ကိုယ့္ရဲ႕ ေႂကြ႐ုပ္

By jasmine1331992

928K 63.3K 4.4K

ငယ္ကတည္းက လိုခ်င္တာမရရေအာင္ ယူတတ္သူ မင္းဓန မိဘေတြဆံုးၿပီးတဲ့ေနာက္ သနားစရာ သ်ွင္မင္းဆက္ကို ေမြးစားလိုက္တယ္ မင... More

💗 1 💗
💗 2 💗
💗 3 💗
💗 4 💗
💗 5 💗
💗 6 💗
💗 7 💗
Not Update
💗 8 💗
💗 9 💗
💗 10 💗
💗 11 💗
💗 12 💗
💗 13 💗
💗 15 💗
💗 16 💗
💗 17 💗
💗 18 💗
💗 19 💗
💗 20 💗
💗 21 💗
💗 22 💗
💗 23 💗
💗 24 💗
❤❤❤
💗 25 💗
💗 26 💗
💗 27 💗
💗 28 💗
💗 29 💗
💗 30 💗
💗 31 💗
💗 32 💗
💗 33 💗
💗 34 💗
💗 35 💗
💗 36 💗
💗 37 💗
💗 38 💗
💗 39 💗
💗 40 💗
💗 41 💗
💗 42 💗
💗 43 💗
Final ❤
ေက်းဇူးတင္လႊာ ဖတ္ေပးပါဗ် ❤
❤❤

💗 14 💗

17K 1.3K 76
By jasmine1331992

At Mansion (စံအိမ္) ,

ကားေပၚကေန အိမ္ေရာက္သည္ အထိ
ကိုႀကီး မရိပ္မိေသး ၊ အိမ္ထဲဝင္ေတာ့လည္း
ဒူးက ေကြးလို႔မရ ၊ ေကြးလိုက္ရင္ အရမ္းနာပါသည္ ၊ ဒါေပမယ့္ ကိုႀကီးမရိပ္မိေအာင္
ပံုမွန္အတိုင္း ေလ်ာက္ေနရတာ  အရမ္းနာက်င္ပါသည္

"သားငယ္ေလး လက္ႀကီး ဘာလို႔ေနာက္ပစ္ထားတာလဲ "

အမေလး ႀကီးႏုရယ္
ကိုႀကီးေ႐ွ႕မွာမွ ေမးရလား

"ဘာမွျဖစ္ပါဘူး ႀကီးႏုရဲ႕
ဒီအတိုင္းပဲ အာ့ ေသၿပီ.. "

ႀကီးႏုကိုေျဖရင္း ေအာက္က ထိုင္ခံုအစြန္းကို
မျမင္ ခြက္ခနဲ႔ ဒူးနဲ႔တိုက္မိေတာ့ ၊ ဘယ္လိုမွ မခံစားႏိုင္ ေခြလဲက်ေတာ့သည္

"ငယ္ !"

ကြၽန္ေတာ္လဲက်ေတာ့ ကိုႀကီးအေျပးေရာက္လာကာ

"ဘာျဖစ္တာလဲ ငယ္ "

စကားကိုမေျပာႏိုင္ ေျခေထာက္တစ္ဖက္လံုး
က်င္ထံုေနတာ

"ငယ္ ျပစမ္း လက္ေတြ "

လက္ကဒဏ္ရာေတြလည္း ျမင္သြားၿပီ

"ဘာျဖစ္ခဲ့တာလဲ ငယ္
လက္မွာ ေပါက္ျပဲေနတာပဲ
ျပစမ္း ေျခေထာက္ေရာ "

"အ အ အ ကိုႀကီး
ေျဖးေျဖး ဒူးအရမ္းနာတယ္ "

"ငယ္ ဒဏ္ရာေတြ အမ်ားႀကီးပဲ
ဘာျဖစ္ခဲ့တာလဲလို႔ ကိုႀကီးေမးေနတယ္ "

"ဆိုင္ကယ္ လဲတာ "

လုခံရတယ္ မေျပာေတာ့ဘူး
အလကား ကိုႀကီးစိတ္ပူေနမွာစိုးလို႔

"ဆိုင္ကယ္လဲတယ္ ဘယ္လိုျဖစ္တာလဲ ငယ္ရယ္"

"ဘီးေပါက္ၿပီး လဲတာ"

"ကိုႀကီးေျပာသားပဲ ငယ္က ကိုႀကီးစကားမွ နားမေထာင္တာ "

"...."

