ဘုရားေက်ာင္းဝင္းထဲ ေရာက္သည္ႏွင့္ မယ္ေတာ့္ကမၺည္းတိုင္ရွိရာ အခန္းသို႔ သူဝင္လိုက္သည္။ ခဏမွ် အရိုအေသျပဳၿပီးေနာက္ ကမၺည္းတိုင္ကိုပင့္မၿပီး တိုင္ေအာက္ရွိ ခလုတ္ငယ္ကို ႏွိပ္သည္။ စကၠန္႔အနည္းငယ္ၾကာၿပီးေနာက္ အခန္းထဲရွိ နတ္ရုပ္ထုတစ္ခု နံရံကေန အေရွ႕ကို တစ္ေပခြဲခန္႔မွ်တိုးလာသည္။ လွ်ိဳ႕ဝွက္တံခါးပြင့္ခ်ိန္က ၁၅စကၠန္႔သာျဖစ္သည္မို႔ ဟြာရွန္႔ မဆိုင္းမတြပင္ ရုပ္ထုေနာက္ ဝင္သြားသည္ႏွင့္ တၿပိဳင္နက္ ရုပ္ထုက သူ႔ေနရာသူ ျပန္ဆုတ္သြားသည္။ ေမွးမိွန္လြန္းသည့္ နံရံကပ္မီးေရာင္ေအာက္တြင္ သူသတိထားကာ အျခားေသာ လွ်ိဳ႕ဝွက္တံခါး ၂ခုကို လြယ္ကူလ်င္ျမန္စြာဖြင့္ၿပီးေနာက္ အခန္းက်ယ္တစ္ခုဆီ သူေရာက္သြားျပန္သည္။ အခန္းက်ယ္ဟုသာ ဆိုေသာ္လည္း အမွန္ေတာ့ က်ယ္ျပန္႔သည့္ ဂူတစ္ခုသာပင္။ ေက်ာက္စက္ပန္းဆြဲမ်ား စီရရီႏွင့္ တစ္စက္စက္က်ေနေသာ ေရစက္သံတို႔က တိတ္ဆိတ္လြန္းသည့္ ဂူအခန္းတြင္ ေျခာက္ျခားစဖြယ္။ ဂူထဲတြင္ အလင္းေရာင္ဆိုလို႔ ဂူနံရံမွ ေသးငယ္လွသည့္အေပါက္ကေနတဆင့္ ျဖာက်ေနေသာ လေရာင္မွိန္မွိန္သာ ရွိသည္။
ဟြာရွန္႔ ေျခလွမ္းတို႔ကို ခပ္မွန္မွန္လွမ္းကာ ေျခလွမ္းအေရအတြက္ကို မွတ္ထားသည္။ ေျခလွမ္း ၂၀ေျမာက္တြင္ ရပ္ၿပီး ပတ္ဝန္းက်င္ကို ပိုၿပီးသတိထားကာ နားစြင့္ေနသည္။ မည္သည့္လႈပ္ရွားသံမွ မၾကားသည္ကို ေသခ်ာၿပီဆိုမွ သူ၏ ဘယ္ဘက္ကို ေျခသံုးလွမ္းခန္႔ ေရႊ႕ၿပီး ေရွ႕သို႔ ဆက္ေလွ်ာက္သည္။ ဒီတစ္ခါသူပိုၿပီး သတိထားရသည္။ လေရာင္ျဖာက်ေနသည့္ ဂူၾကမ္းျပင္ကေန တိုးထြက္ေနေသာ ေက်ာက္သားျပင္တြင္ သူလိုခ်င္သည့္အရာ ရွိေနသည္။ ေျခလွမ္းအနည္းငယ္မွ် ေရႊ႕ၿပီးခ်ိန္တြင္ အျခားေသာ အသက္ရွဴသံတစ္သံကို ၾကားလုိက္ရသည္။ ခ်က္ခ်င္းေနာက္သို႔ျပန္ဆုတ္ၿပီး အသံၾကားသည့္ေနရာသို႔မွန္းကာ တိုးကပ္လိုက္သည္ႏွင့္ ေအးစက္ေသာ ဓါးအေငြ႕အသက္က သူ႔ဆီေျပးလာသည္။ ေနာက္သို႔ ခုန္ေရွာင္ရင္း လွ်ိဳ႕ဝွက္လက္နက္ခလုတ္ရွိရာသို႔ ေျခမခ်မိေစရန္လည္း သတိထားရသည္။ ရန္သူက ဂူအေနအထားကို ကၽြမ္းက်င္ေနပံုရသည္။ တရစပ္တိုက္ခိုက္လာသည္ကို ခုခံေနရင္း ရန္သူက ဘယ္သူလဲ သူဆန္းစစ္ေနသည္။ တစ္ခ်က္တြင္ သူရိုက္ထုတ္လိုက္ေသာေၾကာင့္ ရန္သူက ဂူနံရံႏွင့္ရိုက္မိသြားသည္။ တဆက္တည္းပင္ ရန္သူသည္ မိန္းကေလးျဖစ္ေၾကာင္း သူသိလုိက္သည္။
