You Are My Life

By BelowHeaven

583K 53.2K 1.2K

(Unicode) ကျွန်တော် ရူးနေတာ မဟုတ်ဘူး။ ဒါ ရူးသွပ်မှု မဟုတ်ဘူး။ ဒါ ကျွန်တော်ချစ်တဲ့ နည်းလမ်းပဲ။ မင်းအချစ်ခံရတဲ့... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 (Extra 1)
Chapter 29 (Extra 2)
Chapter 30 (Extra 3, Final)

Chapter 14

14.1K 1.5K 16
By BelowHeaven

(Unicode)

Wang JiuHan လို့ခေါ်တဲ့ Yibo ရဲ့ အဖေက XiaoZhan ကို ဖိုင်တစ်ခု လှမ်းပေးတယ်။

"နောက်ဆုံးတစ်ခေါက် ဦးတို့တွေ့တုန်းက မင်း Yibo ကို အရမ်းမုန်းနေခဲ့တာ။ အဲဒါကိုလည်း မင်းမှတ်မိမှာ မဟုတ်လောက်ပါဘူး။ ဦးတို့ကိုတောင် မမှတ်မိတာဆိုတော့"

"ဒါက Yibo ပြောခဲ့တဲ့ ကျွန်တော့်အပေါ် အပြစ်လုပ်မိတယ်ဆိုတဲ့ကိစ္စနဲ့ ဆိုင်လား"

XiaoZhan က file ကို လှမ်းယူရင်းမေးလိုက်တယ်။

"Yibo မင်းကို ပြောပြတယ်လား"

WangJiuHan ရဲ့ မျက်နှာက အင်မတန်အံ့ဩသွားတဲ့ပုံပဲ။

"ဘာလဲတော့ မပြောပြဘူး။ ဒီအတိုင်းအပြစ်လုပ်မိတယ် ပဲ ပြောတယ်။ ဘာကိစ္စလဲ ဦးတို့ ပြောပြလို့ရမလား"

"အဲဒီ file ထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စအားလုံးပါတယ်။ သား ပြီးရင် ကြည့်လိုက်ပါ"

ဒီတစ်ခါဝင်ပြောတာက Wang Yibo ရဲ့ အမေ။

သူမက ဆက်ပြောတယ်။

"နောက်ဆုံးတစ်ခေါက်တုန်းက မင်းတောင်းဆိုခဲ့တာရှိတယ်။ Yibo ကို မင်းရှေ့ ပေါ်မလာပါစေနဲ့ တဲ့။ ဒါပေမယ့် သားရယ် Yibo က မင်းကို လိုအပ်တယ်"

သူမရဲ့ စကားကြောင့် ခုနက အခန်းထဲက ထွက်မသွားခင် Yibo ပြောခဲ့တာတွေကို သတိရပြီး သူ့မျက်နှာက ချက်ချင်းရဲတက်လာတယ်။

"Ming er တော်သင့်ပြီ။ XiaoZhan ကို ပင်ပန်းအောင် မလုပ်ပါနဲ့တော့"

WangJiuHan က သူ့ဇနီးကို ဝင်တားတယ်။

"အဲဒီနေ့က Yibo မင်းရှေ့ပေါ်လာတာ မမျှော်လင့်ဘဲ ဖြစ်သွားတာပါ။ ခု သူ့ကို ဦးတို့အိမ်ပြန်ခေါ်သွားမယ်။ ဒါတောင် အဆင်မပြေသေးရင် သူ့ဦးလေးရှိတဲ့ Korea ကို ပို့လိုက်မယ်။ ဒါပေမယ့် တကယ်လို့များ..."

WangJiuHan က ဘယ်လိုစကားဆက်ရမလဲ မသိတဲ့ပုံနဲ့ ခဏ ရပ်တယ်။ နောက် XiaoZhan ကို တစ်ချက်ကြည့်ပြီး ဆက်ပြောတယ်။

"တကယ်လို့များ မင်းသူ့ကို... အင်း... သူ့ကို ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး။ ဒါပေမယ့် မင်းဘေးနားမှာ သူရှိနေတာ အနှောက်အယှက်မဖြစ်ဘူးဆိုရင်.. "

"ခဏလေး နေကြပါဦးဗျ။ ကျွန်တော်နားမလည်ဘူး"

XiaoZhan သူတို့ကို တားမှ ရတော့မယ်။ ရောက်လာကတည်းက သူမသိတဲ့စကားတွေ ပြောနေတာ။

"ကျွန်တော့်ကို သေချာရှင်းပြပေးလို့ရမလား။ ဘာလို့ Yibo ကို Korea ကို ပို့မှာလဲ"

"သား သူ့ကို မမြင်ချင်မှာ စိုးလို့"

ခုနက ပါးစပ်ပိတ်သွားတဲ့ ဝမ်မာမားက သူ့ကို အဖြေပေးတယ်။ ဒါပေမယ့် ဒီအဖြေကပဲ သူ့ကို စိတ်ရှုပ်စေပြန်တယ်။

"ဘာလို့ ကျွန်တော်က သူ့ကို မမြင်ချင်ရမှာလဲ"

"အဲဒါက....အဲကိစ္စနဲ့ မင်းသူ့ကို မုန်းနေခဲ့တာမို့လို့"

သူ့လက်ထဲက file က ပိုပြီး လေးလာသလို ခံစားရတယ်။ အထဲမှာ ဘယ်လိုကိစ္စတွေ ပါလဲ မသိပေမယ့် သူစိတ်ချမ်းသာစရာဖြစ်မှာ မဟုတ်တာတော့ သေချာတယ်။

