နှလုံးသားရဲ့အမိန့်တော် ( နှလု...

By moesatphyuphyu

271K 19.9K 2K

ကိုယ့္စိတ္သေဘာနဲ႔ မကိုက္ညီတဲ့ အမိန္႔ေပးခ်က္ဆိုရင္ ျငင္းဆန္ခြင့္ရိွတယ္ ။ အမိန္႔တိုင္းကို နာခံေနစရာမလိုဘူး ဆိုေ... More

part...1
part...2
part. 3
part..4
part...5( zawgyi & uni)
part..6 (zg&uni)
part...7 (zg&uni)
part..8 (z&u)
part...9 (z&u)
part...10(u&z)
part..11 (u&z)
part...12(z&u)
part ..13(z&u)
part... 14(z&u)
part...15
part ...16(z&u)
part...17(z&u)
part...18
part...19
part ...20
part...21
part...22
part...23
part...25
အပိုင်း ၂၆
အပိုင်း၂၇ (ဇာတ်သိမ်းပိုင်း )
Hello
Extra 1
Extra 2

part...24

9.4K 769 108
By moesatphyuphyu

  

အပိုင်း ၂၄
ဒီနေရာကို မရောက်တာ ကြာလှပြီ ။ ဒီလမ်းလေးပေါ်မှာ ဖြတ်မလျောက်ဖြစ်တော့တာ တစ်နှစ်ခွဲကျော်ခဲ့ပြီ ။ အရာရာကတော့ ဘာမှမပြောင်းလဲ ။ ဟိုအရင်ကတိုင်း သူ့ကိုကြိုဆိုနေသည် ။ ကော်ဖီဆိုင်လေးကလည်း အရင်အတိုင်း ။
     ဒီအရပ်ကနေ သူထွက်သွားတုန်းက ဒေါသတွေနဲ့ ။ သူခုဒီနေရာကိုပြန်လာရတော့ သောကတွေနဲ့ ။ ဟိုတယ်မှာ အလုပ်ပြီးပြီးခြင်း ပြန်ဖို့စီစဉ်နေစဉ် အမှတ်မထင် ကြားလိုက်ရတဲ့ သတင်းတစ်ခုကြောင့် အပြေးတစ်ပိုင်းနဲ့ သူ့ခြေလှမ်းတွေ ဒီအရပ်ကို ရွေ့လျားလာရတာ ။
  လူဝင်လူထွက်စည်ကားနေတဲ့ သူမတို့အိမ်နဲ့ မျက်နှာခြင်းဆိုင် ကော်ဖီဆိုင်နားမှာ သူ့ကားလေးကို ရပ်တန့်လိုက်သည် ။ အမျိုးသမီးကြီးတစ်စု ထွက်လာတဲ့ အိမ်ပေါက်ဝကို လှမ်းကြည့်နေရင်းက ထိုအိမ်ထဲကို ဝင်သွားရမှာ တွန့်ဆုတ်နေမိသည် ။ ဘယ်လိုမြင်ကွင်းမျိုးက သူ့ကိုကြိုနေမလဲဆိုတာ စိတ်ကူးထဲမှာ မြင်ကြည့်ရင်း သူ့ရင်ထဲမှာ ဆို့တက်လာသည် ။
ကားတံခါးကို ဖွင့်နေတဲ့ လက်တွေမှာ အားအင်ယုတ်လျော့နေသည် ။ အိမ်ပေါက်ဝကနေ အိမ်ထဲလှမ်းဝင်တော့ အမျိုးသမီးကြီးတစ်ဦးက သူ့ကိုခရီးဦးကြိုပြီး အိမ်ပေါ်ထပ်သို့ ခေါ်ဆောင်သွားသည် ။ လှေကားထစ်ရဲ့ နောက်ဆုံးအထစ်ကို လှမ်းတက်လိုက်စဉ်မှာ စူးရှရှအော်ငိုနေတဲ့ အသံတစ်သံက သူ့ကိုဆီးကြိုသည် ။ ထိုငိုသံထွက်နေရာနားမှာ အမျိုးသမီးတစ်စုက ဝိုင်းအုံလို့ ။ တစ်ယောက်တစ်ပေါက် ဝိုင်းပြီး
နားချနေသံတွေက အော်ငိုသံနဲ့ ရောထွေးဆူညံနေသည် ။
     ဟိုဟိုဒီဒီ အကြည့်တစ်ချက် အရွေ့မှာ သူတွေ့ချင်တဲ့ ပုံရိပ်လေးက အနည်းငယ်မှောင်နေတဲ့ အိမ်ရဲ့ထောင့်လေးတစ်ထောင့်မှာ ။ ဒူးကို လက်နှစ်ဖက်နဲ့ ပိုက်ပြီး ဒူးပေါ်မှာ မျက်နှာလေးတစောင်းတင်ထားတဲ့ ပုံရိပ်လေး ။ သူနဲ့ မျက်မှန်းတန်းမိနေတဲ့ သူမဆိုင်ရဲ့ဝန်ထမ်း ကောင်မလေးနှစ်ယောက်က သူ့ကိုမြင်တော့ ခပ်ယဲ့ယဲ့ပြုံးပြပြီး သူမဘေးကနေ ထထွက်သွားကြသည် ။
    သူ သူမနဲ့ မျက်နှာခြင်းဆိုင် ထိုင်ချလိုက်ပြီး သူမဦးခေါင်းကို ပွတ်သပ်ထိတွေ့ဖို့ လက်လှမ်းလိုက်ပေမဲ့ မထိတွေ့ဖြစ် ။ လက်ကို ပြန်ရုပ်ပြီး နာမည်ကို ခပ်တိုးတိုးခေါ်လိုက်မိသည် ။
    ''လတ်...ခင်မင်းလတ်...´´
ခြောက်ကပ်စွာ ထွက်လာတဲ့ သူ့ အသံက တိုးတိုးကလေးသာ ။ နာမည်ခေါ်သံကြောင့်ထင့်။ ဒူးပေါ်အပ်ထားသည့် မျက်နှာလေး ခပ်ဖြည်းဖြည်း မော့လာသည် ။

    ဟိုအရင်က ခပ်ပြည့်ပြည့်မျက်နှာလေးက ခုတော့ဘယ်ဆီ ဘယ်ဝယ်မှာ ။ မျက်လုံးဝိုင်းဝိုင်းလေးတွေက မျက်တွင်းချိုင့်ချိုင့်လေးရဲ့ ကူညီပံ့ပိုးမှုကြောင့် ပိုပြီးဝန်းဝိုင်းနေသလို ။
      သူ့ကိုတွေ့တော့ နုတ်ခမ်းလေးနှစ်လွှာက အံ့သြဝိုင်းစက်သွားတာမျက်ဝန်းတွေနဲ့အပြိုင်။သူ့ကိုကြည့်နေရင်းက မျက်ဝန်းအိမ်ထဲ တအိအိပြည့်လျှံလာတဲ့ မျက်ရည်စတွေက ဖျတ်ခနဲ မျက်လွှာအချမှာ ပါးပြင်ပေါ်သို့ ဝမ်းနည်းစွာ ခုန်ဆင်းကြသည် ။
     ဒူးနှစ်ဖက်ထောင်ထိုင်နေရာက တင်ပလ္လင်ခွေ ပြောင်းထိုင်ပြီး လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်နေသည် ။
သူ့ရှေ့က ဝမ်းနည်းနေတဲ့ ပုံရိပ်လေးက တင်းထားသမျှ သူ့စိတ်ကို ပြေလျော့စေသည် ။ သူမ လက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ ခပ်တင်းတင်းဆုပ်ကိုင်လိုက်တော့ ခန္ဓာကိုယ်လေးတသိမ့်သိမ့်တုန်အောင်ပင် ဝမ်းပန်းတနည်း ငိုရှိုက်လေတော့သည် ။
     သူ့မှာ နှစ်သိမ့်စရာ စကားတို့ ရှာမတွေ့ ။ ရှေ့ကိုအနည်းငယ်တိုးပြီး သူမဦးခေါင်းကို သူ့ပခုံးပေါ်ဆွဲတင်တော့ ငိုသံကြားက ဗလုံးဗထွေးအသံလေးက သူ့ရင်ကို မွကြေနေအောင် ချေသည် ။
''မေမေ မရှိတော့ဘူးနိုင်နိုင်...လတ်ရဲ့မေမေက ပြန်မနိုးလာတော့အောင် အိပ်ပျော်သွားပြီတဲ့...မေမေက... မေမေက လတ်ကို အပြီးထားသွားပြီ...လတ် တစ်ယောက်တည်း ...လတ်ကို တစ်ယောက်တည်းစိတ်ချပြီး...ထား...ခဲ့...ပြီ...´´
     သူမ စကားအကြားမှာ တင်းထားတဲ့ သူ့မျက်ရည်တွေ ပါးပြင်ပေါ်သို့ အလုံးအရင်းနဲ့ စီးကျလာသည် ။
''ရောဂါဖြစ်ပြီး အိပ်ရာပေါ်လဲသွားလို့ ပြုစုလိုက်ရရင် ဖြေသာသေးတယ်...မေမေက သူ့နောက်ဆုံးအချိန်ထိ မနားသွားရဘူး...အလုပ်လုပ်နေရင်းက မူးတယ်...မူးတယ် ဆိုပြီးတော့...ဆိုပြီးတော့ လဲကျသွားတာ...ဆရာဝန်ကြီး ရောက်လာတော့ မေမေက မရှိတော့ဘူး...ပြန်မနိုးလာတော့ဘူး နိုင်ရဲ့´´
တအိအိရှိုက်ငင်ရင်း ရေရွတ်နေသံလေးက သူ့နားထဲကနေတဆင့် ရင်တွင်းအစိတ်အပိုင်းတွေကို တစစီချေမွနေကြသည် ။
''ဧည့်သည်ရောက်နေတယ်ဆိုလို့’’
   သူတို့ဘေးနားက ထွက်လာတဲ့အသံကြောင့် သူမကို ဖက်ထားရာက ဖြေလွှတ်ပေးပြီး လှည့်ကြည့်လိုက်မိသည်။
''ဟင်...နိုင်နိုင်...ဘယ်လိုကနေ ဘယ်လို...´´

