LØVE YØU
By zinzinbaekhyun04
324K 37.4K 1.7K
More
LØVE YØU (Part-1)
LØVE YØU (Part-2)
LØVE YØU (Part-3)
LØVE YØU (Part-4)
LØVE YØU (Part-5)
LØVE YØU (Part-7)
LØVE YØU (Part-8)
LØVE YØU (Part-9)
LØVE YØU (Part-10)
LØVE YØU (Part-11)
LØVE YØU (Part-12)
LØVE YØU (Part-13)
LØVE YØU (Part-14)
LØVE YØU (Part-15)
LØVE YØU (Part-16)
LØVE YØU (Part-17)
LØVE YØU (Part-18)
LØVE YØU (Part-19)
LØVE YØU (Part-20)
LØVE YØU (Part-21)
LØVE YØU (Part-22)
LØVE YØU (Part-23)
LØVE YØU (Part-24)
LØVE YØU (Part-25)
LØVE YØU (Part-26) Final
LØVE YØU ( christmas present 💝)
LØVE YØU ( Surprise)
LØVE YØU ( Present For 614 Day)
New Fic 🌝
LØVE YØU (Part-6)
10.6K 1.3K 41
By zinzinbaekhyun04
LØVE YØU
Part-6
" ဖြေနိုင်လား baekhyun "
" ဖြေခဲ့တာပဲ "
" အိုခေလေ...  သွားကြတာပေါ့ "
" အေး , ငါ လာခဲ့မယ် "
" ပြေပါတယ်...  မင်းရော "
"...."
" ဘာပြောလိုက်လို့လဲ ? "
" ခရီးကို ? "
" အေး....  "
" Chan !!!! "
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
" ဟုတ် "
"ဟင် ? "
" ပြောလေ hyun "
".... "
" Chan "
" Chan... "
" ကျေးဇူးပါ....  hyun "
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
LØVE YØU
Part-6
​စာမေးပွဲပြီးသည့် နောက်ဆုံးရက်တွင်ဖြစ်သည်။
ကျွန်တော် စာဖြေခန်းထဲက ထွက်လာတဲ့အခါ sehun က ကျွန်တော့်အခန်း၏ မျက်စောင်းထိုးနေရာနားလောက်တွင် ရပ်စောင့်ပေးနေ၏။ ဒီနေ့တော့ သူအရင် ဖြေပြီးတဲ့ သဘော... 
" ဖြေနိုင်လား baekhyun "
" အေး...  မဆိုးပါဘူး , မင်းရော "
" ဖြေခဲ့တာပဲ "
" ငါတို့ ဘယ်သွားကြမလဲ ? sehun , မနက်ဖြန်အတွက် လိုအပ်တာတွေ သွားဝယ်မလား ? "
" အိုခေလေ...  သွားကြတာပေါ့ "
မနက်ဖြန် မနက်တွင် ခရီးထွက်ရန်ဖြစ်သည်။ နှစ်ညအိပ် သုံးရက် ခရီးဖြစ်ပြီး ဒီတစ်နှစ်တော့ ဘူဆန်ကို သွားကြမည် ။ စုရပ်သည် ဤကျောင်းရှေ့၌ မနက် ၇ နာရီ​ဖြစ်၏။
​ယခုက ကျောင်းနှင့် မနီးမဝေးတွင် ရှိနေသော Lotte ကုန်တိုက်ကို သွားနေတဲ့ လမ်းတွင်​ဖြစ်သည်။ အိမ်ကလူကြီးနဲ့သာ တွေ့ရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ကလေးလည်း ကိန်းအောင်းနေသေးသည်။
ကျောင်းဆောင်ထဲက ထွက်ကာ ကားပါကင်သို့အသွား sehun က
" မနက် မင်း ဒီကိုပဲ တန်းလာမှာမလား ? ငါ ဒီကပဲ စောင့်မယ်နော် "