"ျပဦး တျခားဘယ္နား ထိေသးလဲ "

စိတ္အရမ္းပူၿပီး ျပာယာခတ္ေနေသာ
ကိုႀကီး ၊ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္
ကိုႀကီးကို စိတ္ပူေအာင္လုပ္မိၿပီ

"လက္နဲ႔ ဒူးပဲ ကိုႀကီး "

"ေသခ်ာလား ငယ္
ကိုႀကီးကို မညာနဲ႔
ကိုႀကီး စစ္မွာေနာ္"

"တကယ္ေျပာတာ "

"ဦးေဇာ္ ေဆးေသတၱာ ယူခဲ့ "

အရက္ျပန္ေတြထပ္စြတ္မွာေတာ့ မဟုတ္ပါဘူးေနာ္
ေသရခ်ည္ရဲ႕

"လာ ငယ္ ဒီေပၚထိုင္
ကိုႀကီးေဆးထည့္ေပးမယ္ "

"ကိုႀကီး ေဆးကထည့္ၿပီးၿပီ
အရက္ျပန္ ေသခ်ာသုတ္ၿပီးမွ ထည့္ထားတာ "

"ဘယ္သူလုပ္ေပးတာလဲ "

"ဟို ဟို ဆိုင္ကယ္လဲတုန္းက ေဘးနားက
ဝိုင္းကူေပးတဲ့ အဘ ထည့္ေပးတာ "

"မယံုဘူး ငယ္ အရက္ျပန္ေၾကာက္လို႔မလား "

"မဟုတ္ဘူး တကယ္
ကြၽန္ေတာ္ ကိုႀကီးကို မညာပါဘူး
အဲ အဘ ေသခ်ာလုပ္ေပးလိုက္တာ "

"ျပစမ္း ကိုႀကီး ၾကည့္ၾကည့္မယ္ "

ကြၽန္ေတာ့္လက္ကို ယူကာ ကိုႀကီးနမ္းၾကည့္သည္
အရက္ျပန္ အနံ႔ရမွသာ

"ေတြ႔လား အရက္ျပန္ အနံ႔က်န္ေသးတယ္မလား"

"အင္း "

"ကြၽန္ေတာ္ ကိုႀကီးကို မလိမ္ပါဘူးဆို "

"ဟုတ္ပါၿပီ ဒါေပမယ့္ ငယ္ေနာက္ေန႔ အဲဆိုင္ကယ္
မစီးရဘူး ၊ အစကတည္​း အဲဆိုင္ကယ္ႀကီးနဲ႔
စိတ္မခ်တာ ခုေတာ့ ျဖစ္ၿပီ ၊ အမ်ားႀကီး မထိခိုက္တာ ေတာ္ေသးတယ္ ငယ္ "

"...."

"အသြားလည္း ကိုႀကီးလိုက္ပို႔မယ္
အျပန္လည္း ကိုႀကီး ဝင္ေခၚမယ္ "

"ဟုတ္ "

"သင္တန္းကိုေရာ ဘယ္လိုသြားရမွာလဲ ကိုႀကီး"

"မင္းမင္းကို အႀကိဳအပို႔လုပ္ခိုင္းမယ္ "

"ရပါတယ္ ကိုႀကီးရဲ႕
ဆိုင္က မမကိုလိုက္ပို႔ ခိုင္းလိုက္မယ္
ကိုမင္း လာဖို႔က ေဝးလည္းေဝးတယ္
ၿပီးေတာ့ ကိုမင္းက အလုပ္နဲ႔ "

"အင္း ကိုႀကီး စဥ္းစားၾကည့္ဦးမယ္ "

"ဟုတ္"

"ဟုတ္ၿပီ ခုေတာ့ငယ္နားေတာ့
စားဖို႔ကို လာပုိ္႔ခိုု္င္းေပးမယ္
လာ ကိုႀကီးကို တြဲ "

"ဟုတ္ "

"ေလ်ွာက္ႏိုင္လား ငယ္
ကိုႀကီး ေပြ႔ေပးရမလား "

"ရတယ္ ကိုႀကီး
ကြၽန္ေတာ္ ေလ်ွာက္ႏိုင္တယ္ "

ကိုႀကီးတြဲေပးၿပီး အခန္းထဲ လိုက္ပို႔ေပးသည္

"ငယ္ ဒီေန႔ ေရမခ်ိဳးနဲ႔ေတာ့ေနာ္
အနာကို ေရထိလို႔မရဘူး "

"ဟုတ္ "

"ကိုႀကီးကို လက္ေတြျပဦး "

ႏုႏုဖက္ဖက္လက္ကေလးေတြ ဒဏ္ရာေတြနဲ႔
ငယ့္ဒဏ္ရာေတြျမင္ေတာ့ ကြၽန္ေတာ့္ရင္ထဲ
နာလာသလို

"ငယ္ ေနာက္တစ္ခါ ဒဏ္ရာေတြမျဖစ္ေစပါနဲ႔
ငယ့္လက္ႏုႏုေလးေတြက ဒဏ္ရာေတြနဲ႔ မလိုက္ဘူး "

"ဟုတ္ ကိုႀကီး "

"ဒူးေရာ အရမ္းနာေသးလား "

"မနာေတာ့ဘူး ကိုႀကီး သက္သာတယ္ "

"ဟုတ္ၿပီ ကိုႀကီးေရခ်ိဳးၿပီးရင္
ျပန္လာခဲ့မယ္ေနာ္ "

"ဟုတ္ "