    အရမ်းအံ့သြသွားတဲ့ မအိကို သူခေါင်းညိတ်ပြလိုက်သည် ။
''အလုပ်ပြီးလို့ ပြန်တော့မလို့ လုပ်နေတာ...သတင်းကြားလို့ နိုင်ပြေးလာတာ မအိ...´´
     မအိက ဘေးနားဝင်ထိုင်ပြီး သူ့လက်ကို ဆုပ်ကိုင်သည် ။သူ့လက်ကိုထိတွေ့လာတဲ့ မအိ လက်တွေကလည်း အေးစက်လို့ ။
   ''ကျေးဇူးတင်ပါတယ် နိုင်နိုင်ရယ်...ဘာဘဲဖြစ်ဖြစ် ခုလို အချိန်မှာ ရောက်လာတာ ကျေးဇူးပါဟယ်...ငါ့မှာ စီစဉ်စရာရှိတာတွေ စီစဉ်နေရတာ တစ်ဖက် သူ့ကိုစိတ်မချနေတာတစ်ဖက်နဲ့ ...သူ့နားဘယ်သူမှ ရှိမနေလို့လေ ...နိုင်နိုင်အချိန်ရရင် မြေချပြီးတဲ့ အချိန်ထိ ခဏနေပေးမလား...´´
''ဟင့်အင်း...အိ ရတယ်...အဲ့လောက်မလိုပါဘူး...သူများက အလုပ်တစ်ဖက်နဲ့...နေပါစေ...´´
    မအိစကားအဆုံးမှာ ငြင်းဆန်လိုက်သံက မာနသံလေးစွက်လို့ ။
''စိတ်ချပါ မအိ ...ကိစ္စအားလုံးပြီးတဲ့ထိ ကျွန်မနေပေးမှာပါ...ဒါနဲ့ ငယ်လေးကော...´´
''ငယ်လေးက အရင်လထဲကဘဲ သူ့ကောင်လေးနဲ့ လက်ထပ်ပြီး နိုင်ငံခြား ထွက်သွားတယ်...ချက်ခြင်း ပြန်လာဖို့ မလွယ်ဘူးတဲ့ ...´´
     မအိစကားအဆုံးမှာ သူတို့နားတဝိုက် တိတ်ဆိတ်ငြိမ်သက် သွားပြန်သည် ။ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာက ကလေးအသံလေးတစ်သံ ။
''တီတီလတ်...တီတီလတ်...မေမေဆူလို့ ငိုနေတာလား...ငိုနဲ့တိတ်တိတ်...
သားသားရှိတယ်နော်...ကြောက်နဲ့...´´
     သူမကိုယ်ပေါ်ဝင်ထိုင်ရင်း ပြောလိုက်တဲ့ ကလေးလေးရဲ့ စကားကိုကြားတော့ ခုချိန်ထိ သူမ ဘယ်လိုရှင်သန်နေရသလဲဆိုတာ သူကောင်းကောင်းကြီး သဘောပေါက်သွားရသည် ။ ဖြစ်နိုင်ရင် သူ့ရှေ့က ကောင်မလေးကို လက်ဆွဲပြီး လူတွေနဲ့ ဝေးရာကို ပြေးထွက်သွားလိုက်ချင်သည် ။
''တီတီလတ် မငိုပါဘူး သားသားရဲ့...ဒီမှာ အန်တီတွေနဲ့ စကားပြောလိုက်ဦးမယ်...သားသားက သူငယ်ချင်းတွေနဲ့ သွားဆော့နော်...´´
      သူမကို သေချာမော့ကြည့်နေပြီးမှ ထထွက်သွားသည့် ကလေးလေးကိုကြည့်နေရင်း သူတို့ကြားမှာ စကားလုံးတွေ ပျောက်ဆုံးနေပြန်သည် ။ အတန်ကြာမှ မအိက သူ့ပခုံးကို လှမ်းကိုင်ပြီး စကားဆိုသည် ။

  ''နိုင်နိုင်...အလတ်နားမှာဘဲ နေပေးနော်...ဘယ်မှမသွားနဲ့...နင်ရှိနေရင် ငါ အလတ်ကို စိတ်ချတယ်...ငါစီစဉ်စရာတွေ ရှိသေးလို့နော်...´´
''ဟုတ်ကဲ့ မအိ...စိတ်ချပါ နိုင် သူ့နားဘဲ ရှိနေမှာပါ...´´
    မအိက သူမပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးပြီး သူမ ဦးခေါင်းလေးကို ညင်ညင်သာသာ ပွတ်ပေးပြီး ခဏ အကြာမှ ထသွားလေသည် ။ အိမ်အပေါ်ထပ် တစ်ထပ်လုံးကတော့ သူမ အစ်မရဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ ပြောလိုက် ငိုလိုက် လုပ်နေတဲ့ အသံကသာ ကြီးစိုးနေသည် ။
''အမလေး အလတ်... အဲ့လိုပြောပြောပြီး ငိုရမှာက နင်မဟုတ်ဘူးလား...နင်တို့အမေ အသက်ရှိနေတုန်းက လင်မယားနှစ်ယောက် တစ်ယောက်တစ်လှည့် စိတ်ဒုက္ခပေးခဲ့ကြပြီး
ခုမှ ...ဟွန့် ငါမပြောလိုက်ချင်ဘူး...´´
     သူတို့အနား လာဝင်ထိုင်ပြီး မဲ့မဲ့ရွဲ့ရွဲ့ရေရွတ်နေသည့် အမျိုးသမီးကို ကြည့်ပြီးသူမက ခပ်ယဲ့ယဲ့ပြုံးနေသည် ။ အတွင်းသိ အစင်းသိ ဖြစ်ပုံရသည့် အမျိုးသမီးက သူမနား ခဏမျှထိုင်ပြီး  နားကြားပျင်းလာပြီ ဆိုပြီး ထပြန်သွားလေသည် ။ ထိုအမျိုးသမီး ပြန်သွားတော့မှ သူမ က သူ့ကိုလှမ်းကြည့်ပြုံးပြသည် ။ သူရောက်စကလို သူ့ကိုကြည့်တဲ့ အကြည့်တွေက စိမ်းမနေတော့။
  ''အစစ အရာရာ အဆင်ပြေရဲ့လား နိုင်နိုင်...အလုပ်တွေ တအားလုပ်တယ်ထင်တယ် ...ပိန်သွားလိုက်တာ...´´
''အဆင်ပြေပါတယ်...´
     သူမက သူ့ကိုပိန်သွားတယ်လိုပြောတော့ သူ့မှာ ပြန်ပြောစရာ စကားလုံးတွေ ပျောက်ရှနေသည် ။
     သူတို့ စကားသိပ်မပြောဖြစ်ကြ ။ မအိကတစ်ခုခုလိုအပ်လို့ လာတောင်းချိန် လာပြောချိန်တွေကလွဲရင် အိမ်အပေါ်ထပ်ထောင့်ကလေးမှာ သူတို့နှစ်ယောက် ငြိမ်ငြိမ်ကလေးသာ ထိုင်နေဖြစ်ကြသည် ။ အသုဘရှုလာတဲ့ ဧည့်သည်တွေထဲက တစ်ချို့က သူမ ရှိရာသာ တိုက်ရိုက်ရှာဖွေလာ စကားခဏပြောပြီး ထပြန်ကြသည်က များသည် ။
     သူမ ဧည့်သည်တွေနဲ့ အပြန်အလှန် ပြောဆိုနေတာတွေကို ဘေးကနေ နားထောင်နေရင်း သူ့မှာ အသက်ရှုမဝ။ ဘယ်လောက်ထိ  အကျဉ်းအကြပ်တွေထဲ စိတ်ဒုက္ခတွေထဲ သူမရှင်သန်နေရလဲဆိုတာ ထိုစကားတွေထဲကနေ သူအလုံးစုံ မြင်နေရလေသည် ။
     နာရေး အချိန်တောက်လျောက် နေ့ရောညပါ သူမအနားကနေ မအိရော သူပါ မခွာတမ်း ရှိနေခဲ့သည် ။ သူမ အမေရုပ်အလောင်းကို အိမ်ကနေ ယူမသွားခင် အချိန်လေးမှာ သူမ သတိလစ်မေ့မြောသွားလို့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့် မရလိုက် ။
      အိပ်ယာထက်မှာ ဖြူဖျော့စွာ လဲလျောင်းနေတဲ့ ပုံရိပ်လေးကို ကြည့်ပြီး သူ တိတ်တိတ်လေး ငိုရှိုက်ခဲ့ရသည် ။ မအိက သူ့ပခုံးကို ဖက်ထားပြီး သူမကို ငေးကြည့်နေရုံကလွဲလို့ စကားများများမပြော ။
     ရက်လည်ပြီးတဲ့အထိ သူမအနားမှာ သူကော မအိပါ ရှိနေပေးခဲ့သည် ။ သူမ အစ်မရဲ့ စောင်းမြောင်းစကားတွေ သူမ အဖေရဲ့ သူ့ကိုမလိုလားတဲ့ အကြည့်တွေကို သူ မသိကျိုးကျွံ ပြုခဲ့ရသည် ။
     စိတ်မချနိုင်ပေမဲ့ ခွဲချန်မထားရက်ပေမဲ့ အချိန်တန်တော့လည်း ခွဲခွာရပေဦးတော့မည် ။ ရက်လည်ပြီး ညနေမှာ သူအိမ်ပြန်ဖို့ သူမကို နှုတ်ဆက်ရတော့သည် ။
''ကျေးဇူးအများကြီး တင်ပါတယ်နိုင်နိုင်...ခုလိုအချိန်မျိုးမှာ သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ ကျွန်မအနားမှာ တောက်လျောက် ရှိနေပေးတဲ့ အတွက်ပါ...´´
      သူငယ်ချင်းတဲ့လား ။ အင်းပေါ့ ။ ခုတော့လည်းသူငယ်ချင်းတွေပေါ့ အလတ်ရယ် ။
''ကျေးဇူးမလိုပါဘူးအလတ်ရယ်...နောက်လည်း အကူအညီလိုရင် အချိန်မရွေးပြောနော်...ကိုယ်တတ်နိုင်တာ ဘာမဆိုကူညီပါ့မယ်...´´
''ဟုတ်ကဲ့...ကျေးဇူးပါ နိုင်နိုင်ကော အိကော....ငါနင်တို့ကျေးဇူးတွေကို တစ်သက်လုံး မှတ်ထားမှာပါ...ငါ့ဘက်က ပြန်ကူညီနိုင်တာရှိရင် အချိန်မရွေး ကူညီပေးမှာပါ...´´
     မအိက သူမလက်ကို ခပ်တင်းတင်းဆုပ်ထားသည် ။
''နင် ..ခု ဘာဆက်လုပ်မလဲ အလတ်...နင်ဘာဖြစ်ချင်လဲပြော...နင်ဖြစ်ချင်တာ အားလုံးဖြစ်စေရမယ်...´´
     မအိစကားကြောင့် သူမက သူ့ကို တစ်ချက်ခိုးကြည့်ပြီး ချက်ခြင်းအကြည့်လွှဲသွားသည် ။
''အခု မေမေလည်း မရှိတော့ဘူးဆိုတော့ ငါ့မှာ နောက်ဆံတင်းစရာ မရှိတော့ဘူး...ငယ်လေးက သူ့ဘဝနဲ့သူ အဆင်ပြေနေပြီ...ဖေဖေကလည်း သူ့သားမက်နဲ့သူ ပြေလည်အဖော်ရလို့...ဖေဖေ့အတွက် ငါမပူဘူး အိ...ခုတော့ ကိုယ့်လမ်းကိုယ် လျောက်ရတော့မှာပေါ့...နင့်အကူအညီကိုတော့ ငါ လိုအပ်သေးတယ် အိ...´´

