နွေးထွေးမှုတို့လွှမ်းခြုံရာရပ...
By zuriiiiii8
96.4K 5.4K 34
GL MM translation (U+Z available) Author - Tao Jiu De Jiaohuazi Description -ရင့်ကျက်တည်ကြည်သော အမျိုးသမီးတစ်... More
1(U+Z)
2(U+Z)
3(U+Z)
4(U+Z)
5(U+Z)
6(U+Z)
7(U+Z)
8(U+Z)
10(U+Z)
11(U+Z)
12(U+Z)
13(U+Z)
14(U+Z)
15(U+Z)
16(U+Z)
17(U+Z)
18(U+Z)
19(U+Z)
20(U+Z)
21(Ending)
Thanks
9(U+Z)
2.6K 248 0
By zuriiiiii8
-သဝန်တိုခြင်း-
ဟယ်ယွီသည် ဆောင်းဦးရာသီအတွက် ကုန်
ပစ္စည်းသစ်အချို့ကို စီစဥ်နေပြီး ယမန့်နေ့
ညက ပြုလုပ်ထားသော ဘယ်ရီသီးချဥ်ဘီစ
ကစ်အချို့အား ဝါးခြင်းတောင်းထဲသို့ ထည့်
လိုက်သည်။Customerတစ်ယောက်က အ
အေးတစ်ခွက် မှာမည်ဆိုလျှင် နှစ်ခုရမည်ဖြစ်ပြီး အခကြေးငွေပေးစရာမလိုပေ။
ညနေပိုင်းသို့ နီးကပ်လာသည်နှင့်အမျှ ရာသီ
ဥတုမှာ ရုတ်တရက် မှိုင်းမှောင်လာခဲ့သည်။လေပြင်းများလည်း တိုက်ခတ်လာပြီး မကြာမီတွင် မိုးသည်းထန်စွာ ရွာသွန်းတော့မည်ဟု
အသိပေးနေသကဲ့သို့ အပြင်ဘက်ရာသီဥတုမှာ မီးခိုးရောင်သို့ ပြောင်းလဲလာခဲ့သည်။
ယဲ့ရွှင်က ယခုအထိ ရောက်မလာသေးပေ။
ဟယ်ယွိ မျက်ဝန်းများကို မှေးစင်းကာ မီးခိုး
ရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ယဲ့ရွှင်နှင့် သူမတို့ အတူလာစဥ်က ထီးမယူသွားကြောင်းကို သတိရလိုက်မိသည်။အ
ကယ်၍ မိုးရွာလာပါက ယဲ့ရွှင်ကို သူမ သွားကြိုရပေမည်။
ယခုအချိန်သည် 5နာရီထိုးပြီး မိနစ်နှစ်ဆယ်
ကျော်ယုံသာ ရှိသေးပြီး ယဲ့ရွှင်၏အတန်းချိန်ပြီးဆုံးရန် ဆယ်မိနစ်လောက် လိုသေး၏။
အချိန်အတန်ကြာ စဥ်းစားပြီးနောက် သူမနှင့်
ရင်းနှီးသော ကျောင်းသူတစ်ဦးကို ဆိုင်ခဏကြည့်ခိုင်းခဲ့ပြီး ထီးတစ်ချောင်းကို ယူကာ ထွ
က်လာခဲ့လိုက်သည်။မိနစ်အနည်းငယ်အတွ
င်းမှာပင် မည်းမှောင်နေသော တိမ်များက
ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး မိုးရေစက်
များက မြေပြင်ပေါ်သို့ ကျဆင်းလာတော့သ
ည်။
ယဲ့ရွှင်ကို ကျောင်းဂိတ်ရှေ့တွင် စောင့်နေရန် လမ်းလျှောက်နေရင်းဖြင့် စာပို့လိုက်သည်။
ကျောင်းဝင်းသည် အတော်ကျယ်ဝန်းလှ၏။
စာသင်ချိန် ပြီးဆုံး၍ အတန်းဆင်းချိန်လည်းဖြစ်ရာ လူအတော်ရှုပ်နေပြီး မိုးကလည်း ပိုသည်းထန်စွာ ရွာသွန်းလာခဲ့သည်။မိုးရေစက်
များသည် ထီးပေါ်သို့ကျပြီးမှ မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။အချို့မိုးရေစက်များကတော့ သူမ၏ခြေထောက်ပေါ်သို့ ကျဆင်းလာခဲ့သည်။ကျောင်းဆောင်သို့ ရောက်သည့်အခါ သူမ၏ကျောပြင်သည်လည်း မိုးရေများကြောင့် စိုစွတ်နေခဲ့ပြီးဖြစ်သည်။
