Cloud Light (Completed)

By Tmnkhon

361K 27.5K 871

ခပ္​​ေအး​ေအး​ေနတက္​ၿပီး စာ​ေတာ္​​ေသာ ခပ္​​ေခ်ာ​ေခ်ာ ​ေက်ာင္​းသား​ေလးက ဆိုးဝါးညံ့ဖ်င္​းတဲ့ ​ေက်ာင္​းကိုတက္​ဖို... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
​ေျပာစရာ႐ွိ၏
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-47
Part-48
Part-49
Part-50
Part - 51(Final)
Hello
ဖတ်ပေးစေချင်ပါတယ်

Part-46

4.9K 412 32
By Tmnkhon

..................

အေရွ႕မွ ေကာ့ေတာ့ေကာ့ေတာ့နွင့္ သြားေနေသာ ငပိန္းပိစိေၾကာင့္ မိုးေျမတစ္ေယာက္ မ်က္နွာမၾကည္သာနိုင္ေပ။ အရိပ္ျပယံုမက အေကာင္လိုက္ထြက္ျပေနတာေတာင္ ဆင္ကိုျခင္ျဖစ္ေအာင္ ၾကည့္သည့္ ပိစိေၾကာင့္ လက္မိႈင္ခ်ရမလိုပင္ျဖစ္၍ေန၏။ တိမ္တိုက္တစ္ေယာက္ ေကာင္းကင္ေရာင္ကိုလိုက္တုန္းက အားမလိုမရျဖစ္ခဲ့ေပသည့္ ယခုသူ႔အလွည့္ၾကမွ အားပင္မရွိေတာ့ေပ။

"သားႀကီး စိတ္ဓာတ္မက်နဲ႔ ဖိုက္တင္း"

အၿပံဳးစစနွင့္ ပုခံုးကိုလာဖက္ၿပီး မ်က္ခံုးပင့္ကာေျပာလာသည့္ တိမ္တိုက္ေၾကာင့္ ဖက္လာသည့္လက္ကိုေစာင့္ဆြဲျဖဳတ္ခ်လိုက္ကာ

"ယိ ဖိုက္တင္းပါလား ဒီေလာက္ေတာင္ပိန္းအေနတဲ့ေကာင္ကို ငါဘာလို႔ႀကိဳက္မိမွန္းေတာင္မသိဘူး ရူးေနလို႔ျဖစ္မယ္ ငါစိတ္က်န္းမာေရးေဆးရံုျပသင့္ေနၿပီ"

"ဟားဟားဟား အဲ့လိုပိန္းအေနတဲ့ေခါင္းက နည္းနည္းၾကမ္းေပးမွရတာ မင္းႏုယြၿပီးလုပ္ျပေနရင္ေတာ့ ဟိုကပိန္းၿမဲပိန္းဆဲေနမွာဘဲ"

တိမ္တိုက္စကားေၾကာင့္ မိုးေျမက စိတ္ဝင္စားသကဲ့သို႔ ျပန္ၾကည့္လာၿပီးမွ ျပန္လွည့္သြားကာ

"ပရမ္းပတာေတြ"

"ဟာ အတည္ေျပာတာ ခုကညိမ္ေနေတာ့ ဦးေနွာက္က ေအးေဆးနွပ္ေနတာ နည္းနည္းၾကမ္းလိုက္ရင္ ဦးေနွာက္ကလည္း ခုန္ေပါက္ၿပီးလႈပ္သြားမွာဆိုေတာ့ သူနွပ္ေနလို႔မရေတာ့ဘူး ျပန္ၿပီးပံုမွန္ဦးေနွာက္လိုအလုပ္လုပ္လာလိမ့္မယ္"

မိုးေျမက တိမ္တိုက္ေျပာစကားကို မ်က္လံုးတို႔ကိုေမွးစဥ္းကာစဥ္းစားလိုက္ရင္း 'ဟုတ္လို႔လား' ဆိုသည့္ အၾကည့္နွင့္ၾကည့္လာသည္။

"မယံုေနေပါ့ မင္းလုပ္ၾကည့္လည္း အရံႈးမွမရွိတာကို မလုပ္ရဲဘူးလား"

"လုပ္ရဲတယ္"

တိမ္တိုက္စကားအဆံုးတြင္ မိုးေျမအသံက ခက္သြက္သြက္ထြက္လို႔လာ၏။ ၿပီးေနာက္ အေရွ႕ကသြားေနေသာ ငအဆီအမွီေျပးလိုက္သြား၏။ ထိုျမင္ကြင္းကိုၾကည့္ရင္း တိမ္တိုက္တစ္ေယာက္ ရယ္ခ်င္စိတ္ကိုပင္ မထိမ္းနိုင္ေတာ့ေပ။

'ပိစိေရ မင္းေတာ့ေသၿပီဘဲ'

.................