     အိကိုသာ  တစိုက်မတ်မတ်ကြည့်ပြီး ပြောနေတဲ့ သူမကို သူဘေးကနေသာ ငေးနေမိသည် ။ သူမရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ့မှာ ခိုင်မာတိကျတဲ့ တာဝန်ယူမှု တာဝန်ခံမှု မပေးနိုင်သည့်အတွက် သူ့ရှင်သန်မှုကို သူစိတ်ကုန်သည် ။ သူ ရပ်တည်နေရတဲ့ အနေအထားကို သူ စိတ်နာနေသည် ။
     သူမက သူမအနာဂတ်အတွက် တိကျတဲ့ အစီအစဉ်တွေ ရှိပေမဲ့ သူကတော့ မကြာခင်မှာ ရင်ဆိုင်ရတော့မဲ့ အခြေအနေတစ်ရပ်အတွက် ကြိုတင်စိတ်မောနေခဲ့ရသည် ။ သူမကို နှုတ်ဆက်ထွက်ခွာခဲ့ပြီး သူ့အိမ်ပြန်ခြေလှမ်းတွေက တုန့်နှေးနေသည် ။
ပြန်ခါနီး ကားနားထိ လိုက်ပို့ချိန်မှာ သူမရဲ့သူ့ကို အားတင်းပြုံးပြလိုက်တဲ့ အပြုံးရယ် မအိရဲ့ သူ့ကို အားပေးပြုံးရယ်ကို ပိုက်ပြီး ထိုနေရာကနေ ထိုအိမ်အရိပ်ကနေ သူ တိတ်တိတ်ဆိတ်ဆိတ် လှည့်ပြန်လာရသည် ။
အပြစ်ရှိသူ ဆိုတော့လည်း အရာရာမှာ မဝံ့မရဲရှိရသည် ။
××_××  ××_××  ××_××  ××_××  ××_××
      ''ဘယ်လိုလဲ ဂရုဏာရှင်ကြီး ... မေတ္တာရှင်ကြီး ...တော်တော်မှ စိတ်ပန်းလူပန်း ရှိခဲ့ရဲ့လား...´´
     အိမ်ထဲဝင်ဝင်ချင်း ကြားလိုက်ရတဲ့ ဖွားဖွားရဲ့ ခနဲ့တဲ့တဲ့ စကားသံကြောင့် သူ့စိတ်ထဲ လေးပင်ကျသွားရသည် ။ အကြိမ်ကြိမ် ရှောင်လွှဲနေတဲ့ ကိစ္စတစ်ခုကိုခုတော့ ရင်ဆိုင်ကိုဆိုင်ရတော့မယ်မှန်း သူရိပ်မိလိုက်သည် ။
''ဖွားဖွား ဘယ်တုန်းက ရောက်နေတာလဲ...´´
''စကားမလွဲနဲ့ တမ်းတနိုင်... ဖွားအေစကားကို ဆန့်ကျင်ပြီး ဟိုကောင်မလေး အနားမှာ တောက်တဲ့ကပ် သွားကပ်နေတယ်ပေါ့...ဘယ်လိုတွေ ဆွဲဆောင်ပြီး ဘယ်လောက်များ မျက်ရည်ခံထိုးထားလို့ မခွဲနိုင်မခွာရက်နဲ့ ရက်တွေအကြာကြီး နေနေတာလဲ ရှင်းပြပါဦး ဂရုဏာရှင်ကြီးရဲ့...´´
      သူ ဖွားဖွားထိုင်နေတဲ့ ခုံရှေ့က ကြမ်းပြင်မှာ ထိုင်ချလိုက်သည် ။ သူ့မျက်ဝန်းထောင့်မှာ မြင်နေရတဲ့ ဒက်ဒီကော မာမီပါ မျက်နှာမကောင်းတာကိုသတိထားမိတော့ ဘယ်လောက်များ ဆူခံထိထားပြီးပြီလဲလို့ တွေးရင်း စိတ်မကောင်းဖြစ်ရသည် ။ သူ့ကြောင့် လူတွေအများကြီး ထိခိုက်ရပြီ ။ ဖွားဖွားကို ကြောက်တဲ့စိတ် လေးစားတဲ့စိတ်ကြောင့် အမြဲရေငုံနှုတ်ပိတ် နေခဲ့ပေမဲ့ အခုတော့ အရဲစွန့်ရပေတော့မည် ။
''သူက သူ့သောကနဲ့သူ...သူ့အပူနဲ့သူမို့ နိုင့်ကို စကားတောင် ကောင်းကောင်းမပြောနိုင်ပါဘူး ဖွားဖွား...နိုင်ကလည်း သူ့ကို မိတ်ဆွေတစ်ယောက်အနေနဲ့သာ ကူညီခဲ့တာပါ...နိုင်သူ့အပေါ်မှာ...´´

