Love me more than you can say...

Por empress152

169K 9.3K 94

Uni code: ကိုကို့ကို စချစ်ခဲ့သူက တိတိလေးပါ Wang Yibo မဟုတ်ဘူး ကိုကိုက စချစ်ခဲ့တာ တစ်ကယ်က ဘယ်အချိန်မှာစချစ်မှန... Más

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14 (Final)
Extra 🔞

Part 13

8.1K 452 1
Por empress152

Unicode:

"ကိုကို မထသေးဘူးလား လေယာဥ်ချိန်နောက်ကျတော့မှာပဲ'

"ဘယ်နှနာရီထိုးပြီလဲ တိတိလေး'
ရှောင်းကျန့်အိပ်ချင်မူးတူးနှင့်မေးလိုက်သည်

"ကိုးနာရီ'

"ဘာ' ရှောင်းကျန့်ချက်ခြင်းဖုန်းကနာရီကို ယူကြည့်လိုက်တော့
ဟူး တော်ပါသေးရဲ့

"Hoon ခုနှစ်နာရီပဲရှိသေးတာကို'

"လေယာဥ်ချိန်က ကိုးနာရီလေကိုကို ကားပိတ်မယ့်အချိန်ရယ် ကိုကိုပြင်ဆင်ရမယ့်အချိန်ရယ်ရှိသေးတယ်လေ'

"ဘာလဲ ကိုကို့ကို မြန်မြန်ပြန်စေချင်နေတာလား'

"ကိုကိုရာ ကျစ်'

"တိတိ ဘာလဲကိုကို့ကို စိတ်မရှည်ဖြစ်နေတာလား အသံကိုချက်ခြင်းပြင် ကိုကိုက တိတိလေးကိုချစ်လွန်းလို့ ဒီထိလိုက်လာတဲ့သူနော်'

"ကိုကိုရာ တိတိလေးသိပါတယ် ကိုကိုအရမ်းချစ်မှန်းလည်းသိတယ် ကိုကိုအခုလိုရစ်နေတာ အိပ်ရေးမဝလို့ဆိုတာလည်းသိတယ် ဒါပေမဲ့ တိတိလေးကလည်း ကိုကို့ကို နောက်ကျမှာစိတ်ပူလို့လေ တိတိလေးစိတ်တွေကို ကိုကို့အတွက်မို့ မနည်းဆွဲဆန့်ထားရတာရောသိရဲ့လား'

ရှောင်းကျန့်ဘာမှမပြော ဆူပုတ်ကာနေနေသည်

ဝမ်ရိပေါ် ထော်နေတဲ့နှုတ်ခမ်းလေးကို မနမ်းဘဲမနေနိုင်တော့ မနက်စောစောစီးစီး သမာဓိအားကိုလာစမ်းနေတယ်

"မွ စိတ်မကောက်ပါနဲ့တော့ကိုကိုနော်'

"ဟာ မျက်နှာမသစ်ရသေးဘူးလေကွာ'

"ကိုကိုမသစ်နဲ့အုံး တိတိလေးအရင်Toiletထဲသွားပြီ'

"မမေးနဲ့မမေးနဲ့ ကိုကိုထင်တဲ့အတိုင်းပဲ'

😁တိတိလေး တိတိလေး မနက်မိုးလင်းမယ်မကြံသေးဘူး မှောင်မိုက်နေပြန်ပြီ

အားလုံးပြင်ဆင်ပြီးတော့ ရှောင်းကျန့်လေဆိပ်ကိုဆင်းလာရသည် တိတိလေးက Programအချိန်နဲ့ ကိုက်နေတာမို့ လိုက်ပို့လို့မရ

အလာတုန်းကသာ ပျော်မြူးနေတာ အပြန်ကျဝမ်းနည်းသလို ငိုချင်သလိုဖြစ်နေသည်

"Wang Yibo is calling VC' တိတိလေးက vcခေါ်နေသည် ရှောင်းကျန့် တိတိလေးကိုမြင်ပြီးအသံကြားရလျှင် Myanmarနိုင်ငံကပင်ပြန်ချင်မှာ မဟုတ်တော့ မပြန်လို့ကလည်း မဖြစ်ပင်ဆယ်နာရီ Vipတွေနှင့်Meetingရှိသည် အလုပ်ကြိုးစား လုပ်ပြီး တိတိလေးကို တင့်တင့်တယ်တယ်ထားနိုင်အောင်လုပ်ရအုံးမည်
ထို့ကြောင့်ဖုန်းမကိုင်ပဲ Messageသာပို့လိုက်သည်