ဝမ်မာမားက ဆက်ပြောတယ်။

"Yibo က အခု အရင်လို မဟုတ်တော့ဘူး။ သူ ဆေးကုသမှု သေချာခံယူပြီးတဲ့နောက်မှာ အန္တာယ်မရှိတဲ့ သာမန်ဆယ်ကျော်သက်ကလေးတစ်ယောက်ပါပဲ။ ဒါပေမယ့် သားနဲ့ ပြန်တွေ့ပြီးမှ ခွဲထားလိုက်ရင် သူပြန်ဆိုးသွားနိုင်တယ်"

"ခဏလေး အန်တီ"

XiaoZhan သူမကို လက်ကာပြလိုက်ရင်း အတင်းတားလိုက်တယ်။ သူတို့ ဘယ်လောက် ရှင်းပြပြ သူ့အတွက်တော့ နားမလည်နိုင်အောင် ရှုပ်ထွေးနေဆဲပဲ။

"ကျွန်တော် ဒီ file ကို အရင်ဖတ်ပါရစေ။ ပြီးခါမှ အန်တီတို့နဲ့ ဆက်သွယ်ပြီး စကားဆက်ပြောလို့ ဖြစ်မလား"

"အဲလိုပဲ လုပ်ကြတာပေါ့။ မင်း ဘာမှ မမှတ်မိတဲ့အချိန်မှာ ဆုံးဖြတ်လို့ အဆင်မပြေဘူးဆိုတော့။ Yibo ကိုတော့ ဦးတို့ ပြန်ခေါ်သွားလိုက်မယ်"

WangJiuHan က သူနဲ့ သဘောတူတယ်။

"အဲဒါဆို နောက်တစ်ပါတ်မှ တွေ့ကြတာပေါ့"

အခန်းအပြင်ရောက်တော့ ဝမ်မာမားက သူမယောက်ျားကို မေးတယ်။

"ကျွန်မတို့ ဒီလိုလုပ်တာ Yibo အပေါ် မတရားသလို ဖြစ်မနေဘူးလား။ XiaoZhan လည်း အဲဒီကိစ္စတွေ မေ့နေပြီကို"

ပါပါးက ဘာလို့ ဒီကိစ္စကို ပြန်အစဖော်ရသလဲ သူမဖြင့် တကယ်ပဲ နားမလည်နိုင်ဘူး။ ခု အားလုံးအဆင်ပြေနေပြီမဟုတ်ဘူးလား။ ကတိတစ်ခုကြောင့်လား။ XiaoZan မှ မမှတ်မိတော့တာ အဲဒီကတိက ဘာအရေးလဲ။ သူမသားစိတ်ချမ်းသာဖို့က ပိုအရေးကြီးတာ မဟုတ်ဘူးလား။

"မင်း နားမလည်ပါဘူး Ming er. XiaoZhan က တစ်သက်လုံး အတိတ်မေ့နေမယ် ထင်လို့လား။ တချိန်ချိန်မှာ ပြန်သတိရလာမှာပဲ။ အဲဒီအခါကျရင် မင်းရဲ့သားက သူ့ဘေးမှာ တစ်ချိန်လုံးလိမ်ညာပြီး ရှိနေခဲ့တယ်ဆိုတာ သိသွားရင် သူ့အတွက် ထိခိုက်မှုက အရမ်းကြီးမားလိမ့်မယ်။ လူကြီးတွေ ဖြစ်တဲ့ ကိုယ်တို့အတွက်လည်း မကောင်းဘူး"

ဝမ်မာမားငြိမ်ကျသွားတယ်။

"ဒါပေမယ့် XiaoZhan ကို တစ်သက်လုံးသတိမရအောင် လုပ်လို့မရဘူးလား။ သား ကို လုပ်သလိုမျိုးလေ"

သူမ ပြောပြီးခါမှ သူမကို သူမ ပြန်လန့်သွားတယ်။ ဟုတ်သားပဲ။ XiaoZhan မှာလည်း ကိုယ်ပိုင်ဘဝ ရှိသင့်တာပဲ။ သူက Yibo အတွက် ရှင်သန်ပေးရမှာမှ မဟုတ်တာ။

WangJiuHan က သူ့ဇနီးကို အင်မတန်အံ့ဩသွားတဲ့ပုံစံနဲ့ ကြည့်တယ်။

"Ming er မင်း အဲလောက် ကြောက်စရာကောင်းတာတွေ မပြောပါနဲ့။ နောက်ပြီး သားတုန်းက အောင်မြင်ခဲ့တာမှ မဟုတ်တာ။ XioaZhan ကို ပြန်တွေ့တွေ့ချင်း အားလုံးကို မှတ်မိသွားတာပဲ မဟုတ်လား။ ဒီကိစ္စ ဒီမှာတင် ရပ်လိုက်တော့"

..........

ဝမ် ဇနီးမောင်နှံ ထွက်သွားပြီးတော့ XiaoZhan file ကို ဖွင့်မကြည့်သေးဘဲ အံဆွဲ ထဲ ထည့်ထားလိုက်တယ်။ ဒီ file ထဲမှာ သူမသိချင်တဲ့ Yibo တစ်ယောက်ရှိနေမယ်ဆိုတာ သေချာနေတာမို့။

