Sugar & Brownies [ Wang Yibo...

De nomynn

261K 27.3K 1.5K

တခ်ိဳ႕လူ​ေတြကအခ်စ္​​ဆိုတာ Sugar နဲ႔ Brownies လိုပဲခ်ိဳျမတယ္​လို႔​ေျပာတယ္​။ Xiao Zhan အတြက္​​ေတာ့ အခ်စ္​ဆိုတာL... Mai multe

Note & Blurb
Prologue
ကိုကို ငါကမင္​းရဲ႕ခ်စ္​ခင္​ပြန္​း
မြန္​းစတား​ေလးရဲ႕အနမ္​း
ရည္းစားေဟာင္း သို႔မဟုတ္ အေဖ့မယားငယ္
ေစာင့္ၾကည့္ေနခဲ့ေသာတစ္စံုတစ္ေယာက္
ငါ့ကိုမကိုက္နဲ႔
ထပ္​​ေတြ႔ျပန္​ၿပီ
ဖက္​ထား​ေပးပါ
Sugar Plum & Berries: မရင္​းႏွီး​ေသာ ​ေနရာသစ္​
Sugar Plum & Berries : ဝမ္​ရိ​ေပၚအသစ္​လား၊အ​ေဟာင္​းလား
ျပန္​႐ွင္​လာ​ေသာ ​ေ႐ွာင္​းက်န္​႔
လက္​မွတ္​ထိုးခဲ့ၿပီ
အျခားတစ္​​ေယာက္​ျဖစ္​ႏုိင္​တယ္​
အတူအိပ္​ၾကမလား
​ေ႐ွာင္​းက်န္​႔​ေသသြားျပန္​ၿပီ
​ေျမျမႇဳပ္​ခံထားရတယ္​
ကိုယ္​လံုးတီးျဖစ္​​ေနတယ္​
႐ွင္​းျပျခင္​း|ရှင်​းပြခြင်​း
ဝမ္​ရိ​ေပၚအ​ေဟာင္​း
စိတၱဇဆန္​တဲ့ ဝမ္​ရိ​ေပၚအ​ေဟာင္​း
​ေၾကာက္​မက္​ဖြယ္​ရာအိပ္​မက္​ဆိုး
ရင္​းႏွီးၾကရ​ေအာင္​
စြန္​းစားခန္​းအစ
ID အသစ္​
​ေပ်ာက္​သြားမွာ စိုးရိမ္​တယ္​
​ေရတူတူခ်ိဳးၾကမယ္​ | ​ရေတူတူချိုးကြမယ်​
ထပ္​ၿပီးအတူ​ေနခ်င္​တယ္​ | ထပ်​ပြီးအတူ​နေချင်​တယ်​
ဝမ္​ရိ​ေပၚကို ႀကိဳက္​​ေနလား
တစ္​စံုတစ္​​ေယာက္​ | တစ်​စုံတစ်​​ယောက်​
Part 1 End
အပ်က္​အစီးမ်ားၾကား |အပျက်​အစီးများကြား
Personal note from Nomynn
Part-2 : မွဏ္​ညဏ္​​ေပ​်ာက္​ဆံုးျခင္​း
Personal Notification from nomynn
တစ္​စံုတစ္​​ေယာက္​ ​ေရာက္​လာတယ္​ |တစ်​စုံတစ်​​ယောက်​ ​ရောက်​လာတယ်​
စာဖတ်သူများကို မေးမြန်းခြင်း
Hello! Please Read

Sugar Plum & Berries : အယုတ္​တမာ​ေကာင္​

7.2K 909 36
De nomynn

Sugar Plum & Berries
(အယုတ္​တမာ​ေကာင္​)

​ေအးစက္​​ေန​ေသာ ​ေ႐ွာင္​းက်န္​႔၏ ခႏၶာကိုယ္​​ေလးက ဝမ္​ရိ​ေပၚ၏ ​ေပြ႔ဖက္​ျခင္​းကို ခံလိုက္​ရ​ေသာအခါ အ​ေစာပိုင္​းကႏွင္​့မတူ ​ေႏြး​ေထြးသြားရသည္​။ ​​ေ႐ွာင္​းက်န္​႔၏ မသက္​သာဖြယ္​ ေအးစက္​ေန​ေသာ ခႏၶာကိုယ္​အ​ေျခအ​ေနက ဝမ္​ရိ​ေပၚ၏ အ​ေႏြးဓာတ္​​ေၾကာင္​့ လြင္​့ျပယ္​သြားခဲ့ၿပီ။