ရန္သူတိုက္မိသည့္နံရံမွ ခလုတ္တစ္ခုကို သြားႏွိပ္မိသလို ျဖစ္ေသာေၾကာင့္ ဂူနံရံမွ ေဖ်ာ့ေတာ့သည့္ အလင္းေရာင္ ျဖာထြက္လာသည္။ နံရံကအလင္းေရာင္ ထြက္လာသည့္တခဏမွာပင္ ေလးဖက္ေလးတန္ေသာ နံရံဆီကေန ျမားမ်ား သူတို႔ဆီ တရစပ္ေျပးလာသည္မွာ မိုးရြာေတာ့မည့္အတိုင္းပင္။ သူႏွင့္ ရန္သူမိန္းကေလး တစ္ေယာက္ႏွင့္တစ္ေယာက္ တိုက္ခိုက္ဖို႔ ေနေနသာသာ ေျပးဝင္လာသည့္ ျမားတို႔ကို အသည္းအသန္ေရွာင္ေနရသည္။ တစ္ခ်က္တြင္ ထိုမိန္းကေလး၏ မ်က္ႏွာတစ္ဝက္စည္းထားေသာ အဝတ္ကို ျမားကသီသီေလးျဖတ္ၿပီး မ်က္ႏွာကို ရွင္းရွင္းလင္းလင္းေဖာ္ျပသြားေစသည္။ ခဏ… ထိုခဏမွာပင္ ဂူထဲလႈပ္ရွားေနေသာ အရာအားလံုးသည္ ရပ္တန္႔သြားသည္ဟု ဟြာရွန္႔ထင္မိသည္။ ေအးခဲကာေတာင့္မတ္သြားမိသည့္ ခႏၶာကိုယ္က တစ္စကၠန္႔၏ ၁၅ပံု တစ္ပံုမွ်သာ ၾကာသြားသည္။ မိန္းကေလးက ျမားတို႔ကို ခုန္ေရွာင္ရင္းကေန ေခ်ာက္နက္ထဲျပဳတ္က်သြားသည္။
ဟြာရွန္႔ေတြေဝျခင္း အလ်ဥ္းမရွိဘဲ ေခ်ာက္ကမ္းပါးထိပ္သို႔ ေရာက္ေအာင္ခုန္သြားၿပီး ထိုမိန္းကေလးကို ဖမ္းဆြဲသည္။ ကံေကာင္းစြာပင္ သူမလက္ေကာက္ဝတ္ကို ဆြဲမွီလိုက္သည္။ ကံဆိုးသည္က ျမားတစ္ေခ်ာင္းက သူ႔ေနာက္ေက်ာသို႔ စိုက္ဝင္ထားသည္။ အဆက္မျပတ္ရြာေနေသာ ျမားမိုးသည္ တိတ္သြားေခ်ၿပီ။ သူ ထိုမိန္းကေလးလက္ကို တင္းတင္းဆုပ္ထားသည္။
"ဖန္းယဲ့…. မင္း…………"
"အစ္ကိုရွန္႔…. က်မလက္ကို လႊတ္လိုက္ပါ….. ျမန္ျမန္….."
သူမ၏ ေျပာစကားႏွင့္ ဆန္႔က်င္စြာပင္ ဟြာရွန္႔လက္ကို ပိုၿပီးအားစိုက္ကာ သူမအေပၚေရာက္လာရန္ ႀကိဳးစားဆြဲတင္သည္။ အားပိုျပဳရသည့္အတြက္ ေက်ာဘက္က ပိုပိုေအာင့္လာသည္။ ဟြာရွန္႔မိမိ၏ ဒဏ္ရာကို လံုးဝပင္ ဂရုမစိုက္။ ေနာက္တစ္ႀကိမ္ႀကိဳးစား အားထုတ္ၿပီးခ်ိန္တြင္ေတာ့ ဖန္းယဲ့ ကမ္းပါးထိပ္ေပၚ ျပန္တက္လာႏိုင္ေလသည္။ ဟြာရွန္႔ကမ္းပါးေပၚျပန္တက္လာႏိုင္သည့္ ဖန္းယဲ့ကို လက္ကိုလႊတ္မေပးေသးဘဲ အေသအခ်ာစိုက္ၾကည့္သည္။ ဒီမိန္းကေလး…. သူ႔ႏွလံုးသားတစ္ခုလံုး ပံုေအာကာ ႏွစ္သက္ခဲ့ရသည့္ မိန္းကေလး။ ေနာင္ဘဝမွ ျပန္ဆံုမည္ဟု ယံုၾကည္ေနရွာေသာ သူသည္ သူမ မေသေသးသည္ကို မ်က္ျမင္ကိုယ္ေတြ႕ ေတြ႕လိုက္ရသည့္ေနာက္ လက္တို႔ကအလိုလိုပင္္ သူမကို သူ႔အနားေရာက္ေအာင္ ဆြဲယူမိသည္။ ဒီအတိုင္းၾကည့္ေနရင္း စကားလည္း မဆိုႏိုင္။
"အစ္ကိုရွန္႔… ဒဏ္ရာ ရထားတယ္… ညီမ ၾကည့္ေပးပါရေစ…"
"…………………….."