''တော်စမ်း တမ်းတနိုင်...အဲ့ဒီအကြောင်း ထပ်မစနဲ့တော့ .... မောင်သူရိန်ကို ဖုန်းဆက်ပြီး ခုချက်ခြင်း မင်္ဂလာပွဲအတွက် စီစဉ်စရာ ရှိတာတွေ စီစဉ်တော့...နောက်ထပ် ဘယ်လိုအကြောင်းပြချက်နဲ့မှ ရက်ထပ်မရွေ့နိုင်တော့ဘူး...နောက်လထဲ ဖြစ်အောင်စီစဉ်စမ်း...´´
     သူငိုချင်စိတ်ကိုထိန်းထားရသည် ။ တစ်နှစ်ခွဲကျော်ကျော်ထိ သူနဲ့ ကိုသူရိန်ရဲ့ မင်္ဂလာပွဲကို အကြောင်းအမျိုးမျိုးပြပြီးရွေ့ဆိုင်းထားခဲ့ပေမဲ့ ခုတော့ အခြေအနေတွေက ကျဉ်းထဲကြပ်ထဲ ရောက်နေပြီမို့ ထပ်ပြီးရွေ့လို့မရနိုင်တော့တာ သေချာနေပြီ။
''အမေ... ကလေးက ခုမှပြန်ရောက်တာ ခဏနားပါစေဦးလား...မနက်ဖြန်မှဖြစ်ဖြစ်....´´
''တော်စမ်း...ငါစီစဉ်တဲ့ကိစ္စဘယ်သူမှ ဝင်မပါနဲ့...တမ်းတနိုင် ဖွားပြောတာ ကြားသလား မြေး...´´
''ဟုတ်ကဲ့ပါဖွား....နိုင်ခုဘဲ ကိုသူရိန်ကို ဆက်သွယ်လိုက်ပါ့မယ်....´´
    ဖွားဖွားရှေ့က ထွက်လာပြီး သူ အခန်းထဲရောက်တာနဲ့ အိပ်ရာပေါ်သို့ ခြေပစ် လက်ပစ်လှဲ ချလိုက်သည် ။ မျက်ဝန်းကို မှိတ်လိုက်တာနဲ့ သူမ မျက်နှာလေးက အာရုံမှာ အရိပ်ထင်သည် ။ သူ ပြန်ခါနီး  နောက်ဆံမတင်းရလေအောင် အားတင်းပြုံးပြနေတဲ့ မျက်နှာလေးကို ပြန်မြင်ယောင်တော့ သူ့ဖွားဖွားရဲ့ အမိန့်တွေကိုဆန့်ကျင်ဖို့ သတ္တိတွေ ရလာသလိုလို ။
''နိုင်နိုင်...မာမီခဏ ဝင်လာမယ်နော်...´´
   တံခါးခေါက်သံ ခပ်ဖွဖွနဲ့အတူ မာမီ့အသံကို ကြားလိုက်ရတာကြောင့် သူ အိပ်နေရာက လူးလဲထထိုင်လိုက်သည် ။ တံခါးဖွင့်ပေးပြီးတာနဲ့ သူ မာမီ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ပြီး ကလေးတစ်ယောက်လို ဖက်တွယ်ထားမိသည် ။  မာမီက အခန်းတံခါးပြန်ပိတ် လော့ခ်ပါ ချလိုက်ပြီးမှ သူ့ကို ခုတင်ဆီသို့ တွဲခေါ်လာပြီး အတူယှဉ်ထိုင်ကာ သူကျောလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးနေသည် ။
''မာမီ့သမီးလေး...သိပ်ကိုဝေခွဲရခက်ပြီး စိတ်ပင်ပန်းနေမှာပေါ့...မာမီကိုယ်ချင်းစာပါ
တယ်ကွယ်...မာမီသမီးကို ကိုယ်ခြင်းစာလို့လည်း တသက်လုံး သမီးမသိအောင် လျှို့ဝှက်ထားတဲ့ ကိစ္စတစ်ခုကို ပြောပြမလို့...´´
  မာမီ့အသံက တိုးတိမ်နူးညံ့နေသည် ။ သူ မာမီ့ကို တအံ့တသြ ငေးကြည့်နေမိသည် ။
လျှို့ဝှက်ထားတဲ့ ကိစ္စဆိုတာ ဘာများပါလိမ့် ။
သူ ဆိုးသွမ်းသုံးဖြုန်းနေတာကို မြင်တိုင်း ဒေါ်ကြီးက သမီးဒက်ဒီနဲ့ မာမီကို သနားပါကွယ်။ သူတို့ဘဝလေးက သနားစရာလို့ ဒေါ်ကြီး မကြာခဏ ရေရွတ်တာ သူကြားဖူးပေမဲ့ ဘာကြောင့်ဆိုတာတော့ သေသေချာချာမပြောပြဖူး ။
''မာမီက သူဌေးသမီး... သမီးဒက်ဒီက သာမန်ဆင်းရဲသား လက်လုပ်လက်စား မိသားစုက ပေါက်ဖွားလာတာ ...သမီးဖွားဖွားရဲ့ စိတ်ကို သမီး သိတယ်မလား...မာမီနဲ့ သမီးဒက်ဒီကို သဘောမတူတော့ သမီးဖွားဖွားက မရ ရတဲ့ နည်းလမ်းနဲ့ ခွဲပြီး သူသဘောတူတဲ့ သူဌေးသားတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ စီစဉ်ပေမဲ့ မာမီကလည်း သမီးဒက်ဒီနောက်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ခိုးရာလိုက်ခဲ့တယ်... ´´
     သူ မာမီ့မျက်နှာကို တအံ့တသြ ကြည့်မိသည် ။ သူတစ်ခါမှ မကြားဖူးတဲ့ အကြောင်းအရာပါလား။
''သမီးဖွားဖွားက အစကတော့ မာမီတို့ကို မရရအောင် ခွဲခဲ့ပါသေးတယ်...ဒါပေမဲ့ခေါင်းမာတဲ့ မာမီနဲ့ ဇွဲကြီးတဲ့ သမီးဒက်ဒီတို့ အကြိမ်ကြိမ်  အခွဲခံရလိုက် ပြန်လိုက်ပြေးနဲ့ နောက်ဆုံး သမီးလေး ကိုယ်ဝန်ရှိလာမှ သမီးဖွားဖွားက မာမီတို့ကို မရမက ခွဲနေတာကို ရပ်လိုက်တယ်...အဲ့ဒီအစား လက်ထပ်ထားတယ် နာမည်ခံပြီး မာမီတို့ကို အတူနေခွင့်မရအောင် သမီးဒက်ဒီကို သင်္ဘောလိုက်နိုင်ဖို့ စီစဉ်ပေးလိုက်တယ်...ငါ့သမီးကို
ငါထားတဲ့အနေအထားထက်မြင့်အောင်ထားနိုင်မှ မင်းသင်္ဘောပေါ်က ဆင်းခဲ့ဆိုပြီး မှာလိုက်တယ်...´´
သူသည် တအံ့တသြ နားထောင်နေရာမှ မာမီ့ကို တအားသိမ်းဖက်ထားလိုက်သည် ။
''နိုင့်ကို ခွင့်လွှတ်ပါမာမီ...အဲ့ဒါတွေကို နိုင်မသိဘဲ နိုင်ဆိုးခဲ့ သုံးခဲ့ ဖြုန်းခဲ့မိပါတယ်...´´
''မာမီ သမီးကို အပြစ်မတင်ပါဘူး နိုင်နိုင်ရယ်...မာမီဆိုလိုတာကို ဆုံးအောင်နားထောင်ပါဦး...သမီး ဒက်ဒီကော မာမီပါ တက်ညီလက်ညီကြိုးစားခဲ့ကြတာ ခု သမီးမြင်တဲ့အတိုင်းဘဲ ...သမီးဖွားဖွားဖြစ်စေချင်တဲ့ အနေအထားကို ကျော်လွန်ခဲ့ပြီ...ခုတော့ သမီးဒက်ဒီလည်း သင်္ဘောပေါ်က ဆင်းပြီး မာမီအစပျိုးထားတဲ့ ဟိုတယ်လုပ်ငန်းကို ဆက်လုပ်ရင်း ခုတော့ မာမီတို့မိသားစု...အေးအေးချမ်းချမ်းနဲ့ အတူတူနေနိုင်ကြပြီ မဟုတ်လား...´´
သူ မာမီ့ရင်ခွင်ထဲကနေထွက်ပြီး မာမီ့မျက်နှာပေါ်က အရိပ်တွေထဲမှာ တစ်စုံတစ်ရာကို လိုက်ရှာနေမိသည် ။ မာမီဘာကို ဆိုလိုချင်နေတာလဲ ။
''နားရှုပ်သွားလားသမီး ...အဓိကကသစ္စာတရားနဲ့ ဇွဲဘဲ....သမီးမာမီကော ဒက်ဒီကောက တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိနဲ့ အတူပြန်နေရမဲ့ အချိန်ကို စောင့်ခဲ့တယ်...ဇွဲရှိရှိနဲ့လည်း အလုပ်ကြိုးစားခဲ့တယ်...အဲ့ဒါကြောင့်လည်း အခု အသက်တွေရလာချိန်မှာ အေးအေးချမ်းချမ်း ပေါင်းစည်းနိုင်ခဲ့တာပေါ့...သမီးလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖွားဖွားစကားကို မပယ်ရှားဘဲ မင်္ဂလာပွဲကို တတ်နိုင်သမျှ အချိန်ဆွဲထားခဲ့တာ ...မောင်သူရိန်ကော သမီးကောက ဆိုင်သူကိုယ်စီရှိလို့ ဆိုတာ  မာမီသိပါတယ်...´´
''ဟင်...မာမီ သိနေတယ်...´´
        မာမီက သူ့ဦးခေါင်းကို ခပ်ဖွဖွ ပွတ်သပ်သည် ။
''သိတာပေါ့သမီးရယ်...သိပေမဲ့ ဝင်ပါဖို့ မလိုသေးတဲ့ အခြေအနေမို့ စောင့်ကြည့်နေခဲ့တာ...လူကြီးနဲ့ လူငယ်ကတော့ အမြဲသဘောထား ကွဲလွဲနေကြမှာပါဘဲ...လူကြီးတွေကလည်း သူတို့မျိုးဆက်ကို အကောင်းဆုံး အမြင့်ဆုံး ဖြစ်စေချင်တယ်...သူတို့ရဲ့မျိုးဆက်ကိုအစစအရာရာ အဆင်ပြေအောင် တဘဝလုံးစာ စီစဉ်ပေးချင်တယ်...လူငယ်တွေကလည်း ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်သဘောအတိုင်း ရပ်တည်ချင်တယ်...မာမီနဲ့ဒက်ဒီကတော့ သမီးကို မချုပ်ခြယ်ဘူး...မာမီတို့အတွက်က ကိုယ့်သားသမီး စိတ်ချမ်းသာဖို့ အရေးကြီးတယ်...လမ်းမမှားအောင်ဘဲ ဘေးကထိန်းပေးမယ်...ငါ ထွင်တဲ့ လမ်းပေါ် လျောက်ကိုလျောက်ရမယ်လိုတော့ ကန့်သတ်မထားဘူး...´´
''ကျေးဇူးပါ မာမီ...တကယ်ကို ကျေးဇူးပါ....´´
''ခုက သမီးကောင်မလေးရဲ့ အခြေအနေ အလုံးစုံကို ဖွားဖွားက အမြဲအကဲခတ်နေတော့ သမီးနဲ့ မောင်သူရိန် ထပ်ပြီး အချိန်ဆွဲ နောက်ဆုတ်လို့ မရလောက်တော့ဘူး...သမီး တစ်သက်လုံး စိတ်ချမ်းသာဖို့ ဆိုရင်တော့ သတ္တိရှိမှ ရတော့မယ်...တစ်ခုဘဲ မာမီသတိပေးချင်တာ ...လတ်တလော စိတ်ခံစားချက်ကို ဦးစားပေးပြီး အခြေအနေကို မသုံးသပ်ဘဲ ဆုံးဖြတ်ချက်မြန်တတ်တဲ့အကျင့်ကို ပြင်မှရမယ်နော်... ´´
''ဟုတ်ကဲ့ပါ ချစ်မာမီလေးရယ်...´´
   မာမီ့ပါးကို ရွှတ်ခနဲ နမ်းပြီး သူ ဖုန်းလေးကို လှမ်းယူလိုက်သည် ။
''ဟဲလို....ကိုသူရေ.....´´
××_×× ××_×× ××_×× ××_××

