PURPLE || KV || ✔
Roxanne_kv tarafından
290K 26.7K 1.9K
This story is my first Hybrid Creation 💕 I hope you'll enjoy Baby Tae and Daddy Jeon 🐰🐯 Daha Fazla
Intro
Episode.1
Episode.2
Episode.3
Episode.4
Taekook!!!!
Episode.5
Episode.6
Episode.7
Episode.8
Episode.9
Episode.10
Episode.11
Episode.12
Episode.13
Episode.14
Episode.15
Episode .16
Episode.17
Episode.19
° Final °
Episode.18
9.2K 982 67
Roxanne_kv tarafından
Written in BOTH Zawgyi & Unicode
Unicode
" ပါပါးး! ပါပါးးး~ ထဦးလို့!!! "
ရှားရှားပါးပါးဘာအလုပ်မှမရှိတဲ့ တနင်္ဂနွေနေ့
မနက်ခင်းလေးအား သူ့ဘေးတွင်တဂျီဂျီလာနှိုး
နေသော ထိုကလေးနှင့်အစချီရပြန်သည် ။
တကယ်တော့သူမနေ့ကစက်ရုံကိစ္စကြောင့်
ညနှစ်နာရီလောက်မှအိပ်ရခြင်းဖြစ်သည် ။
ဒါကိုအထူအပါးနားမလည်သောထိုကလေးက
သူမနိုးမချင်းဘေးနာမှာတအီအီလုပ်နေလေ၏။
" ထယ်လေးရာ... ကိုယ်အိပ်ရေးမဝသေးဘူး၊
ထယ်လေးလဲခဏပြန်အိပ်လိုက် နော် လိမ္မာ
တယ် "
သူ့ဆွယ်တာအဖြူအပွကြီးကိုBoxerတစ်ထည်
နှင့်သာတွဲဝတ်ထားသော ထိုပေါက်စအား
ရင်ခွင်ထဲသိမ်းကျုံးပွေ့ရင်းခဏပြန်အိပ်ရန်
ကြိုးစားလိုက်သည် ။ သို့သော်အရာမထင်...
ပြူတစ်ပြူတစ်ထွက်လာသော ကြောင်ကြောင်
ကျားကျားနားရွက်ဖျားလေးကသူ့နှာခေါင်းကို
ဟိုတို့ဒီတို့လာလုပ်တာမို့သက်ပြင်းအသာချရင်း
ထိုနားရွက်ပိစိလေး‌တို့အားပွတ်သပ်ပေးလိုက်
သည် ။
" ကဲ... ပြော ဘာလိုချင်လို့လဲ ပေါက်စ "
" ပါးမေ့နေတာမလား... ဒီနေ့ထယ်ထယ်
၁၈နှစ်ပြည့်ပြီလေ ၊ ဘယ်မှာလဲ ကိတ်မုန့်
အကြီးကြီးး "
လက်လေးတွေကိုဖြန့်ရင်းကိတ်မုန့်အကြီးကြီး
ပုံစံလုပ်ပြတဲ့ထိုကလေးကြောင့် နှာခေါင်း
လေးကိုဖွဖွနမ်းကာပြုံးလိုက်မိသည် ။
သူမေ့နေခြင်းမဟုတ်ပါ ၊ လွန်ခဲ့သောတစ်ပတ်
လောက်ကတည်းက ဒီကလေးလေးမွေးနေ့
အတွက်ကိစ္စအဝဝကိုအဖက်ဖက်မှပြည့်စုံ
အောင်သူစီစဉ်ထားပြီးဖြစ်သည် ။
" ကိတ်မုန့်အကြီးကြီးပဲလား Hmm... "
" ရှိသေးတယ် ရှိသေးတယ် ၊ လက်ဆောင်ဗူး
အကြီးကြီးးတွေရော ၊ နောက်ပြီး... ပူစီဖောင်း
လုံးလုံးလေးတွေရော ၊ Umm...umm...