ယခုမွသာ ​​ေ႐ွာင္​းက်န္​႔ ေနရာထိုင္​ရ သက္​​ေတာင္​့သက္​သာႏွင္​့။

​​ေအးစက္​​ေသာ ရာသီဥတု၌ ​ေကာ္​ဖီပူပူတစ္​ခြက္​ကို​ေသာက္​လိုက္​ရသလိုမ်ိဳး။ ​အမွန္​တကယ္​ကို ႏွစ္​သက္​ဖြယ္​ရာ။ ​

ေအးစက္​​စက္​ ရာသီဥတုထဲ ​ေႏြး​ေထြးမႈကို မ​​ေတာင္​့တ​ေသာသူ ဟူ၍ တစ္​​ေယာက္​မွပင္​ ႐ွိမည္​မထင္​ပါ။

ထို႔​ေၾကာင္​့ ​​ခႏၶာကိုယ္​တစ္​ခုလံုးကို လႊမ္​းျခံဳလာ​ေသာ ဝမ္​ရိ​ေပၚအ​ေႏြးဓာတ္​က​ေလးကို ​ေ႐ွာင္​းက်န္​႔ ႏွစ္​သက္​မိသည္​။ အ​ေႏြးဓာတ္​ကိုသာ ဝမ္​ရိ​ေပၚကို​ေတာ့ မဟုတ္​။

​ဝမ္​ရိ​ေပၚဆီမွလာ​ေသာ ​ရနံ႔က ​ေမႊးပ်ံ ့လ်က္​။ ​ေ႐ွာင္​းက်န္​႔၏ ႏွာသီဖ်ား၌ လာ​ေရာက္​ရစ္​ဝဲ​ေန​ေလသည္​။

မိန္​း​ေမာဖြယ္​ရာ ဆြဲ​ေဆာင္​မႈအျပည္​့ႏွင္​့ ရနံ႔က ​ေဆာင္​း၏ ​ေလျပည္​​ေလညင္​းသဖြယ္​။ ႏွစ္​လိုဖြယ္​​ေကာင္​းသည္​။

ဒါသူသိ​ေနခဲ့​ေသာ ဝမ္​ရိ​ေပၚ မဟုတ္​လား။ ​ေ႐ွာင္​းက်န္​႔ သိလိုက္​ပါၿပီ။

ဝမ္​ရိ​ေပၚဆီမွ ဆြဲ​​ေဆာင္​မႈ႐ွိ​ေသာ ထိုရနံ႔ကို ​ေ႐ွာင္​းက်န္​႔ အျမဲသတိထားမိပါသည္​။ အထူးသျဖင္​့ ညဘက္​အိပ္​ခါနီး ​ေ႐ွာင္​းက်န္​႔​ေဘးသို႔ ဝင္​လွဲလိုက္​ခ်ိန္​တိုင္​း ထိုရနံ႔ အစူး႐ွ​ဆံုး။ သို႔​ေသာ္​ အ႐ုိင္​းမဆန္​။ စိတ္​ပ်က္​စရာမ​ေကာင္​း။

​ေ႐ွာင္​းက်န္​႔ကို ​ေပြ႔ဖက္​လိုက္​တိုင္​းတြင္​ ထိုရနံ႔ ​ေ႐ွာင္​းက်န္​႔ဆီသို႔ပါ ကူးစက္​သြားတက္​သည္​။

ဆြဲ​ေဆာင္​မႈ႐ွိ​ေသာ ရနံ႔ျဖစ္​၍ ​ေ႐ွာင္​းက်န္​႔ႏွစ္​သက္​ပါသည္​။

ထိုရနံ႔အ​ေၾကာင္​း ဝမ္​ရိ​ေပၚကို ​ေမးၾကည္​့ခဲ့စဥ္​က ​ေ႐ွာင္​းက်န္​႔ႏွင္​့ သူ႔အတြက္​ သီးသန္​႔ထုတ္​ထား​ေသာ ​ေရ​ေမႊးျဖစ္​​ေၾကာင္​း ​ေျပာဖူးသည္​။

​​ေႏြး​ေထြး​ေန​ေသာ ခံစားခ်က္​​ေလး ကင္​းမဲ့သြားသလို ​ေ႐ွာင္​းက်န္​႔ ခံစားလိုက္​ရၿပီး​ေနာက္​။

ဘယ္​ဘက္​ပါးဆီသို႔ ႐ုတ္​ခ်ည္​း​ေရာက္​႐ွိလာ​ေသာ ​အိစက္​စက္​အထိအ​ေတြ႕​ေလး။

ဝမ္​ရိ​ေပၚက ​ေ႐ွာင္​းက်န္​႔ကို နမ္​းလိုက္​တာလား။

" ကိုကို... အဆင္​​ေျပလား... "

မ်က္​ဝန္​းအတြင္​း၌ စိုးရိမ္​ျခင္​းအရိပ္​အ​ေယာင္​မ်ား ျပည္​့ႏွက္​​ေန​ေသာ ဝမ္​ရိ​ေပၚ။ ​အသံမ်ားပင္​ တုန္​​ေန​သ​ေယာင္​ ​ေ႐ွာင္​းက်န္​႔ထင္​မိသည္​။