MSPP
312020
  

အပိုင္း ၂၄
ဒီေနရာကို မေရာက္တာ ၾကာလွၿပီ ။ ဒီလမ္းေလးေပၚမွာ ျဖတ္မေလ်ာက္ျဖစ္ေတာ့တာ တစ္ႏွစ္ခြဲေက်ာ္ခဲ့ၿပီ ။ အရာရာကေတာ့ ဘာမွမေျပာင္းလဲ ။ ဟိုအရင္ကတိုင္း သူ႔ကိုႀကိဳဆိုေနသည္ ။ ေကာ္ဖီဆိုင္ေလးကလည္း အရင္အတိုင္း ။
     ဒီအရပ္ကေန သူထြက္သြားတုန္းက ေဒါသေတြနဲ႔ ။ သူခုဒီေနရာကိုျပန္လာရေတာ့ ေသာကေတြနဲ႔ ။ ဟိုတယ္မွာ အလုပ္ၿပီးၿပီးျခင္း ျပန္ဖို႔စီစဉ္ေနစဉ္ အမွတ္မထင္ ၾကားလိုက္ရတဲ့ သတင္းတစ္ခုေၾကာင့္ အေျပးတစ္ပိုင္းနဲ႔ သူ႔ေျခလွမ္းေတြ ဒီအရပ္ကို ေရြ့လ်ားလာရတာ ။
  လူဝင္လူထြက္စည္ကားေနတဲ့ သူမတို႔အိမ္နဲ႔ မ်က္ႏွာျခင္းဆိုင္ ေကာ္ဖီဆိုင္နားမွာ သူ႔ကားေလးကို ရပ္တန႔္လိုက္သည္ ။ အမ်ိဳးသမီးႀကီးတစ္စု ထြက္လာတဲ့ အိမ္ေပါက္ဝကို လွမ္းၾကၫ့္ေနရင္းက ထိုအိမ္ထဲကို ဝင္သြားရမွာ တြန႔္ဆုတ္ေနမိသည္ ။ ဘယ္လိုျမင္ကြင္းမ်ိဳးက သူ႔ကိုႀကိဳေနမလဲဆိုတာ စိတ္ကူးထဲမွာ ျမင္ၾကၫ့္ရင္း သူ႔ရင္ထဲမွာ ဆို႔တက္လာသည္ ။
ကားတံခါးကို ဖြင့္ေနတဲ့ လက္ေတြမွာ အားအင္ယုတ္ေလ်ာ့ေနသည္ ။ အိမ္ေပါက္ဝကေန အိမ္ထဲလွမ္းဝင္ေတာ့ အမ်ိဳးသမီးႀကီးတစ္ဦးက သူ႔ကိုခရီးဦးႀကိဳၿပီး အိမ္ေပၚထပ္သို႔ ေခၚေဆာင္သြားသည္ ။ ေလွကားထစ္ရဲ့ ေနာက္ဆံုးအထစ္ကို လွမ္းတက္လိုက္စဉ္မွာ စူးရွရွေအာ္ငိုေနတဲ့ အသံတစ္သံက သူ႔ကိုဆီးႀကိဳသည္ ။ ထိုငိုသံထြက္ေနရာနားမွာ အမ်ိဳးသမီးတစ္စုက ဝိုင္းအံုလို႔ ။ တစ္ေယာက္တစ္ေပါက္ ဝိုင္းၿပီး
နားခ်ေနသံေတြက ေအာ္ငိုသံနဲ႔ ေရာေထြးဆူညံေနသည္ ။
     ဟိုဟိုဒီဒီ အၾကၫ့္တစ္ခ်က္ အေရြ့မွာ သူေတြ့ခ်င္တဲ့ ပံုရိပ္ေလးက အနည္းငယ္ေမွာင္ေနတဲ့ အိမ္ရဲ့ေထာင့္ေလးတစ္ေထာင့္မွာ ။ ဒူးကို လက္ႏွစ္ဖက္နဲ႔ ပိုက္ၿပီး ဒူးေပၚမွာ မ်က္ႏွာေလးတေစာင္းတင္ထားတဲ့ ပံုရိပ္ေလး ။ သူနဲ႔ မ်က္မွန္းတန္းမိေနတဲ့ သူမဆိုင္ရဲ့ဝန္ထမ္း ေကာင္မေလးႏွစ္ေယာက္က သူ႔ကိုျမင္ေတာ့ ခပ္ယဲ့ယဲ့ၿပံဳးျပၿပီး သူမေဘးကေန ထထြက္သြားၾကသည္ ။
    သူ သူမနဲ႔ မ်က္ႏွာျခင္းဆိုင္ ထိုင္ခ်လိုက္ၿပီး သူမဦးေခါင္းကို ပြတ္သပ္ထိေတြ့ဖို႔ လက္လွမ္းလိုက္ေပမဲ့ မထိေတြ့ျဖစ္ ။ လက္ကို ျပန္ရုပ္ၿပီး နာမည္ကို ခပ္တိုးတိုးေခၚလိုက္မိသည္ ။
    ''လတ္...ခင္မင္းလတ္...´´
ေျခာက္ကပ္စြာ ထြက္လာတဲ့ သူ႔ အသံက တိုးတိုးကေလးသာ ။ နာမည္ေခၚသံေၾကာင့္ထင့္။ ဒူးေပၚအပ္ထားသၫ့္ မ်က္ႏွာေလး ခပ္ျဖည္းျဖည္း ေမာ့လာသည္ ။

    ဟိုအရင္က ခပ္ျပၫ့္ျပၫ့္မ်က္ႏွာေလးက ခုေတာ့ဘယ္ဆီ ဘယ္ဝယ္မွာ ။ မ်က္လံုးဝိုင္းဝိုင္းေလးေတြက မ်က္တြင္းခ်ိဳင့္ခ်ိဳင့္ေလးရဲ့ ကူညီပံ့ပိုးမႈေၾကာင့္ ပိုၿပီးဝန္းဝိုင္းေနသလို ။
      သူ႔ကိုေတြ့ေတာ့ ႏုတ္ခမ္းေလးႏွစ္လႊာက အံ့ၾသဝိုင္းစက္သြားတာမ်က္ဝန္းေတြနဲ႔အၿပိဳင္။သူ႔ကိုၾကၫ့္ေနရင္းက မ်က္ဝန္းအိမ္ထဲ တအိအိျပၫ့္လ်ွံလာတဲ့ မ်က္ရည္စေတြက ဖ်တ္ခနဲ မ်က္လႊာအခ်မွာ ပါးျပင္ေပၚသို႔ ဝမ္းနည္းစြာ ခုန္ဆင္းၾကသည္ ။
     ဒူးႏွစ္ဖက္ေထာင္ထိုင္ေနရာက တင္ပလႅင္ေခြ ေျပာင္းထိုင္ၿပီး လက္ႏွစ္ဖက္ကို အခ်င္းခ်င္းပြတ္သပ္ေနသည္ ။
သူ႔ေရ႔ွက ဝမ္းနည္းေနတဲ့ ပံုရိပ္ေလးက တင္းထားသမ်ွ သူ႔စိတ္ကို ေျပေလ်ာ့ေစသည္ ။ သူမ လက္ႏွစ္ဖက္ကို သူ႔လက္ႏွစ္ဖက္နဲ႔ ခပ္တင္းတင္းဆုပ္ကိုင္လိုက္ေတာ့ ခႏၶာကိုယ္ေလးတသိမ့္သိမ့္တုန္ေအာင္ပင္ ဝမ္းပန္းတနည္း ငိုရိႈက္ေလေတာ့သည္ ။
     သူ႔မွာ ႏွစ္သိမ့္စရာ စကားတို႔ ရွာမေတြ့ ။ ေရ႔ွကိုအနည္းငယ္တိုးၿပီး သူမဦးေခါင္းကို သူ႔ပခံုးေပၚဆြဲတင္ေတာ့ ငိုသံၾကားက ဗလံုးဗေထြးအသံေလးက သူ႔ရင္ကို မြေၾကေနေအာင္ ေခ်သည္ ။
''ေမေမ မရိွေတာ့ဘူးႏိုင္ႏိုင္...လတ္ရဲ့ေမေမက ျပန္မႏိုးလာေတာ့ေအာင္ အိပ္ေပ်ာ္သြားၿပီတဲ့...ေမေမက... ေမေမက လတ္ကို အၿပီးထားသြားၿပီ...လတ္ တစ္ေယာက္တည္း ...လတ္ကို တစ္ေယာက္တည္းစိတ္ခ်ၿပီး...ထား...ခဲ့...ၿပီ...´´
     သူမ စကားအၾကားမွာ တင္းထားတဲ့ သူ႔မ်က္ရည္ေတြ ပါးျပင္ေပၚသို႔ အလံုးအရင္းနဲ႔ စီးက်လာသည္ ။
''ေရာဂါျဖစ္ၿပီး အိပ္ရာေပၚလဲသြားလို႔ ျပဳစုလိုက္ရရင္ ေျဖသာေသးတယ္...ေမေမက သူ႔ေနာက္ဆံုးအခ်ိန္ထိ မနားသြားရဘူး...အလုပ္လုပ္ေနရင္းက မူးတယ္...မူးတယ္ ဆိုၿပီးေတာ့...ဆိုၿပီးေတာ့ လဲက်သြားတာ...ဆရာဝန္ႀကီး ေရာက္လာေတာ့ ေမေမက မရိွေတာ့ဘူး...ျပန္မႏိုးလာေတာ့ဘူး ႏိုင္ရဲ့´´
တအိအိရိႈက္ငင္ရင္း ေရရြတ္ေနသံေလးက သူ႔နားထဲကေနတဆင့္ ရင္တြင္းအစိတ္အပိုင္းေတြကို တစစီေခ်မြေနၾကသည္ ။
''ဧၫ့္သည္ေရာက္ေနတယ္ဆိုလို႔’’
   သူတို႔ေဘးနားက ထြက္လာတဲ့အသံေၾကာင့္ သူမကို ဖက္ထားရာက ေျဖလႊတ္ေပးၿပီး လွၫ့္ၾကၫ့္လိုက္မိသည္။
''ဟင္...ႏိုင္ႏိုင္...ဘယ္လိုကေန ဘယ္လို...´´

    အရမ္းအံ့ၾသသြားတဲ့ မအိကို သူေခါင္းညိတ္ျပလိုက္သည္ ။
''အလုပ္ၿပီးလို႔ ျပန္ေတာ့မလို႔ လုပ္ေနတာ...သတင္းၾကားလို႔ ႏိုင္ေျပးလာတာ မအိ...´´
     မအိက ေဘးနားဝင္ထိုင္ၿပီး သူ႔လက္ကို ဆုပ္ကိုင္သည္ ။သူ႔လက္ကိုထိေတြ့လာတဲ့ မအိ လက္ေတြကလည္း ေအးစက္လို႔ ။
   ''ေက်းဇူးတင္ပါတယ္ ႏိုင္ႏိုင္ရယ္...ဘာဘဲျဖစ္ျဖစ္ ခုလို အခ်ိန္မွာ ေရာက္လာတာ ေက်းဇူးပါဟယ္...ငါ့မွာ စီစဉ္စရာရိွတာေတြ စီစဉ္ေနရတာ တစ္ဖက္ သူ႔ကိုစိတ္မခ်ေနတာတစ္ဖက္နဲ႔ ...သူ႔နားဘယ္သူမွ ရိွမေနလို႔ေလ ...ႏိုင္ႏိုင္အခ်ိန္ရရင္ ေျမခ်ၿပီးတဲ့ အခ်ိန္ထိ ခဏေနေပးမလား...´´
''ဟင့္အင္း...အိ ရတယ္...အဲ့ေလာက္မလိုပါဘူး...သူမ်ားက အလုပ္တစ္ဖက္နဲ႔...ေနပါေစ...´´
    မအိစကားအဆံုးမွာ ျငင္းဆန္လိုက္သံက မာနသံေလးစြက္လို႔ ။
''စိတ္ခ်ပါ မအိ ...ကိစၥအားလံုးၿပီးတဲ့ထိ ကြၽန္မေနေပးမွာပါ...ဒါနဲ႔ ငယ္ေလးေကာ...´´
''ငယ္ေလးက အရင္လထဲကဘဲ သူ႔ေကာင္ေလးနဲ႔ လက္ထပ္ၿပီး ႏိုင္ငံျခား ထြက္သြားတယ္...ခ်က္ျခင္း ျပန္လာဖို႔ မလြယ္ဘူးတဲ့ ...´´
     မအိစကားအဆံုးမွာ သူတို႔နားတဝိုက္ တိတ္ဆိတ္ၿငိမ္သက္ သြားျပန္သည္ ။ တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္တာက ကေလးအသံေလးတစ္သံ ။
''တီတီလတ္...တီတီလတ္...ေမေမဆူလို႔ ငိုေနတာလား...ငိုနဲ႔တိတ္တိတ္...
သားသားရိွတယ္ေနာ္...ေၾကာက္နဲ႔...´´
     သူမကိုယ္ေပၚဝင္ထိုင္ရင္း ေျပာလိုက္တဲ့ ကေလးေလးရဲ့ စကားကိုၾကားေတာ့ ခုခ်ိန္ထိ သူမ ဘယ္လိုရွင္သန္ေနရသလဲဆိုတာ သူေကာင္းေကာင္းႀကီး သေဘာေပါက္သြားရသည္ ။ ျဖစ္ႏိုင္ရင္ သူ႔ေရ႔ွက ေကာင္မေလးကို လက္ဆြဲၿပီး လူေတြနဲ႔ ေဝးရာကို ေျပးထြက္သြားလိုက္ခ်င္သည္ ။
''တီတီလတ္ မငိုပါဘူး သားသားရဲ့...ဒီမွာ အန္တီေတြနဲ႔ စကားေျပာလိုက္ဦးမယ္...သားသားက သူငယ္ခ်င္းေတြနဲ႔ သြားေဆာ့ေနာ္...´´
      သူမကို ေသခ်ာေမာ့ၾကၫ့္ေနၿပီးမွ ထထြက္သြားသၫ့္ ကေလးေလးကိုၾကၫ့္ေနရင္း သူတို႔ၾကားမွာ စကားလံုးေတြ ေပ်ာက္ဆံုးေနျပန္သည္ ။ အတန္ၾကာမွ မအိက သူ႔ပခံုးကို လွမ္းကိုင္ၿပီး စကားဆိုသည္ ။

