ကိုယ့္ရဲ႕ ေႂကြ႐ုပ္

Par jasmine1331992

929K 63.3K 4.4K

ငယ္ကတည္းက လိုခ်င္တာမရရေအာင္ ယူတတ္သူ မင္းဓန မိဘေတြဆံုးၿပီးတဲ့ေနာက္ သနားစရာ သ်ွင္မင္းဆက္ကို ေမြးစားလိုက္တယ္ မင... Plus

💗 1 💗
💗 2 💗
💗 3 💗
💗 4 💗
💗 5 💗
💗 6 💗
Not Update
💗 8 💗
💗 9 💗
💗 10 💗
💗 11 💗
💗 12 💗
💗 13 💗
💗 14 💗
💗 15 💗
💗 16 💗
💗 17 💗
💗 18 💗
💗 19 💗
💗 20 💗
💗 21 💗
💗 22 💗
💗 23 💗
💗 24 💗
❤❤❤
💗 25 💗
💗 26 💗
💗 27 💗
💗 28 💗
💗 29 💗
💗 30 💗
💗 31 💗
💗 32 💗
💗 33 💗
💗 34 💗
💗 35 💗
💗 36 💗
💗 37 💗
💗 38 💗
💗 39 💗
💗 40 💗
💗 41 💗
💗 42 💗
💗 43 💗
Final ❤
ေက်းဇူးတင္လႊာ ဖတ္ေပးပါဗ် ❤
❤❤

💗 7 💗

21.6K 1.6K 78
Par jasmine1331992

ကြၽန္ေတာ့္မွာ မနက္တိုင္း အလုပ္သြား ေနရၿပီဆိုေတာ့ ေစာေစာထတယ္ ၈နာရီေလာက္ ေပါ့ ဟဲဟဲ  ၊ ၿပီးေတာ့ ေရခ်ိဴး breakfast စား ၊ ၿပီးရင္အလုပ္သြား ေန႔လည္ပိုင္းဆို japanese course ေလးေျပးတက္လိုက္နဲ႔ ညေန ၅နာရီေလာက္မွ အိမ္ျပန္ေရာက္တာ ၊ ေရာက္ၿပီဆိုရင္ ကိုႀကီးကို ဘာေတြသင္ခဲ့ လုပ္ခဲ့
အကုန္ျပန္ေျပာျပရတယ္

ခုဆိုရင္ တစ္ပတ္ပဲ႐ွိေသးတယ္ ကြၽန္ေတာ့္ဆိုင္ေလးက နာမည္ရလာၿပီ ၊
Line ေတြေပၚမွာလည္း recommend ေတြလည္းေပးခံရတယ္ ၊ ဆိုင္ေလးက သာယာေၾကာင္း လွပေၾကာင္း ၊ service လည္းေကာင္းေၾကာင္း ၊ ၿပီးေတာ့ ဆိုင္႐ွင္ေလးက အရမ္းေခ်ာေၾကာင္း စသည္ျဖင့္ေပါ့ေနာ္ ကြၽန္ေတာ့္ဆိုင္ေလးကို pointing လုပ္လာၾကတယ္

ဒီေန႔က order မွာထားတာေတြ႐ွိလို႔ ေစာေစာထ ေရခ်ိဴးၿပီး breakfast စားဖို႔လာခဲ့သည္
ဧည့္ခန္းထဲမွာ ကိုႀကီးလည္း ႐ွိေသးတာပဲ

"ကိုႀကီး အလုပ္မသြားေသးဘူးလား "

"သြားေတာ့မွာ ငယ္ေရာ ဒီေန႔ေစာတယ္ "

"ဟုတ္ order မွာထားတာေတြ႐ွိလို႔
ဒီေန႔ေစာေစာသြားရမွာ "

"အင္း ကိုယ္တိုင္အရမ္းအပင္ပန္းမခံနဲ႔ဦး
ကိုႀကီးပို႔ေပးထားတဲ့ သူႏွစ္ေယာက္ေရာ ဘယ္လိုလဲ "

"အဆင္ေျပတယ္ ကိုႀကီး
အဲအကို နဲ႔ အမ က ကြၽမ္းေနၿပီ "

"ဟုတ္ပါၿပီ ဒါနဲ႔ငယ္ ခုထိ ဆိုင္ကယ္နဲ႔သြားေနတုန္းလား အသားေတြေနေလာင္ေတာ့မွာပဲ ငယ္
ဦးေဇာ္ကို ပို႔ခိုင္းဆိုေတာ့လည္း မဟုတ္
ုကားကိုယ္တိုင္ေမာင္းဖို႔ သင္ေပးမယ္ ဆိုေတာ့လည္း မလုပ္ခ်င္ျပန္ဘူး "

"ရတယ္ ကိုႀကီး
ဆိုင္ကယ္နဲ႔က လြတ္လပ္လို႔ ကိုႀကီး "

"ဟုတ္ပါၿပီ ငယ့္သေဘာပါ "

"ဟုတ္ ကိုႀကီး ကြၽန္ေတာ္သြားၿပီေနာ္ "

"အင္း ဂ႐ုစိုက္ေနာ္ ငယ္ "

"ဟုတ္ "