တစ်ခါတလေ စိတ်ရှုပ်လာရင် အရာအားလုံးက ​အရမ်းရှုပ်ထွေးလာရင် ကိုယ့်ကိုယ်ကို အနားပေးတဲ့ အနေနဲ့ သူတို့ကို ခဏ မေ့ထားတာ ကောင်းတယ်။ ဒီတော့ XiaoZhan ရွေးချယ်တာက နားကြပ်တပ် သီချင်းဖွင့်ပြီး အိပ်လိုက်တာပါပဲ။ ဒီနည်းက သူ့အတွက် အမြဲတမ်း အလုပ်ဖြစ်တယ်။ သူ့ဘဝမှာ စိတ်ဆင်းရဲလို့ စိတ်ရှုပ်လို့ အိပ်မပျော်ဘူးဆိုတာ မရှိခဲ့ဘူး။ စိတ်ပူပန်ရင်တော့ အိပ်လို့မရဘူးပေါ့။ ဥပမာ deadline နီးနေတဲ့အခါမျိုးမှာဆိုရင် ခန္ဓာကိုယ်က လိုအပ်တာကြောင့် စားပွဲပေါ်မှာ ၁၀ မိနစ်လေးပဲ အိပ်လိုက်ပါဆိုပြီး အမိန့်ပေးရင်တောင် သူ့ဦးနှောက်က အမိန့်မနာခံဘူး။ အသေအကြေစာရိုက်ပြီး တစ်ဖက်ကို submit လုပ်ပြီးတဲ့အခါမှသာ သူအိပ်နိုင်တယ်။ ထားပါတော့။ ခုက အဲလို အခြေအနေမဟုတ်တဲ့အတွက် သူအိပ်ပျော်သွားတာ ညနေ ၄ နာရီမှ နိုးတော့တယ်။ ဒါတောင် တာဝန်ကျဆရာဝန်က လာပြီး စစ်ဆေးပေးတာကြောင့် နိုးသွားတာ။

"ဆရာ Xiao အခြေအနေက တော်တော်တိုးတက်လာပြီ။ အခန်းထဲမှာပဲ မနေပဲ လမ်းလေးဘာလေးထွက်လျှောက်ပါဦး။ တော်ကြာ အလုပ်ဝင်တဲ့နေ့မှာ လမ်းပျောက်နေရင် ဘယ်နှယ့်လုပ်မလဲ"

"ဆရာကတော့ နောက်ပြီ။ ကျွန်တော်လမ်းလျှောက်ပါတယ်။ မနက်ကပဲ ပန်းခြံထဲက ပြန်လာတာ"

တာဝန်ကျ ဆရာဝန် ပြန်သွားတော့ အခန်းထဲမှာ XiaoZhan တစ်ယောက်တည်း ကျန်ခဲ့တယ်။ ဒီရက်ပိုင်း သူသက်သာလာတာကြောင့် မားကို ပင်ပန်းမှာ စိုးလို့ အိမ်ပြန်လွှတ်လိုက်ပြီ။ သူမလည်း အသက်ထောက်လာပြီဆိုတော့ အေးအေးဆေးဆေးနေသင့်ပါပြီ။ အရင်က သွက်သွက်လက်လက်ရှိတဲ့ မားက ပါးဆုံးပြီး ရက်ပိုင်းအတွင်းမှာပဲ တော်တော် အရွယ်ကျသွားတယ်။ နောက်ပြီး Yi Yi. ခုချိန်ဆို သူမ အိပ်နေမှာ။ ခုချိန်ထိ မအိပ်သေးဘူးဆိုရင် case တွေ အသည်းအသန်ဖတ်နေတော့မှာ။ ဒီရက်ပိုင်း time difference ကြောင့် သူနဲ့ Yi Yi နဲ့ ဖုန်းသိပ်မပြောဖြစ်ဘူး။ Message နဲ့ပဲ အပြန်အလှန်ဆက်သွယ်ဖြစ်တယ်။ Yibo ရော? Yibo က အိမ်ပြန်သွားပြီ မဟုတ်လား။ အဲကလေးရှိနေရင် ခုချိန် သူ့ဘေးမှာ စားစရာတစ်ခုမဟုတ် တစ်ခု တော့ ချထားပေးမှာ အသေအချာပဲ။

ထိုင်နေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်တာကြောင့် သူကုတင်ပေါ်ကထပြီး ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်လိုက်တယ်။ နည်းနည်းတော့ လန်းသွားသလို ခံစားရတယ်။ နောက် သူ့ phone ထဲကနေ social media ကို ည ခုနှစ် နာရီလောက်ထိ သုံးနေလိုက်ပြီး ပထမဦးဆုံးအကြိမ်အနေနဲ့ ကန်တင်းကို ဆင်းလာခဲ့လိုက်တယ်။ XiaoZhan နေတဲ့ အခန်းက တတိယထပ်မှာ။ ကန်တင်းကို အောက်ဆုံးထပ်မှာ ထားထားတယ်။ ည ၉ နာရီမှကန်တင်းက ပိတ်တာ​ကြောင့် ခုချိန်မှာ လူစည်တုန်းပဲ။ ဆရာဝန်, လူနာ, လူနာစောင့် နဲ့ သတင်းလာမေးတဲ့သူ အားလုံးကို တွေ့ရတယ်။ တနေခင်းလုံး တစ်ယောက်တည်းဖြတ်သန်းခဲ့ပြီး ခု ရုတ်တရက် လူအုပ်စုထဲ ရောက်သွားတော့ သူအထီးကျန်သလိုခံစားရတာ နည်းနည်းသက်သာလာသလိုပဲ။ ဒါကြောင့် ဆန်ပြုတ်ကို အချိန်ဆွဲသောက်ရင်း လူထူထူထဲမှာ ဝင်နေမိတယ်။ ဆန်ပြုတ်က ပထမဆုံးနေ့က အရသာပဲ။ မကောင်းလှပါဘူး။ Yibo အိမ်က လုပ်ပေးတဲ့ ပုဇွန်ဆန်ပြုတ်ကိုတောင် သွားသတိရမိတယ်။ နောက်ပြီး ကြက်သားဆန်ပြုတ်, ဆိတ်စွပ်ပြုတ်, ဝက်နံရိုးပြုတ်....

