Don't Bring My Brother Away...
By BrownishRabbit
551K 62.4K 6.7K
ဘဝကြီးကခါးပါသည်​။ဖူးစာရှင်​လို့သတ်​မှတ်​ ထားသည့်​crush ကြီးကအစ်​ကိုဖြစ်​သူကို သ​ဘောကျ​နေတယ်​လို့သိလိုက်​ရတဲ့အ... More
Episode-(1) Z+U
Episode-(2) Z+U
Episode-(3) Z+U
Episode-(4) Z+U
Episode-(6) Z+U
Episode-(7) Z+U
Episode-(8) Z+U
Episode-(9) Z+U
Episode-(10) Z+U
Episode-(11) Z+U
Episode-(12) Z+U
Episode-(13) Z+U
Episode-(14) Z+U
Episode-(15) Z+U
Episode-(16) Z+U
Episode-(17) Z+U
Episode-(18) Z+U
Episode-(19) Z+U
Episode-(20) Z+U
Episode-(21) Z+U
Episode-(22) Z+U
Episode-(23) Z+U
Episode-(24) Z+U
Episode-(25) Z+U
Episode-(26) Z+U
Episode-(27) Z+U
Episode-(28) Z+U
Episode-(29) Z+U
Episode-(30) Z+U
Episode-(31) Z+U
Episode-(32) Z+U
Episode-(33) Z+U
Episode-(34) Z+U
Episode-(35) Z+U
Episode-(36) Z+U
Episode-(37) Z+U
Episode-(38) Z+U
Episode-(39) Z+U
Episode-(40) Z+U
Episode-(41) Z+U
Episode-(42) Z+U
Final Episode Z+U
Goodbye letter
Attention!!!
Episode-(5) Z+U
13.5K 1.6K 101
By BrownishRabbit
Zawgyi Version
နင်းရသည်​။
သိပ်​တော့မကြာလိုက်...။
ဘာ​လေး care ရမှာ​ပေါ့..."
skin car ဖို့မ​ပြောနဲ့။ဘာမှကိုထမ care ပဲ
ကာလနဂါးလိုအိပ်​တာ။
ဝယ်​ပေးထားတာ။
"ကျန့်​ကော..."
"​ဟေ..."
အဆင်​ပြေမှာ မဟုတ်​ဘူး..."
နည်းနည်းကြမ်းမယ်​..."
မိသည်​။
မျှသတိမထားမိ။
လမ်းကြိုလမ်း​ကြား​တွေကို map နဲ့ရှာ​ဖြွေခင်းခံ ထားရတဲ့လွယ်​အိတ်​ထဲကဖုန်း​လေးခမျာစကား​ပြောတတ်​ရင်​'ငါ့ကိုနည်းနည်း​လောက်​အားနာပါ ဦးလား Yibo ရယ်​'ဆိုပြီးများ​ပြော​မလားမသိ။
"အိမ်​နဲ့နီးလို့..."
ပါတာ့တာလှမ်းပြ​နေသည်​။
"​သေချာကိုင်​ထား..."
အဲ့ဒီ့​နေ့ကအတိုင်းပဲ...။
မေပယ်​လ်​နံ့​လေး...။
မ​ကျော်​။
သည်​။
"အား!!!"
တွေ့ပါပြီ...။
သွေးအလိမ်းလိမ်း...။
သည့်​အသွင်​။မျက်​ရည်​တစ်​စက်​မှမကျ။
မယ်​..."
ပြန်​ဖြစ်​သွားသည်​။
ကောင်​လေး။
တစ်​လှမ်း...။နှစ်​လှမ်း...။သုံးလှမ်း...။
ထဲက​နေ​မော့ကြည့်​သည်​။
"ကျစ်​..."
သည်​။
ခေါ်တာလား..."
"ဟုတ်​ကဲ့..."
အံ့သြတကြီးနား​ထောင်​နေသည့်​ Yibo က​လျှပ်​တစ်​ပြက်​မေးခွန်းပြန်​ထုတ်​ခြင်းခံလိုက်​ရ​တော့ ဘာမြှပန်​မ​ဖြေနိုင်​။
"ဟင်​..."
လက်​သေး​သေး​လေး​တွေ...။
"နာတယ်​..."
စိုက်​ထောင်​နေရသည်​။
"အရမ်းနာတယ်​ကျန့်​ကော..."
လာသည့်​ Yibo ။
သည်​။
သေးတယ်​ပြောရမယ်​။ဒါ​ပေမယ့်​ Yibo အရွယ်
တော့နက်​သည်​။
"ပျင်းလို့..."
ပြလာသည်​။
မေဘယ်​လ်​နံ့​လေး...။
=============================
ဘယ်​လို​ရောက်​နိုင်​မှာလဲဆိုတဲ့အ​တွေးကိုပြန်
Unicode Version
ကျန့်​ကောတိုက်​ခန်းနဲ့ Yibo အိမ်​ယာကစက်​ဘီးနဲ့လာမယ်​ဆိုအနည်းဆုံးနာရီဝက်​လောက်
နင်းရသည်​။
ဒါ​ပေမယ့်​လဲ​မြန်မြန်​ရောက်​ချင်​စိတ်​နဲ့မှန်းထား တာထက်​စောပြီးထွက်​ချလာလိုက်တယ်​။​ကြို​ရောက်​တော့လဲ​အောက်​မှာ​စောင့်​နေမှာ​ပေါ့။
သိပ်​တော့မကြာလိုက်...။
(10)မိနစ်​လောက်​အကြာမှာ Xiao Zhan တို့​မောင်​နှမနှစ်​ယောက်​ဆင်းလာသည်​။
"Yibo...​စောင့်​နေရတာ ကြာပြီလား...sry ကွာ..."