ေန႔တိုင္းလိုက္ပို႔ လိုက္ႀကိဳခ်င္ပါသည္
ဒီျဖဴျဖဴႏုႏုေလးကို စိတ္ကမခ်
အလုပ္ေတြကလည္း ပစ္ထားလို႔မရ
ခါတိုင္းလိုဆိုေတာ္ေသး အခု အဲဒီ silver construction ေၾကာင့္ စိတ္မခ်ရ
ေန႔ခ်င္းညခ်င္း improve ျဖစ္လာတယ္

"မင္းမင္း "

"ဟုတ္ CEO "

"Silver construction ကဘာထူးေသးလည္း "

"ထူးျခားတာေတာ့ မ႐ွိဘူး CEO
ဒါေပမယ့္ တိုးတက္မႈႏႈန္းက သိသာလာပါတယ္ "

"အင္း အဲဒီရဲ႕ CEO ေနာက္ေၾကာင္း သိခ်င္တယ္"

"ဟုတ္ သူက foreign မွာအေျခခ်လာတာ
ခုမွ ျပန္လာတယ္ ေျပာတယ္ ၊ ၿပီးေတာ့ အရမ္းေတာ္တယ္တဲ့ ၊ သူလုပ္တဲ့ လုပ္ငန္းမွန္သမ်ွ
က်႐ွံုးတယ္ဆိုတာ မ႐ွိဘူးတဲ့ ၊ ငယ္ငယ္ရြယ္ရြယ္နဲ႔ ဘြဲ႔ေတြလည္း အမ်ားႀကီးရထားတာတဲ့ "

"အင္းေပါ့ ဒါေၾကာင့္လည္း share ဝင္တာကိုလက္မခံတာ ေနမွာေပါ့
မာနက ႀကီးသားပဲ "

"ၿပီးေတာ့ သူ႔မွာအရမ္းလွတဲ့ သတိုးသမီးေလာင္း
လည္း႐ွိတယ္တဲ့ "

"အဲဒါ လုပ္ငန္းနဲ႔ ဘာဆိုင္လို႔ ထည့္ေျပာေနတာတုန္း သူ႔မွာ သတိုးသမီးေလာင္းပဲ႐ွိ႐ွိ မိန္းမပဲ ႐ွိ႐ွိေပါ့ "

မဟုတ္ရင္ ငါ့ကိုပဲ ေလွာင္ေနသလိုလို

"ကြၽန္ေတာ္ေျပာခ်င္တာက သူက
သူ႔ရဲ့ သတိုးသမီးေလာင္းကို စကားအပိုအလိုမေျပာဘူးတဲ့ "

"....."

"ေျပာခ်င္တာက သူ႔က foreign မွာေနတုန္းက
Gay လို႔ rumor ႐ွိခဲ့တယ္တဲ့ "

"Gay ??"

"ဟုတ္ ေသေတာ့မေသခ်ာဘူး rumor သက္သက္ပါ "

"မင္းေသခ်ာတာ ဘာမွမ႐ွိဘူး "

"ဟုတ္ ေတာင္းပန္ပါတယ္ "

"ထားေတာ့ အဆက္မျပက္ ေစာင့္ၾကည့္ထား "

"ဟုတ္ "

"ၿပီးေတာ့ ဒီေန႔ဘယ္သူနဲ႔ ေတြ႔ဖို႔႐ွိလည္း "

"ဟုတ္ Mrs Laura နဲ႔ပါ "

"Ok VIP မလို႔ ေသခ်ာျပင္ဆင္ထား "

"ဟုတ္ "

"သြားမယ္ ေနာက္က်ေနၿပီ "

"ဟုတ္ CEO "

အလုပ္မသြားခင္ ငယ့္ဆီခဏသြားမလို႔ပဲ
ဒါေပမယ့္ အေရးႀကီးတဲ့ case ႐ွိတာေၾကာင့္
Construction ကိုသာဦးတည္ခဲ့သည္ ။

💕💕💕💕💕

At silver construction,

လုပ္ငန္းက တျဖည္းျဖည္း တိုးတက္လာေတာ့
အလုပ္က ပိုပို႐ႈပ္လာသည္

တီတီတီ

အေရးထဲ ဖုန္းကလာေနေသး

"ဟဲလို "

"အဓိ ဒီေန႔အားလား "

"မအားဘူး ကဗ်ာ "

"နင္ကေတာ့ လုပ္ၿပီ "

"တကယ္မအားတာ ဒီေန႔အေရးႀကီးလို႔ "

"....."

"နင္က ဘာလုပ္ခ်င္လို႔လဲ "

"အဲဆိုမနက္ျဖန္ေရာ အားလား"

"မသိေသးဘူး "

"ေတာ္ၿပီဟာ ဘာမွမဟုတ္ေတာ့ဘူး မအားလည္းေန "

"ဟုတ္ၿပီ ဟုတ္ၿပီ မနက္ျဖန္ရတယ္ "

"ၿပီးေရာ လာရမယ့္ေနရာက္ုိ message ပို႔လိုက္မယ္ ဒါပဲ မနက္ျဖန္ ok ေနာ္ "

ဟူး ဒီတစ္ေယာက္နဲ႔လည္း စိတ္ေလတယ္

ေဒါက္ ေဒါက္

"ဝင္ခဲ့ "

"Boss အခ်ိန္က်ပါၿပီ "

"Ok သြားမယ္ "

"ဟုတ္ "