"ေျပာစရာရွိလို႔ဆို ေျပာေလ"

ေကာင္းေကာင္းက ရႈပ္ပြေနေသာ စာအုပ္ေတြကို ရွင္းေနရင္း ျပန္ေမးလာသည္။ ရတုေဇာ္က ေခါင္းကုပ္လိုက္ရင္း ေျပာရခက္ေနေသာ ဟန္ပန္လုပ္ေနသည္။

"မင္းယံုမလားေတာ့မသိဘူး ဒါေပမယ့္ ငါကမင္းအတြက္ေျပာမွာပါ"

ရတုေဇာ္၏ အစခ်ီလာေသာ စကားေၾကာင့္ ေကာင္းကင္ေရာင္လက္တို႔ တုန္႔ဆိုင္း၍သြားသည္။ ၿပီးမွ လုပ္ေနသည္ကိုဆက္လုပ္ကာ ေနလိုက္၏။

"ဟိုေန႔က တိမ္တိုက္ေလ မနန္းယုနဲ႔အျပင္မွာငါေတြ႕လိုက္တယ္"

ရတုေဇာ္က ေျပာေနသည္ကို ရပ္လိုက္ကာ ေကာင္းေကာင္းမ်က္နွာကို အေသအခ်ာၾကည့္လိုက္သည္။ သို႔ေသာ္လည္း ထူးျခားမလာေပ။

"သူတို႔ၾကည့္ရတာ တစ္မ်ိဳးဘဲ"

"ေဩာ္ ဟုတ္လား"

ေကာင္းေကာင္းက ထိုကဲ့သို႔သာ စကားျပန္လာၿပီး စာအုပ္ပံုရွင္းၿပီးေတာ့ ေရခ်ိဳးရန္ပင္ျပင္၍ေနေလၿပီျဖစ္သည္။ေကာင္းေကာင္းတစ္ေယာက္ သူေမ်ွာ္လင့္ထားသလို ျဖစ္မသြားတာေၾကာင့္ မေက်မနပ္ျဖစ္ေနကာ

"မင္းဘာမွမျဖစ္ဘူးလား"

"ဟင္ ဘာျဖစ္ရမွာလဲ"

ေကာင္းေကာင္းက တကယ့္ကို ဘာမွမျဖစ္သကဲ့သို႔ ပံုမွန္အတိုင္းသာ ျပန္ေျပာလာျပန္၏။ ေနာက္ၿပီး ၿပံဳး၍ပင္ျပသြားေသး၏။

"ေရခ်ိဳးၿပီးရင္ အျပင္သြားမလို႔ လိုက္ဦးမလား"

သူကပင္ျပန္၍ အျပင္ထြက္ရန္ေျပာလာသျဖင့္ ရတုေဇာ္ပို၍ မေက်နပ္ျပန္။ ေခါင္းသာျပန္ရမ္းျပလိုက္ကာ အခန္းထဲက်န္ေနခဲ့သည္။

"လာေတာ့ ဘာလုပ္ေနတာလဲ"

ျမတ္သူရေမာင္ေရာက္လာကာ သူ႔အားဆြဲထူမလိုပင္ လုပ္၍ေျပာလာသည္။ သူ႔မ်က္နွာကလည္း ဆူပုတ္ေနကာ မည္သည္ကိုအလိုမက်ေနမွန္းမသိေပ။

"ထိုင္ေနတာေလ မင္းရုပ္ကေရာဘာျဖစ္တာလဲ"

"ငါဂ်ယ္လီနင္ေနတာ ေသေတာ့မယ္"