ထို႔​ေၾကာင္​့ အလ်င္​အျမန္​ ​ေ႐ွာင္​းက်န္​႔ ​ေခါင္​းၿငိမ္​့လိုက္​သည္​။

ဟုတ္​မွာပါ။ ႐ုတ္​ခ်ည္​း Reality ကူး​ေျပာင္​းၿပီး ဘယ္​​ေရာက္​လာမွန္​းမသိ​ေသာ အ​ေျခအ​ေနကို ​ေ႐ွာင္​းက်န္​႔ ၾကံဳခဲ့ဖူးသည္​မဟုတ္​လား။ ထိုမွ် လန္​႔စရာ​ေကာင္​း​ေသာ အ​ေျခအ​ေနကို ၾကံဳခဲ့ဖူးစဥ္​က ​ေ႐ွာင္းက်န္​႔ ​ေဆာက္​တည္​ရာမဲ့ ျဖစ္​ခဲ့သည္​မွာ အမွန္​တရား။

ခ်က္​ခ်င္​းပင္​ လဲ​ေသခ်င္​စရာ ​ေကာင္​း​ေသာ အ​ေျခအ​ေန၌ ႐ူးပင္​႐ူးမသြားျခင္​းက ပံုမွန္​​ေရာ ဟုတ္​ရဲ႕လား။

ယခု ဝမ္​ရိ​ေပၚလည္​း ထိုကဲ့သို႔ ျဖစ္​​ေနၿပီဆိုသည္​ကို ​ေ႐ွာင္​းက်န္​႔ အျပည္​့အဝ ယံုၾကည္​့လိုက္​မိသည္​။

" ငါတို႔ဘယ္​ကို ​ေရာက္​​ေနတာလဲသိလား ကိုကို.... ငါတို႔ကို တစ္​​ေယာက္​​ေယာက္​ ​ေခၚလာတာျဖစ္​မယ္​...ခဏ... ကိုကို႔ရဲ႕ ခႏၶာကိုယ္​က ဘာလို႔​ေအးစက္​​ေနတာလဲ... ကိုကို႔ကို တစ္​​ေယာက္​​ေယာက္​က တစ္​ခုခုလုပ္​​ေသးလား..."

အသက္​ပင္​မ႐ွဴ။ ​ေ႐ွာင္​းက်န္​႔၏ ပုခံုးကို လက္​ႏွစ္​ဖက္​ႏွင္​့ ဆုပ္​ကိုင္​ၿပီး အဆက္​မျပတ္​​ေျပာလာ​ေသာ ဝမ္​ရိ​ေပၚကို ၾကည္​့ကာ ​ေ႐ွာင္​းက်န္​႔ ​ေခါင္​းခါျပလိုက္​သည္​။

နားမလည္​ႏုိင္​​ေသာ အရိပ္​အ​ေယာင္​မ်ားက ဝမ္​ရိ​ေပၚ၏ မ်က္​ဝန္းအတြင္​း၌ ျပည္​့ႏွက္​​သြား​ေလ၏။

" ကိစၥမ႐ွိဘူး... ငါတို႔ အိမ္​ျပန္​ၾကမယ္​.... လာ..."

​ေ႐ွာင္​းက်န္​႔၏ လက္​​ေကာက္​ဝတ္​ကို ဆုပ္​ကိုင္​ကာ ​ေလွကား​ေပၚမွ ဝမ္​ရိ​ေပၚက ဦး​​ေဆာင္​ ဆင္​းသြား​ေသာ​ေၾကာင္​့ ​ေ႐ွာင္​းက်န္​႔ပါ လိုက္​လာခဲ့ရသည္​။

" အိမ္​ဘယ္​လိုျပန္​ရမလဲ မင္​းသိလို႔လား "

​ေ႐ွာင္​းက်န္​႔၏ အ​ေမးကို ဝမ္​ရိ​ေပၚက ​ေခါင္​းခါရင္​း " ႐ွာရမွာ​ေပါ့ " ဟုသာ ​ေျပာလာ​ေလသည္​။

႐ွာလည္​း ျပန္​​ေရာက္​မွ မဟုတ္​ဘူးဆို​ေသာ စကားကို​ေတာ့ ​ေ႐ွာင္​းက်န္​႔ ျပန္​မ​ေျပာျဖစ္​ပါ။ Reality ကူးလာၿပီးၿပီကို ယခင္​ Reality က အိမ္​ကို ျပန္​ဖို႔ဆိုတာ ျဖစ္​ႏုိင္​မွာမဟုတ္​။ ​ဒီကိစၥကို ​ေ႐ွာင္​းက်န္​႔ အတိအက်သိ​ေနသည္​။