" အေး , ငါ လာခဲ့မယ် "
" မင်း လူကြီးက ခွင့်ပြုတယ်လား ? "
" သူက အစတည်းက ခွင့်ပြုပါတယ်...  မချုပ်ချယ်ချင်ဘူးတဲ့...  "
စကားပြောရင်း လမ်းလျှောက်နေရာမှ အရှေ့ကို တည့်တည့်ကြည့်ပြီး ခြေလှမ်းတွေ ရပ်ပစ်လိုက်တဲ့ sehun ကြောင့် ကျွန်တော်ပါ သူ့အကြည့် လားရာ အတိုင်း ကြည့်မိသည်။
မတွေ့တာ နှစ်လနီးပါး ကြာနေပြီဖြစ်တဲ့ Jongjae
" ငါ ကားနားက စောင့်နေမယ် baekhyun "
တမင်ရှောင်ပေးသွားတဲ့ sehun ကို ခေါင်းသာ တစ်ချက်ညိမ့်ပြလိုက်ပြီး အရှေ့ ၃ လမ်းအကွာလောက်မှာ ရပ်နေတဲ့ jongjae ကို ခပ်ရေးရေး ပြုံးပြလိုက်သည်။ ကျွန်တော့်အပြုံးတွေ အသက်ဝင်ရဲ့လား ကျွန်တော် အဖြေမရှာမိ။
သူက ခြေနှစ်လှမ်း လှမ်းလာတဲ့အခါ သူနဲ့ ကျွန်တော့်ကြား ခြေတစ်လှမ်းစာသာ နေရာလွတ်မည်။
" အဆင်ပြေရဲ့လား baekhyunee ? "
ပြေတယ်ပဲ ပြောရမလား ? မပြေဘူးလို့ပဲ ပြောရမလား ? သို့သော် Chan ရဲ့ အေးတိအေးစက် ပုံစံက လွဲပြီး ကျွန်တော် အစစအရာရာ အဆင်ပြေနေသည်လေ ။
" ပြေပါတယ်...  မင်းရော "
" အဆင်ပြေတယ်လို့လည်း ငါက ညာပြောတတ်တယ်...  အဆင်ပြေအောင်လည်း ကြိုးစားပြီး နေ နေပါတယ် "
"...."
" မနက်ဖြန် ခရီးထွက်မှာဆို , ငါ့သူငယ်ချင်းက အတင်းခေါ်နေတာနဲ့ ငါ လိုက်ဖြစ်သွားတယ်...  အဲ့ဒီကိစ္စနဲ့ လာတာ "
သူပြောတဲ့ သူ့ သူငယ်ချင်းသည် ကျွန်တော်တို့ မေဂျာ၏ ခေါင်းဆောင်ဖြစ်သည်။
သို့သော်လည်း သူလိုက်မယ်ဆိုတာ သိနေလျက်နဲ့တော့ ကျွန်တော် မလိုက်ချင်ပါ ။ Chan များ သိသွားခဲ့ရင်..... 
" ငါ မင်းကို နှောင့်ယှက်ဖို့ မဟုတ်ပါဘူး...  ငါလည်း ငြင်းမရမယ့်အတူတူ စိတ်အပန်းဖြေရအောင် လိုက်တာပါ , မင်း အနေခက်အောင် ငါ မလုပ်ပါဘူး "
ကျွန်တော် တွေဝေနေတာကို သိသည့်အလား ထိုကဲ့သို့ စကားမျိုး ပြောပြလာသည်​။
" အင်း...  ဒါဆို ငါ..  ငါသွားတော့မယ်နော် "
" အင်း....  အဆင်ပြေအောင် နေနော် "
အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည့်အတွက် ကျွန်တော် မျက်မှောင်များ ကြုတ်မိနေမလား ? သေချာတာတော့ ကျွန်တော် မသွားချင်တော့ပါ။
ကားအနားရောက်တော့ sehun က ကားဘေးမှာရပ်နေသည်​။ ကျွန်တော် လာနေတာ မြင်တဲ့အခါ driver သည် ကားပေါ်မှ ဆင်းလာကာ ကားတံခါး ဖွင့်ပေး၏။
" ဘာပြောလိုက်လို့လဲ ? "
ကားထဲ ဝင်မထိုင်မီ မေးလိုက်တာမို့ ကားထဲ ဝင်ထိုင်ပြီးသည့်အချိန်ထိ ကျွန်တော် မပြောပြရသေး။ ကား စ ထွက်ပြီဆိုမှသာ... 