"အစ္ကိုရွန္႔…"
"ဒဏ္ရာက မျဖစ္စေလာက္ေလးပါ ဖန္းအာ… မင္းေရာ…. ထိခိုက္မိတာ ရွိေသးလား…."
သူ သူမတစ္ကိုယ္လံုးကို ေျခဆံုးေခါင္းဆံုး စစ္ၾကည့္သည္။ လက္ဖမိုးေပၚတြင္ အနည္းငယ္ ပြန္းပဲ့ေနသည္မွလဲြၿပီး အထိအခိုက္မရွိေတာ့မွ သူ စိတ္ခ်သြားသည္။
"ဒီေနရာက အရမ္းအႏၱရာယ္မ်ားတာ… မင္း ဘာလို႔လာတာလဲ…"
"အစ္ကိုရွန္႔…. ညီမကို ေနာက္မွ ဆူလုိ႔မရဘူးလား…. အစ္ကို႔ဒဏ္ရာက ပိုအေရးႀကီးတယ္…. ဒီကေန ထြက္သြားရေအာင္… ေနာ္…."
မၾကားရတာ ၾကာၿပီျဖစ္သည့္ ခ်ိဳသာေသာ စကားသံတို႔ကို ဟြာရွန္႔ မျငင္းဆန္ႏိုင္။ ဂူထဲကေန ျပန္ထြက္ခဲ့ေတာ့သည္။ သူတို႔ထိုသို႔ ျဖစ္ပ်က္ေနခ်ိန္ တိမ္ျပာမိုးရိပ္စံအိမ္တြင္ က်န္ခဲ့ေသာ မို႔ရန္ခမ်ာ အိပ္မေပ်ာ္ႏိုင္ေသး။ အခန္းထဲ ေခါက္တံု႔ေခါက္ျပန္ ေလွ်ာက္ေနရင္း တစ္ခ်က္တြင္ သူမႏွလံုးခုန္သံ ရုတ္တရက္ ျမင့္တက္လာသည္။ အျပင္ကေန ႏွလံုးခုန္သံသဲ့သဲ့ကို ၾကားေနရသည္။ စားပြဲကို လက္ေထာာက္ၿပီး ရင္ဘတ္ကို ခပ္ဖြဖြပုတ္သည္။ စိုးရိမ္ေၾကာင့္ၾကေနသည္မွာ ပံုမွန္မဟုတ္သည့္ ခံစားမႈမ်ိဳးအထိ သူမ ခံစားသိေနရသည္။ လက္စြပ္ျပန္မရမွာကို စိုးရိမ္ေနသည္မွာ ဟုတ္ေသာ္လည္း စစ္သူႀကီးက ကတိတည္တတ္သည့္သူမုိ႔ ျပန္ရမည္မွာ မလြဲမေသ။ ဒါဆို သူမဘာကို အရမ္းကာေရာ စိုးရိမ္ေနရသည္လဲ။ အေျဖရွာမေတြ႕။ လင္းၾကက္တြန္သံၾကားရသည့္အခ်ိန္မွ မို႔ရန္ အိပ္ေပ်ာ္သြားသည္။ အိပ္မက္ထဲတြင္မေတာ့ သူမသည္ ပီအိုနီပန္းခင္းႀကီးတြင္ ေပ်ာ္ရႊင္စြာ ကစားေနသည္သတဲ့။
ေနာက္တစ္ေန႔ေရာက္သည္အထိ ဟြာရွန္႔က ျပန္မေရာက္ေသး။ ညေနေစာင္းေတာ့ ကိုယ္လက္သန္႔စင္ၿပီးေနာက္ အေစခံတို႔ျပင္ေပးသည့္ ညစာကို စားသည္။ ဟြာရွန္႔ကို အရိပ္ကေလးေတာင္မွ် သူမ မေတြ႕။ အေစခံတို႔ကလည္း သူမကို ျမင္သည္ႏွင့္ သတိအေနအထားျဖစ္ျဖစ္သြားၾကၿပီး ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္္ကုန္သည့္အတြက္ ညစာလာျပင္ေပးသည့္ ေဘးနားက အေစခံကို ျမန္ျမန္လွမ္းေခၚၿပီး
"နင္… စစ္သူႀကီးကို ေတြ႕မိေသးလား…"
"ႏူးဘီ… မေတြ႕ပါဘူး…."