ခဏ...။

​ေ႐ွာင္​းက်န္​႔က Jumper ျဖစ္​၍သာ ​ေရာက္​လာျခင္​း ျဖစ္​ၿပီး ဝမ္​ရိ​ေပၚက​ေရာ..။

ဘယ္​လို​ေၾကာင္​့ ဝမ္​ရိ​ေပၚပါ ​ေ႐ွာင္​းက်န္​႔ႏွင္​့အတူ ပါလာ​ေလသလဲ။ တာဆီယာ​ေခၚလာျခင္​းမ်ားလား။

တာဆီယာက ​ေခၚသည္​ပဲထား။ ဝမ္​ရိ​ေပၚ ကိုယ္​တိုင္​က Jumper မဟုတ္​လွ်င္​ ပါလာႏုိင္​ဖြယ္​ လံုးဝမ႐ွိ။

ဘုရား​ေရ...။ ဝမ္​ရိ​ေပၚက​ေရာ Jumper ပဲလား။ ​ေ႐ွာင္​းက်န္​႔ ​ေတြးမိရင္​း ​ေသြးပ်က္​သြားရသည္​။

အကယ္​၍ ဝမ္​ရိ​ေပၚသာ jumper ဆိုလွ်င္​ ​ေ႐ွာင္​းက်န္​႔ ဘယ္​​ေျပး​ေျပး ​ေနာက္​ကလိုက္​လို႔ ရ​ေနမည္​။

​ေ႐ွာင္​းက်န္​႔ကို ကယ္​တင္​ၾကပါ။

႐ူး​ေၾကာင္​​ေၾကာင္​ ပန္​း​ေရာင္​မ်ားႏွင္​့ ျပည္​့ႏွက္​​ေန​ေသာ အခန္​းကို မသိ​ေက်းကြၽန္​ျပဳ၍ တစ္​ခ်ပ္​တည္​း​ေသာ တံခါးဆီသို႔သြား​ေသာ​ေန​ေသာ ဝမ္​ရိ​ေပၚကို ​ေ႐ွာင္​းက်န္​႔ ​ေမးခြန္​းထုတ္​လိုက္​သည္​။

" ရီ​ေပၚ...မင္​းက​ေရာ ဒီကို ဘယ္​လို​ေရာက္​​ေနတာလဲ "

" ဒီအခန္​းထဲမွာ ႏုိးလာတာ... က်န္​တာမသိဘူး...ကိုကိုက​ေရာ.."

" ငါလည္​း အ​ေမွာင္​ထဲမွာႏိုးလာတာပဲ... ​ေ႐ွ႕မွာတံခါး​ေတြ႔လို႔ ဖြင္​့ထြက္​ရင္​း မင္​းနဲ႔​ေတြ႔တာပဲ "

​ေ႐ွာင္​းက်န္​႔ လိမ္​​ေျပာလိုက္​သည္​။

ဝမ္​ရိ​ေပၚက တံခါးကို ဆြဲဖြင္​့ၿပီး​ေနၿပီ။

" သြားၾကမယ္​....ကိုကို "

တဖက္​အခန္​းအတြင္​းသို႔ လူႏွစ္​ဦး ကူး​ေျပာင္​းသြား​ေသာအခါ တံခါးပန္​း​ေရာင္​​ေလးက ဂ်ိန္​းဆို​ေသာ အသံႏွင္​့အတူ ပိတ္​သြားၿပီး​ေနာက္​ ယခင္​က မ႐ွိဖူးသည္​့အတိုင္​း ပန္​း​ေရာင္​ နံရံႀကီးသာ က်န္​ခဲ့​ေလသည္​။

" အစ္​ကိုတို႔ႏွစ္​​ေယာက္​... ​ေရႊျပားငါးျပားက်မယ္​ခင္​ဗ် "

က်ယ္​​ေလာင္​စြာ ထြက္​​ေပၚလာ​ေသာ အမ်ိဳးသားတစ္​ဦး၏ အသံ။

ထိုအခါမွသာ ​ေကာင္​တာ​ေ႐ွ႕၌ ရပ္​​ေန​ေသာ ဝမ္​ရိ​ေပၚႏွင္​့ ​ေ႐ွာင္​းက်န္​႔ သတိဝင္​လာ​ေလသည္​။

သတိဝင္​လာသည္​ႏွင္​့ တၿပိဳင္​နက္​ တစ္​​ေယာက္​မ်က္​ႏွာ တစ္​​ေယာက္​ အံ႔ၾသတႀကီး ​ေငးၾကည္​့မိၿပီး " ငါတို႔ဘယ္​​ေရာက္​လာျပန္​တာလဲ " ဆို​ေသာ အ​ေတြးက ၿပိဳင္​တူ။

