ရသစံုလင္ တ႐ုတ္ဝတၳဳတိုမ်ား

By Iris-Lily

15.6K 1.6K 84

Original Writer : Ling Yutang Translated by Ma Hnin Pwint More

ခ်န္နန္ (အပိုင္း - ၁)
ခ်န္နန္ (အပိုင္း - ၂)
ခ်န္နန္ (အပိုင္း - ၃)
ခ်န္နန္ (အပိုင္း - ၄)
မင္းကေတာ္ မဒီ (အပိုင္း - ၁)
မင္းကေတာ္ မဒီ (အပိုင္း - ၂)
မင္းကေတာ္ မဒီ (အပိုင္း - ၃)
မင္းမေတာ္ မဒီ (အပိုင္း - ၄)
မနာလိုစိတ္ (အပိုင္း-၁)
မနာလိုစိတ္ (အပိုင္း - ၂)
မနာလိုစိတ္ (အပိုင္း - ၃)
မနာလိုစိတ္ (အပိုင္း - ၄)
ရမၼက္ (အပိုင္း - ၁)
ရမၼက္ (အပိုင္း - ၂)
ရမၼက္ (အပိုင္း - ၃)
ရမၼက္ - အပိုင္း (၄)
မုတ္ဆိတ္နီႀကီး (အပိုင္း - ၁)
မုတ္ဆိတ္နီႀကီး (အပိုင္း - ၂)
မုတ္ဆိတ္နီႀကီး (အပိုင္း - ၃)
လူေမ်ာက္ျဖဴ (အပိုင္း - ၁)
လူေမ်ာက္ျဖဴ (အပိုင္း - ၂)
လူေမ်ာက္ျဖဴ (အပိုင္း - ၃)
လူေမ်ာက္ျဖဴ (အပိုင္း - ၄)

မုတ္ဆိတ္နီႀကီး (အပိုင္း - ၄)

224 32 2
By Iris-Lily




ဒါနဲ႔ႏွစ္လပိုင္းေရာက္လို႔ ခ်ိန္းဆိုထားတဲ႔ေန႔မွာ လီဆင္းနဲ႔သူ႔ဇနီးခ်န္မိန္းကေလးဟာ လိုယန္ျမိဳ႕ကို
ေရာက္လာၾကတယ္။ အခ်ိန္းအခ်က္လုပ္ထားတဲ႔ အေရွ႕တံခါးျမင္းေစာင္းနားက အရက္ဆိုင္မွာ မုတ္ဆိတ္နီၾကီးေျပာခ႔ဲတ႔ဲအတိုင္း ျမည္းပိန္ေလးန႔ဲ လားနက္တေကာင္ခ်ည္လို႔။ ဒါန႔ဲသူတို႔ေမာင္ႏံွ အေပၚ ထပ္ကိုတက္သြားၾကတာေပါ႔ ။

“….မင္းတုိ႔ေရာက္ေလာက္ျပီလို႔ေတာ႔.. ထင္သားကြ…လာၾက..လာၾက…..”

ဆိုျပီးမုတ္ဆိတ္နီၾကီးက ဝမ္းသာအယ္လဲ ၾကိဳဆိုရင္း သူ႔မိတ္ေဆြ တာအိုအေတြးအေခၚပညာရွင္ဆိုသူနဲ႔
မိတ္ဆက္ေပးတယ္။ ဒီလူက ေဗဒင္လကၡဏာ ၊ ဆန္းက်မ္း ၊ သွ်တၱရ ၊ အဂၢၤဝိဇၹာ ၊ နကၡတ္ပညာ၊ ေမွာ္ အတတ္ ၊ ေဆးပညာ ၊ အဂၢရိယတ္ အစရွိတဲ႔ ေလာကီပညာရပ္မွန္သမွ်ကို အရည္က်ိဳ ေသာက္ထားသူေပါ႔ ။ အသံတိုးတိုးေလးနဲ႔ စကားေျပာတတ္ျပီး အင္မတန္ႏႈတ္နည္းတဲ႔ ဒီတာအိုသမားဟာ သူ႔ဝသီအတိုင္းပဲ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ လီဆင္းတို႔ေမာင္ႏွံကို အကဲခတ္ေနျပီး တိုးတိုးသက္သာဆိုတယ္။

“…ဆိုေတာ႔..ခင္ဗ်ားက.. ကေလာင္ကိုလႊတ္ျပီး ဓါးလြတ္ကိုင္ဖို႔ေရြးခ်ယ္ခဲ႔တာပဲေနာ္….”

“…ေအးဗ်ာ… ဒီေခတ္ၾကီးမွာ လက္ရံုးရည္ကို ပိုလိုအပ္တယ္လို႔ က်ဳပ္ယံုၾကည္သဗ်….”

လို႔သာျပန္ေျပာေပမဲ႔ လီဆင္းရဲ႕စိတ္ထဲမွာေတာ႔ ဒီတာအုိပညာရွင္ မွန္ကန္လွတာကို ၾကိတ္ျပီး ခ်ီးက်ဴးမိတယ္။ တကယ္လဲ လီဆင္းဟာ အသက္ဆယ္႔ေျခာက္ဆယ္႔ခြန္ေလာက္အထိ စာေပကို အထူးတလည္ လိုက္စားခဲ႔ေတာ႔ စာေပအလကၤာအရာမွာ အလြန္တတ္ပြန္ ကၽြမ္းက်င္တဲ႔သူပါပဲ။ ဒါေၾကာင္႔မို႔ စစ္သားၾကီးလံုးလံုး အေနနဲ႔ပဲ ဘဝကိုျမွဳပ္ႏွံမလား ၊ စာေပပညာရွင္အေနနဲ႔ပဲ ဘဝကိုျဖတ္သန္းမလား ဆိုတဲ႔ဆံုးျဖတ္ခ်က္ၾကားမွာ လီဆင္းအေတာ္ အၾကပ္ရိုက္ခဲ႕ရဖူးတယ္။ စကားေျပာဆို မိတ္ဆက္ျပီးၾကေတာ႔ မုတ္ဆိတ္နီၾကီးက သူတို႔ဇနီးေမာင္ႏွံအတြက္ အရက္ဆိုင္
အေပၚထပ္က အခန္းေလးတခုကိုေပးတယ္ ။

“…ဒါမင္းတို႔အတြက္.. ငါျပင္ထားတဲ႔အခန္းပဲ… စိတ္ေအးခ်မ္းသာေနၾကေပေရာ႔… ဒီအရက္ဆိုင္ကို ငါပိုင္တယ္ကြဲ႕…. ဆိုင္ကေငြစေတြကို လိုသေလာက္သာယူသံုးၾက.. ဟုတ္ျပီလား… လီဆင္းကလဲ ငါ႔ႏွမကို အဝတ္ေလးဘာေလးဝယ္ဆင္ေပါ႔… ကိုင္း.. နားၾကေတာ႔……”

ဒီလိုနဲ႔ပဲ သူတို႔ႏွစ္ေယာက္ မုတ္ဆိတ္နီၾကီးရဲ႕ အရက္ဆိုင္မွာ အေျခတက် တက္ေနျဖစ္သြားၾကတယ္ ။ မုတ္ဆိတ္နီၾကီးကေတာ႔ သူတို႔ဆီ မၾကာမၾကာလာျပီး ညဥ္႔နက္တဲ႔အထိ စကားေျပာတတ္တယ္။ မ်ားေသာအားျဖင္႔ေတာ႔ ေသနဂၤဗ်ဴဟာေတြနဲ႔ စစ္ပရိယာယ္ေတြ အေၾကာင္းပါပဲ ။ ဒီမွာတင္ မုတ္ဆိတ္နီၾကီးဟာ စစ္မက္ေရးရာမွာ အလြန္ကၽြမ္းက်င္ႏံွ႔စပ္တာကို တအံ့တၾသသိလိုက္ရတ႔ဲ လီဆင္းကေတာ႔ သူ႕ဆီကေန သင္ယူလို႔ကိုမဆံုးဘူး။ တကယ္လဲ ေနာင္မွာလီဆင္းဟာ မုတ္ဆိတ္နီၾကီးဆီက ရလိုက္တဲ႔ ပညာေတြကို မၾကာမၾကာ အသံုးျပဳေလ႔ရွိတယ္။ စစ္ပရိယာယ္ဆိုတာ အမ်ားနားလည္ၾကသလို လက္ရံုးခ်င္း သက္သက္သာ ယွဥ္ျပိဳင္ရံုနဲ႔မျပီးေပဘူး ။ ရန္သူကို နားလည္ျပီး ရန္သူ႔အားနည္းခ်က္ကို ၾကည္႔တတ္ျမင္တတ္မွသာ အခ်က္တရာ ထိုးႏွက္ရမဲ႔ေနရာမွာ တခ်က္တည္းနဲ႔ ကိစၥျပီးေစႏိုင္မွာကိုး။ ေျမြဆိုးမ်ားကို သုတ္သင္ရင္ အျမီးကိုအခ်က္တရာ ခုတ္မဲ႔အစား ေခါင္းကို တခ်က္တည္းခုတ္ျဖတ္မွသာ အေသသတ္နိုင္ သလိုေပါ႔ ။ ဒါ႔အျပင္ ရန္သူကို ထိပ္တိုက္ရင္ဆိုင္တာထက္ ေဘးကေနပန္းျပီး က်ံဳးသြင္းသလိုတိုက္သြားတာက ပိုျပီး အက်ိဳးသက္ေရာက္မႈရွိေၾကာင္း စတာေတြေပါ႔။ လီဆင္းနဲ႔မုတ္ဆိတ္နီၾကီးဟာ သန္းေခါင္သန္းလြဲအထိ မေမာႏိုင္မပန္းႏိုင္ ထိုင္ေဆြးေႏြးတတ္ၾကတယ္။ တဦးနဲ႔တဦး အယူအဆေတြ ၊ စစ္ပညာေတြဖလွယ္ရင္းေပါ႔။ တာအိုဆရာပါလာတတ္တဲ႔အခါမ်ိဳးဆိုရင္ သူကေတာ႔ တိုင္ယြမ္ဘက္ကိုဦးတည္ျပီး
ညေကာင္းကင္ေပၚက ၾကယ္တာရာ နဂါးေငြ႕တန္းေတြ ၊ ျဂိဳလ္နကၡတ္ေတြနဲ႔ လထီးေဆာင္းတာ ၊ ဥပါပ်ံတာ အစရွိတာေတြကို ေလ႔လာရင္းတြက္ခ်က္ေနတတ္တယ္။ ဒီလိုနဲ႔ ႏွစ္ပတ္သံုးပတ္ေလာက္လဲေနၾကေရာ တာအိုဆရာက သူ တိုင္ယြမ္နဂါး လီယွီမင္းကို ဆံုခ်င္တယ္လို႔ေျပာလာေတာ႔ မုတ္ဆိတ္နီၾကီးက လီဆင္းကိုအကူအညီေတာင္းတယ္။

