~ ရပါတယ်ခင်ဗျ! ~
~ OK!အာ့ဆိုညနေတွေ့ကြတာပေါ့! ~
~ ဟုတ်ကဲ့,ကျွန်တော်လည်းဝမ်းသာပါတယ်!~
ရှောင်းကျန့်လက်ထဲမှကျသွားပီဖြစ်သောဖုန်းအားဘေးသို့ချလိုက်ကာစာရွက်စာတမ်းများကိုယူကာစစ်နေရပြန်သည်။အလုပ်စလုပ်ခါစ
ဖြစ်သည့်အတွက်သိပ်ပီးလည်လည်ဝယ်ဝယ်မရှိသေးပေမယ့်ရှောင်းကျန့်အတွက်အရမ်းတော့မခက်ခဲချေ။နားချိန်မရှိသည်ကလွဲလျင်
အားလုံးအဆင်ပြေသည်ဟုပြောရမည်ပင်။
ရုံးပိတ်ရက်များတွင်ပင်စီးပွားရေးအရတွေ့ဆုံမှုများနှင့်မအားနိုင်အောင်ဖြစ်နေသည်မှာ၊ရိပေါ်နှင့်မတွေ့ရတော့သည်ပင်နှစ်ပတ်ကျော်နေပီဖြစ်သည်။ကုမ္ပဏီခြင်းမှာလည်းအရှေ့နှင့်
အနောက်ကဲ့သို့ပင်ဆန့်ကျင်ဘက်အကွာအဝေးတွင်ရှိနေသောကြောင့်လမ်းကြုံ၍လည်းမတွေ့ဖြစ်ကြပေ။ထို့ပြင်စားသောက်ကုန်ကုမ္ပဏီ
နှင့်အိမ်တွင်းအလှဆင်ကုမ္ပဏီနှစ်ခုဖြစ်နေသည့်အတွက် စီးပွားရေးနှင့်ပတ်သတ်၍လည်း
တွေ့စရာအကြောင်းပင်မရှိဖြစ်နေလေသည်။ရှောင်းကျန့်သူ့အတွေးနဲ့သူဖုန်းScreenကိုကြည့်ရင်းပြုံးလိုက်မိသည်။ဓာတ်ပုံအနေနှင့်တွေ့မြင်
ရရုံလောက်နဲ့ပင်သူ့အားပြုံးပျော်စေနိုင်သည်ပဲလေ။
ဒေါက်^ဒေါက်^
~ ဝင်ခဲ့ပါ! ~
ထွက်ပေါ်လာတဲ့တံခါးခေါက်သံကြောင့်ရှောင်းကျန့်ဖုန်းကိုပိတ်ရင်းကိုယ်ကိုမတ်မတ်ဖြစ်အောင်ပြန်ထိုင်လိုက်သည်။
~ ဟိုင်း!CEOကြီး! ~
လက်ချောင်းများကိုလှုပ်ကာချွဲတဲ့တဲ့အသံဖြင့်ပြောနေသူကကျင်းရွှမ်အာ။
~ မင်းဘာလာလုပ်ပြန်တာလဲ?! ~
ရှောင်းကျန့်တစ်ကယ်ပဲစိတ်ရှုပ်နေပီဖြစ်သည်။စီးပွားရေးအရအဆက်အဆံလုပ်နေသော်လည်းကျင်းရွှမ်အာမှာတစ်ကယ်ပင်စိတ်ပျက်
ဖွယ်ကောင်းလှသည်။အမြဲလိုလိုသူ့အနား
လာကပ်နေသည့်အပြင်အိမ်ကိုလည်းခဏခဏလာလေ့ရှိသည်။ပိတ်ရက်တိုင်းလာလေ့ရှိပီး
