[ Unicode ]
အခန်းထဲကထွက်လာပြီး လှေကားဆင်းလာသည့်တလျှောက်လုံး ဆူဆူညံ့ညံ့အသံတွေကို Baekhyunကြားလာရသည်။
တခြားတော့မဟုတ်...။
Parkအိမ်ထောင်ဦးစီးလေးရဲ့ အသံပင်ဖြစ်သည်။
"ကျွန်တော် သေချာမှာခဲ့တယ်မဟုတ်လား!"
*ဒုန်း*
ထမင်းစားခန်းထဲဝင်ခါနီးတွင်ကြားလိုက်ရသော Chanyeolအော်သံနှင့် စားပွဲခုံကိုထုလိုက်သော အသံတို့ကြောင့် တုန်တောင်သွားမိသည်။
နှစ်လှမ်းမျှထပ်လျှောက်လိုက်သောအခါ ထိုင်ခုံတွင်ထိုင်နေသောChanyeolကိုတွေ့လိုက်ရသည်။
Chanyeolနဲ့ မျက်နှာချင်းဆိုင်တွင်တော့ အန်တီကြီးတို့လင်မယားနှစ်ယောက်နှင့် Minaတို့ မတ်တပ်ရပ်နေကြသည်။
သုံးယောက်လုံးဟာ ခေါင်းငုံ့ထားလျက်ရှိပြီး Chanyeolမျက်နှာကတော့ တင်းမာနေသည်။
"သေချာမှာထားရက်သားနဲ့ Baek ဆေးရုံတက်တာကို ကျွန်တော်မသိလိုက်ရဘူး!"
ကိုယ့်နာမည်ပါ ပါလာပြီမို့ Chanyeolဒေါသထွက်နေရသည့်အကြောင်းကို သဘောပေါက်လိုက်သည်။
Chanyeolက သူဆေးရုံတက်ရတာကို တစ်ယောက်မှမပြောကြလို့ စိတ်တိုနေတာပဲ...။
"ခင်ဗျားတို့တွေ အလုပ်ထွက်မလား"
ကြားလိုက်ရသောစကားကြောင့် အိမ်ချင်မပြေသေးသော Baekhyunမျက်လုံးတို့သည် ချက်ချင်းကိုပြူးကျယ်ကုန်ရသည်။
မဖြစ်တော့...။
Baekhyunဝင်ပါမှဖြစ်တော့မည်။
သူ့ကြောင့် အပြစ်မရှိတဲ့ အန်တီကြီးတို့ကို အလုပ်ပြုတ်မခံစေချင်သလို...
သေချာမသိပဲ စိတ်တိုနေသော Chanyeolကိုလည်း ငရဲမကြီးစေချင်တော့ဘူး။
"မောင်ရာ... ဘာတွေအဲ့လောက်ဆူညံနေတာလဲ
မောင့်အသံကြောင့် ငါ ဆက်အိပ်လို့တောင်မရတော့ဘူး"
Chanyeolရဲ့ဘေးတွင်ဝင်ထိုင်ရင်း Baekhyunပြောလိုက်တော့ Chanyeolရူးရူးရှဲရှဲဖြစ်နေရာမှ နည်းနည်းတော့ငြိမ်ကျသွားသည်။
"ဟို... အကိုလေး..."
"အလုပ်ထွက်တော့!"
"မောင်"
တဆက်တည်းဆိုသလို Minaရဲ့အသံနောက်တွင် Chanyeolအသံနှင့် Baekhyunအသံကကပ်ပါလာသည်။
"လုပ်စရာရှိတာ သွားလုပ်ကြတော့နော်
Chanyeolက စိတ်တိုနေတုန်းမို့ပါ... စိတ်ထဲမထားကြနဲ့နော်"
"Baek!"
အန်တီကြီးတို့သုံးယောက်ကို မျက်နှာရိပ် မျက်နှာကဲပြပြီး ထွက်သွားခိုင်းရတော့သည်။
မဟုတ်ရင် သူ့ကြောင့်နဲ့ အကုန်လုံး အားနာစရာတွေ ဖြစ်တော့မည်လေ။
အခန်းထဲတွင် နှစ်ယောက်တည်းကျန်ခဲ့မှသာ Chanyeolဒေါသတွေကို ဖြေလျော့ပေးရတော့မည်။
ဘေးတိုက်မြင်နေရသောမျက်နှာသည် တင်းမာနေသည်မှာ ပေါက်ကွဲထွက်တော့မည့် ဗုံးတစ်လုံးလိုပင်။
မြင်နေရသော လည်ပင်းမှသွေးကြောတွေဟာလည်း ထင်းနေပြီး... ခုံပေါ်တင်ထားသည့် လက်တို့ကလည်း လက်သီးဆုပ်ထားသေးသည်။
Baekhyunမသိမသာ တံတွေးမြိုချမိလိုက်သည်။
ချော့လို့ရော ရပါ့မလား။
"အား... ငါအိပ်ရေးမဝဘူး"
ငြီးတွားရင်းနဲ့ Chanyeolလက်မောင်းအားလက်နှစ်ဖက်ဖြင့် အပြီအပြင်ဖက်ကာ ခေါင်းမှီချလိုက်သည်။
တိတ်ဆိတ်သွားသည်မှာ ဘေစင်မှရေတစက်စက်ကျနေသည့်အသံကိုတောင် Baekhyunကြားနေရသလိုပင်။
"ဘာလို့ မပြောခဲ့တာလဲ"
Chanyeolဆီမှ ကြားလိုက်ရသောမေးခွန်းကြောင့် Baekhyunငိုချင်လာရပြန်သည်။
သူကလည်း သူပဲ။
အခုတလော ဘာမှမလုပ်ပဲနဲ့တောင် ငိုချင်နေတာ...
အခု Chanyeolစိတ်ဆိုးနေတယ်လို့တွေးမိတော့ ပိုလို့တောင်ငိုချင်လာရသည်။
"ငါက မင်း စိတ်ပူမှာ စိုး..."
"အခုရော!
အခုမှ သိရတော့ရော စိတ်မပူလို့လား!"
လူကိုကြည့်ကာ အော်လာပြန်တာကြောင့် Baekhyunမျက်ရည်တွေတောင်ကျတော့မည်။
"ငါ့ကို မအော်... ပါနဲ့..."
နင့်ခနဲဖြစ်လာသော ခံစားချက်တွေကြောင့် Chanyeolလက်မောင်းအား လွှတ်ကာ အိမ်ပေါ်တက်ဆီသာတက်ခဲ့လိုက်တော့သည်။
Chanyeolက စိတ်ဆိုးနေတာသိပင်မဲ့
ချော့ဖို့ထက် ငိုချင်နေတာပဲ သိတော့သည်။
~~ I'll Be Your Man ~~
ထွက်သွားသော ကျောပြင်လေးကိုကြည့်ပြီး Chanyeolမှာ ရုတ်တရက်မို့ကြောင်နေရသည်။
စိတ်ဆိုးနေတာက သူလေ။
အခုစိတ်ပြန်ကောက်သွားတာက Baekhyunလား။
သူအော်လိုက်မိလို့ ဝမ်းနည်းသွားတဲ့ မျက်ဝန်းလေးတွေကို ပြန်မြင်ယောင်မိတော့...
"tsk* ဒီ Park Baekhyunလေးကတော့"
Chanyeolထိုင်နေရာမှ ထကာ Baekhyunရှိရာဆီလိုက်ရပြန်တော့သည်။
အခန်းထဲ Chanyeolဝင်လာသည်ကိုလည်းမြင်ရော တဖက်ကိုစောင်းလှည့်ကာ စောင်ကိုခေါင်းထိပါဆွဲခြုံပစ်လိုက်သေးသည်။
"Baek..."