“…လီဆင္းေရ…..ငါ႔မိတ္ေဆြကို လီယွီမင္းနဲ႔ေတြ႔ႏိုင္ဖို႔ စီစဥ္ေပးပါဦး…. တိုင္ယြမ္နဂါးဟာတကယ့္ နဂါးအစစ္ ဟုတ္မဟုတ္ငါေသခ်ာခ်င္တယ္.. ငါ႔မိတ္ေဆြကေတာ႔ ေသခ်ာေျပာႏိုင္မွာပဲ… ဒါမွဆံုးျဖတ္စရာရွိတာ ဆံုးျဖတ္ၾကရမွာ…..”

“…တကယ္လို႔တိုင္ယြမ္ေနာင္ေတာ္ေလးသာ.. တကယ္႔နဂါးဆိုရင္ အကိုၾကီးဘာလုပ္မလဲ… တိုက္မလား…ပူးေပါင္းမလား….”

“…သူသာနဂါးမွန္ခဲ႔ရင္.. ကံၾကမၼာကိုခံတိုက္လုိ္႔.. ငါမိုက္ရာက်ေတာ႔မေပါ႔ကြာ…..”

“…ဒါဆိုပူးေပါင္းမယ္ဆိုတဲ႔သေဘာလား… အကိုၾကီး….”

လို႔လီဆင္းကေမးေတာ႔ မုတ္ဆိတ္ၾကီးက ရယ္တယ္ ။

“…မင္းကလဲကြာ... လုပ္ကေရာ႔မယ္…”

ဆိုျပီး ႏြားအျမီးျဖစ္ခံမဲ႔အစားေတာ႔ ၾကက္ရဲ႕ဦးေခါင္းပဲ လုပ္ေတာ႔မယ္ ဆိုတဲ႔ ဆိုရိုးစကားတခုကို ပံုခိုင္းျပီး စကားစကို ျဖတ္ပစ္လိုက္တယ္။ ေနာက္ေန႔က်ေတာ႔ သူတို႔တိုင္ယြမ္ကိုသြားၾကတယ္ ။ လီဆင္းက
သူ႔မိတ္ေဆြလ်ဴကို တာအိုအေတြးအေခၚ ပညာရွင္နဲ႔မိတ္ဆက္ေပးတယ္ ။ ေဗဒင္ပညာကို ကၽြမး္က်င္သူဆိုတာ သိလိုက္ရေတာ႔ ထံုးစံအတိုင္း လ်ဴဝမ္စင္းကေတာ႔အတိုင္းထက္အလြန္ေပါ႔ေလ။ အေရးေတာ္ပံုက ေန႔လားညလား အေျခအေန မဟုတ္လား။ သူတို႔ေရာက္ၾကေတာ႔ လ်ဴဝမ္စင္းက သူ႔မိတ္ေဆြေတြန႔ဲ စစ္တုရင္ကစားေနတာန႔ဲ တာအိုသမားကိုလည္း တပဲြတလမ္းဝင္စမ္းဖို႔ေခၚတယ္။ သူတို႔ကစားေနၾကတုန္းမွာပဲ လီယွီမင္းကိုစာပို႔ျပီး စစ္တုရင္ပြဲလာၾကည္႔ဖို႔ ဖိတ္လိုက္ေတာ႔ ခဏၾကာေတာ႔ ေရာက္လာတယ္။ မုတ္ဆိတ္ၾကီးနဲ႔ လီဆင္းတို႔ကေတာ႔ ပြဲၾကည္႔သမားေပါ႔။ လီယွီမင္းကေတာ႔ ျငိမ္ျငိမ္ေလးပဲ စစ္တုရင္ပြဲကိုၾကည္႔ေနတယ္။ ေလာကမွာ ရဲရင္႔တဲ႔စစ္သည္သူရဲေကာင္းေတြ ဘယ္ေလာက္မ်ားေနပေစ နဂါးအစစ္ကေတာ႔ တေကာင္ပဲရွိႏိုင္မယ္ဆိုတဲ႔အတုိင္း စစ္ရည္ဝေနတဲ႔ စစ္သားလူၾကမ္းၾကီးေတြ၊ စစ္ပရိယာယ္ကၽြမ္းက်င္သူ ရဲမက္ေတြ ၊ ဓါးေရးေက်ညက္လွတဲ႔ သူရဲေကာင္းေတြ ျပည္႔ေနတဲ႔ အခန္းထဲမွာ ျငိမ္ျငိမ္သက္သက္ ထိုင္ေနတဲ႔ ေနာင္ေတာ္ေလးကေတာ႔ တမ်ိဳးတဘာသာ ကြဲထြက္ေနတာပဲ။ တာအိုသမားကေတာ႔ စစ္တုရင္ပြဲမွာ စိတ္ျမွဳပ္ထားသလိုထင္ရေပမဲ႔ တကယ္ကေတာ႔ တိုင္ယြမ္နဂါးလီယွီမင္းရဲ႕အမူအရာ အေသးစိတ္
လကၡဏာၾကီးငယ္မွန္သမွ်နဲ႔ အသက္ရွဴသံပါ မက်န္ေအာင္ ေလ႔လာအကဲျဖတ္ေနခဲ႔တယ္။ လီယွီမင္းခါး မတ္ရင္ဖြင့္ျပီး ထိုင္ေနပုံ ၊ ပခုံးကိုခ်ီထားျပီး လက္ႏွစ္ဖက္ကခိုခ်ထားတ႔ဲ ဒူးေတြေပၚမွာမာန္ပါပါေထာက္ထားတာ ၊ စစ္တုရင္ပြဲကိုၾကည္႔ရင္း မၾကာခဏဆိုသလို မ်က္ခုံးနက္နက္ေတြက မဆိုစေလာက္ တြန္႔ခ်ိဳးသြားတာေတြ ၊ ေနာက္ျပီး ကစားေနၾကတဲ႔ စစ္တုရင္ကြက္အားလံုးကို နားလည္ေနရံုတင္ မကဘဲ ႏွစ္ကြက္သံုးကြက္ေလာက္ ၾကိဳျမင္ဟန္နဲ႔ မ်က္လံုးဖ်တ္ကနဲဖ်တ္ကနဲ ေတာက္ပသြားဟန္ စတာေတြကို အေသးစိတ္ေက်နပ္ေအာင္ ေလ႔လာျပီးေရာ တာအိုသမားက စစ္တုရင္ခံုကေန အသာခြာလိုက္ျပီး လ်ဴဝမ္စင္းကိုေျပာတယ္။

“…အင္း…ပြဲကေတာ႔သိမ္းေနပါျပီဗ်ာ… ဆက္ကစားေနလို႔လဲအပိုပါပဲ…. ခင္ဗ်ားနယ္ရုပ္ေရႊ႕တာ အင္မတန္သပ္ရပ္ေတာ႔.. က်ဳပ္ဘယ္လိုမွ ဆယ္လို႔မရေတာ႔ပါဘူး… အရွဳံးေပးပါတယ္ဗ်ာ…”

ပြဲၾကည္႔ပရိသတ္ေတြ အျမင္အရကေတာ႔ တာအိုသမားေျပာသေလာက္လဲ ဆိုးရြားေသးတာ မဟုတ္ေပမဲ႔ ဆက္ကစားရင္လဲ မႏိုင္ေတာ႔မွာ ေသခ်ာသေလာက္ပဲဆိုေတာ႔ ေစာေစာစီးစီး ထြက္သြားတာ မွန္တယ္ဆိုရေပမေပါ႔ ။ တာအိုဆရာ သက္ျပင္းခ်ရင္း အသာပဲေနရာကထတယ္။ ပြဲလဲျပီးျပီဆိုေတာ႔ သံုးေယာက္သား အိမ္ရွင္ေတြကိုႏႈတ္ဆက္ျပီး ျပန္လာခဲ႔ၾကတယ္ ။ အျပင္လဲေရာက္ၾကေရာ တာအိုသမားကမုတ္ဆိတ္နီၾကီးကိုေျပာတယ္။

“….ေရာင္းရင္းေရ… အထဲမွာထိုင္ေနသူကေတာ႔.. နဂါးပလႅင္ကိုဆက္ခံမဲ႔သူပဲဗ်…. ခင္ဗ်ားရဲ႕ပြဲကေတာ႔ မစခင္ကိုလမ္းဆံုးေနျပီ…. ဒီႏိုင္ငံမွာခင္ဗ်ားအတြက္ ေမွ်ာ္လင္႔ခ်က္ မရွိေတာ႔ဘူး… တျခားတေျပတႏိုင္ငံမွာသာ သြားၾကိဳးစားေပေရာ႔….”

