက္လာလိုက္၏။
.
.
ထယ္ေယာင္းေက်ာင္းေရာက္လာေတာ့ဟိုတစ္ေန႔ကလို ေႏွာင့္ယွက္သည့္ငနဲေလးမရွိေတာ့....
"အခုမွပဲနားေအးတယ္"
လြယ္အိတ္ကိုပခုံးတစ္ဖက္ေပၚတင္ကာ အခန္းရွိရာသို႔ေလွ်ာက္လာလိုက္၏။
ေကာ္ရစ္တာတစ္ေလွ်ာက္ေအးေအးေဆးေဆးေလးေလွ်ာက္လာေနတုန္း အရွိန္နဲ႔ေျပးဖက္ခံလိုက္ရေသာေၾကာင့္ ထယ္ေယာင္းခႏၶာကိုယ္ေလးသည္အေရွ႕သို႔အင့္ခနဲပင္......
"ဟမ္....ဒီေကာင္ ေက်ာင္းဘယ္လိုေရာက္လာတာလဲ"
ထိုေကာင္ေလး bus နဲ႔ပဲဆက္လိုက္လာတာမဟုတ္ဘူးလား....အဲ့တာဆိုဘာေၾကာင့္....
"ကိုယ့္ေယာက်ၤားကိုေတြ႕တာအဲ့ေလာက္လန႔္စရာမလိုပါဘူး baby hyung ေလးရဲ႕"
"မင္းဘိုးေအ ေယာက်ၤား"
"အတူတူေရာက္လာလို႔အံ့ဩေနတယ္မလား....baby hyung ေလးဆင္းသြားတာနဲ႔ဒီကေယာက်ၤားက ခ်က္ခ်င္းပဲ Taxi ငွားၿပီးလိုက္လာတာ..."
စိတ္ဆင္းရဲလိုက္တာ....ထယ္ေယာင္းစိတ္ပ်က္လက္ပ်က္ပင္ၾကည့္ေနမိသည္။
"ငါ့ပခုံးေပၚကလက္ကိုဖယ္"
ေျပာလည္းေျပာ ထိုလက္ကိုဖယ္ထုတ္လိုက္၏။ လက္ဖယ္သြားေသာ္လည္း႐ုပ္ကစပ္ၿဖဲၿဖဲ....
ေဘးကေနေနာက္ျပန္ေလွ်ာက္ကာ ထယ္ေယာင္းမ်က္ႏွာကိုၾကည့္ၿပီးပါလာေလ၏။
"Shit...ငါ့ကိုအဲ့လိုလာၾကည့္မေနနဲ႔"
"မဆဲပါနဲ႔ဆို....ဒီေကာင္ေလးကႏွလုံးသားႏုႏုေလးရယ္"
ထယ္ေယာင္းေျပာလို႔မရသည့္အတူတူ လက္ခလယ္ေထာင္ျပၿပီးသာ အခန္းသို႔ေရာက္ၿပီမလို႔အခန္းထဲဝင္လာလိုက္သည္။
အဲ့တာေတာင္မွ ထယ္ေယာင္းၾကားေအာင္ေအာ္ေျပာလိုက္ေသး၏။
"လက္ခလယ္ေလးကခ်စ္ဖို႔ေကာင္းလိုက္တာ" ဟု.....
ထယ္ေယာင္းေတာ္ေတာ္ေလးပင္ ဆလံသသြား၏။ ဘယ္လိုအရွက္မရွိျခင္းမ်ိဳးလဲ......။
.
.
ကန္တင္းခ်ိန္သို႔ေရာက္ေတာ့လည္း အခန္းဝတြင္ရပ္ေစာင့္ေနေသာထိုဟာေလးကိုျမင္လိုက္ရေတာ့ စိတ္ကုန္လက္ပန္းပင္ျဖစ္သြားသည္။
ဆန္မုန႔္လုံးကေတာ့ မ်က္မွန္အဝိုင္းႀကီးတစ္ပင့္ပင့္ႏွင့္ဘာမွမသိ.....