💕💕💕💕💕

At Cool Cafe,

သြားပါၿပီ သင္တန္းအတြက္ စာအုပ္ေမ့ခဲ့တယ္
ေသေသခ်ာခ်ာ ထည့္ထားတာကို
မနက္က ေလာေလာနဲ႔ ေမ့ခဲ့တာထင္တယ္

"အကို နဲ႔ အမ ကြၽန္ေတာ္သြားေတာ့မယ္ "

"သင္တန္းက ေစာေသးတယ္မလား "

"ဟုတ္ စာအုပ္ေမ့ခဲ့လို႔ အိမ္ျပန္ယူရဦးမွာမလို႔ "

"Aww ေအးေအး ေျဖးေျဖးေမာင္းေနာ္ "

"ဟုတ္ "

At Mansion (စံအိမ္)💕💕

ျခံဝန္းထဲဝင္ေတာ့ ကိုႀကီးကားကို ေတြ႔ပါသည္
ဘာလို႔ ျပန္လာတာပါလိ္မ့္

ဝုန္း ခ်လြမ္း ခြမ္း

စံအိမ္ထဲက ပစၥည္းကြဲသံေတြ ၾကားေနရသည္
စိတ္ပူပူနဲ႔ အျမန္ဝင္သြားမိသည္
ဦးေလးျကီး ႀကီးႏု ကိုမင္း အေနာက္နားေလးမွာ က်ံဳ႕က်ံဳ႕ေလး ရပ္ေနသည္ ၊ ကိုႀကီးကေတာ့
ေဒါသအရမ္းထြက္ေနပံု ၊ ကြၽန္ေတာ္လည္း ႀကီးႏုတို႔နား သြားလိုက္သည္

"ေတာက္!
ရာဇဝင္႐ိုင္းတယ္ကြာ
ေနာက္မွေပါက္တဲ့ အပင္ကမ်ား "

ဝုန္း ခ်လြမ္း ခြမ္း
ကိုႀကီး ခြဲသမ်ွကိုလည္း ဘယ္သူမွဝင္မတားရဲ
ကြၽန္ေတာ္လည္း မတားရဲဘူး

"ကိုမင္း ကိုႀကီးဘာျဖစ္တာလဲဟင္
တစ္ခါမွ အဲေလာက္ စိတ္မတိုဖူးဘူး "

"လုပ္ငန္းမွာ ျပႆနာ နည္းနည္း႐ွိလို႔ "

"ဦးေလးႀကီး ႀကီးႏု ဘာျပႆနာလည္းဟင္
သိလား "

"မသိပါဘူး သားငယ္ရယ္
ျပန္လာကတည္းက အကုန္႐ိုက္ခြဲေနတာပဲ
ဒါနဲ႔ သားငယ္က ဘာလို႔ျပန္လာတာလဲ "

"စာအုပ္ေမ့ခဲ့လို႔ ျပန္လာယူတာ ႀကီးႏု "

"ဟုတ္လား အင္း သြားယူေလ
ၿပီးရင္ သင္တန္းသြားေတာ့ "

"မသြားေတာ့ဘူး ႀကီးႏု
ဒီေန႔နားေတာ့မယ္ "

ေတာက္!!!

ကိုႀကီးကေတာ့ စိတ္တိုတိုနဲ႔ အေပၚထပ္တက္သြားသည္
ဘယ္သူမွလည္း လိုက္မသြားရဲ
ကိုႀကီး အေပၚေရာက္သြားမွ အသက္ဝဝ႐ွဴရဲေတာ့သည္

"အမေလး က်ဳပ္အသက္ထြက္ေတာ့မယ္
ဘာျဖစ္လာတာလဲ မင္းမင္း "

"ဘာျဖစ္ရမွာလဲ ေဒၚႀကီးရယ္
တျခားလုပ္ငန္းက investment ရသြားလို႔
ခုဟာက နည္းနည္းလည္း အေရးႀကီးေတာ့
CEO ပိုစိတ္တိုသြားတာ "

"ဒီကေလးနဲ႔ေတာ့ ခက္တယ္ကြယ္
လုပ္ငန္းႀကီးလုပ္တာပဲ အက်ိဳးအျမတ္႐ွိသလို
အက်အ႐ွံုးလည္း ႐ွိမွာ​ေပါ့ "

"ခုနက ကိုႀကီးေ႐ွ႕မွာ ေျပာပါလား ႀကီးႏုရဲ႕ "

"အမေလး မေျပာရဲလို႔ေပါ့ သ်ွင္မင္းဆက္ရဲ႕
ကိုယ့္အလုပ္ကိုယ္ပဲ လုပ္တာေကာင္းတယ္ "

"....."

"သ်ွင္မင္းဆက္ "

"ဟုတ္ ကိုမင္း "

"သြား CEO ဆီသြား "

"ဟမ္ ဘာသြားလုပ္ရမွာလည္း ကိုမင္းကလည္း
မသြားရဲဘူး "

"စိတ္ေျပေအာင္ စကားေလးဘာေလး သြားေျပာ
မင္းေျပာရင္ CEO ရမွာပါ သြား "

"ဟုတ္သား ကေလးငယ္
ဦးေလးႀကီးလည္း သြားေစခ်င္တယ္ "

"ဟာ မသြားဘူး မသြားဘူး ကြၽန္ေတာ္ေၾကာက္တယ္ ဒီတစ္ခါ ကိုႀကီးအရမ္းစိတ္တိုေနတာ မသြားဘူး "