အ​ေစာပိုင္​းကတင္​ သူတို႔ႏွစ္​​ေယာက္​လံုး အခန္​းတံခါးဖြင္​့ၿပီး အျပင္​ထြက္​လိုက္​သည္​မဟုတ္​လား။ ဘယ္​ကို ​ေရာက္​လာျပန္​တာလဲ။

ဝမ္​ရိ​ေပၚတစ္​​ေယာက္​ အ​ေလးအနက္​ထား​ေတြး​ေနစဥ္​ သူ၏ ​ေဘးမွ သတ္​ျခင္​ျဖတ္​ျခင္​စိတ္​တို႔ လႈိင္​လႈိင္​ထ​ေန​ေသာ အ​ေငြ႔အသက္​တစ္​ခု ရစ္​ဝဲလာ​ေသာ​ေၾကာင္​့ ​ေ႐ွာင္​းက်န္​႔ဆီသို႔ အၾကည္​့ပို႔မိရာ။

​ေကာင္​တာမွ ဝန္​ထမ္​းျဖစ္​ဟန္​တူ​ေသာ ​ေကာင္​​ေလးကို မ်က္​​ေထာင္​့နီႀကီးႏွင္​့ စိုက္​ၾကည္​့​ေန​ေသာ ခ်စ္​ခင္​ပြန္​း​ေ႐ွာင္​းက်န္​႔ကို ​ေတြးလိုက္​သည္​ႏွင္​့ ဝမ္​ရိ​ေပၚ၏ ​ေက်ာ႐ုိးတ​ေလ်ာက္​ စိမ္​့​ေအးသြားရသည္​။

​ေကာင္​တာမွ ဝန္​ထမ္​း​ေလးက ​ေ႐ွာင္​းက်န္​႔ကို သြားျဖဲျပၿပီး​​ေနၿပီး ထိုဝန္​ထမ္​းအ​ေကာင္​က တာဆီယာျဖစ္​​ေၾကာင္​း သိလိုက္​ရၿပီး တခဏ။

​ေ႐ွာင္​းက်န္​႔၏ ​ေသြးတို႔ ပြက္​ပြက္​ဆူလာရျပန္​သည္​။

( ႏွစ္​သက္​မယ္​လို႔ထင္​ပါ​တယ္​။Comment ​ေတြ​ေစာင္​့​ေနပါမယ္​ ခင္​ဗ်။ )

Read Now

________________________

Sugar Plum & Berries
(အယုတ်​တမာ​ကောင်​)

​အေးစက်​​နေ​သော ​ရှောင်​းကျန်​့၏ ခန္ဓာကိုယ်​​လေးက ဝမ်​ရိ​ပေါ်၏ ​ပွေ့ဖက်​ခြင်​းကို ခံလိုက်​ရ​သောအခါ အ​စောပိုင်​းကနှင်​့မတူ ​နွေး​ထွေးသွားရသည်​။ ​​ရှောင်​းကျန်​့၏ မသက်​သာဖွယ်​ အေးစက်​နေ​သော ခန္ဓာကိုယ်​အ​ခြေအ​နေက ဝမ်​ရိ​ပေါ်၏ အ​နွေးဓာတ်​​ကြောင်​့ လွင်​့ပြယ်​သွားခဲ့ပြီ။

ယခုမှသာ ​​ရှောင်​းကျန်​့ နေရာထိုင်​ရ သက်​​တောင်​့သက်​သာနှင်​့။

​​အေးစက်​​သော ရာသီဥတု၌ ​ကော်​ဖီပူပူတစ်​ခွက်​ကို​သောက်​လိုက်​ရသလိုမျိုး။ ​အမှန်​တကယ်​ကို နှစ်​သက်​ဖွယ်​ရာ။ ​

အေးစက်​​စက်​ ရာသီဥတုထဲ ​နွေး​ထွေးမှုကို မ​​တောင်​့တ​သောသူ ဟူ၍ တစ်​​ယောက်​မှပင်​ ရှိမည်​မထင်​ပါ။

ထို့​ကြောင်​့ ​​ခန္ဓာကိုယ်​တစ်​ခုလုံးကို လွှမ်​းခြုံလာ​သော ဝမ်​ရိ​ပေါ်အ​နွေးဓာတ်​က​လေးကို ​ရှောင်​းကျန်​့ နှစ်​သက်​မိသည်​။ အ​နွေးဓာတ်​ကိုသာ ဝမ်​ရိ​ပေါ်ကို​တော့ မဟုတ်​။

​ဝမ်​ရိ​ပေါ်ဆီမှလာ​သော ​ရနံ့က ​မွှေးပျံ ့လျက်​။ ​ရှောင်​းကျန်​့၏ နှာသီဖျား၌ လာ​ရောက်​ရစ်​ဝဲ​နေ​လေသည်​။