"ထယ္ေယာင္း ကန္တင္းသြားမယ္ေလ ဘာရပ္လုပ္ေနတာလဲ"
"ငါမသြားခ်င္ေတာ့ဘူး"
ထယ္ေယာင္းထြက္သြားတာနဲ႔အေနာက္ကတစ္ေကာက္ေကာက္ပါလာမည္ကိုသိတာေၾကာင့္ ထြက္ေတာင္မထြက္ခ်င္ေတာ့.......
"ဗိုက္ဆာတယ္ဆို....သြားမယ္လာ"
သူ႔လက္ကိုဆြဲကာထြက္လာေတာ့ အျပင္ကဟိုအေကာင္အၾကည့္ေတြကမႈန္အကုပ္ကုပ္......
ထယ္ေယာင္းသူ႔ကိုမေခၚပဲဒီတိုင္းျဖတ္ေလွ်ာက္သြားေတာ့ အေနာက္ကေန ေတာက္ေလွ်ာက္လိုက္ပါလာ၏။
ဆန္မုန႔္ကေတာ့ ဘာမွမသိစြာ သူ႔ကိုေခၚကာကန္တင္းသို႔သာဦးတည္ေနသည္။
.
.
ထယ္ေယာင္းစားထ်င္သည္ကိုဆန္မုန႔္နဲ႔မွာလိုက္ၿပီး ခုံတြင္ထိုင္ေစာင့္ေနလိုက္၏။
ဖတ္ခနဲပစ္တင္လိုက္ေသာလြယ္အိတ္ေၾကာင့္ ဖုန္းသုံး ေနရာမွ မ်က္လုံးလွန္ၾကည့္မိေတာ့ ဟိုငတိ.....
"အဲ့ဂ်ပုကဘာလဲ baby hyung ေလး"
".............."
ထယ္ေယာင္းဘာမွမေျဖပဲ ဖုန္းေလးကိုသာဆက္ၾကည့္ေနလိုက္၏။
.
.
အခုခ်ိန္မွာ မင္ယြန္ဂီ၏အသည္းတစ္ျခမ္းေတြ ကမာၻတစ္ခုလုံးေတြနားမလည္ႏိုင္....သူ႔အစ္ကိုေသးေသးေလးလက္ကို ပိုက္စိုးပိုင္နင္းဆြဲေခၚသြားကတည္းကမၾကည္ႏိုင္ေတာ့.....
"အဲ့ဂ်ပု.....အင့္ "
စကားမဆုံးေသးခင္အေနာက္မွ အက်ႌေဆာင့္ဆြဲခံလိုက္ရေသာေၾကာင့္လွည့္ၾကည့္လိုက္ေတာ့ ယြန္ဂီျဖစ္ေန၏။
"ေသခ်င္လို႔လား"
ေအးစက္စက္ေလးတြဲတြဲအသံႀကီးက ေဂ်ာင္ဂုတစ္ခႏၶာလုံး ၾကက္သီးေတြကျဖင္းျဖင္း.....
ကိုယ္မသိသည့္လူတစ္ေယာက္ထပ္ေရာက္လာေတာ့ ထယ္ေယာင္းမ်က္ေမွာင္မ်ားက်ဳံ႔သြား၏။
ထိုစဥ္ ဂ်ီမင္းကလည္း ျမန႔္ထည့္ထားသည့္ဗန္းေလးကိုင္ကာေရာက္လာေလသည္။
"အင္...ယြန္ဂီ hyung....ဘာလာလုပ္တာလဲ"
ထယ္ေယာင္းေရွ႕မွာထိုင္ေနသည့္ေဂ်ာင္ဂုကိုလည္းတသ္ခ်က္ၾကည့္လိုက္ေသး၏။
မ်က္မွန္ဝိုင္းဝိုင္းႀကီးေအာက္ကမ်က္လုံးလဲ့လဲ့ေလးက ထိုေကာင္ေလးရဲ႕ဆြဲေဆာင္မႈတစ္မ်ိဳး....