"ခါတိုင္း စိတ္အရမ္းမတိုလည္း သြားရဲတာက်လို႔"

"ကိုမင္းေရာ ဘာထူးလို႔လဲ "

"ဘယ္တူမလဲ မင္းကသူ႔ရဲ႕ ညီေလ "

"ကဲကဲ ေတာ္ေတာ့ ဘယ္သူမွမသြားနဲ႔ေတာ့
သူခဏေန စိတ္ေျပလာမွာပါ "

ဒီလိုနဲ႔ အကုန္လံုးကိုယ့္အလုပ္ကို ျပန္လုပ္ေတာ့
ကြၽန္ေတာ္လည္း အခန္းထဲမွာ စာၾကည့္ေနလိုက္တယ္ ၊ ညေနေစာင္းေရာက္တဲ့ အထိ ကိုႀကီးအခန္းထဲက ထြက္မလာဘူး
ဘယ္လိုလုပ္ရမလဲ သြားၾကည့္လိုက္ရမလား
ခုေလာက္ဆို စိတ္ေျပေလာက္ပါၿပီ

ေဒါက္ ေဒါက္

"ကိုႀကီး သ်ွင္မင္းပါ "

အထဲက တံု႔ျပန္သံကို နားစြံ႔ ၾကည့္သည္ ။

"ဝင္ခဲ့ ေလာ့မခ်ထားဘူး "

ေတာ္ေသးတာေပါ့ ဟူး
အခန္းထဲမွာလည္း စာရြက္စာတမ္းေတြ ျဖဲထားေသးသည္

"ဘာလဲ ငယ္ "

"ထမင္းစားရေအာင္ေလ ကိုႀကီး "

"ကိုႀကီး မဆာဘူး
ငယ္ပဲ စားေတာ့ "

"ေန႔လည္ကလည္း မစားျဖစ္ဘူးမလား
ညစာေလးေတာ့ စားလိုက္ပါ ကိုႀကီးရယ္
ကိုႀကီးမဆာေသးရင္ ေစာင့္မယ္
ကိုႀကီးဆာမွ အတူတူစားမယ္ "

"မေစာင့္နဲ႔ ငယ္ေနာက္က်မွာစိုးလို႔ "

"ရတယ္ ကြၽန္ေတာ္ ေစာင့္ႏိုင္တယ္
ဒါေပမယ့္ ကိုႀကီးကြၽန္ေတာ့္ကို ေနာက္မက်ေစခ်င္ရင္ အခု ကြၽန္ေတာ္နဲ႔အတူတူ စားေပး "

"....."

"ကိုႀကီးမဆာေသးရင္လည္း  ကိုႀကီးစားတဲ့အခ်ိန္မွ ကြၽန္ေတာ့္ကို လာေခၚေနာ္ "

"ခဏ အခုစားမယ္ ငယ္
ငယ္ေနာက္က်ရင္ ဆာေနမွာစိုးလို႔ "

"ဟုတ္ ကိုႀကီး
ထမင္းပြဲျပင္ၿပီး ေစာင့္ေနမယ္ေနာ္ "

"အင္း "

ကိုႀကီးေရခ်ိဳးခန္းထဲ ဝင္သြားေတာ့
ကိုႀကီးျဖဲထားတဲ့ စာရြက္ေတြ လိုက္ေကာက္ကာ
႐ွင္းလိုက္သည္ ၊ စားပြဲေပၚက စာအုပ္ေတြေရာ
ေသေသခ်ာခ်ာ စီေပးေနစဥ္ ဖြင့္ထားေသာ Laptop ထဲမွ ေပၚေနေသာ လူတစ္ေယာက္ကို
ခဏတာ ေငးၾကည့္မိသည္ ၊ ပံုထဲမွာေတာင္
ညိဳ႕လြန္းတဲ့ သူ႔မ်က္ဝန္းေတြ တင္းတင္းေစ့ထားတဲ့ သူ႔ႏႈတ္ခမ္း

ဘယ္သူပါလိမ့္ ကိုႀကီးေျပာေျပာေနတဲ့ သူလား
ကိုႀကီး investment ေတြရသြားတဲ့သူလား
ကိုႀကီး share ဝင္တာကို ျငင္းတဲ့သူလား
ကိုမင္းကို ေမးဖို႔ ဓာတ္ပံု႐ိုက္လိုက္သည္

💕💕💕💕💕

Next morning at Cafe,

မေန႔က ကိုႀကီး ကြၽန္ေတာ္နဲ႔ ထမင္းအတူစားပါသည္ ၊ စိတ္ေတာ့ ေျပသြားၿပီျဖစ္ေပမယ့္ သူ႔ကိုေတာ့ ေက်နပ္မည့္ပံုမေပၚ ၊ မေန႔က ႐ိုက္ထားတဲ့ပံု ကိုမင္းကို ျပၾကည့္ေတာ့ ဟုတ္ပါသည္
ကိုႀကီး ေဒါသျဖစ္ရတဲ့အေၾကာင္းအရင္း လူသား
စဥ္းစားလို႔မရဘူး ကိုႀကီးလိုလူ share ဝင္တာကိုျငင္းတာတဲ့ အဲဒီလူ ႐ူးမ်ား႐ူးေနလား
ကိုႀကီးကို တစ္ခုခုကူညိီႏိုင္ရင္ ေကာင္းမွာပဲ
အဲဒီလူကို အျပင္မွာ တစ္ခါေလာက္ေတြ႔ရင္ ဘာေၾကာင့္လဲဆိုတာ ေအာ္ေမးလိုက္ခ်င္မိ
Share ဝင္ခ်င္တာကို လက္ခံစမ္း လက္ခံစမ္း လို႔ ေျပာပလိုက္မယ္