မုန့်များကိုပင်ယူလာတတ်သေးသည်။
တစ်ကယ်ပဲ,သူမဘာဖြစ်ချင်နေလဲဆိုတာအခုထိ
ရှောင်းကျန့်နားမလည်နိုင်သေးပေ။ရိပေါ်ကိုပြောလိုက်ချင်ပေမယ့်မဖြစ်ပြန်။အလုပ်ရှုပ်နေသည့်လူပို၍စိတ်ရှုပ်သွားမှာသူမလိုလားပေ။
~ ဝေ့,ရှောင်းကျန့်! ~
သူ့မျက်စိရှေ့မှာလက်ကိုလာရမ်းပြနေတဲ့ကျင်းရွှမ်အာကိုသူမော့ကြည့်လိုက်သည်။
~ ဘာတွေစဉ်းစားနေတာလဲ?!နေ့လယ်စာသွားစားရအောင်!ဘယ်ဆိုင်သွားမလဲလို့မေးနေတာ! ~
~ ငါဗိုက်မဆာဘူး!အလုပ်လည်းမပီးသေးဘူး!~
~ ဆိုတော့...ယူကငြင်းလိုက်တာပေါ့! ~
~ ဒီမယ်,ကျင်းရွှမ်အာ!မင်းဘာဖြစ်ချင်နေတာလဲ?!ဘာလို့ငါ့နားပဲအမြဲလာကပ်နေတာလဲ?! ~
~ဖြစ်ချင်တာပြောတော့ယူကလိုက်လျောမှာမလို့လား?! ~
သူမပြောသည့်စကားကိုနားမလည်သဖြင့်ရှောင်းကျန့်မျက်မှောင်ကျုတ်၍သာပြန်ကြည့်လိုက်
သည်။
~ တို့ကိုလက်ထပ်လေ! ~
မျက်လုံးပြူးမျက်ဆံပြူးနဲ့အံ့အားသင့်သွားတဲ့ရှောင်းကျန့်။ကျင်းရွှမ်အာကခနဲ့ပြုံးကိုပြုံးတယ်။*စိတ်ချပါ။ကျွန်မကရိပေါ်ကိုပဲယူမှာ။လောလောဆယ်တော့ရှင်တို့ကိုခွဲဖို့ရှင့်အနားလာကပ်နေရတာ!ရှင့်ထက်ကျွန်မကအဆတစ်ရာ
လောက်ပိုစိတ်ကုန်နေတာ!*
📱📲
~ ဟား...စတာပါ!ဖုန်းကိုင်လိုက်ပါဦး! ~
ရှောင်းကျန့်ဘေးကမြည်လာတဲ့ဖုန်းကိုမျက်စပစ်ပြရင်းကျင်းရွှမ်အာကပြောလိုက်ခြင်းပင်။
~ ဝေ ~
~ မား,ဒါပေမယ့်သားအလုပ်က... ~
~ ဟုတ်ကဲ့!သားနားလည်ပါပီ! ~
ရှောင်းကျန့်ဖုန်းကိုချလိုက်ရင်းကျင်းရွှမ်အာကို မော့ကြည့်မိတော့သူမကမျက်ခုံးကိုပင့်ပြလာသည်။သေချာပါတယ်။ဒါသူမရဲ့လုပ်ရပ်ပဲဆိုတာ။မဟုတ်ရင်အိမ်မှာနေတဲ့အမေကဘာလို့သူမနဲ့ထမင်းသွားစားဖို့အမိန့်ပေးနေမှာလဲ!