ပြီးတော့ လူတွေလဲအများကြီးဖိတ်မှာ၊
Jiminie Hyungရော၊Yoonie Hyungရော၊
Namjo --
" Aigoooo~ ဟုတ်ပါပြီကွာ! အကုန်ဖြစ်စေရ
မယ် ဟုတ်ပြီလား "
" ဟွန့် ဘယ်မှာလဲ ကိတ်မုန့်! ခုထိလဲ ပါးက
အိပ်ရာထဲကမထသေးဘူး "
ရင်ဘတ်နားကပ်ပြီးပွစိတွတ်ထိုးနေသော
ထိုအကောင်ပေါက်လေးအားသူ့ဗိုက်ပေါ်
ပွေ့တင်တော့ မှောက်လျက်လေးကပ်ပါလာ
သည် ။ ပေါင်မုန့်လုံးလိုအိနေသောပါးဖောင်း
ဖောင်းနှစ်ဖက်အားအသာကိုင်ရင်း...
" ကိုယ် ထယ့်မွေးနေ့အတွက်အကုန်ပြင်ပြီးပါ
ပြီကွာ ၊ ထယ်ဖြစ်စေချင်တာတွေအကုန်ဖြစ်
အောင်ကိုယ်လုပ်ပေးမယ် ဟုတ်ပြီလား? အဲ့
နှုတ်ခမ်းကြီးဆူမနေနဲ့တော့၊ ကိုယ်နမ်းမှာနော် "
" နိုး နိုးး နိုးး မျက်နှာသစ်ပြီးမှနမ်းရပါမယ်
နော် ထယ်ထယ့်ကို ၊ နိုးးဒါ့တီးး "
သူ့ရင်ဘတ်ပေါ်မေးထောက်ကာ မနမ်းပါနဲ့
ပြောနေတဲ့ရုပ်ကိုကဆွဲဆတ်ကိုင်ဆောင့်
ပစ်ချင်စရာ ၊ ဒီကောင်လေးဟာလေ...
ခြေသွက်လက်သွက်နဲ့တကယ်ကိုပိတ်ပတ်
နမ်းပစ်ချင်စရာလေး!
" ထယ်ထယ် ပါပါးကိုလက်ဆောင်ပေးဖို့
ပြင်ထားတယ် သိလား "
" တကယ်? မွေးနေ့ရှင်လေးကကိုယ့်ကိုဘာတွေ
ပေးမို့တုန်း ပြောပါဦး~ "
" နိုးး ပြောဘူး ၊ စပရိုက်လုပ်မှာ ပါးကို "
" ထယ်... "
" ဗျာ ဗျ ! "
" ချစ်တယ် ၊ ကိုယ့်ဘေးနားကထွက်မသွားရဘူး
နော် ... "
" သွားပါဘူး ပါပါးရဲ့ ၊ ပါပါးနှင်ထုတ်ရင်တောင် ဟောသလိုဖက်ထားပစ်မှာ ဟီးးဟီးး "
ဗိုက်ပေါ်တင်ပေးထားတာကိုအငြိမ်မနေဘဲ
လှုပ်စိလှုပ်စိလုပ်နေတာကြောင့် ပွေ့ချီရင်း
မနက်စာပြင်ပေးရန်မီးဖိုချောင်ဆီသို့  ။
မဟုတ်ရင် မနက်စောစောစီးစီးထိုးထိုးထောင်
ထောင်သူ့ပြဿနာတွေကို ဖြေရှင်းနေရပေ
ဦးမည် ။
မျက်နှာသစ်ပြီးထွက်လာတော့ ထိုကလေးက
သူ့ကိုစပ်ဖြဲဖြဲရယ်ပြရင်း လက်လေးနှစ်ဖက်
ဖြန့်ပြသည် ။
" ဘာတုန်း ထယ်? "
" မုန့်ဖိုးလေ ၊ ထယ်ထယ်လမ်းထိပ်ကဆိုင်မှာ
Bulgogi စားချင်တာ။ ပေးပါနော် "
" မနက်စာကိုအဲ့တာတွေစားလို့ဖြစ်ပါ့ --
" ငါတို့လဲဒီမှာထိုင်စောင့်နေသေးတယ်နော်
ဂျွန်ဂျောင်ကုရေ! "
" ဟမ်... Hy-- Hyungတို့ဘယ်တုန်းကရောက်
ကြတာလဲ? "
" မင်းမျက်နှာသစ်နေတုန်းက ၊ ဟိုငတိလေး
တံခါးဖွင့်ပေးတာ "
" Aishh! ယွန်းဂီဟျောင်း ထယ်ထယ့်ကိုအဲ့လို
မခေါ်ပါနဲ့ "
" ဟျောင်းတို့မနက်စာစားပြီးကြပြီလား?