ကိုႀကီးကို စိတ္မပူေစခ်င္ေပမယ့္ ခုေတာ့ ငါ့ေၾကာင့္ ကိုႀကီးအလုပ္ပိုရၿပီ ၊ ၿပီးေတာ့
စာအုပ္ေတြလည္း မ႐ွိေတာ့ဘူး ၊ ဖုန္းေရာ မ႐ွိေတာ့ဘူး ၊ စာအုပ္က ျပန္ဝယ္ႏိုင္ေပမယ့္
ဖုန္းက ျပန္မဝယ္ႏိုင္ဘူး ဘယ္လိုလုပ္ရမလဲ

💕

ေဒါက္ ေဒါက္

ကြၽီ

စားစရာေတြ ယူလာေသာ ကိုႀကီး

"ဗိုက္ဆာေနၿပီလား ငယ္
ကိုႀကီးနည္းနည္း ၾကာသြားတယ္ "

"ဆာေသးဘူး ရတယ္ ကိုႀကီး
ႀကီးႏု ကိုလာပို႔ခိုင္းတာ မဟုတ္ဘူး
ကိုႀကီး ကြၽန္ေတာ့္ေၾကာင့္ ပင္ပန္းေနၿပီ "

"မပင္ပန္းပါဘူး ငယ္
ကိုႀကီးပို႔ခ်င္လို႔ "

"...."

"ကိုႀကီး ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္ စားမယ္
ကြၽန္ေတာ့္ဆီ လာပို႔ေပးတာနဲ႔တင္ကို ကိုႀကီးကို..

"ငယ့္လက္ေတြ နာမွာစိုးလို႔
ဒီေန႔ေတာ့ ကိုႀကီးေကြၽးမယ္
ငယ္က ပါးစပ္ပဲ ဟေပး "

"ဟုတ္ "

"လိမၼာတယ္​ "

ထမင္းစားၿပီးေတာ့ ေရလည္း ကိုႀကီးပဲတိုက္
ကြၽန္ေတာ္လိုအပ္တာေတြလည္း ကိုႀကီး အကုန္လုပ္ေပးၿပီးမွ

"ငယ္ နားေတာ့ေနာ္ "

"ဟုတ္ "

"ကိုႀကီး "

"အင္း ေျပာေလ ငယ္ "

"ေက်းဇူးတင္ပါတယ္ ကိုႀကီး
ကြၽန္ေတာ့္အေပၚ ေႏြးေထြးေပးလို႔ "

"ေက်းဇူးတင္ရင္ ေနာက္တစ္ခါ ဒဏ္ရာမရေစနဲ႔ "

"ဟုတ္ ကိုႀကီး
ကြၽန္ေတာ္ ဂ႐ုစိုက္ပါ့မယ္ "

"နားေတာ့ေနာ္ "

"ဟုတ္ "

"ၿပီးေတာ့ မနက္ျဖန္ ဘယ္မွမသြားရဘူးငယ္
အိမ္မွာပဲနား ၊ သင္တန္းလည္း ခြင့္တိုင္ေပးမယ္ "

"....."

"ၾကားလား ငယ္ "

"ဟို သင္တန္းမသြားပဲ ဆိုင္ေတာ့သြားမယ္ေလ ကိုႀကီး ေနာ္"

"ဆိုင္သြားလည္း ငယ္မွမလုပ္ႏိုင္တာ "

"မလုပ္ဖူးေလ ကိုုႀကီး
ဒီတိုင္း customer ေတြကို ေမးပဲေမးမွာ
မမတို႔ လုပ္လိမ့္မယ္ ၊ အိမ္မွာက ကြၽန္ေတာ္ပ်င္းလို႔ ၊ ဦးေလးႀကီး ေရာ ႀကီးႏုေရာက သူ႔အလုပ္နဲ႔သူလုပ္ေနၾကတာ "

"...."

"ကိုႀကီး ေနာ္ သြားမယ္ေလ ေနာ္ "

လိုခ်င္တာမရလို႔ ခြၽဲေနေသာ ကေလးေလးတစ္ေယာက္လို
ဒီလို ခြၽဲေနမွေတာ့ ဒီကလူက အင္း ကလြဲၿပီး
ဘာေျပာႏိုင္ဦးမလဲ ငယ္

"ဟုတ္ပါၿပီ ငယ္ ပ်င္းရင္ ဆိုင္မွာသြားထိုင္ပါ "

"ဟုတ္ ကိုႀကီး
ဒါဆို မနက္ျဖန္ ကိုႀကီး နဲ႔ အတူသြားရမွာေပါ့ "

"ဒါေပါ့ "

"Ok ကိုႀကီး ကြၽန္ေတာ္ ready ျဖစ္ေစရမယ္ "

"ဟုတ္ၿပီ နားေတာ့ "

"ဟုတ္ "