ရှောင်းကျန့်သက်ပြင်းချရင်းထရပ်လိုက်တယ်။
~ သွားကြတာပေါ့! ~
တိုတိုတုတ်တုတ်စကားတစ်ခွန်းကိုပြောလိုက်တယ်။ထို့နောက်ဖုန်းနဲ့ကားသော့ကိုကောက်ယူရင်း
ရှေ့ကနေပဲထွက်လာခဲ့လိုက်ပါတော့တယ်။
*****
~ ဒီဆိုင်ကအရမ်းကောင်းတာ,သိရဲ့လား?!ထည့်စားနော်!တို့ကျွေးမှာမလို့ကပ်စေးကုပ်
မနေလည်းရတယ်! ~
ရှောင်းကျန့်သူ့စိတ်သူငြိမ်အောင်ထားရင်းသူ့ရှေ့ကစကားတပြောပြောနဲ့ ဟင်းတွေလာထည့်ပေးနေတဲ့ကျင်းရွှမ်အာကိုပြုံးပြလိုက်တယ်။နဂိုကအားနာပီးဖော်ရွေတတ်တဲ့
လူတစ်ယောက်ဖြစ်နေတဲ့ရှောင်းကျန့်ကအေးတိအေးစက်ပုံစံကိုကြာကြာမနေတတ်။ပီးတော့လူတစ်ယောက်ကိုမကောင်းလည်းအရမ်းမမြင်တတ်။ဒါကရှောင်းကျန့်ရဲ့အားနည်းတဲ့
အချက်ပေါ့။တစ်ခါတစ်ရံမှာဖြူစင်လွန်းရင်
မကောင်းဘူးလေ။
~ စားလေ,မကြိုက်ဘူးလား?!တို့တော့အရမ်းကြိုက်တာကို! ~
~ အင်း,စားကောင်းပါတယ်! ~
ရှောင်းကျန့်ခေါင်းကိုငုံ့ပီးထမင်းကိုသာမြန်မြန်စားလိုက်တော့တယ်။မြန်မြန်ပီးရင်မြန်မြန်ပြန်လို့ရပီ။
ရုတ်တရပ်ပဲရှောင်းကျန့်စိတ်ဲတစ်မျိုးကြီးဖြစ်လာတယ်။ဒီခံစားချက်!တစ်စုံတစ်ယောက်က
စိုက်ကြည့်နေသလိုမျိုး,ခံစားချက်!
ရှောင်းကျန့်ကျင်းရွှမ်အာကိုမော့ကြည့်လိုက်တယ်။သူမကစားနေရင်းမေးငေါ့ပြတယ်။*ဘာလဲ?!*ဆိုတဲ့သဘောမျိုးနဲ့။သူမကိုခေါင်းရမ်းပြရင်းဘေးဘီကိုလှည့်ကြည့်လိုက်တယ်။
ဘုရားရေ!!
ရှောင်းကျန့်တို့နဲ့မျက်စောင်းထိုးဝိုင်းမှာထိုင်နေတာက...
သူ့ကိုပေါက်ထွက်မတတ်စိုက်ကြည့်နေတဲ့ရိပေါ်ကိုတစ်လှည့်သူ့ရှေ့ကကျင်းရွှမ်အာကိုတစ်လှည့်ကြည့်ရင်းတစ်ယောက်တည်းကမ္ဘာပျက်နေတာကရှောင်းကျန့်။
*ရိပေါ်အထင်လွဲသွားတော့မှာလား?!ငါဘာလုပ်သင့်လဲ?!*
~ အယ်,ရှောင်းကျန့်!မစားတော့ဘူးလား?! ~
ရုတ်တရပ်ထရပ်လိုက်တာမလို့ကျင်းရွှမ်အာကမေးလာခြင်းပင်။
~ သန့်စင်ခန်းခဏသွားမလို့ပါ! ~