မိန်​း​မောဖွယ်​ရာ ဆွဲ​ဆောင်​မှုအပြည်​့နှင်​့ ရနံ့က ​ဆောင်​း၏ ​လေပြည်​​လေညင်​းသဖွယ်​။ နှစ်​လိုဖွယ်​​ကောင်​းသည်​။

ဒါသူသိ​နေခဲ့​သော ဝမ်​ရိ​ပေါ် မဟုတ်​လား။ ​ရှောင်​းကျန်​့ သိလိုက်​ပါပြီ။

ဝမ်​ရိ​ပေါ်ဆီမှ ဆွဲ​​ဆောင်​မှုရှိ​သော ထိုရနံ့ကို ​ရှောင်​းကျန်​့ အမြဲသတိထားမိပါသည်​။ အထူးသဖြင်​့ ညဘက်​အိပ်​ခါနီး ​ရှောင်​းကျန်​့​ဘေးသို့ ဝင်​လှဲလိုက်​ချိန်​တိုင်​း ထိုရနံ့ အစူးရှ​ဆုံး။ သို့​သော်​ အရိုင်​းမဆန်​။ စိတ်​ပျက်​စရာမ​ကောင်​း။

​ရှောင်​းကျန်​့ကို ​ပွေ့ဖက်​လိုက်​တိုင်​းတွင်​ ထိုရနံ့ ​ရှောင်​းကျန်​့ဆီသို့ပါ ကူးစက်​သွားတက်​သည်​။

ဆွဲ​ဆောင်​မှုရှိ​သော ရနံ့ဖြစ်​၍ ​ရှောင်​းကျန်​့နှစ်​သက်​ပါသည်​။

ထိုရနံ့အ​ကြောင်​း ဝမ်​ရိ​ပေါ်ကို ​မေးကြည်​့ခဲ့စဉ်​က ​ရှောင်​းကျန်​့နှင်​့ သူ့အတွက်​ သီးသန်​့ထုတ်​ထား​သော ​ရေ​မွှေးဖြစ်​​ကြောင်​း ​ပြောဖူးသည်​။

​​နွေး​ထွေး​နေ​သော ခံစားချက်​​လေး ကင်​းမဲ့သွားသလို ​ရှောင်​းကျန်​့ ခံစားလိုက်​ရပြီး​နောက်​။

ဘယ်​ဘက်​ပါးဆီသို့ ရုတ်​ချည်​း​ရောက်​ရှိလာ​သော ​အိစက်​စက်​အထိအ​တွေ့​လေး။

ဝမ်​ရိ​ပေါ်က ​ရှောင်​းကျန်​့ကို နမ်​းလိုက်​တာလား။

" ကိုကို... အဆင်​​ပြေလား... "

မျက်​ဝန်​းအတွင်​း၌ စိုးရိမ်​ခြင်​းအရိပ်​အ​ယောင်​များ ပြည်​့နှက်​​နေ​သော ဝမ်​ရိ​ပေါ်။ ​အသံများပင်​ တုန်​​နေ​သ​ယောင်​ ​ရှောင်​းကျန်​့ထင်​မိသည်​။

ထို့​ကြောင်​့ အလျင်​အမြန်​ ​ရှောင်​းကျန်​့ ​ခေါင်​းငြိမ်​့လိုက်​သည်​။

ဟုတ်​မှာပါ။ ရုတ်​ချည်​း Reality ကူး​ပြောင်​းပြီး ဘယ်​​ရောက်​လာမှန်​းမသိ​သော အ​ခြေအ​နေကို ​ရှောင်​းကျန်​့ ကြုံခဲ့ဖူးသည်​မဟုတ်​လား။ ထိုမျှ လန်​့စရာ​ကောင်​း​သော အ​ခြေအ​နေကို ကြုံခဲ့ဖူးစဉ်​က ​ရှောင်းကျန်​့ ​ဆောက်​တည်​ရာမဲ့ ဖြစ်​ခဲ့သည်​မှာ အမှန်​တရား။

ချက်​ချင်​းပင်​ လဲ​သေချင်​စရာ ​ကောင်​း​သော အ​ခြေအ​နေ၌ ရူးပင်​ရူးမသွားခြင်​းက ပုံမှန်​​ရော ဟုတ်​ရဲ့လား။

ယခု ဝမ်​ရိ​ပေါ်လည်​း ထိုကဲ့သို့ ဖြစ်​​နေပြီဆိုသည်​ကို ​ရှောင်​းကျန်​့ အပြည်​့အဝ ယုံကြည်​့လိုက်​မိသည်​။

" ငါတို့ဘယ်​ကို ​ရောက်​​နေတာလဲသိလား ကိုကို.... ငါတို့ကို တစ်​​ယောက်​​ယောက်​ ​ခေါ်လာတာဖြစ်​မယ်​...ခဏ... ကိုကို့ရဲ့ ခန္ဓာကိုယ်​က ဘာလို့​အေးစက်​​နေတာလဲ... ကိုကို့ကို တစ်​​ယောက်​​ယောက်​က တစ်​ခုခုလုပ်​​သေးလား..."