ကန်တင်းမှာ ဘာမဟုတ်ဘဲ ၂ နာရီလောက် ထိုင်အချိန်ဖြုန်းနေပြီးတော့ ပိတ်ခါနီးမှ အပေါ်ပြန်တက်လာခဲ့တယ်။ အခန်းထဲ ရောက်တော့ JiangCheng ဝယ်ပေးထားတဲ့အသီးတွေထဲက ပန်းသီးတစ်လုံးကို ရေဆေးပြီး ဒီအတိုင်းကိုက်စားလိုက်တယ်။ သူအခွံခွာရမှာပျင်းလို့ အမြဲတမ်း အခွံပါ စားပစ်တာ။ Yibo ရှိရင်တော့ သူကအခွံခွာပြီး ပန်းကန်ထဲကိုပါ စိတ်ထည့်ပေးတတ်တယ်။

တစ်ခါတလေတော့လည်း သူတွေးမိပါတယ်။ သူမသိချင်တဲ့ အတိတ်က Yibo ကို သိဖို့မကြိုးစားပဲ ဒီအတိုင်းရှေ့မှာ မြင်နေရတဲ့ Yibo ကိုပဲ လက်ခံလိုက်ဖို့။ ဒါပေမယ့် ဒီလိုလုပ်လိုက်ရင် အတိတ်က သူ့ကိုယ်ကိုသူ မလေးစားရာ ကျမသွားဘူးလား။ ဒါပေမယ့် သူဒါကို အချိန်ဆွဲနိုင်သမျှ ဆွဲထားဦးမှာ။

နေ့လယ်က အိပ်ထားတာကြောင့် ပုံမှန်လည်း ဒီအချိန်အိပ်လေ့မရှိတာကြောင့် မျက်လုံးက ၉ နာရီမှာ ဆက်ပြီး အလုပ်လုပ်ချင်နေသေးတယ်။ ဒါကြောင့် YouTube ကနေ ခွဲစိတ်တဲ့ video တွေ ထိုင်ကြည့်နေလိုက်တယ်။ စိတ်ဝင်စားစရာလေးများတွေ့ရင် US မှာ ခင်ခဲ့တဲ့ သူငယ်ချင်းတွေကို လှမ်းပို့ပြီး ဆွေးနွေးဖြစ်သေးတယ်။ သူသွားတိုက်ပြီး အိပ်ဖို့လုပ်တော့ ဆယ့်နှစ်နာရီခွဲနေပြီ။ မအိပ်ခင်တော့ file ကို ကောက်ကိုင်မိသေးတယ်။ ဒါဟာ သူ့အတွက်တော့ မပြီးပြတ်သေးတဲ့ assignment တစ်ခုလိုပဲ။ သူ့တာဝန်က ဒါကို ဖတ်ရမယ်။ နောက်ပြီး တွေ့ရှိချက်တွေပေါ် မူတည်ပြီး အနာဂတ်မှာ ဝမ်မိသားစုနဲ့ ဘယ်လိုဆက်ဆံရမယ် Wang Yibo မျက်နှာကို ဆက်တွေ့ချင် မတွေ့ချင်ဆုံးဖြတ်ရမယ်။ ဒါပေမယ့် assignment တို့ရဲ့ ထုံးစံအတိုင်း သူ ဒါကို deadline မတိုင်ခင်ထိ အချိန်ဆွဲနေမိတာတော့ အမှန်။ ပြီးခါမှ မအိပ်မနေ စဉ်းစားခန်းဝင်မှာကတော့ တစ်ပိုင်းပေါ့။

ဒါကြောင့် သူ ဒီ file ကို ဖတ်ဖို့ ဆုံးဖြတ်လိုက်တဲ့နေ့ဟာ ဝမ်ဇနီးမောင်နှံနဲ့ တွေ့ဖို့ ရက်ချိန်း မပြည့်ခင် တစ်ရက်ဖြစ်တယ်။

....................
Yibo's diary,

သူတို့က Zhan ge ဆိုတာ တကယ်မရှိဘူးလို့ ပြော
တယ်။ ကျွန်တော့်စိတ်ထဲက ဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခုတဲ့။ ဒါပေမယ့် Zhan ge ကို ပြန်တွေ့လိုက်ရတဲ့အချိန်မှာ အားလုံးက အမှန်တကယ်ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်သဘောပေါက်လိုက်တယ်။ အဲဒီတုန်းကအတွက် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ထပ်ပြီး Zhan ge နဲ့ ဝေးရာကို မပို့ပါနဲ့တော့။

_______________________________

(Zawgyi)
Wang JiuHan လို့ခေါWang JiuHan လို႔ေခၚတဲ့ Yibo ရဲ့ အေဖက XiaoZhan ကို ဖိုင္တစ္ခု လွမ္းေပးတယ္။

"ေနာက္ဆုံးတစ္ေခါက္ ဦးတို႔ေတြ႕တုန္းက မင္း Yibo ကို အရမ္းမုန္းေနခဲ့တာ။ အဲဒါကိုလည္း မင္းမွတ္မိမွာ မဟုတ္ေလာက္ပါဘူး။ ဦးတို႔ကိုေတာင္ မမွတ္မိတာဆိုေတာ့"

"ဒါက Yibo ေျပာခဲ့တဲ့ ကၽြန္ေတာ့္အေပၚ အျပစ္လုပ္မိတယ္ဆိုတဲ့ကိစၥနဲ႔ ဆိုင္လား"

XiaoZhan က file ကို လွမ္းယူရင္းေမးလိုက္တယ္။

"Yibo မင္းကို ေျပာျပတယ္လား"

WangJiuHan ရဲ့ မ်က္ႏွာက အင္မတန္အံ့ဩသြားတဲ့ပုံပဲ။

"ဘာလဲေတာ့ မေျပာျပဘူး။ ဒီအတိုင္းအျပစ္လုပ္မိတယ္ ပဲ ေျပာတယ္။ ဘာကိစၥလဲ ဦးတို႔ ေျပာျပလို႔ရမလား"