  ''ႏိုင္ႏိုင္...အလတ္နားမွာဘဲ ေနေပးေနာ္...ဘယ္မွမသြားနဲ႔...နင္ရိွေနရင္ ငါ အလတ္ကို စိတ္ခ်တယ္...ငါစီစဉ္စရာေတြ ရိွေသးလို႔ေနာ္...´´
''ဟုတ္ကဲ့ မအိ...စိတ္ခ်ပါ ႏိုင္ သူ႔နားဘဲ ရိွေနမွာပါ...´´
    မအိက သူမပါးျပင္ေပၚက မ်က္ရည္ေတြကို သုတ္ေပးၿပီး သူမ ဦးေခါင္းေလးကို ညင္ညင္သာသာ ပြတ္ေပးၿပီး ခဏ အၾကာမွ ထသြားေလသည္ ။ အိမ္အေပၚထပ္ တစ္ထပ္လံုးကေတာ့ သူမ အစ္မရဲ့ ဖြဲ႔ဖြဲ႔ႏြဲ႔ႏြဲ့နဲ႔ ေျပာလိုက္ ငိုလိုက္ လုပ္ေနတဲ့ အသံကသာ ႀကီးစိုးေနသည္ ။
''အမေလး အလတ္... အဲ့လိုေျပာေျပာၿပီး ငိုရမွာက နင္မဟုတ္ဘူးလား...နင္တို႔အေမ အသက္ရိွေနတုန္းက လင္မယားႏွစ္ေယာက္ တစ္ေယာက္တစ္လွၫ့္ စိတ္ဒုကၡေပးခဲ့ၾကၿပီး
ခုမွ ...ဟြန႔္ ငါမေျပာလိုက္ခ်င္ဘူး...´´
     သူတို႔အနား လာဝင္ထိုင္ၿပီး မဲ့မဲ့ရြဲ႔ရြဲ႔ေရရြတ္ေနသၫ့္ အမ်ိဳးသမီးကို ၾကၫ့္ၿပီးသူမက ခပ္ယဲ့ယဲ့ၿပံဳးေနသည္ ။ အတြင္းသိ အစင္းသိ ျဖစ္ပံုရသၫ့္ အမ်ိဳးသမီးက သူမနား ခဏမ်ွထိုင္ၿပီး  နားၾကားပ်င္းလာၿပီ ဆိုၿပီး ထျပန္သြားေလသည္ ။ ထိုအမ်ိဳးသမီး ျပန္သြားေတာ့မွ သူမ က သူ႔ကိုလွမ္းၾကၫ့္ၿပံဳးျပသည္ ။ သူေရာက္စကလို သူ႔ကိုၾကၫ့္တဲ့ အၾကၫ့္ေတြက စိမ္းမေနေတာ့။
  ''အစစ အရာရာ အဆင္ေျပရဲ့လား ႏိုင္ႏိုင္...အလုပ္ေတြ တအားလုပ္တယ္ထင္တယ္ ...ပိန္သြားလိုက္တာ...´´
''အဆင္ေျပပါတယ္...´
     သူမက သူ႔ကိုပိန္သြားတယ္လိုေျပာေတာ့ သူ႔မွာ ျပန္ေျပာစရာ စကားလံုးေတြ ေပ်ာက္ရွေနသည္ ။
     သူတို႔ စကားသိပ္မေျပာျဖစ္ၾက ။ မအိကတစ္ခုခုလိုအပ္လို႔ လာေတာင္းခ်ိန္ လာေျပာခ်ိန္ေတြကလြဲရင္ အိမ္အေပၚထပ္ေထာင့္ကေလးမွာ သူတို႔ႏွစ္ေယာက္ ၿငိမ္ၿငိမ္ကေလးသာ ထိုင္ေနျဖစ္ၾကသည္ ။ အသုဘရႈလာတဲ့ ဧၫ့္သည္ေတြထဲက တစ္ခ်ိဳ႕က သူမ ရိွရာသာ တိုက္ရိုက္ရွာေဖြလာ စကားခဏေျပာၿပီး ထျပန္ၾကသည္က မ်ားသည္ ။
     သူမ ဧၫ့္သည္ေတြနဲ႔ အျပန္အလွန္ ေျပာဆိုေနတာေတြကို ေဘးကေန နားေထာင္ေနရင္း သူ႔မွာ အသက္ရႈမဝ။ ဘယ္ေလာက္ထိ  အက်ဉ္းအၾကပ္ေတြထဲ စိတ္ဒုကၡေတြထဲ သူမရွင္သန္ေနရလဲဆိုတာ ထိုစကားေတြထဲကေန သူအလံုးစံု ျမင္ေနရေလသည္ ။
     နာေရး အခ်ိန္ေတာက္ေလ်ာက္ ေန့ေရာညပါ သူမအနားကေန မအိေရာ သူပါ မခြာတမ္း ရိွေနခဲ့သည္ ။ သူမ အေမရုပ္အေလာင္းကို အိမ္ကေန ယူမသြားခင္ အခ်ိန္ေလးမွာ သူမ သတိလစ္ေမ့ေျမာသြားလို႔ ေနာက္ဆံုးခရီးကို လိုက္ပါပို႔ေဆာင္ခြင့္ မရလိုက္ ။
      အိပ္ယာထက္မွာ ျဖဴေဖ်ာ့စြာ လဲေလ်ာင္းေနတဲ့ ပံုရိပ္ေလးကို ၾကၫ့္ၿပီး သူ တိတ္တိတ္ေလး ငိုရိႈက္ခဲ့ရသည္ ။ မအိက သူ႔ပခံုးကို ဖက္ထားၿပီး သူမကို ေငးၾကၫ့္ေနရံုကလြဲလို႔ စကားမ်ားမ်ားမေျပာ ။
     ရက္လည္ၿပီးတဲ့အထိ သူမအနားမွာ သူေကာ မအိပါ ရိွေနေပးခဲ့သည္ ။ သူမ အစ္မရဲ့ ေစာင္းေျမာင္းစကားေတြ သူမ အေဖရဲ့ သူ႔ကိုမလိုလားတဲ့ အၾကၫ့္ေတြကို သူ မသိက်ိဳးကြၽံ ျပဳခဲ့ရသည္ ။
     စိတ္မခ်ႏိုင္ေပမဲ့ ခြဲခ်န္မထားရက္ေပမဲ့ အခ်ိန္တန္ေတာ့လည္း ခြဲခြာရေပဦးေတာ့မည္ ။ ရက္လည္ၿပီး ညေနမွာ သူအိမ္ျပန္ဖို႔ သူမကို ႏႈတ္ဆက္ရေတာ့သည္ ။
''ေက်းဇူးအမ်ားႀကီး တင္ပါတယ္ႏိုင္ႏိုင္...ခုလိုအခ်ိန္မ်ိဳးမွာ သူငယ္ခ်င္းေကာင္း တစ္ေယာက္အေနနဲ႔ ကြၽန္မအနားမွာ ေတာက္ေလ်ာက္ ရိွေနေပးတဲ့ အတြက္ပါ...´´
      သူငယ္ခ်င္းတဲ့လား ။ အင္းေပါ့ ။ ခုေတာ့လည္းသူငယ္ခ်င္းေတြေပါ့ အလတ္ရယ္ ။
''ေက်းဇူးမလိုပါဘူးအလတ္ရယ္...ေနာက္လည္း အကူအညီလိုရင္ အခ်ိန္မေရြးေျပာေနာ္...ကိုယ္တတ္ႏိုင္တာ ဘာမဆိုကူညီပါ့မယ္...´´
''ဟုတ္ကဲ့...ေက်းဇူးပါ ႏိုင္ႏိုင္ေကာ အိေကာ....ငါနင္တို႔ေက်းဇူးေတြကို တစ္သက္လံုး မွတ္ထားမွာပါ...ငါ့ဘက္က ျပန္ကူညီႏိုင္တာရိွရင္ အခ်ိန္မေရြး ကူညီေပးမွာပါ...´´
     မအိက သူမလက္ကို ခပ္တင္းတင္းဆုပ္ထားသည္ ။
''နင္ ..ခု ဘာဆက္လုပ္မလဲ အလတ္...နင္ဘာျဖစ္ခ်င္လဲေျပာ...နင္ျဖစ္ခ်င္တာ အားလံုးျဖစ္ေစရမယ္...´´
     မအိစကားေၾကာင့္ သူမက သူ႔ကို တစ္ခ်က္ခိုးၾကၫ့္ၿပီး ခ်က္ျခင္းအၾကၫ့္လႊဲသြားသည္ ။
''အခု ေမေမလည္း မရိွေတာ့ဘူးဆိုေတာ့ ငါ့မွာ ေနာက္ဆံတင္းစရာ မရိွေတာ့ဘူး...ငယ္ေလးက သူ႔ဘဝနဲ႔သူ အဆင္ေျပေနၿပီ...ေဖေဖကလည္း သူ႔သားမက္နဲ႔သူ ေျပလည္အေဖာ္ရလို႔...ေဖေဖ့အတြက္ ငါမပူဘူး အိ...ခုေတာ့ ကိုယ့္လမ္းကိုယ္ ေလ်ာက္ရေတာ့မွာေပါ့...နင့္အကူအညီကိုေတာ့ ငါ လိုအပ္ေသးတယ္ အိ...´´