Baekhyunလှဲနေသည့်ဘေးတွင်ဝင်ထိုင်ကာခေါ်လိုက်သောလည်း ပြန်ထူးမလာခဲ့ပေ။
"Baekလို့... မောင်ကစိတ်ပူလို့လေကွာ"
စောင်အားဆွဲကြည့်တော့ တဖက်က ပြန်ဆွဲထားပုံရသည်။
"စိတ်ပူလို့ အော်မိသွားတာ အပြစ်ဖြစ်သွားရင်လည်း
တောင်းပန်ပါတယ်"
စောင်ပုံထဲက အကောင်သေးသေးလေးရဲ့ တအိအိငိုနေသံကို Chanyeolကြားနေရသည်။
သူ အော်လိုက်မိတာ ဒီလောက်ဝမ်းနည်းသွားရလား။
"မောင့်ကို ထပ်ပြီး စိတ်မကောင်းဖြစ်အောင်လို့..."
ရုတ်တရက်ဆိုသလို အကောင်လေးဟာ စောင်ပုံထဲကထွက်လာပြီး Chanyeolပေါင်ပေါ်ခေါင်းလေးရောက်လာကာ ခါးကိုလည်းဖက်တွယ်လာသည်။
မျက်နှာသေးသေးလေးကလည်း ဗိုက်မှာအပ်ထားသေးသည်။
"တောင်းပန်... တောင်းပန်ပါတယ်နော်
စိတ် ပူစေ မိလို့..."
Chanyeolဘာပြောရမည်လဲမစဥ်းစားတတ်တော့...။
ဆေးရုံတက်ကာ ခွဲခန်းတွေထိဝင်ခဲ့ရတာကို မသိခဲ့ရတာကြောင့် ဒေါသထွက်သည်။
စိတ်ဆိုးချင်သည်။
ဒါပင်မဲ့ ဒီလိုမျိုး လူကို ငိုပြီးချွဲနေတဲ့ အကောင်ပေါက်လေးကို သူဘယ်လိုစိတ်ဆိုးရပါ့မလဲ။
"မငိုနဲ့တော့"
ငိုမဲ့မဲ့မျက်နှာလေးနှင့် မော့ကြည့်လာသည်။
နည်းနည်းလေးငိုရုံနှင့် နှာခေါင်းလုံးလုံးလေးတို့ နီရဲလာသည်အထိ Baekhyunရဲ့အသားအရည်ဟာ sensitiveဖြစ်လွန်းသည်။
"အခုရက်တောတွင်း ငါအရမ်းဝမ်းနည်းလွယ်နေတယ်
အဲ့တာကြောင့်... အဲ့တာကြောင့် နောက်မအော်ပါနဲ့"
ရုပ်ကလေးကို မဲ့တဲ့တဲ့လုပ်နေသည်မှာ မေးစေ့သေးသေးလေးက ပါးစပ်ထဲဆွဲငုံချင်စရာပင်။
"အဲ့တာဆို နောက်တခါ နေမကောင်းဖြစ်ရင် ပြောလေ
အခုတော့ စိတ်ထဲ ခံစားရခက်လိုက်တာ"
Baekhyunသည် လှဲနေရာမှထထိုင်ကာ Chanyeolအားဖက်လာသည်။
"ဒီနေ့ တစ်နေ့လုံး ငါ့အနားမှာရှိပေးမယ်မဟုတ်လား၊
မဟုတ်ဘူး....မဟုတ်ဘူး
တစ်ပတ်... တစ်ပတ်လောက်ထိ ဘယ်မှာမသွားပဲ
အနားမှာနေပေး"
Park Baekhyunဟာ အမျိုးမျိုးတတ်နိုင်လွန်းသည်။
~~ I'll Be Your Man ~~
"မောင်! ဒိတ်လုပ်ရအောင်"
TVထိုင်ကြည့်နေသော Chanyeolနားသို့ စွေ့ခနဲရောက်လာကာ လက်မောင်းတို့ကိုချိတ်တွယ်ရင်းပြောလာသူကြောင့်
အိမ်မက်လား တကယ်လား ပြန်စဥ်းစားနေရတော့သည်။
"ဟင်... ဒိတ်လုပ်ကြရအောင်လေနော်"
"ဒဏ်ရာနဲ့ကို... အပြင်ထွက်ရင်အန္တရာယ်များတယ်
အိမ်မှာပဲ ငြိမ်ငြိမ်နေ"
Baekhyunမျက်နှာသည် ချက်ချင်းကိုဆူပုတ်သွားရသည်။
"တနေ့တနေ့ အိမ်ထဲမှာပဲနေနေရတာ ပျင်းလာပြီ
နောက်ပြီး ဒီညက New Yearညလေ
လုပ်ပါကွာ...နော်...နော်...
အပြင်သွားရအောင်လေ
ဒိတ်လုပ်ကြမယ်လေနော်"
Chanyeolအဖတ်မလုပ်ပဲ TVသာဆက်ကြည့်နေလိုက်သည်။
ဘယ်လိုပြောပြောမလိုက်လျောမှာသိသွားတဲ့အကောင်လေးက နှာမှုတ်သံတချက်ပေးပြီး အနားကနေထွက်သွားလေသည်။
အဆင်ပြေသွားပြီဟုထင်လိုက်သောငြားလည်း...
"Byun Chanyeol!!!!"
ရုတ်တရက်မို့ Chanyeolကြောင်တောင်တောင်ဖြစ်သွားရသည်။
ကြားလိုက်ရသည့်နာမည်က ဘယ်သူ့နာမည်လည်းဆိုတာတောင် မနည်းစဥ်းစားလိုက်ရသည်။
"Byun Chanyeolလို့!!!"
ဒုတိယအကြိမ်မြောက်ကြားလိုက်ရသောအခါ Chanyeolထိုင်နေရာကနေတောင် ဆက်ခနဲမတ်တပ်ရပ်မိသွားသည်။
ဦးနှောက်ကို နည်းနည်းအလုပ်ပေးလိုက်ပြီးမှ Baekhyun,သူ့ကိုခေါ်နေတာဖြစ်မှန်းသိလိုက်ရသည်။
"ဒီPark Baekhyunတစ်ယောက်တော့!"
TVကိုလှမ်းပိတ်လိုက်ပြီး အသံကြားရာနေရာဆီကို Chanyeolလိုက်ရပြန်သည်။
တွေ့လိုက်ရသည်က လှေကားထိပ်ဆုံးတွင်ရပ်နေသော Baekhyun...။
"ဘာတွေလျှောက်အော်နေတာလဲ"
ခါးထောက်ရင်း လှေကားအောက်ကနေမေးလိုက်တော့ လှေကားထိပ်ကအကောင်ပေါက်လေးကလည်း ခါးထောက်ရင်းပြန်ပြောလာသည်။
"ကိုယ့်ယောကျာ်းကို လှမ်းခေါ်တာလေ"
"ဘယ်သူက ဘယ်သူ့ယောကျာ်းလဲ"
"Byun Chanyeolက Byun Baekhyunယောကျာ်းလေး"
မနိုင်ဘူးဆိုသော သဘောဖြင့် Chanyeolခေါင်းခါမိသည်။
"ငါ ဒီပေါ်ကနေ ခုန်ချလိုက်မယ်"
"ဟမ်! ဟမ်!"
Baekhyunသည် ခါးကိုလက်နှစ်ဖက်ဖြင့် သေချာထောက်ထားကာ ခေါင်းကိုလည်း ဟန်ပါပါမော့ထားသေးသည်။
"ဒိတ်လုပ်မှာလား
ဒီပေါ်က ခုန်ချရမလား"
"အခု Baekက မောင့်ကို ချိန်းခြောက်နေတာလား"
Chanyeolမှာ ရယ်ချင်စိတ်ကို ထိန်းထားရသည်။
"ဖြေလို့ဆိုနေ! ခုန်ချလိုက်ရမလား"
သိပ်မမြင့်တဲ့နေရာကနေသာဆိုရင် 'ခုန်ချလိုက်'လို့ပြောကာ အောက်ကနေအဆင်သင့်ဖမ်းထားပေးမှာမှန်ပင်မဲ့...
