နတ်ဆိုးသခင်နှင့် သူတော်စင်(QW...

By MayKingMK119

543K 52.8K 1.3K

The Monk and Master of Demonic mm translation Eng translation link https://chrysanthemumgarden.com/novel-t... More

Chapter _( 1-1)(Zawgyi+Unicode)
Chapter _( 1-2) (Zawgyi+Unicode)
-Chapter 1.3 (Zawgyi+unicode)
Chapter - 2 (Zawgyi+unicode)
Chapter 3 (Zawgyi+unicode)
Chapter 4 (Zawgyi+unicode)
Chapter _ 5 (Zawgyi+unicode)
Chapter 6 (Zawgyi+unicode)
Chapter (7) (Z+U)
Chapter - 8 ( Zawgyi+Uni) ⚠🔞🔞⚠
Chapter ( 9 ) (Zawgyi+Unicode)
Chapter - 10 ( zawgyi+unicode)
Chapter 11 (Zawgyi+Unicode)
Chapter (12) ( zawgyi +unicode) ⚠⚠⚠
Chapter 13 ( Zawgyi+Unicode) 🚫🚫
Chapter _ 14 (Zawgyi+Unicode) 🔞⚠⚠🔞
Chapter (15)
Chapter _ 16 ( zawgyi+unicode)
Chapter (17) (zawgyi+unicode)
Chapter (18_ 1) ( zawgyi+unicode)
Chapter (18-2) ( zawgyi+unicode)
Chapter ( 19_2) (zawgyi+unicode)
Chapter (19-3) ((zawgyi+unicode)
Chapter (20-1)
Chapter ( 20_2) (zawgyi+unicode)
Note
Chapter (21-1) (zawgyi+unicode)
Chapter (21-2) (zawgyi+unicode)
Chapter (22-1) ( Zawgyi + Unicode)
Chapter (22-2) (zawgyi+unicode)
Chapter (23-1) (zawgyi+unicode)
Chapter (23-2) 🚫🚫🚫(zawgyi+unicode)
Chapter (24-1) (zawgyi+unicode)
Chapter (24-2) ⚠🔞🔞⚠ ( Zawgyi+unicode)
Chapter (24-3) 🔞🔞 (zawgyi+ unicode)
Chapter (25-1) (zawgyi+unicode)
HAPPY NEW YEAR
Chapter (25-2) ( zawgyi+unicode)
Chapter ( 26_1) (zawgyi+unicode)
Chapter (26-2) _ End (zawgyi+unicode)
FOD Extra _ 4
Face of Devil Arc_15
Lord of End of World
Another FOD translations

Chapter (19.1) (zawgyi+unicode)

8.3K 1.1K 14
By MayKingMK119

Chapter (19.1)
























🎄🎄🎄🎄🎄🎄
Chapter (19.1)

ညရောက်တဲ့အခါ မုလွေ့လင်က အိပ်ယာပေါ် ပုံလျက်သားလဲကျသွားပြီး အိပ်ပျော်သွားတော့တယ်။ အရှက်ရခြင်းဆိုတဲ့ ခံစားချက်က သူမရဲ့အရိုးတွေထိ တဖြည်းဖြည်းတိုက်စားနေတဲ့အဆိပ်တွေလို သူမကိုယ်ထဲမှာ သွားလာနေတဲ့ အဆိပ်ပိုးကောင်တွေလို နာကျင်တဲ့ခံစားချက်ကြောင့် မခံမရပ်နိုင်အောင်ဖြစ်နေမိတယ်။ ပိယွင်ရွာရဲ့ခန်းမဆောင်ထဲက ထွက်လာတဲ့အချိန် ကျန်းချန်ရန်ရဲ့ စက်ဆုပ်ရွံရှာတဲ့ မျက်ဝန်းအကြည့်ကို ပြန်သတိရတိုင်း မုလွေ့လင်ရဲ့မျက်ဝန်းထဲက မျက်ရည်တွေက အတားအဆီးမရှိ စီးကျလာတော့တယ်။ အဲ့ဒီအချိန်မှာ မွှေးရနံ့တစ်ခုကိုရလိုက်ပြီး သူမတစ်ကိုယ်လုံးက ကြွက်သားတွေက အားမရှိသလို ပျော့ကျသွားပြီး နှလုံးက ပြင်းထန်စွာခုန်လာတော့တယ်။

“တစ်ယောက်ယောက် လာကြပါဦး..”

