ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)

By Chamomile_Ri

137K 11.5K 444

[Unicode] ပထမဆုံး ဘာသာပြန်လေးပါ မူရင်းStory nameကတော့ Emperor's cute Empress မြန်မာလို တော့ခေါ်ရအဆင်ပြေအောင်... More

Intro
Ch 1: ဘဝသစ်part 1(u+z)
Ch1: ဘဝသစ်part2 (u+z)
Ch2: Chu Siyang ရဲ့ဘဝပုံပြင် part1(u+z)
Ch2: Chu Siyang ရဲ့ဘဝပုံပြင်part2 (u+z)
Ch3: မိသားစုရဲ့ ချစ်မေတ္တာ part 1(u+z)
Ch3: မိသားစုရဲ့ချစ်မေတ္တာ part 2 (U+Z)
Ch4: နေ့သစ်စတင်ခြင်း part 1(U+Z)
Ch4: အကို၃ပျားတုပ်ခြင်းpart 2(U+Z)
Ch5: part1 အံအားသင့်စရာ သတင်းစကား(U+Z)
Ch 5:Part 2 ရီရှင်းလေးရဲ့ ဆုံးဖြတ်ချက်(u+z)
Ch 6:part 1 ငြင်းပယ်ခြင်း(u+z)
Ch 6:part 2 အိမ်ရှေ့စံ၏ ချစ်ရသူ (U+Z)
Ch 6:part 3 အိမ်ရှေ့စံ၏ ချစ်ရသူ (part 2 အဆက်)(u+z)
Ch 7:part 1 ယောက္ခမ နှင့် တွေ့ဆုံခြင်း(u+z)
Ch 7: Part 2 နန်းမဆောင်သို့ ခေါ်တော်မူခြင်း(u+z)
Marketing ဆင်းသည် ကြေငြာဝင်သည်
Ch 8: နှိုင်းယှဉ်မမှီ လှနန်းကျော့မဒီ(u+z)
Ch 9:ထပ်မံတွေ့ဆုံခြင်း(u+z)
Ch 10:ချစ်ခြင်းအစ သဝန်တိုခြင်းက(u+z)
Ch 11: လွဲမှားမှု၏ နောက်ကွယ်(u+z)
Ch 12 part 1 ရွှေလက်တွဲတဲ့ ခန်းမ မင်္ဂလာ(z+u)
Not update Just Announcement for Unicode
Announcement (u+z)
Not update: author is under the phobia
Ch13: အိမ်ရှေ့စံ မိဖုရား ဘဝအစ(u+z)
Ch13:Part 2 တေးသွားတစ်ပုဒ် (u+z)

Ch12: part 3 ရှက်သွေးဖြာတဲ့ ချစ်ခရီးအစ(u+z)

1.5K 105 8
By Chamomile_Ri


(Unicode)

နိုးထလတဲ့ မနက်ခင်းဟာ သာယာပျော်ရွှင်ဖွယ် အတိလား ရှက်သွေးကြွယ် ပန်းနုရောင် ပန်းခင်းလားဆိုတာ ရီရှင်း နားမလည်ပါဘူး။

မျက်လုံးဖွင့်လိုက်တယ် ဆိုရင်ဖြင့် သူမဟာ နွေးထွေးကျယ်ပြန့်တဲ့ ရင်ခွင်ကျယ်ကြီးထဲ ခေါင်းတိုးလို့ အိပ်နေမိတဲ့ သူမကိုယ်တိုင်ကို အံ့အားသင့်စွာနဲ့ နိုးထလာရတာပါပဲ။

လှုပ်ရှားမှု အနည်းငယ်မှာ မူးဝေပြီး ရင်တုန်ထိတ်လန့် သွားတဲ့အပြင် သူမရဲ့ လှုပ်ရှားမှု တချို့ကြောင့် အိမ်ရှေ့စံဟာ အိပ်စက်နေရာမှ နိုးသွားတော့တယ်။

သူနဲ့ မျက်ဝန်းခြင်းစုံတဲ့ အခိုက်အတန့်မှာ ညက အဖြစ်အပျက်တွေဟာ အနှေးပြကွက်တွေ လို တသီတတန်း လိုက်ပါလာတော့ ရီရှင်း သိပ်ရှက်ပြီး မျက်လုံးစုံမှိတ်လို့ တဖက်ကိုလှည့် စက်ရာပေါ်မှ ထဖို့ ကြံရွယ်လိုက်တယ်။