"အဲဒီ file ထဲမွာ ျဖစ္ခဲ့တဲ့ကိစၥအားလုံးပါတယ္။ သား ၿပီးရင္ ၾကည့္လိုက္ပါ"

ဒီတစ္ခါဝင္ေျပာတာက Wang Yibo ရဲ့ အေမ။

သူမက ဆက္ေျပာတယ္။

"ေနာက္ဆုံးတစ္ေခါက္တုန္းက မင္းေတာင္းဆိုခဲ့တာရွိတယ္။ Yibo ကို မင္းေရွ႕ ေပၚမလာပါေစနဲ႔ တဲ့။ ဒါေပမယ့္ သားရယ္ Yibo က မင္းကို လိုအပ္တယ္"

သူမရဲ့ စကားေၾကာင့္ ခုနက အခန္းထဲက ထြက္မသြားခင္ Yibo ေျပာခဲ့တာေတြကို သတိရၿပီး သူ႔မ်က္ႏွာက ခ်က္ခ်င္းရဲတက္လာတယ္။

"Ming er ေတာ္သင့္ၿပီ။ XiaoZhan ကို ပင္ပန္းေအာင္ မလုပ္ပါနဲ႔ေတာ့"

WangJiuHan က သူ႔ဇနီးကို ဝင္တားတယ္။

"အဲဒီေန႔က Yibo မင္းေရွ႕ေပၚလာတာ မေမၽွာ္လင့္ဘဲ ျဖစ္သြားတာပါ။ ခု သူ႔ကို ဦးတို႔အိမ္ျပန္ေခၚသြားမယ္။ ဒါေတာင္ အဆင္မေျပေသးရင္ သူ႔ဦးေလးရွိတဲ့ Korea ကို ပို႔လိုက္မယ္။ ဒါေပမယ့္ တကယ္လို႔မ်ား..."

WangJiuHan က ဘယ္လိုစကားဆက္ရမလဲ မသိတဲ့ပုံနဲ႔ ခဏ ရပ္တယ္။ ေနာက္ XiaoZhan ကို တစ္ခ်က္ၾကည့္ၿပီး ဆက္ေျပာတယ္။

"တကယ္လို႔မ်ား မင္းသူ႔ကို... အင္း... သူ႔ကို ခြင့္လႊတ္ဖို႔ မေတာင္းဆိုပါဘူး။ ဒါေပမယ့္ မင္းေဘးနားမွာ သူရွိေနတာ အေႏွာက္အယွက္မျဖစ္ဘူးဆိုရင္.. "

"ခဏေလး ေနၾကပါဦးဗ်။ ကၽြန္ေတာ္နားမလည္ဘူး"

XiaoZhan သူတို႔ကို တားမွ ရေတာ့မယ္။ ေရာက္လာကတည္းက သူမသိတဲ့စကားေတြ ေျပာေနတာ။

"ကၽြန္ေတာ့္ကို ေသခ်ာရွင္းျပေပးလို႔ရမလား။ ဘာလို႔ Yibo ကို Korea ကို ပို႔မွာလဲ"

"သား သူ႔ကို မျမင္ခ်င္မွာ စိုးလို႔"

ခုနက ပါးစပ္ပိတ္သြားတဲ့ ဝမ္မာမားက သူ႔ကို အေျဖေပးတယ္။ ဒါေပမယ့္ ဒီအေျဖကပဲ သူ႔ကို စိတ္ရွုပ္ေစျပန္တယ္။

"ဘာလို႔ ကၽြန္ေတာ္က သူ႔ကို မျမင္ခ်င္ရမွာလဲ"

"အဲဒါက....အဲကိစၥနဲ႔ မင္းသူ႔ကို မုန္းေနခဲ့တာမို႔လို႔"

သူ႔လက္ထဲက file က ပိုၿပီး ေလးလာသလို ခံစားရတယ္။ အထဲမွာ ဘယ္လိုကိစၥေတြ ပါလဲ မသိေပမယ့္ သူစိတ္ခ်မ္းသာစရာျဖစ္မွာ မဟုတ္တာေတာ့ ေသခ်ာတယ္။

ဝမ္မာမားက ဆက္ေျပာတယ္။

"Yibo က အခု အရင္လို မဟုတ္ေတာ့ဘူး။ သူ ေဆးကုသမွု ေသခ်ာခံယူၿပီးတဲ့ေနာက္မွာ အႏၲာယ္မရွိတဲ့ သာမန္ဆယ္ေက်ာ္သက္ကေလးတစ္ေယာက္ပါပဲ။ ဒါေပမယ့္ သားနဲ႔ ျပန္ေတြ႕ၿပီးမွ ခြဲထားလိုက္ရင္ သူျပန္ဆိုးသြားနိုင္တယ္"

"ခဏေလး အန္တီ"

XiaoZhan သူမကို လက္ကာျပလိုက္ရင္း အတင္းတားလိုက္တယ္။ သူတို႔ ဘယ္ေလာက္ ရွင္းျပၿပ သူ႔အတြက္ေတာ့ နားမလည္နိုင္ေအာင္ ရွုပ္ေထြးေနဆဲပဲ။

"ကၽြန္ေတာ္ ဒီ file ကို အရင္ဖတ္ပါရေစ။ ၿပီးခါမွ အန္တီတို႔နဲ႔ ဆက္သြယ္ၿပီး စကားဆက္ေျပာလို႔ ျဖစ္မလား"

"အဲလိုပဲ လုပ္ၾကတာေပါ့။ မင္း ဘာမွ မမွတ္မိတဲ့အခ်ိန္မွာ ဆုံးျဖတ္လို႔ အဆင္မေျပဘူးဆိုေတာ့။ Yibo ကိုေတာ့ ဦးတို႔ ျပန္ေခၚသြားလိုက္မယ္"

