Love me more than you can say...

By empress152

169K 9.3K 94

Uni code: ကိုကို့ကို စချစ်ခဲ့သူက တိတိလေးပါ Wang Yibo မဟုတ်ဘူး ကိုကိုက စချစ်ခဲ့တာ တစ်ကယ်က ဘယ်အချိန်မှာစချစ်မှန... More

Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14 (Final)
Extra 🔞

Part 1

24.6K 903 9
By empress152

Unicode:

ရှောင်းကျန့်တို့အိမ်ဘေးကို မိသားစုတစ်စုပြောင်းလာသည် ငယ်ငယ်ထဲက တစ်ယောက်ထဲ အဖော်မရှိဘဲ တစ်ဦးတည်းသောသားဖြစ်ခဲ့တော့ အဖော်မက်သည် ရှောင်းကျန့်နဲ့ရွယ်တူကလေးလေးများပါလာမလား သွားချောင်းကြည့်သည်

Omg ကလေးလေးတစ်ယောက်တွေ့တယ် ရှောင်းကျန့်ထက် သုံးနှစ်လေးနှစ်လောက်ငယ်မည်ထင်သည် စုတ်လုံးလေးကိုစုတ်ပြီး ရှောင်းကျန့်ကိုကြည့်နေသည်

"ကိုကို'

အယ် ကလေးလေးကလှမ်းခေါ်လိုက်တာလား သူ့ကိုကြည့်နေလို့ ရှောင်းကျန့်အိမ်ဘက်ကို ပြေးထွက်လာသည် ချောင်းကြည့်နေတာလူမိသွားသည်(😁ကလေးမိသွားတာ)

ချစ်စရာလေး ကိုကိုခေါ်သံလေးနားထဲကပင်မထွက်

"ဒေါက် ဒေါက် ဒေါက်'

"သားရေ အိမ်ရှေ့တံခါးဖွင့်ပေးလိုက်ပါအုံး ဧည့်သည်ထင်တယ်'

"ဟုတ်မေမေ'

ဟာ ကလေးလေးနဲ့သူ့မေမေတို့ပါလား

"အမရေ ကျွန်မတို့ဟိုဘက်အိမ်ဘေးကိုပြောင်းလာတာပါ လာနှုတ်ဆက်ကြတာ'

"အော် ညီမရေ တွေ့ရတာဝမ်းသာပါတယ်'

"သားလေးရှိတာပဲ သားသားနာမည်ကဘယ်လိုခေါ်လဲ'

ရှောင်းကျန့်ကိုကြည့်ရင်းမေးသည်

"ရှောင်းကျန့်ပါ ဆယ်နှစ်ပါခဗျ'

"အမလေး လိမ္မာလိုက်တာ'

"သား ညီညီလေးနဲ့တူတူဆော့မယ်မလား'

"ဟုတ်ကဲ့အန်တီ....ရေး မေမေရေ သားမှာညီလေးဆစ်ယောက်ရှိသွားပြီ မေမေထပ်မွေးပေးနဲ့တော့'

"အခုမှပဲ မမွေးပေးနဲ့တော့တဲ့ ညီမရေ တစ်ချိန်လုံးညီလေးမွေးပေးပါ ကလေးလေးမွေးပေးပါပူဆာတာလေ တော်သေးတာပေါ့ သားလေးတစ်ယောက်ပိုရပြီ'

"ရိပေါ်လေးလည်းအတူတူပဲ အရမ်းအဖော်မက်တာ ဟိုကသူငယ်ချင်းတွေနဲ့ခွဲရလို့တဲ့ မျက်ရည်တွေနဲ့လိုက်လာတာ ဒီရောက်မှဘယ်လိုတိတ်သွားလဲမသိ မေမေရေ...ကိုကို ကိုကိုနဲ့ပြောနေတာ'

"ဟုတ်မှာ အစောကကျန့်ကျန့်လေးသွားချောင်းကြည့်နေတာသတိထားမိလိုက်တယ်'

"ဟာ မေမေကလည်း သားသားချောင်းပါဘူး'

"လာ ညီညီလေး ကိုကိုတို့ခြံထဲသွားဆော့ရအောင်' လက်လေးဆွဲပြီးခေါ်တော့

ကလေးလေးက ခေါင်းညိတ်ပြီး အနောက်ကပါလာသည်

"ညီညီလေး အသက်က ဘယ်လောက်လဲ'

လက်လေးလေးချောင်းထောင်ပြသည်

"လေးနှစ်လား'

"​ေခါင်းလေးညိတ်ပြသည်

"စကားပြောလေကွာ ကိုကိုနဲ့ဆော့မယ်ဆို စကားပြောနော်'

"ဟုတ်'

"အမလေး အခုမှပဲအသံထွက်လာတော့တယ်'

"နာမည်ကဘယ်လိုခေါ်တာလဲ'

"ဝမ်ရိပေါ်'

"တိတိလေးလို့ခေါ်မယ်'

"ဟုတ် ကိုကို'

"တူတူပုန်းတမ်းကစားရအောင် တိတိလေး ကိုကိုကပုန်းမယ် တိတိလေးက မျက်လုံးမှိတ်'
(ကလေးကိုညှက်ချနေသော မောင် ရှောင်းကျန့်ကြီးပါနော်)