"သူ ဘယ္သြားတာကို… ဒီအိမ္မွာ ဘယ္သူသိႏိုင္လဲ…."
"အိမ္ေတာ္ထိန္းကို ေမးၾကည့္ပါလား… သခင္ေလး… ႏူးဘီတို႔ သိခြင့္မရွိလို႔ပါ…."
"ေအာ္… အဲဒီလိုလား…. ေက်းဇူးပဲ…"
အေစခံမေလးက ေျဖၿပီးသည္ႏွင့္ မေျပးရံုတမယ္ ထြက္သြားသည္။ အစားကို ျမန္ျမန္လက္စသတ္ၿပီးေနာက္ စည္ပိုင္းျဖဴႀကီးကို သူမသြားရွာသည္။ အိမ္ေတာ္ထိန္းပိုင္က သူလည္းမသိဟု ေျဖလာေတာ့ သူမစိတ္ေလသြားသည္။
"ဒီက သခင္ေလးက… အေရးႀကီးကိစၥရွိလို႔လား…"
"အင္း… အေရးမႀကီးေပမယ့္ တကယ္ေတာ့ အေရးႀကီးတာေလး ရွိလို႔ပါ…"
အိမ္ေတာ္ထိန္းပိုင္ နားမလည္ႏိုင္ျဖစ္သြားသည္။ အေရးႀကီးတာလား၊ အေရးမႀကီးတာလား ေသခ်ာမကြဲျပား။ ေတြးဆစြာသာ ျပန္ေမးသည္။
"သခင္ေလး… ဘာကိုဆိုလိုတာလဲ…..."
"ထားလိုက္ပါေတာ့… စစ္သူႀကီး ေလာေလာဆယ္မရွိလည္း ကိစၥမရွိပါဘူး… က်ေနာ္ နည္းနည္းပ်င္းလာလုိ႔ပါ…. ဒီနားမွာ ဘယ္သြားစရာရွိလဲ…. လမ္းေလွ်ာက္ထြက္ခ်င္လို႔…"
"အင္း…. အဲဒါက…"
ဟိုလွည့္ဒီလွည့္ျဖစ္သြားေသာ အိမ္ေတာ္ထိန္းပိုင္ေၾကာင့္ မို႔ရန္ စိတ္မရွည္ေတာ့။
"လမ္းေလးပဲ… ညႊန္ေပးပါဗ်ာ…"
"သခင္ေလး…. လမ္းေလွ်ာက္ထြက္ခ်င္ရင္ က်ေနာ္… ၿခံဝန္းထဲ လိုက္ျပပါ့မယ္… သခင္ေလး… ပန္းေတြကို ၾကည့္ခ်င္ရင္… ပန္းဥယ်ာဥ္လည္း ရွိတယ္… ၾကာကန္လည္း ရွိတယ္… ၿခံဝန္းက က်ယ္ေတာ့ သခင္ေလး အျပင္ထြက္ၿပီး လမ္းေလွ်ာက္စရာ မလိုေတာ့ဘူးေပါ့… ၿခံဝန္းထဲလည္း ျမင္ဖူးသြားတာေပါ့…"
မုိ႔ရန္ ဘဝင္မက်ေသာ္လည္း လက္ခံလိုက္သည္။ ေနာက္မွပဲ သူမဘာသာ သြားေတာ့မည္ဟု ေတးထားသည္။ ေရွ႕က လံုးလံုးဝဝ ေပါက္စီေနာက္သို႔ ျဖည္းျဖည္းမွန္မွန္ပဲ လမ္းေလွ်ာက္လိုက္သြားသည္။ အိမ္ေတာ္ထိန္းပိုင္က စိတ္ထဲ
အရွင္င့ါကို ႀကိဳေျပာထားတဲ့တိုင္းပဲ… သူအျပင္ထြက္ဖို႔ လာေျပာတယ္…. ငါသူ႔ကို အျပင္ေပးထြက္လို႔ ရတတ္ဖူးလား…. အရွင္ကေရာ… သူ႔ကို မ်က္စိေအာက္က အေပ်ာက္မခံဖို႔ လိုလို႔လား… ဒါမွမဟုတ္ သူက အရွင့္ရဲ႕ အျပစ္သားလား… အျပစ္သားဆိုရင္လည္း မျဖစ္ႏုိင္ဘူး… အရွင္ သူ႔အိမ္ေတာင္ ေခၚလာစရာ အေၾကာင္းမရွိ… ဒီျပသနာေလးက ဟိုေန႔ကပဲ ေရာက္တယ္… အရွင့္အခန္းထဲက ပန္းအိုးလည္း ခဲြစားၿပီးၿပီ… အရွင့္ဝတ္ရံုကိုလည္း ၿပဲေအာင္ လုပ္သြားေသးတယ္… အရွင္မရွိတုန္း အေစခံေတြကိုလည္း လိုက္စလို႔ င့ါကို လာတိုင္တာ ခုႏွစ္ေယာက္မကဘူး… အိုက္ယား… ငါသိပ္စိတ္ညစ္…..!!!!