မုလွေ့လင်က အလန့်တကြား နှုတ်ခမ်းကိုဖွင့်ဟပြီး အပြင်ကိုလှမ်းခေါ်ပေမယ့် သူမနှုတ်ဖျားက စကားသံတိုးတိုးပဲ ထွက်လာနိုင်တော့တယ်။

လူရိပ်တချို့က တစ်ဝက်ဖွင့်ထားတဲ့ ပြတင်းတံခါးကနေတစ်ဆင့် သူမအိပ်ခန်းထဲကို တိတ်တဆိတ်ဝင်လာကြတယ်။ ဒီလူတွေက သူမကိုယ်ပေါ်က အဝတ်တွေကို တစ်လွှာချင်း ချွတ်ဖယ်လိုက်ကြတာကိုသိပေမယ့် မုလွေ့လင်က ဆေးမိထားလို့ နှုတ်ကဖွင့်ဟပြီး အကူအညီခေါ်လို့မရသလို ရုန်းကန်ငြင်းဆန်နိုင်ခြင်းမရှိအောင် ပျော့ခွေနေတယ်။ ဒီလူတွေက သူမရဲ့အဝတ်ကိုချွတ်ခွာပြီး သူမရဲ့ခြေထောက်နှစ်ချောင်းကို ချဲ့ကားလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် သူမကို အနိုင်အထက်ပြုမူပြီး အတင်းအကျပ်ရယူကြတယ်။ သူတို့က ပိုပြီးပျော်ရွှင်လာကြတဲ့အတွက် သူမကို အလယ်မှာဖိထားပြီး လူနှစ်ယောက်က တစ်ပြိုင်တည်း သူမရဲ့ရှေ့ပေါက်နဲ့နောက်ပေါက်ထဲ ဝင်ရောက်ဆက်ဆံကြတယ်။ ဒီလူစုက သူမကိုယ်က သွေးတွေယိုစီးကျလာတဲ့အထိ အတူတူ တစ်ပြိုင်တည်း အကြိမ်ကြိမ်ဆက်ဆံကြတယ်။ နောက်ဆုံး သူတို့ ကျေနပ်မှုရသွားတော့မှ ရပ်လိုက်ကြတယ်။ သူတို့ထဲကတစ်ယောက်က ရယ်မောပြီး ပြောသွားသေးတယ်။

“အရသာတော်တော်ရှိတာပဲ.. နတ်သမီးပုံပြင်ထဲက မိန်းကလေးထက် မင်းက ပိုပြီး ဆွဲဆောင်မှုရှိတယ်.. ဒီနေ့တော့ အနားယူလိုက်ဦး.. မနက်ဖြန်ကျမှ ငါတို့ ပုံစံတစ်မျိုးပြောင်းပြီး ပျော်ကြတာပေါ့..”

ဒီရွာမှာရှိတဲ့အစောင့်တွေနဲ့ အသေခံလူသတ်သမားတွေက အစောပိုင်းပြဿနာထဲမှာ အသတ်ခံလိုက်ရလို့ အခု ရွာရဲ့လုံခြုံရေးကို စောင့်နေတာက ယွန်ခွန်ဖုန်းရဲ့ စစ်တပ်တွေကပဲ ကိုင်တွယ်နေတယ်။ သူတို့က ဒီနေရာကိုလာကြပေမယ့် ဒီရွာရဲ့အစေခံတွေလိုမျိုး နေရာတိုင်းကို လိုက်လုပ်ပေးဖို့ကို သဘောမတူကြဘူး။ ဒါကြောင့် အစောပိုင်းကလူရိပ်တွေ မုလွေ့လင်ရဲ့အိပ်ခန်းထဲကို ဝင်သွားတာကိုတွေ့ပေမယ့် ဘယ်သူမှ စိတ်ဝင်တစား အရေးတယူ လာမကြည့်ကြဘူး။ သူတို့က မျက်မမြင်တွေလိုပဲ ကြောင်တောင်ကြည့်နေလိုက်တယ်။

