Coffee, Tea or Me? (Myanmar t...

By EmerldH

436 56 4

Yoonmin (One shot) Original author is @pumpkinofmyeye မူရင္း fanfic author ၏ခြင့္ျပဳခ်က္ျဖင့္ ဘာသာျပန္ထားျခင... More

Coffee, Tea or Me?

436 56 4
By EmerldH

                          -Unicode- (Unicode ver is unedited)

ယွန်းဂီကအိပ်ရတာကို သဘောကျတယ်။ သူက အခြားသူတွေကို အကြည့်စူးစူးနဲ့လည်း ကြည့်တတ်တယ်။ သူ့ပုံစံကများသောအားဖြင့် ပျင်းရိနေတတ်ပြီး ခံစားချက်မရှိတဲ့ပုံပေါက်နေတတ်တယ်။ သူက အေးအေးလူလူနေတတ်တဲ့လူမျို့ဖြစ်ပြီးတော့ ဘာမှမလုပ်ဘဲနဲ့ကို သူ့ပုံကမိုက်နေတယ်။ သူ့မှာ swag ရှိတာမျိုးမဟုတ်ဘဲ သူကိုယ်တိုင်ကိုက SWAG ဖြစ်နေတာမျိုး။ အဲတာကို လူတိုင်းသိကြတယ်။

ဒါပေမယ့်သူ့အကြောင်းလူတွေမသိကြသေးတဲ့ အချက်ရှိတယ်။ သူ့ရဲ့ယုံလို့မရတဲ့ သူငယ်ချင်းနှစ်ယောက်သာသိထားတဲ့အကြောင်း။

မင်ယွန်းဂီမှာ ချစ်စရာကောင်းတဲ့ အရာတွေနဲ့ပတ်သက်ပြီး အားနည်းချက်ရှိတယ်။ အထူးသဖြင့် Kummamon အရုပ်။ တစ်ခါတစ်လေမှာ အဲတာကြောင့်ဘဲ သူ့ဘဝမှာ ခပ်ချေချေမနေနိုင်ဘူး။ ချစ်ဖို့ကောင်းတဲ့အရာတွေက သူ့ရဲ့အချေစတိုင်ကို ပျောက်ဆုံးစေတယ်။ ယွန်းဂီကအဲတာကိုတော့သဘောမကျဘူး။

သူ Kummamon နဲ့Swag ကြားမှာ ရွေးရတဲ့အချိန်တွေရှိတယ်။

အဲဒါကြောင့်ဘဲအခု အသစ်ဖွင့်ထားတဲ့ Kummamon လက်ဖက်ရည်ဆိုင်မှာ သူရောက်နေရတယ်။ ကဖေးမှာ Kummamon ကိုကြိုက်တဲ့ကလေးတွေမိဘတွေနဲ့ပြည့်နေပြီး သူ့အရွယ်လောက်လူတွေသိပ်မတွေ့ရဘူး။ ပြေးနေတဲ့ကလေးတွေ ညည်းညူနေတဲ့မိဘတွေနဲ့ kummamon ပြည့်နေတယ်။ သာမန်အသက်နှစ်ဆယ်အရွယ်လူတစ်ယောက်အနေနဲ့ ဒီကဖေးကကလေးဆန်ကောင်းဆန်လိမ့်မယ်။ ဒါပေမယ့်ယွန်းဂီအတွက်တော့ မဟုတ်ဘူး။

ယွန်းဂီအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ့ဆံပင်တွေိကိုသပ်လိုက်တယ်။ သူ့နှလုံးသားက စိတ်လူပ်ရှားမူကြောင့် ခုန်ပေါက်နေတယ်။ သူ့မျက်နှာက မတုန်မလူပ်နဲ့ ခံစားချက်မရှိတဲ့ပုံပေါ်နေပေမယ့်လို့ပေါ့။ သူဒီနေ့ကောင်းတာတစ်ခုခုဖြစ်မယ်လို့ခံစားနေရတယ်။ kummamon ကိတ်မုန့်၊ကော်ဖီ၊အရုပ်ဒါမှမဟုတ် kummaon နဲ့ပတ်သတ်တာတစ်ခုခုရရင်တော့ မကောင်းတာဘာရှိလဲ။