တာအိုဆရာရဲ႕စကားကိုၾကားလိုက္ရတာနဲ႔ ဒီရက္အေတာအတြင္းမွာ ပထမဆံုးအၾကိမ္ မုတ္ဆိတ္နီၾကီးကို အေၾကာအခ်င္ေတြ ေျပေလ်ာ႔သြားသလို စိတ္ေအးလက္ေအးပံုစံမ်ိဳး ေတြ႕လိုက္ရေတာ႔ တခုခုေတာ႔ တခုခုပဲဆိုတာ လီဆင္းရိပ္မိလိုက္တယ္။

“…ငါ႔ညီ..လီဆင္းေရ… အေျခအေနေတြကေတာ႔.. ေျပာင္းကုန္ျပီ… ငါ႔အစီအစဥ္ေတြကို ေျပာင္းရေတာ႔မယ္… မင္းတို႔ဇနီးေမာင္ႏွံ.. လိုယန္မွာပဲေနရင္း.. ငါျပန္လာတဲ႔အထိ ေစာင္႔ပါကြာ… ငါေနာက္ႏွစ္ပတ္ၾကာရင္ ျပန္ေရာက္မယ္……”

လို႔ေျပာျပီး ရုတ္ခ်ည္းလမ္းခြဲထြက္သြားေရာ ။ လီဆင္းလဲ တာအိုသမားနဲ႔ႏွစ္ေယာက္သား လိုယန္ကိုျပန္လာၾကတယ္ ။ သီတင္းႏွစ္ပတ္ အၾကာမွာ ေျပာခဲ႔တဲ႔အတိုင္းပဲ မုတ္ဆိတ္နီၾကီးျပန္ေရာက္လာျပီး လီဆင္းတို႔ဇနီိး
ေမာင္ႏွံကိုလာေခၚတယ္။

“…ကိုင္း….လီဆင္းနဲ႔ငါ႔ႏွမ… ငါ႔အိမ္ကို လို္က္ခဲ႔ၾကဦးကြဲ႕… မင္းတို႔ကို ငါ႔ဇနီးနဲ႔ အသိအကၽြမ္းဖြဲ႔ေပးရမယ္… ဒါ႔အျပင္ အေရးၾကီးတဲ႔ ကိစၥတခုကိုလဲ.. မင္းတို႔လက္ထဲ အပ္စရာရွိတယ္…..”

သူတို႔ေတြသိကၽြမ္းခင္မင္လာတဲ႔ တေလွ်ာက္လံုးမွာ မုတ္ဆိတ္နီၾကီးဘယ္နားေနတယ္ ဆိုတာကို
ေတာင္လီဆင္းတို႔မသိၾကဘူး။ ဒီလူၾကီးကေတာ႔ အင္မတန္လွ်ိဳ႕ဝွက္သိုသိပ္သေလာက္ လုပ္လိုက္ရင္လဲ အဆန္းေတြခ်ည္းမို႔ လီဆင္းတို႔မွာအံ့ၾသျပီးရင္း အံ့ၾသလို႔သာ ေနၾကရတာကိုး။ ဒါနဲ႔သူတို႔ကို မုတ္ဆိတ္နီၾကီးက တံခါးခပ္ေသးေသးတခ်ပ္တည္းရွိတဲ႔ ဝင္းတံခါးအဝ တခုဆီေခၚသြားတယ္ ။ ဒါေပမဲ႔ အထဲေရာက္လို႔ ပထမရင္ျပင္လဲေက်ာ္မိေရာ အင္မတန္မွၾကီးက်ယ္ခမ္းနားတဲ႔ ခန္းမေဆာင္တခုဆီကို ေရာက္လာၾကတယ္။ အေစခံေတြ ၊ ကၽြန္မေတြ တက်ိပ္ေက်ာ္ေက်ာ္ေလာက္က အသင္႔ခစားလို႔ေနၾကတဲ႔အိမ္ေတာ္မွာ
လီဆင္းတို႔ေမာင္ႏွံကို အေရွ႕ဘက္အခန္းထဲ ကိုယ္လက္သန္႔စင္ဖို႔ ေခၚသြားၾကေတာ႔ တန္ဖိုးမျဖတ္ႏိုင္တဲ႔ ေရွးေဟာင္းေၾကးမံုခ်ပ္ေတြ ၊ ေၾကးဝါေရခ်ိဳးကန္ေတြ၊ သလင္းပန္းဆြဲမီးအိမ္ေတြ ၊ သစ္ေမႊးပရိေဘာဂေတြ ပန္းထြင္းမွန္ကူကြက္ဆြဲ တံခါးေတြန႔ ဲ နန္းေတာ္တမွ် တန္ဆာဆင္ထားတာကို တအံ့တၾသ ေတ႔ြလိုက္ၾကရေတာ႔တယ္ ။

ထိုင္ဝံ့စရာမရွိတဲ႔ ဧည္႔ခန္းေဆာင္ထဲ ျပန္ေရာက္လာေတာ႔ မုတ္ဆိတ္နီၾကီးကသူတို႔ကို သူ႔ဇနီးနဲ႔မိတ္ဆက္ေပးတယ္။ အမ်ိုဳးသမီးက အသက္သံုးဆယ္ဝန္းက်င္ေလာက္ရွိျပီး အံ့ၾသစရာေကာင္းေလာက္ေအာင္ တင္႔တယ္ေခ်ာေမာလွသေလာက္ အလြန္လဲ ပ်ဴငွာေဖာ္ေရြေတာ႔ လီဆင္းတို႔မွာ ကိုယ္႔ေဆြမ်ိဳးနဲ႔ျပန္ေတြ႕ေနရသလိုပါပဲ ။
ညစာစားၾကေတာ႔ မုတ္ဆိတ္နီၾကီးတို႔ ကိုယ္ပိုင္ သီခ်င္းသည္မေလးက လီဆင္းတို႔တခါမွ မၾကားဖူးတဲ႔ဘာသာစကားမ်ိဳးနဲ႔ အလြန္သာယာစြာသီဆိုဧည္႔ခံတယ္။ စားေသာက္ၾကလို႔ ၿပီးခါနီးေတာ႔ ေတာင္႔ေတာင္႔တင္းတင္း အေစခံဆယ္ေယာက္က သစ္မာသားလင္ဗန္းၾကီးေတြကို ပိုးစေတြအုပ္လို႔ ယူလာျပီးသူ တို႔ရဲ႕အေရွ႕ဘက္နံရံနားက ခံုပုေလးေတြေပၚလာခ်တယ္။ အားလံုးအသင္႔ျဖစ္ေတာ႔မွ မုတ္ဆိတ္နီၾကီးက
လီဆင္းကိုေခၚတယ္။

“…လာေဟ႔..လီဆင္းနဲ႔ငါ႔ႏွမ.. မင္းတို႔ကိုျပစရာရွိတယ္…”

ေျပာေျပာဆိုဆိုနဲ႔ အုပ္ထားတဲ႔ပိုးစေတြကို အသာလွပ္လိုက္ေတာ႔ စာရြက္စာတမ္းေတြ ၊ မွတ္တမ္းမွတ္ရာေတြ ၊ စာခ်ဳပ္ေတြ ၊ ေသာ႔တြဲေတြ စတာေတြကိုအပံုလိုက္ၾကီးေတြ႔လိုက္ရတယ္ ။ မုတ္ဆိတ္နီၾကီး က ဒါေတြကို လီဆင္းဘက္တြန္းပို႔ရင္း ဆိုတယ္ ။