ဘြား အဲဒါခင္ဗ်ားေၾကာင့္
ခင္ဗ်ားလာရင္ ကြၽန္ေတာ့္ကို မေတြ႔ပဲ ျပန္ရမွာစိုးလို႔

ဘြား ခင္ဗ်ား နဲ႔ မေတြ႔ခဲ့ရင္ ေကာင္းမယ္
မဟုတ္ဘူး ကြၽန္ေတာ္ ခင္ဗ်ားကို ခင္ဖို႔ မႀကိဳးစားခဲ့သင့္တာ 

သူမ်ားေတြကို ဆက္ဆံသလို ကြၽန္ေတာ့္အေပၚလည္း မာနနဲ႔ ဆက္ဆံခဲ့ရင္
ေကာင္းမွာပဲ ဘြား

ခုေတာ့ ကြၽန္ေတာ္ ေ႐ွ႕ဆက္တိုးရမလား
ဒီမွာတင္ပဲ ရပ္လိုက္ရမလား
မေတြးတတ္ေတာ့ဘူးဗ်ာ

💕💕💕💕💕

At Wilson hotel,

ညေနျပန္လာကတည္းက ဘာမွလုပ္ခ်င္ စားခ်င္စိတ္မ႐ွိ ၊ စိတ္က ဒဏ္ရာေတြနဲ႔
ကေလးဆီမွာ

သ်ွင္မင္း ကိုယ္လြမ္းတယ္
ဒဏ္ရာေတြေရာ သက္သာရဲ႕လား
မင္းဆီ လာဖို႔လည္း မင္းအိမ္က ဘယ္မွာလဲ
ကိုယ္မသိဘူး သ်ွင္မင္း ၊ ဖုန္းဆက္ေမးဖို႔လည္း
ကိုယ္ဖုန္းနံပါတ္ မသိဘူး ၊ မင္းဆီ ဆက္သြယ္ဖို႔
ကိုယ္ ဘာဆိုဘာမွမသိဘူး

မင္းက သ်ွင္မင္းဆက္ ဆိုတာကလြဲၿပီး တျခားဘာမွ ကိုယ္မသိဘူး ၊ ကိုယ္မင္းကို ေမးစရာေတြ႐ွိတယ္ ဒါေပမယ့္  ကိုယ္မေမးရဲဘူး  မင္းမသိေအာင္လည္း ကိုယ္မစံုစမ္းရဲဘူး
မင္းဘယ္သူလဲဆိုတာသိဖို႔ ကုိယ္စကားတစ္ခြန္းဟ လိုက္ရံုပဲ ဒါေပမယ့္ မင္းမသိပဲ ကုိယ္ဘာမွ မလုပ္ခ်င္ဘူး

ငယ္ကတည္းက အထီးက်န္စြာနဲ႔ ေနလာခဲ့တာ
မင္းနဲ႔ေတြ႔မွ ကိုယ္ေပ်ာ္ရႊင္မႈ ဆိုတာ ႐ွိလာခဲ့တာ
ကိုယ္အခု မင္းကိုအရမ္းလြမ္းတယ္ သ်ွင္မင္း

မနက္လင္းလာရင္ အရင္ဆံုးေတြ႔ခ်င္တယ္
အခ်ိန္တိုင္း ေဘးနားမွာ ႐ွိေစခ်င္တယ္
မင္းလိုအပ္တာ မင္းျဖစ္ခ်င္တာ
မင္းေတာင္းဆိုတာ အကုန္လုပ္ေပးခ်င္တယ္
အဲဒီ ခံစားခ်က္ေတြက " အခ်စ္ " ဆိုရင္
ဟုတ္တယ္ ကိုယ္မင္းကို ခ်စ္တယ္ သ်ွင္မင္း
နက္နက္႐ိႈင္း႐ိႈင္းကို ခ်စ္တာ

💕💕💕💕💕
💕💕💕💕💕

"ဟိုေကာင္ ခတ္တၱရာ ျပန္မလာေသးဘူးလား"

"လာမွာေပါ့ ေဖႀကီးရယ္ "

"မင္းအရမ္းအလိုလိုက္ မင္းသား ပ်က္စီးေတာ့မယ္ ႐ိုင္းက႐ိုင္းေသး "

"....."

ျခံဝန္းထဲ ကားရပ္သံၾကားရတယ္

"ျပန္လာပါၿပီ "

"ျပန္လာရင္ ဒီကိုလာခဲ့ ခတ္တၱရာ "

"လာေလ သား ၊ daddy ေခၚေနတယ္ေလ "

"အေလမလိုက္ဖို႔ အလုပ္လုပ္ဖို႔ ေျပာမွာပဲမလား
Daddy "

"ဟုတ္တယ္ "

"ဟုတ္ၿပီ မနက္ျဖန္ကစၿပီး
Daddy company မွာဝင္လုပ္မယ္ "

"အေျခအျမစ္မ႐ွိပဲ ငါ့ဆီကို မလာနဲ႔ ခတ္တၱရာ"

"ဘာလဲဗ်ာ daddy ရာ "