"အလုပ်ဖြောင့်ဖြောင့်လုပ်နော် ကိုကိုဟိုရောက်ရင် ဖုန်းဆက်ဆက်မယ် ကလေး'

"ဟုတ်ကဲ့ကိုကို Have a safe trip'

.......

ရှောင်းကျန့်ရောက်ကြောင်းတိတိလေးကိုဖုန်းဆက်ပြီးပြောသည် ထို့နောက်Meetingထဲတန်းဝင်ရသည် အလုပ်ထဲ အာရုံစိုက်လိုက်သည်မို့ လွမ်းတာနည်းနည်းသက်သာသည် အကြာကြီးခွဲပြီးမှ ပြန်အဆင်ပြေရာကတဆင့် လက်ထပ်ရမည့်သူမလို့ ထပ်ပြီးခွဲရမှာ သည်းမခံနိုင်တော့

"တိတိလေး Hotelပြန်ရောက်ပြီလား ကိုကိုအိမ်ပြန်ရောက်ပြီ တိတိလေးမရှိတဲ့အိမ်မှာ ကိုကိုမနေချင်တော့ဘူး မြန်မြန်ပြန်လာတော့' ရှောင်းကျန့်
့်ဖုန်းဆက်ကာ
တိတိလေးကိုချွဲနေလိုက်သည်

"ကိုကို.. တိတိလေးလဲ အခုပဲပြန်ရောက်တာ
ကိုကို့ကိုလည်း စိတ်မချလို့ ဒီနေ့အလုပ်တွေအားလုံးပြီးအောင်လုပ်ပြီး မနက်ဖြန်ညဘက်ပြန်လာတော့မို့'

"ပြောတော့ တစ်ပတ်လောက်ကြာမှာဆို'

"ဟုတ်တယ် Managerက ကျန်ခဲ့မှာ Kalaw Inleဘက်အလည်သွားကြအုံးမှာတဲ့'

"တိတိလေးပဲပြန်လာမှာလား ကိုကိုစိတ်မချပါဘူးဆို မနက်ဖြန်နေ့ခင်းလေယာဥ်နဲ့လာခေါ်ရမလား'

"Bodyguardတွေပါမှာပါ ကိုကိုရဲ့ စိတ်မချမဖြစ်နဲ့ China လေဆိပ်ကပဲစောင့်နေနော်'

"ကလေးကဒီနေ့တစ်ယောက်ထဲအိပ်ရဲပါ့မလား ကိုကိုလာရမလား တစ်နာရီလောက်ပဲကြာမှာပါ နော်'

"လုပ်ပြန်ပြီ Sugar koko မလာနဲ့တော့ ကိုကိုနဲ့ဖုန်းပြောနေရရင်မကြောက်တော့ဘူး ကိုကိုအနားမှာရှိနေသလိုပဲမို့'

"အဲ့တာဆို တိတိလေးမကြောက်အောင် ကိုကို့ကို ပုံပြင်ပြောပြ'

(အမောင်ရှောင်းကျန့် သူကပြောပြရမှာကို ကလေးဆိုးလေး)

"အင်း ပြောပြမယ်..ဟိုရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ အသက်သာကြီးလာတယ် ကလေးလေးလိုအရမ်းဆိုးတတ်တဲ့ ကောင်ကလေးတစ်ယောက်ရှိတယ်တဲ့'

"ဟွန့် အဲ့တာဘယ်သူ့ကိုပြောတာလဲတိတိလေး'

"Haha ပုံပြင်လေကိုကိုရဲ့ ပုံပြင်ထဲကကောင်လေးပါဆို'

"ပြီးရော ဆက်ပြော'