ယဲ့ရွှင်က စင်္ကြံလမ်း​တွင် ရပ်နေပြီး ဟယ်ယွိ လာနေသည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုံ့လိုက်၏။ထို့နောက် ထီးယူရန် ရှေ့သို့ လျှောက်လာခဲ့သည်။
တံခါးရွက်များမှာ အရှေ့၊အနောက် လှုပ်ခါနေ
ပြီး လေတိုက်ရှိန်ကြောင့် ဟယ်ယွိလည်း မနေ
နိုင်တော့ဘဲ ခန္ဓာကိုယ်ကို အနည်းငယ် ကျုံ့လိုက်ကာ ခိုက်ခိုက်တုန်သွားမိသည်။စိုရွှဲနေ
သော ခန္ဓာကိုယ်ကြောင့် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရ၏။ထို့ကြောင့် သူမသည် အခြေအနေကို အနည်းငယ် ပြောင်းပစ်ရန် ကြိုးစားလိုက်သည်။
ယဲ့ရွှင်က သူမ၏ပခုံးကို ဖက်လာခဲ့သည်။
"ကိုယ့်ကိုယ်ကို မိုးမိအောင် မလုပ်ပါနဲ့"
တံခါးအပြင်ဘက်သို့ ခြေတစ်လှမ်းခန့် လျှော
က်သွားပြီး ရာသီဥတု အခြေအနေကို ကြည့်လိုက်၏။
"မိုးမစဲခင်အချိန်အထိတော့ ဒီမှာပဲ ခဏလော
က် စောင့်ကြရအောင်"
စကားပြောပြီးသည်နှင့် ယဲ့ရွှင်က သူမကို တံ
ခါးနှင့် ခပ်ဝေးဝေးသို့ ပြန်ခေါ်လာပြီး လက်
မောင်းဖြင့် သိုင်းဖက်လိုက်သည်။
သူတို့နှစ်ဦး၏ ထိုရင်းနှီးသော အပြုအမူမျိုး​ကြောင့် ကျောင်းသားအတော်တော်များများ
က လမ်းလျှောက်ရင်းဖြင့် သူတို့ကို လှည့်ကြ
ည့်၊လှည့်ကြည့် လုပ်သွားကြသည်။တံခါးအ
နောက်ဘက် လေကွယ်ရာသို့ လုံလုံခြုံခြုံရော
က်ပြီးမှ ယဲ့ရွှင်က သူမကို လွှတ်ပေးခဲ့သည်။
"ချမ်းနေလား?"
သူမက ညှင်သာစွာ မေးမြန်းလာ၏။ဟယ်ယွိ လည်း ခေါင်းခါပြလိုက်မိသည်။
ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟောခန်းကျယ်ကြီးထဲတွင် လူအတော်များ
များ ပိတ်မိနေခဲ့သည်။ယဲ့ရွှင်သည် ဟယ်ယွိ
၏ နောက်ဘက်သို့ လှည့်လိုက်ပြီး စိုစွတ်နေသော ကျောပြင်ကို တစ်ဝက်သိုင်းဖက်ထားသော အနေအထားသို့ ပြောင်းလိုက်သည်။ထိုအပြုအမူက လူအများထံမှ အာရုံကို ဆွဲဆော
င်လိုက်နိုင်သည်။
သို့သော် ယဲ့ရွှင်ကတော့ လုံးဝသတိမထားမိဘဲ ပုံမှန်အတိုင်း မတ်တပ်ရပ်နေခဲ့သည်။ဟယ်ယွိ သူမကို ကြည့်လိုက်သောအခါ သူမ၏
အကြည့်များက ပျော့ပြောင်းလာလေသည်။
(T/N ယဲ့ရွှင်ကလက်တစ်ဖက်ထဲနဲ့ဟယ်ယွိရဲ့
ကျောကိုဖက်ထားတယ်ဆိုတဲ့ပုံစံကိုပြော
တာပါ၊ အနီးစပ်ဆုံးဒီလိုပုံစံပါ)
ငါးမိနစ်၊ခြောက်မိနစ်ခန့် ကြာပြီးသည့်နော
က်တွင်တော့ မိုးစဲလာခဲ့သည်။ကောင်းကင်ကို
ဟယ်ယွိ မော့ကြည့်လိုက်ရာ တစ်ဖြည်းဖြည်း
ရွေ့လျားကြည်စင်လာသော တိမ်များကို တွေ့
လိုက်ရသည်။
"ဆိုင်ကိုပဲအရင်ပြန်ရအောင်"
ယဲ့ရွှင်က ခေါင်းညိတ်ပြပြီး ထီးဖွင့်ကာ ဟယ်