လှေကား ထိပ်နှင့်အောက်ဆုံးဖြစ်ကာ ဗိုက်ကဒဏ်ရာကလည်းရှိသေးတော့...။
"ဆင်းခဲ့"
"မဆင်းဘူး"
Baekhyunက အခုတလော ပြောရတအားခက်လာသလိုပင်။
မထင်ရင် မထင်သလို ချွဲတတ်လာသည်။
ဘာမှတောင်မပြောရသေး... မျက်နှာလေးက ငိုမဲ့မဲ့ဖြစ်လာတတ်သည်။
နောက်ပြီး... လိုချင်တာကို မရရအောင်ပူဆာတတ်လာသည်။
"မတော်လို့ ပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ
ဆင်းခဲ့"
"ဒိတ်လုပ်မယ်ဆိုမှ..."
Park Baekhyunဟာ တကယ်အကြောတင်းလေးပဲ။
Chanyeol, လှေကားဆီတက်သွားတော့...
"ဘာလဲ ဘာလို့တက်လာတာလဲ
ငါခုန်ချမှာပါဆို"
သူ့ဘေးရောက်လာသောChanyeolကို ပြန်တောင်တွန်းထုတ်နေသေးသည်။
"အဝတ်အစားလဲလိုက်ဦးမယ်လေ
သူကျတော့ ပြင်ဆင်ထားပြီးတော့"
အဲ့တော့မှ Baekhyunသည် "တဟေးဟေး"အော်ရင်း Chanyeolကို အဝတ်စားလဲရင် အခန်းထဲအတင်းတွန်းလွှတ်တော့သည်။
~~ I'll Be Your Man ~~
"Busနဲ့သွားမှာ"
Park Baekhyun တစ်ယောက်ဂျီကျပြန်ပြီ။
"Busနဲ့ဆိုရင် ဗိုက်ကို ထိခိုက်မိကုန်မယ်လေကွာ"
"ဗိုက်ချုပ်ရိုးကကျက်သွားပါပြီဆိုနေ..."
"တစ်လပဲရှိသေးတာကို...
နှစ်လခွဲ သုံးလလောက်မှ စိတ်ချရမှာ"
"အခုလည်း အဆင်ပြေနေပါပြီဆို"
အထွန့်တက်နေသော Baekhyunရဲ့ခေါင်းကို Chanyeolမနာအောင်အသာထုလိုက်မိတော့သည်။
"မရဘူး!
ကားနဲ့ပဲသွားမယ်
ထိခိုက်မိကုန်မယ်"
"ကိုယ်မထိခိုက်အောင် မောင်က ကာကွယ်ပေးပေါ့"
လည်ပင်းအားတွဲခိုကာပြောလာပြန်တဲ့ Baekhyunသည် အခု သူတို့နှစ်ယောက် အိမ်ပေါက်ဝရောက်နေပြီဖြစ်ကြောင်းနှင့်...
အနောက်တွင် ခြံစောင့်ဦးလေးကြီးရှိနေသည်ဖြစ်ကြောင်းကို မေ့လျော့နေဟန်တူသည်။
"နော်...နော်... Busစီးရအောင်လို့"
သက်ပြင်းတစ်ခုကိုသာ မောမောပန်းပန်းချလိုက်ရင်း...။
"သွားကြတာပေါ့"
Baekhyunလက်အားဆွဲကာ ဦးတည်ခဲ့မိသည်က ကားမှတ်တိုင်သို့ဖြစ်သည်။
ညနေစောင်းအချိန်မို့ ကားပေါ်တွင် လူကြပ်နေတာကြောင့် လက်တစ်ဖက်က တန်းကိုကိုင်ကာ နောက်တစ်ဖက်က Baekhyunရဲ့ရင်ဘတ်အား ကန့်လန့်ဖြတ်ကာ ထိန်းဖက်ထားပေးရသေးသည်။
လူလည်လေးကလည်း ရပ်တာတောင်ကောင်းကောင်းမရပ်ပဲ Chanyeolရင်ဘတ်ကို ကျောကြီးမှီပြီး ငပျင်းလေးလို ရပ်နေပြန်သည်။
ရုတ်တရက်များ ကားဘရိတ်အုပ်လိုက်ရင်ဖြင့် ရင်ခွင်ထဲမှီပြီးကျလာသော အကောင်ပေါက်လေးထံမှ 'တဟိဟိ'သဘောကျသံလေးကိုလည်း ကြားနေရသေးသည်။
တချိန်က Busပေါ်မှာ ဒီကိုယ်သေးသေးလေးကို ဖက်ခွင့်ရဖို့ အကြံဆိုးတွေနဲ့ဆုတောင်းနေခဲ့ရဖူးသည်။
အခုတော့ ဆုတောင်းစရာမလိုတော့ပါပဲ ကိုယ်လုံးအိစိစိက ရင်ခွင်ထဲရောက်နေပြီဖြစ်သည်။
ပထမဆုံးအနေဖြင့် Baekhyunသွားချင်သည့်နေရာက စားသောက်ဆိုင်ဖြစ်သည်။
ပီဇာကောင်းကောင်းရသည့်ဆိုင်မှာထိုင်ဖြစ်ကြပြီး Baekhyunပူဆာလာသည်က 'တော့ပိုကီ စားချင်တယ်'ဟူ၍ဖြစ်သည်။
"ဒါတော့ လုံးဝပဲနော် Baek
မစားရဘူး!"
ဆူပုတ်ပုတ်မျက်နှာဖြင့် ပီဇာကို ဓါးနဲ့လှီးနေသည်က ပီဇာပေါ်တွင် Chanyeolမျက်နှာကြီးများ မြင်ယောင်နေသလားမသိပင်။
စားသောက်ပြီးတော့လည်း စက်ဘီးစီးချင်သည်ဟုပူဆာလာပြန်သည်။
"မိုးချုပ်နေပြီလေ Baekရဲ့...
နာရီလည်းကြည့်ပါဦး"
"မောင်ကလည်း..."
နေကောင်းတုန်းကဖြင့် Shoppingထွက်ဖို့တောင် မနည်းခေါ်ယူရတဲ့Parkအသေးလေးက အခုနေကောင်းခါစမှာတော့ အရမ်းကိုတက်ကြွပြီး ပူဆာတတ်နေသည်။
ဟန်မြစ်ကမ်းတစ်လျှောက်တွင်
ရှေ့ကနေ စက်ဘီးနင်းနေရသော Chanyeolမှာ ခလုတ်တွေ ချိုင့်တွေပေါ် မရောက်အောင် သတိထားနင်းနေရပင်မဲ့ အနောက်က Baekhyunကတော့ Chanyeolခါးအားဖက်ကာ ကျောပြင်ကြီးကိုမှီပြီး အပြီအပြင်ကို ဇိမ်ခံနေခဲ့သည်။
"မောသွားပြီလား"
အနည်းငယ်လူရှင်းနေသော မြက်ခင်းပြင်ပေါ်တွင် နှစ်ယောက်သား ထိုင်ဖြစ်ကြသည်။
"ဒီကိုယ်သေးသေးလေးကို တင်နင်းရတာမောစရာလား"
ကိုယ်သေးသေးလေးကို တင်နင်းရတာမမောပင်မဲ့ စိုးရိမ်လွန်နေသည့် သူ့စိတ်ကမောနေရသည်ကိုတော့ Chanyeolထည့်မပြောဖြစ်ပါ။
ငြိမ်ငြိမ်လေးထိုင်ကာ အဝေးက ရေပြင်ကိုကြည့်ပြီး ပြုံးနေသောBaekhyunမျက်နှာလေးကို Chanyeolလည်း ကြည့်ကာပြုံးနေမိသည်။
မျက်စိရှေ့ကSamလေးက သူပြန်လာပြီးမှ ထူးထူးဆန်းဆန်းကိုပြောင်းလဲနေသည်။
အဲ့ဒီအတွက်လည်း Chanyeolမှာ အသည်းတယားယားဖြစ်နေရသည်။
"အေးလား"
Baekhyunသည် ချက်ချင်းခေါင်းခါပြလာသည်။
"ဒီလောက် သုံးလေးထပ်ဝတ်လာခိုင်းတာကို အေးစရာလား"
မျက်စောင်းထိုးရင်းပြောလာတော့ Chanyeolမှာ မြင်နေရတာ ပါးမို့မို့လှမ်းဆွဲလိုက်မိသည်။
"နာတယ်လို့!"