“…ဒါေတြအားလံုးနဲ႔..တျခားအတြင္းပစၥည္းေတြကိုေပါင္းလုိက္ရင္…ေငြစတသိန္းေက်ာ္ေက်ာ္..
တန္ေၾကးရွိတယ္…. ဒါဟာမင္းတို႔ ဇနီးေမာင္ႏွံအတြက္ တို႔ေတြရဲ႕ ႏႈတ္ဆက္လက္ေဆာင္ပဲ… ဒါေတြအားလံုးကို အေရးေတာ္ပံုစလာရင္.. လက္နက္ခဲယမ္းမီးေက်ာက္တို႔.. ေၾကးစားစစ္သားတပ္တို႔ကို ဝယ္ယူဖုိ႔အတြက္
ရည္ရြယ္ျပီးစုေဆာင္းထားခဲ႔တာကြဲ႕... မင္းရိပ္မိေနသလို ငါဟာနဂါးပလႅင္ကို ဆက္ခံႏိုင္ဖို႔ၾကိဳးစားခဲ႔တာပဲ.. အခုေတာ႔ နဂါးပလႅင္ကိုဆက္ခံမဲ႔သူကို မ်က္ျမင္ေတြ႔ျပီးေနာက္မွာ... ဒါေတြကို ဒီေျမမွာအသံုးခ်ဖို႔အေၾကာင္း မရွိေတာ႔ဘူး…. တိုင္ယြမ္ေနာင္ေတာ္ေလး လီယွီမင္းဟာ ဧကရာဇ္ျဖစ္ဖို႔ကံဇာတာပါလာသူပါပဲ.. ၾကမၼာက
ဆံုးျဖတ္ျပီးသားကို ငါေျပာင္းလဲလို႔မရႏိုင္ဘူး… ဒီေတာ႔မင္းကဒီဥစၥာပစၥည္းေတြကို ဆက္ခံျပီး.. နဂါးျဖစ္လာမဲ႔သူ.. သူ႔အရိုက္အရာမွန္ကို ေရာက္တဲ႔အထိတတ္ႏိုင္သေလာက္ အကူအညီေပးလိုက္ပါ… မင္းကိုသင္ၾကားျပခ႔ဲတဲ့ ေသနဂဗၤ ်ဴဟာေတြ စစ္ပညာေတြကို ထုတ္သံုးဖို႔မေမ႔န႔ဲ... ေနာင္ငါးႏွစ္ကေန ဆယ္ႏွစ္အတြင္းမွာ တိုင္ယြမ္နဂါးဟာ ဟန္ႏိုင္ငံတခုလံုးကို ေအာင္နိုင္သူ ျဖစ္လာလိမ္႔မယ္… သူ႔ကိုသာ သစၥာေစာင္႔သိျပီး ရြပ္ရြပ္ခၽံြခြ်ံအမႈထမ္းရင္ ေနာင္တခ်ိန္မွာ.. မင္းသူေကာင္းျပဳျခင္းခံရမွာပဲ… ငါကေတာ့.. ငါရ႕ဲရည္ရြယ္ခ်က္ျပီးေျမာက္ေအာင္ ခရီးထြက္ရေတာ႔မယ္…. ေနာင္ဆယ္ႏွစ္ ဆယ္႔ႏွစ္ႏွစ္ေလာက္ၾကာလို႔.. ဟန္ႏိုင္ငံၾကီးရဲ႕ အိမ္နီးခ်င္းတေျပတႏိုင္ငံမွာ.. မင္းဆက္အသစ္ တည္ေထာင္ျပီဆိုတာၾကားမိရင္... ငါ႔ရည္ရြယ္ခ်က္ ၿပီးေျမာက္ေအာင္ျမင္ခဲ႔ျပီ ဆိုတာမင္းတို႔နားလည္ဖို႔ပဲ… အဲဒီအခါမွာ ငါရိွရာအေရွ႕ေတာင္အရပ္ကို လွည္႔လို႔ မင္းန႔ဲငါ႔နွမတို႔ အရက္တစ္ခြက္စီ္နဲ႔ ဂုဏ္ျပဳေပးၾကေပါ႔….ဟုတ္ျပီလား……”

ျပီးေတာ႔ေစာင္႔ဆိုင္းေနၾကတဲ႔ အိမ္ေတာ္သားေတြနဲ႔ အေစခံေတြဘက္ကိုလွည္႔ျပီးဆိုျပန္တယ္ ။

“….ေဟာဒီလီသခင္ေလးဟာ.. ငါ႔အရိုက္အရာကိုဆက္ခံသူပဲ…. ငါ႔ႏွမဟာလဲ.. ဒီအိမ္ေတာ္ရဲ႕ပထမ သခင္မၾကီးျဖစ္ခဲ႔ျပီ… ဒီေတာ႔ငါတို႔ကို ေလးစားျမတ္ႏိုးသလို.. သူတို႔ဇနီးေမာင္ႏွံကို သစၥာရွိရိွနဲ႔ ခစားျပဳစုၾကကြဲ႕….”

အဲဒီလိုမွာစရာရွိတာလဲမွာျပီးေရာ မုတ္ဆိတ္နီၾကီးနဲ႔သူ႔ဇနီးဟာ ခရီးသြားအဝတ္ ရိုးရိုးေတြကိုပဲဆင္လို႔ ျမင္းတစီးစီနဲ႔ သစၥာရွိကၽြန္ယံုတေယာက္ကိုပဲ အေဖာ္ျပဳလို႔ ထြက္ခြာသြားၾကတယ္။ အဲဒီေန႔ကစျပီးသူတို႔ကို ဘယ္ေတာ႔မွ ျပန္မေတြ႔ၾကရေတာ႔ဘူး ။ ဒီလိုနဲ႔ အေရးေတာ္ပံုၾကီးစလာလုိက္တာ လီဆင္းမွာ ႏွစ္ေပါင္းေတာ္ေတာ္ၾကာကို ဟန္ႏိုင္ငံၾကီးတခုလံုး တိုင္ယြမ္ေနာင္ေတာ္ေလးရဲ႕လက္ေအာက္ကို္ ေရာက္ေစဖို႔ တိုက္ပြဲေတြတပဲျြပီးတစ္ပြဲေအာင္လို႔ မီးကုန္ယမ္းကုန္ၾကိဳးစားရင္း အလုပ္မ်ားေနတယ္။ တန္မင္းဆက္သစ္တည္ေထာင္လို႔ ႏိုင္ငံေတာ္တခုလံုး ဧကရာဇ္လီယွီမင္းရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ျငိမ္းခ်မ္းသာယာဝေျပာစ ျပဳလာခ်ိန္မွာေတာ႔ လီဆင္းဟာ
မင္းေကာင္းမင္းျမတ္ လီယွီမင္းရဲ႕ ညာလက္ရံုး ေသြးေသာက္ၾကီးျဖစ္လာရံုမွ်မကဘဲ တန္တပ္မေတာ္ၾကီးရဲ႕ စစ္ေသနာပတိခ်ဳပ္ ျဖစ္လာခဲ႔ျပီ ။ တေန႔မွာေတာ႔ စစ္ေသနာပတိလီဆင္းဆီကို နယ္ျခားသူလွ်ိဳေတြဆီက အစီရင္ခံစာတခု ေရာက္လာတယ္။ အစီအရင္ခံစာထဲမွာ ေဖာ္ျပထားတာကေတာ႔ ဟန္ႏိုင္ငံေတာ္ နယ္နမိတ္ရဲ႕တဘက္ ေတာင္ဘက္စြန္းစြန္းက ဖူယူဆိုတဲ႔နိုင္ငံငယ္ကို လူအင္အား ငါးသိန္းေလာက္ရွိတဲ႔ တပ္မၾကီးတခုက ဝင္သိ္မ္းပိုက္ျပီး နာမည္မသိရေသးတဲ႔ စစ္ေခါင္းေဆာင္ဟာ မင္းအဆက္အသစ္ကို စတည္ေထာင္ေနျပီလို႔ဆိုတယ္။ ဒီသတင္းကိုၾကားၾကားခ်ငး္ ေသနာပတိ လီဆင္းဟာ ေနာက္ဆံုးမွာေတာ႔ သူတို႔ရဲ႕ေက်းဇူးရွင္ အကိုၾကီး မုတ္ဆိတ္နီတေယာက္ သူ႔ရဲ႕ရည္ရြယ္ခ်က္ ၿပီးေျမာက္ေအာင္ျမင္သြားျပီဆိုတာ သိလိုက္ရတယ္။ ဘုရင္ကလြဲရင္ တထစ္မွမေလွ်ာ႔ခ်င္တဲ႔ သူတို႔ရဲ႕ မုတ္ဆိတ္နီၾကီးဟာ လီယွီမင္းလက္ေအာက္မွာ စစ္ေသနာပတိခ်ဳပ္လို ၊ မွဴးၾကီးမတ္ရာလို ရာထူးမ်ိဳးရႏိုင္တာကိုိ စြန္႔လႊတ္ျပီး ႏိုင္ငံငယ္ေလးတခုရဲ႕ ဘုရင္ဘဝကိုသာ ေရြးခ်ယ္ခဲ့တာကိုသိလိုက္ရေတာ႔ လီဆင္းဟာ ႏြားရ႕ဲအျမီးအျဖစ္ခံမ႔ဲအစား ၾကက္ရ႕ဲ ဦးေခါင္းပဲလုပ္ေတာ႔မယ္ လို႔ မုတ္ဆိတ္နီၾကီး ေပာခဲ႔တာကို ျပန္အမွတ္ရမိပါတယ္။ ေနာက္ဆုံးေတာ႔ သူရည္ရယ္ခ႔ဲသလိုပ ဲ ႏိုင္ငံတခုရဲ႕ ဧကရာဇ္စင္စစ္ျဖစ္ခဲ႔ျပီေပါ႔။ လီဆင္း ညအိမ္ျပန္ေရာက္လို႔ သူ႔ဇနီးကို ဒီသတင္းေျပာျပေတာ႔ ခ်န္က မ်က္ရည္လည္ရြဲနဲ႔ဆိုတယ္ ။

“….ေၾသာ္..ေက်းဇူးရွင္.. မုတ္ဆိတ္နီလူၾကမ္းၾကီး… အခုေတာ႔ သူ႔ရည္ရြယ္ခ်က္ျပီးေျမာက္ခဲ႔ရွာျပီ…..
လြမ္းလိုက္ပါဘိေတာ႔… အကိုၾကီးရယ္……”