" မနက်ဖြန် သူလည်း လိုက်မလို့တဲ့ "
" ခရီးကို ? "
" အေး....  "
" ငါပါတာပဲ...  သူ မင်းကို ဘာမှ မလုပ်ပါဘူး "
" သူက အဲ့ဒီလိုမျိုး လုပ်မယ့်သူလည်း မဟုတ်ပါဘူး...  ဒါပေမယ့် ငါက တွေဝေနေတာ , Chan သဘောမကျလောက်ဘူးထင်လို့ "
" ပြောပြလိုက်လေ မင်းလူကြီးကို "
" အေး...  အဲ့ဒီလိုပဲ လုပ်မလားလို့ "
ကျွန်တော်တော့ ခင်ဗျားနဲ့ ပတ်သက်လာရင် အရာရာ စိုးရိမ်တတ်နေပြီ ထင်တယ်။
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
လိုအပ်တဲ့ ပစ္စည်းတစ်ချို့ ဝယ်လာပြီး sehun ကို အိမ်ပြန်လိုက်ပို့ပြီးခါမှ ကျွန်တော် အိမ်ရောက်သည်။ Chan ရဲ့ ကားကို တွေ့နေရတာမို့ သူ ပြန်ရောက်နေပြီလား ?
ကျွန်တော်ဆွဲလာတဲ့ အထုတ်တွေကို အိမ်အကူ တစ်ယောက်က ကူသယ်ပေးသည်။ လွယ်ထားတဲ့ လွယ်အိတ်ကအစ သယ်ပေးပြီး အခန်းထဲအထိ သွားထားပေးနေကျပင်​။ လွယ်အိတ်ကို ပုခုံးကနေ ချပေးနေရင်း...
" Chan ပြန်ရောက်နေတာလား ? "
" ဟုတ်ကဲ့ သခင်လေး....  ရေကူးကန်ဘေးမှာ အနားယူနေပါတယ် "
" ဟုတ်လား ? ကျွန်တော့်ကို ရေတစ်ခွက်လောက်တိုက်ပါဦး "
ထိုအခါ မီးဖိုချောင်နားမှာ အဆင်သင့် ရပ်နေတဲ့ အစ်မသည် မီးဖိုချောင်ထဲသို့ ခပ်သုတ်သုတ် ဝင်သွားသည်။
ရေသောက်ပြီးကာမှ ရေကူးကန်ရှိရာ ခြံဘေးဘက်သို့ ဆင်းလာခဲ့သည်။ သခင်ကြီး အနားယူနေသည်တဲ့လေ... 
​ညနေ ၄ နာရီ ထိုးခါနီးပြီမို့ နေ၏ အပူချိန်သည် သိပ်မပြင်းတော့ပေ။ ရေကူးကန်ကို မြင်ရပါပြီဆိုသည်နှင့် အထဲမှာ ရေကူးနေသည့် Chan ကို တွေ့လိုက်ရ၏။  ရေကူးမျက်မှန် တပ်ထားပုံရသည်။
ကန်ဘောင်အပေါ်နားလေးရှိ ခုံလေးတွေ ဝိုင်ခွက် တစ်ခွက် တွေ့လိုက်ရသည်မို့ ထို ခုံလေး၏ ဘေးက ခုံတွင် ဝင်ထိုင်လိုက်သည်။ သူ အခုချိန်ထိ ကူးခတ်နေဆဲ.... 
ဘောင်အစွန်းထိ ရောက်သွားကာမှ ရေကူးခြင်း ရပ်တန့်ကာ ​ရေစိုနေတဲ့ ဆံပင်တို့အား သပ်တင်နေ၏။ ထိုအခါမှ ကျွန်တော့်ကို သူ မြင်သည်။
ကျွန်တော် ရှိရာအနားထိ ထပ်ကူးခတ်လာတာကြောင့် အခုဆို သူက ကျွန်တော့်အရှေ့နားလေးတွင် ဖြစ်သည်။
" ရေကူးနေတာ ကြာပြီလား Chan ? "
" မကြာသေးပါဘူး...  ကူးမလား hyun ? "
" ဟင့်အင်း...  ကျွန်တော် ရေမကူးတတ်ဘူး "
​ဒါကိုပဲ သူက ခပ်ရေးရေးပြုံးကာ ရေကန်ထဲ ဒိုင်ပင် ပစ်ပြီး ထပ် ကူးနေပြန်သည်။ ဒီလို ကျွမ်းကျွမ်းကျင်ကျင် ကူးတတ်လို့လည်း အရပ်ရှည်နေသလားလို့ တောင် တွေးမိပါ၏။
ဟိုဘက်တစ်ခေါက် သည်ဘက်တစ်ခေါက် ခေါက်တုန့်ခေါက်ပြန် နှစ်ကြိမ် ကူးခတ်ပြီးတဲ့အခါ ကျွန်တော် ရှိရာဆီ ထပ် ကူးလာပြန်သည်။
" hyun....  ကိုယ့်ကို ဝိုင်ခွက်လေး "