"အပိုတွေက!"
Baekhyunသည် Chanyeolပုခုံးပေါ် ခေါင်းလေးစောင်းမှီလာသည်။
ဒီလိုမျိုးနေရတာကို သူတကယ်သဘောကျသည်။
Baekhyunလက်ကိုကိုင်ထားရတာ၊
Baekhyunကိုယ်လေးကိုဖက်ထားရတာ၊
Baekhyunရင်ခွင်သေးသေးထဲတိုးဝင်ရတာ၊
Baekhyunမျက်ဝန်းတွေကိုစိုက်ကြည့်ပြီး အပြုံးချင်းဖလှယ်ရတာ၊
အကုန်...အကုန်... Baekhyunနဲ့ပတ်သတ်ပြီး အကုန်လုံးကိုသဘောကျရသည်။
"New Year မီးပန်းဖောက်ပြီးမှ ပြန်မယ်နော်"
လက်ကနာရီကို Chanyeolကြည့်လိုက်မိတော့ 12နာရီထိုးဖို့ 15မိနစ်ကျော်ကျော်သာလိုတော့တာကိုသိလိုက်ရသည်။
"ဒီလိုမျိုးတွေ သဘောမကျတတ်တာ မဟုတ်ဘူးလား"
V-Dayတို့ မွေးနေ့တို့ကိုတောင် ပုံမှန်အတိုင်းဖြတ်သန်းချင်တဲ့Baekhyunသည် ဒီနေ့တော့ထူးဆန်းနေသည်။
"အင်း သဘောမကျဘူး"
လေသံတိုးတိုးနှင့်ပြန်ဖြေလာကာ လက်သေးသေးသွယ်သွယ်တို့က Chanyeolရဲ့လက်ဖဝါးကြီးထဲတိုးဝင်လာသည်။
"အဲ့လို နေ့တွေ ပွဲတွေကိုသဘောမကျဘူး
ဒါပင်မဲ့ မောင် ကိုယ့်ဘေးရှိနေတာကိုတော့ သဘောကျတယ်လေ"
Chanyeol ဘာစကားမှမဆိုနိုင်တော့ပဲ Baekhyunလက်ကလေးကိုသာ နွေးနွေးထွေးထွေးဖြစ်စေရန် ဆုပ်ကိုင်ထားပေးမိသည်။
ခပ်လှမ်းလှမ်းတွင်ရှိနေသော လူအုပ်၏ Countdownရေသည့်အသံက နားထဲအလုအယက်တိုးဝင်လာကြသည်။
" 3 2 1 HAPPY NEW YEAR!"
တဟေးဟေး တဟားဟားအော်သံတို့နှင့်အတူ ကောင်းကင်ထက်တွင် မီးရူးမီးပန်းများရောင်စုံသွားလေသည်။
Baekhyunသည်လည်း ကောင်ကင်ကိုမော့ကြည့်ကည သဘောကျနေဟန်ရှိသလို...
Chanyeolသည်လည်း Baekhyunမျက်နှာလေးကိုငေးကြည့်နေမိသည်။
လျှပ်တပျက်ဆန်စွာ ပါးပြင်နုနုအား လှမ်းနမ်းရှိုက်လိုက်သောအခါ ထင်ထားခဲ့သလို ရန်အတွေ့မခံရပင်။
"Happy New Year မောင်...
နှစ်တွေအကြာကြီးတိုင်အောင် ကိုယ့်ကိုချစ်ပေးနော်"
မျက်ဝန်းတို့မှိတ်သည်အထိပြုံးရယ်ပြရင်းပြောလာသောအကောင်ပေါက်လေးရဲ့ လည်ဂုဏ်အားထိန်းကိုင်ကာ နှုတ်ခမ်းချင်းထိကပ်လိုက်မိသည်။
ဒါတောင် Baekhyunက ပြုံးနေဆဲပင်။
"မောင့်ကို အချစ်တိုးအောင်လုပ်နေတော့တာပဲ"
"အဲ့တာဆိုလည်း ပိုတိုးပြီးချစ်ပေးလိုက်ပေါ့လို့"
အဲ့နေ့ညက အိမ်ကဦးလေးကြီးကိုဖုန်းဆက်ခေါ်ကာ ကားဖြင့်လာကြိုခိုင်းခဲ့ရသည်။
လက်မောင်းကိုဖက်ကာ ပုခုံးပေါ်ခေါင်းတင်ရင်းအိပ်ပျော်နေတဲ့အကောင်ပေါက်လေးကို Chanyeolကိုယ်တိုင်ချီကာ ကားထဲထည့်ပေးရသည်။
ကားပေါ်တွင်လည်း Chanyeolပေါင်ပေါ်အိပ်လိုက်လာကာ အခန်းထဲထိချီသွားပေးပြီး ကုတင်ပေါ်ချပေးလိုက်သည်အထိ တစက်ကလေးမှတောင်နိုးမလာတဲ့လူသားလေးဟာ ဒီနေ့တစ်နေ့တည်းနဲ့တင် ပူဆာခဲ့ရတာတွေများပြီး ပင်ပန်းသွားပုံပါပဲ။
"နောက်ရက်တွေမှာလည်း အများကြီးပိုချစ်ပေးမှာမို့ လူကိုခဏခဏစိတ်ပူအောင်မလုပ်နဲ့
ကြားလား"
အေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့ လူသားလေးကတော့ Chanyeolရဲ့ သတိပေးစကားကို ကြားမည့်ပုံလည်းမရတော့ပါ။
TBC ~~~
နောက်ကျသွားပင်မဲ့ Happy New Yearပါနော်
2020မှာလည်း ချစ်ပေးကြပါဦး🙆♀️❤
နှစ်သစ်အတွက်အမှတ်တရအနေနဲ့....
ကိုယ့်အတွက်updateမြန်စေတဲ့လျို့ဝှက်ချက်ကို ပြောပြရမလား?
အဲ့တာလေးတွေ... အဲ့တာမျိုးလေးတွေ🥺
..........................................................
[ Zawgyi ]
အခန္းထဲကထြက္လာၿပီး ေလွကားဆင္းလာသည့္တေလွ်ာက္လုံး ဆူဆူညံ့ညံ့အသံေတြကို Baekhyunၾကားလာရသည္။
တျခားေတာ့မဟုတ္...။
Parkအိမ္ေထာင္ဦးစီးေလးရဲ႕ အသံပင္ျဖစ္သည္။
"ကြၽန္ေတာ္ ေသခ်ာမွာခဲ့တယ္မဟုတ္လား!"
*ဒုန္း*
ထမင္းစားခန္းထဲဝင္ခါနီးတြင္ၾကားလိုက္ရေသာ Chanyeolေအာ္သံႏွင့္ စားပြဲခုံကိုထုလိုက္ေသာ အသံတို႔ေၾကာင့္ တုန္ေတာင္သြားမိသည္။
ႏွစ္လွမ္းမွ်ထပ္ေလွ်ာက္လိုက္ေသာအခါ ထိုင္ခုံတြင္ထိုင္ေနေသာChanyeolကိုေတြ႕လိုက္ရသည္။
Chanyeolနဲ႔ မ်က္ႏွာခ်င္းဆိုင္တြင္ေတာ့ အန္တီႀကီးတို႔လင္မယားႏွစ္ေယာက္ႏွင့္ Minaတို႔ မတ္တပ္ရပ္ေနၾကသည္။
သုံးေယာက္လုံးဟာ ေခါင္းငုံ႔ထားလ်က္ရွိၿပီး Chanyeolမ်က္ႏွာကေတာ့ တင္းမာေနသည္။
"ေသခ်ာမွာထားရက္သားနဲ႔ Baek ေဆး႐ုံတက္တာကို ကြၽန္ေတာ္မသိလိုက္ရဘူး!"