အဲဒါကြောင့် ပျော်ရွှင်စွာနဲ့ဘဲ ကဖေးထဲကိုဝင်ခဲ့တော့တယ်။

*************** YM ***************

အထဲမှာ အရာတွေအားလုံးက ချစ်ဖို့ကောင်းနေတာ ယွန်းဂီကိုတော့အံ့အားသင့်အောင်တော့ မလုပ်နိုင်ဘူး။ သူထိုင်နေတဲ့ခုံရဲ့နောက်ကျောကို kummamon အရုပ်နဲ့လုပ်ထားတာက ချစ်ဖို့ကောင်းတယ်။ ကောင်တာ၊ ပန်းကန်ပြား၊ ခွက်တွေ၊ ဇွန်းတွေနဲ့ ခက်ရင်းတွေကလည်း ချစ်စရာလေးတွေဖြစ်ပြီး kummamon ပုံစံလုပ်ထားတယ်။

ယွန်းဂီကို အံ့အားသင့်စေတာကတော့ စာပွဲထိုးလေးတွေကလည်း ချစ်ဖို့ကောင်းနေတယ်ဆိုတဲ့ အချက်။ အထူးသဖြင့် ရီလိုက်ရင် မျက်လုံးပိတ်သွားတဲ့ အရပ်ပုပုနဲ့တစ်‌ယောက်။

ဘာလို့လဲဆိုတော့သူက အရမ်းချစ်ဖို့ကောင်းတာ။ သူအခု ဧည့်ခံနေတဲ့ ကလေးကို ရီပြလိုက် ပြုံးပြလိုက်နဲ့။

ယွန်းဂီသူ့ခြေထောက်တွေကို သက်တောင့်သက်သာချိတ်လိုက်ပြီး သူ့လက်ပေါ်မေးစေ့ထောက်ထားရင်း စားပွဲထိုးလေးကို ငေးကြည့်နေမိတယ်။

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှ သူဘာမှမမှာရပြီး ရူးနေပြီလို့တွေးလိုက်မိတယ်။

ဆွဲဆောင်မူရှိတဲ့ စားပွဲထိုးလေးကို ငေးနေတာကတော့ မမိုက်ဘူး။

မျက်နှာကိုမဲ့လိုက်ပြီး ယွန်းဂီစားပွဲထိုးကို ခေါ်ဖို့လက်ဟန်ပြလိုက်တယ်။ ကံကောင်းစွာနဲ့ဘဲ သူ့ကိုမြင်တဲ့သူက ချစ်စရာကောင်းတဲ့စားပွဲထိုးလေး။

ယွန်းဂီခန္ဒာကိုယ်တောင့်တင်းသွားမိတယ်။

(Shit သေစမ်း။ သူလာနေပြီ။ ငါ့ဆီကို လမ်းလျှောက်လာနေပြီ။ သေစမ်း)

ယွန်းဂီသူ့ဆံပင်ကို လက်နဲ့သပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်သူမှ ဂရုမစိုက်တဲ့ အမိုက်စားပုံစံဖမ်းလိုက်တယ်။

နောက်ဆုံးမှာ စားပွဲထိုးလေးက ယွန်းဂီစားပွဲနားရောက်လာတော့ ယွန်းဂီကို မျက်လုံးတွေပျောက်အောင် ပြုံးပြလာတယ်။

(သူက ယူနီဖောင်းနဲ့ တော်တော်ချစ်ဖို့ကောင်းတာဘဲ။)

"မင်္ဂလာပါ။ Kummamon ကဖေးက ကြိုဆိုပါတယ်။ ဘာများကူညီပေးရမလဲ။"

ယွန်းဂီပါးစပ်ကိုဖွင့်လိုက်ပေမယ့် စကားလုံးတစ်လုံးမှမထွက်လာဘူး။

(သူက အနီးကပ်ကြည့်လိုက်တော့ ပိုချစ်ဖို့ကောင်းတယ်)

"ဆရာ" စာပွဲထိုးလေးက နောက်တစ်ခေါက်မေးလာတယ်။

ယွန်းဂီအသိစိတ်ဝင်လာတော့မှဘဲ မျက်တောင်ခတ်မိတော့တယ်။ ယွန်းဂီမှာမလို့လုပ်တဲ့အချိန်မှာဘဲ သူတစ်ချိန်လုံး သူ့ရှေ့ကစာပွဲထိုးလေးကိုကြည့်နေတာကြောင့် မီနူးကိုကြည့်ဖို့မေ့နေကြောင်း သတိရလိုက်တယ်။