မျက်စောင်းထိုးဝိုင်းကိုသာကြည့်ရင်းပြောလာတဲ့ ရှောင်းကျန့်စကားအဆုံးသူမပြုံးလိုက်မိတယ်။တစ်ကယ်တော့သူမကတမင်သက်သက်ဒီဆိုင်ကိုလာခဲ့ခြင်းပင်။ရိပေါ်တို့နေ့လယ်ခင်းဒီဆိုင်တွင်
ရှယ်ယာရှင်တစ်ဦးနဲ့နေ့လယ်စာအတူစားမည်မှန်းသူမသိနေသောကြောင့်ရှောင်းကျန့်အမေအားအကူအညီတောင်းကာရှောင်းကျန့်ကိုခေါ်လာခဲ့ခြင်းပင်။*ရိပေါ်ကသေချာပေါက်အထင်လွဲမှာ!ဘာပဲဖြစ်ဖြစ်ငါနဲ့ရိပေါ်နီးစပ်ဖို့ကမလိုတော့ပါဘူး!*သူမအတွေးနဲ့သူမတစ်ယောက်တည်း
ပြုံးနေတော့သည်။
*****
~ သန့်စင်ခန်းခဏခွင့်ပြုပါဦး! ~
ရိပေါ်ရှယ်ယာရှင်ကျိုးကိုပြောလိုက်ပီးသန့်စင်
ခန်းဘက်ကိုထွက်လာခဲ့လိုက်သည်။
ဆိုင်ထဲသို့စဝင်လာကတည်းကရှောင်းကျန့်ကိုသတိထားမိခြင်းပင်။ပီးတော့သူအမြင်မမှားဘူးဆိုရင်ကောင်မလေးကကျင်းရွှမ်အာပဲ။သူမနဲ့ရှောင်းကျန့်နဲ့က
ဘယ်လိုတွေပတ်သတ်နေတာလဲ?!ရိပေါ်သူ့အတွေးသူလက်စသတ်ရင်းသန့်စင်ခန်းထဲကိုဝင်လိုက်တယ်။မှန်ရှေ့မှာမတ်တပ်ရပ်ရင်း
အဝင်ဝကိုကြည့်နေတဲ့ယုန်ဖြူကသူ့ကိုစောင့်နေသယောင်။
~ ရိပေါ်! ~
ရင်ခွင်ထဲဝင်လာတဲ့ရှောင်းကျန့်ကြောင့်အတွေးတွေကကြက်ပျောက်ငှက်ပျောက်။ယုန်ဖြူကိုမယုံတာမဟုတ်ပေမယ့်ကျင်းအာကကောက်ကျစ်တယ်။သူမစိတ်ထဲဘာရှိမှန်း
သိရတာမဟုတ်တော့စိတ်ပူမိတာတော့အမှန်။
~ လွမ်းနေခဲ့တာ! ~
ရှောင်းကျန့်စကားကြောင့်တောင့်တောင့်ကြီးဖြစ်သွားရတာကရိပေါ်။
~ အင်း,ငါရောပဲ! ~
~ ငါ့ကိုအထင်လွဲနေတာလား?! ~
~ ဟင့်အင်း,ငါမင်းကိုယုံတယ်! ~
~ တစ်ကယ်တော့သူကစီးပွားဖော်သက်သက်ပါ။$#&$## ~
ရှောင်းကျန့်အစအဆုံးပြောပြလိုက်တော့ရိပေါ်ကမျက်မှောင်ကိုကျုတ်ရင်းတစ်ခုခုကိုစဉ်းစားနေသည်။တိတ်ဆိတ်နေတဲ့ရိပေါ်ကြောင့်
ရှောင်းကျန့်ကစိတ်ဆိုသွားပီအထင်နဲ့ရင်ခွင်ထဲကထွက်ဖို့ပြင်တော့ရိပေါ်ကအတင်းပြန်ဆွဲဖက်ထားသည်။
~ မရိုးသားဘူး,ရှောင်းကျန့်! ~
~ ဟင်?! ~
~ ငါသိနေတယ်!ကျင်းအာကတစ်ခုခုတော့တစ်ခုခုပဲ! ~
~ အင်း... ~
~ထားပါတော့,သူများအကြောင်းမတွေးတော့ဘူး!ယုန်ဖြူနဲ့ကိုယ်ဆယ့်ငါးရက်ကြီးတောင်