ကိုယ့္နာမည္ပါ ပါလာၿပီမို႔ Chanyeolေဒါသထြက္ေနရသည့္အေၾကာင္းကို သေဘာေပါက္လိုက္သည္။
Chanyeolက သူေဆး႐ုံတက္ရတာကို တစ္ေယာက္မွမေျပာၾကလို႔ စိတ္တိုေနတာပဲ...။
"ခင္ဗ်ားတို႔ေတြ အလုပ္ထြက္မလား"
ၾကားလိုက္ရေသာစကားေၾကာင့္ အိမ္ခ်င္မေျပေသးေသာ Baekhyunမ်က္လုံးတို႔သည္ ခ်က္ခ်င္းကိုျပဴးက်ယ္ကုန္ရသည္။
မျဖစ္ေတာ့...။
Baekhyunဝင္ပါမွျဖစ္ေတာ့မည္။
သူ႔ေၾကာင့္ အျပစ္မရွိတဲ့ အန္တီႀကီးတို႔ကို အလုပ္ျပဳတ္မခံေစခ်င္သလို...
ေသခ်ာမသိပဲ စိတ္တိုေနေသာ Chanyeolကိုလည္း ငရဲမႀကီးေစခ်င္ေတာ့ဘူး။
"ေမာင္ရာ... ဘာေတြအဲ့ေလာက္ဆူညံေနတာလဲ
ေမာင့္အသံေၾကာင့္ ငါ ဆက္အိပ္လို႔ေတာင္မရေတာ့ဘူး"
Chanyeolရဲ႕ေဘးတြင္ဝင္ထိုင္ရင္း Baekhyunေျပာလိုက္ေတာ့ Chanyeol႐ူး႐ူးရွဲရွဲျဖစ္ေနရာမွ နည္းနည္းေတာ့ၿငိမ္က်သြားသည္။
"ဟို... အကိုေလး..."
"အလုပ္ထြက္ေတာ့!"
"ေမာင္"
တဆက္တည္းဆိုသလို Minaရဲ႕အသံေနာက္တြင္ Chanyeolအသံႏွင့္ Baekhyunအသံကကပ္ပါလာသည္။
"လုပ္စရာရွိတာ သြားလုပ္ၾကေတာ့ေနာ္
Chanyeolက စိတ္တိုေနတုန္းမို႔ပါ... စိတ္ထဲမထားၾကနဲ႔ေနာ္"
"Baek!"
အန္တီႀကီးတို႔သုံးေယာက္ကို မ်က္ႏွာရိပ္ မ်က္ႏွာကဲျပၿပီး ထြက္သြားခိုင္းရေတာ့သည္။
မဟုတ္ရင္ သူ႔ေၾကာင့္နဲ႔ အကုန္လုံး အားနာစရာေတြ ျဖစ္ေတာ့မည္ေလ။
အခန္းထဲတြင္ ႏွစ္ေယာက္တည္းက်န္ခဲ့မွသာ Chanyeolေဒါသေတြကို ေျဖေလ်ာ့ေပးရေတာ့မည္။
ေဘးတိုက္ျမင္ေနရေသာမ်က္ႏွာသည္ တင္းမာေနသည္မွာ ေပါက္ကြဲထြက္ေတာ့မည့္ ဗုံးတစ္လုံးလိုပင္။
ျမင္ေနရေသာ လည္ပင္းမွေသြးေၾကာေတြဟာလည္း ထင္းေနၿပီး... ခုံေပၚတင္ထားသည့္ လက္တို႔ကလည္း လက္သီးဆုပ္ထားေသးသည္။
Baekhyunမသိမသာ တံေတြးၿမိဳခ်မိလိုက္သည္။
ေခ်ာ့လို႔ေရာ ရပါ့မလား။
"အား... ငါအိပ္ေရးမဝဘူး"
ၿငီးတြားရင္းနဲ႔ Chanyeolလက္ေမာင္းအားလက္ႏွစ္ဖက္ျဖင့္ အၿပီအျပင္ဖက္ကာ ေခါင္းမွီခ်လိုက္သည္။
တိတ္ဆိတ္သြားသည္မွာ ေဘစင္မွေရတစက္စက္က်ေနသည့္အသံကိုေတာင္ Baekhyunၾကားေနရသလိုပင္။
"ဘာလို႔ မေျပာခဲ့တာလဲ"
Chanyeolဆီမွ ၾကားလိုက္ရေသာေမးခြန္းေၾကာင့္ Baekhyunငိုခ်င္လာရျပန္သည္။
သူကလည္း သူပဲ။
အခုတေလာ ဘာမွမလုပ္ပဲနဲ႔ေတာင္ ငိုခ်င္ေနတာ...
အခု Chanyeolစိတ္ဆိုးေနတယ္လို႔ေတြးမိေတာ့ ပိုလို႔ေတာင္ငိုခ်င္လာရသည္။
"ငါက မင္း စိတ္ပူမွာ စိုး..."
"အခုေရာ!
အခုမွ သိရေတာ့ေရာ စိတ္မပူလို႔လား!"
လူကိုၾကည့္ကာ ေအာ္လာျပန္တာေၾကာင့္ Baekhyunမ်က္ရည္ေတြေတာင္က်ေတာ့မည္။
"ငါ့ကို မေအာ္... ပါနဲ႔..."
နင့္ခနဲျဖစ္လာေသာ ခံစားခ်က္ေတြေၾကာင့္ Chanyeolလက္ေမာင္းအား လႊတ္ကာ အိမ္ေပၚတက္ဆီသာတက္ခဲ့လိုက္ေတာ့သည္။
Chanyeolက စိတ္ဆိုးေနတာသိပင္မဲ့
ေခ်ာ့ဖို႔ထက္ ငိုခ်င္ေနတာပဲ သိေတာ့သည္။
~~ I'll Be Your Man ~~
ထြက္သြားေသာ ေက်ာျပင္ေလးကိုၾကည့္ၿပီး Chanyeolမွာ ႐ုတ္တရက္မို႔ေၾကာင္ေနရသည္။
စိတ္ဆိုးေနတာက သူေလ။
အခုစိတ္ျပန္ေကာက္သြားတာက Baekhyunလား။
သူေအာ္လိုက္မိလို႔ ဝမ္းနည္းသြားတဲ့ မ်က္ဝန္းေလးေတြကို ျပန္ျမင္ေယာင္မိေတာ့...
"tsk* ဒီ Park Baekhyunေလးကေတာ့"
Chanyeolထိုင္ေနရာမွ ထကာ Baekhyunရွိရာဆီလိုက္ရျပန္ေတာ့သည္။
အခန္းထဲ Chanyeolဝင္လာသည္ကိုလည္းျမင္ေရာ တဖက္ကိုေစာင္းလွည့္ကာ ေစာင္ကိုေခါင္းထိပါဆြဲၿခဳံပစ္လိုက္ေသးသည္။
"Baek..."
Baekhyunလွဲေနသည့္ေဘးတြင္ဝင္ထိုင္ကာေခၚလိုက္ေသာလည္း ျပန္ထူးမလာခဲ့ေပ။
"Baekလို႔... ေမာင္ကစိတ္ပူလို႔ေလကြာ"
ေစာင္အားဆြဲၾကည့္ေတာ့ တဖက္က ျပန္ဆြဲထားပုံရသည္။
"စိတ္ပူလို႔ ေအာ္မိသြားတာ အျပစ္ျဖစ္သြားရင္လည္း
ေတာင္းပန္ပါတယ္"
ေစာင္ပုံထဲက အေကာင္ေသးေသးေလးရဲ႕ တအိအိငိုေနသံကို Chanyeolၾကားေနရသည္။
သူ ေအာ္လိုက္မိတာ ဒီေလာက္ဝမ္းနည္းသြားရလား။
"ေမာင့္ကို ထပ္ၿပီး စိတ္မေကာင္းျဖစ္ေအာင္လို႔..."