အပိုင်း (၅၆)
ဘုရားကျောင်းဝင်းထဲ ရောက်သည်နှင့် မယ်တော့်ကမ္ဗည်းတိုင်ရှိရာ အခန်းသို့ သူဝင်လိုက်သည်။ ခဏမျှ အရိုအသေပြုပြီးနောက် ကမ္ဗည်းတိုင်ကိုပင့်မပြီး တိုင်အောက်ရှိ ခလုတ်ငယ်ကို နှိပ်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် အခန်းထဲရှိ နတ်ရုပ်ထုတစ်ခု နံရံကနေ အရှေ့ကို တစ်ပေခွဲခန့်မျှတိုးလာသည်။ လျှို့ဝှက်တံခါးပွင့်ချိန်က ၁၅စက္ကန့်သာဖြစ်သည်မို့ ဟွာရှန့် မဆိုင်းမတွပင် ရုပ်ထုနောက် ဝင်သွားသည်နှင့် တပြိုင်နက် ရုပ်ထုက သူ့နေရာသူ ပြန်ဆုတ်သွားသည်။ မှေးမှိန်လွန်းသည့် နံရံကပ်မီးရောင်အောက်တွင် သူသတိထားကာ အခြားသော လျှို့ဝှက်တံခါး ၂ခုကို လွယ်ကူလျင်မြန်စွာဖွင့်ပြီးနောက် အခန်းကျယ်တစ်ခုဆီ သူရောက်သွားပြန်သည်။ အခန်းကျယ်ဟုသာ ဆိုသော်လည်း အမှန်တော့ ကျယ်ပြန့်သည့် ဂူတစ်ခုသာပင်။ ကျောက်စက်ပန်းဆွဲများ စီရရီနှင့် တစ်စက်စက်ကျနေသော ရေစက်သံတို့က တိတ်ဆိတ်လွန်းသည့် ဂူအခန်းတွင် ခြောက်ခြားစဖွယ်။ ဂူထဲတွင် အလင်းရောင်ဆိုလို့ ဂူနံရံမှ သေးငယ်လှသည့်အပေါက်ကနေတဆင့် ဖြာကျနေသော လရောင်မှိန်မှိန်သာ ရှိသည်။
ဟွာရှန့် ခြေလှမ်းတို့ကို ခပ်မှန်မှန်လှမ်းကာ ခြေလှမ်းအရေအတွက်ကို မှတ်ထားသည်။ ခြေလှမ်း ၂၀မြောက်တွင် ရပ်ပြီး ပတ်ဝန်းကျင်ကို ပိုပြီးသတိထားကာ နားစွင့်နေသည်။ မည်သည့်လှုပ်ရှားသံမှ မကြားသည်ကို သေချာပြီဆိုမှ သူ၏ ဘယ်ဘက်ကို ခြေသုံးလှမ်းခန့် ရွှေ့ပြီး ရှေ့သို့ ဆက်လျှောက်သည်။ ဒီတစ်ခါသူပိုပြီး သတိထားရသည်။ လရောင်ဖြာကျနေသည့် ဂူကြမ်းပြင်ကနေ တိုးထွက်နေသော ကျောက်သားပြင်တွင် သူလိုချင်သည့်အရာ ရှိနေသည်။ ခြေလှမ်းအနည်းငယ်မျှ ရွှေ့ပြီးချိန်တွင် အခြားသော အသက်ရှူသံတစ်သံကို ကြားလိုက်ရသည်။ ချက်ချင်းနောက်သို့ပြန်ဆုတ်ပြီး အသံကြားသည့်နေရာသို့မှန်းကာ တိုးကပ်လိုက်သည်နှင့် အေးစက်သော ဓါးအငွေ့အသက်က