မစားရသေးရင်ကျတော် --
သူ့အင်္ကျီစကိုတအိအိလာဆွဲသောလက်ကလေး
ကြောင့် သက်ပြင်းအသာချကာလိုသလောက်
မုန့်ဖိုးကိုသာထုတ်ပေးလိုက်သည် ။ ပိုပေးလည်း
ဒီဟာလေးကရှိရင်ရှိသလောက်လျှောက်ဝယ်
စားပစ်တာရယ် ။
" စားပြီးတာနဲ့တန်းပြန်လာနော် ။ ကိုယ်အလုပ်
တွေရှိသေးလို့မလိုက်တော့ဘူး၊ ဟိုးတခါကလို
TVကြည့်တာတွေဘာတွေမလုပ်နဲ့ ကြားလား "
" Nae~ တာ့တာ ပါပါးးး ! "
ကုပ်ကုပ်ကုပ်ကုပ်ပြေးထွက်သွားသော
ထိုပေါက်စအား ဂျီမင်နှင့်ဟိုဘီဟျောင်းသဘောကျစွာကြည့်ရင်းရယ်နေကြသည် ။
ယွန်းဂီဟျောင်းကတော့ခပ်ရေးရေးပြုံးလျက်...
" ကဲ ဂျောင်ကု ၊ ငါတို့ဘာတွေကူလုပ်ပေးရ
မလဲ? "
" ဟျောင်းတို့ကြိုသိတယ်ပေါ့? "
" မင်းပဲပြောတာလေ ၊ မင်းကလေးလေးမွေးနေ့
မှာ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ "
" ဟီးး အဲ့တာဆို... ယွန်းဂီဟျောင်းနဲ့ဂျီမင်း
ဟျောင်းက ကျတော့်ရုံးစာကြည့်ခန်းထဲက
ဓာတ်ပုံတွေသေချာဖြုတ်ပြီး ဒီကိုသယ်လာခဲ့
ပေး "
" ဓာတ်ပုံ? "
" အင်း Sizeကအဲ့မှာအစုံရှိတယ် ၊ ကပ်ထားတဲ့
သေးသေးလေးတွေကအစ နံရံမှာချိတ်ထားတဲ့
ဘောင်အကြီးကြီးတွေအဆုံးအကုန်ပဲ "
" အိုခေ! လာ သွားမယ် ဟျောင်း "
" ဟင်းး... ကိုယ်မနက်စာမစားရသေးဘူး
မင်နီ "
" လမ်းမှာစား။ ထ သွားမယ် အပျင်းကြီးမနေနဲ့ "
" ဒါဆိုလဲအားပြည့်အောင် ကိုယ့်နှုတ်ခမ်း
လေးကို --
" သွားပါတော့ဟ! ငါ့ရှေ့ညစ်တီးညစ်‌ပတ်တွေ
လုပ်ဖို့ကြံမနေကြနဲ့! "
ဟိုဘီဟျောင်းစကားကြောင့်တခစ်ခစ်ရယ်ရင်း
အပြင်ထွက်သွားသောဂျီမင်းဟျောင်းနှင့်အတူ
ဆူပုတ်ပုတ်လိုက်သွားသော ယွန်းဂီဟျောင်း... ။
ကျတော့်ဘဝကြီးထဲမယ် ဒီလိုလူမျိုးတွေ
ရထားတာ ဘုရားပေးတဲ့ဆုတစ်ခုလိုပင် ။
" ဟိုနှစ်ကောင်တော့လစ်သွားပြီ ၊ မင်းနဲ့ငါက
ရော ဘာလုပ်ကြမှာလဲ ဂျောင်ကု? "
" ကျတော်တို့ကအိမ် Decorations ပိုင်း၊
ခဏနေရင် နမ်ဂျွန်းဟျောင်းရောက်လာလိမ့်မယ်၊