႐ုတ္တရက္ဆိုသလို အေကာင္ေလးဟာ ေစာင္ပုံထဲကထြက္လာၿပီး Chanyeolေပါင္ေပၚေခါင္းေလးေရာက္လာကာ ခါးကိုလည္းဖက္တြယ္လာသည္။
မ်က္ႏွာေသးေသးေလးကလည္း ဗိုက္မွာအပ္ထားေသးသည္။
"ေတာင္းပန္... ေတာင္းပန္ပါတယ္ေနာ္
စိတ္ ပူေစ မိလို႔..."
Chanyeolဘာေျပာရမည္လဲမစဥ္းစားတတ္ေတာ့...။
ေဆး႐ုံတက္ကာ ခြဲခန္းေတြထိဝင္ခဲ့ရတာကို မသိခဲ့ရတာေၾကာင့္ ေဒါသထြက္သည္။
စိတ္ဆိုးခ်င္သည္။
ဒါပင္မဲ့ ဒီလိုမ်ိဳး လူကို ငိုၿပီးခြၽဲေနတဲ့ အေကာင္ေပါက္ေလးကို သူဘယ္လိုစိတ္ဆိုးရပါ့မလဲ။
"မငိုနဲ႔ေတာ့"
ငိုမဲ့မဲ့မ်က္ႏွာေလးႏွင့္ ေမာ့ၾကည့္လာသည္။
နည္းနည္းေလးငို႐ုံႏွင့္ ႏွာေခါင္းလုံးလုံးေလးတို႔ နီရဲလာသည္အထိ Baekhyunရဲ႕အသားအရည္ဟာ sensitiveျဖစ္လြန္းသည္။
"အခုရက္ေတာတြင္း ငါအရမ္းဝမ္းနည္းလြယ္ေနတယ္
အဲ့တာေၾကာင့္... အဲ့တာေၾကာင့္ ေနာက္မေအာ္ပါနဲ႔"
႐ုပ္ကေလးကို မဲ့တဲ့တဲ့လုပ္ေနသည္မွာ ေမးေစ့ေသးေသးေလးက ပါးစပ္ထဲဆြဲငုံခ်င္စရာပင္။
"အဲ့တာဆို ေနာက္တခါ ေနမေကာင္းျဖစ္ရင္ ေျပာေလ
အခုေတာ့ စိတ္ထဲ ခံစားရခက္လိုက္တာ"
Baekhyunသည္ လွဲေနရာမွထထိုင္ကာ Chanyeolအားဖက္လာသည္။
"ဒီေန႔ တစ္ေန႔လုံး ငါ့အနားမွာရွိေပးမယ္မဟုတ္လား၊
မဟုတ္ဘူး....မဟုတ္ဘူး
တစ္ပတ္... တစ္ပတ္ေလာက္ထိ ဘယ္မွာမသြားပဲ
အနားမွာေနေပး"
Park Baekhyunဟာ အမ်ိဳးမ်ိဳးတတ္ႏိုင္လြန္းသည္။
~~ I'll Be Your Man ~~
"ေမာင္! ဒိတ္လုပ္ရေအာင္"
TVထိုင္ၾကည့္ေနေသာ Chanyeolနားသို႔ ေစြ႕ခနဲေရာက္လာကာ လက္ေမာင္းတို႔ကိုခ်ိတ္တြယ္ရင္းေျပာလာသူေၾကာင့္
အိမ္မက္လား တကယ္လား ျပန္စဥ္းစားေနရေတာ့သည္။
"ဟင္... ဒိတ္လုပ္ၾကရေအာင္ေလေနာ္"
"ဒဏ္ရာနဲ႔ကို... အျပင္ထြက္ရင္အႏၲရာယ္မ်ားတယ္
အိမ္မွာပဲ ၿငိမ္ၿငိမ္ေန"
Baekhyunမ်က္ႏွာသည္ ခ်က္ခ်င္းကိုဆူပုတ္သြားရသည္။
"တေန႔တေန႔ အိမ္ထဲမွာပဲေနေနရတာ ပ်င္းလာၿပီ
ေနာက္ၿပီး ဒီညက New Yearညေလ
လုပ္ပါကြာ...ေနာ္...ေနာ္...
အျပင္သြားရေအာင္ေလ
ဒိတ္လုပ္ၾကမယ္ေလေနာ္"
Chanyeolအဖတ္မလုပ္ပဲ TVသာဆက္ၾကည့္ေနလိုက္သည္။
ဘယ္လိုေျပာေျပာမလိုက္ေလ်ာမွာသိသြားတဲ့အေကာင္ေလးက ႏွာမႈတ္သံတခ်က္ေပးၿပီး အနားကေနထြက္သြားေလသည္။
အဆင္ေျပသြားၿပီဟုထင္လိုက္ေသာျငားလည္း...
"Byun Chanyeol!!!!"
႐ုတ္တရက္မို႔ Chanyeolေၾကာင္ေတာင္ေတာင္ျဖစ္သြားရသည္။
ၾကားလိုက္ရသည့္နာမည္က ဘယ္သူ႔နာမည္လည္းဆိုတာေတာင္ မနည္းစဥ္းစားလိုက္ရသည္။
"Byun Chanyeolလို႔!!!"
ဒုတိယအႀကိမ္ေျမာက္ၾကားလိုက္ရေသာအခါ Chanyeolထိုင္ေနရာကေနေတာင္ ဆက္ခနဲမတ္တပ္ရပ္မိသြားသည္။
ဦးေႏွာက္ကို နည္းနည္းအလုပ္ေပးလိုက္ၿပီးမွ Baekhyun,သူ႔ကိုေခၚေနတာျဖစ္မွန္းသိလိုက္ရသည္။
"ဒီPark Baekhyunတစ္ေယာက္ေတာ့!"
TVကိုလွမ္းပိတ္လိုက္ၿပီး အသံၾကားရာေနရာဆီကို Chanyeolလိုက္ရျပန္သည္။
ေတြ႕လိုက္ရသည္က ေလွကားထိပ္ဆုံးတြင္ရပ္ေနေသာ Baekhyun...။
"ဘာေတြေလွ်ာက္ေအာ္ေနတာလဲ"
ခါးေထာက္ရင္း ေလွကားေအာက္ကေနေမးလိုက္ေတာ့ ေလွကားထိပ္ကအေကာင္ေပါက္ေလးကလည္း ခါးေထာက္ရင္းျပန္ေျပာလာသည္။
"ကိုယ့္ေယာက်ာ္းကို လွမ္းေခၚတာေလ"
"ဘယ္သူက ဘယ္သူ႔ေယာက်ာ္းလဲ"
"Byun Chanyeolက Byun Baekhyunေယာက်ာ္းေလး"
မႏိုင္ဘူးဆိုေသာ သေဘာျဖင့္ Chanyeolေခါင္းခါမိသည္။
"ငါ ဒီေပၚကေန ခုန္ခ်လိုက္မယ္"
"ဟမ္! ဟမ္!"
Baekhyunသည္ ခါးကိုလက္ႏွစ္ဖက္ျဖင့္ ေသခ်ာေထာက္ထားကာ ေခါင္းကိုလည္း ဟန္ပါပါေမာ့ထားေသးသည္။
"ဒိတ္လုပ္မွာလား
ဒီေပၚက ခုန္ခ်ရမလား"
"အခု Baekက ေမာင့္ကို ခ်ိန္းေျခာက္ေနတာလား"
Chanyeolမွာ ရယ္ခ်င္စိတ္ကို ထိန္းထားရသည္။
"ေျဖလို႔ဆိုေန! ခုန္ခ်လိုက္ရမလား"
သိပ္မျမင့္တဲ့ေနရာကေနသာဆိုရင္ 'ခုန္ခ်လိုက္'လို႔ေျပာကာ ေအာက္ကေနအဆင္သင့္ဖမ္းထားေပးမွာမွန္ပင္မဲ့...