     အိကိုသာ  တစိုက္မတ္မတ္ၾကၫ့္ၿပီး ေျပာေနတဲ့ သူမကို သူေဘးကေနသာ ေငးေနမိသည္ ။ သူမရဲ့ အနာဂတ္နဲ႔ ပတ္သက္ၿပီး သူ႔မွာ ခိုင္မာတိက်တဲ့ တာဝန္ယူမႈ တာဝန္ခံမႈ မေပးႏိုင္သၫ့္အတြက္ သူ႔ရွင္သန္မႈကို သူစိတ္ကုန္သည္ ။ သူ ရပ္တည္ေနရတဲ့ အေနအထားကို သူ စိတ္နာေနသည္ ။
     သူမက သူမအနာဂတ္အတြက္ တိက်တဲ့ အစီအစဉ္ေတြ ရိွေပမဲ့ သူကေတာ့ မၾကာခင္မွာ ရင္ဆိုင္ရေတာ့မဲ့ အေျခအေနတစ္ရပ္အတြက္ ႀကိဳတင္စိတ္ေမာေနခဲ့ရသည္ ။ သူမကို ႏႈတ္ဆက္ထြက္ခြာခဲ့ၿပီး သူ႔အိမ္ျပန္ေျခလွမ္းေတြက တုန႔္ေနွးေနသည္ ။
ျပန္ခါနီး ကားနားထိ လိုက္ပို႔ခ်ိန္မွာ သူမရဲ့သူ႔ကို အားတင္းၿပံဳးျပလိုက္တဲ့ အၿပံဳးရယ္ မအိရဲ့ သူ႔ကို အားေပးၿပံဳးရယ္ကို ပိုက္ၿပီး ထိုေနရာကေန ထိုအိမ္အရိပ္ကေန သူ တိတ္တိတ္ဆိတ္ဆိတ္ လွၫ့္ျပန္လာရသည္ ။
အျပစ္ရိွသူ ဆိုေတာ့လည္း အရာရာမွာ မဝံ့မရဲရိွရသည္ ။
××_××  ××_××  ××_××  ××_××  ××_××
      ''ဘယ္လိုလဲ ဂရုဏာရွင္ႀကီး ... ေမတၲာရွင္ႀကီး ...ေတာ္ေတာ္မွ စိတ္ပန္းလူပန္း ရိွခဲ့ရဲ့လား...´´
     အိမ္ထဲဝင္ဝင္ခ်င္း ၾကားလိုက္ရတဲ့ ဖြားဖြားရဲ့ ခနဲ႔တဲ့တဲ့ စကားသံေၾကာင့္ သူ႔စိတ္ထဲ ေလးပင္က်သြားရသည္ ။ အႀကိမ္ႀကိမ္ ေရွာင္လႊဲေနတဲ့ ကိစၥတစ္ခုကိုခုေတာ့ ရင္ဆိုင္ကိုဆိုင္ရေတာ့မယ္မွန္း သူရိပ္မိလိုက္သည္ ။
''ဖြားဖြား ဘယ္တုန္းက ေရာက္ေနတာလဲ...´´
''စကားမလြဲနဲ႔ တမ္းတႏိုင္... ဖြားေအစကားကို ဆန႔္က်င္ၿပီး ဟိုေကာင္မေလး အနားမွာ ေတာက္တဲ့ကပ္ သြားကပ္ေနတယ္ေပါ့...ဘယ္လိုေတြ ဆြဲေဆာင္ၿပီး ဘယ္ေလာက္မ်ား မ်က္ရည္ခံထိုးထားလို႔ မခြဲႏိုင္မခြာရက္နဲ႔ ရက္ေတြအၾကာႀကီး ေနေနတာလဲ ရွင္းျပပါဦး ဂရုဏာရွင္ႀကီးရဲ့...´´
      သူ ဖြားဖြားထိုင္ေနတဲ့ ခံုေရ႔ွက ၾကမ္းျပင္မွာ ထိုင္ခ်လိုက္သည္ ။ သူ႔မ်က္ဝန္းေထာင့္မွာ ျမင္ေနရတဲ့ ဒက္ဒီေကာ မာမီပါ မ်က္ႏွာမေကာင္းတာကိုသတိထားမိေတာ့ ဘယ္ေလာက္မ်ား ဆူခံထိထားၿပီးၿပီလဲလို႔ ေတြးရင္း စိတ္မေကာင္းျဖစ္ရသည္ ။ သူ႔ေၾကာင့္ လူေတြအမ်ားႀကီး ထိခိုက္ရၿပီ ။ ဖြားဖြားကို ေၾကာက္တဲ့စိတ္ ေလးစားတဲ့စိတ္ေၾကာင့္ အၿမဲေရငံုႏႈတ္ပိတ္ ေနခဲ့ေပမဲ့ အခုေတာ့ အရဲစြန႔္ရေပေတာ့မည္ ။
''သူက သူ႔ေသာကနဲ႔သူ...သူ႔အပူနဲ႔သူမို႔ ႏိုင့္ကို စကားေတာင္ ေကာင္းေကာင္းမေျပာႏိုင္ပါဘူး ဖြားဖြား...ႏိုင္ကလည္း သူ႔ကို မိတ္ေဆြတစ္ေယာက္အေနနဲ႔သာ ကူညီခဲ့တာပါ...ႏိုင္သူ႔အေပၚမွာ...´´