WangJiuHan က သူနဲ႔ သေဘာတူတယ္။

"အဲဒါဆို ေနာက္တစ္ပါတ္မွ ေတြ႕ၾကတာေပါ့"

အခန္းအျပင္ေရာက္ေတာ့ ဝမ္မာမားက သူမေယာက္်ားကို ေမးတယ္။

"ကၽြန္မတို႔ ဒီလိုလုပ္တာ Yibo အေပၚ မတရားသလို ျဖစ္မေနဘူးလား။ XiaoZhan လည္း အဲဒီကိစၥေတြ ေမ့ေနၿပီကို"

ပါပါးက ဘာလို႔ ဒီကိစၥကို ျပန္အစေဖာ္ရသလဲ သူမျဖင့္ တကယ္ပဲ နားမလည္နိုင္ဘူး။ ခု အားလုံးအဆင္ေျပေနၿပီမဟုတ္ဘူးလား။ ကတိတစ္ခုေၾကာင့္လား။ XiaoZan မွ မမွတ္မိေတာ့တာ အဲဒီကတိက ဘာအေရးလဲ။ သူမသားစိတ္ခ်မ္းသာဖို႔က ပိုအေရးႀကီးတာ မဟုတ္ဘူးလား။

"မင္း နားမလည္ပါဘူး Ming er. XiaoZhan က တစ္သက္လုံး အတိတ္ေမ့ေနမယ္ ထင္လို႔လား။ တခ်ိန္ခ်ိန္မွာ ျပန္သတိရလာမွာပဲ။ အဲဒီအခါက်ရင္ မင္းရဲ့သားက သူ႔ေဘးမွာ တစ္ခ်ိန္လုံးလိမ္ညာၿပီး ရွိေနခဲ့တယ္ဆိုတာ သိသြားရင္ သူ႔အတြက္ ထိခိုက္မွုက အရမ္းႀကီးမားလိမ့္မယ္။ လူႀကီးေတြ ျဖစ္တဲ့ ကိုယ္တို႔အတြက္လည္း မေကာင္းဘူး"

ဝမ္မာမားၿငိမ္က်သြားတယ္။

"ဒါေပမယ့္ XiaoZhan ကို တစ္သက္လုံးသတိမရေအာင္ လုပ္လို႔မရဘူးလား။ သား ကို လုပ္သလိုမ်ိဳးေလ"

သူမ ေျပာၿပီးခါမွ သူမကို သူမ ျပန္လန႔္သြားတယ္။ ဟုတ္သားပဲ။ XiaoZhan မွာလည္း ကိုယ္ပိုင္ဘဝ ရွိသင့္တာပဲ။ သူက Yibo အတြက္ ရွင္သန္ေပးရမွာမွ မဟုတ္တာ။

WangJiuHan က သူ႔ဇနီးကို အင္မတန္အံ့ဩသြားတဲ့ပုံစံနဲ႔ ၾကည့္တယ္။

"Ming er မင္း အဲေလာက္ ေၾကာက္စရာေကာင္းတာေတြ မေျပာပါနဲ႔။ ေနာက္ၿပီး သားတုန္းက ေအာင္ျမင္ခဲ့တာမွ မဟုတ္တာ။ XioaZhan ကို ျပန္ေတြ႕ေတြ႕ခ်င္း အားလုံးကို မွတ္မိသြားတာပဲ မဟုတ္လား။ ဒီကိစၥ ဒီမွာတင္ ရပ္လိုက္ေတာ့"

..........

ဝမ္ ဇနီးေမာင္ႏွံ ထြက္သြားၿပီးေတာ့ XiaoZhan file ကို ဖြင့္မၾကည့္ေသးဘဲ အံဆြဲ ထဲ ထည့္ထားလိုက္တယ္။ ဒီ file ထဲမွာ သူမသိခ်င္တဲ့ Yibo တစ္ေယာက္ရွိေနမယ္ဆိုတာ ေသခ်ာေနတာမို႔။

တစ္ခါတေလ စိတ္ရွုပ္လာရင္ အရာအားလုံးက ​အရမ္းရွုပ္ေထြးလာရင္ ကိုယ့္ကိုယ္ကို အနားေပးတဲ့ အေနနဲ႔ သူတို႔ကို ခဏ ေမ့ထားတာ ေကာင္းတယ္။ ဒီေတာ့ XiaoZhan ေရြးခ်ယ္တာက နားၾကပ္တပ္ သီခ်င္းဖြင့္ၿပီး အိပ္လိုက္တာပါပဲ။ ဒီနည္းက သူ႔အတြက္ အျမဲတမ္း အလုပ္ျဖစ္တယ္။ သူ႔ဘဝမွာ စိတ္ဆင္းရဲလို႔ စိတ္ရွုပ္လို႔ အိပ္မေပ်ာ္ဘူးဆိုတာ မရွိခဲ့ဘူး။ စိတ္ပူပန္ရင္ေတာ့ အိပ္လို႔မရဘူးေပါ့။ ဥပမာ deadline နီးေနတဲ့အခါမ်ိဳးမွာဆိုရင္ ခႏၶာကိုယ္က လိုအပ္တာေၾကာင့္ စားပြဲေပၚမွာ ၁၀ မိနစ္ေလးပဲ အိပ္လိုက္ပါဆိုၿပီး အမိန႔္ေပးရင္ေတာင္ သူ႔ဦးေႏွာက္က အမိန႔္မနာခံဘူး။ အေသအေၾကစာရိုက္ၿပီး တစ္ဖက္ကို submit လုပ္ၿပီးတဲ့အခါမွသာ သူအိပ္နိုင္တယ္။ ထားပါေတာ့။ ခုက အဲလို အေျခအေနမဟုတ္တဲ့အတြက္ သူအိပ္ေပ်ာ္သြားတာ ညေန ၄ နာရီမွ နိုးေတာ့တယ္။ ဒါေတာင္ တာဝန္က်ဆရာဝန္က လာၿပီး စစ္ေဆးေပးတာေၾကာင့္ နိုးသြားတာ။