မောဟိုက်စွာ ဝိုင်ခွက် တောင်းနေသည်မို့ သူ တင်ထားတဲ့ ဝိုင်ခွက်လေးကို ယူကာ သူ့အနားကို လျှောက်သွားလိုက်သည်။ သူ့အနားကို သွားဖို့ဆိုရင် ရေကူးကန် ကြွေပြားနားထိ သွားရမှာမို့ ဖိနပ်လည်း ချွတ်ထားခဲ့၏။
ဝိုင်ကို တစ်ငုံလောက်သာ သောက်ပြီး ကျွန်တော့်ကို ပြန်မပေးပဲ သူ့လက်တစ်ကမ်းစာ နေရာအထိ ဝိုင်ခွက်ကို ထားလိုက်သည်။ ထို့နောက် ကျွန်တော့်အား ခါးနှင့် လက်တစ်ဖက်က ဆွဲကာ ရေကူးကန်ထဲ ခေါ်ချသည်မို့ ကျွန်တော့်မှာ အလန့်တကြားနှင့် သူ့လည်ပင်းအား ဖက်တွယ်ထားမိသည်။
" Chan !!!! "
ရေထဲက ကျွန်တော့် ခြေဖဝါးတို့သည် သူ့ခြေဖမိုးပေါ်တွင် နေရာယူထားသည်။ ​
ရေထဲက သူ့လက်နှစ်ဖက်သည် ကျွန်တော် ခါးထက်တွင် တင်းကြပ်စွာ ဖက်တွယ်ထားသည်။
ရေပေါ်က ကျွန်တော့်လက်တို့သည် သူ့လည်ပင်းအား သိုင်းဖက်လို့ထားသည်။
မျက်နှာနှစ်ခုသည် လိုတာထက် ပို၍ နီးကပ်နေပါ၏။
စကားတစ်ခွန်းမျှ မဆိုပါပဲ ကျွန်တော့် နှုတ်ခမ်းတို့အား ညင်ညင်သာသာ ထိကပ်လာသည်။ ထို့နောက် အနူးညံ့ဆုံး စုပ်ယူနေသည်။ ဒီအနေအထားမျိုးတွင် ရေကူးထားလို့ မောဟိုက်နေသည့် သူ သည် မထူးဆန်းသော်ငြား အကြောင်းမဲ့သက်သက် မောဟိုက်တုန်ယင်နေတဲ့ ကျွန်တော်သည် လွန်စွာမှ ထူးဆန်းနေခဲ့သည်။
နမ်းရှိုက်မှုသည်  မိနစ်ပိုင်းလောက် ကြာမြင့်နေခဲ့၏။
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
ညနေ ၆ နာရီတွင် ညစာ စားဖြစ်ကြသည်။ စားနေသည့် အခိုက်အတန့်တွင်... 
" hyun မနက် ခရီး သွားမှာမလား ? "
" ဟုတ် "
"   ကိုယ်လည်း မနက်ဖြန် ခရီးထွက်စရာ ရှိတယ် "
"ဟင် ? "
" တစ်ပတ်လောက်ကြာမယ်...  ကိုယ်က "
" အလုပ်ကိစ္စလားဟင် Chan "
" အင်း...  Lotte နာမည်နဲ့ပဲ resort ဆောက်မလို့လေ...  မြေနေရာ ကြည့်ပြီး စီမံကိန်းဆွဲမလို့ , Lotte ဒီဇိုင်းတွေက ကိုယ့် ဒီဇိုင်းတွေပဲဆိုတော့ ပညာရှင်တွေနဲ့လည်း တိုင်ပင်ရဦးမှာ "
အိမ်ထောင်သက် တစ်လအတွင်း သူ ပထမဆုံး ခရီးထွက်ခြင်း ဖြစ်သည်။
" ကျွန်တော် Chan ကို ပြောစရာရှိသေးတယ် "
" ပြောလေ hyun "
" စားပြီးမှပဲ ပြောပါ့မယ် "
ထမင်းစားပြီးတဲ့အခါ စာဖတ်ခန်းထဲက ခုံမှာ ထိုင်ရင်း သူက အစာကြေစေတဲ့ ကော်ဖီတစ်မျိုးကို သောက်လျှက်....  ကျွန်တော်သည်လည်း သူ့ရှေ့မှာ ထိုင်နေကာ စကားပြောဖို့ အားယူနေရသည်။
" hyun ဘာပြောချင်လို့လဲ ? ပြောလေ "
ထိုအခါတော့ ပြောပြဖို့ရာ နှုတ်ခမ်းကို လျှာနှင့် တစ်ချက် သပ်လိုက်ပြီးမှ.... မနက်ဖြန် ခရီးမှာ jongjae ပါမယ် ဆိုသည့်အကြောင်း ပြောပြလိုက်သည်။ ဒီနေ့ သူနဲ့ တွေ့တုန်းက ပြောခဲ့သည့် အကြောင်းအရာတွေသာ....