သူ့ဆီပြေးလာသည်။ နောက်သို့ ခုန်ရှောင်ရင်း လျှို့ဝှက်လက်နက်ခလုတ်ရှိရာသို့ ခြေမချမိစေရန်လည်း သတိထားရသည်။ ရန်သူက ဂူအနေအထားကို ကျွမ်းကျင်နေပုံရသည်။ တရစပ်တိုက်ခိုက်လာသည်ကို ခုခံနေရင်း ရန်သူက ဘယ်သူလဲ သူဆန်းစစ်နေသည်။ တစ်ချက်တွင် သူရိုက်ထုတ်လိုက်သောကြောင့် ရန်သူက ဂူနံရံနှင့်ရိုက်မိသွားသည်။ တဆက်တည်းပင် ရန်သူသည် မိန်းကလေးဖြစ်ကြောင်း သူသိလိုက်သည်။
ရန်သူတိုက်မိသည့်နံရံမှ ခလုတ်တစ်ခုကို သွားနှိပ်မိသလို ဖြစ်သောကြောင့် ဂူနံရံမှ ဖျော့တော့သည့် အလင်းရောင် ဖြာထွက်လာသည်။ နံရံကအလင်းရောင် ထွက်လာသည့်တခဏမှာပင် လေးဖက်လေးတန်သော နံရံဆီကနေ မြားများ သူတို့ဆီ တရစပ်ပြေးလာသည်မှာ မိုးရွာတော့မည့်အတိုင်းပင်။ သူနှင့် ရန်သူမိန်းကလေး တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ဖို့ နေနေသာသာ ပြေးဝင်လာသည့် မြားတို့ကို အသည်းအသန်ရှောင်နေရသည်။ တစ်ချက်တွင် ထိုမိန်းကလေး၏ မျက်နှာတစ်ဝက်စည်းထားသော အဝတ်ကို မြားကသီသီလေးဖြတ်ပြီး မျက်နှာကို ရှင်းရှင်းလင်းလင်းဖော်ပြသွားစေသည်။ ခဏ… ထိုခဏမှာပင် ဂူထဲလှုပ်ရှားနေသော အရာအားလုံးသည် ရပ်တန့်သွားသည်ဟု ဟွာရှန့်ထင်မိသည်။ အေးခဲကာတောင့်မတ်သွားမိသည့် ခန္ဓာကိုယ်က တစ်စက္ကန့်၏ ၁၅ပုံ တစ်ပုံမျှသာ ကြာသွားသည်။ မိန်းကလေးက မြားတို့ကို ခုန်ရှောင်ရင်းကနေ ချောက်နက်ထဲပြုတ်ကျသွားသည်။
ဟွာရှန့်တွေဝေခြင်း အလျဉ်းမရှိဘဲ ချောက်ကမ်းပါးထိပ်သို့ ရောက်အောင်ခုန်သွားပြီး ထိုမိန်းကလေးကို ဖမ်းဆွဲသည်။ ကံကောင်းစွာပင် သူမလက်ကောက်ဝတ်ကို ဆွဲမှီလိုက်သည်။ ကံဆိုးသည်က မြားတစ်ချောင်းက သူ့နောက်ကျောသို့ စိုက်ဝင်ထားသည်။ အဆက်မပြတ်ရွာနေသော မြားမိုးသည် တိတ်သွားချေပြီ။ သူ ထိုမိန်းကလေးလက်ကို တင်းတင်းဆုပ်ထားသည်။
"ဖန်းယဲ့…. မင်း…………"
"အစ်ကိုရှန့်…. ကျမလက်ကို လွှတ်လိုက်ပါ….. မြန်မြန်….."