''ေတာ္စမ္း တမ္းတႏိုင္...အဲ့ဒီအေၾကာင္း ထပ္မစနဲ႔ေတာ့ .... ေမာင္သူရိန္ကို ဖုန္းဆက္ၿပီး ခုခ်က္ျခင္း မဂၤလာပြဲအတြက္ စီစဉ္စရာ ရိွတာေတြ စီစဉ္ေတာ့...ေနာက္ထပ္ ဘယ္လိုအေၾကာင္းျပခ်က္နဲ႔မွ ရက္ထပ္မေရြ့ႏိုင္ေတာ့ဘူး...ေနာက္လထဲ ျဖစ္ေအာင္စီစဉ္စမ္း...´´
     သူငိုခ်င္စိတ္ကိုထိန္းထားရသည္ ။ တစ္ႏွစ္ခြဲေက်ာ္ေက်ာ္ထိ သူနဲ႔ ကိုသူရိန္ရဲ့ မဂၤလာပြဲကို အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးေရြ့ဆိုင္းထားခဲ့ေပမဲ့ ခုေတာ့ အေျခအေနေတြက က်ဉ္းထဲၾကပ္ထဲ ေရာက္ေနၿပီမို႔ ထပ္ၿပီးေရြ့လို႔မရႏိုင္ေတာ့တာ ေသခ်ာေနၿပီ။
''အေမ... ကေလးက ခုမျွပန္ေရာက္တာ ခဏနားပါေစဦးလား...မနက္ျဖန္မျွဖစ္ျဖစ္....´´
''ေတာ္စမ္း...ငါစီစဉ္တဲ့ကိစၥဘယ္သူမွ ဝင္မပါနဲ႔...တမ္းတႏိုင္ ဖြားေျပာတာ ၾကားသလား ေျမး...´´
''ဟုတ္ကဲ့ပါဖြား....ႏိုင္ခုဘဲ ကိုသူရိန္ကို ဆက္သြယ္လိုက္ပါ့မယ္....´´
    ဖြားဖြားေရ႔ွက ထြက္လာၿပီး သူ အခန္းထဲေရာက္တာနဲ႔ အိပ္ရာေပၚသို႔ ေျခပစ္ လက္ပစ္လွဲ ခ်လိုက္သည္ ။ မ်က္ဝန္းကို မိွတ္လိုက္တာနဲ႔ သူမ မ်က္ႏွာေလးက အာရံုမွာ အရိပ္ထင္သည္ ။ သူ ျပန္ခါနီး  ေနာက္ဆံမတင္းရေလေအာင္ အားတင္းၿပံဳးျပေနတဲ့ မ်က္ႏွာေလးကို ျပန္ျမင္ေယာင္ေတာ့ သူ႔ဖြားဖြားရဲ့ အမိန႔္ေတြကိုဆန႔္က်င္ဖို႔ သတၲိေတြ ရလာသလိုလို ။
''ႏိုင္ႏိုင္...မာမီခဏ ဝင္လာမယ္ေနာ္...´´
   တံခါးေခါက္သံ ခပ္ဖြဖြနဲ႔အတူ မာမီ့အသံကို ၾကားလိုက္ရတာေၾကာင့္ သူ အိပ္ေနရာက လူးလဲထထိုင္လိုက္သည္ ။ တံခါးဖြင့္ေပးၿပီးတာနဲ႔ သူ မာမီ့ရင္ခြင္ထဲ ေခါင္းေလးတိုးဝင္ၿပီး ကေလးတစ္ေယာက္လို ဖက္တြယ္ထားမိသည္ ။  မာမီက အခန္းတံခါးျပန္ပိတ္ ေလာ့ခ္ပါ ခ်လိုက္ၿပီးမွ သူ႔ကို ခုတင္ဆီသို႔ တြဲေခၚလာၿပီး အတူယွဉ္ထိုင္ကာ သူေက်ာေလးကို ခပ္ဖြဖြ ပြတ္သပ္ေပးေနသည္ ။
''မာမီ့သမီးေလး...သိပ္ကိုေဝခြဲရခက္ၿပီး စိတ္ပင္ပန္းေနမွာေပါ့...မာမီကိုယ္ခ်င္းစာပါ
တယ္ကြယ္...မာမီသမီးကို ကိုယ္ျခင္းစာလို႔လည္း တသက္လံုး သမီးမသိေအာင္ လ်ိႈ႔ဝွက္ထားတဲ့ ကိစၥတစ္ခုကို ေျပာျပမလို႔...´´
  မာမီ့အသံက တိုးတိမ္ႏူးညံ့ေနသည္ ။ သူ မာမီ့ကို တအံ့တၾသ ေငးၾကၫ့္ေနမိသည္ ။
လ်ိႈ႔ဝွက္ထားတဲ့ ကိစၥဆိုတာ ဘာမ်ားပါလိမ့္ ။
သူ ဆိုးသြမ္းသံုးျဖဳန္းေနတာကို ျမင္တိုင္း ေဒၚႀကီးက သမီးဒက္ဒီနဲ႔ မာမီကို သနားပါကြယ္။ သူတို႔ဘဝေလးက သနားစရာလို႔ ေဒၚႀကီး မၾကာခဏ ေရရြတ္တာ သူၾကားဖူးေပမဲ့ ဘာေၾကာင့္ဆိုတာေတာ့ ေသေသခ်ာခ်ာမေျပာျပဖူး ။
''မာမီက သူေဌးသမီး... သမီးဒက္ဒီက သာမန္ဆင္းရဲသား လက္လုပ္လက္စား မိသားစုက ေပါက္ဖြားလာတာ ...သမီးဖြားဖြားရဲ့ စိတ္ကို သမီး သိတယ္မလား...မာမီနဲ႔ သမီးဒက္ဒီကို သေဘာမတူေတာ့ သမီးဖြားဖြားက မရ ရတဲ့ နည္းလမ္းနဲ႔ ခြဲၿပီး သူသေဘာတူတဲ့ သူေဌးသားတစ္ေယာက္နဲ႔ လက္ထပ္ေပးဖို႔ စီစဉ္ေပမဲ့ မာမီကလည္း သမီးဒက္ဒီေနာက္ကို မျဖစ္ျဖစ္တဲ့နည္းနဲ႔ ခိုးရာလိုက္ခဲ့တယ္... ´´
     သူ မာမီ့မ်က္ႏွာကို တအံ့တၾသ ၾကၫ့္မိသည္ ။ သူတစ္ခါမွ မၾကားဖူးတဲ့ အေၾကာင္းအရာပါလား။
''သမီးဖြားဖြားက အစကေတာ့ မာမီတို႔ကို မရရေအာင္ ခြဲခဲ့ပါေသးတယ္...ဒါေပမဲ့ေခါင္းမာတဲ့ မာမီနဲ႔ ဇြဲႀကီးတဲ့ သမီးဒက္ဒီတို႔ အႀကိမ္ႀကိမ္  အခြဲခံရလိုက္ ျပန္လိုက္ေျပးနဲ႔ ေနာက္ဆံုး သမီးေလး ကိုယ္ဝန္ရိွလာမွ သမီးဖြားဖြားက မာမီတို႔ကို မရမက ခြဲေနတာကို ရပ္လိုက္တယ္...အဲ့ဒီအစား လက္ထပ္ထားတယ္ နာမည္ခံၿပီး မာမီတို႔ကို အတူေနခြင့္မရေအာင္ သမီးဒက္ဒီကို သေဘၤာလိုက္ႏိုင္ဖို႔ စီစဉ္ေပးလိုက္တယ္...ငါ့သမီးကို
ငါထားတဲ့အေနအထားထက္ျမင့္ေအာင္ထားႏိုင္မွ မင္းသေဘၤာေပၚက ဆင္းခဲ့ဆိုၿပီး မွာလိုက္တယ္...´´
သူသည္ တအံ့တၾသ နားေထာင္ေနရာမွ မာမီ့ကို တအားသိမ္းဖက္ထားလိုက္သည္ ။
''ႏိုင့္ကို ခြင့္လႊတ္ပါမာမီ...အဲ့ဒါေတြကို ႏိုင္မသိဘဲ ႏိုင္ဆိုးခဲ့ သံုးခဲ့ ျဖဳန္းခဲ့မိပါတယ္...´´
''မာမီ သမီးကို အျပစ္မတင္ပါဘူး ႏိုင္ႏိုင္ရယ္...မာမီဆိုလိုတာကို ဆံုးေအာင္နားေထာင္ပါဦး...သမီး ဒက္ဒီေကာ မာမီပါ တက္ညီလက္ညီႀကိဳးစားခဲ့ၾကတာ ခု သမီးျမင္တဲ့အတိုင္းဘဲ ...သမီးဖြားဖြားျဖစ္ေစခ်င္တဲ့ အေနအထားကို ေက်ာ္လြန္ခဲ့ၿပီ...ခုေတာ့ သမီးဒက္ဒီလည္း သေဘၤာေပၚက ဆင္းၿပီး မာမီအစပ်ိဳးထားတဲ့ ဟိုတယ္လုပ္ငန္းကို ဆက္လုပ္ရင္း ခုေတာ့ မာမီတို႔မိသားစု...ေအးေအးခ်မ္းခ်မ္းနဲ႔ အတူတူေနႏိုင္ၾကၿပီ မဟုတ္လား...´´
သူ မာမီ့ရင္ခြင္ထဲကေနထြက္ၿပီး မာမီ့မ်က္ႏွာေပၚက အရိပ္ေတြထဲမွာ တစ္စံုတစ္ရာကို လိုက္ရွာေနမိသည္ ။ မာမီဘာကို ဆိုလိုခ်င္ေနတာလဲ ။
''နားရႈပ္သြားလားသမီး ...အဓိကကသစၥာတရားနဲ႔ ဇြဲဘဲ....သမီးမာမီေကာ ဒက္ဒီေကာက တစ္ေယာက္ကိုတစ္ေယာက္ သစၥာရိွရိွနဲ႔ အတူျပန္ေနရမဲ့ အခ်ိန္ကို ေစာင့္ခဲ့တယ္...ဇြဲရိွရိွနဲ႔လည္း အလုပ္ႀကိဳးစားခဲ့တယ္...အဲ့ဒါေၾကာင့္လည္း အခု အသက္ေတြရလာခ်ိန္မွာ ေအးေအးခ်မ္းခ်မ္း ေပါင္းစည္းႏိုင္ခဲ့တာေပါ့...သမီးလည္း ကိုယ့္နည္းကိုယ္ဟန္နဲ႔ ဖြားဖြားစကားကို မပယ္ရွားဘဲ မဂၤလာပြဲကို တတ္ႏိုင္သမ်ွ အခ်ိန္ဆြဲထားခဲ့တာ ...ေမာင္သူရိန္ေကာ သမီးေကာက ဆိုင္သူကိုယ္စီရိွလို႔ ဆိုတာ  မာမီသိပါတယ္...´´
''ဟင္...မာမီ သိေနတယ္...´´
        မာမီက သူ႔ဦးေခါင္းကို ခပ္ဖြဖြ ပြတ္သပ္သည္ ။
''သိတာေပါ့သမီးရယ္...သိေပမဲ့ ဝင္ပါဖို႔ မလိုေသးတဲ့ အေျခအေနမို႔ ေစာင့္ၾကၫ့္ေနခဲ့တာ...လူႀကီးနဲ႔ လူငယ္ကေတာ့ အၿမဲသေဘာထား ကြဲလြဲေနၾကမွာပါဘဲ...လူႀကီးေတြကလည္း သူတို႔မ်ိဳးဆက္ကို အေကာင္းဆံုး အျမင့္ဆံုး ျဖစ္ေစခ်င္တယ္...သူတို႔ရဲ့မ်ိဳးဆက္ကိုအစစအရာရာ အဆင္ေျပေအာင္ တဘဝလံုးစာ စီစဉ္ေပးခ်င္တယ္...လူငယ္ေတြကလည္း ကိုယ့္ဆံုးျဖတ္ခ်က္ ကိုယ့္သေဘာအတိုင္း ရပ္တည္ခ်င္တယ္...မာမီနဲ႔ဒက္ဒီကေတာ့ သမီးကို မခ်ဳပ္ျခယ္ဘူး...မာမီတို႔အတြက္က ကိုယ့္သားသမီး စိတ္ခ်မ္းသာဖို႔ အေရးႀကီးတယ္...လမ္းမမွားေအာင္ဘဲ ေဘးကထိန္းေပးမယ္...ငါ ထြင္တဲ့ လမ္းေပၚ ေလ်ာက္ကိုေလ်ာက္ရမယ္လိုေတာ့ ကန႔္သတ္မထားဘူး...´´
''ေက်းဇူးပါ မာမီ...တကယ္ကို ေက်းဇူးပါ....´´
''ခုက သမီးေကာင္မေလးရဲ့ အေျခအေန အလံုးစံုကို ဖြားဖြားက အၿမဲအကဲခတ္ေနေတာ့ သမီးနဲ႔ ေမာင္သူရိန္ ထပ္ၿပီး အခ်ိန္ဆြဲ ေနာက္ဆုတ္လို႔ မရေလာက္ေတာ့ဘူး...သမီး တစ္သက္လံုး စိတ္ခ်မ္းသာဖို႔ ဆိုရင္ေတာ့ သတၲိရိွမွ ရေတာ့မယ္...တစ္ခုဘဲ မာမီသတိေပးခ်င္တာ ...လတ္တေလာ စိတ္ခံစားခ်က္ကို ဦးစားေပးၿပီး အေျခအေနကို မသံုးသပ္ဘဲ ဆံုးျဖတ္ခ်က္ျမန္တတ္တဲ့အက်င့္ကို ျပင္မွရမယ္ေနာ္... ´´
''ဟုတ္ကဲ့ပါ ခ်စ္မာမီေလးရယ္...´´
   မာမီ့ပါးကို ရႊတ္ခနဲ နမ္းၿပီး သူ ဖုန္းေလးကို လွမ္းယူလိုက္သည္ ။
''ဟဲလို....ကိုသူေရ.....´´
××_×× ××_×× ××_×× ××_××

MSPP
312020

Continue Reading

You'll Also Like

1.1M 104K 41
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
10.1K 410 19
ကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။
157K 4.4K 13
17.April.2020 LOVE STORY OF YANGON UNIVERSITY (2019 version) (Zawgyi) လူေတြကေျပာၾကတယ္ အခ်စ္ဦး ကို ပိုင္ဆိုင္ဖို႔ မျဖစ္ႏိုင္ဘူးတဲ့ အမွန္ပဲလား (Unicod...
2.1K 168 4
January မှာ order ကောက်မဲ့ စာအုပ်ထဲက တစ်ပုဒ်။