အခန်းကတိတ်ဆိတ်သွားပြီး ခုနတုန်းကရှိခဲ့တဲ့ လှုပ်ရှားမှုတွေ၊ ရမ္မက်ပြင်းပြင်းရဲ့ အသက်ရှူသံတွေက ဘယ်တုန်းကမှမရှိခဲ့ဖူးသလို ပျောက်ကွယ်သွားတော့တယ်။ မုလွေ့လင်က တောင်ပိုင်းစစ်သေနာပတိချုပ်ရဲ့ နန်းတော်တုန်းက အကူညီကင်းမဲ့စွာနဲ့ အနိုင်ထက်ပြုကျင့်ခံရတဲ့ တူညီတဲ့အခြေအနေကို နောက်တစ်ကြိမ်ရင်ဆိုင်နေရသလို ခံစားလိုက်ရတယ်။ မကောင်းမှုတစ်ခုက စတင်ဖြစ်ပြီးသွားရင် ဘယ်တော့မှ မရပ်တန့်နိုင်တော့ဘူးဆိုတာ မုလွေ့လင် ကောင်းကောင်းသိသွားတော့တယ်။

အခု သူမက မကောင်းတဲ့နာမည်ထွက်သွားပြီး ဂုဏ်သိက္ခာ ထိခိုက်ပျက်စီးသွားပြီဆိုတော့ လူတိုင်းက ထိခိုက်စော်ကားလို့ရတယ်ဆိုတဲ့ တံဆိပ်ကပ်လိုက်သလို ဖြစ်နေပြီ။

သူမကိုယ်တိုင်ကလည်း ကျန်းချန်ရန်အတွက် လုပ်ကိုင်ပေးရင်း ရန်သူအများကြီးကို ဖန်တီးမိပြီးဖြစ်နေပြီ။ ဒီလိုအခြေအနေမှာ ယွန်ခွန်ဖုန်းရဲ့ ကာကွယ်စောင့်ရှောက်မှုကို သူမ လက်လွှတ်လိုက်မယ်ဆိုရင် အနာဂတ်မှာကြုံရမယ့် သူမရဲ့ကံကြမ္မာက ဒီကနေ့အဖြစ်ထက် အဆပေါင်းများစွာ ဆိုးရွားလာမှာသေချာတယ်။

မုလွေ့လင်က နှလုံးကွဲကြေမတတ် နောင်တရနေမိတယ်။ သူမ,လုပ်ခဲ့တဲ့ မကောင်းမှုတွေရဲ့အကျိုးဆက်ကို သူမ ပြန်ပေးဆပ်ရတော့မယ်ဆိုတာ သိနေပြီး ဒီအဖြစ်ဆိုးကနေ ဘယ်သူကများ လာကယ်တင်ပါ့မလဲ။ ကျန်းချန်ရန်က အာဏာကို လိုချင်တပ်မက်တာထက် ဟိုဘက်ကိုလွန်နေပြီ။ ယွန်ခွန်ဖုန်းကလည်း သူ့တိုက်ပွဲအောင်နိုင်ဖို့ သူမကို အလွယ်တကူပဲ စွန့်ခွာသွားမှာသေချာတယ်။

အခု သူမက ပြည့်တန်ဆာတစ်ဦးထက်မပိုတဲ့ လူတကာ လာရောက်စော်ကားနိုင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပြီ။ ဂုဏ်သိက္ခာရှိတဲ့ မုအိမ်တော်ကမမလေးဆိုတဲ့ သိက္ခာလည်း မရှိတော့ဘူး။ သူမက ပြည့်တန်ဆာသာသာပဲ ကျန်တော့တယ်။ ဘယ်သူကများ သူမကို ဒီဘဝကနေ ဆွဲတင်ပေးနိုင်ပါတော့မလဲလို့ တွေးပြီး မုလွေ့လင် ဘုရားတနေမိတယ်။

သူမရဲ့ ဒီနေ့မှာကြုံတွေ့ရတဲ့ ကံကြမ္မာတွေအားလုံးက ကျိုးယွင်ရှန့်ရဲ့လုပ်ဆောင်ချက်ကြောင့်လို့ မုလွေ့လင် နည်းနည်းမှ မစဉ်းစားမိဘူး။