"တစ်နေ့မှာ.......
.....
......
.... နှစ်ဦးသားပေါင်းဖက်ပြီး ပျော်ပျော်ရွှင်ရွှင်နေသွားသတဲ့.. ကိုကို..ကိုကို'

ကိုကိုတော့အိပ်သွားပြီထင်တယ် မှောက်ယက်လေးအိပ်နေတာ ချစ်စရာကောင်းလိုက်တာနော်

တစ်နေကုန်ပင်ပန်းထားသူမို့ သရဲအကြောင်းပင်မစဥ်းစားမိတော့ ဖုန်းမချတော့ဘဲ ကိုကိုကိုကြည့်ကာ ဖုန်းထဲကကို့ကို အနမ်းလေးပေးရင်း ဝမ်ရိပေါ်လည်း အိပ်ပျော်သွားတော့သည်

နောက်တစ်ရက်ထုံးစံအတိုင်း Outdoor shootingအတွက်ကြိုးစားပမ်းစားရိုကိပေးနေသည်

"ဝမ်ရိပေါ် ဒီနေ့တော့ပြုံးရွှင်နေတာပဲနော် သုံးရက်ရိုက်ရတာထဲမှာ ဒီနေ့ရိုက်ရတာ စိတ်အကျေနပ်ဆုံးပဲ..ပြန်ရတော့မှာမို့လို့ပျော်နေတာလား'

"အင်း' စကားတစ်လုံးသာပြန်ပြောပြီးအလုပ်ကိုအကောင်းဆုံးလုပ်ပေးနေမိသည်

ညနေခြောက်နာရီ လေယာဥ်စီးဖို့ထွက်လာသည်
ကိုကို့ကို ဖုန်းဆက်ရင်း နေရာယူထားလိုက်သည်

"ကိုကို နောက်တစ်နာရီဆိုရောက်ပြီနော် လာကြိုမှာမလားဟင်'

"လာကြိုမှာပေါ့ တိတိလေးရဲ့'

"တာ့တာ လေယာဥ်စထွက်တော့မယ်ကိုကို Instructions တွေရွတ်ပြနေပြီ'

"Okayတိတိလေး bye'

To be continued

A/N: နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါတော့မယ်နော် My readersလေးတွေ ❤

..............................Zawgyi...........................



"ကိုးနာရီ'

ဟူး တော်ပါသေးရဲ့




"ကိုကိုရာ ကျစ်'


"ကိုကိုရာ တိတိလေးသိပါတယ့ က်ုကိုအရမ်းချစ်မှန်းလည်းသိတယ် ကိုကိုအခုလိုရစ်နေတာ အိပ်ရေးမဝလို့ဆိုတာလည်းသိတယ် ဒါပေမဲ့ တိတိလေးကလည်း ကိုကို့ကို နောက်ကျမှာစိတ်ပူလို့လေ တိတိလေးစိတ်တွေကို ကိုကို့အတွက်မို့ မနည်းဆွဲဆန့်ထားရတာရောသိရဲ့လား'













.......


့်ဖုန်းဆက်ကာ













"ပြီးရော ဆက်ပြော'

"တစ်နေ့မှာ.......
.....
......










"Okayတိတိလေး bye'

To be continued


Seguir leyendo

También te gustarán

73.9K 3.6K 29
ချစ်​ရသူရဲ့ဂတိအတွက်​မြတ်နိုးရသူကို​ရှောက်​​စောင့်​ပါ​စေ Wang yi bo အလင်း​ရောင်​မရှိ​​တော့တဲ့​အချိန်​မှာ....​မောင်​...ဆိုတဲ့အလင...
6.6K 446 7
YiZhan 💚❤ ZhanYi Chibi ခံစားမှုအပိုင်းအစများကို ရေးဖွဲ့သည်
67.7K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
22.3K 1.2K 24
im Yoong PK Groupsရဲ့သားအငယ်အကိုတစ်ယောက်နဲ့ညီမတစ်ယောက်ရှိသည် PKဆေးရုံရဲ့ဒါရိုက်တာချုပ်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းဆရာဝန်ဟားဗတ် တက္ကသိုလ်မှအထူးဘွဲ့ရရြှိ...