Love me more than you can say...

By empress152

169K 9.3K 94

Uni code: ကိုကို့ကို စချစ်ခဲ့သူက တိတိလေးပါ Wang Yibo မဟုတ်ဘူး ကိုကိုက စချစ်ခဲ့တာ တစ်ကယ်က ဘယ်အချိန်မှာစချစ်မှန... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 9
Part 10
Part 11
Part 12
Part 13
Part 14 (Final)
Extra 🔞

Part 8

9.6K 601 2
By empress152

Unicode:

"ယူဘင်း မင်းဘာလာလုပ်တာလဲ'

"ငါလား ...မင်းဒီနေ့အလုပ်လာမယ်ဆိုလို့စောင့်နေတာလေ'

"အဲ့တာများ အပြင်မှာချိန်းလို့ရတာကို ညနေတွေ့မယ်ဟျောင့်'

"အလုပ်လာတာ ငါမင်းရဲ့Secretaryအဖြစ်လာလျှောက်တာ အန်ကယ်ကချက်ခြင်းခန့်လိုက်တယ် မင်းအဆင်ပြေဖို့တဲ့'

စကားတွေအမျှင်မပြတ်နိုင်ဖြစ်နေသောသူငယ်ချင်းနျစ်ယောက်ကိုကြည့်ပြီး စိတ်တိုလာသည် ဝမ်ရိပေါ် ကိုကို့ Attention ရအောင်ကြံစမ်း ကြံစမ်း.... ဟုတ်ပြီ Yuriဆီဖုန်းခေါ်လိုက်မယ်

"Hello Yuri'

ရှောင်းကျန့်ရော ယူဘင်းရော လှမ်းကြည့်လိုက်သည်

ဝမ်ရိပေါ် ခနဲ့ပြုံး ပြုံးပြရင်း ကိုကို့ကို
"ကိုကို အပြင်ထွက်ပြောလိုက်အုံးမယ်နော်'

"အင်းတိတိလေး'

....

"ကျန့်ကျန့် မင်းရဲ့ကလေးပြန်ရောက်နေတာတော့သိတယ် အလုပ်ပါလိုက်လာတာလား
သတိမထားမိလိုက်ဘူး စကားကောင်းနေတာနဲ့'

"ကျန့်ကျန့်.... ကျန့်ကျန့်..ရှောင်းကျန့်'

ရှောင်းကျန့်အပြင်ကိုမျှော်ကြည့်ရင်းခဏအတွေးတွေရပ်တန့်သွားသည်

"ဟင်...ဘာ​ပြောတာလဲ ယူဘင်း'

"ဘာတွေဖြစ်နေတာလဲကွာ မင်းကြည့်ရတာလည်း အသဲကွဲတော့်ယ့်ပုံနဲ့ ဘာလဲ စက္ကထရီချောချောလေး မျှော်နေတာလား'

"မဟုတ်ပါဘူး မင်းခုနက ဘာပြောမို့လဲ'

"ဝမ်ရိပေါ်လိုက်လာတာလားမေးတာ'

"လိုက်လာလို့ မင်းမြင်တာပေါ့ မလိုက်လာရင်တွေ့မလား စကားမဟုတ်တာမေးနေတယ် အတွေးတွေတောက် ပြတ်တောက်ကုန်ပြီ'

"ငါပဲမှားပါတယ် မင်းက ဘာတွေးနေလို့လဲ'

"Personalဟိတ်ရောင် မပြောပြဘူး'

........

ဝမ်ရိပေါ်တမင်ပင်အချိန်အကြာကြီးအပြင်မှာနေလိုက်သည် Yuriနဲ့က ခဏတဖြုတ်ပင်

.......