"ဆရာ Xiao အေျခအေနက ေတာ္ေတာ္တိုးတက္လာၿပီ။ အခန္းထဲမွာပဲ မေနပဲ လမ္းေလးဘာေလးထြက္ေလၽွာက္ပါဦး။ ေတာ္ၾကာ အလုပ္ဝင္တဲ့ေန႔မွာ လမ္းေပ်ာက္ေနရင္ ဘယ္ႏွယ့္လုပ္မလဲ"

"ဆရာကေတာ့ ေနာက္ၿပီ။ ကၽြန္ေတာ္လမ္းေလၽွာက္ပါတယ္။ မနက္ကပဲ ပန္းၿခံထဲက ျပန္လာတာ"

တာဝန်တာဝန္က် ဆရာဝန္ ျပန္သြားေတာ့ အခန္းထဲမွာ XiaoZhan တစ္ေယာက္တည္း က်န္ခဲ့တယ္။ ဒီရက္ပိုင္း သူသက္သာလာတာေၾကာင့္ မားကို ပင္ပန္းမွာ စိုးလို႔ အိမ္ျပန္လႊတ္လိုက္ၿပီ။ သူမလည္း အသက္ေထာက္လာၿပီဆိုေတာ့ ေအးေအးေဆးေဆးေနသင့္ပါၿပီ။ အရင္က သြက္သြက္လက္လက္ရွိတဲ့ မားက ပါးဆုံးၿပီး ရက္ပိုင္းအတြင္းမွာပဲ ေတာ္ေတာ္ အရြယ္က်သြားတယ္။ ေနာက္ၿပီး Yi Yi. ခုခ်ိန္ဆို သူမ အိပ္ေနမွာ။ ခုခ်ိန္ထိ မအိပ္ေသးဘူးဆိုရင္ case ေတြ အသည္းအသန္ဖတ္ေနေတာ့မွာ။ ဒီရက္ပိုင္း time difference ေၾကာင့္ သူနဲ႔ Yi Yi နဲ႔ ဖုန္းသိပ္မေျပာျဖစ္ဘူး။ Message နဲ႔ပဲ အျပန္အလွန္ဆက္သြယ္ျဖစ္တယ္။ Yibo ေရာ? Yibo က အိမ္ျပန္သြားၿပီ မဟုတ္လား။ အဲကေလးရွိေနရင္ ခုခ်ိန္ သူ႔ေဘးမွာ စားစရာတစ္ခုမဟုတ္ တစ္ခု ေတာ့ ခ်ထားေပးမွာ အေသအခ်ာပဲ။

ထိုင္ေနလို႔ ဘာမွ ျဖစ္လာမွာ မဟုတ္တာေၾကာင့္ သူကုတင္ေပၚကထၿပီး ခႏၶာကိုယ္ကို သန႔္ရွင္းေရးလုပ္လိုက္တယ္။ နည္းနည္းေတာ့ လန္းသြားသလို ခံစားရတယ္။ ေနာက္ သူ႔ phone ထဲကေန social media ကို ည ခုႏွစ္ နာရီေလာက္ထိ သုံးေနလိုက္ၿပီး ပထမဦးဆုံးအႀကိမ္အေနနဲ႔ ကန္တင္းကို ဆင္းလာခဲ့လိုက္တယ္။ XiaoZhan ေနတဲ့ အခန္းက တတိယထပ္မွာ။ ကန္တင္းကို ေအာက္ဆုံးထပ္မွာ ထားထားတယ္။ ည ၉ နာရီမွကန္တင္းက ပိတ္တာ​ေၾကာင့္ ခုခ်ိန္မွာ လူစည္တုန္းပဲ။ ဆရာဝန္, လူနာ, လူနာေစာင့္ နဲ႔ သတင္းလာေမးတဲ့သူ အားလုံးကို ေတြ႕ရတယ္။ တေနခင္းလုံး တစ္ေယာက္တည္းျဖတ္သန္းခဲ့ၿပီး ခု ႐ုတ္တရက္ လူအုပ္စုထဲ ေရာက္သြားေတာ့ သူအထီးက်န္သလိုခံစားရတာ နည္းနည္းသက္သာလာသလိုပဲ။ ဒါေၾကာင့္ ဆန္ျပဳတ္ကို အခ်ိန္ဆြဲေသာက္ရင္း လူထူထူထဲမွာ ဝင္ေနမိတယ္။ ဆန္ျပဳတ္က ပထမဆုံးေန႔က အရသာပဲ။ မေကာင္းလွပါဘူး။ Yibo အိမ္က လုပ္ေပးတဲ့ ပုဇြန္ဆန္ျပဳတ္ကိုေတာင္ သြားသတိရမိတယ္။ ေနာက္ၿပီး ၾကက္သားဆန္ျပဳတ္, ဆိတ္စြပ္ျပဳတ္, ဝက္နံရိုးျပဳတ္....