ဝေးနေခဲ့တာ၊အရမ်းလွမ်းနေပီ! ~
~ မျက်နှာလေးကြည့်ပါရစေ!မတွေ့ရတာကြာတော့ပိုများချစ်ဖို့ကောင်းလာမလားပဲ! ~
ရိပေါ်ကရှောင်းကျန့်မေးဖျားကိုလက်နဲ့မတင်
ရင်းပြောလိုက်တာဖြစ်သည်။
~ ရိပေါ်ကတော့တကယ်ပိုချောလာတယ်! ~
ရယ်ရယ်ပြုံးပြုံးနဲ့ပြောနေတဲ့ရှောင်းကျန့်။ရိပေါ်ကတော့သူ့ယုန်ဖြူလေးကိုငေးနေတုန်းပဲ။
မွ^
ရုတ်တရပ်ညာဘက်ပါးကိုလာနမ်းသွားတဲ့ရှောင်းကျန့်ကို ရိပေါ်ကအံ့ဩသလိုကြည့်လိုက်တယ်။နမ်းပီးမှရှက်နေတဲ့ရှောင်းကျန့်ကနားရွက်လေးတွေရဲတက်လာတာအူယားဖွယ်အတိ။
*ငါယုန်သားအရမ်းစားချင်နေပီ!ဖြူဖြူဥဥယုန်လေး^^*
~ ဆယ့်ငါးရက်စာနမ်းရမှာလေ! ~
~ ဘာဆယ့်ငါးရက်...အွန့်... ~
ယုန်ဖြူလေးရဲ့နှုတ်ခမ်းကိုချိတ်ပိတ်လိုက်တဲ့
ရိပေါ်ကချိုချဉ်လုံးလေးစုပ်နေသလိုမျိုး၊ရှောင်းကျန့်နှုတ်ခမ်းတွေကိုအပေါ်တစ်လှည့်၊အောက်တစ်လှည့်စားသုံးနေတယ်။အရိုင်းဆန်စွာမဟုတ်ဘဲမြတ်နိုးခြင်းအပြည့်၊နူးညံ့ခြင်းအပြည့်နဲ့။
~ အ! ~
အောက်နှုတ်ခမ်းကိုကိုက်လိုက်တော့ပွင့်ဟသွားတဲ့ခံတွင်းထဲရိပေါ်လျှာလေးကအလည်သွားလိုက်တယ်။ကြားလေဝင်မရအောင်ပူးကပ်ရင်းအနမ်းပေးနေကြသည်မှာအတော်ကြာသည်အထိ။
ချောက်^
အိမ်သာတံခါးဖွင့်သံကြားမှမခွာချင်ခွာချင်ဖြင့်ခွာကာရိပေါ်ကရှောင်းကျန့်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။သူ့ယုန်ဖြူလေးကိုတစ်ခြားသူ
အမြင်မခံနိုင်လို့^^
အိမ်သာထဲကထွက်လာတဲ့ဦးလေးကြီးကလက်ဆေးရင်းမှန်ထဲကတစ်ဆင်းသူတို့နှစ်ယောက်ကို စူးစမ်းသလိုကြည့်လာတယ်။ရိပေါ်ကဘုကြည့်ပြန်ကြည့်ပေးလိုက်တော့မှ
သန့်စင်ခန်းထဲကအမြန်ထွက်သွားတော့တယ်။
ရိပေါ်ရင်ခွင်ထဲကရှောင်းကျန့်ကတော့အသက်ကိုအလုအယက်ရှူနေတုန်းပဲ။
~ ဘာလို့ကိုက်တာလဲ?!ပေါက်သွားပီ!ဒီမှာကြည့်,သွေးတွေတောင်ထွက်လာပီရော်!~
ရင်ခွင်ထဲကထွက်လာတဲ့ရှောင်းကျန့်ကသူ့နှုတ်ခမ်းကသွေးတွေကိုလက်ညှိုးထိုးပြရင်း မကျေမချမ်းရေရွတ်နေတယ်။