ညနေရုံးဆင်းချိန် လူများတရုတ်ပြည်ရဲ့လမ်းများပေါ်ပြည့်ကျပ်နေသည် ရှောင်းကျန့်ကကားနှင့်ပြန်မယ်ခေါ်တာကို တိတိလေးက လမ်းလျှောက်မုန့်စားချင်တယ်ဆိုတော့ ယူဘင်းကိုကားမောင်းစေပြီး အနောက်ကလိုက်လာခိုင်းရသည်
တိတိလေးက နာမည်ကြီးနေပြီမို့ Maskအုပ်ကာလာတော့လည်း Maskအုပ်ထား၍နာမည်ကြီးထဲကလား ထင်ကာဝိုင်းကြည့်နေကြသည်

"ဟယ် နှစ်ယောက်လုံးချောချောလေးတွေထင်တယ်နော်'

"အေးအေးဟုတ်တယ် ကြိုက်နေတာများလားနျစ်ယောက်က'

"မသိဘူးလေဟယ် maskမအုပ်ထားတဲ့ကောကောက တော်တော်ချောတာနော် အုပ်ထားတဲ့တစ်ယောက်ကရော ဘယ်လောက်တောင်ချောလို့ အုပ်ထားလဲမှမသိတာ'

"အေး ဖြစ်နိုင်တယ် မင်းသားလားအဆိုတော့လားပဲ ခေါင်းရောမျက်နှာတွေရောအပြည့်အုပ်ထားတော့ ဘာမှကိုမတွေ့ရဘူး'

မိန်းကလေးတွေလည်းခက်တယ် သူတို့နှစ်ယောက်အကြောင်းအတင်းပြောတာ အနောက်ကလိုက်လာရင်းနဲ့ ပြောနေရတယ်လို့

"တိတိလေး မြန်မြန်သွားမယ်...လာ' လက်ကိုအသာအယာဆွဲကိုင်ကာရှောင်းကျန့် သူ့ရဲ့ပုံမှန်ခြေလှမ်းတွေထက်မြန်မြန်လှမ်းလိုက်သည်

ဝမ်ရိပေါ် ယက်ကန်ယက်ကန်လေးပါလာသည် ကိုကိုသူကနဲနဲမြန်ရင်ကိုယ်က သေမလောက်အပြေးလိုက်ရတာကို

အနောက်ကိုလှမ်းကြည့်တော့ ဟိုကောင်မလေးတွေမတွေ့တော့သည်မို့ တိတိလေးလက်ကိုလွှတ်ပေးလိုက်ရသည်

"တိတိလေး လက်နာသွားလား
ကိုကိုကလေ တခြားသူတွေ ကလေးကိုမှတ်မိသွားရင်တစ်မျိုးထင်ကြမှာစိုးလို့ မြန်မြန်လျှောက်တာပါ'

"ကိုကိုမပြောလည်း တိတိလေးနားလည်ပါတယ်'

"😁 အင်း
Hotpotသွားစားရအောင်နော် ကိုကိုဝယ်ကျွေးမယ်'

"ဟုတ်'

ရှောင်းကျန့်ဆိုသည်မှာ ကလေးကအစပ်မစားနိုင်မှန်းသိပေမယ့် သူနဲ့အမြဲနေပေးမယ်ဆိုတော့ အသားကျအောင် သူကြိုက်တာတွေချည်းရွေးကျွေးထားမည် နောက်ပိုင်းတိတိလေးပါ ကြိုက်လာရင် အဆင်ပြေပြီလေ 😁 (လူလည်)

..........

"ယူဘင်းရေ မင်းရော မစားတော့ဘူးလား ဝင်လာခဲ့လေ' phဆက်ကာ ယူဘင်းကိုလှမ်းခေါ်လိုက်သည်

"မေးထဲက မစားတော့ဘူးလားတဲ့ စားမှာလားမမေးဘူး'

"မင်းကလည်းစိတ်ချည်းပဲ ဟဟ
မှားပါတယ် ကျွန်တော်မျိုး လာခဲ့ပါဗျာ စားဖို့အတွက်ဖိတ်ပါတယ် အကုန်မှာပြီးပါပြီခဗျ'

"အိုကေ လာခဲ့မယ်'

ဝမ်ရိပေါ်စိတ်တိုလာပြီ ဖုန်းကို ပြုံးပြီးပြောနေတာ ယူဘင်းကောကိုလည်း စိတ်တို စူပုတ်ကာပဲနေလိုက်တော့သည်

(ကလေးက နှစ်ယောက်ထဲdateချင်တာပါတဲ့ဆို)

ရှောင်းကျန့်အစားကိုသာ အာရုံစိုက်စားနေမိသည် အစားမြင်ရင်မနေနိုင်သူမလား 😁

"ရိပေါ် စူပုတ်လို့ ဘာဖြစ်နေတာလဲညီ'