"ဘာမွမလဲဘူး တျခားလုပ္ငန္းက အေတြ႔အၾကံဳယူခဲ့ ၊ မနက္ျဖန္ golden construction မွာ interview ႐ွိတယ္
အဲမွာ ရရာဝင္လုပ္ "

"ေဖႀကီးရယ္ သားေလးက ဘယ္လိုလုပ္တတ္မွာလဲ ၊ အေျခခံက စရမယ္ဆိုလည္း ကိုယ့္လုပ္ငန္းမွာပဲကိုယ္ သင္ေပးပါလား "

"မရဘူး ငါ့ဆီမွာ ဆိုရင္ ငါ့သားဆိုၿပီး
ေကာင္းေကာင္းလုပ္မွာမဟုတ္ဘူး
ဘယ္သူကမွလည္း ေကာင္းေကာင္း ခိုင္းရဲမွာမဟုတ္ဘူး "

"....."

"ဒီအရြယ္ေရာက္ေနၿပီ ကိုယ့္အားကိုယ္ကိုး
ငါေျပာတဲ့အတိုင္း မလုပ္ရင္ အေမြျပတ္ပဲ ခတ္တၱရာ "

ဒီတစ္ခါ daddy ေျပာတာ တကယ္ အေမြျဖတ္မဲ့ပံုပဲ ၊ ငါတကယ္ အလုပ္လုပ္ရေတာ့မယ္ထင္တယ္

💕💕💕💕💕

Unicode

At Mansion (စံအိမ်) ,

ကားပေါ်ကနေ အိမ်ရောက်သည် အထိ
ကိုကြီး မရိပ်မိသေး ၊ အိမ်ထဲဝင်တော့လည်း
ဒူးက ကွေးလို့မရ ၊ ကွေးလိုက်ရင် အရမ်းနာပါသည် ၊ ဒါပေမယ့် ကိုကြီးမရိပ်မိအောင်
ပုံမှန်အတိုင်း လျောက်နေရတာ  အရမ်းနာကျင်ပါသည်

"သားငယ်လေး လက်ကြီး ဘာလို့နောက်ပစ်ထားတာလဲ "

အမလေး ကြီးနုရယ်
ကိုကြီးရှေ့မှာမှ မေးရလား

"ဘာမှဖြစ်ပါဘူး ကြီးနုရဲ့
ဒီအတိုင်းပဲ အာ့ သေပြီ.. "

ကြီးနုကိုဖြေရင်း အောက်က ထိုင်ခုံအစွန်းကို
မမြင် ခွက်ခနဲ့ ဒူးနဲ့တိုက်မိတော့ ၊ ဘယ်လိုမှ မခံစားနိုင် ခွေလဲကျတော့သည်

"ငယ် !"

ကျွန်တော်လဲကျတော့ ကိုကြီးအပြေးရောက်လာကာ

"ဘာဖြစ်တာလဲ ငယ် "

စကားကိုမပြောနိုင် ခြေထောက်တစ်ဖက်လုံး
ကျင်ထုံနေတာ

"ငယ် ပြစမ်း လက်တွေ "

လက်ကဒဏ်ရာတွေလည်း မြင်သွားပြီ

"ဘာဖြစ်ခဲ့တာလဲ ငယ်
လက်မှာ ပေါက်ပြဲနေတာပဲ
ပြစမ်း ခြေထောက်ရော "

"အ အ အ ကိုကြီး
ဖြေးဖြေး ဒူးအရမ်းနာတယ် "

"ငယ် ဒဏ်ရာတွေ အများကြီးပဲ
ဘာဖြစ်ခဲ့တာလဲလို့ ကိုကြီးမေးနေတယ် "

"ဆိုင်ကယ် လဲတာ "

လုခံရတယ် မပြောတော့ဘူး
အလကား ကိုကြီးစိတ်ပူနေမှာစိုးလို့

"ဆိုင်ကယ်လဲတယ် ဘယ်လိုဖြစ်တာလဲ ငယ်ရယ်"

"ဘီးပေါက်ပြီး လဲတာ"

"ကိုကြီးပြောသားပဲ ငယ်က ကိုကြီးစကားမှ နားမထောင်တာ "

"...."

"ပြဦး တခြားဘယ်နား ထိသေးလဲ "

စိတ်အရမ်းပူပြီး ပြာယာခတ်နေသော
ကိုကြီး ၊ ကျွန်တော် တောင်းပန်ပါတယ်
ကိုကြီးကို စိတ်ပူအောင်လုပ်မိပြီ

"လက်နဲ့ ဒူးပဲ ကိုကြီး "

"သေချာလား ငယ်
ကိုကြီးကို မညာနဲ့
ကိုကြီး စစ်မှာနော်"

"တကယ်ပြောတာ "

"ဦးဇော် ဆေးသေတ္တာ ယူခဲ့ "

အရက်ပြန်တွေထပ်စွတ်မှာတော့ မဟုတ်ပါဘူးနော်
သေရချည်ရဲ့

"လာ ငယ် ဒီပေါ်ထိုင်
ကိုကြီးဆေးထည့်ပေးမယ် "