"ကျွန်​တော်​လဲ အခုမှ​ရောက်​တာ..."
"​တော်​ပါ​သေးရဲ့...Zu er​ တစ်​ယောက်​ကွာ...
ပြင်​လို့ဆင်​လို့ကို မပြီးနိုင်​တာ...သွားခါနီးအထိ ဘာ​တွေမှန်းမသိ​လျှောက်​လိမ်း​နေ​သေးလို့ မနည်းဆွဲ​ခေါ်လာရတယ်​...မဟုတ်​ရင်​ဒီ​နေ့​ကျောင်း​ရောက်​တော့မှာ မဟုတ်​ဘူး..."
"ရာသီဥတုက​အေးလာပြီ​လေ​ကောရယ်​...
ဒီ​တော့ အသားအ​ရေမပျက်​စီး​အောင်​ skin လေး
ဘာ​လေး care ရမှာ​ပေါ့..."
​အရင်​နေ့​တွေ​တုန်းကများအိပ်​လိုက်​တာမှ​ခေါင်း
ကိုဆင်​တက်​နင်းသွားရင်​တောင်​ဘဝတစ်​ပါးကို
ငြိမ်းငြိမ်းချမ်းချမ်းကူး​ပြောင်းသွားနိုင်​ဖွယ်​ရှိသည့်​ပုံ။
skin car ဖို့မ​ပြောနဲ့။ဘာမှကိုထမ care ပဲ
ကာလနဂါးလိုအိပ်​တာ။
"ဒါဆိုလဲ သွားကြတာ​ပေါ့...ခဏ​လေး...​ကော
စက်​ဘီးသွားထုတ်​လိုက်​မယ်​..."
စက်​ဘီးက Zu er စက်​ဘီးဆို​တော့သိတဲ့အတိုင်း
ပန်း​ရောင်​ကိုမှလိပ်​ပြာ​တွေ၊ပန်းပွင့်​တွေနဲ့။အိမ်​မှာ
Xiao Zhan ကစက်​ဘီးမစီးတတ်​တော့ Zu er အတွက်​ပဲဟိုသွားဒီသွားလုပ်​လို့ရ​အောင်​မားက
ဝယ်​ပေးထားတာ။
အခု​တော့ဒီပန်း​ရောင်​ကြီး​ပေါ်အ​ရှေ့ကညီမဖြစ်​သူနင်းတာကို​ Xiao Zhan ကအ​နောက်​က​နေ မိန့်​မိန့်​ကြီးလိုက်​စီးရ​တော့မည်​။
"ကျန့်​ကော..."
"​ဟေ..."
Yibo ကကယ်​ရီယာဖင်​ကိုလက်​နဲ့ပုတ်​ပြသည်​။
"ကျွန်​တော်​နဲ့လာစီး...​ယောက်ျား​လေးချင်းက
ကိစ္စမရှိဘူး...မဟုတ်​ရင်​ကျန့်​ကောညီမ
​ကျောင်း​ရောက်​ရင်​ဟိုက်​သွားလိမ့်​မယ်​...
အဆင်​ပြေမှာ မဟုတ်​ဘူး..."
ဒီလိုလဲ​ကောင်းသားပဲ။ဒါဆိုသက်​တောင့်​သက်​သာလဲနင်းရမယ်​။Yibo မျက်​နှာ​လေးလဲလှမ်း
လှမ်းကြည့်​လို့ရမယ်။​ချွေးတစ်​လုံးလုံးကျတဲ့အထိ လျှာထွက်​အောင်​နင်းပြီးရုပ်​ပျက်​ဆင်းပျက်​ကြီး​ဖြစ်​စရာမလို​တော့ဘူး။
Yibo ကသူ့အတွက်​လဲစဉ်းစား​ပေး​ရှာသားဆိုပြီး
အ​ပျော်​လုံးဆို့​နေတဲ့ Zu er ရယ်​ပါ။
"ဟုတ်​သားပဲ​ကောရဲ့...​ကောကိုယ်​လုံးကြီးကို
Zu er လဲ အကြာကြီးတင်​မနင်းနိုင်​ဘူး...သွား... သွား...Yibo နဲ့သွားစီး..."
ချီတုံချတုံနဲ့အားနာ​နေသည့်​ Xiao Zhan ကို
Zu er ကအ​တင်း​တွေတွန်းလွှတ်​လေသည်​။
ကိုယ်​သေမယ့်​ကျွင်းကိုကိုယ်​တိုင်တူး​နေ​မိ​သော
သနားစရာ Zu er​ လေးအတွက်​ဆယ်​စက္ကန့်​လောက်​ငြိမ်​သက်​ပေးကြပါ။
"​သေချာကိုင်​ထား​နော်​...ကျွန်​တော်​နင်းတာ
နည်းနည်းကြမ်းမယ်​..."