သူမ၏ ပြောစကားနှင့် ဆန့်ကျင်စွာပင် ဟွာရှန့်လက်ကို ပိုပြီးအားစိုက်ကာ သူမအပေါ်ရောက်လာရန် ကြိုးစားဆွဲတင်သည်။ အားပိုပြုရသည့်အတွက် ကျောဘက်က ပိုပိုအောင့်လာသည်။ ဟွာရှန့်မိမိ၏ ဒဏ်ရာကို လုံးဝပင် ဂရုမစိုက်။ နောက်တစ်ကြိမ်ကြိုးစား အားထုတ်ပြီးချိန်တွင်တော့ ဖန်းယဲ့ ကမ်းပါးထိပ်ပေါ် ပြန်တက်လာနိုင်လေသည်။ ဟွာရှန့်ကမ်းပါးပေါ်ပြန်တက်လာနိုင်သည့် ဖန်းယဲ့ကို လက်ကိုလွှတ်မပေးသေးဘဲ အသေအချာစိုက်ကြည့်သည်။ ဒီမိန်းကလေး…. သူ့နှလုံးသားတစ်ခုလုံး ပုံအောကာ နှစ်သက်ခဲ့ရသည့် မိန်းကလေး။ နောင်ဘဝမှ ပြန်ဆုံမည်ဟု ယုံကြည်နေရှာသော သူသည် သူမ မသေသေးသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည့်နောက် လက်တို့ကအလိုလိုပင် သူမကို သူ့အနားရောက်အောင် ဆွဲယူမိသည်။ ဒီအတိုင်းကြည့်နေရင်း စကားလည်း မဆိုနိုင်။
"အစ်ကိုရှန့်… ဒဏ်ရာ ရထားတယ်… ညီမ ကြည့်ပေးပါရစေ…"
"…………………….."
"အစ်ကိုရှန့်…"
"ဒဏ်ရာက မဖြစ်စလောက်လေးပါ ဖန်းအာ… မင်းရော…. ထိခိုက်မိတာ ရှိသေးလား…."
သူ သူမတစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံး စစ်ကြည့်သည်။ လက်ဖမိုးပေါ်တွင် အနည်းငယ် ပွန်းပဲ့နေသည်မှလွဲပြီး အထိအခိုက်မရှိတော့မှ သူ စိတ်ချသွားသည်။
"ဒီနေရာက အရမ်းအန္တရာယ်များတာ… မင်း ဘာလို့လာတာလဲ…"
"အစ်ကိုရှန့်…. ညီမကို နောက်မှ ဆူလို့မရဘူးလား…. အစ်ကို့ဒဏ်ရာက ပိုအရေးကြီးတယ်…. ဒီကနေ ထွက်သွားရအောင်… နော်…."
မကြားရတာ ကြာပြီဖြစ်သည့် ချိုသာသော စကားသံတို့ကို ဟွာရှန့် မငြင်းဆန်နိုင်။ ဂူထဲကနေ ပြန်ထွက်ခဲ့တော့သည်။ သူတို့ထိုသို့ ဖြစ်ပျက်နေချိန် တိမ်ပြာမိုးရိပ်စံအိမ်တွင် ကျန်ခဲ့သော မို့ရန်ခမျာ အိပ်မပျော်နိုင်သေး။ အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း တစ်ချက်တွင် သူမနှလုံးခုန်သံ ရုတ်တရက် မြင့်တက်လာသည်။ အပြင်ကနေ နှလုံးခုန်သံသဲ့သဲ့ကို ကြားနေရသည်။ စားပွဲကို လက်ထောာက်ပြီး ရင်ဘတ်ကို ခပ်ဖွဖွပုတ်သည်။ စိုးရိမ်ကြောင့်ကြနေသည်မှာ ပုံမှန်မဟုတ်သည့် ခံစားမှုမျိုးအထိ သူမ ခံစားသိနေရသည်။ လက်စွပ်ပြန်မရမှာကို စိုးရိမ်နေသည်မှာ ဟုတ်သော်လည်း စစ်သူကြီးက ကတိတည်တတ်သည့်သူမို့ ပြန်ရမည်မှာ မလွဲမသေ။ ဒါဆို သူမဘာကို အရမ်းကာရော စိုးရိမ်နေရသည်လဲ။ အဖြေရှာမတွေ့။ လင်းကြက်တွန်သံကြားရသည့်အချိန်မှ မို့ရန် အိပ်ပျော်သွားသည်။ အိပ်မက်ထဲတွင်မတော့ သူမသည် ပီအိုနီပန်းခင်းကြီးတွင် ပျော်ရွှင်စွာ ကစားနေသည်သတဲ့။
နောက်တစ်နေ့ရောက်သည်အထိ ဟွာရှန့်က ပြန်မရောက်သေး။ ညနေစောင်းတော့ ကိုယ်လက်သန့်စင်ပြီးနောက် အစေခံတို့ပြင်ပေးသည့် ညစာကို စားသည်။ ဟွာရှန့်ကို အရိပ်ကလေးတောင်မျှ သူမ မတွေ့။ အစေခံတို့ကလည်း သူမကို မြင်သည်နှင့် သတိအနေအထားဖြစ်ဖြစ်သွားကြပြီး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည့်အတွက် ညစာလာပြင်ပေးသည့် ဘေးနားက အစေခံကို မြန်မြန်လှမ်းခေါ်ပြီး
"နင်… စစ်သူကြီးကို တွေ့မိသေးလား…"
"နူးဘီ… မတွေ့ပါဘူး…."