"သ်ွင္မင္းဆက္ေရ မၿပီးေသးဘူးလား
Customer ေတြလာၿပီေနာ္ အဝတ္အစား လဲတာ
အဲေလာက္ၾကာလား အိပ္မ်ားေပ်ာ္ေနလား "

"ၿပီးေတာ့မွာ မမေရ "

"Wow ဘယ္ဆိုးလို႔လဲ ငါတ္ို႔ဆိုင္ကို သူေဌးေတြလည္း လာတယ္ဟ "

"ဘာလို႔လဲ မမ "

"အခုပဲ မာစီးဒီး ကားအနက္ေရာင္ႀကီး ဆိုင္ေ႐ွ႕မွာ ရပ္ေနၿပီ "

"ဟုတ္လား မမ သြားေမးထားလိုက္ေနာ္ ဧည့္သည္ကို ကြၽန္ေတာ္ၿပီးေတာ့မွာ"

"အထဲကေန ေအာ္မေနနဲ႔ ဆိုင္လာတဲ့သူေတြ လန္႔ကုန္မယ္ ျမန္ျမန္သာထြက္ခဲ့ပါ ေပါက္စ "

"ဟုတ္ "

💕💕💕💕💕

Unicode

ကျွန်တော့်မှာ မနက်တိုင်း အလုပ်သွား နေရပြီဆိုတော့ စောစောထတယ် ၈နာရီလောက် ပေါ့ ဟဲဟဲ  ၊ ပြီးတော့ ရေချိူး breakfast စား ၊ ပြီးရင်အလုပ်သွား နေ့လည်ပိုင်းဆို japanese course လေးပြေးတက်လိုက်နဲ့ ညနေ ၅နာရီလောက်မှ အိမ်ပြန်ရောက်တာ ၊ ရောက်ပြီဆိုရင် ကိုကြီးကို ဘာတွေသင်ခဲ့ လုပ်ခဲ့
အကုန်ပြန်ပြောပြရတယ်

ခုဆိုရင် တစ်ပတ်ပဲရှိသေးတယ် ကျွန်တော့်ဆိုင်လေးက နာမည်ရလာပြီ ၊
Line တွေပေါ်မှာလည်း recommend တွေလည်းပေးခံရတယ် ၊ ဆိုင်လေးက သာယာကြောင်း လှပကြောင်း ၊ service လည်းကောင်းကြောင်း ၊ ပြီးတော့ ဆိုင်ရှင်လေးက အရမ်းချောကြောင်း စသည်ဖြင့်ပေါ့နော် ကျွန်တော့်ဆိုင်လေးကို pointing လုပ်လာကြတယ်

ဒီနေ့က order မှာထားတာတွေရှိလို့ စောစောထ ရေချိူးပြီး breakfast စားဖို့လာခဲ့သည်
ဧည့်ခန်းထဲမှာ ကိုကြီးလည်း ရှိသေးတာပဲ

"ကိုကြီး အလုပ်မသွားသေးဘူးလား "

"သွားတော့မှာ ငယ်ရော ဒီနေ့စောတယ် "

"ဟုတ် order မှာထားတာတွေရှိလို့
ဒီနေ့စောစောသွားရမှာ "

"အင်း ကိုယ်တိုင်အရမ်းအပင်ပန်းမခံနဲ့ဦး
ကိုကြီးပို့ပေးထားတဲ့ သူနှစ်ယောက်ရော ဘယ်လိုလဲ "

"အဆင်ပြေတယ် ကိုကြီး
အဲအကို နဲ့ အမ က ကျွမ်းနေပြီ "

"ဟုတ်ပါပြီ ဒါနဲ့ငယ် ခုထိ ဆိုင်ကယ်နဲ့သွားနေတုန်းလား အသားတွေနေလောင်တော့မှာပဲ ငယ်
ဦးဇော်ကို ပို့ခိုင်းဆိုတော့လည်း မဟုတ်
ုကားကိုယ်တိုင်မောင်းဖို့ သင်ပေးမယ် ဆိုတော့လည်း မလုပ်ချင်ပြန်ဘူး "

"ရတယ် ကိုကြီး
ဆိုင်ကယ်နဲ့က လွတ်လပ်လို့ ကိုကြီး "

"ဟုတ်ပါပြီ ငယ့်သဘောပါ "

"ဟုတ် ကိုကြီး ကျွန်တော်သွားပြီနော် "

"အင်း ဂရုစိုက်နော် ငယ် "

"ဟုတ် "

နေ့တိုင်းလိုက်ပို့ လိုက်ကြိုချင်ပါသည်
ဒီဖြူဖြူနုနုလေးကို စိတ်ကမချ
အလုပ်တွေကလည်း ပစ်ထားလို့မရ
ခါတိုင်းလိုဆိုတော်သေး အခု အဲဒီ silver construction ကြောင့် စိတ်မချရ
နေ့ချင်းညချင်း improve ဖြစ်လာတယ်

"မင်းမင်း "