"အရမ်း​တော့မကြမ်းနဲ့​လေကွာ..."
​ခြေ​ထောက်​တစ်​ချက်​ထောက်​ရုံနဲ့စက်​ဘီးကိုရ​ပ်​အောင်​လုပ်​နိုင်​တဲ့သူက​အရပ်​ကြီးမှအားမနာ ကြောက်​ကြောက်​လန့်​လန့်​နဲ့ခါးကိုတင်း​နေ​
​အောင်​ဆွဲဖက်​လာ​တော့ Yibo​ ကျောကတစ်​ဆင့်​ငြိမ့်​ငြိမ့်​လေးသွား​နေတဲ့စီးချက်​တစ်​ခုကိုခံစား
မိသည်​။
ကျန့်​ကောရဲ့နှလုံးခုန်​သံ​လေး...။
စက်​ဘီးလက်​ကိုင်​ကိုထိန်းကိုင်​ထား​တဲ့​ကောင်​
​လေးကြည်​ကြည်​နူးနူးနဲ့ပြုံးလိုက်​တာကို​မည်​သူ
မျှသတိမထားမိ။
"Yibo...မင်းက​ဘေကျင်းရဲ့ဒီလိုလမ်းကြိုလမ်း ကြား​တွေအထိ ဘယ်​လိုသိ​နေတာလဲ...မင်း
​မွေးတည်းက သြစီမှာပဲကြီးလာတာမဟုတ်​ဘူး လား..."
"ကျွန်​တော်​အသက်​(7)နှစ်​လောက်​အထိ
​ဘေကျင်းမှာပဲ​နေခဲ့တာ...​နောက်​မှ ဟိုကိုလိုက်​သွားတာ...ဒါ​ပေမယ့်​နွေရာသီဆို ဒီကိုတစ်​နှစ်​တစ်ခါပြန်​လာ​နေကျ...ဒါ​ကြောင့်​ဘေကျင်းနဲ့ ကျွန်​တော်​ကစိမ်းမ​နေဘူး..."
တစ်​ညလုံး​ကျောင်းကိုအမြန်​ဆုံး​ရောက်​နိုင်​မဲ့
လမ်းကြိုလမ်း​ကြား​တွေကို map နဲ့ရှာ​ဖွေခြင်းခံ ထားရတဲ့လွယ်​အိတ်​ထဲကဖုန်း​လေးခမျာစကား​ပြောတတ်​ရင်​'ငါ့ကိုနည်းနည်း​လောက်​အားနာပါ ဦးလား Yibo ရယ်​'ဆိုပြီးများ​ပြော​မလားမသိ။
​နှစ်​ယောက်​စာတင်​နင်းထားရတာမို့လို့​ Yibo ၏​ကျောပြင်​မှာ​ချွေး​တွေက​ရေ​လောင်းချထားသည့်​အတိုင်း။
"မင်းအ​ခြေအ​နေနဲ့ဆို​ဘေကျင်းမှာ အခုတက်​နေတဲ့​ကျောင်းထက်​ကောင်းတာ​ရွေးလို့ရတာပဲ​ဟာ...ဘာလို့ ဒီ​ကျောင်းကို​ရွေးလိုက်​တာလဲ..."
"အိမ်​နဲ့နီးလို့..."
Yibo​ နေတဲ့လူကုံထံအိမ်​ယာအနီးဝန်းကျင်​မှာရှိ​တဲ့အစိုးရ​ကျောင်း​ရော privtate​ ကျောင်း​တွေက
ပါတာ့တာလှမ်းပြ​နေသည်​။
အ​ရှေ့မှာရထားသွား​နေသည်​ဖြစ်​၍လမ်းခဏ
ပိတ်​ထား​တော့စက်​ဘီးကို​ခြေ​ထောက်​နှင့်​ထိန်း ရင်း Yibo အ​မော​ဖြေ​လေသည်​။
အ​နောက်​က​နေခါးကိုခပ်​တင်းတင်း​ဖက်​ထား သည့်​Xiao Zhan ကသူ့ရင်​ခွင်​ထဲမှာခပ်​ပုံ့ပုံ့ မှီထားသည့်​ Yibo ကိုအားနာလာသည်​ဖြစ်​၍
လက်​ကိုဖယ်​ပေးရန်​ပြင်​တော့ Yibo လက်ကသူ့
လက်​ဖမိုးကိုအုပ်​ကိုင်​လာသည်​။
"​သေချာကိုင်​ထား..."