ပြောပြပြီးတော့ လိုက်သင့် မလိုက်သင့်လည်း မေးလိုက်ပါ၏။ ကျွန်တော် ပြောတာ မှန်သမျှ ငြိမ်ပြီး နားထောင်နေတဲ့ သူသည် အချိန်တစ်ခု ကြာပြီးမှ
" ကိုယ့်ကို အခုလို ပွင့်လင်းပေးတာ ကျေးဇူးပါ hyun...  ဒါပေမယ့် အဲ့ဒီကောင်လေးနဲ့ ပတ်သက်ပြီးတော့ hyun ကို မတားဆီး မပိတ်ပင်ချင်ဘူး "
".... "
" ချစ်သူတွေဆိုတာ သိ သိရက်နဲ့ ကိုယ် hyun ကို လက်ထပ်ယူခဲ့မိတာ....  အဲ့ဒီကောင်လေးနဲ့ ပတ်သက်လို့ ကိုယ့်မှာ တားမြစ်ပိုင်ခွင့် မရှိဘူးလို့ ထင်တယ် , ကိုယ် hyun ရဲ့ ကိုယ်ကျင့်တရားကိုလည်း ယုံကြည်တယ် "
" Chan "
" တစ်ခုပဲ....  ကိုယ့်အနားက ထွက်မသွားဖို့ပဲ....  ကိုယ် hyun အပေါ် ကျန်တာတွေ မကန့်သတ်ချင်တော့ဘူး "
မသိတော့ဘူး !! ကျွန်တော် အခုချိန်မှာ ကျန်တာတွေ မသိချင်တော့ဘူး ။ ကျွန်တော် Chan ရဲ့ ရင်ခွင်ကို ခိုလှုံချင်တာပဲ သိတယ်.... 
" Chan... "
ထိုင်နေရာမှ ထကာ သူ့ ပေါင်ပေါ်မှာ တခြမ်းစောင်း တက်ထိုင်လိုက်ရင်း သူ့ကို ဖက်တွယ်မိသည်။ သူကလည်း ကျွန်တော့် ကျောပြင်အား ပွတ်သပ်ရင်း နှစ်သိမ့်ပေးနေသည်။
" ကျွန်တော် Chan အပေါ် အတတ်နိုင်ဆုံး ပွင့်လင်းပါ့မယ်...  ရိုးသားပါ့မယ် , sob...  ကျွန်တော် Chan အတွက် အိမ်ထောင်ဖက်ကောင်း ဖြစ်အောင်လည်း ကြိုးစားပါ့မယ် "
" ကျေးဇူးပါ....  hyun "
စိတ်ထဲကနေ ပြောလိုက်တဲ့စကား....  ခင်ဗျားကို ချစ်လာအောင်လည်း ကြိုးစားပါ့မယ်ဆိုတဲ့ စကား !
ဒီစကားကို ကြားရင်ရော...  ခင်ဗျား ကျေးဇူးတင်ဦးမလား ?
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
ဇော်ဂျီနဲ့ ရေးတဲ့ comment တွေက ဖတ်လို့ မရလို့ပါ 😭😭
Continue Reading
You'll Also Like
608K 55.8K 74
සුදූ...! [ Possessive ]
14K 636 6
ရည်းစားနဲ့သူငယ်ချင်းမှားသွားသောအခါ🌚
210K 13.3K 29
ကြိုက်သလောက်ဆိုးစမ်းjeon jungkookမင်းဆိုးသွမ်းလေငါကပိုကြိုက်လေပဲ..
5.2K 465 26
Pond:''Phuအစ်ကို့ကိုမထားခဲ့နဲ့နော်....အစ်ကိုကPhuနားမှာဘဲတစ်သက်လုံးနေသွားချင်တာ..'' Phuwin:''Phuကလေနောက်ဆုံးခေါင်းချရရင်တောင်အစ်ကို့ရဲ့ရင်ခွင်လေးထဲမှာ...
Wattpad App - Unlock exclusive features