အသက်​ပင်​မရှူ။ ​ရှောင်​းကျန်​့၏ ပုခုံးကို လက်​နှစ်​ဖက်​နှင်​့ ဆုပ်​ကိုင်​ပြီး အဆက်​မပြတ်​​ပြောလာ​သော ဝမ်​ရိ​ပေါ်ကို ကြည်​့ကာ ​ရှောင်​းကျန်​့ ​ခေါင်​းခါပြလိုက်​သည်​။

နားမလည်​နိုင်​​သော အရိပ်​အ​ယောင်​များက ဝမ်​ရိ​ပေါ်၏ မျက်​ဝန်းအတွင်​း၌ ပြည်​့နှက်​​သွား​လေ၏။

" ကိစ္စမရှိဘူး... ငါတို့ အိမ်​ပြန်​ကြမယ်​.... လာ..."

​ရှောင်​းကျန်​့၏ လက်​​ကောက်​ဝတ်​ကို ဆုပ်​ကိုင်​ကာ ​လှေကား​ပေါ်မှ ဝမ်​ရိ​ပေါ်က ဦး​​ဆောင်​ ဆင်​းသွား​သော​ကြောင်​့ ​ရှောင်​းကျန်​့ပါ လိုက်​လာခဲ့ရသည်​။

" အိမ်​ဘယ်​လိုပြန်​ရမလဲ မင်​းသိလို့လား "

​ရှောင်​းကျန်​့၏ အ​မေးကို ဝမ်​ရိ​ပေါ်က ​ခေါင်​းခါရင်​း " ရှာရမှာ​ပေါ့ " ဟုသာ ​ပြောလာ​လေသည်​။

ရှာလည်​း ပြန်​​ရောက်​မှ မဟုတ်​ဘူးဆို​သော စကားကို​တော့ ​ရှောင်​းကျန်​့ ပြန်​မ​ပြောဖြစ်​ပါ။ Reality ကူးလာပြီးပြီကို ယခင်​ Reality က အိမ်​ကို ပြန်​ဖို့ဆိုတာ ဖြစ်​နိုင်​မှာမဟုတ်​။ ​ဒီကိစ္စကို ​ရှောင်​းကျန်​့ အတိအကျသိ​နေသည်​။

ခဏ...။

​ရှောင်​းကျန်​့က Jumper ဖြစ်​၍သာ ​ရောက်​လာခြင်​း ဖြစ်​ပြီး ဝမ်​ရိ​ပေါ်က​ရော..။

ဘယ်​လို​ကြောင်​့ ဝမ်​ရိ​ပေါ်ပါ ​ရှောင်​းကျန်​့နှင်​့အတူ ပါလာ​လေသလဲ။ တာဆီယာ​ခေါ်လာခြင်​းများလား။

တာဆီယာက ​ခေါ်သည်​ပဲထား။ ဝမ်​ရိ​ပေါ် ကိုယ်​တိုင်​က Jumper မဟုတ်​လျှင်​ ပါလာနိုင်​ဖွယ်​ လုံးဝမရှိ။

ဘုရား​ရေ...။ ဝမ်​ရိ​ပေါ်က​ရော Jumper ပဲလား။ ​ရှောင်​းကျန်​့ ​တွေးမိရင်​း ​သွေးပျက်​သွားရသည်​။

အကယ်​၍ ဝမ်​ရိ​ပေါ်သာ jumper ဆိုလျှင်​ ​ရှောင်​းကျန်​့ ဘယ်​​ပြေး​ပြေး ​နောက်​ကလိုက်​လို့ ရ​နေမည်​။

​ရှောင်​းကျန်​့ကို ကယ်​တင်​ကြပါ။

ရူး​ကြောင်​​ကြောင်​ ပန်​း​ရောင်​များနှင်​့ ပြည်​့နှက်​​နေ​သော အခန်​းကို မသိ​ကျေးကျွန်​ပြု၍ တစ်​ချပ်​တည်​း​သော တံခါးဆီသို့သွား​သော​နေ​သော ဝမ်​ရိ​ပေါ်ကို ​ရှောင်​းကျန်​့ ​မေးခွန်​းထုတ်​လိုက်​သည်​။

" ရီ​ပေါ်...မင်​းက​ရော ဒီကို ဘယ်​လို​ရောက်​​နေတာလဲ "

" ဒီအခန်​းထဲမှာ နိုးလာတာ... ကျန်​တာမသိဘူး...ကိုကိုက​ရော.."