တစ်​ချိန်​ကကိုယ်​စာသင်​ပေးခဲ့ဖူးတဲ့က​လေး​ပေါက်​စ​တောင်​အသံခပ်​သြသြကြီးဖြစ်​နေပြီပဲ...။
ဒီလို​တွေးမိရင်းနဲ့ဘာရယ်​မဟုတ်မျက်​စိ​ရှေ့မှာ
မြင်​နေရသည့်​ဆံပင်​ခပ်​အုပ်​အုပ်​လေးထဲ Xiao Zhan နှာ​ခေါင်းမသိမသာကျွံဝင်​သွားသည်​။
​ချွေး​တွေကိုလက်​ဖမိုးနှင့်​သုတ်​ကာအလုပ်​ရှုပ်​နေ
သည့်​ Yibo က​တော့သတိမထားမိ။
Yibo ဆံပင်​လေးကို​မွှေးကြည့်​ပြီးတိုင်းမှာ Xiao Zhan တစ်​ယောက်​အမြဲ​တောအုပ်​လေးတစ်​ခုထဲ
​ရောက်​သွားသလိုခံစားရတတ်​သည်​။
အဲ့ဒီ့​နေ့ကအတိုင်းပဲ...။​
မေပယ်​လ်​နံ့​လေး...။
Tasmania အပိုင်းမှာရှိတဲ့ Hobart မြို့ကနွေရာ
သီ​ခေါင်​ခေါင်​ကြီးလို့သတ်​မှတ်​ထားတဲ့ Janauary မှာ​တောင်​အပူချိန်​က (21)ဒီဂရီကို
မ​ကျော်​။
ဒီ​တော့တရုတ်​ပြည်​ရဲ့ချုံချင်းလိုပင်​လယ်​ဝိုင်း​နေသည့်​အပူပိုင်း​ဒေသကလာတဲ့ Xiao Zhan
တစ်​ယောက်​အ​အေးဒဏ်​ကိုသိပ်​မခံစားနိုင်​။
ဒါ​ပေမယ့်​နွေရာသီ​ပေါက်​လာပြီမို့လို့သူစာသွား
သင်​ပေး​နေတဲ့ Yibo တို့ခြံထဲမှာ​မေပယ်​လ်​ပင်​
​တွေ​ဖွေး​ဖွေးလှုပ်​နေတာကို​တော့သ​ဘောကျ
သည်​။
Yibo ဆိုမှထိုက​လေးကိုသူစာသင်​ပေး​နေတာ​တောင်​ဘယ်​လောက်​ရှိ​နေပြီလဲ။အခုချိန်​ထိရင်းနှီးမှုအတိုင်းအတာကမတိုးတက်​။
Yibo နဲ့ Xiao Zhan ကြားမှာ Yibo ကစည်းပါးပါး​လေးတစ်​ခုခြားထား​သည်​။
Xiao Zhan မှဟုတ်​ပုံမရ။Yibo ပုံစံက လူတိုင်းနှင့်​သူ့ကြားမှာယခုလိုစည်းခြားတတ်​သည့်​ပုံ။
နားလည်​သ​လောက်​ပြောရမယ်​ဆိုရင်​ Yibo က သူ့ဘဝထဲတခြားသူဝင်​လာတာကိုလဲသ​ဘော​မကျသလိုသူကိုယ်​တိုင်​လဲသူစိမ်းတစ်​ယောက်​ရဲ့ဘဝမှာထဲထဲဝင်​ဝင်​ပတ်​သက်​လိုခြင်းမရှိသည့်​သ​ဘော။
စာသင်​တာ(3)လပြည့်​ခါနီး​နေပြီကို​တောင်​ Xiao Zhan​ခေါ်ခိုင်းသည့်​'​ကော​ကော'အစား
'ဆရာ​ရှောင်း'လို့သာနာမ်​စားတပ်​မြဲ...။
စာသင်​ချိန်မှာလဲစာအ​ကြောင်းကလွဲလို့အပိုအလိုဘာတစ်​ခွန်းမှမဆို။အရမ်းကို​အေးစက်​လွန်းတယ်​။
"အား!!!"
​အော်​သံ​ကြောင့်​စိုးရိမ်​သွားသည့်​ Xiao Zhan
ကအသံရှိရာကိုဦးတည်​၍​ပြေးသည်​။
​တွေ့ပါပြီ...။​
မြေပြင်​ပေါ်မှာဖင်​ချထိုင်​ရင်းစကိတ်​ဘုတ်​တခြား၊လူတစ်​ခြားဖြစ်​နေသည့်​ဖက်​ထုပ်​လေး။
Yibo မိဘ​တွေကလဲဒီ​လောက်​က​လေးငယ်​ငယ်​လေးကိုဒီလိုပစ္စည်းမျိုးဝယ်​ပေးစရာလားလို့
အပြစ်​တင်​မိသည်​။​ပြောမဲ့သာ​ပြောရတာဒီမှာစာ
လာသင်​နေတဲ့(3)လနီးပါးလုံး Yibo အ​မေကိုပဲ
တစ်​ကြိမ်​လားမသိဘူးဆုံလိုက်​ရတာ။အ​ဖေကို​တော့တစ်​ခါမှ​တောင်​မ​တွေ့ဖူး​သေး။
မုန်​လာထုပ်​လေး​တွေလိုဖြူဖြူတုတ်​တုတ်​လေး
ဖြစ်​နေသည့်​ခြေ​ထောက်​သေး​သေး​လေး​တွေမှာ
​သွေးအလိမ်းလိမ်း...။
အလှဆင်​သည့်​အ​နေနဲ့ချထား​သည့်​ဘေးနားက​ကျောက်​ပုံကြီး​ပေါ်ဗိုင်းခနဲပစ်​လဲမှ​တော့​သေပြီ​ပေါ့။
Yibo ပုံစံက​ဝေဒနာကိုအ​တော်​ကြီးတင်းခံ​နေ
သည့်​အသွင်​။မျက်​ရည်​တစ်​စက်​မှမကျ။
ဒီအရွယ်​က​လေးတစ်​ယောက်ကဒီ​လောက်​ကြီးထိလူကြီးဆန်​ပြဖို့လိုလို့လား...။
Xiao Zhan ဘယ်​လိုမှသစ်​ပင်​အကွယ်​က​နေ
ဆက်​ပြီးရပ်​ကြည့်​မ​နေနိုင်တော့။
"Yibo...အရမ်းနာ​နေလား...လာ...လာ...​
ကော​ကောဆီလာ...​ကော​ကောချီသွား​ပေး
မယ်​..."