"ကိုကြီး ဆေးကထည့်ပြီးပြီ
အရက်ပြန် သေချာသုတ်ပြီးမှ ထည့်ထားတာ "

"ဘယ်သူလုပ်ပေးတာလဲ "

"ဟို ဟို ဆိုင်ကယ်လဲတုန်းက ဘေးနားက
ဝိုင်းကူပေးတဲ့ အဘ ထည့်ပေးတာ "

"မယုံဘူး ငယ် အရက်ပြန်ကြောက်လို့မလား "

"မဟုတ်ဘူး တကယ်
ကျွန်တော် ကိုကြီးကို မညာပါဘူး
အဲ အဘ သေချာလုပ်ပေးလိုက်တာ "

"ပြစမ်း ကိုကြီး ကြည့်ကြည့်မယ် "

ကျွန်တော့်လက်ကို ယူကာ ကိုကြီးနမ်းကြည့်သည်
အရက်ပြန် အနံ့ရမှသာ

"တွေ့လား အရက်ပြန် အနံ့ကျန်သေးတယ်မလား"

"အင်း "

"ကျွန်တော် ကိုကြီးကို မလိမ်ပါဘူးဆို "

"ဟုတ်ပါပြီ ဒါပေမယ့် ငယ်နောက်နေ့ အဲဆိုင်ကယ်
မစီးရဘူး ၊ အစကတည်​း အဲဆိုင်ကယ်ကြီးနဲ့
စိတ်မချတာ ခုတော့ ဖြစ်ပြီ ၊ အများကြီး မထိခိုက်တာ တော်သေးတယ် ငယ် "

"...."

"အသွားလည်း ကိုကြီးလိုက်ပို့မယ်
အပြန်လည်း ကိုကြီး ဝင်ခေါ်မယ် "

"ဟုတ် "

"သင်တန်းကိုရော ဘယ်လိုသွားရမှာလဲ ကိုကြီး"

"မင်းမင်းကို အကြိုအပို့လုပ်ခိုင်းမယ် "

"ရပါတယ် ကိုကြီးရဲ့
ဆိုင်က မမကိုလိုက်ပို့ ခိုင်းလိုက်မယ်
ကိုမင်း လာဖို့က ဝေးလည်းဝေးတယ်
ပြီးတော့ ကိုမင်းက အလုပ်နဲ့ "

"အင်း ကိုကြီး စဉ်းစားကြည့်ဦးမယ် "

"ဟုတ်"

"ဟုတ်ပြီ ခုတော့ငယ်နားတော့
စားဖို့ကို လာပို့်ခို်င်းပေးမယ်
လာ ကိုကြီးကို တွဲ "

"ဟုတ် "

"လျှောက်နိုင်လား ငယ်
ကိုကြီး ပွေ့ပေးရမလား "

"ရတယ် ကိုကြီး
ကျွန်တော် လျှောက်နိုင်တယ် "

ကိုကြီးတွဲပေးပြီး အခန်းထဲ လိုက်ပို့ပေးသည်

"ငယ် ဒီနေ့ ရေမချိုးနဲ့တော့နော်
အနာကို ရေထိလို့မရဘူး "

"ဟုတ် "

"ကိုကြီးကို လက်တွေပြဦး "

နုနုဖက်ဖက်လက်ကလေးတွေ ဒဏ်ရာတွေနဲ့
ငယ့်ဒဏ်ရာတွေမြင်တော့ ကျွန်တော့်ရင်ထဲ
နာလာသလို

"ငယ် နောက်တစ်ခါ ဒဏ်ရာတွေမဖြစ်စေပါနဲ့
ငယ့်လက်နုနုလေးတွေက ဒဏ်ရာတွေနဲ့ မလိုက်ဘူး "

"ဟုတ် ကိုကြီး "

"ဒူးရော အရမ်းနာသေးလား "

"မနာတော့ဘူး ကိုကြီး သက်သာတယ် "

"ဟုတ်ပြီ ကိုကြီးရေချိုးပြီးရင်
ပြန်လာခဲ့မယ်နော် "

"ဟုတ် "

ကိုကြီးကို စိတ်မပူစေချင်ပေမယ့် ခုတော့ ငါ့ကြောင့် ကိုကြီးအလုပ်ပိုရပြီ ၊ ပြီးတော့
စာအုပ်တွေလည်း မရှိတော့ဘူး ၊ ဖုန်းရော မရှိတော့ဘူး ၊ စာအုပ်က ပြန်ဝယ်နိုင်ပေမယ့်
ဖုန်းက ပြန်မဝယ်နိုင်ဘူး ဘယ်လိုလုပ်ရမလဲ

💕

ဒေါက် ဒေါက်

ကျွီ

စားစရာတွေ ယူလာသော ကိုကြီး

"ဗိုက်ဆာနေပြီလား ငယ်
ကိုကြီးနည်းနည်း ကြာသွားတယ် "

"ဆာသေးဘူး ရတယ် ကိုကြီး
ကြီးနု ကိုလာပို့ခိုင်းတာ မဟုတ်ဘူး
ကိုကြီး ကျွန်တော့်ကြောင့် ပင်ပန်းနေပြီ "

"မပင်ပန်းပါဘူး ငယ်
ကိုကြီးပို့ချင်လို့ "

"...."