ယွိ၏ နောက်ကျောကို ကာပေးရန် ခြေလှမ်းတဝက်ခန့် နှေးပြီး လျှောက်ပေးခဲ့သည်။
ရံဖန်ရံခါတွင် အဖျော်သောက်စရာများ စင်ခြင်းနှင့် စွန်းထင်းတတ်ခြင်းတို့ကြောင့် ဟယ်ယွိက အခန်းထဲတွင် အဝတ်နှစ်စုံခန့် အမြဲတ
မ်း ပိုပိုလိုလို ပြင်ထားလေ့ရှိသည်။သို့ဖြစ်ရာ
သူမသည် သစ်လွင်၍ ခြောက်သွေ့သောအ
ဝတ်အထည်ကို ပြောင်းဝတ်လိုက်၏။
ဆိုင်စောင့်ပေးနေသော ကျောင်းသူလေးက ဟယ်ယွိ ပြန်လာတာကို တွေ့လိုက်သည်နှင့်
ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။အပြင်တွင်
မိုးရွာနေခြင်းကြောင့် သူမက ဟယ်ယွိ အဆ
င်ပြေ၊မပြေစသည်ဖြင့် နှစ်ခွန်းလောက် မေး
လာ၏။
ဟယ်ယွိလည်း ညင်သာသောအသံဖြင့် တီးတိုးပြန်ဖြေလိုက်ပြီး သောက်စရာတစ်ခွက်နှင့်ကွတ်ကီးများကို ပေးကာ အလုပ်လုပ်ရင်းစကားစမြည်ပြောနေလိုက်သည်။
ကျောင်းသူလေးက သူမနှင့် စကားပြောရင်း
ဖြင့် လက်ထဲမှ အဖျော်ရည်ကို သောက်ကာပြုံးပြလာခဲ့သည်။
ယဲ့ရွှင်က ဘေးတွင် ငြိမ်သက်စွာ ရပ်နေသော်
လည်း ဟယ်ယွိနှင့် အခြားတစ်ယောက်တို့စကားပြောရင်း ရယ်မောသံထွက်လာသော
အခါ သူမ၏မျက်ဝန်းများ ပွင့်လာကာ နှုတ်
ခမ်းသည်လည်း ပါးလျသော မျဥ်းတစ်ကြော
င်းအလား ခပ်စေ့စေ့ဖြစ်သွား၏။သူမ ဘာကို
မှတော့ ဝင်မပြောခဲ့ပေ။
ဆိုင်အတွင်းမှ လေထုသည် တစ်ခုခုမူမမှန်သလို ဖြစ်သွား၏။သို့သော် ကျောင်းသူမိန်း
ကလေးကတော့ ပြောင်းလဲသွားသော အခြေ
အနေကို သတိထားမိပုံမရချေ။
ဟယ်ယွိက သူမအလုပ်များနေကြောင်းကို ထို
ကျောင်းသူလေးအား ညင်သာစွာ ပြောပြလို
က်ရာ ထိုကျောင်းသူလေးကလည်း တစ်ဖက်လူအပေါ် နားလည်ပြီး အနှောင့်အယှက် ပေးလိုဟန်မရှိပေ။ထို့ကြောင့် သူမက ဖုန်းဖွင့်ကာ ဂိမ်းကစားနေခဲ့သည်။
ယဲ့ရွှင်က တိတ်ဆိတ်နေမြဲဖြစ်ပြီး ဘားအနော
က်ဘသို့ ​လျှောက်လာခဲ့သည်။
"ဘယ်ဘက်အံဆွဲထဲက လိုအပ်တဲ့ ပစ္စည်းတွေ
ယူပေးပါအုံး"
ဟယ်ယွိက ဖျော်ရည်တစ်ခွက် လုပ်နေရင်း လှမ်းပြောလိုက်သည်။
ယဲ့ရွှင်က ဘာမှပြန်မပြောသော်လည်း ဟယ်ယွိ တောင်းဆိုသော ကိစ္စကို လုပ်ပေးခဲ့သည်။
အံဆွဲအတွင်းတွင် သီးသန့်ထုပ်ပိုးထားပုံရသော အထူးကောင်းမွန်သည့် အပြင်အဆင်နှင့် tiramisu အသေးလေးကို တွေ့လိုက်ရသ
ည်။
"အဲ့တာကို မြည်းကြည့် "
ဟယ်ယွိက ယဲ့ရွှင်ရှေ့သို့ ဖျော်ရည်ခွက်ကို တွန်းပို့လိုက်ပြီး
"ဒီဆောင်းဦးအတွက် အသစ်လုပ်ထားတာလေ။မင်းကို မြည်းကြည့်ခိုင်းပြီး ဘယ်လို အ
ရသာရှိလဲဆိုတာ ပြန်ပြောပြစေချင်လို့ "
ယဲ့ရွှင်ကတော့ မတ်တပ်ရပ်ရင်း tiramisuကို
ကြည့်နေဆဲပင် ...။
           ......................