မျက်လုံးဝိုင်းဝိုင်း​လေးဆီကအကြည့်​တွေသည်​
Xiao Zhan ဆီ​ဖျတ်​ခနဲ​ရောက်​လာသည်​။အ​စော​က​ဝေဒနာ​ကြောင့်​ရှုံ့မဲ့​နေသည့်​မျက်​နှာ​လေးပါ
​ပျောက်​ခြင်းမလှ​ပျောက်သွားကာရှုတည်​တည်​
ပြန်​ဖြစ်​သွားသည်​။
"ရတယ်​...ကျွန်​တော်​ဘာမှ မဖြစ်​ဘူး..."
စကိတ်​ဘုတ်​ကိုလှမ်းဆွဲကာ​ကျောခိုင်းသွားသည့်​
​ကောင်​လေး။
တစ်​လှမ်း...။နှစ်​လှမ်း...။သုံးလှမ်း...။
​လေးလှမ်း​မြောက်​လှမ်းရာမှာစိတ်​သွားတိုင်း
ကိုယ်​မပါနိုင်​တော့တဲ့ Yibo​ ခြေ​ထောက်​ကဒဏ်​
ရာ​ကြောင့်​ခွေခနဲလဲကျသည်​။
Xiao Zhan လူကြီး​ယောင်​ဆောင်​ချင်​နေ​သော
က​လေး​ပေါက်​စ​လေးကိုကြည့်​ပြီးရယ်​ချင်စိတ်​ဖြစ်​လာ​ပေမဲ့မရယ်​ရက်​ပါ။ဒဏ်​ရာ​တော်​တော်​နက်​သည်​ဖြစ်​၍အရမ်းနာကျင်​နေသည်​ကို Yibo ကကျိတ်​ခံထားသည်​။
ဒီတိုင်း​တော့မဖြစ်​ပါဘူး​လေဆိုပြီး​ Xiao Zhan ကပိုးတုံး​လုံးလေးလိုဖြစ်​နေသည့်​ Yibo ကို​ကောက်​ပွေ့လိုက်​တော့မျက်​လုံး​လေးအဝိုင်း သားနဲ့​မော့ကြည့်​သည်​။
အိမ်​ထဲဝင်​တော့ Xiao Zhan ရင်​ခွင်​ထဲက​သွေး​တွေစီးကျ​နေတဲ့​ခြေ​ထောက်​နဲ့ Yibo ဆီကိုဦး​လေး Liu ကစိုးရိမ်​ကြီးစွာ​ပြေးလာသည်​။
ခါတိုင်းဆို Yibo​ ဆော့​နေတဲ့မလှမ်းမကမ်းမှာ ဦး​လေး Liu ကအမြဲရှိ​ပေမဲ့ဒီ​နေ့ကျမှ​နောက်​ဖေး
ဘက်​ခြမ်းကခြံတံတိုင်းပြန်​ကာတဲ့ကိစ္စနဲ့အလုပ်
ရှုပ်​နေလို့အမှုမဲ့အမှတ်​မဲ့ဖြစ်​သွားခြင်း။
"ဦး​လေး Liu...​ရေ​အေးတစ်​ဇလုံရယ်​အရက်​ပြန်​ရယ်​ပိုးသတ်​ဆေးရယ်​ယူခဲ့​ပေးပါ..."
ဒဏ်​ရာကဟက်​တက်​ကြီးကွဲသွားတာမို့လို့အရင်​ဆုံးဖုန်​တွေသဲ​တွေကို​ရေ​အေးနဲ့​ဆေးချရသည်​။
​သန့်​ရှင်းသွားပြီဆို​တော့မှအ​ပေါ်ကအရက်​ပြန်​လောင်းချရမှာ​။
ရင်​ခွင်​ထဲမှာထည့်​ထားသည့်​က​လေး​ပေါက်​စကို အရက်​ပြန်​လောင်းချရင်းလှမ်းကြည့်​တော့မျက်​လုံး​လေးအ​ရောင်​နည်းနည်းလက်​လာတာကို​တွေ့ရသည်​။
"Yibo...​ကော​ကောကိုကြည့်​...​ကော​ကော မျက်​လုံးကိုကြည့်​..."
အနာ​ရှိန်​ကိုအံကျိတ်​ခံ​နေသည့်​ Yibo ကရင်​ခွင်​
ထဲက​နေ​မော့ကြည့်​သည်​။
"​ကော​ကော​ပြောတာ​သေချာနား​ထောင်​...