ေနာက္ျပီး မုတ္ဆိတ္နီၾကီးမွာခ႔ဲတ႔ဲအတိုင္း ႏွစ္ေယာက္သားရင္ျပင္ေတာ္ဘက္ကိုထြက္လို႔ ဖေယာင္းတိုင္နီႏွစ္တိုင္ကိုမီးညိွျပီး အေရွ႕ေတာင္စူးစူးကို မ်က္ႏွာမူကာ အရက္ခြက္ေျမွာက္လို႔ ဂုဏ္ျပဳၾကတယ္ ။
ခ်န္ က ပီတိမ်က္ရည္စေတြကိုသိမ္းလို႔ လီဆင္းကိုေတာင္းဆိုတယ္။

“…ေမာင္ေရ….မုတ္ဆိတ္နီၾကီးအတြက္ တခုခုလုပ္ေပးလို႔မရဘူးလားဟင္… ဥပမာ..မင္းၾကီးဆီက ဂုဏ္ျပဳသဝဏ္လႊာ ေတာင္းေပးတာမ်ိဳးေပါ႔…”

“…သင္႔ေတာ္မယ္မထင္ဘူးကြယ္…. တို႔အကိုၾကီးဟာ သူကိုယ္တိုင္ေတာင္ ေရေျမ႕သနင္း..ျပည္႔ရွင္မင္း တပါးျဖစ္ေနမွပဲ.. ႏိုင္ငံၾကီးကသဝဏ္လႊာဟာ.. သူ႔ကိုနွိမ္႔ခ်ရာ ေရာက္တဲ႔အျပင္.. စိုးရိမ္စိတ္ပြားေအာင္ လုပ္သလိုျဖစ္ေနလိမ္႔မယ္… အကိုၾကီးဟာ ဘယ္သူ႔ေက်းဇူးခံေက်းဇူးစားမွ အျဖစ္ခံမဲ႔သူမ်ိဳး မဟုတ္ဘူး… သူလဲ ဧကရာဇ္တပါးေပကိုးကြဲ႕… မုတ္ဆိတ္နီၾကီးကေတာ႔ ရွာမွရွားဆိုတဲ႔သူပါပဲ…..”

အင္း…….လီဆင္းေျပာသလို တကယ႔္ကို ရွာမွရွားဆိုတ႔ဲသူပါပဲ။

===============================








မုတ်ဆိတ်နီကြီး (အပိုင်း - ၄)

ဒါနဲ့နှစ်လပိုင်းရောက်လို့ ချိန်းဆိုထားတဲ့နေ့မှာ လီဆင်းနဲ့သူ့ဇနီးချန်မိန်းကလေးဟာ လိုယန်မြို့ကို
ရောက်လာကြတယ်။ အချိန်းအချက်လုပ်ထားတဲ့ အရှေ့တံခါးမြင်းစောင်းနားက အရက်ဆိုင်မှာ မုတ်ဆိတ်နီကြီးပြောခဲ့တဲ့အတိုင်း မြည်းပိန်လေးနဲ့ လားနက်တကောင်ချည်လို့။ ဒါနဲ့သူတို့မောင်နံှ အပေါ် ထပ်ကိုတက်သွားကြတာပေါ့ ။

“….မင်းတို့ရောက်လောက်ပြီလို့တော့.. ထင်သားကွ…လာကြ..လာကြ…..”

ဆိုပြီးမုတ်ဆိတ်နီကြီးက ဝမ်းသာအယ်လဲ ကြိုဆိုရင်း သူ့မိတ်ဆွေ တာအိုအတွေးအခေါ်ပညာရှင်ဆိုသူနဲ့
မိတ်ဆက်ပေးတယ်။ ဒီလူက ဗေဒင်လက္ခဏာ ၊ ဆန်းကျမ်း ၊ သျှတ္တရ ၊ အဂ္င်္ဂဝိဇ္ဖာ ၊ နက္ခတ်ပညာ၊ မှော် အတတ် ၊ ဆေးပညာ ၊ အဂ္ဂရိယတ် အစရှိတဲ့ လောကီပညာရပ်မှန်သမျှကို အရည်ကျို သောက်ထားသူပေါ့ ။ အသံတိုးတိုးလေးနဲ့ စကားပြောတတ်ပြီး အင်မတန်နှုတ်နည်းတဲ့ ဒီတာအိုသမားဟာ သူ့ဝသီအတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လီဆင်းတို့မောင်နှံကို အကဲခတ်နေပြီး တိုးတိုးသက်သာဆိုတယ်။

“…ဆိုတော့..ခင်ဗျားက.. ကလောင်ကိုလွှတ်ပြီး ဓါးလွတ်ကိုင်ဖို့ရွေးချယ်ခဲ့တာပဲနော်….”

“…အေးဗျာ… ဒီခေတ်ကြီးမှာ လက်ရုံးရည်ကို ပိုလိုအပ်တယ်လို့ ကျုပ်ယုံကြည်သဗျ….”

လို့သာပြန်ပြောပေမဲ့ လီဆင်းရဲ့စိတ်ထဲမှာတော့ ဒီတာအိုပညာရှင် မှန်ကန်လှတာကို ကြိတ်ပြီး ချီးကျူးမိတယ်။ တကယ်လဲ လီဆင်းဟာ အသက်ဆယ့်ခြောက်ဆယ့်ခွန်လောက်အထိ စာပေကို အထူးတလည် လိုက်စားခဲ့တော့ စာပေအလင်္ကာအရာမှာ အလွန်တတ်ပွန် ကျွမ်းကျင်တဲ့သူပါပဲ။ ဒါကြောင့်မို့ စစ်သားကြီးလုံးလုံး အနေနဲ့ပဲ ဘဝကိုမြှုပ်နှံမလား ၊ စာပေပညာရှင်အနေနဲ့ပဲ ဘဝကိုဖြတ်သန်းမလား ဆိုတဲ့ဆုံးဖြတ်ချက်ကြားမှာ လီဆင်းအတော် အကြပ်ရိုက်ခဲ့ရဖူးတယ်။ စကားပြောဆို မိတ်ဆက်ပြီးကြတော့ မုတ်ဆိတ်နီကြီးက သူတို့ဇနီးမောင်နှံအတွက် အရက်ဆိုင်
အပေါ်ထပ်က အခန်းလေးတခုကိုပေးတယ် ။

“…ဒါမင်းတို့အတွက်.. ငါပြင်ထားတဲ့အခန်းပဲ… စိတ်အေးချမ်းသာနေကြပေရော့… ဒီအရက်ဆိုင်ကို ငါပိုင်တယ်ကွဲ့…. ဆိုင်ကငွေစတွေကို လိုသလောက်သာယူသုံးကြ.. ဟုတ်ပြီလား… လီဆင်းကလဲ ငါ့နှမကို အဝတ်လေးဘာလေးဝယ်ဆင်ပေါ့… ကိုင်း.. နားကြတော့……”

ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် မုတ်ဆိတ်နီကြီးရဲ့ အရက်ဆိုင်မှာ အခြေတကျ တက်နေဖြစ်သွားကြတယ် ။ မုတ်ဆိတ်နီကြီးကတော့ သူတို့ဆီ မကြာမကြာလာပြီး ညဉ့်နက်တဲ့အထိ စကားပြောတတ်တယ်။ များသောအားဖြင့်တော့ သေနင်္ဂဗျူဟာတွေနဲ့ စစ်ပရိယာယ်တွေ အကြောင်းပါပဲ ။ ဒီမှာတင် မုတ်ဆိတ်နီကြီးဟာ စစ်မက်ရေးရာမှာ အလွန်ကျွမ်းကျင်နံှ့စပ်တာကို တအံ့တသြသိလိုက်ရတဲ့ လီဆင်းကတော့ သူ့ဆီကနေ သင်ယူလို့ကိုမဆုံးဘူး။ တကယ်လဲ နောင်မှာလီဆင်းဟာ မုတ်ဆိတ်နီကြီးဆီက ရလိုက်တဲ့ ပညာတွေကို မကြာမကြာ အသုံးပြုလေ့ရှိတယ်။ စစ်ပရိယာယ်ဆိုတာ အများနားလည်ကြသလို လက်ရုံးချင်း သက်သက်သာ ယှဉ်ပြိုင်ရုံနဲ့မပြီးပေဘူး ။ ရန်သူကို နားလည်ပြီး ရန်သူ့အားနည်းချက်ကို ကြည့်တတ်မြင်တတ်မှသာ အချက်တရာ ထိုးနှက်ရမဲ့နေရာမှာ တချက်တည်းနဲ့ ကိစ္စပြီးစေနိုင်မှာကိုး။ မြွေဆိုးများကို သုတ်သင်ရင် အမြီးကိုအချက်တရာ ခုတ်မဲ့အစား ခေါင်းကို တချက်တည်းခုတ်ဖြတ်မှသာ အသေသတ်နိုင် သလိုပေါ့ ။ ဒါ့အပြင် ရန်သူကို ထိပ်တိုက်ရင်ဆိုင်တာထက် ဘေးကနေပန်းပြီး ကျုံးသွင်းသလိုတိုက်သွားတာက ပိုပြီး အကျိုးသက်ရောက်မှုရှိကြောင်း စတာတွေပေါ့။ လီဆင်းနဲ့မုတ်ဆိတ်နီကြီးဟာ သန်းခေါင်သန်းလွဲအထိ မမောနိုင်မပန်းနိုင် ထိုင်ဆွေးနွေးတတ်ကြတယ်။ တဦးနဲ့တဦး အယူအဆတွေ ၊ စစ်ပညာတွေဖလှယ်ရင်းပေါ့။ တာအိုဆရာပါလာတတ်တဲ့အခါမျိုးဆိုရင် သူကတော့ တိုင်ယွမ်ဘက်ကိုဦးတည်ပြီး
ညကောင်းကင်ပေါ်က ကြယ်တာရာ နဂါးငွေ့တန်းတွေ ၊ ဂြိုလ်နက္ခတ်တွေနဲ့ လထီးဆောင်းတာ ၊ ဥပါပျံတာ အစရှိတာတွေကို လေ့လာရင်းတွက်ချက်နေတတ်တယ်။ ဒီလိုနဲ့ နှစ်ပတ်သုံးပတ်လောက်လဲနေကြရော တာအိုဆရာက သူ တိုင်ယွမ်နဂါး လီယှီမင်းကို ဆုံချင်တယ်လို့ပြောလာတော့ မုတ်ဆိတ်နီကြီးက လီဆင်းကိုအကူအညီတောင်းတယ်။