ျမတ္သူရေမာင္က သူ႔ရင္ဘက္သူပုတ္ျပကာ ေအာ္ေလေတာ့သည္။ ရတုေဇာ္က သူ႔အားျပဴးၾကည့္လာကာ

"ေရေသာက္လိုက္"

"ငါက ေရေသာက္စရာမလိုပါဘူး ငါ့ဟာငါျပန္မ်ိဳခ်တက္တယ္ မင္းသာေရေသာက္သင့္ေနတာ"

"မင္းဘာေျပာခ်င္ေနတာလဲ"

ရတုေဇာ္၏ ျပန္အေမးေၾကာင့္ ျမတ္သူရေမာင္က ခနဲ႔တဲ့တဲ့ျပန္ၿပံဳးျပလာၿပီး

"မင္းသူမ်ားအတြဲကို ဖ်က္လိုဖ်က္ဆီးလုပ္ခ်င္ေနတာကိုေျပာတာေလ မင္းဟာမင္းျပန္စဥ္းစား"

"ဘာေျပာတယ္ ! ငါက ဖ်က္လိုဖ်က္ဆီးလုပ္ေနတာမဟုတ္ဘူး အားလံုးေကာင္းဖို႔လုပ္တာ"

ရတုေဇာ္က ျမတ္သူရေမာင္၏ သတိေပးစကားကို မ်က္လံုးစံုမိွတ္ကာ ညင္းဆန္ေနၿမဲျဖစ္သည္။ ဘာဘဲေျပာေျပာ သူလုပ္ေနတာ မွန္သည္ဟုသာ ယူဆေနသည္။

"ဘယ္သူေကာင္းမွာလဲ မင္းလား မင္းကသူတို႔ကြဲရင္စိတ္ခ်မ္းသာမွာမို႔ မင္းေကာင္းဖို႔လား"

"မဟုတ္ဘူး!"

ရတုေဇာ္က ထိုင္ေနရာမွ ထရပ္လိုက္ရင္း ျပန္ေအာ္လိုက္ေလသည္။ ျမတ္သူရေမာင္မွာ သည္းမခံနိုင္ျဖစ္လြန္းတာေၾကာင့္ ရတုေဇာ္၏ ပုခံုးနွစ္ဖက္ကိုဆြဲကိုင္လိုက္ကာ

"ဒါဆိုဘာလဲ ဘာလို႔လုပ္ေနတာလဲ"

"ေကာင္း..."

"ေကာင္းကင္ေရာင္ စိတ္ခ်မ္းသာဖို႔လို႔ဘဲ ေျပာဦးမလို႔လား ဟမ္"

ကိုင္ထားေသာ ပုခံုးနွစ္ဖက္ကိုေစာင့္ရမ္းလိုက္တာေၾကာင့္ ရတုေဇာ္တစ္ေယာက္ မူးေနာက္သြားမတက္ပင္။ ရတုေဇာ္က ထိုလက္မ်ားကိုဆြဲျဖဳတ္လိုက္ကာ

"ဟုတ္တယ္ ဘာျဖစ္လဲ"

"မင္းရူးေနတာလား အလင္းတိမ္တိုက္နဲ႔ကြဲရင္ ေကာင္းကင္ေရာင္က ေပ်ာ္မယ္ထင္ေနတာလား မင္းကိုေက်းဇူးတင္မယ္ထင္ေနတာလား ေဝးေသးတယ္ မင္းကသူတို႔ၾကားက ဗီလိန္ဘဲ ျဖစ္ေနမွာ မင္းလုပ္ေနတာေတြအားလံုးက ဗီလိန္တစ္ေယာက္လုပ္ရပ္ေတြဘဲ အသိတရား ရစမ္းပါ"

"ငါမွန္တယ္ ငါလုပ္တာအားလံုးမွန္တယ္ မင္းဘာမွ လာမေျပာနဲ႔"

ျပန္လည္ေအာ္ဟစ္ကာ ျမတ္သူရေမာင္အားတြန္းဖယ္ရင္း ထိုအခန္းထဲမွထြက္ခဲ့လိုက္သည္။ သူ႔အခန္းထံျပန္လာရင္းေတြးမိသည္။ သူမွားေနၿပီလားဟူ၍ ။ သို႔ေသာ္လည္း သူလံုးဝမွန္ေနသည္ဟူေသာ အေတြးကသာ ျပန္လည္ အနိုင္ယူသြားေလသည္။