"ကိုကြီး ကျွန်တော် ကိုယ့်ကိုကိုယ် စားမယ်
ကျွန်တော့်ဆီ လာပို့ပေးတာနဲ့တင်ကို ကိုကြီးကို..

"ငယ့်လက်တွေ နာမှာစိုးလို့
ဒီနေ့တော့ ကိုကြီးကျွေးမယ်
ငယ်က ပါးစပ်ပဲ ဟပေး "

"ဟုတ် "

"လိမ္မာတယ်​ "

ထမင်းစားပြီးတော့ ရေလည်း ကိုကြီးပဲတိုက်
ကျွန်တော်လိုအပ်တာတွေလည်း ကိုကြီး အကုန်လုပ်ပေးပြီးမှ

"ငယ် နားတော့နော် "

"ဟုတ် "

"ကိုကြီး "

"အင်း ပြောလေ ငယ် "

"ကျေးဇူးတင်ပါတယ် ကိုကြီး
ကျွန်တော့်အပေါ် နွေးထွေးပေးလို့ "

"ကျေးဇူးတင်ရင် နောက်တစ်ခါ ဒဏ်ရာမရစေနဲ့ "

"ဟုတ် ကိုကြီး
ကျွန်တော် ဂရုစိုက်ပါ့မယ် "

"နားတော့နော် "

"ဟုတ် "

"ပြီးတော့ မနက်ဖြန် ဘယ်မှမသွားရဘူးငယ်
အိမ်မှာပဲနား ၊ သင်တန်းလည်း ခွင့်တိုင်ပေးမယ် "

"....."

"ကြားလား ငယ် "

"ဟို သင်တန်းမသွားပဲ ဆိုင်တော့သွားမယ်လေ ကိုကြီး နော်"

"ဆိုင်သွားလည်း ငယ်မှမလုပ်နိုင်တာ "

"မလုပ်ဖူးလေ ကိုကြီး
ဒီတိုင်း customer တွေကို မေးပဲမေးမှာ
မမတို့ လုပ်လိမ့်မယ် ၊ အိမ်မှာက ကျွန်တော်ပျင်းလို့ ၊ ဦးလေးကြီး ရော ကြီးနုရောက သူ့အလုပ်နဲ့သူလုပ်နေကြတာ "

"...."

"ကိုကြီး နော် သွားမယ်လေ နော် "

လိုချင်တာမရလို့ ချွဲနေသော ကလေးလေးတစ်ယောက်လို
ဒီလို ချွဲနေမှတော့ ဒီကလူက အင်း ကလွဲပြီး
ဘာပြောနိုင်ဦးမလဲ ငယ်

"ဟုတ်ပါပြီ ငယ် ပျင်းရင် ဆိုင်မှာသွားထိုင်ပါ "

"ဟုတ် ကိုကြီး
ဒါဆို မနက်ဖြန် ကိုကြီး နဲ့ အတူသွားရမှာပေါ့ "

"ဒါပေါ့ "

"Ok ကိုကြီး ကျွန်တော် ready ဖြစ်စေရမယ် "

"ဟုတ်ပြီ နားတော့ "

"ဟုတ် "

ဘွား အဲဒါခင်ဗျားကြောင့်
ခင်ဗျားလာရင် ကျွန်တော့်ကို မတွေ့ပဲ ပြန်ရမှာစိုးလို့

ဘွား ခင်ဗျား နဲ့ မတွေ့ခဲ့ရင် ကောင်းမယ်
မဟုတ်ဘူး ကျွန်တော် ခင်ဗျားကို ခင်ဖို့ မကြိုးစားခဲ့သင့်တာ 

သူများတွေကို ဆက်ဆံသလို ကျွန်တော့်အပေါ်လည်း မာနနဲ့ ဆက်ဆံခဲ့ရင်
ကောင်းမှာပဲ ဘွား

ခုတော့ ကျွန်တော် ရှေ့ဆက်တိုးရမလား
ဒီမှာတင်ပဲ ရပ်လိုက်ရမလား
မတွေးတတ်တော့ဘူးဗျာ

💕💕💕💕💕

At Wilson hotel,

ညနေပြန်လာကတည်းက ဘာမှလုပ်ချင် စားချင်စိတ်မရှိ ၊ စိတ်က ဒဏ်ရာတွေနဲ့
ကလေးဆီမှာ

သျှင်မင်း ကိုယ်လွမ်းတယ်
ဒဏ်ရာတွေရော သက်သာရဲ့လား
မင်းဆီ လာဖို့လည်း မင်းအိမ်က ဘယ်မှာလဲ
ကိုယ်မသိဘူး သျှင်မင်း ၊ ဖုန်းဆက်မေးဖို့လည်း
ကိုယ်ဖုန်းနံပါတ် မသိဘူး ၊ မင်းဆီ ဆက်သွယ်ဖို့
ကိုယ် ဘာဆိုဘာမှမသိဘူး