ကန္တင္းမွာ ဘာမဟုတ္ဘဲ ၂ နာရီေလာက္ ထိုင္အခ်ိန္ျဖဳန္းေနၿပီးေတာ့ ပိတ္ခါနီးမွ အေပၚျပန္တက္လာခဲ့တယ္။ အခန္းထဲ ေရာက္ေတာ့ JiangCheng ဝယ္ေပးထားတဲ့အသီးေတြထဲက ပန္းသီးတစ္လုံးကို ေရေဆးၿပီး ဒီအတိုင္းကိုက္စားလိုက္တယ္။ သူအခြံခြာရမွာပ်င္းလို႔ အျမဲတမ္း အခြံပါ စားပစ္တာ။ Yibo ရွိရင္ေတာ့ သူကအခြံခြာၿပီး ပန္းကန္ထဲကိုပါ စိတ္ထည့္ေပးတတ္တယ္။

တစ္ခါတေလေတာ့လည္း သူေတြးမိပါတယ္။ သူမသိခ်င္တဲ့ အတိတ္က Yibo ကို သိဖို႔မႀကိဳးစားပဲ ဒီအတိုင္းေရွ႕မွာ ျမင္ေနရတဲ့ Yibo ကိုပဲ လက္ခံလိုက္ဖို႔။ ဒါေပမယ့္ ဒီလိုလုပ္လိုက္ရင္ အတိတ္က သူ႔ကိုယ္ကိုသူ မေလးစားရာ က်မသြားဘူးလား။ ဒါေပမယ့္ သူဒါကို အခ်ိန္ဆြဲနိုင္သမၽွ ဆြဲထားဦးမွာ။

ေန႔လယ္က အိပ္ထားတာေၾကာင့္ ပုံမွန္လည္း ဒီအခ်ိန္အိပ္ေလ့မရွိတာေၾကာင့္ မ်က္လုံးက ၉ နာရီမွာ ဆက္ၿပီး အလုပ္လုပ္ခ်င္ေနေသးတယ္။ ဒါေၾကာင့္ YouTube ကေန ခြဲစိတ္တဲ့ video ေတြ ထိုင္ၾကည့္ေနလိုက္တယ္။ စိတ္ဝင္စားစရာေလးမ်ားေတြ႕ရင္ US မွာ ခင္ခဲ့တဲ့ သူငယ္ခ်င္းေတြကို လွမ္းပို႔ၿပီး ေဆြးေႏြးျဖစ္ေသးတယ္။ သူသြားတိုက္ၿပီး အိပ္ဖို႔လုပ္ေတာ့ ဆယ့္ႏွစ္နာရီခြဲေနၿပီ။ မအိပ္ခင္ေတာ့ file ကို ေကာက္ကိုင္မိေသးတယ္။ ဒါဟာ သူ႔အတြက္ေတာ့ မၿပီးျပတ္ေသးတဲ့ assignment တစ္ခုလိုပဲ။ သူ႔တာဝန္က ဒါကို ဖတ္ရမယ္။ ေနာက္ၿပီး ေတြ႕ရွိခ်က္ေတြေပၚ မူတည္ၿပီး အနာဂတ္မွာ ဝမ္မိသားစုနဲ႔ ဘယ္လိုဆက္ဆံရမယ္ Wang Yibo မ်က္ႏွာကို ဆက္ေတြ႕ခ်င္ မေတြ႕ခ်င္ဆုံးျဖတ္ရမယ္။ ဒါေပမယ့္ assignment တို႔ရဲ့ ထုံးစံအတိုင္း သူ ဒါကို deadline မတိုင္ခင္ထိ အခ်ိန္ဆြဲေနမိတာေတာ့ အမွန္။ ၿပီးခါမွ မအိပ္မေန စဥ္းစားခန္းဝင္မွာကေတာ့ တစ္ပိုင္းေပါ့။

ဒါေၾကာင့္ သူ ဒီ file ကို ဖတ္ဖို႔ ဆုံးျဖတ္လိုက္တဲ့ေန႔ဟာ ဝမ္ဇနီးေမာင္ႏွံနဲ႔ ေတြ႕ဖို႔ ရက္ခ်ိန္း မျပည့္ခင္ တစ္ရက္ျဖစ္တယ္။

....................
Yibo's diary,

သူတို႔က Zhan ge ဆိုတာ တကယ္မရွိဘူးလို႔ ေျပာတယ္။ ကၽြန္ေတာ့္စိတ္ထဲက ဖန္တီးထားတဲ့ ပုံရိပ္ေယာင္တစ္ခုတဲ့။ ဒါေပမယ့္ Zhan ge ကို ျပန္ေတြ႕လိုက္ရတဲ့အခ်ိန္မွာ အားလုံးက အမွန္တကယ္ျဖစ္ခဲ့တယ္ဆိုတာ ကၽြန္ေတာ္သေဘာေပါက္လိုက္တယ္။ အဲဒီတုန္းကအတြက္ ေတာင္းပန္ပါတယ္။ ကၽြန္ေတာ့္ကို ထပ္ၿပီး Zhan ge နဲ႔ ေဝးရာကို မပို႔ပါနဲ႔ေတာ့။

_______________________________

Continue Reading

You'll Also Like

54.9K 7.2K 33
مـیـن یـوونـگی لە پەیوەندیەکی هاوسەرگیری جێگیردایە بەڵام ڕۆژێک لەبەر توڕەیی لەهاوسەرەکەی بڕیارێکی ناجێگیر دەدات و هاوسەرگیری دووەم ئەنجام دەدات لەم...
871K 35.8K 30
"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကြၽန္ေတာ္ တစ္ခါ နမ္းရင္ ငါးသိန္း ထက္မနည္းရတယ္..သေဘာေပါက္လား?"(18+)
362K 38.1K 42
လက်ထဲက ဘေ့စ်ဘောရိုက်တံကိုကျစ်ကျစ်ကိုင်လို့ ပစ်မှတ်ကိုသေချာအာရုံစိုက်တယ်..... ဒီတစ်ခေါက် ဝမ်ရိပေါ်ရဲ့ ပစ်မှတ်က ဘောလုံးမဟုတ်တဲ့ နှလုံးသားတစ်ခုဖြစ်တယ်...