" ငါလည်​း အ​မှောင်​ထဲမှာနိုးလာတာပဲ... ​ရှေ့မှာတံခါး​တွေ့လို့ ဖွင်​့ထွက်​ရင်​း မင်​းနဲ့​တွေ့တာပဲ "

​ရှောင်​းကျန်​့ လိမ်​​ပြောလိုက်​သည်​။

ဝမ်​ရိ​ပေါ်က တံခါးကို ဆွဲဖွင်​့ပြီး​နေပြီ။

" သွားကြမယ်​....ကိုကို "

တဖက်​အခန်​းအတွင်​းသို့ လူနှစ်​ဦး ကူး​ပြောင်​းသွား​သောအခါ တံခါးပန်​း​ရောင်​​လေးက ဂျိန်​းဆို​သော အသံနှင်​့အတူ ပိတ်​သွားပြီး​နောက်​ ယခင်​က မရှိဖူးသည်​့အတိုင်​း ပန်​း​ရောင်​ နံရံကြီးသာ ကျန်​ခဲ့​လေသည်​။

" အစ်​ကိုတို့နှစ်​​ယောက်​... ​ရွှေပြားငါးပြားကျမယ်​ခင်​ဗျ "

ကျယ်​​လောင်​စွာ ထွက်​​ပေါ်လာ​သော အမျိုးသားတစ်​ဦး၏ အသံ။

ထိုအခါမှသာ ​ကောင်​တာ​ရှေ့၌ ရပ်​​နေ​သော ဝမ်​ရိ​ပေါ်နှင်​့ ​ရှောင်​းကျန်​့ သတိဝင်​လာ​လေသည်​။

သတိဝင်​လာသည်​နှင်​့ တပြိုင်​နက်​ တစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ အံ့သြတကြီး ​ငေးကြည်​့မိပြီး " ငါတို့ဘယ်​​ရောက်​လာပြန်​တာလဲ " ဆို​သော အ​တွေးက ပြိုင်​တူ။

အ​စောပိုင်​းကတင်​ သူတို့နှစ်​​ယောက်​လုံး အခန်​းတံခါးဖွင်​့ပြီး အပြင်​ထွက်​လိုက်​သည်​မဟုတ်​လား။ ဘယ်​ကို ​ရောက်​လာပြန်​တာလဲ။

ဝမ်​ရိ​ပေါ်တစ်​​ယောက်​ အ​လေးအနက်​ထား​တွေး​နေစဉ်​ သူ၏ ​ဘေးမှ သတ်​ခြင်​ဖြတ်​ခြင်​စိတ်​တို့ လှိုင်​လှိုင်​ထ​နေ​သော အ​ငွေ့အသက်​တစ်​ခု ရစ်​ဝဲလာ​သော​ကြောင်​့ ​ရှောင်​းကျန်​့ဆီသို့ အကြည်​့ပို့မိရာ။

​ကောင်​တာမှ ဝန်​ထမ်​းဖြစ်​ဟန်​တူ​သော ​ကောင်​​လေးကို မျက်​​ထောင်​့နီကြီးနှင်​့ စိုက်​ကြည်​့​နေ​သော ချစ်​ခင်​ပွန်​း​ရှောင်​းကျန်​့ကို ​တွေးလိုက်​သည်​နှင်​့ ဝမ်​ရိ​ပေါ်၏ ​ကျောရိုးတ​လျောက်​ စိမ်​့​အေးသွားရသည်​။

​ကောင်​တာမှ ဝန်​ထမ်​း​လေးက ​ရှောင်​းကျန်​့ကို သွားဖြဲပြပြီး​​နေပြီး ထိုဝန်​ထမ်​းအ​ကောင်​က တာဆီယာဖြစ်​​ကြောင်​း သိလိုက်​ရပြီး တခဏ။

​ရှောင်​းကျန်​့၏ ​သွေးတို့ ပွက်​ပွက်​ဆူလာရပြန်​သည်​။

( နှစ်​သက်​မယ်​လို့ထင်​ပါ​တယ်​။Comment ​တွေ​စောင်​့​နေပါမယ်​ ခင်​ဗျ။ )

Continuă lectura

O să-ți placă și

567K 35.2K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
230K 15.1K 46
ချစ်ခြင်းအစ မုန်းခြင်းက။ ဒါပေမဲ့ ကျနော်နဲ့ ဦးငယ်ရဲ့ဇာတ်လမ်းက မုန်းခြင်းအစ ချစ်ခြင်းကပင်။ ခ်စ္ျခင္းအစ မုန္းျခင္းက။ ဒါေပမဲ့ က်ေနာ္နဲ႕ ဦးငယ္ရဲ႕ဇာတ္လမ္...
67.6K 17.5K 60
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
12.9K 2.8K 45
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~