မင်းက သျှင်မင်းဆက် ဆိုတာကလွဲပြီး တခြားဘာမှ ကိုယ်မသိဘူး ၊ ကိုယ်မင်းကို မေးစရာတွေရှိတယ် ဒါပေမယ့်  ကိုယ်မမေးရဲဘူး  မင်းမသိအောင်လည်း ကိုယ်မစုံစမ်းရဲဘူး
မင်းဘယ်သူလဲဆိုတာသိဖို့ ကိုယ်စကားတစ်ခွန်းဟ လိုက်ရုံပဲ ဒါပေမယ့် မင်းမသိပဲ ကိုယ်ဘာမှ မလုပ်ချင်ဘူး

ငယ်ကတည်းက အထီးကျန်စွာနဲ့ နေလာခဲ့တာ
မင်းနဲ့တွေ့မှ ကိုယ်ပျော်ရွှင်မှု ဆိုတာ ရှိလာခဲ့တာ
ကိုယ်အခု မင်းကိုအရမ်းလွမ်းတယ် သျှင်မင်း

မနက်လင်းလာရင် အရင်ဆုံးတွေ့ချင်တယ်
အချိန်တိုင်း ဘေးနားမှာ ရှိစေချင်တယ်
မင်းလိုအပ်တာ မင်းဖြစ်ချင်တာ
မင်းတောင်းဆိုတာ အကုန်လုပ်ပေးချင်တယ်
အဲဒီ ခံစားချက်တွေက " အချစ် " ဆိုရင်
ဟုတ်တယ် ကိုယ်မင်းကို ချစ်တယ် သျှင်မင်း
နက်နက်ရှိုင်းရှိုင်းကို ချစ်တာ

💕💕💕💕💕
💕💕💕💕💕

"ဟိုကောင် ခတ်တ္တရာ ပြန်မလာသေးဘူးလား"

"လာမှာပေါ့ ဖေကြီးရယ် "

"မင်းအရမ်းအလိုလိုက် မင်းသား ပျက်စီးတော့မယ် ရိုင်းကရိုင်းသေး "

"....."

ခြံဝန်းထဲ ကားရပ်သံကြားရတယ်

"ပြန်လာပါပြီ "

"ပြန်လာရင် ဒီကိုလာခဲ့ ခတ်တ္တရာ "

"လာလေ သား ၊ daddy ခေါ်နေတယ်လေ "

"အလေမလိုက်ဖို့ အလုပ်လုပ်ဖို့ ပြောမှာပဲမလား
Daddy "

"ဟုတ်တယ် "

"ဟုတ်ပြီ မနက်ဖြန်ကစပြီး
Daddy company မှာဝင်လုပ်မယ် "

"အခြေအမြစ်မရှိပဲ ငါ့ဆီကို မလာနဲ့ ခတ်တ္တရာ"

"ဘာလဲဗျာ daddy ရာ "

"ဘာမှမလဲဘူး တခြားလုပ်ငန်းက အတွေ့အကြုံယူခဲ့ ၊ မနက်ဖြန် golden construction မှာ interview ရှိတယ်
အဲမှာ ရရာဝင်လုပ် "

"ဖေကြီးရယ် သားလေးက ဘယ်လိုလုပ်တတ်မှာလဲ ၊ အခြေခံက စရမယ်ဆိုလည်း ကိုယ့်လုပ်ငန်းမှာပဲကိုယ် သင်ပေးပါလား "

"မရဘူး ငါ့ဆီမှာ ဆိုရင် ငါ့သားဆိုပြီး
ကောင်းကောင်းလုပ်မှာမဟုတ်ဘူး
ဘယ်သူကမှလည်း ကောင်းကောင်း ခိုင်းရဲမှာမဟုတ်ဘူး "

"....."

"ဒီအရွယ်ရောက်နေပြီ ကိုယ့်အားကိုယ်ကိုး
ငါပြောတဲ့အတိုင်း မလုပ်ရင် အမွေပြတ်ပဲ ခတ်တ္တရာ "

ဒီတစ်ခါ daddy ပြောတာ တကယ် အမွေဖြတ်မဲ့ပုံပဲ ၊ ငါတကယ် အလုပ်လုပ်ရတော့မယ်ထင်တယ်

💕💕💕💕💕













Continue Reading

You'll Also Like

1.2M 84.2K 33
I Would Lay Down Everything For You My Baby.... 🖤 Let Me Be Your Sugar Daddy .... [ Sweet " No Drama " Daddy & Baby ]
410K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
221K 14.7K 53
Cover by _ nong_thelea ❤ ရှင်း မင်းသူထက် သီဟ
400K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...