“…လီဆင်းရေ…..ငါ့မိတ်ဆွေကို လီယှီမင်းနဲ့တွေ့နိုင်ဖို့ စီစဉ်ပေးပါဦး…. တိုင်ယွမ်နဂါးဟာတကယ့် နဂါးအစစ် ဟုတ်မဟုတ်ငါသေချာချင်တယ်.. ငါ့မိတ်ဆွေကတော့ သေချာပြောနိုင်မှာပဲ… ဒါမှဆုံးဖြတ်စရာရှိတာ ဆုံးဖြတ်ကြရမှာ…..”

“…တကယ်လို့တိုင်ယွမ်နောင်တော်လေးသာ.. တကယ့်နဂါးဆိုရင် အကိုကြီးဘာလုပ်မလဲ… တိုက်မလား…ပူးပေါင်းမလား….”

“…သူသာနဂါးမှန်ခဲ့ရင်.. ကံကြမ္မာကိုခံတိုက်လို့်.. ငါမိုက်ရာကျတော့မပေါ့ကွာ…..”

“…ဒါဆိုပူးပေါင်းမယ်ဆိုတဲ့သဘောလား… အကိုကြီး….”

လို့လီဆင်းကမေးတော့ မုတ်ဆိတ်ကြီးက ရယ်တယ် ။

“…မင်းကလဲကွာ... လုပ်ကရော့မယ်…”

ဆိုပြီး နွားအမြီးဖြစ်ခံမဲ့အစားတော့ ကြက်ရဲ့ဦးခေါင်းပဲ လုပ်တော့မယ် ဆိုတဲ့ ဆိုရိုးစကားတခုကို ပုံခိုင်းပြီး စကားစကို ဖြတ်ပစ်လိုက်တယ်။ နောက်နေ့ကျတော့ သူတို့တိုင်ယွမ်ကိုသွားကြတယ် ။ လီဆင်းက
သူ့မိတ်ဆွေလျူကို တာအိုအတွေးအခေါ် ပညာရှင်နဲ့မိတ်ဆက်ပေးတယ် ။ ဗေဒင်ပညာကို ကျွမ်းကျင်သူဆိုတာ သိလိုက်ရတော့ ထုံးစံအတိုင်း လျူဝမ်စင်းကတော့အတိုင်းထက်အလွန်ပေါ့လေ။ အရေးတော်ပုံက နေ့လားညလား အခြေအနေ မဟုတ်လား။ သူတို့ရောက်ကြတော့ လျူဝမ်စင်းက သူ့မိတ်ဆွေတွေနဲ့ စစ်တုရင်ကစားနေတာနဲ့ တာအိုသမားကိုလည်း တပွဲတလမ်းဝင်စမ်းဖို့ခေါ်တယ်။ သူတို့ကစားနေကြတုန်းမှာပဲ လီယှီမင်းကိုစာပို့ပြီး စစ်တုရင်ပွဲလာကြည့်ဖို့ ဖိတ်လိုက်တော့ ခဏကြာတော့ ရောက်လာတယ်။ မုတ်ဆိတ်ကြီးနဲ့ လီဆင်းတို့ကတော့ ပွဲကြည့်သမားပေါ့။ လီယှီမင်းကတော့ ငြိမ်ငြိမ်လေးပဲ စစ်တုရင်ပွဲကိုကြည့်နေတယ်။ လောကမှာ ရဲရင့်တဲ့စစ်သည်သူရဲကောင်းတွေ ဘယ်လောက်များနေပစေ နဂါးအစစ်ကတော့ တကောင်ပဲရှိနိုင်မယ်ဆိုတဲ့အတိုင်း စစ်ရည်ဝနေတဲ့ စစ်သားလူကြမ်းကြီးတွေ၊ စစ်ပရိယာယ်ကျွမ်းကျင်သူ ရဲမက်တွေ ၊ ဓါးရေးကျေညက်လှတဲ့ သူရဲကောင်းတွေ ပြည့်နေတဲ့ အခန်းထဲမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေတဲ့ နောင်တော်လေးကတော့ တမျိုးတဘာသာ ကွဲထွက်နေတာပဲ။ တာအိုသမားကတော့ စစ်တုရင်ပွဲမှာ စိတ်မြှုပ်ထားသလိုထင်ရပေမဲ့ တကယ်ကတော့ တိုင်ယွမ်နဂါးလီယှီမင်းရဲ့အမူအရာ အသေးစိတ်
လက္ခဏာကြီးငယ်မှန်သမျှနဲ့ အသက်ရှူသံပါ မကျန်အောင် လေ့လာအကဲဖြတ်နေခဲ့တယ်။ လီယှီမင်းခါး မတ်ရင်ဖွင့်ပြီး ထိုင်နေပုံ ၊ ပခုံးကိုချီထားပြီး လက်နှစ်ဖက်ကခိုချထားတဲ့ ဒူးတွေပေါ်မှာမာန်ပါပါထောက်ထားတာ ၊ စစ်တုရင်ပွဲကိုကြည့်ရင်း မကြာခဏဆိုသလို မျက်ခုံးနက်နက်တွေက မဆိုစလောက် တွန့်ချိုးသွားတာတွေ ၊ နောက်ပြီး ကစားနေကြတဲ့ စစ်တုရင်ကွက်အားလုံးကို နားလည်နေရုံတင် မကဘဲ နှစ်ကွက်သုံးကွက်လောက် ကြိုမြင်ဟန်နဲ့ မျက်လုံးဖျတ်ကနဲဖျတ်ကနဲ တောက်ပသွားဟန် စတာတွေကို အသေးစိတ်ကျေနပ်အောင် လေ့လာပြီးရော တာအိုသမားက စစ်တုရင်ခုံကနေ အသာခွာလိုက်ပြီး လျူဝမ်စင်းကိုပြောတယ်။

“…အင်း…ပွဲကတော့သိမ်းနေပါပြီဗျာ… ဆက်ကစားနေလို့လဲအပိုပါပဲ…. ခင်ဗျားနယ်ရုပ်ရွှေ့တာ အင်မတန်သပ်ရပ်တော့.. ကျုပ်ဘယ်လိုမှ ဆယ်လို့မရတော့ပါဘူး… အရှုံးပေးပါတယ်ဗျာ…”

ပွဲကြည့်ပရိသတ်တွေ အမြင်အရကတော့ တာအိုသမားပြောသလောက်လဲ ဆိုးရွားသေးတာ မဟုတ်ပေမဲ့ ဆက်ကစားရင်လဲ မနိုင်တော့မှာ သေချာသလောက်ပဲဆိုတော့ စောစောစီးစီး ထွက်သွားတာ မှန်တယ်ဆိုရပေမပေါ့ ။ တာအိုဆရာ သက်ပြင်းချရင်း အသာပဲနေရာကထတယ်။ ပွဲလဲပြီးပြီဆိုတော့ သုံးယောက်သား အိမ်ရှင်တွေကိုနှုတ်ဆက်ပြီး ပြန်လာခဲ့ကြတယ် ။ အပြင်လဲရောက်ကြရော တာအိုသမားကမုတ်ဆိတ်နီကြီးကိုပြောတယ်။

“….ရောင်းရင်းရေ… အထဲမှာထိုင်နေသူကတော့.. နဂါးပလ္လင်ကိုဆက်ခံမဲ့သူပဲဗျ…. ခင်ဗျားရဲ့ပွဲကတော့ မစခင်ကိုလမ်းဆုံးနေပြီ…. ဒီနိုင်ငံမှာခင်ဗျားအတွက် မျှော်လင့်ချက် မရှိတော့ဘူး… တခြားတပြေတနိုင်ငံမှာသာ သွားကြိုးစားပေရော့….”