အရမ်းနာ​နေတယ်​မလား...ငိုချလိုက်​....တင်း
မထားနဲ့...ပိုနာလိမ့်​မယ်​..."
​ခေါင်းမာသည့်​ Yibo က​ Xiao Zhan စကားကို လက်​မခံ။​ခပ်​ဖြည်းဖြည်း​လေး​ခေါင်းခါပြသည်​။
"ပါပါးက​ပြောတယ်​...​ယောက်ျား​လေးဆိုတာ
မငိုရဘူး...ကိုယ့်​နာကျင်​မှုကို သူစိမ်း​ရှေ့မှာ
ထုတ်​မပြရဘူးတဲ့...လူ​ရှေ့သူ​ရှေ့မှာငိုတဲ့​ယောက်ျား​က​ပျော့ညံ့တဲ့​ယောက်ျားတဲ့...
ကျွန်​တော်​ strong ပဲဖြစ်​ချင်​တယ်​ဆရာ​ရှောင်း ..."
"ကျစ်​..."
ဘယ်​လိုလဲကွာ...။က​လေးကိုဘယ်​လို​တွေရိုက်​သွင်းထားတာလဲ။
ဒီလိုဆုံးမ​စကား​တွေကိုကြားရရင်​ Xiao Zhan သူ့​အ​ဖေကိုအရမ်း​ကျေးဇူးတင်​မိတယ်​။သူ့အ​ဖေ ကတစ်​ခါမှသူ့ကိုလူ​ရှေ့မှာငိုရမယ်​တွေ၊မငိုရဘူး​တွေမကန့်​သတ်​ဖူးဘူး။လူတစ်​ယောက်​ရဲ့အခွင့်​ရေးကိုအပြည့်​အဝ​ပေးထားခြင်းခံခဲ့ရတယ်​။
ဒီက​လေးရဲ့'ဆရာ'လို့​သတ်​မှတ်​ခြင်းကိုခံရပြီး
သည့်​နောက်​စာသင်​တာတစ်​ခုတည်းမဟုတ်​ပဲ
လွဲမှား​နေတဲ့အယူ​တွေကိုပါပြင်​ပေးချင်​လာ
သည်​။
"Yibo...​ကောကို ဆရာ​ရှောင်းလို့​ခေါ်တယ်​မလား ...အဲ့ဒါ ဆရာတစ်​ယောက်​အ​နေနဲ့ သတ်​မှတ်​လို့
​ခေါ်တာလား..."
"ဟုတ်​ကဲ့..."
လက်​ထဲကအရက်​ပြန်​ဘူးကိုဦး​လေး Liu ဆီ
ကမ်း​ပေးပြီး​တော့မှ Yibo ကိုပြန်​ကြည့်​သည်​။
"အခု​ပြောမဲ့စကားက​ ကောရဲ့ခံယူချက်​ပေါ့​နော်​...
က​လေးရဲ့မိဘ​တွေကို​ စော်​ကားလိုတဲ့သ​ဘောနဲ့
​ပြောတာမဟုတ်​ဘူး...သူတို့လဲသူတို့ခံယူချက်​နဲ့
သူတို့ဆိုတာ​ ကောနားလည်​ပါတယ်​..."
ဘာကို​ပြောချင်​မှန်းနားမလည်​သေးသည့်​ Yibo က​ကြောင်​တောင်​တောင်​လေးကြည့်​နေသည်​။
"​ယောက်ျား​လေး​တွေမှာလဲ ငိုခွင့်​ရှိပါတယ်​...
ထိခိုက်​ဒဏ်​ရာ​တွေကို ထုတ်​ပြပိုင်​ခွင့်​ရှိတယ်​...
အဲ့လို​လေးလုပ်​ရုံနဲ့ သူတို့ကို​ပျော့ညံ့တဲ့​
​ယောက်ျားလို့သတ်​မှတ်​လို့မရဘူး..."
"Yibo လိုပဲ​ယောက်ျား​လေး​တစ်​ယောက်​က
ကိုယ့်​နာကျင်​မှု​တွေကို လိုအပ်​တာထက်​ပိုပြီး
ချုပ်​ထိန်းတာကြာလာရင် ဒီလူက​ကောတို့လို့ အသက်​ရှူ​နေတာမှန်​ပေမဲ့ သက်​မဲ့ဆန်​လာလိမ့်​
မယ်​...သူ့မှာ လူသားတစ်​ယောက်​ရဲ့
ရှိသင့်​ရှိထိုက်​တဲ့ခံစားချက်​တွေ ရှိ​တော့မှာ
မဟုတ်​ဘူး...သူ့ရဲ့ခံစားချက်​တွေက နှစ်​ရှည်​လ များဖုံးကွယ်​ထားတဲ့ သူ့ရဲ့နာကျင်မှု​တွေ​
အောက်​မှာ တိမ်​ကွယ်​လာလိမ့်​မယ်​..."
"​နောက်​ဆုံး ဒီလူဘာဖြစ်​သွားမယ်​ထင်​လဲ Yibo..."