သူကအစားအသောက်အပိုင်းတာဝန်ယူမှာ "
မရှိတဲ့တံတွေးပင်သီးချင်သလိုဖြစ်သွားသော
ဟိုဆော့ကြောင့် ဂျောင်ကုတစ်ယောက်
'ဘာဖြစ်လို့လဲ' ဟူသောအကြည့်ဖြင့်အသံတိတ်
မေးလိုက်မိ၏ ။
" ကြက်သွန်နီတောင်ဖြောင့်အောင် မလှီးတတ်
တဲ့ ကင်မ်နမ်ဂျွန်းကိုမင်းကအစားအသောက်ပိုင်း
တာဝန်အပ်တယ်ဆိုတော့ စွန့်စားရာမကျလွန်း
ဘူးလားကွာ ? "
" အာ... မဟုတ်ဘူး ၊ သူ့အသိကစီစဉ်ပေးမှာတဲ့။
ကင်မ်ဆော့ဂျင်ဆိုလားမသိဘူး ၊ အဲ့လူက
Bakeryဖွင့်ထားတာ။ အခုမွေးနေ့ကိတ်ဘာညာ
အကုန်လုံးလဲသူ့ဆိုင်ကပဲ "
" ဟူးး... တော်သေးတာပေါ့ ၊ မင်းစကားကြောင့်
ငါ့မှာဘာသာပေါင်းစုံကဘုရားတောင်
တမိတယ် "
" ဟဟားး ဟျောင်းကလည်း... ။ အော်...
ဟျောင်း ဘာမှမစားရသေးဘူးမလား၊ ကျတော်
ကော်ဖီနဲ့မုန့်တခုခုယူလာပေးမယ် ခဏလေး "
ဂျောင်ကုမီးဖိုခန်းထဲဝင်သွားပြီးမကြာခင်မှာပင်
ကျွန်းစားပွဲပေါ်တင်ထားသော ဖုန်းမှာတဒူဒူ
မြည်လာလေ၏ ။
" ဂျောင်ကု မင်းဖုန်းလာနေတယ်! "
" ဟျောင်းပဲ ကိုင်လိုက်ချည် ၊ ကျတော့်ကိုမေး
ရင် ခဏနေမှပြန်ဆက်ပါသာပြောလိုက် "
အလုပ်ရှုပ်နေပုံရသော ဂျောင်ကုအသံကြောင့်
ဟိုဆော့ဘာမှထပ်မမေးတော့ဘဲအစိမ်းရောင်
အဝိုင်းလေးကိုသာဆွဲလိုက်မိသည် ။ Called ID
ဘာညာတော့မကြည့်လိုက်မိ ။
•• ဟုတ်ကဲ့ အမိန့်ရှိပါ ••
•• ဒါဂျွန်ဂျောင်ကုရဲ့ ဖုန်းပါလားခင်ဗျ? ••
•• ဟုတ်ပါတယ် ဘာကိစ္စရှိလို့လဲ? ••
•• ကျတော်ရဲစခန်းကလှမ်းဆက်နေတာပါ ။သူ့သားလေးကို ပြန်လာခေါ်ဖို့ပါ ။ ကလေးက
ခုနတုန်းကလမ်းဖြတ်ကူးရင်ကားနဲ့တိုက်မိမလို
ဖြစ်သွားတော့ လန့်ပြီး သူ့အဖေကိုပဲခေါ်ခိုင်း
နေလို့ပါ ••
•• ဗျာ??? မဖြစ်နိုင်တာ ဂျောင်ကုမှာဘာ
ကလေးမှမရှိဘူးဗျ ။ သူကခုမှအသက်နှစ်ဆယ်
တောင်ပြည့်သေးတာမဟုတ်ဘူး ••
•• ဒီက ကလေးက သူ့ပါပါးကိုခေါ်ပေးဖို့ပဲပြောနေတာဗျ ။ နောက်ပြီးPhoneContact ထဲမှာလဲ Daddyဆိုတော့ ••
Oh Shit! အဲ့တာ ထယ်ထယ်ပဲ!!!