'ဟုတ္တယ္ ငါလံုးဝမွန္တယ္'

##########

ေရးနိုင္သေလာက္ေလး ေရးၿပီး Upလိုက္တယ္ေနာ္😁

ဒီေန႔ JLPT ရွိတာ ေျဖနိုင္တာလားမေျဖနိုင္တာလား မေသခ်ာေပမယ့္
ကြၽတ္ကြၽတ္အိတ္ခ်စ္သူဆိုတဲ့ BL တစ္ပုဒ္ေရးခ်င္စိတ္ေတာ့ ေပါက္ခဲ့တယ္ 😁😁 လခြမ္းေတြပါဟယ္

..................

အရှေ့မှ ကော့တော့ကော့တော့နှင့် သွားနေသော ငပိန်းပိစိကြောင့် မိုးမြေတစ်ယောက် မျက်နှာမကြည်သာနိုင်ပေ။ အရိပ်ပြယုံမက အကောင်လိုက်ထွက်ပြနေတာတောင် ဆင်ကိုခြင်ဖြစ်အောင် ကြည့်သည့် ပိစိကြောင့် လက်မှိုင်ချရမလိုပင်ဖြစ်၍နေ၏။ တိမ်တိုက်တစ်ယောက် ကောင်းကင်ရောင်ကိုလိုက်တုန်းက အားမလိုမရဖြစ်ခဲ့ပေသည့် ယခုသူ့အလှည့်ကြမှ အားပင်မရှိတော့ပေ။

"သားကြီး စိတ်ဓာတ်မကျနဲ့ ဖိုက်တင်း"

အပြုံးစစနှင့် ပုခုံးကိုလာဖက်ပြီး မျက်ခုံးပင့်ကာပြောလာသည့် တိမ်တိုက်ကြောင့် ဖက်လာသည့်လက်ကိုစောင့်ဆွဲဖြုတ်ချလိုက်ကာ

"ယိ ဖိုက်တင်းပါလား ဒီလောက်တောင်ပိန်းအနေတဲ့ကောင်ကို ငါဘာလို့ကြိုက်မိမှန်းတောင်မသိဘူး ရူးနေလို့ဖြစ်မယ် ငါစိတ်ကျန်းမာရေးဆေးရုံပြသင့်နေပြီ"

"ဟားဟားဟား အဲ့လိုပိန်းအနေတဲ့ခေါင်းက နည်းနည်းကြမ်းပေးမှရတာ မင်းနုယွပြီးလုပ်ပြနေရင်တော့ ဟိုကပိန်းမြဲပိန်းဆဲနေမှာဘဲ"

တိမ်တိုက်စကားကြောင့် မိုးမြေက စိတ်ဝင်စားသကဲ့သို့ ပြန်ကြည့်လာပြီးမှ ပြန်လှည့်သွားကာ

"ပရမ်းပတာတွေ"

"ဟာ အတည်ပြောတာ ခုကညိမ်နေတော့ ဦးနှောက်က အေးဆေးနှပ်နေတာ နည်းနည်းကြမ်းလိုက်ရင် ဦးနှောက်ကလည်း ခုန်ပေါက်ပြီးလှုပ်သွားမှာဆိုတော့ သူနှပ်နေလို့မရတော့ဘူး ပြန်ပြီးပုံမှန်ဦးနှောက်လိုအလုပ်လုပ်လာလိမ့်မယ်"

မိုးမြေက တိမ်တိုက်ပြောစကားကို မျက်လုံးတို့ကိုမှေးစဉ်းကာစဉ်းစားလိုက်ရင်း 'ဟုတ်လို့လား' ဆိုသည့် အကြည့်နှင့်ကြည့်လာသည်။

"မယုံနေပေါ့ မင်းလုပ်ကြည့်လည်း အရှုံးမှမရှိတာကို မလုပ်ရဲဘူးလား"

"လုပ်ရဲတယ်"

တိမ်တိုက်စကားအဆုံးတွင် မိုးမြေအသံက ခက်သွက်သွက်ထွက်လို့လာ၏။ ပြီးနောက် အရှေ့ကသွားနေသော ငအဆီအမှီပြေးလိုက်သွား၏။ ထိုမြင်ကွင်းကိုကြည့်ရင်း တိမ်တိုက်တစ်ယောက် ရယ်ချင်စိတ်ကိုပင် မထိမ်းနိုင်တော့ပေ။

'ပိစိရေ မင်းတော့သေပြီဘဲ'

.................