ယွန်ခွန်ဖုန်းရဲ့ ဒေါသတကြီး လက်တုံ့ပြန်ကလဲ့စားချေခြင်း၊ ရတနာမြေပုံ ပေါ်ထွက်လာခြင်း၊ Wuji Xinjing သိုင်းကျမ်းသတင်း ပျံ့နှံ့သွားခြင်း၊ ပိယွင်ရွာရဲ့ မကောင်းတဲ့လုပ်ရပ်ပေါ်သွားပြီး လူတိုင်းနဲ့တိုက်ပွဲဖြစ်ခြင်း၊ မုလွေ့လင်နဲ့ သူမကို လာရောက်စော်ကားတဲ့ လူတစ်စု…။ ဒါတွေအားလုံးက စနစ်တကျတွက်ချက်ပြီး အကွက်ချထားတဲ့အရာအောက်မှာပဲ အားလုံး ဖြစ်ပျက်သွားခဲ့တာဖြစ်တယ်။

မိန်းမတစ်ယောက်က ပြဿနာနဲ့ရင်ဆိုင်ရတဲ့အချိန် ဒီအကျပ်အတည်းက လွတ်မြောက်ချင်တယ်ဆိုရင် သူမက အရမ်းကိုသန်မာဖို့လိုတယ်။ ဒါမှမဟုတ် အင်အားကြီးတဲ့ လူတစ်ယောက်အရိပ်ကို ခိုလှုံနိုင်ဖို့လိုအပ်တယ်။ မုလွေ့လင်ရဲ့ ပင်ကိုယ်စရိုက်က သန်မာတဲ့စရိုက်မဟုတ်ဘူး။ ဒီလိုပဲ သူမက နှိမ်ချတဲ့အမူအကျင့်လည်း မရှိဘူး။ အဆိုးဆုံးအချက်ကတော့ သူမကိုကာကွယ်ပေးဖို့ ရွေးချယ်တဲ့နေရာမှာ တွက်ချက်တာမှားသွားတာပဲဖြစ်တယ်။

မုလွေ့လင်က အမြဲတမ်း ပါးနပ်လွန်းတဲ့သူဖြစ်ခဲ့တယ်။ ဒါကြောင့် တစ်ခုတည်းသောရလဒ်က သူမရဲ့ကံတရားကို တွက်ချက်တဲ့နေရာမှာ လုံးဝကို မှားယွင်းသွားခဲ့တာဖြစ်တယ်။ တကယ်တော့ ကျိုးယွင်ရှန့်ကတောင် သူမကို ဘာမှလုပ်ဖို့တောင် မလိုလိုက်ဘူး။ သူမ အရင်က ပါဝင်လုပ်ဆောင်ခဲ့တဲ့ မကောင်းမှုကို အခု သူမ ပြန်ပေးဆပ်ရမှာဖြစ်တယ်။ ဒီလိုပဲ ကျန်းချန်ရန်နဲ့ မုကျင့်ကောတို့လည်း သူတို့သေလမ်းကိုရောက်ဖို့ ဘာမှမကြာတော့ဘူး။

ရှောင်လင်ကျောင်းရဲ့ ပြစ်ဒဏ်ဆင်ခြင်ခြင်းလှိုဏ်ဂူထဲမှာ ဇီရွှမ်က ၄၉ ရက်လုံးလုံး တံခါးပိတ်နေခဲ့တယ်။ သူ့အသိစိတ်ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ တည်ရှိနေတဲ့ မကောင်းတဲ့အတွေးတွေက ပုန်းခိုနေပြီး ဒီအတွေးကိုရအောင် ဖမ်းဆုပ်ဖော်ထုတ်ဖို့ သူ့မှာ အရမ်းကိုအခက်ကြုံနေတယ်။ သူက သမာဓိကို ငြိမ်အောင်ထိန်းပြီး ဒီအတွေးတွေကို ဖိနှိပ်လို့ ပျောက်သွားအောင်ပဲ ကြိုးစားနေရတယ်။

နှင်းလို၊ ကျောက်စိမ်းဖြူရောင်လို အသားအရေရှိတဲ့ ချစ်စဖွယ်ကိုရင်လေးတစ်ပါးက ထမင်းဘူးကိုသယ်ပြီး လှိုဏ်ဂူထဲဝင်လာခဲ့တယ်။ သူက ထမင်းပန်းကန်နဲ့ ဟင်းသီးဟင်းရွက်ကြော် တစ်ပန်းကန်ကို ထုတ်လိုက်တယ်။

“ရှစ်ရှုံး.. ထမင်းစားချိန်ရောက်ပါပြီ..”