ဖယ်ရှားလိုက်တဲ့ စောင်ခြုံလွှာကြောင့် သူမ မြင်လိုက်ရတဲ့ နီစွေးစွေး အရာတွေဟာ သူမကိုယ်သူမ မပိုင်တော့ဘဲ ပိုင်ဆိုင်သူ သခင်တစ်ပါး သူမ ဘဝထဲ ဝင်ရောက်လာခဲ့ပြီ ဆိုတာ သူမ အသိဉာဏ်ထဲ စူးနစ်ဝင်ရောက်လာပါတယ်။

စောင်ခြုံလွှာ ကိုမဖယ်တော့ဘဲ ကိုယ်မှာပတ်လို့ မတ်တပ်ရပ်လိုက်ဖို့ အလုပ်မှာ သူမခြေထောက်တွေ က ယုန်သူငယ် ပိုက်ကွန်မှာ မိသလို့ ထုပ်လို့ ရွေ့မရဘဲ ခုန်ဆွ ခုန်ဆွ ဖြစ်နေတော့ သူထံက ...

"ဖူး..."  ပါးစပ်ပိတ်ပြီး ရယ်လိုက်တဲ့ အသံ ထွက်ကျလာတယ်။

ဘယ်လိုတောင် ချစ်ဖို့ကောင်းလိုက်တဲ့ ကောင်မလေးလဲ...

လင်ကျီ သူ့ရဲ့ ရယ်ချင်နေတဲ့ မျက်နှာထားကို ပြင်လို့ "အကူအညီ လိုသေးလား" မေးလိုက်တော့ အူကြောင်ကြောင် မျက်နှာထားနဲ့ ယုန်သူငယ်မဟာ ဘာဖြေရမယ် မသိ စောင်ထုပ်ကြီးနဲ့ မုန်လာဥ လုပ်နေလေရဲ့...

သူမကို ပွေ့ချီလိုက်ပီး ကုတင်ပေါ်မှာ ထိုင်လို့ရအောင် ပြင်ဆင်ပေးရင်း အိပ်ဆောင် ပြင်က အစေခံတွေကို လှမ်းခေါ်လိုက်တယ်။

" ကြင်ယာတော် အတွက် ကိုယ်လက် သန့်စင်ဖို့ ရေနွေးနွေးလေး ပြင်လာခဲ့ကြ ပြီးရင် ဝတ်စုံသစ်တွေ ယူလာခဲ့"

"မှန်လှပါ အရှင့်သား"

ရီရှင်း မျက်နှာဖူးဖူးလေး ဟာ နီရဲလို့ ရှက်သွေးဖြာနေဆဲပဲ လင်းကျီ ကလဲ သူမရဲ့ ရှုမဝတဲ့ မျက်နှာလေး ကို ငေးမောနေဆဲပဲ စက်ရာပေါ်ကနေ သူမကို ငေးကြည့်ရတာ ဘယ်လောက်တောင် သာယာတဲ့ မနက်ခင်းလေးလဲ လင်းကျီ အတွေးစတွေဟာ အစေခံတွေရဲ့  လျောက်တင်သံမှာပဲ နှမြောတသစွား ပြတ်တောက်သွားရတော့တယ်။

"အရှင့်သား အိမ့်ရှေ့ မိဖုရားအတွက် ရေချိုးရန် အဆင်သင့် ပြင်ဆင်ပြီးပါပြီ"

လင်းကျီ စက်ရာ ပေါ်က မထချင်ထချင် နဲ့ ထပြီး အပေါ်ဝတ်အင်္ကျီကို ဝတ်ဆင်လိုက်ပြီး 

" အကူအညီ လိုသေးလား" လို ခပ်ပြတ်ပြတ် မေးလိုက်တယ်။

လင်းကျီ က လူတစ်မျိုး သူချစ်တာကို ထုတ်ဖော်မပြတတ်ဘဲ အရိုင်းဆန်နေတတ်တဲ့ နှလုံးသားမာကြောချင်ယောင်ဆောင်နေတဲ့ ခြင်္သေ့ ပေါက်လေး...