-သဝန်တိုခြင်း-
ဟေးယွိ သည်ဆောင်းဦးရာသီအတွက်ကုန်
ပစ္စည်းအသစ်အချို့ကိုစီစဉ်နေပြီးယမန့်နေ့
လိုက်သည်။Customerတစ်ယောက်အအေး
တစ်ခွက်မှာလျှင်နှစ်ခုရမည်ဖြစ်ပြီးအခကြေး
ငွေပေးစရာမလိုပေ။
ညနေပိုင်းအချိန်နီးကပ်လာသည်နှင့်အမျှ
မကြာမီမိုးသည်းထန်စွာရွာသွန်းတော့မည်ဟု
ကြော်ငြာသကဲ့သို့အပြင်ဘက်ရာသီဥတုမှာ
မီးခိုးရောင်ပြောင်းလာခဲ့သည်။
ယဲ့ရွှင် ကအခုထိရောက်မလာသေးပေ။
ဟေးယွိ၏မျက်လုံးများမှေးစင်းကာမီးခိုးရော
င်ကောင်းကင်အားမော့ကြည့်လိုက်သည်။
ယဲ့ရွှင်နှင့်သူမအတူလာစဉ်ကထီးမယူသွား
ကြောင်းသတိရလိုက်မိသည်။အကယ်၍
မိုးရွာလာပါက ယဲ့ရွှင် အားသူမသွားကြိုရပေ
မည်။
ညနေ5:20ကျော်ယုံသာရှိသေးပြီး ယဲ့ရွှင် ၏
အတန်းချိန်ပြီးဖို့ဆယ်မိနစ်လောက်လိုသေး
သည်။
အချိန်အတန်ကြာတုံ့ဆိုင်းပြီးနောက်သူမနှင့်
ရင်းနှီးသောကျောင်းသူတစ်ဦးအားဆိုင်
ကောင်းကင်အားဖုံးလွှမ်းသွားကာမိုးရေစက်
များကမြေပြင်ပေါ်သို့ကျဆင်းလာလေသည်။
ယဲ့ရွှင် အားကျောင်းအဆောက်အအုံဂိတ်ရှေ့
တွင်စောင့်နေရန်လမ်းလျှောက်နေစဉ်မှာတွင်
ပဲစာပို့လိုက်သည်။
ကျောင်းဝင်းသည်အတော်ပင်ကျယ်၏။အတန်းများပြီး၍အတန်းဆင်းချိန်လဲဖြစ်ရာ
လူလည်းအတော်လေးရှုပ်နေပြီးမိုးကလည်း
ပို၌ပင်သည်းသည်းထန်ထန်ရွာလာသည်။
မိုးရေစက်များသည်ထီးပေါ်သို့ကျပြီးမှတဆင့်မြေပြင်ပေါ်သို့ကျဆင်းသွားသည်။အချို့
မိုးရေစက်များမှာလည်းသူမ၏ခြေထောက်
ပေါ်သို့ကျဆင်းသွားသည်။ထိုကျောင်းအဆောက်အဦးသို့ရောက်သည့်အခါသူမ၏
ကျောပြင်သည်လည်းမိုးရေများဖြင့်စိုစွတ်နေ
ပြီးဖြစ်သည်။
ယဲ့ရွှင် ကစင်္ကြံမှာရပ်နေပြီး ဟေးယွိ လာနေ
သည်ကိုမြင်လိုက်ရသောအခါမျက်မှောင်ကြုံ့လိုက်မိသည်။သူမထီးယူရန်ရှေ့သို့
လျှောက်လာလိုက်သည်။
တံခါးရွက်များမှာရှေ့သို့နောက်သို့လှုပ်ခါနေ
ပြီးလေတိုက်ရှိန်ကြောင့် ဟေးယွိ လည်းမနေ
နိုင်တော့ဘဲခန္ဓာကိုယ်အားအနည်းငယ်ကျုံ့
စေးကပ်ပြီးအနည်းငယ်စိတ်မသက်မသာခံ
စားလိုက်ရ၏။ထို့ကြောင့်သူမသည်ထိုအခြေ
အနေအားအနည်းငယ်ပြောင်းရန် ပြင်ဆင်ဖို့