"ပြောစရာရှိလို့ဆို ပြောလေ"

ကောင်းကောင်းက ရှုပ်ပွနေသော စာအုပ်တွေကို ရှင်းနေရင်း ပြန်မေးလာသည်။ ရတုဇော်က ခေါင်းကုပ်လိုက်ရင်း ပြောရခက်နေသော ဟန်ပန်လုပ်နေသည်။

"မင်းယုံမလားတော့မသိဘူး ဒါပေမယ့် ငါကမင်းအတွက်ပြောမှာပါ"

ရတုဇော်၏ အစချီလာသော စကားကြောင့် ကောင်းကင်ရောင်လက်တို့ တုန့်ဆိုင်း၍သွားသည်။ ပြီးမှ လုပ်နေသည်ကိုဆက်လုပ်ကာ နေလိုက်၏။

"ဟိုနေ့က တိမ်တိုက်လေ မနန်းယုနဲ့အပြင်မှာငါတွေ့လိုက်တယ်"

ရတုဇော်က ပြောနေသည်ကို ရပ်လိုက်ကာ ကောင်းကောင်းမျက်နှာကို အသေအချာကြည့်လိုက်သည်။ သို့သော်လည်း ထူးခြားမလာပေ။

"သူတို့ကြည့်ရတာ တစ်မျိုးဘဲ"

"ဩော် ဟုတ်လား"

ကောင်းကောင်းက ထိုကဲ့သို့သာ စကားပြန်လာပြီး စာအုပ်ပုံရှင်းပြီးတော့ ရေချိုးရန်ပင်ပြင်၍နေလေပြီဖြစ်သည်။ကောင်းကောင်းတစ်ယောက် သူမျှော်လင့်ထားသလို ဖြစ်မသွားတာကြောင့် မကျေမနပ်ဖြစ်နေကာ

"မင်းဘာမှမဖြစ်ဘူးလား"

"ဟင် ဘာဖြစ်ရမှာလဲ"

ကောင်းကောင်းက တကယ့်ကို ဘာမှမဖြစ်သကဲ့သို့ ပုံမှန်အတိုင်းသာ ပြန်ပြောလာပြန်၏။ နောက်ပြီး ပြုံး၍ပင်ပြသွားသေး၏။

"ရေချိုးပြီးရင် အပြင်သွားမလို့ လိုက်ဦးမလား"

သူကပင်ပြန်၍ အပြင်ထွက်ရန်ပြောလာသဖြင့် ရတုဇော်ပို၍ မကျေနပ်ပြန်။ ခေါင်းသာပြန်ရမ်းပြလိုက်ကာ အခန်းထဲကျန်နေခဲ့သည်။

"လာတော့ ဘာလုပ်နေတာလဲ"

မြတ်သူရမောင်ရောက်လာကာ သူ့အားဆွဲထူမလိုပင် လုပ်၍ပြောလာသည်။ သူ့မျက်နှာကလည်း ဆူပုတ်နေကာ မည်သည်ကိုအလိုမကျနေမှန်းမသိပေ။

"ထိုင်နေတာလေ မင်းရုပ်ကရောဘာဖြစ်တာလဲ"

"ငါဂျယ်လီနင်နေတာ သေတော့မယ်"

မြတ်သူရမောင်က သူ့ရင်ဘက်သူပုတ်ပြကာ အော်လေတော့သည်။ ရတုဇော်က သူ့အားပြူးကြည့်လာကာ

"ရေသောက်လိုက်"

"ငါက ရေသောက်စရာမလိုပါဘူး ငါ့ဟာငါပြန်မျိုချတက်တယ် မင်းသာရေသောက်သင့်နေတာ"

"မင်းဘာပြောချင်နေတာလဲ"

ရတုဇော်၏ ပြန်အမေးကြောင့် မြတ်သူရမောင်က ခနဲ့တဲ့တဲ့ပြန်ပြုံးပြလာပြီး

"မင်းသူများအတွဲကို ဖျက်လိုဖျက်ဆီးလုပ်ချင်နေတာကိုပြောတာလေ မင်းဟာမင်းပြန်စဉ်းစား"