"ဟုတ် ကူညီပေးပါအုံး" ရီရှင်းကတော့ ရှက်ရွံ့စွာ တိုးဖျော့တဲ့ အသံလေးနဲ့ တောင်းဆိုလိုက်တယ်။

ရီရှင်း နန်းတွင်း အစေခံတွေ ပြင်ဆင်ပေးတဲ့ နှင်းဆီ လွှမ်းတဲ့ ရေစည်မှာ ရေချိုးပြီးတော့ ပြင်ဆင်ပေးထားတဲ့ Hanfu ကို ဝတ်ဆင်တယ်။

သူမ ဟာ ရှက်သွေးကြွယ်တဲ့ ပါးမို့မို့နဲ့ နှင်းဆီသွေးရောင်လွှမ်းလို့ တောက်ပနေတယ်။

"သခင်မလေးက သိပ် လှတာပဲ တော်ဝင်တဲ့ အလှကို မိုင်ဆိုင်သူမို့ အိမ်ရှေ့မိဖုရား ဖြစ်ရတာ။"

"ရှီ မင်းကတော့လေ မြှောက်စရာမရှိ ကြံဖန်မြောက်နေတော့တာပဲ လာနောက်ကျနေပီ ငါတို့ မနက်ခင်း ဂါရဝ ပြုဖို့နောက်ကျတော့မယ်"

လင်းကျီဟာ သူမကို နန်းဆောင်ပြင်မှာ စောင့်နေတယ်။ ကျော့ရှင်းတဲ့ သူမ အလှမှာ လင်းကျီ ထပ်မံ နစ်မျောရပြန်ပြီ။

တောက်ပတဲ့ နေရောင်အောက်မှာ ခန့်ညားတဲ့ အိမ်ရှေ့စံ ကြောင့် ရီရှင်း ရဲ့ ဘယ်ဘက်နှလုံးသားထဲမှာ နှစ်သစ်ကူး မီးရှုးမီးပန်း ဖောက်သလို တဒုန်းဒုန်း တဒိုင်းဒိုင်း ပါပဲ။

"လာ သွားကြစို့ နောက်ကျနေပြီ"

"ဟုတ်ကဲ့ပါ အရှင့်သား"

နန်းမဆောင် ကိုသွားတဲ့ လမ်းဟာ ဒီနေ့မှ ဘာလို့ ဝေးလွန်းလှတာလဲ ရီရှင်း ဟာ အိမ်ရှေ့စံနဲ့အတူတကွယောက်ခမ တွေကို ဂါရဝပြုဖို့ သွားနေတာ ဖြစ်ပါတယ်။ နန်းဆောင်တွင်း ဝင်လိုက်တယ် ဆိုရင်ပဲ ခမည်းတော်၊မယ်တော်တို့နဲ့အတူ ဒုတိယမင်းသား လည်း ရောက်ရှိလို့နေတယ်။

"ခမည်းတော်နဲ့ မယ်တော်ကို ဂါရဝပြုပါတယကျန်းခန့်သာလို့မာပါစေ"

"ကဲ ထကြပါ၊ သားတော်နဲ့ ချွေးမတော်"

"ဒီနေ့ မယ်တော်တို့ တွေ မိသားစုစုံညီ မနက်စာစားကြစို့"

"လာ သားတော်နဲ့သမီးတော် ထိုင်ကြ စားတော်ဆောင်က ဆက်သတဲ့ အထူးဟင်းလျာတွေ စားကြကွယ်"

"ဟုတ်ကဲ့ပါ မယ်တော်"

အဲ့ဒီအချိန်မှာပဲ အားလုံးပဲ တောင်းပန်ပါတယ် ကျတော် နောက်ကျသွားတယ် ဆိုပြီး အပြေးတပိုင်းနဲ့ မင်းညီမင်းသား ဝတ်စုံနဲ့ ကောင်လေး တယောက်ဝင်လာတော့တယ်။

မယ်တော်ကတော့ အပြုံးနဲ့သာ ခေါင်းတညိတ်ညိတ်ရှိပြီး အိမ်ရှေ့စံ လင်းကျီကတော့ မျက်ဝန်း စိမ်းနဲ့ ကပျက်ကချော် နောက်ကျလွန်းတဲ့ ညီတော် ကို ဒေါသစိမ်းနဲ့ ကြည့်နေလေရဲ့