နှုတ်ခမ်းတစ်ခြမ်းစောင်းကာပြုံးရင်း
"နေလို့သိပ်မကောင်းလို့ပါ ယူဘင်းကော'

"ကျန့်ကျန့် ကလေးကိုအရင်မမေးဘူး နေမကောင်းတဲ့ထဲ ပင်လယ်စာတွေစားရင်ဗိုက်အောင့်နေအုံးမယ်'

ပြောလို့မှမဆုံးသေး ရှောင်းကျန့်အမြန်ထကာ တိတိလေးနဖူးကိုသွားစမ်းသည်

"အင်း ပူတော့မပူဘူး ရင်ထဲကနေမကောင်းတာလား အစာမကြေတာဖြစ်မယ်'

ဟုတ်တယ်မကျေဘူး youတို့နှစ်ယောက်ကိုလေ
စိတ်ထဲကပင်ပြောကာ ခေါင်းပဲညိတ်ပြလိုက်သည်

"ယူဘင်းရာ ပွစိပွစိနဲ့ ငါ့ကလေးကိုငါပဲဂရုစိုက်မှာပါ မင်းပြောစရာမလိုပါဘူး'

"အမလေးဟဲ့ အေးပါအေးပါ'

"မင်းဆက်စားနေခဲ့ငါ ပိုက်ဆံရှင်းထားပြီးသား
ငါတိတိလေးကိုခေါ်ပြီးဆေးခန်းသွားပြတော့မယ်'

"ကုန်အောင်စားပြီးမှသွားလေ'

"မစားတော့ဘူး တိတိလေးကပိုအရေးကြီးတယ်'

ကြိတ်ပြုံးနေသောမောင်တိတိလေး စူပုတ်ထားရာကမနေနိုင်တော့..ကိုကိုကြိုက်လွန်းလို့လာစားတာကို စူပုတ်မနေနိုင်တော့ပါဘူး

"ကိုကို...ရတယ်စားလိုက်ရင်သက်သာမှာ
ပြီးမှပဲပြန်တော့မယ် 😁'

"မရပါဘူး အခုသွားမယ်ဆေးခန်း
ကိုကိုမစားရမှာစိုးလို့မလား နောကိနေ့တွေလည်းလာစားလို့ရတယ် တိတိလေးတစ်ခုခုဖြစ်မှာ ကိုကိုမလိုလားဘူး'

"မျက်စိတွေလည်းနောက်လှပါပြီ စားရင်လည်းစား ပြန်ရင်လည်းပြန်တော့'

"ကိုကိုလာပါ စားတော့ သက်သာပြီ ဒီမှာကြည့်'
ကိုကို့ကိုမြတ်မြတ်နိုးနိုးစိုက်ကြည့်ပြီး ပြုံးပြလိုက်သည်

"ပြီးရော'

သုံးယောက်သားပြုံးရွှင်ကာ ငယ်ကအ​ကြောင်းတွေပြန်ပြောရင်း စားသောက်ကာ
နောက်ဆုံး ယူဘင်းက Hotpotဆိုင်ကနေ သူ့အိမ်ကိုပြန်သွားပြီး

ရှောင်းကျန့်လည်း ကိုယ့်ကားကိုမောင်းကာ တိတိလေးအတွက် Driverဖြစ်ပေးရတော့သည်

To be continued

..............................Zawgyi...........................






"Hello Yuri'



"အင်းတိတိလေး'

....




"ဟင်...ဘာ​ပြောတာလဲ ယူဘင်း'







........


.......










"တိတိလေး လက်နာသွားလား


"😁 အင်း

"ဟုတ်'


..........




"အိုကေ လာခဲ့မယ်'











"အမလေးဟဲ့ အေးပါအေးပါ'





ပြီးမှပဲပြန်တော့မယ် 😁'




"ပြီးရော'



To be continued



Continue Reading

You'll Also Like

12.5K 610 7
Xiao zhan (seme)❤ Yibo (uke)💚
6.6K 446 7
YiZhan 💚❤ ZhanYi Chibi ခံစားမှုအပိုင်းအစများကို ရေးဖွဲ့သည်
300K 51.4K 64
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။