တာအိုဆရာရဲ့စကားကိုကြားလိုက်ရတာနဲ့ ဒီရက်အတောအတွင်းမှာ ပထမဆုံးအကြိမ် မုတ်ဆိတ်နီကြီးကို အကြောအချင်တွေ ပြေလျော့သွားသလို စိတ်အေးလက်အေးပုံစံမျိုး တွေ့လိုက်ရတော့ တခုခုတော့ တခုခုပဲဆိုတာ လီဆင်းရိပ်မိလိုက်တယ်။

“…ငါ့ညီ..လီဆင်းရေ… အခြေအနေတွေကတော့.. ပြောင်းကုန်ပြီ… ငါ့အစီအစဉ်တွေကို ပြောင်းရတော့မယ်… မင်းတို့ဇနီးမောင်နှံ.. လိုယန်မှာပဲနေရင်း.. ငါပြန်လာတဲ့အထိ စောင့်ပါကွာ… ငါနောက်နှစ်ပတ်ကြာရင် ပြန်ရောက်မယ်……”

လို့ပြောပြီး ရုတ်ချည်းလမ်းခွဲထွက်သွားရော ။ လီဆင်းလဲ တာအိုသမားနဲ့နှစ်ယောက်သား လိုယန်ကိုပြန်လာကြတယ် ။ သီတင်းနှစ်ပတ် အကြာမှာ ပြောခဲ့တဲ့အတိုင်းပဲ မုတ်ဆိတ်နီကြီးပြန်ရောက်လာပြီး လီဆင်းတို့ဇနီး
မောင်နှံကိုလာခေါ်တယ်။

“…ကိုင်း….လီဆင်းနဲ့ငါ့နှမ… ငါ့အိမ်ကို လိုက်ခဲ့ကြဦးကွဲ့… မင်းတို့ကို ငါ့ဇနီးနဲ့ အသိအကျွမ်းဖွဲ့ပေးရမယ်… ဒါ့အပြင် အရေးကြီးတဲ့ ကိစ္စတခုကိုလဲ.. မင်းတို့လက်ထဲ အပ်စရာရှိတယ်…..”

သူတို့တွေသိကျွမ်းခင်မင်လာတဲ့ တလျှောက်လုံးမှာ မုတ်ဆိတ်နီကြီးဘယ်နားနေတယ် ဆိုတာကို
တောင်လီဆင်းတို့မသိကြဘူး။ ဒီလူကြီးကတော့ အင်မတန်လျှို့ဝှက်သိုသိပ်သလောက် လုပ်လိုက်ရင်လဲ အဆန်းတွေချည်းမို့ လီဆင်းတို့မှာအံ့သြပြီးရင်း အံ့သြလို့သာ နေကြရတာကိုး။ ဒါနဲ့သူတို့ကို မုတ်ဆိတ်နီကြီးက တံခါးခပ်သေးသေးတချပ်တည်းရှိတဲ့ ဝင်းတံခါးအဝ တခုဆီခေါ်သွားတယ် ။ ဒါပေမဲ့ အထဲရောက်လို့ ပထမရင်ပြင်လဲကျော်မိရော အင်မတန်မှကြီးကျယ်ခမ်းနားတဲ့ ခန်းမဆောင်တခုဆီကို ရောက်လာကြတယ်။ အစေခံတွေ ၊ ကျွန်မတွေ တကျိပ်ကျော်ကျော်လောက်က အသင့်ခစားလို့နေကြတဲ့အိမ်တော်မှာ
လီဆင်းတို့မောင်နှံကို အရှေ့ဘက်အခန်းထဲ ကိုယ်လက်သန့်စင်ဖို့ ခေါ်သွားကြတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းကြေးမုံချပ်တွေ ၊ ကြေးဝါရေချိုးကန်တွေ၊ သလင်းပန်းဆွဲမီးအိမ်တွေ ၊ သစ်မွှေးပရိဘောဂတွေ ပန်းထွင်းမှန်ကူကွက်ဆွဲ တံခါးတွေန့ ဲ နန်းတော်တမျှ တန်ဆာဆင်ထားတာကို တအံ့တသြ တေ့ွလိုက်ကြရတော့တယ် ။

ထိုင်ဝံ့စရာမရှိတဲ့ ဧည့်ခန်းဆောင်ထဲ ပြန်ရောက်လာတော့ မုတ်ဆိတ်နီကြီးကသူတို့ကို သူ့ဇနီးနဲ့မိတ်ဆက်ပေးတယ်။ အမျိုုးသမီးက အသက်သုံးဆယ်ဝန်းကျင်လောက်ရှိပြီး အံ့သြစရာကောင်းလောက်အောင် တင့်တယ်ချောမောလှသလောက် အလွန်လဲ ပျူငှာဖော်ရွေတော့ လီဆင်းတို့မှာ ကိုယ့်ဆွေမျိုးနဲ့ပြန်တွေ့နေရသလိုပါပဲ ။
ညစာစားကြတော့ မုတ်ဆိတ်နီကြီးတို့ ကိုယ်ပိုင် သီချင်းသည်မလေးက လီဆင်းတို့တခါမှ မကြားဖူးတဲ့ဘာသာစကားမျိုးနဲ့ အလွန်သာယာစွာသီဆိုဧည့်ခံတယ်။ စားသောက်ကြလို့ ပြီးခါနီးတော့ တောင့်တောင့်တင်းတင်း အစေခံဆယ်ယောက်က သစ်မာသားလင်ဗန်းကြီးတွေကို ပိုးစတွေအုပ်လို့ ယူလာပြီးသူ တို့ရဲ့အရှေ့ဘက်နံရံနားက ခုံပုလေးတွေပေါ်လာချတယ်။ အားလုံးအသင့်ဖြစ်တော့မှ မုတ်ဆိတ်နီကြီးက
လီဆင်းကိုခေါ်တယ်။

“…လာဟေ့..လီဆင်းနဲ့ငါ့နှမ.. မင်းတို့ကိုပြစရာရှိတယ်…”

ပြောပြောဆိုဆိုနဲ့ အုပ်ထားတဲ့ပိုးစတွေကို အသာလှပ်လိုက်တော့ စာရွက်စာတမ်းတွေ ၊ မှတ်တမ်းမှတ်ရာတွေ ၊ စာချုပ်တွေ ၊ သော့တွဲတွေ စတာတွေကိုအပုံလိုက်ကြီးတွေ့လိုက်ရတယ် ။ မုတ်ဆိတ်နီကြီး က ဒါတွေကို လီဆင်းဘက်တွန်းပို့ရင်း ဆိုတယ် ။

“…ဒါတွေအားလုံးနဲ့..တခြားအတွင်းပစ္စည်းတွေကိုပေါင်းလိုက်ရင်…ငွေစတသိန်းကျော်ကျော်..
တန်ကြေးရှိတယ်…. ဒါဟာမင်းတို့ ဇနီးမောင်နှံအတွက် တို့တွေရဲ့ နှုတ်ဆက်လက်ဆောင်ပဲ… ဒါတွေအားလုံးကို အရေးတော်ပုံစလာရင်.. လက်နက်ခဲယမ်းမီးကျောက်တို့.. ကြေးစားစစ်သားတပ်တို့ကို ဝယ်ယူဖို့အတွက်
ရည်ရွယ်ပြီးစုဆောင်းထားခဲ့တာကွဲ့... မင်းရိပ်မိနေသလို ငါဟာနဂါးပလ္လင်ကို ဆက်ခံနိုင်ဖို့ကြိုးစားခဲ့တာပဲ.. အခုတော့ နဂါးပလ္လင်ကိုဆက်ခံမဲ့သူကို မျက်မြင်တွေ့ပြီးနောက်မှာ... ဒါတွေကို ဒီမြေမှာအသုံးချဖို့အကြောင်း မရှိတော့ဘူး…. တိုင်ယွမ်နောင်တော်လေး လီယှီမင်းဟာ ဧကရာဇ်ဖြစ်ဖို့ကံဇာတာပါလာသူပါပဲ.. ကြမ္မာက
ဆုံးဖြတ်ပြီးသားကို ငါပြောင်းလဲလို့မရနိုင်ဘူး… ဒီတော့မင်းကဒီဥစ္စာပစ္စည်းတွေကို ဆက်ခံပြီး.. နဂါးဖြစ်လာမဲ့သူ.. သူ့အရိုက်အရာမှန်ကို ရောက်တဲ့အထိတတ်နိုင်သလောက် အကူအညီပေးလိုက်ပါ… မင်းကိုသင်ကြားပြခဲ့တဲ့ သေနဂင်္ဗ ျူဟာတွေ စစ်ပညာတွေကို ထုတ်သုံးဖို့မမေ့နဲ့... နောင်ငါးနှစ်ကနေ ဆယ်နှစ်အတွင်းမှာ တိုင်ယွမ်နဂါးဟာ ဟန်နိုင်ငံတခုလုံးကို အောင်နိုင်သူ ဖြစ်လာလိမ့်မယ်… သူ့ကိုသာ သစ္စာစောင့်သိပြီး ရွပ်ရွပ်ချွံချွံအမှုထမ်းရင် နောင်တချိန်မှာ.. မင်းသူကောင်းပြုခြင်းခံရမှာပဲ… ငါကတော့.. ငါရဲ့ရည်ရွယ်ချက်ပြီးမြောက်အောင် ခရီးထွက်ရတော့မယ်…. နောင်ဆယ်နှစ် ဆယ့်နှစ်နှစ်လောက်ကြာလို့.. ဟန်နိုင်ငံကြီးရဲ့ အိမ်နီးချင်းတပြေတနိုင်ငံမှာ.. မင်းဆက်အသစ် တည်ထောင်ပြီဆိုတာကြားမိရင်... ငါ့ရည်ရွယ်ချက် ပြီးမြောက်အောင်မြင်ခဲ့ပြီ ဆိုတာမင်းတို့နားလည်ဖို့ပဲ… အဲဒီအခါမှာ ငါရှိရာအရှေ့တောင်အရပ်ကို လှည့်လို့ မင်းနဲ့ငါ့နှမတို့ အရက်တစ်ခွက်စီ်နဲ့ ဂုဏ်ပြုပေးကြပေါ့….ဟုတ်ပြီလား……”

ပြီးတော့စောင့်ဆိုင်းနေကြတဲ့ အိမ်တော်သားတွေနဲ့ အစေခံတွေဘက်ကိုလှည့်ပြီးဆိုပြန်တယ် ။

“….ဟောဒီလီသခင်လေးဟာ.. ငါ့အရိုက်အရာကိုဆက်ခံသူပဲ…. ငါ့နှမဟာလဲ.. ဒီအိမ်တော်ရဲ့ပထမ သခင်မကြီးဖြစ်ခဲ့ပြီ… ဒီတော့ငါတို့ကို လေးစားမြတ်နိုးသလို.. သူတို့ဇနီးမောင်နှံကို သစ္စာရှိရှိနဲ့ ခစားပြုစုကြကွဲ့….”