အံ့သြတကြီးနား​ထောင်​နေသည့်​ Yibo က​လျှပ်​တစ်​ပြက်​မေးခွန်းပြန်​ထုတ်​ခြင်းခံလိုက်​ရ​တော့ ဘာမှပြန်​မ​ဖြေနိုင်​။
"တစ်​ဖက်​လူက ကိုယ့်​အ​ပေါ်​ပေးလာတဲ့ ခံစားချက်​အစစ်​အမှန်​တွေကို သူမြင်​နိုင်​တော့မှာ​မဟုတ်​ဘူး...အရာရာကို သံသယမျက်ဝန်း​တွေ နဲ့ပဲ ကြည့်​လာလိမ့်​မယ်​...သူ့အတွက်​
ရှင်​သန်​နေရတာက ကြာ​လေကြာ​လေ
အဓိပ္ပာယ်​မဲ့​လေ ဖြစ်​လာလိမ့်​မယ်​..."
"ဒါ​ကြောင့်​ယောက်ျား​လေးတစ်​ယောက်​ကို
ငယ်​ရွယ်​တုန်းမှာ ငိုတာကိုအပြစ်​မ​ပြောနဲ့...
သူ့ခံစားချက်​တွေကို​ဘောင်​တစ်​ခုထဲထည့်​မပိတ်​
မိ​စေနဲ့...နာတယ်​မလား ငိုပ​လေ့​စေ...​ယောက်ျား​လေး​တွေလဲ လူပဲ​လေ...သူ့နာကျင်​မှုကို ထုတ်​ပြ
ပိုင်​ခွင့်​ရှိတာ​ပေါ့...​ယောက်ျားဆိုတဲ့​ခေါင်းစဉ်​တပ်​ခံရတိုင်း​သူ့ခံစားချက်​တွေကိုချုပ်​တည်းထား ရမယ်​လို့ ဆိုလိုတာမှမဟုတ်​ပဲ..."
မိုး​ပေါ်ကကြယ်​လေး​တွေလို​အ​ရောင်​တစ်​လက်​လက်​တောက်​နေသည့်​မျက်​ဝန်းပိုင်​ရှင်​လေးက
​ခေါင်းလဲမညိတ်​၊​ခေါင်းလဲမခါ။
Xiao Zhan သက်​ပြင်း​မောတစ်​ခုကိုသာချရင်း
ပိုးသတ်​ဆေးဗူးကိုဖွင့်​လိုက်​သည်​။
သူလဲတတ်​နိုင်​သ​လောက်တည့်​မတ်​ပေးဖို့ကြိုး စားပြီးပြီပဲ။Yibo ကိုယ်​တိုင်​ကိုကမ​ပြောင်းလဲချင်​ဘူးဆိုရင်​တော့ Xiao Zhan လဲဘာမှမတတ်​နိုင်​။
"ဟင်​..."
အနာ​ကိုဂရုတစိုက်​ပိုးသတ်​ဆေးလိမ်း​ပေး​နေ
သည့်​ Xiao Zhan လက်​တွေခဏရပ်​သွားသည်​။
လက်​သေး​သေး​လေး​တွေ...။
သူ့ကုတ်​အင်္ကျီစနှစ်​ဖက်​ကိုကျစ်​ကျစ်​ပါ​အောင်​လာဆုပ်​ကိုင်လိုက်​သည့်​လက်​သေး​သေး​လေး​တွေ...။
"နာတယ်​..."
အသံကအရမ်းတိုး​ဖျော့​ဖျော့ဖြစ်​နေ၍မနည်းအား
စိုက်​ထောင်​နေရသည်​။
"အရမ်းနာတယ်​ကျန့်​ကော..."
Xiao Zhan ရင်​ခွင်​ထဲ​ခွေး​ပေါက်​လေးလိုတိုးဝင်​
လာသည့်​ Yibo ။
ကုတ်​အစနှစ်​ဖက်​ကိုမလွတ်​တမ်းကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထားရင်း Xiao Zhan ရင်​ဘတ်​ကို
​ခေါင်းနဲ့တိုး​ဝှေ့​နေသည့်​ Yibo​ ကြောင့်​အံ့သြမိ
သည်​။
"Yibo...ကောရှိတယ်​...ဘာမှမ​ကြောက်​နဲ့...
​ဆေးလိမ်းပြီးရင်​ ကောင်းသွားမယ်​နော်​..."
​ချုပ်​ရပြုရ​လောက်​တဲ့အထိမပြဲသွား၍သာ​တော်​
​သေးတယ်​ပြောရမယ်​။ဒါ​ပေမယ့်​ Yibo အရွယ်​
က​လေးတစ်​ယောက်​အတွက်​ဒဏ်​ရာက​အ​တော်​
​တော့နက်​သည်​။
ဒဏ်​ရာရှိတဲ့ညာဘက်​ခြေ​ထောက်​လေးကိုခပ်​
ဖွဖွ​လေး​ဆို​ဖာ​ပေါ်ဆွဲတင်​ပေးလိုက်​တော့ဖက်​ထုပ်​လေးကအင်းခနဲညည်းကာအသံပြုသည်​။
က​လေးငယ်​လေး​တွေ​ချော့မြူ​သလို​ကျော​လေး
ကိုညင်​ညင်​သာသာလေးပုတ်​ပေး​ရင်းဆံပင်​ပျော့​ပျော့အုပ်​အုပ်​လေး​တွေကိုဆွဲဖွလိုက်​သည်​။
"​ပေါ်တိ​လေးက ဘာလို့ အဲ့စကိတ်​ဘုတ်​ကြီးကို​လျှောက်​စီး​နေတာလဲ..."