အဝါေရာင္အက်ႌအပြႀကီးဝတ္ထားပုံမွာကေလးေလးတစ္ေယာက္လို.....
တစ္ကိုယ္လုံးခ်ဳံ႔ၾကည့္ၿပီး ယြန္ဂီမွာအသည္းယားၿပီးရင္းယားေနရ၏။
ဒါလား fourth year ေက်ာင္းသား....မသိရင္ကေလးေလးလိုပဲထင္ၾကမွာ.....
"Hyung ဘာစားမလဲ...ကြၽန္ေတာ္သြားယူေပးမယ္"
"ဟမ္ ရတယ္...ကိုယ္ ကိုယ့္ဘာသာသြားယူမယ္"
ထိုအသံသည့္ခုနကေဂ်ာင္ဂုကိုေျပာသည့္အသံႏွင့္လားလားမွ်မဆိုင္....။
ယြန္ဂီထြက္သြားေတာ့ ဂ်ီမင္းကထယ္ေယာင္းေဘးတြင္ဝင္ထိုင္ၿပီး ထမင္းဟင္းပန္းကန္ေလးကိုဗန္းေလးထဲမွထုတ္ေပးေလ၏။
"ဒီေန႔ရဲ႕ Menu အသစ္တဲ့ ထယ္ေယာင္း..."
"အင္း...ဂ်ီမင္း"
ခဏၾကာေတာ့ ယြန္ဂီျပန္ေရာက္လာကာ ေဂ်ာင္ဂုအတြက္ပါ ယူလာေလ၏။
အကုန္အတူတူစားေနရင္း ယြန္ဂီက ဂ်ီမင္းရဲ႕ပန္းကန္ထဲအသားဖတ္ထည့္ေပးလိုက္ေတာ့ ထယ္ေယာင္းအၾကည့္ေတြက ဂ်ီမင္းပန္းကန္ထဲ.....
ဂ်ီမင္းကယြန္ဂီကိုေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနေတာ့......
"အသားမႀကိဳက္လို႔ စားလိုက္"
"ဟုတ္ဟုတ္"
ဂ်ီမင္းကေတာ့ဘာမွမသိ ေကြၽးတာကိုပဲစားေနေလ၏။
ေဂ်ာင္ဂုမွာထယ္ေယာင္းမ်က္ႏွာရိပ္မ်က္ႏွာကဲကိုၾကည့္ကာစိတ္အေျခအေနကိုဖတ္ေနမိ၏။
ဘာလဲ...အခုhyungကအားက်ေနတာလား...
သူဘာလုပ္ရမလဲစဥ္းစားေနတုန္း ထယ္ေယာင္းကကိုယ့္ထမင္းကိုျပန္စားေနၿပီျဖစ္သည္။
ထို႔ေနာက္ မီးပုံးပ်ံအပြေလာက္ရွိသည့္အက်ႌကိုဝတ္ထားေသာဂ်ီမင္းမွာ အက်ႌလက္ႀကီးကို မႏိုင္မနင္းႏွင့္ဆြဲတင္လိုက္ ျပန္ေလ်ာလာလိုက္ျဖစ္ေနေလေတာ့ ယြန္ဂီမွာ ဂ်ီမင္းလက္ကေလးကိုဆြဲယူကာ ေသခ်ာေလးေခါက္တင္ေပးလိုက္၏။
ထိုအခ်င္းအရာကိုလည္း ထယ္ေယာင္းကလွည့္ၾကည့္ေလေတာ့ ေဂ်ာင္ဂုတို႔မေနတတ္ေတာ့ေခ်.....
"ဟုတ္တယ္ hyung သူ႔ကိုလုပ္ေပးမယ့္သူမရွိလို႔ အားက်ေနတာေနမွာ...hyung မ်က္ႏွာမငယ္ေအာင္ငါ႐ိုေပးရမယ္ "
.