အဲဒီလိုမှာစရာရှိတာလဲမှာပြီးရော မုတ်ဆိတ်နီကြီးနဲ့သူ့ဇနီးဟာ ခရီးသွားအဝတ် ရိုးရိုးတွေကိုပဲဆင်လို့ မြင်းတစီးစီနဲ့ သစ္စာရှိကျွန်ယုံတယောက်ကိုပဲ အဖော်ပြုလို့ ထွက်ခွာသွားကြတယ်။ အဲဒီနေ့ကစပြီးသူတို့ကို ဘယ်တော့မှ ပြန်မတွေ့ကြရတော့ဘူး ။ ဒီလိုနဲ့ အရေးတော်ပုံကြီးစလာလိုက်တာ လီဆင်းမှာ နှစ်ပေါင်းတော်တော်ကြာကို ဟန်နိုင်ငံကြီးတခုလုံး တိုင်ယွမ်နောင်တော်လေးရဲ့လက်အောက်ကို ရောက်စေဖို့ တိုက်ပွဲတွေတပဲြွပီးတစ်ပွဲအောင်လို့ မီးကုန်ယမ်းကုန်ကြိုးစားရင်း အလုပ်များနေတယ်။ တန်မင်းဆက်သစ်တည်ထောင်လို့ နိုင်ငံတော်တခုလုံး ဧကရာဇ်လီယှီမင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ငြိမ်းချမ်းသာယာဝပြောစ ပြုလာချိန်မှာတော့ လီဆင်းဟာ
မင်းကောင်းမင်းမြတ် လီယှီမင်းရဲ့ ညာလက်ရုံး သွေးသောက်ကြီးဖြစ်လာရုံမျှမကဘဲ တန်တပ်မတော်ကြီးရဲ့ စစ်သေနာပတိချုပ် ဖြစ်လာခဲ့ပြီ ။ တနေ့မှာတော့ စစ်သေနာပတိလီဆင်းဆီကို နယ်ခြားသူလျှိုတွေဆီက အစီရင်ခံစာတခု ရောက်လာတယ်။ အစီအရင်ခံစာထဲမှာ ဖော်ပြထားတာကတော့ ဟန်နိုင်ငံတော် နယ်နမိတ်ရဲ့တဘက် တောင်ဘက်စွန်းစွန်းက ဖူယူဆိုတဲ့နိုင်ငံငယ်ကို လူအင်အား ငါးသိန်းလောက်ရှိတဲ့ တပ်မကြီးတခုက ဝင်သိမ်းပိုက်ပြီး နာမည်မသိရသေးတဲ့ စစ်ခေါင်းဆောင်ဟာ မင်းအဆက်အသစ်ကို စတည်ထောင်နေပြီလို့ဆိုတယ်။ ဒီသတင်းကိုကြားကြားချင်း သေနာပတိ လီဆင်းဟာ နောက်ဆုံးမှာတော့ သူတို့ရဲ့ကျေးဇူးရှင် အကိုကြီး မုတ်ဆိတ်နီတယောက် သူ့ရဲ့ရည်ရွယ်ချက် ပြီးမြောက်အောင်မြင်သွားပြီဆိုတာ သိလိုက်ရတယ်။ ဘုရင်ကလွဲရင် တထစ်မှမလျှော့ချင်တဲ့ သူတို့ရဲ့ မုတ်ဆိတ်နီကြီးဟာ လီယှီမင်းလက်အောက်မှာ စစ်သေနာပတိချုပ်လို ၊ မှူးကြီးမတ်ရာလို ရာထူးမျိုးရနိုင်တာကို စွန့်လွှတ်ပြီး နိုင်ငံငယ်လေးတခုရဲ့ ဘုရင်ဘဝကိုသာ ရွေးချယ်ခဲ့တာကိုသိလိုက်ရတော့ လီဆင်းဟာ နွားရဲ့အမြီးအဖြစ်ခံမဲ့အစား ကြက်ရဲ့ ဦးခေါင်းပဲလုပ်တော့မယ် လို့ မုတ်ဆိတ်နီကြီး ပောခဲ့တာကို ပြန်အမှတ်ရမိပါတယ်။ နောက်ဆုံးတော့ သူရည်ရယ်ခဲ့သလိုပ ဲ နိုင်ငံတခုရဲ့ ဧကရာဇ်စင်စစ်ဖြစ်ခဲ့ပြီပေါ့။ လီဆင်း ညအိမ်ပြန်ရောက်လို့ သူ့ဇနီးကို ဒီသတင်းပြောပြတော့ ချန်က မျက်ရည်လည်ရွဲနဲ့ဆိုတယ် ။

“….သြော်..ကျေးဇူးရှင်.. မုတ်ဆိတ်နီလူကြမ်းကြီး… အခုတော့ သူ့ရည်ရွယ်ချက်ပြီးမြောက်ခဲ့ရှာပြီ…..
လွမ်းလိုက်ပါဘိတော့… အကိုကြီးရယ်……”

နောက်ပြီး မုတ်ဆိတ်နီကြီးမှာခဲ့တဲ့အတိုင်း နှစ်ယောက်သားရင်ပြင်တော်ဘက်ကိုထွက်လို့ ဖယောင်းတိုင်နီနှစ်တိုင်ကိုမီးညှိပြီး အရှေ့တောင်စူးစူးကို မျက်နှာမူကာ အရက်ခွက်မြှောက်လို့ ဂုဏ်ပြုကြတယ် ။
ချန် က ပီတိမျက်ရည်စတွေကိုသိမ်းလို့ လီဆင်းကိုတောင်းဆိုတယ်။

“…မောင်ရေ….မုတ်ဆိတ်နီကြီးအတွက် တခုခုလုပ်ပေးလို့မရဘူးလားဟင်… ဥပမာ..မင်းကြီးဆီက ဂုဏ်ပြုသဝဏ်လွှာ တောင်းပေးတာမျိုးပေါ့…”

“…သင့်တော်မယ်မထင်ဘူးကွယ်…. တို့အကိုကြီးဟာ သူကိုယ်တိုင်တောင် ရေမြေ့သနင်း..ပြည့်ရှင်မင်း တပါးဖြစ်နေမှပဲ.. နိုင်ငံကြီးကသဝဏ်လွှာဟာ.. သူ့ကိုနှိမ့်ချရာ ရောက်တဲ့အပြင်.. စိုးရိမ်စိတ်ပွားအောင် လုပ်သလိုဖြစ်နေလိမ့်မယ်… အကိုကြီးဟာ ဘယ်သူ့ကျေးဇူးခံကျေးဇူးစားမှ အဖြစ်ခံမဲ့သူမျိုး မဟုတ်ဘူး… သူလဲ ဧကရာဇ်တပါးပေကိုးကွဲ့… မုတ်ဆိတ်နီကြီးကတော့ ရှာမှရှားဆိုတဲ့သူပါပဲ…..”

အင်း…….လီဆင်းပြောသလို တကယ့်ကို ရှာမှရှားဆိုတဲ့သူပါပဲ။




Continue Reading

You'll Also Like

34.6K 655 6
အပျက်ဆန်သောအပေါက်များအား ထိုးသွင်းခြင်း စုဆောင်းမှု Collection of Slutty Hole Insertions By 沒劉海的花和卷 EXTREME SMUT
768K 7.3K 21
အလြန္ရိုင္းပါတယ္ ဘာဗဟုသုတမွမရွိပါဘူး ကိုယ္စိတ္ကိုႏႈိင္ေအာင္ထိန္း wattpad ကိစၥ wattpad မွာထားခဲ႔ ဖင္မယားနဲ႔ ok အသက္မျပည့္ေသးရင္ ေဝးေဝးေဂ်ာင္း not for...
212K 2.6K 9
មើលដោយការទទួលខុសត្រូវ បើមិនពេញចិត្តសូមកុំអានអី។អធ្យាស្រ័យបើមានពាក្យពេចន៍ណាលើសលួស🔞
454K 26.9K 41
"ဒီလူသားဟာနွယ့်ကိုချစ်ဖို့​မွေးဖွားလာတာပါနွယ်" "ဒီလိုဆို ​ဟောဒီကနွယ်ကလည်း ​သော်တာပြည့်ဖြိုးဆိုတဲ့လူသား​လေးဆီမှာအချစ်ခံဖို့​မွေးဖွားလာတာပါရှင့်"