ကြိုးစားလိုက်တယ်။
ယဲ့ရွှင် ကသူမ၏ပခုံးအားဖက်လာသည်။
တံခါးအပြင်ဘက်သို့ခြေလှမ်းတစ်ဝက်ခန့်
ကြည့်လိုက်တယ်။
စကားပြောလို့ပြီးသည်နှင့် ယဲ့ရွှင် ကသူမအားတံခါးနှင့်ခပ်ဝေးဝေးသို့ပြန်ခေါ်လာပြီး
လက်မောင်းထဲသို့ထည့်ကာဖက်ထားလေ၏။
သူတို့နှစ်ဦး၏ထိုကဲ့သို့သောရင်းနှီးမှုအမူအယာကြောင့်ကျောင်းသားတော်တော်များ
များကလမ်းလျှောက်ရင်းသူတို့အားလှည့်
ကြည့်သွားသည်။ တံခါးအနောက်ဘက်လေ
သူမကိုလွှတ်ပေးလိုက်တယ်။
"ချမ်းနေလား?"
သူမကညှင်သာစွာမေးလာသည်။
ဟေးယွိ လည်းခေါင်းခါပြလိုက်မိသည်။
လူတော်တော်များများဟောခန်းကျယ်ထဲ၌
ပိတ်မိနေခဲ့သည်။ ယဲ့ရွှင် သည် ဟေးယွိ၏
နောက်ဘက်သို့လှည့်လိုက်ပြီးစိုစွတ်နေသောကျောပြင်အားတဝက်ဖက်ထားသောအနေအထားသို့ပြောင်းလိုက်သည်။ထိုအပြု
မထားမိဘဲပြုမူလိုက်မိနှင့်သည့်မထူးမခြား
ပဲမတ်တပ်ရပ်နေခဲ့သည်။ဟေးယွိ သူမအားကြည့်လိုက်သောအခါသူမ၏အကြည့်တွေက
ပျော့ပြောင်းလာလေ၏။
(T/N ယဲ့ရွှင်ကလက်တစ်ဖက်ထဲနဲ့ဟေးယွိရဲ့
ငါးမိနစ်၊ခြောက်မိနစ်လောက်ကြာပြီးသည့်နောက်တွင်တော့မိုးစဲလာခဲ့သည်။ဟေးယွိ
ကောင်းကင်ကိုမော့ကြည့်လိုက်တော့တဖြေး
ဖြေးရွေ့လျားကျဆင်းသွားတဲ့တိမ်တွေကိုတွေ့လိုက်ရတယ်။
ယဲ့ရွှင် ကခေါင်းညိတ်လိုက်ပြီးထီးကိုဖွင့်ကာ
သူမ၏ကျောအားကာပေးရန်ခြေလှမ်းတ
ဝက်လောက်နောက်ကျပြီးလျှောက်နေဆဲဖြစ်
၏။
တစ်ခါတစ်ရံအဖျော်ရည်သောက်စရာများ
ဟေးယွိ ကအခန်းထဲတွင်အဝတ်နှစ်စုံအမြဲ
ထားတတ်သည်။ထို့အတွက်သူမသည်သစ်
လွင်၍ခြောက်သွေ့သောအဝတ်အထည်အား
ပြောင်းဝတ်လိုက်သည်။
ဆိုင်ကိုစောင့်ပေးနေသောကျောင်းသူလေးက ဟေးယွိ ပြန်လာတာကိုတွေ့တော့ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။အပြင်မှာမိုးရွာနေ
သည်ကိုတွေ့လိုက်ရခြင်းကြောင့်သူမက
ဟေးယွိ အားအဆင်ပြေမပြေစသည်ဖြင့်နှစ်
ခွန်းခန့်မေးလာလေ၏။ ဟေးယွိ လည်း
ညင်သာသောအသံဖြင့်သာတီးတိုးပြောလိုက်
ပြီးသောက်စရာတစ်ခွက်နှင့်ကွတ်ကီးများပေး
လိုက်ကာအလုပ်လုပ်ရင်းစကားစမြည်လည်း
ပြောလိုက်သည်။