" ဟျောင်း? ဖုန်းထဲကဘယ်သူလဲ? "
" ဂျောင်ကု ရဲစခန်းလိုက်သွားတော့ ၊ ဟိုကလေး
အဲ့ရောက်နေတယ် "
" ဘ-- ဘာ??? ဘယ်လို ရဲစခန်း??? နေပါဦး
ဘယ်လိုဖြစ်ပြီး --
" မေးခွန်းတွေထူမနေနဲ့ ၊ လိုက်မှာဖြင့်လိုက်
သွားတော့ "
ပိုက်ဆံအိတ်နဲ့ဖုန်းကိုကောက်ယူရင်းသာ
ကားဖြင့်ခပ်သုတ်သုတ်ထွက်လာလိုက်တော့
သည် ။ ခက်တော့တာပဲ ထယ်ရယ်... ၊ ဘာတွေ
လုပ်ပြန်ပြီလဲမသိဘူး...
....…...............
" ပါးးး!!! "
သူဝင်လာတာမြင်သည့်နှင့်တပြိုင်နက်
ရင်ခွင်ထဲပစ်ဝင်လာသောထိုပေါက်စအား
တင်းနေအောင်ဖက်ထားလိုက်မိသည် ။ ဘာတွေ
ဘယ်လိုမွှေထားမွှေထား လောလောဆယ်တော့
ဒီလိုနေရာမျိုးမရောက်ဖူးတဲ့ ဒီကလေးအနေနဲ့
အနည်းနှင့်အများတော့ကြောက်နေနိုင်သည်
မဟုတ်ပါလား ... ။
" ထယ်ထယ် အရမ်းကြောက်နေတာ ၊ အဲ့ကား
ကြီးကိုတွေ့တော့လေလန့်ပြီးဖွက်ထားတဲ့အမြှီးနဲ့
နားရွက်ပါပြန်ထွက်လာတာ အဟင့်! တွေ့လား
ဘောင်းဘီတောင်ပေါက်သွားပြီ "
သူအပေါ်ထပ်ဝတ်လာတဲ့ ရှပ်လက်ရှည်ကွက်ကျားကို ချွတ်ကာထိုပေါက်စခါးတွင်ချည်ပေးလိုက်၏ ။ ဒါမျိုးကဘယ်သူမှမြင်လို့
မဖြစ်ဘူး... သူ့အပိုင် ။
" ဒီက ကလေးအဖေ ဂျွန်ဂျောင်ကုဟုတ်ပါတယ်
နော် ? "
" ဗျာ? ဟို-- ကျတော်က --
" အဲ့ဦးလေးကြီးကလည်းသိပ်တုန်းတာပဲ!
ပါးကထယ်ထယ့်အဖေမဟုတ်ပါဘူးဆို!