"သူ ဘယ်သွားတာကို… ဒီအိမ်မှာ ဘယ်သူသိနိုင်လဲ…."
"အိမ်တော်ထိန်းကို မေးကြည့်ပါလား… သခင်လေး… နူးဘီတို့ သိခွင့်မရှိလို့ပါ…."
"အော်… အဲဒီလိုလား…. ကျေးဇူးပဲ…"
အစေခံမလေးက ဖြေပြီးသည်နှင့် မပြေးရုံတမယ် ထွက်သွားသည်။ အစားကို မြန်မြန်လက်စသတ်ပြီးနောက် စည်ပိုင်းဖြူကြီးကို သူမသွားရှာသည်။ အိမ်တော်ထိန်းပိုင်က သူလည်းမသိဟု ဖြေလာတော့ သူမစိတ်လေသွားသည်။
"ဒီက သခင်လေးက… အရေးကြီးကိစ္စရှိလို့လား…"
"အင်း… အရေးမကြီးပေမယ့် တကယ်တော့ အရေးကြီးတာလေး ရှိလို့ပါ…"
အိမ်တော်ထိန်းပိုင် နားမလည်နိုင်ဖြစ်သွားသည်။ အရေးကြီးတာလား၊ အရေးမကြီးတာလား သေချာမကွဲပြား။ တွေးဆစွာသာ ပြန်မေးသည်။
"သခင်လေး… ဘာကိုဆိုလိုတာလဲ…..."
"ထားလိုက်ပါတော့… စစ်သူကြီး လောလောဆယ်မရှိလည်း ကိစ္စမရှိပါဘူး… ကျနော် နည်းနည်းပျင်းလာလို့ပါ…. ဒီနားမှာ ဘယ်သွားစရာရှိလဲ…. လမ်းလျှောက်ထွက်ချင်လို့…"
"အင်း…. အဲဒါက…"
ဟိုလှည့်ဒီလှည့်ဖြစ်သွားသော အိမ်တော်ထိန်းပိုင်ကြောင့် မို့ရန် စိတ်မရှည်တော့။
"လမ်းလေးပဲ… ညွှန်ပေးပါဗျာ…"
"သခင်လေး…. လမ်းလျှောက်ထွက်ချင်ရင် ကျနော်… ခြံဝန်းထဲ လိုက်ပြပါ့မယ်… သခင်လေး… ပန်းတွေကို ကြည့်ချင်ရင်… ပန်းဥယျာဉ်လည်း ရှိတယ်… ကြာကန်လည်း ရှိတယ်… ခြံဝန်းက ကျယ်တော့ သခင်လေး အပြင်ထွက်ပြီး လမ်းလျှောက်စရာ မလိုတော့ဘူးပေါ့… ခြံဝန်းထဲလည်း မြင်ဖူးသွားတာပေါ့…"
မို့ရန် ဘဝင်မကျသော်လည်း လက်ခံလိုက်သည်။ နောက်မှပဲ သူမဘာသာ သွားတော့မည်ဟု တေးထားသည်။ ရှေ့က လုံးလုံးဝဝ ပေါက်စီနောက်သို့ ဖြည်းဖြည်းမှန်မှန်ပဲ လမ်းလျှောက်လိုက်သွားသည်။ အိမ်တော်ထိန်းပိုင်က စိတ်ထဲ
အရှင်င့ါကို ကြိုပြောထားတဲ့တိုင်းပဲ… သူအပြင်ထွက်ဖို့ လာပြောတယ်…. ငါသူ့ကို အပြင်ပေးထွက်လို့ ရတတ်ဖူးလား…. အရှင်ကရော… သူ့ကို မျက်စိအောက်က အပျောက်မခံဖို့ လိုလို့လား… ဒါမှမဟုတ် သူက အရှင့်ရဲ့ အပြစ်သားလား… အပြစ်သားဆိုရင်လည်း မဖြစ်နိုင်ဘူး… အရှင် သူ့အိမ်တောင် ခေါ်လာစရာ အကြောင်းမရှိ… ဒီပြသနာလေးက ဟိုနေ့ကပဲ ရောက်တယ်… အရှင့်အခန်းထဲက ပန်းအိုးလည်း ခွဲစားပြီးပြီ… အရှင့်ဝတ်ရုံကိုလည်း ပြဲအောင် လုပ်သွားသေးတယ်… အရှင်မရှိတုန်း အစေခံတွေကိုလည်း လိုက်စလို့ င့ါကို လာတိုင်တာ ခုနှစ်ယောက်မကဘူး… အိုက်ယား… ငါသိပ်စိတ်ညစ်…..!!!!