ရှောင်းကျန့်ကျောင်းတက်ချိန်ဆို တိတိလေးက အိမ်မှာအမြဲငိုကျန်ခဲ့သည် သူ့မားမားက နေ့ခင်းထမင်းစားဆင်းချိန်ကိုလာတွေ့ရသေးသည်

ဝမ်ရိပေါ်လေးက ရှောင်းကျန့်ကိုခင်တွယ်လွန်းသလို ရှောင်းကျန့်ကလည်း ရိပေါ်လေးကိုခင်တွယ်လွန်းသည် တစ်ယောက်နှင့်တစ်ယောက် မျက်စိအောက်က အပျောက်မခံကြ

ရိပေါ်လေး ကျောင်းစတက်ချိန်မှာ ရှောင်းကျန့်က အားလုံးကြည့်ပေးရသည် တိတိလေးက ချေချေလေး သူငယ်ချင်းတွေနဲ့လည်းစကားမပြောအရမ်းအေးလွန်းသောကလေးတစ်ဦးဖြစ်သည်

ရှောင်းကျန့်အခန်းကိုအမြဲလာနေ၍ ရှောင်းကျန့်ရဲ့သူငယ်ချင်း ယွီပင်းနဲ့တော့ခင်သည် ကျန်သည့်သူငယ်ချင်းများကိုမူ အဖက်ပင်မလုပ်

ကလေးလေး တိတိလေး ခေါ်လည်း ခေါ်တဲ့သူသာမောသွားမယ် စကားပြန်မပြော ချစ်စရာဝတုတ်ကလေးမို့ လူတိုင်းကချစ်ကြသည်

အိမ်တွင်လည်း ဘာပြောပြောစကားနားမထောင်လျှင် မာမားက ကိုကိုနှင့်ကိုင်ပေါက်သည် ရှောင်းကျန့်နဲ့မဆော့ခိုင်းတော့ဘူး ရှောင်းကျန့်နဲ့တိုင်မှာနဲ့

တစ်နှစ်တစ်တန်းကြီးလာရင်း ရှောင်းကျန့်သည်လည်း ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်လာခဲ့သည်

ရှောင်းကျန့်Socialကျသည်မှာ မှန်ပေမဲ့ မိန်းကလေးတွေနှင့်အရောတဝင်မနေ အဲ့တော့သူတို့တွေက ရိပေါ်လေးကိုကပ်ကြသည်

တိတိလေးက လှည့်ပင်စကားမပြော

"အမလေးလေး ညီအကိုနှစ်ယောက်က လိုက်လည်းလိုက်တယ် အကိုရော ညီရော ချေစိန်တွေ'

ယွီပင်းကပြောလျှင် နှစ်ယောက်လုံးစူပုတ်စွာ လာကြည့်သည်

"တိတိအပြုံးက ကိုကိုပဲပိုင်တာ'

"ဘယ်လို...ဝမ်ရိပေါ်' ယွီပင်းမေးလိုက်သည်

"ကိုကို့အပြုံးလည်း တိတိလေးပဲပိုင်တာ နော် ကိုကိုနော်'

"ဟဟား ဟုတ်တယ်ဟုတ်တယ် တိတိလေး' ပခုံးလေးကိုဖက်ကာ ပြောလိုက်သည်

ရှောင်းကျန့် အသက်ဆယ့်ရှစ်နှစ်အရွယ် Universityတက်ရတော့မည်ဆိုတော့ တိတိလေးနှင့်ကျောင်းမတူတော့

မနက်ဆို တိတိလေးကို ကျောင်းအရင်လိုက်ပို့ပြီးမှ ရှောင်းကျန့်က ကျောင်းရဲ့ကားဂိတ်ကနေတက္ကသိုလ်သွားရသည်

A/N: ကလေးလေးနှစ်ယောက်ပုံတွေ့တော့ မနေနိုင်မထိုင်နိုင် ရေးမိပြန်ပြီ 😁

............................Zawgyi.............................



"ကိုကို'



"ဒေါက် ဒေါက် ဒေါက်'


"ဟုတ်မေမေ'







"အမလေး လိမ္မာလိုက်တာ'











"လေးနှစ်လား'

"​ခေါင်းလေးညိတ်ပြသည်


"ဟုတ်'



"ဝမ်ရိပေါ်'

"တိတိလေးလို့ခေါ်မယ်'

"ဟုတ် ကိုကို'




















Continue Reading

You'll Also Like

595K 31.5K 15
#wangxiao #wangyibo #xiaozhan Start-5.11.2019 End-15.12.2019
73.8K 3.6K 29
ချစ်​ရသူရဲ့ဂတိအတွက်​မြတ်နိုးရသူကို​ရှောက်​​စောင့်​ပါ​စေ Wang yi bo အလင်း​ရောင်​မရှိ​​တော့တဲ့​အချိန်​မှာ....​မောင်​...ဆိုတဲ့အလင...
375K 7.7K 32
အထန်ကောင်လေးနဲ့ အရမ်းအလို လိုက်တဲ့ daddyကြီးကို မြင်ရမဲ့ ficလေးပါ ‌အမှောင် ficပါ 25+လို့ပြောလို့ရပါတယ် ခလေးတွေ မဖက်ရဲ့ရင် ဝင်မဖတ်ပါနဲ့ (အထန်ကောင်လေး...
108K 18.5K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...