"ပျင်းလို့..."
Yibo ဘဝကတကယ်​ကို​လှောင်​ချိုင့်​ထဲကငှက်​လေးနဲ့တူသည်​။သူငယ်​ချင်းလဲရှိပုံမရ။အထိန်း​တွေ၊အ​စောင့်​တွေနဲ့​နေတာ​ကြာလာ​တော့ဘယ်​က​လေးက​ပျော်​နိုင်​ပါ​တော့မလဲ။
"​နောက်​ဆို Yibo​လေးပျင်းရင်​ ကော​ကော
စာသင်​ပြီးတာနဲ့ တန်းမပြန်​တော့ဘူး...ည​နေ​စောင်းတဲ့အထိ​က​လေးနဲ့အတူ​နေ​ပြီး
​ဆော့​ပေးမယ်​...ဒါ​ပေမယ့် အဲ့စကိတ်​ဘုတ်​ကြီးကို
ထပ်​မစီး​တော့ပါဘူးလို့​တော့ ကတိ​ပေးရမယ်​..."
ဖက်​ထုပ်​လေးကလိုလိုလားလားနဲ့ကို​ခေါင်းညိတ်​
ပြလာသည်​။
အချွဲ​လေးပုံစံနဲ့ရင်​ခွင်​ထဲကမထွက်​သေးသည့်​Yibo ကိုအသည်းယားလာလို့ဆံပင်​လေး​တွေ ကိုငုံ့နမ်းလိုက်​သည်​။
​မေဘယ်​လ်​နံ့​လေး...။
တစ်​ခြံလုံးနီးပါး​မေဘယ်​လ်​တွေစိုက်​ထားမှ​တော့
Yibo ကိုယ်ကလဲ​မေဘယ်​လ်​နံ့သင်းပြီ​ပေါ့။
ပြူးတိပြူး​ကြောင်​လေးပြန်​ကြည့်​လာသည့်​ဖက်​
ထုပ်​လေးကိုသွား​တွေ​ပေါ်သည်​အထိရယ်​ပြ
လိုက်​တော့အတိုင်းသား​ငေးကြည့်​ခြင်းခံရသည်​။
Xiao Zhan နှုတ်​ခမ်း​အောက်​ကအမဲစက်​လေး ကိုလက်​သေး​သေး​လေး​တွေနဲ့လာတို့သည်​။
"ကျန့်​ကော ပြုံးရင်​အရမ်းလှတယ်​..."
"ဟုတ်​လား...ဒါ​ပေမယ့်​ Yibo​ လေးက​မပြုံးလဲ ချစ်​ဖို့​ကောင်းတယ်​..."
​နွေရာသီမှာတံခါးလာ​ခေါက်​တတ်​တဲ့​လေပြည်​လေး​တွေလို Yibo ဆိုတဲ့​ကောင်လေးရဲ့ တံခါးက Xiao Zhan ဆိုတဲ့​လေပြည်​လေး ရဲ့တိုးတိုက်မှု​ကြောင့်​တစ်​စတစ်​စပွင့်​လာခဲ့သည်​...။
=============================
ဒါကအရမ်းချစ်​ရတဲ့ကျဲကျဲတစ်​ယောက်​က​ထောက်​ပြလာလို့ပါ။စက်​ဘီးမှာနောက်​carrier ကပိုနိမ့်​တော့ Yibo က
Xiao Zhan ရင်​ခွင်​ထဲဘယ်​လို​ရောက်​နိုင်ှမှာလဲဆိုတဲ့အ​တွေးကိုပြန်​ဖြေရှင်းထားတာပါ။
ဒီပုံမှာ​carrier​ပေါ်က​တစ်​ယောက်​က
​နောက်​ကိုလှန်​ချထားလို့မသိသာ​ပေမဲ့ Xiao
Zhan ကကျတော့ Yibo ခါးကိုဆွဲဖက်​ထား တာပါ။ဒီ​လောက်​ဆိုသ​ဘော​ပေါက်​ပြီထင်ပါ တယ်​နော်​။
Continue Reading
You'll Also Like
84K 9K 22
အငြိုးကြီးတဲ့တစ္ဆေတစ်ကောင်ကိုနှစ်သိမ့်ဖို့ရာ ဘာတွေလိုအပ်နိုင်မလဲ? အငြိုးကြီးတဲ့တစ္ဆေတစ်ကောင်ကိုနှစ်သိမ့်ဖို့ရာ ဘာတွေလိုအပ်နိုင်မလဲ? ⚠️This fiction con...
2K 167 5
Wangyibo xiaozhan ကိုယ်တော် နှလုံးသားကို လိုချင်ယုံနဲ့ ရှောင်းကိုယ်တိုင် ကိုယ့်တော်ရင်ကို ခွဲစရာမလိုပါဘူး။ ကိုယ်တိုင်ခွဲပြီးပေးမှာ‌ေပါ့ ကိုယ်က ရှေ...
181K 13.6K 28
Yizhan start - 23 May 2022 end - 13 September 2022
7.1K 634 7
zhanyi ( extra of system 13 season 2 )