~ အ!ရိပေါ်! ~
ရုတ်တရပ်နှုတ်ခမ်းကသွေးတွေကိုလာစုပ်နမ်းသွားတဲ့ရိပေါ်ကြောင့်ရှောင်းကျန့်မှာအလန့်တကြားနဲ့အော်ရတော့တယ်။ရိပေါ်ရဲ့ပြုံးစစရုပ်ကအိမ်သာထဲမှာတင်မင်ဂါဦးတော့မယ့်ရုပ်^^
အတည်ပါ!ငါမလိမ်ဘူး*မင်းတို့မြင်လည်းငါ့လိုပဲတွေးမိမှာ^^
~ သွားနှင့်တော့မယ်!အလုပ်တွေရှိသေးတယ် ~
~ အင်း,ညကျဖုန်းဆက်လိုက်မယ်! ~
~ ရှောင်းကျန့်! ~
မွ^^
~ ချစ်တယ်! ~
ရှောင်းကျန့်ပါးကိုနမ်းပီးအပြင်ကိုထွက်သွားတဲ့ရိပေါ်။ရှောင်းကျန့်သူ့ပါးသူကိုင်ရင်းပြုံးလိုက်တယ်
*ငါလဲအရမ်းချစ်တယ်!ရိပေါ်^^*
မှန်ထဲကနေကိုယ့်နှုတ်ခမ်းကိုပြန်ကြည့်မိတော့မျက်နှာတွေပူလာရပြန်တယ်။
*ငါတော့ဒါကြီးကိုဘယ်လိုရှင်းရပါ့!*
*****
ကျင်းရွှမ်အာကရုံးခန်းထဲမှာထိုင်ရင်းဒေါသတွေကိုမြိုသိပ်နေရတယ်။သန့်စင်ခန်းထဲကပြန်လာတဲ့ရိပေါ်မျက်နှာကကြည်နေသလို ရှောင်းကျန့်ကလည်းအပြုံးတစ်ပွင့်နဲ့။နှုတ်ခမ်းကလည်းသွေးစို့နေတဲ့ဒဏ်ရာနဲ့။ထိုးလို့ရတဲ့ဒဏ်ရာတော့လုံးဝမဟုတ်ပါချေ။
*ဘာလို့လဲ?!အထင်လွဲပီးပြသာနာတက်ရမှာ
မဟုတ်ဘူးလား?!ဘာလို့သူတို့ဆက်ဆံရေးက
ပိုကောင်းလာသမျိုးဖြစ်သွားရတာလဲ?!အိုကေ,
ဒီတစ်ခါမရတော့နောက်တစ်ခါပေါ့!စောင့်ကြည့်နေ!ငါနင်တို့ကိုမရရအောင်ခွဲပြမယ်!*
ကျင်းရွှမ်အာသတိမပြုခဲ့မိတာကသူတို့ရဲ့ချစ်ခြင်းကခဏလေးအတွင်းမှာပေါ်ပေါက်ခဲ့တဲ့အရာမဟုတ်ဘူးဆိုတာ^^
*ခြောက်နှစ်ကျော်ချိတ်ဆက်ထားတဲ့ချစ်ခြင်းတွေကိုသူမဘယ်လိုချိုးဖောက်နိုင်ပါ့မလဲလေ!*
Note♥
ဟုတ်ကဲ့။ကိုယ်ညမအိပ်ပဲရေးထားတာပါ။
ဘာတေရှုပ်မှန်းမသိ၊အလုပ်ရှုပ်နေတာရယ်!
အကြာကြီးပစ်ထားမိမှားကြောက်တာနဲ့ပဲ^^
ဒီficလေးကိုအရမ်းကြာနေလို့ပျင်းနေကြပီလားဟင်?!ဒါဒါလေးတေလျော့သွားမှာကို
ကြောက်နေလို့😭။ဖတ်ရမကောင်းတဲ့နေရာရှိရင်
ပြောခဲ့ဦးနော်။အစကနေအခုထိမညည်းမညူ
ဖတ်ပေးတဲ့ယူတို့အားလုံးကျေးဇူးပါလို့🙆♥♥
Love you all ❣️😘❣️