ရီရှင်းကတော့ အခုမှပဲ လင်းကျီမှာ ညီတော် (၃) ရှိမှန်းသိတော့တယ်။

A/N note;

အရမ်းတွေ ကြာသွားပြန်ပီ stay home ကာလ ဆိုတော့ update မှန်အောင်ကြိုးစားမယ်ကွယ်။ unicode တမျိုး တည်း ရေးရင် အဆင်ပြေကြမလား Zawgyi ပါထည့်ရတော့ convert လုပ်နေရတာနဲ့ အလျင်မမှီဘူးကွယ် အကြံပေးကြပါအုံး အားလုံးလဲ unicode ဖြစ်လောက်ပီ ထင်တာပဲ။ အဆင်ပြေရင်တော့ unicode နဲ့ပဲရေးချင်တယ်။

(Zawgyi)နိုးထလတဲ့ မနက်ခင်းဟာ သာယာပျော်ရွှင်ဖွယ် အတိလား ရှက်သွေးကြွယ် ပန်းနုရောင် ပန်းခင်းလားဆိုတာ ရီရှင်း နားမလည်ပါဘူး။မျက်လုံးဖွင့်လိုက်တယ် ဆိုရင်ဖြင့် သူမဟာ နွေးထွေးကျယ်ပြန့်တဲ့ ရင်ခွင်ကျယ်ကြီးထဲ ခေါင်းတိုးလို့ အိပ်နေမိတဲ့ သူမကိုယ်တိုင်ကို အံ့အားသင့်စွာနဲ့ နိုးထလာရတာပါပဲ။လှုပ်ရှားမှု အနည်းငယ်မှာ အောက်ပိုင်းက နာကျင်မှု တချို့ရယ်ကြောင့် မူးဝေပြီး ရင်တုန်ထိတ်လန့် သွားတဲ့အပြင် သူမရဲ့ လှုပ်ရှားမှု တချို့ကြောင့် အိမ်ရှေ့စံဟာ အိပ်စက်နေရာမှ နိုးသွားတော့တယ်။သူနဲ့ မျက်ဝန်းခြင်းစုံတဲ့ အခိုက်အတန့်မှာ ညက အဖြစ်အပျက်တွေဟာ အနှေးပြကွက်တွေ လို တသီတတန်း လိုက်ပါလာတော့ ရီရှင်း သိပ်ရှက်ပြီး မျက်လုံးစုံမှိတ်လို့ တဖက်ကိုလှည့် စက်ရာပေါ်မှ ထဖို့ ကြံရွယ်လိုက်တယ်။ဖယ်ရှားလိုက်တဲ့ စောင်ခြုံလွှာကြောင့် သူမ မြင်လိုက်ရတဲ့ နီစွေးစွေး အရာတွေဟာ သူမကိုယ်သူမ မပိုင်တော့ဘဲ ပိုင်ဆိုင်သူ သခင်တစ်ပါး သူမ ဘဝထဲ ဝင်ရောက်လာခဲ့ပြီ ဆိုတာ သူမ အသိဉာဏ်ထဲ စူးနစ်ဝင်ရောက်လာပါတယ်။စောင်ခြုံလွှာ ကိုမဖယ်တော့ဘဲ ကိုယ်မှာပတ်လို့ မတ်တပ်ရပ်လိုက်ဖို့ အလုပ်မှာ သူမခြေထောက်တွေ က ယုန်သူငယ် ပိုက်ကွန်မှာ မိသလို့ ထုပ်လို့ ရွေ့မရဘဲ ခုန်ဆွ ခုန်ဆွ ဖြစ်နေတော့ သူထံက ..."ဖူး..." ပါးစပ်ပိတ်ပြီး ရယ်လိုက်တဲ့ အသံ ထွက်ကျလာတယ်။ဘယ်လိုတောင် ချစ်ဖို့ကောင်းလိုက်တဲ့ ကောင်မလေးလဲ...လင်ကျီ သူ့ရဲ့ ရယ်ချင်နေတဲ့ မျက်နှာထားကို ပြင်လို့ "အကူအညီ လိုသေးလား" မေးလိုက်တော့ အူကြောင်ကြောင် မျက်နှာထားနဲ့ ယုန်သူငယ်မဟာ ဘာဖြေရမယ် မသိ စောင်ထုပ်ကြီးနဲ့ မုန်လာဥ လုပ်နေလေရဲ့...