"ဟုတ် CEO "

"Silver construction ကဘာထူးသေးလည်း "

"ထူးခြားတာတော့ မရှိဘူး CEO
ဒါပေမယ့် တိုးတက်မှုနှုန်းက သိသာလာပါတယ် "

"အင်း အဲဒီရဲ့ CEO နောက်ကြောင်း သိချင်တယ်"

"ဟုတ် သူက foreign မှာအခြေချလာတာ
ခုမှ ပြန်လာတယ် ပြောတယ် ၊ ပြီးတော့ အရမ်းတော်တယ်တဲ့ ၊ သူလုပ်တဲ့ လုပ်ငန်းမှန်သမျှ
ကျရှုံးတယ်ဆိုတာ မရှိဘူးတဲ့ ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘွဲ့တွေလည်း အများကြီးရထားတာတဲ့ "

"အင်းပေါ့ ဒါကြောင့်လည်း share ဝင်တာကိုလက်မခံတာ နေမှာပေါ့
မာနက ကြီးသားပဲ "

"ပြီးတော့ သူ့မှာအရမ်းလှတဲ့ သတိုးသမီးလောင်း
လည်းရှိတယ်တဲ့ "

"အဲဒါ လုပ်ငန်းနဲ့ ဘာဆိုင်လို့ ထည့်ပြောနေတာတုန်း သူ့မှာ သတိုးသမီးလောင်းပဲရှိရှိ မိန်းမပဲ ရှိရှိပေါ့ "

မဟုတ်ရင် ငါ့ကိုပဲ လှောင်နေသလိုလို

"ကျွန်တော်ပြောချင်တာက သူက
သူ့ရဲ့ သတိုးသမီးလောင်းကို စကားအပိုအလိုမပြောဘူးတဲ့ "

"....."

"ပြောချင်တာက သူ့က foreign မှာနေတုန်းက
Gay လို့ rumor ရှိခဲ့တယ်တဲ့ "

"Gay ??"

"ဟုတ် သေတော့မသေချာဘူး rumor သက်သက်ပါ "

"မင်းသေချာတာ ဘာမှမရှိဘူး "

"ဟုတ် တောင်းပန်ပါတယ် "

"ထားတော့ အဆက်မပြက် စောင့်ကြည့်ထား "

"ဟုတ် "

"ပြီးတော့ ဒီနေ့ဘယ်သူနဲ့ တွေ့ဖို့ရှိလည်း "

"ဟုတ် Mrs Laura နဲ့ပါ "

"Ok VIP မလို့ သေချာပြင်ဆင်ထား "

"ဟုတ် "

"သွားမယ် နောက်ကျနေပြီ "

"ဟုတ် CEO "

အလုပ်မသွားခင် ငယ့်ဆီခဏသွားမလို့ပဲ
ဒါပေမယ့် အရေးကြီးတဲ့ case ရှိတာကြောင့်
Construction ကိုသာဦးတည်ခဲ့သည် ။

💕💕💕💕💕

At silver construction,

လုပ်ငန်းက တဖြည်းဖြည်း တိုးတက်လာတော့
အလုပ်က ပိုပိုရှုပ်လာသည်

တီတီတီ

အရေးထဲ ဖုန်းကလာနေသေး

"ဟဲလို "

"အဓိ ဒီနေ့အားလား "

"မအားဘူး ကဗျာ "

"နင်ကတော့ လုပ်ပြီ "

"တကယ်မအားတာ ဒီနေ့အရေးကြီးလို့ "

"....."

"နင်က ဘာလုပ်ချင်လို့လဲ "

"အဲဆိုမနက်ဖြန်ရော အားလား"

"မသိသေးဘူး "

"တော်ပြီဟာ ဘာမှမဟုတ်တော့ဘူး မအားလည်းနေ "

"ဟုတ်ပြီ ဟုတ်ပြီ မနက်ဖြန်ရတယ် "

"ပြီးရော လာရမယ့်နေရာက်ို message ပို့လိုက်မယ် ဒါပဲ မနက်ဖြန် ok နော် "

ဟူး ဒီတစ်ယောက်နဲ့လည်း စိတ်လေတယ်

ဒေါက် ဒေါက်

"ဝင်ခဲ့ "

"Boss အချိန်ကျပါပြီ "

"Ok သွားမယ် "

"ဟုတ် "

💕💕💕💕💕

At Cool Cafe,

သွားပါပြီ သင်တန်းအတွက် စာအုပ်မေ့ခဲ့တယ်
သေသေချာချာ ထည့်ထားတာကို
မနက်က လောလောနဲ့ မေ့ခဲ့တာထင်တယ်

"အကို နဲ့ အမ ကျွန်တော်သွားတော့မယ် "

"သင်တန်းက စောသေးတယ်မလား "

"ဟုတ် စာအုပ်မေ့ခဲ့လို့ အိမ်ပြန်ယူရဦးမှာမလို့ "

"Aww အေးအေး ဖြေးဖြေးမောင်းနော် "

"ဟုတ် "