ကျောင်းသူလေးကသူမနှင့်စကားပြောပြီးလက်ထဲမှအဖျော်ရည်အားသောက်ကာပြုံးလိုက်သည်။
ယဲ့ရွှင် ကဘေးမှာရပ်ရင်းငြိမ်သက်နေပေမယ့် ဟေးယွိနဲ့အခြားသူတစ်ယောက်စကား
မ၏မျက်လုံးများပွင့်လာကာနှုတ်ခမ်းသည်
လည်းပါးလျသောမျဉ်းကြောင်းတခုအလား
ခပ်စေ့စေ့ဖြစ်သွား၏။သူမဘာမှတော့ပြော
မလာသေးပေ။
ဆိုင်အတွင်းလေထုမှာတခုခုမူမမှန်သလိုဖြစ်
နေသည်။သို့သော်လည်းထိုကျောင်းသူမိန်း
ကလေးကတော့ပြောင်းလဲနေသောအခြေအ
နေအားသတိထားမိပုံမပေါ်ဘူး။
ဟေးယွိ ကသူမအလုပ်များနေကြောင်းထို
ကျောင်းသူလေးအားညင်သာစွာပဲပြောပြ
လိုက်တယ်။ကျောင်းသူမိန်းကလေးမှာလည်း
တဖက်လူအားနားလည်ပြီးအနှောင့်အယှက်
ပေးလိုဟန်မပေါ်ပေ။အဲ့ဒီအတွက်ကြောင့်
လောလောဆယ်ဖုန်းအားဖွင့်ကာဂိမ်းစကစား
ခဲ့သည်။
ယဲ့ရွှင် ကတိတ်ဆိတ်နေပြီးဘားအနောက်
ဘက်တွင်ရပ်ရန်လမ်းလျှောက်လာခဲ့သည်။
"ဘယ်ဘက်အံဆွဲထဲကလိုအပ်တဲ့ပစ္စည်းတချို့ကျေးဇူးပြုပြီးယူပေးပါအုံး"
ဟေးယွိ ကတခြားဖျော်ရည်တခုပြုလုပ်ရင်း
လှမ်းပြောလိုက်တယ်။
ယဲ့ရွှင် ဘာမှပြန်မပြောသော်လည်း ဟေးယွိ
ပြောသောအရာအားပြုလုပ်လိုက်သည်။
အံဆွဲအတွင်းတွင်းတော့သီးသန့်ထုပ်ပိုးထားပုံရသောအထူးကောင်းမွန်သောအပြင်အဆင်နှင့် tiramisu အသေးလေးအားတွေ့လိုက်ရ၏။
"ဒါကိုမြည်းကြည့် "
ဟေးယွိ က ယဲ့ရွှင်၏ရှေ့သို့ဖျော်ရည်တခွက်
အားတွန်းပို့လိုက်ပြီး...
"ဒီဆောင်းဦးအတွက်အသစ်လုပ်ထားတာလေ၊ မင်းကို အဲ့တာမြည်းကြည့်ခိုင်းပြီးဘယ်လိုအရသာရှိလဲဆိုတာပြန်ပြောပြစေ
ချင်လို့ "
အားကြည့်နေဆဲပင် ...။
           ......................
Continue Reading
You'll Also Like
307K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1.1M 48.7K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.1M 44.1K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
27.7K 279 17
Different scenarios with our sweetest man-child alive! There would also be an alternative scenario with Steve Rogers, Ransom Drysdale, Andy Barber, F...