ထယ်ထယ်နဲ့ပါပါးက စနှိုးဝှိုက်လေးနဲ့မင်းသား
လေးလိုချစ်တာပါလို့ရှင်းပြလဲ နားကိုမလည်
ဘူး ဟွန့်! "
" ဟို... ကျတော်က ဒီကလေးအုပ်ထိန်းသူပါ။
သူဘယ်လိုလုပ်ပြီး ဒီရောက်လာလဲတချက်
လောက်ပြောပြပေးနိုင်မလား အရာရှိကြီး? "
" ဖြစ်ပုံကတော့ဒီလိုဗျာ ။ ကျတော်တို့ဒီလမ်း
ပတ်ဝန်းကျင်က ခုနစ်တန်အထက်ယာဉ်
မဝင်ရဘူး။ အဲ့တာကိုကုန်ကားတစ်စီးက
လမ်းထိပ် Minimartနားမှာရပ်ထားတယ် "
" ဒါ... ဒါဆို အဲ့ကားကြီးနဲ့ထယ်နဲ့... ? "
" ဟုတ်ပါတယ် တိုက်မိမလိုဖြစ်တာပါ ၊ တိုက်
တော့မတိုက်မိပါဘူး ။ ဒါပေမဲ့ကလေးက
တော်တော်လန့်သွားပုံရတယ် "
ပေါင်ပေါ်ပွေ့ထားသောထိုကလေး၏ခါးသေး
သေးလေးအားပိုပြီးတင်းကျပ်စွာဖက်ထား
ကာ မျက်ရည်ပင်ဝဲချင်လာမိသည် ။ ဒီကလေး
သာတခုခုဖြစ်ခဲ့ရင်ဆိုတဲ့အတွေးက သူ့ကို
အလိုလိုအားနည်းစေ၏ ။
" ဒါနဲ့ ကားမောင်းတဲ့လူရော? "
" ကားကအစောကတည်းကရပ်ထားတာပါဗျ။
ဒီကလေးက ကားကိုဝင်တိုက်တာ "
" ဘယ်-- ဘယ်လို??? "
" ဟို... ခင်ဗျားကလေးကအဲ့ကားကိုဝင်တိုက်
ပြီးလန့်သွားတာပါ "
ဂျောင်ကုခေါင်းပေါ်တွင် Question Mark
တွေအစီအရီတက်လာလေပြီ ။
မဟုတ်သေးဘူးလေ...
ဘယ်လိုလုပ် ထယ်က ကားကို... ?
" ပါး... အဲ့ကောင်ကြီးကလေ တအားကြောက်
ဖို့ကောင်းတာပဲ ၊ ထယ်ထယ် ဆိုင်ကပြန်ထွက်လာတော့ ထယ်ထယ့်ကိုဖက်တီးဘီးကြီးတွေ
အများးးကြီးနဲ့ ပြူးပြူးကြီးကြည့်နေတာ "
ဂျောင်ကုမှာ အခုမှရယ်ရခက်၊ငိုရခက် ။
ဒီကောင်လေးအတွက် သာမန်သွားလာနေကျ
ကားလောက်သာမြင်ဖူးတာမို့ ဒီလိုကုန်တင်ကား
မျိုးကိုမြင်ရတာအတော်လေးလန့်စရာဖြစ်သွားသည်ထင်၏ ။
" ထယ်... အဲ့တာကားတစ်မျိုးပဲ ကလေးရဲ့ ။
ကုန်တင်ကားလို့ခေါ်တယ် "
" ကုန်-- ကုန်တင်ကား? "
" အင်း ပစ္စည်းတွေအများကြီးသယ်ပေးတဲ့
ကားကြီးတွေပေါ့ "
" သိဘူး ထယ်ထယ်ဝင်တိုက်မိလို့လန့်ပြီး
အ-- အမြှီးထွက်သွားတော့ လူတွေကလည်း
ဝိုင်းရယ်ကြတယ် ဟင့်! "
" မငိုနဲ့တော့ကွာ ၊ ကိုယ်ရှိတယ် ဘယ်သူမှထယ့်
ကိုမရယ်စေရဘူး ဟုတ်ပြီလား ? "
အိမ်ပြန်ဖို့တောင် ထိုပေါက်စကသူ့ပေါ်က
ဖယ်မပေးတာမို့ ကားပေါ်အထိပွေ့လာပေးရ
သည် ။ ဘာလို့လမ်းမလျှောက်တာလဲမေးတော့
ဘောင်းဘီပေါက်သွားလို့တဲ့လေ ။
မှတ်မှတ်ရရပေါ့ဗျာ...
ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့မှာ ကားကိုပြန်ဝင်တိုက်
တဲ့ ကျတော့်ရဲ့အာဂ ကလေးပါပဲ.... ။
.....................
Note - နောက်တစ်ပိုင်းဒီအပတ်ထဲမှာပဲ
လာမယ်နော်၊ အကြာကြီးမပစ်ထားတော့ပါဘူး
Hehe xD နောက်ပြီးနောက်တပိုင်းက နည်းနည်း
လူကြီးဆန်မယ် :'3
Zawgyi
တယ် "
ကြိုးစားလိုက်သည် ။ သို့သော်အရာမထင်...
သည် ။
အကြီးကြီးး "
Namjo --
မယ် ဟုတ်ပြီလား "
အိပ်ရာထဲကမထသေးဘူး "
နမ်းပစ်ချင်စရာလေး!
ပြင်ထားတယ် သိလား "
" ထယ်... "
" ဗျာ ဗျ ! "
နော် ... "
ဦးမည် ။
ဖြန့်ပြသည် ။
" ဘာတုန်း ထယ်? "
Bulgogi စားချင်တာ။ ပေးပါနော် "
ဂျွန်ဂျောင်ကုရေ! "
ကြတာလဲ? "
တံခါးဖွင့်ပေးတာ "
မခေါ်ပါနဲ့ "
မစားရသေးရင်ကျတော် --
စားပစ်တာရယ် ။
" Nae~ တာ့တာ ပါပါးးး ! "
မလဲ? "
ပေး "
" ဓာတ်ပုံ? "
မင်နီ "
လေးကို --
လုပ်ဖို့ကြံမနေကြနဲ့! "
မေးလိုက်မိ၏ ။
ဘူးလားကွာ ? "
Bakeryဖွင့်ထားတာ။ အခုမွေးနေ့ကိတ်ဘာညာ
တမိတယ် "
" ဟဟားး ဟျောင်းကလည်း... ။ အော်...
မြည်လာလေ၏ ။
•• ဟုတ်ကဲ့ အမိန့်ရှိပါ ••
နေလို့ပါ ••
ကလေးမှမရှိဘူးဗျ ။ သူကခုမှအသက်နှစ်ဆယ်
Oh Shit! အဲ့တာ ထယ်ထယ်ပဲ!!!
အဲ့ရောက်နေတယ် "
ဘယ်လိုဖြစ်ပြီး --
သွားတော့ "
လုပ်ပြန်ပြီလဲမသိဘူး...
....…...............
" ပါးးး!!! "
မဟုတ်ပါလား ... ။
မဖြစ်ဘူး... သူ့အပိုင် ။
နော် ? "
" ဗျာ? ဟို-- ကျတော်က --
ဘူး ဟွန့်! "
တော့မတိုက်မိပါဘူး ။ ဒါပေမဲ့ကလေးက
အလိုလိုအားနည်းစေ၏ ။
" ဘယ်-- ဘယ်လို??? "
ပြီးလန့်သွားတာပါ "
တွေအစီအရီတက်လာလေပြီ ။
မဟုတ်သေးဘူးလေ...
" ကုန်-- ကုန်တင်ကား? "
ကားကြီးတွေပေါ့ "
ဝိုင်းရယ်ကြတယ် ဟင့်! "
မှတ်မှတ်ရရပေါ့ဗျာ...
.....................
လူကြီးဆန်မယ် :'3
Okumaya devam et
Bunları da Beğeneceksin
37.1K 4.5K 42
I don't wanna be right .
128K 13.2K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
593K 37.6K 75
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
23.7K 3.1K 23
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...