"ဘာပြောတယ် ! ငါက ဖျက်လိုဖျက်ဆီးလုပ်နေတာမဟုတ်ဘူး အားလုံးကောင်းဖို့လုပ်တာ"

ရတုဇော်က မြတ်သူရမောင်၏ သတိပေးစကားကို မျက်လုံးစုံမှိတ်ကာ ညင်းဆန်နေမြဲဖြစ်သည်။ ဘာဘဲပြောပြော သူလုပ်နေတာ မှန်သည်ဟုသာ ယူဆနေသည်။

"ဘယ်သူကောင်းမှာလဲ မင်းလား မင်းကသူတို့ကွဲရင်စိတ်ချမ်းသာမှာမို့ မင်းကောင်းဖို့လား"

"မဟုတ်ဘူး!"

ရတုဇော်က ထိုင်နေရာမှ ထရပ်လိုက်ရင်း ပြန်အော်လိုက်လေသည်။ မြတ်သူရမောင်မှာ သည်းမခံနိုင်ဖြစ်လွန်းတာကြောင့် ရတုဇော်၏ ပုခုံးနှစ်ဖက်ကိုဆွဲကိုင်လိုက်ကာ

"ဒါဆိုဘာလဲ ဘာလို့လုပ်နေတာလဲ"

"ကောင်း..."

"ကောင်းကင်ရောင် စိတ်ချမ်းသာဖို့လို့ဘဲ ပြောဦးမလို့လား ဟမ်"

ကိုင်ထားသော ပုခုံးနှစ်ဖက်ကိုစောင့်ရမ်းလိုက်တာကြောင့် ရတုဇော်တစ်ယောက် မူးနောက်သွားမတက်ပင်။ ရတုဇော်က ထိုလက်များကိုဆွဲဖြုတ်လိုက်ကာ

"ဟုတ်တယ် ဘာဖြစ်လဲ"

"မင်းရူးနေတာလား အလင်းတိမ်တိုက်နဲ့ကွဲရင် ကောင်းကင်ရောင်က ပျော်မယ်ထင်နေတာလား မင်းကိုကျေးဇူးတင်မယ်ထင်နေတာလား ဝေးသေးတယ် မင်းကသူတို့ကြားက ဗီလိန်ဘဲ ဖြစ်နေမှာ မင်းလုပ်နေတာတွေအားလုံးက ဗီလိန်တစ်ယောက်လုပ်ရပ်တွေဘဲ အသိတရား ရစမ်းပါ"

"ငါမှန်တယ် ငါလုပ်တာအားလုံးမှန်တယ် မင်းဘာမှ လာမပြောနဲ့"

ပြန်လည်အော်ဟစ်ကာ မြတ်သူရမောင်အားတွန်းဖယ်ရင်း ထိုအခန်းထဲမှထွက်ခဲ့လိုက်သည်။ သူ့အခန်းထံပြန်လာရင်းတွေးမိသည်။ သူမှားနေပြီလားဟူ၍ ။ သို့သော်လည်း သူလုံးဝမှန်နေသည်ဟူသော အတွေးကသာ ပြန်လည် အနိုင်ယူသွားလေသည်။

'ဟုတ်တယ် ငါလုံးဝမှန်တယ်'

##########

ရေးနိုင်သလောက်လေး ရေးပြီး Upလိုက်တယ်နော်😁

ဒီနေ့ JLPT ရှိတာ ဖြေနိုင်တာလားမဖြေနိုင်တာလား မသေချာပေမယ့်
ကျွတ်ကျွတ်အိတ်ချစ်သူဆိုတဲ့ BL တစ်ပုဒ်ရေးချင်စိတ်တော့ ပေါက်ခဲ့တယ် 😁😁 လခွမ်းတွေပါဟယ်

Continue Reading

You'll Also Like

The Matches By Edward Htet

Mystery / Thriller

1.7K 243 18
The Matches Novel version
2.8K 150 9
Myanmar BL fanfiction. Start date 1.6.2022
1M 56.6K 47
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
3.5K 437 7
Bibliophilia" ဆိုတဲ့ စာအုပ်ထဲက မာန့်ရဲ့ Mini Story လေးပါရှင်။