At Mansion (စံအိမ်)💕💕

ခြံဝန်းထဲဝင်တော့ ကိုကြီးကားကို တွေ့ပါသည်
ဘာလို့ ပြန်လာတာပါလိ်မ့်

ဝုန်း ချလွမ်း ခွမ်း

စံအိမ်ထဲက ပစ္စည်းကွဲသံတွေ ကြားနေရသည်
စိတ်ပူပူနဲ့ အမြန်ဝင်သွားမိသည်
ဦးလေးကြီး ကြီးနု ကိုမင်း အနောက်နားလေးမှာ ကျုံ့ကျုံ့လေး ရပ်နေသည် ၊ ကိုကြီးကတော့
ဒေါသအရမ်းထွက်နေပုံ ၊ ကျွန်တော်လည်း ကြီးနုတို့နား သွားလိုက်သည်

"တောက်!
ရာဇဝင်ရိုင်းတယ်ကွာ
နောက်မှပေါက်တဲ့ အပင်ကများ "

ဝုန်း ချလွမ်း ခွမ်း
ကိုကြီး ခွဲသမျှကိုလည်း ဘယ်သူမှဝင်မတားရဲ
ကျွန်တော်လည်း မတားရဲဘူး

"ကိုမင်း ကိုကြီးဘာဖြစ်တာလဲဟင်
တစ်ခါမှ အဲလောက် စိတ်မတိုဖူးဘူး "

"လုပ်ငန်းမှာ ပြဿနာ နည်းနည်းရှိလို့ "

"ဦးလေးကြီး ကြီးနု ဘာပြဿနာလည်းဟင်
သိလား "

"မသိပါဘူး သားငယ်ရယ်
ပြန်လာကတည်းက အကုန်ရိုက်ခွဲနေတာပဲ
ဒါနဲ့ သားငယ်က ဘာလို့ပြန်လာတာလဲ "

"စာအုပ်မေ့ခဲ့လို့ ပြန်လာယူတာ ကြီးနု "

"ဟုတ်လား အင်း သွားယူလေ
ပြီးရင် သင်တန်းသွားတော့ "

"မသွားတော့ဘူး ကြီးနု
ဒီနေ့နားတော့မယ် "

တောက်!!!

ကိုကြီးကတော့ စိတ်တိုတိုနဲ့ အပေါ်ထပ်တက်သွားသည်
ဘယ်သူမှလည်း လိုက်မသွားရဲ
ကိုကြီး အပေါ်ရောက်သွားမှ အသက်ဝဝရှူရဲတော့သည်

"အမလေး ကျုပ်အသက်ထွက်တော့မယ်
ဘာဖြစ်လာတာလဲ မင်းမင်း "

"ဘာဖြစ်ရမှာလဲ ဒေါ်ကြီးရယ်
တခြားလုပ်ငန်းက investment ရသွားလို့
ခုဟာက နည်းနည်းလည်း အရေးကြီးတော့
CEO ပိုစိတ်တိုသွားတာ "

"ဒီကလေးနဲ့တော့ ခက်တယ်ကွယ်
လုပ်ငန်းကြီးလုပ်တာပဲ အကျိုးအမြတ်ရှိသလို
အကျအရှုံးလည်း ရှိမှာ​ပေါ့ "

"ခုနက ကိုကြီးရှေ့မှာ ပြောပါလား ကြီးနုရဲ့ "

"အမလေး မပြောရဲလို့ပေါ့ သျှင်မင်းဆက်ရဲ့
ကိုယ့်အလုပ်ကိုယ်ပဲ လုပ်တာကောင်းတယ် "

"....."

"သျှင်မင်းဆက် "

"ဟုတ် ကိုမင်း "

"သွား CEO ဆီသွား "

"ဟမ် ဘာသွားလုပ်ရမှာလည်း ကိုမင်းကလည်း
မသွားရဲဘူး "

"စိတ်ပြေအောင် စကားလေးဘာလေး သွားပြော
မင်းပြောရင် CEO ရမှာပါ သွား "

"ဟုတ်သား ကလေးငယ်
ဦးလေးကြီးလည်း သွားစေချင်တယ် "

"ဟာ မသွားဘူး မသွားဘူး ကျွန်တော်ကြောက်တယ် ဒီတစ်ခါ ကိုကြီးအရမ်းစိတ်တိုနေတာ မသွားဘူး "

"ခါတိုင်း စိတ်အရမ်းမတိုလည်း သွားရဲတာကျလို့"

"ကိုမင်းရော ဘာထူးလို့လဲ "

"ဘယ်တူမလဲ မင်းကသူ့ရဲ့ ညီလေ "

"ကဲကဲ တော်တော့ ဘယ်သူမှမသွားနဲ့တော့
သူခဏနေ စိတ်ပြေလာမှာပါ "

ဒီလိုနဲ့ အကုန်လုံးကိုယ့်အလုပ်ကို ပြန်လုပ်တော့
ကျွန်တော်လည်း အခန်းထဲမှာ စာကြည့်နေလိုက်တယ် ၊ ညနေစောင်းရောက်တဲ့ အထိ ကိုကြီးအခန်းထဲက ထွက်မလာဘူး
ဘယ်လိုလုပ်ရမလဲ သွားကြည့်လိုက်ရမလား
ခုလောက်ဆို စိတ်ပြေလောက်ပါပြီ

ဒေါက် ဒေါက်

"ကိုကြီး သျှင်မင်းပါ "

အထဲက တုံ့ပြန်သံကို နားစွံ့ ကြည့်သည် ။

"ဝင်ခဲ့ လော့မချထားဘူး "

တော်သေးတာပေါ့ ဟူး
အခန်းထဲမှာလည်း စာရွက်စာတမ်းတွေ ဖြဲထားသေးသည်

"ဘာလဲ ငယ် "

"ထမင်းစားရအောင်လေ ကိုကြီး "

"ကိုကြီး မဆာဘူး
ငယ်ပဲ စားတော့ "

"နေ့လည်ကလည်း မစားဖြစ်ဘူးမလား
ညစာလေးတော့ စားလိုက်ပါ ကိုကြီးရယ်
ကိုကြီးမဆာသေးရင် စောင့်မယ်
ကိုကြီးဆာမှ အတူတူစားမယ် "

"မစောင့်နဲ့ ငယ်နောက်ကျမှာစိုးလို့ "

"ရတယ် ကျွန်တော် စောင့်နိုင်တယ်
ဒါပေမယ့် ကိုကြီးကျွန်တော့်ကို နောက်မကျစေချင်ရင် အခု ကျွန်တော်နဲ့အတူတူ စားပေး "

"....."

"ကိုကြီးမဆာသေးရင်လည်း  ကိုကြီးစားတဲ့အချိန်မှ ကျွန်တော့်ကို လာခေါ်နော် "

"ခဏ အခုစားမယ် ငယ်
ငယ်နောက်ကျရင် ဆာနေမှာစိုးလို့ "

"ဟုတ် ကိုကြီး
ထမင်းပွဲပြင်ပြီး စောင့်နေမယ်နော် "

"အင်း "

ကိုကြီးရေချိုးခန်းထဲ ဝင်သွားတော့
ကိုကြီးဖြဲထားတဲ့ စာရွက်တွေ လိုက်ကောက်ကာ
ရှင်းလိုက်သည် ၊ စားပွဲပေါ်က စာအုပ်တွေရော
သေသေချာချာ စီပေးနေစဉ် ဖွင့်ထားသော Laptop ထဲမှ ပေါ်နေသော လူတစ်ယောက်ကို
ခဏတာ ငေးကြည့်မိသည် ၊ ပုံထဲမှာတောင်
ညို့လွန်းတဲ့ သူ့မျက်ဝန်းတွေ တင်းတင်းစေ့ထားတဲ့ သူ့နှုတ်ခမ်း

ဘယ်သူပါလိမ့် ကိုကြီးပြောပြောနေတဲ့ သူလား
ကိုကြီး investment တွေရသွားတဲ့သူလား
ကိုကြီး share ဝင်တာကို ငြင်းတဲ့သူလား
ကိုမင်းကို မေးဖို့ ဓာတ်ပုံရိုက်လိုက်သည်

💕💕💕💕💕

Next morning at Cafe,

မနေ့က ကိုကြီး ကျွန်တော်နဲ့ ထမင်းအတူစားပါသည် ၊ စိတ်တော့ ပြေသွားပြီဖြစ်ပေမယ့် သူ့ကိုတော့ ကျေနပ်မည့်ပုံမပေါ် ၊ မနေ့က ရိုက်ထားတဲ့ပုံ ကိုမင်းကို ပြကြည့်တော့ ဟုတ်ပါသည်
ကိုကြီး ဒေါသဖြစ်ရတဲ့အကြောင်းအရင်း လူသား
စဉ်းစားလို့မရဘူး ကိုကြီးလိုလူ share ဝင်တာကိုငြင်းတာတဲ့ အဲဒီလူ ရူးများရူးနေလား
ကိုကြီးကို တစ်ခုခုကူညိီနိုင်ရင် ကောင်းမှာပဲ
အဲဒီလူကို အပြင်မှာ တစ်ခါလောက်တွေ့ရင် ဘာကြောင့်လဲဆိုတာ အော်မေးလိုက်ချင်မိ
Share ဝင်ချင်တာကို လက်ခံစမ်း လက်ခံစမ်း လို့ ပြောပလိုက်မယ်

"သျှင်မင်းဆက်ရေ မပြီးသေးဘူးလား
Customer တွေလာပြီနော် အဝတ်အစား လဲတာ
အဲလောက်ကြာလား အိပ်များပျော်နေလား "

"ပြီးတော့မှာ မမရေ "

"Wow ဘယ်ဆိုးလို့လဲ ငါတ်ို့ဆိုင်ကို သူဌေးတွေလည်း လာတယ်ဟ "

"ဘာလို့လဲ မမ "

"အခုပဲ မာစီးဒီး ကားအနက်ရောင်ကြီး ဆိုင်ရှေ့မှာ ရပ်နေပြီ "

"ဟုတ်လား မမ သွားမေးထားလိုက်နော် ဧည့်သည်ကို ကျွန်တော်ပြီးတော့မှာ"

"အထဲကနေ အော်မနေနဲ့ ဆိုင်လာတဲ့သူတွေ လန့်ကုန်မယ် မြန်မြန်သာထွက်ခဲ့ပါ ပေါက်စ "

"ဟုတ် "

💕💕💕💕💕






Continuer la Lecture

Vous Aimerez Aussi

1M 125K 35
ကိုယ်က ဧကရာဇ် ဆိုပေမယ့် မင်းက ကိုယ့်သခင်ပါ #Both Unicode & Zawgyi #စိတ်ကူးယဥ်ဇာတ်လမ်းသက်သက်ပါရှငိ
662K 34.5K 14
Wai Hmue Paing + Hlwan Thuta
311K 11.2K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
313K 7.6K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်