သူမကို ပွေ့ချီလိုက်ပီး ကုတင်ပေါ်မှာ ထိုင်လို့ရအောင် ပြင်ဆင်ပေးရင်း အိပ်ဆောင် ပြင်က အစေခံတွေကို လှမ်းခေါ်လိုက်တယ်။" ကြင်ယာတော် အတွက် ကိုယ်လက် သန့်စင်ဖို့ ရေနွေးနွေးလေး ပြင်လာခဲ့ကြ ပြီးရင် ဝတ်စုံသစ်တွေ ယူလာခဲ့""မှန်လှပါ အရှင့်သား"ရီရှင်း မျက်နှာဖူးဖူးလေး ဟာ နီရဲလို့ ရှက်သွေးဖြာနေဆဲပဲ လင်းကျီ ကလဲ သူမရဲ့ ရှုမဝတဲ့ မျက်နှာလေး ကို ငေးမောနေဆဲပဲ စက်ရာပေါ်ကနေ သူမကို ငေးကြည့်ရတာ ဘယ်လောက်တောင် သာယာတဲ့ မနက်ခင်းလေးလဲ လင်းကျီ အတွေးစတွေဟာ အစေခံတွေရဲ့ လျောက်တင်သံမှာပဲ နှမြောတသစွား ပြတ်တောက်သွားရတော့တယ်။"အရှင့်သား အိမ့်ရှေ့ မိဖုရားအတွက် ရေချိုးရန် အဆင်သင့် ပြင်ဆင်ပြီးပါပြီ"လင်းကျီ စက်ရာ ပေါ်က မထချင်ထချင် နဲ့ ထပြီး အပေါ်ဝတ်အကျႌကို ဝတ်ဆင်လိုက်ပြီး " အကူအညီ လိုသေးလား" လို ခပ်ပြတ်ပြတ် မေးလိုက်တယ်။လင်းကျီ က လူတစ်မျိုး သူချစ်တာကို ထုတ်ဖော်မပြတတ်ဘဲ အရိုင်းဆန်နေတတ်တဲ့ နှလုံးသားမာကြောချင်ယောင်ဆောင်နေတဲ့ ခြင်္သေ့ ပေါက်လေး..."ဟုတ် ကူညီပေးပါအုံး" ရီရှင်းကတော့ ရှက်ရွံ့စွာ တိုးဖျော့တဲ့ အသံလေးနဲ့ တောင်းဆိုလိုက်တယ်။ရီရှင်း နန်းတွင်း အစေခံတွေ ပြင်ဆင်ပေးတဲ့ နှင်းဆီ လွှမ်းတဲ့ ရေစည်မှာ ရေချိုးပြီးတော့ ပြင်ဆင်ပေးထားတဲ့ Hanfu ကို ဝတ်ဆင်တယ်။ရီရှင်း နန်းတွင်း အစေခံတွေ ပြင်ဆင်ပေးတဲ့ နှင်းဆီ လွှမ်းတဲ့ ရေစည်မှာ ရေချိုးပြီးတော့ ပြင်ဆင်ပေးထားတဲ့ Hanfu ကို ဝတ်ဆင်တယ်။သူမ ဟာ ရှက်သွေးကြွယ်တဲ့ ပါးမို့မို့နဲ့ နှင်းဆီသွေးရောင်လွှမ်းလို့ တောက်ပနေတယ်။"သခင်မလေးက သိပ် လှတာပဲ တော်ဝင်တဲ့ အလှကို မိုင်ဆိုင်သူမို့ အိမ်ရှေ့မိဖုရား ဖြစ်ရတာ။""ရှီ မင်းကတော့လေ မြှောက်စရာမရှိ ကြံဖန်မြောက်နေတော့တာပဲ လာနောက်ကျနေပီ ငါတို့ မနက်ခင်း ဂါရဝ ပြုဖို့နောက်ကျတော့မယ်"လင်းကျီဟာ သူမကို နန်းဆောင်ပြင်မှာ စောင့်နေတယ်။ ကျော့ရှင်းတဲ့ သူမ အလှမှာ လင်းကျီ ထပ်မံ နစ်မျောရပြန်ပြီ။တောက်ပတဲ့ နေရောင်အောက်မှာ ခန့်ညားတဲ့ အိမ်ရှေ့စံ ကြောင့် ရီရှင်း ရဲ့ ဘယ်ဘက်နှလုံးသားထဲမှာ နှစ်သစ်ကူး မီးရှုးမီးပန်း ဖောက်သလို တဒုန်းဒုန်း တဒိုင်းဒိုင်း ပါပဲ။တောက်ပတဲ့ နေရောင်အောက်မှာ ခန့်ညားတဲ့ အိမ်ရှေ့စံ ကြောင့် ရီရှင်း ရဲ့ ဘယ်ဘက်နှလုံးသားထဲမှာ နှစ်သစ်ကူး မီးရှုးမီးပန်း ဖောက်သလို တဒုန်းဒုန်း တဒိုင်းဒိုင်း ပါပဲ။"လာ သွားကြစို့ နောက်ကျနေပြီ""ဟုတ်ကဲ့ပါ အရှင့်သား"နန်းမဆောင် ကိုသွားတဲ့ လမ်းဟာ ဒီနေ့မှ ဘာလို့ ဝေးလွန်းလှတာလဲ ရီရှင်း ဟာ အိမ်ရှေ့စံနဲ့အတူတကွယောက်ခမ တွေကို ဂါရဝပြုဖို့ သွားနေတာ ဖြစ်ပါတယ်။ နန်းဆောင်တွင်း ဝင်လိုက်တယ် ဆိုရင်ပဲ ခမည်းတော်၊မယ်တော်တို့နဲ့အတူ ဒုတိယမင်းသား လည်း ရောက်ရှိလို့နေတယ်။"ခမည်းတော်နဲ့ မယ်တော်ကို ဂါရဝပြုပါတယကျန်းခန့်သာလို့မာပါစေ""ကဲ ထကြပါ၊ သားတော်နဲ့ ချွေးမတော်""ဒီနေ့ မယ်တော်တို့ တွေ မိသားစုစုံညီ မနက်စာစားကြစို့""လာ သားတော်နဲ့သမီးတော် ထိုင်ကြ စားတော်ဆောင်က ဆက်သတဲ့ အထူးဟင်းလျာတွေ စားကြကွယ်""ဟုတ်ကဲ့ပါ မယ်တော်"အဲ့ဒီအချိန်မှာပဲ အားလုံးပဲ တောင်းပန်ပါတယ် ကျတော် နောက်ကျသွားတယ် ဆိုပြီး အပြေးတပိုင်းနဲ့ မင်းညီမင်းသား ဝတ်စုံနဲ့ ကောင်လေး တယောက်ဝင်လာတော့တယ်။မယ်တော်ကတော့ အပြုံးနဲ့သာ ခေါင်းတညိတ်ညိတ်ရှိပြီး အိမ်ရှေ့စံ လင်းကျီကတော့ မျက်ဝန်း စိမ်းနဲ့ ကပျက်ကချော် နောက်ကျလွန်းတဲ့ ညီတော် ကို ဒေါသစိမ်းနဲ့ ကြည့်နေလေရဲ့ရီရှင်းကတော့ အခုမှပဲ လင်းကျီမှာ ညီတော် (၃) ရှိမှန်းသိတော့တယ်။A/N note;အရမ်းတွေ ကြာသွားပြန်ပီ stay home ကာလ ဆိုတော့ update မှန်အောင်ကြိုးစားမယ်ကွယ်။ unicode တမျိုး တည်း ရေးရင် အဆင်ပြေကြမလား Zawgyi ပါထည့်ရတော့ convert လုပ်နေရတာနဲ့ အလျင်မမှီဘူးကွယ် အကြံပေးကြပါအုံး အားလုံးလဲ unicode ဖြစ်လောက်ပီ ထင်တာပဲ။ အဆင်ပြေရင်တော့ unicode နဲ့ပဲရေးချင်တယ်။

Continue Reading

You'll Also Like

1.7M 201K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
123K 10.5K 70
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
698K 72.9K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...