ေလွကား ထိပ္ႏွင့္ေအာက္ဆုံးျဖစ္ကာ ဗိုက္ကဒဏ္ရာကလည္းရွိေသးေတာ့...။
"ဆင္းခဲ့"
"မဆင္းဘူး"
Baekhyunက အခုတေလာ ေျပာရတအားခက္လာသလိုပင္။
မထင္ရင္ မထင္သလို ခြၽဲတတ္လာသည္။
ဘာမွေတာင္မေျပာရေသး... မ်က္ႏွာေလးက ငိုမဲ့မဲ့ျဖစ္လာတတ္သည္။
ေနာက္ၿပီး... လိုခ်င္တာကို မရရေအာင္ပူဆာတတ္လာသည္။
"မေတာ္လို႔ ျပဳတ္က်သြားရင္ဘယ္လိုလုပ္မလဲ
ဆင္းခဲ့"
"ဒိတ္လုပ္မယ္ဆိုမွ..."
Park Baekhyunဟာ တကယ္အေၾကာတင္းေလးပဲ။
Chanyeol, ေလွကားဆီတက္သြားေတာ့...
"ဘာလဲ ဘာလို႔တက္လာတာလဲ
ငါခုန္ခ်မွာပါဆို"
သူ႔ေဘးေရာက္လာေသာChanyeolကို ျပန္ေတာင္တြန္းထုတ္ေနေသးသည္။
"အဝတ္အစားလဲလိုက္ဦးမယ္ေလ
သူက်ေတာ့ ျပင္ဆင္ထားၿပီးေတာ့"
အဲ့ေတာ့မွ Baekhyunသည္ "တေဟးေဟး"ေအာ္ရင္း Chanyeolကို အဝတ္စားလဲရင္ အခန္းထဲအတင္းတြန္းလႊတ္ေတာ့သည္။
~~ I'll Be Your Man ~~
"Busနဲ႔သြားမွာ"
Park Baekhyun တစ္ေယာက္ဂ်ီက်ျပန္ၿပီ။
"Busနဲ႔ဆိုရင္ ဗိုက္ကို ထိခိုက္မိကုန္မယ္ေလကြာ"
"ဗိုက္ခ်ဳပ္႐ိုးကက်က္သြားပါၿပီဆိုေန..."
"တစ္လပဲရွိေသးတာကို...
ႏွစ္လခြဲ သုံးလေလာက္မွ စိတ္ခ်ရမွာ"
"အခုလည္း အဆင္ေျပေနပါၿပီဆို"
အထြန္႔တက္ေနေသာ Baekhyunရဲ႕ေခါင္းကို Chanyeolမနာေအာင္အသာထုလိုက္မိေတာ့သည္။
"မရဘူး!
ကားနဲ႔ပဲသြားမယ္
ထိခိုက္မိကုန္မယ္"
"ကိုယ္မထိခိုက္ေအာင္ ေမာင္က ကာကြယ္ေပးေပါ့"
လည္ပင္းအားတြဲခိုကာေျပာလာျပန္တဲ့ Baekhyunသည္ အခု သူတို႔ႏွစ္ေယာက္ အိမ္ေပါက္ဝေရာက္ေနၿပီျဖစ္ေၾကာင္းႏွင့္...
အေနာက္တြင္ ၿခံေစာင့္ဦးေလးႀကီးရွိေနသည္ျဖစ္ေၾကာင္းကို ေမ့ေလ်ာ့ေနဟန္တူသည္။
"ေနာ္...ေနာ္... Busစီးရေအာင္လို႔"
သက္ျပင္းတစ္ခုကိုသာ ေမာေမာပန္းပန္းခ်လိုက္ရင္း...။
"သြားၾကတာေပါ့"
Baekhyunလက္အားဆြဲကာ ဦးတည္ခဲ့မိသည္က ကားမွတ္တိုင္သို႔ျဖစ္သည္။
ညေနေစာင္းအခ်ိန္မို႔ ကားေပၚတြင္ လူၾကပ္ေနတာေၾကာင့္ လက္တစ္ဖက္က တန္းကိုကိုင္ကာ ေနာက္တစ္ဖက္က Baekhyunရဲ႕ရင္ဘတ္အား ကန္႔လန္႔ျဖတ္ကာ ထိန္းဖက္ထားေပးရေသးသည္။
လူလည္ေလးကလည္း ရပ္တာေတာင္ေကာင္းေကာင္းမရပ္ပဲ Chanyeolရင္ဘတ္ကို ေက်ာႀကီးမွီၿပီး ငပ်င္းေလးလို ရပ္ေနျပန္သည္။
႐ုတ္တရက္မ်ား ကားဘရိတ္အုပ္လိုက္ရင္ျဖင့္ ရင္ခြင္ထဲမွီၿပီးက်လာေသာ အေကာင္ေပါက္ေလးထံမွ 'တဟိဟိ'သေဘာက်သံေလးကိုလည္း ၾကားေနရေသးသည္။
တခ်ိန္က Busေပၚမွာ ဒီကိုယ္ေသးေသးေလးကို ဖက္ခြင့္ရဖို႔ အႀကံဆိုးေတြနဲ႔ဆုေတာင္းေနခဲ့ရဖူးသည္။
အခုေတာ့ ဆုေတာင္းစရာမလိုေတာ့ပါပဲ ကိုယ္လုံးအိစိစိက ရင္ခြင္ထဲေရာက္ေနၿပီျဖစ္သည္။
ပထမဆုံးအေနျဖင့္ Baekhyunသြားခ်င္သည့္ေနရာက စားေသာက္ဆိုင္ျဖစ္သည္။
ပီဇာေကာင္းေကာင္းရသည့္ဆိုင္မွာထိုင္ျဖစ္ၾကၿပီး Baekhyunပူဆာလာသည္က 'ေတာ့ပိုကီ စားခ်င္တယ္'ဟူ၍ျဖစ္သည္။
"ဒါေတာ့ လုံးဝပဲေနာ္ Baek
မစားရဘူး!"
ဆူပုတ္ပုတ္မ်က္ႏွာျဖင့္ ပီဇာကို ဓါးနဲ႔လွီးေနသည္က ပီဇာေပၚတြင္ Chanyeolမ်က္ႏွာႀကီးမ်ား ျမင္ေယာင္ေနသလားမသိပင္။
စားေသာက္ၿပီးေတာ့လည္း စက္ဘီးစီးခ်င္သည္ဟုပူဆာလာျပန္သည္။
"မိုးခ်ဳပ္ေနၿပီေလ Baekရဲ႕...
နာရီလည္းၾကည့္ပါဦး"
"ေမာင္ကလည္း..."