.
.
ခဏၾကာေတာ့ထယ္ေယာင္းထမင္းစားေနသည္ကိုအေရွ႕ကေနေမးေထာက္ကာ ရီေဝေဝအၾကည့္ေတြႏွင့္ငုတ္တုတ္လာထိုင္ၾကည့္ေနေသာေဂ်ာင္ဂု...... ဘယ္သူမဆိုကိုယ္စားေနတာကိုထိုင္ၾကည့္ေနရင္ေကာင္းေကာင္းစားတတ္မည္မဟုတ္။
စားေနရင္းဇြန္းေလးကိုအသာေလးခ်လိုက္ကာ....
"မင္း ဝယ္မစားႏိုင္လို႔ ငါစားေနတာကိုေမွ်ာ္ေနတာလား"
"Baby hyung ေလးခြံ႕ေကြၽးမွာကို Daddy ကေစာင့္ေနတာ"
"ဖြီးးးးးးးးး......."
ဂ်ီမင္းမွာေသာက္ေနသည့္ေရမ်ား ေရပန္းလိုစင္ထြက္ကုန္၏။
ထိုေရမ်ားကေတာ့ ယြန္ဂီ၏မ်က္ႏွာေပၚသို႔မိုးေရစက္မ်ားကဲ့သို႔......
"အာ ေတာင္း ေတာင္းပန္ပါတယ္ hyung....ေရေတြစိုကုန္ၿပီ"
ဂ်ီမင္းမွာျပာျပာသလဲႏွင့္ထကာ ယြန္ဂီမ်က္ႏွာေပၚရွိေရစက္မ်ားကို တစ္ရႈးေလးႏွင့္သုတ္ေပးေန၏။
ယြန္ဂီမ်က္ႏွာႀကီးသည္မႈိရထားသလို....တစ္ခ်က္ေတာင္မလႈပ္ပဲ ၿငိမ္ေနေလ၏။
"မင္းကဘာထျဖစ္တာလဲ ဆန္မုန႔္"
"ဟမ္ ဘာ ဘာမွမျဖစ္ဘူး"
ယြန္ဂီကေတာ့ သူ႔ေကာင္ေလးကိုဆန္မုန႔္လို႔ေခၚေလေတာ့ ရႈတည္တည္အၾကည့္ႏွင့္ထယ္ေယာင္းကိုၾကည့္ေနေလ၏။
"ငါသြားေတာ့မယ္....သူဖုန္းစားေရွ႕ထမင္းစားေနရသလိုပဲ...ေမွ်ာ္ေနတာ ေကာင္းေကာင္းမစားရဘူး"
"သူဖုန္းစားေတာင္မွ Baby Hyung ရဲ႕သူဖုန္းစားေလး"
ေတာ္ေတာ္ျဖစ္ေနေသာ ေဂ်ာင္ဂုကို ယြန္ဂီႏွင့္ထယ္ေယာင္းကစိတ္ပ်က္သလိုၾကည့္ေန၏။ ဂ်ီမင္းကအေျခအေနေတြကို သိပ္မသိေသးေတာ့ ေၾကာင္ေတာင္ေတာင္ေလးႏွင့္သာ.............။
TBC....💌
Unnie Assignment ေတြလုပ္ရမွာျဖစ္လို႔ မအားလို႔မေရးျဖစ္ဘူးရယ္ 😥
ဖုန္းအၾကာႀကီးၾကည့္ရင္မ်က္ရည္ပူေတြက်လာတာလည္းပါလို႔ပါေနာ္......ARMY ZIP က Taeပုံကိုၾကည့္ၿပီး ေဘဘီ mood ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားပါတယ္ရွင့္ 🤧🤧
အဲ့တာေၾကာင့္အခုအပိုင္းေလး မေကာင္းခဲ့ရင္ေတာင္းပန္ပါတယ္လို႔ 🥺❣