သူက ဇီရွှမ် ထမင်းပန်းကန်ကို လှမ်းယူတာကိုစောင့်ရင်း မထင်မှတ်ဘဲပြောလိုက်တယ်။

“ရှစ်ရှုံး.. သိပြီးပြီလား.. လူတိုင်းက ယွီချန်းဟိုင်ကို အထင်လွဲနေကြတာတဲ့.. မိသားစုခုနစ်စုကို တိုက်ခိုက်ဖျက်ဆီးခဲ့တာက ပိယွင်ရွာလူကြီး ကျန်းချန်ရန်က ကြံစည်ပြီးလုပ်ခဲ့တာတဲ့.. သူက လူတိုင်းကို အထင်လွဲအောင်လုပ်ပြီး ယွီချန်းဟိုင်ခေါင်းပေါ်ကို ပုံချခဲ့တာ.. လူတိုင်းက မကောင်းမှုကျူးလွန်မိအောင် သူပဲစီစဉ်ခဲ့တယ်.. ကံဆိုးလိုက်တာ.. ရှေးဟောင်းဂိုဏ်းက မျိုးဆက်တွေ တစ်ယောက်မှ အသက်ရှင်မကျန်ရစ်ခဲ့ဘူး.. ဒီလောကကြီးက ကြောက်စရာကောင်းလိုက်တာ..”

သူက အမှတ်မဲ့ပြောပြီး အရမ်းကိုကြောက်သွားခဲ့တယ်။ ဇီရွှမ်က ဘာမှမထူးခြားတဲ့ အမူအယာနဲ့ ထမင်းကို တိတ်တိတ်လေး စားနေခဲ့တယ်။ ဒါပေမယ့် သူ့မျက်ဝန်းထဲမှာ အရိပ်တစ်ခုက ဖြတ်ခနဲပေါ်လာပြီး ပျောက်ကွယ်သွားတယ်။

ကိုရင်လေးက စိတ်ရှည်လက်ရှည်နဲ့ သူ့ရှစ်ရှုံး ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်နေတယ်။ သူ ဘယ်လိုမှ မတုံ့ပြန်တာကိုတွေ့တော့ ပန်းကန်ပြားတွေကိုသိမ်းဆည်းပြီး ထွက်မသွားခင် သုံးကြိမ်လောက် လှည့်ပတ်ကစားလိုက်တယ်။ သူက လှိုဏ်ဂူအဝကိုရောက်တဲ့အခါ ဇီရွှမ့်ကို သိသိသာသာ ငေးစိုက်ကြည့်နေတယ်။

ကိုရင်လေးက အစားအသောက်ထည့်တဲ့သေတ္တာကို မီးဖိုဆီကိုပြန်ယူလာရင်း အကျယ်ကြီးအော်ဟစ်ပြီး တစ်ယောက်တည်း စကားတွေပြောနေမိတယ်။ သူ့ဆရာက ဘာကြောင့် ဒီလိုသွေးအေးတဲ့ဘုန်းကြီးတစ်ပါး ဖြစ်စေချင်တာလဲ။ ဒီလိုရက်စက်တဲ့ အကြင်နာတရားကင်းမဲ့တဲ့ ရှစ်ရှုံးဘေးမှာ ဘာကြောင့် သူ့ကို စောင့်နေစေချင်တယ်ဆိုတာ သူ နားမလည်နိုင်တော့ဘူး။

ငါးနှစ်အကြာမှာ ဂိုဏ်းချုပ်ဆရာသခင်က သူ့ကိုပြန်လာခေါ်မယ်ဆိုပေမယ့် ဒီအချိန်ရောက်တဲ့အထိ သူ အသားကိုလုံးလုံးမစားရဘဲ သတ်သတ်လွတ်ပဲ စားနေရတယ်လေ။ ဒါက သူ့ကို တကယ့်ကို ခက်ခဲစေတာပဲမဟုတ်လား။

Continue Reading

You'll Also Like

181K 30.6K 76
အချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တ...
542K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
573K 105K 75
Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter - 89 Chapters Genre - Comedy, Romance...
70.7K 5.1K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...