ေနေကာင္းတုန္းကျဖင့္ Shoppingထြက္ဖို႔ေတာင္ မနည္းေခၚယူရတဲ့Parkအေသးေလးက အခုေနေကာင္းခါစမွာေတာ့ အရမ္းကိုတက္ႂကြၿပီး ပူဆာတတ္ေနသည္။
ဟန္ျမစ္ကမ္းတစ္ေလွ်ာက္တြင္
ေရွ႕ကေန စက္ဘီးနင္းေနရေသာ Chanyeolမွာ ခလုတ္ေတြ ခ်ိဳင့္ေတြေပၚ မေရာက္ေအာင္ သတိထားနင္းေနရပင္မဲ့ အေနာက္က Baekhyunကေတာ့ Chanyeolခါးအားဖက္ကာ ေက်ာျပင္ႀကီးကိုမွီၿပီး အၿပီအျပင္ကို ဇိမ္ခံေနခဲ့သည္။
"ေမာသြားၿပီလား"
အနည္းငယ္လူရွင္းေနေသာ ျမက္ခင္းျပင္ေပၚတြင္ ႏွစ္ေယာက္သား ထိုင္ျဖစ္ၾကသည္။
"ဒီကိုယ္ေသးေသးေလးကို တင္နင္းရတာေမာစရာလား"
ကိုယ္ေသးေသးေလးကို တင္နင္းရတာမေမာပင္မဲ့ စိုးရိမ္လြန္ေနသည့္ သူ႔စိတ္ကေမာေနရသည္ကိုေတာ့ Chanyeolထည့္မေျပာျဖစ္ပါ။
ၿငိမ္ၿငိမ္ေလးထိုင္ကာ အေဝးက ေရျပင္ကိုၾကည့္ၿပီး ၿပဳံးေနေသာBaekhyunမ်က္ႏွာေလးကို Chanyeolလည္း ၾကည့္ကာၿပဳံးေနမိသည္။
မ်က္စိေရွ႕ကSamေလးက သူျပန္လာၿပီးမွ ထူးထူးဆန္းဆန္းကိုေျပာင္းလဲေနသည္။
အဲ့ဒီအတြက္လည္း Chanyeolမွာ အသည္းတယားယားျဖစ္ေနရသည္။
"ေအးလား"
Baekhyunသည္ ခ်က္ခ်င္းေခါင္းခါျပလာသည္။
"ဒီေလာက္ သုံးေလးထပ္ဝတ္လာခိုင္းတာကို ေအးစရာလား"
မ်က္ေစာင္းထိုးရင္းေျပာလာေတာ့ Chanyeolမွာ ျမင္ေနရတာ ပါးမို႔မို႔လွမ္းဆြဲလိုက္မိသည္။
"နာတယ္လို႔!"
"အပိုေတြက!"
Baekhyunသည္ Chanyeolပုခုံးေပၚ ေခါင္းေလးေစာင္းမွီလာသည္။
ဒီလိုမ်ိဳးေနရတာကို သူတကယ္သေဘာက်သည္။
Baekhyunလက္ကိုကိုင္ထားရတာ၊
Baekhyunကိုယ္ေလးကိုဖက္ထားရတာ၊
Baekhyunရင္ခြင္ေသးေသးထဲတိုးဝင္ရတာ၊
Baekhyunမ်က္ဝန္းေတြကိုစိုက္ၾကည့္ၿပီး အၿပဳံးခ်င္းဖလွယ္ရတာ၊
အကုန္...အကုန္... Baekhyunနဲ႔ပတ္သတ္ၿပီး အကုန္လုံးကိုသေဘာက်ရသည္။
"New Year မီးပန္းေဖာက္ၿပီးမွ ျပန္မယ္ေနာ္"
လက္ကနာရီကို Chanyeolၾကည့္လိုက္မိေတာ့ 12နာရီထိုးဖို႔ 15မိနစ္ေက်ာ္ေက်ာ္သာလိုေတာ့တာကိုသိလိုက္ရသည္။
"ဒီလိုမ်ိဳးေတြ သေဘာမက်တတ္တာ မဟုတ္ဘူးလား"
V-Dayတို႔ ေမြးေန႔တို႔ကိုေတာင္ ပုံမွန္အတိုင္းျဖတ္သန္းခ်င္တဲ့Baekhyunသည္ ဒီေန႔ေတာ့ထူးဆန္းေနသည္။
"အင္း သေဘာမက်ဘူး"
ေလသံတိုးတိုးႏွင့္ျပန္ေျဖလာကာ လက္ေသးေသးသြယ္သြယ္တို႔က Chanyeolရဲ႕လက္ဖဝါးႀကီးထဲတိုးဝင္လာသည္။
"အဲ့လို ေန႔ေတြ ပြဲေတြကိုသေဘာမက်ဘူး
ဒါပင္မဲ့ ေမာင္ ကိုယ့္ေဘးရွိေနတာကိုေတာ့ သေဘာက်တယ္ေလ"
Chanyeol ဘာစကားမွမဆိုႏိုင္ေတာ့ပဲ Baekhyunလက္ကေလးကိုသာ ေႏြးေႏြးေထြးေထြးျဖစ္ေစရန္ ဆုပ္ကိုင္ထားေပးမိသည္။
ခပ္လွမ္းလွမ္းတြင္ရွိေနေသာ လူအုပ္၏ Countdownေရသည့္အသံက နားထဲအလုအယက္တိုးဝင္လာၾကသည္။
" 3 2 1 HAPPY NEW YEAR!"
တေဟးေဟး တဟားဟားေအာ္သံတို႔ႏွင့္အတူ ေကာင္းကင္ထက္တြင္ မီး႐ူးမီးပန္းမ်ားေရာင္စုံသြားေလသည္။
Baekhyunသည္လည္း ေကာင္ကင္ကိုေမာ့ၾကည့္ကည သေဘာက်ေနဟန္ရွိသလို...
Chanyeolသည္လည္း Baekhyunမ်က္ႏွာေလးကိုေငးၾကည့္ေနမိသည္။
လွ်ပ္တပ်က္ဆန္စြာ ပါးျပင္ႏုႏုအား လွမ္းနမ္းရႈိက္လိုက္ေသာအခါ ထင္ထားခဲ့သလို ရန္အေတြ႕မခံရပင္။
"Happy New Year ေမာင္...
ႏွစ္ေတြအၾကာႀကီးတိုင္ေအာင္ ကိုယ့္ကိုခ်စ္ေပးေနာ္"
မ်က္ဝန္းတို႔မွိတ္သည္အထိၿပဳံးရယ္ျပရင္းေျပာလာေသာအေကာင္ေပါက္ေလးရဲ႕ လည္ဂုဏ္အားထိန္းကိုင္ကာ ႏႈတ္ခမ္းခ်င္းထိကပ္လိုက္မိသည္။
ဒါေတာင္ Baekhyunက ၿပဳံးေနဆဲပင္။
"ေမာင့္ကို အခ်စ္တိုးေအာင္လုပ္ေနေတာ့တာပဲ"
"အဲ့တာဆိုလည္း ပိုတိုးၿပီးခ်စ္ေပးလိုက္ေပါ့လို႔"
အဲ့ေန႔ညက အိမ္ကဦးေလးႀကီးကိုဖုန္းဆက္ေခၚကာ ကားျဖင့္လာႀကိဳခိုင္းခဲ့ရသည္။
လက္ေမာင္းကိုဖက္ကာ ပုခုံးေပၚေခါင္းတင္ရင္းအိပ္ေပ်ာ္ေနတဲ့အေကာင္ေပါက္ေလးကို Chanyeolကိုယ္တိုင္ခ်ီကာ ကားထဲထည့္ေပးရသည္။
ကားေပၚတြင္လည္း Chanyeolေပါင္ေပၚအိပ္လိုက္လာကာ အခန္းထဲထိခ်ီသြားေပးၿပီး ကုတင္ေပၚခ်ေပးလိုက္သည္အထိ တစက္ကေလးမွေတာင္ႏိုးမလာတဲ့လူသားေလးဟာ ဒီေန႔တစ္ေန႔တည္းနဲ႔တင္ ပူဆာခဲ့ရတာေတြမ်ားၿပီး ပင္ပန္းသြားပုံပါပဲ။
"ေနာက္ရက္ေတြမွာလည္း အမ်ားႀကီးပိုခ်စ္ေပးမွာမို႔ လူကိုခဏခဏစိတ္ပူေအာင္မလုပ္နဲ႔
ၾကားလား"
ေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္ေနတဲ့ လူသားေလးကေတာ့ Chanyeolရဲ႕ သတိေပးစကားကို ၾကားမည့္ပုံလည္းမရေတာ့ပါ။
TBC ~~~
ေနာက္က်သြားပင္မဲ့ Happy New Yearပါေနာ္
2020မွာလည္း ခ်စ္ေပးၾကပါဦး🙆♀️❤
ႏွစ္သစ္အတြက္အမွတ္တရအေနနဲ႔....
ကိုယ့္အတြက္updateျမန္ေစတဲ့လ်ိဳ႕ဝွက္ခ်က္ကို ေျပာျပရမလား?
အဲ့တာေလးေတြ... အဲ့တာမ်ိဳးေလးေတြ🥺