စာပွဲထိုးလေးက ယွန်းဂီကို ပြုံးပြရင်းပြောလာတယ်။ "ဒီနေ့စပါယ်ရှယ်မီနူးကို မှာမလား ဆရာ"

ယွန်းဂီခေါင်းဘဲညှိတ်ပြလိုက်တယ်။ ဒီနေ့စပါယ်ရှယ်မီနူးကကောင်းချင်ကောင်းမှာပေါ့။

စားပွဲထိုးလေးကခေါင်းညှိတ်ပြလိုက်တယ်။ "တစ်ခုခုလိုသေးလားဆရာ"

(မင်းကိုဆိုရင်ရော)

"မမှာတော့ပါဘူး။ ကျေးဇူးပါ" ယွန်းဂီပြန်ဖြေလိုက်တယ်။

စားပွဲထိုးလေးကခေါင်းတစ်ချက်ညွှတ်ပြီး ထွက်သွားတယ်။

ဒါပေမယ့် သူထွက်မသွားခင် ယွန်းဂီက ကောင်လေးရဲ့နာမည်ကဒ်ကို ဖြတ်ကနဲတစ်ချက်ကြည့်လိုက်တယ်။

(ဂျီမင်)

*************** YM ***************

ဒီနေ့စပါယ်ရှယ်က kummamon ပုံစံအသေးလေးဖော်ထားတဲ့ ချောကလက်ကိတ်နဲ့ ဘလူးဘယ်ရီမစ်ရှိတ်။ အရသာက တော်တော်ကောင်းတယ်။ သူကပထမဆုံးစားသုံးသူ ၁၀၀ ထဲကတစ်ယောက်ဖြစ်တာကြောင့် kummamon အရုပ်တစ်ခုကိုလည်း အလကားရတယ်။

ယွန်းဂီငွေရှင်းဖို့ စားပွဲထိုးကိုလက်လှမ်းပြလိုက်တယ်။

သူ့ဆီကို ချစ်စရာကောင်းတဲ့စားပွဲထိုးလေးလာစေချင်တာကြောင့် မျှော်လင့်မိတယ်။ ဒါပေမယ့် သူ့ကိုမြင်သွားတာက လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့တစ်ယောက်။

အချိန်တိုင်းကံကောင်းနိုင်တာမှမဟုတ်ဘဲလေ။

ယွန်းဂီ ပိုက်ဆံအိတ်ကို ရှာဖို့ သူ့အိတ်ကို လှန်လှောရှာဖွေလိုက်တယ်။ သူ့ပိုက်ဆံအိတ်ကို အာရုံစိုက်နေတာကြောင့် စားပွဲထိုးရောက်လာတာကိုပင် သတိမထားမိ။

"ဒီမှာ ပြေစာပါ ဆရာ"

ယွန်းဂီ လေးထောင့်ဆန်ဆန် အပြုံးနဲ့ တစ်ယောက်အထင်နဲ့ မော့ကြည့်လိုက်တယ်။ ဒါပေမယ့် သူ့အတွက် ခရစ်စမတ်က စောစောရောက်လာတယ်ထင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရှေ့မှာ ရပ်နေတဲ့ တစ်ယောက်က ချစ်စရာကောင်းတဲ့ စာပွဲထိုးလေးလေ။

ဘာဖြစ်သွားတာလဲဆိုတာ သူအံ့အားသင့်မိတယ်။

ယွန်းဂီ ခပ်တည်တည်နေလိုက်ပြီး အရမ်းမပြုံးမိအောင် ထိန်းချုပ်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ဂျီမင် (ခေါ်) စားပွဲထိုးလေးက ယွန်းဂီကို ပြုံးပြရင် ပြေစာပေးပြီး ငွေလက်ခံလိုက်တယ်။

အဲ့ခဏမှာဘဲ ဖြတ်သွားတဲ့ လူတစ်ယောက်က ဂျီမင်ရဲ့ တင်လုံးလုံးလေးကို ဆုတ်ကိုင်လိုက်တယ်။ သနားဖို့ကောင်းတဲ့ ဂျီမင်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး ကိုယ်ထိလက်ရောက်စော်ကားတဲ့လူကို ရှာဖို့ ကိုယ်ကိုလှည့်လိုက်တယ်။

ထိုလူက စက်ဆုပ်ဖွယ်ကောင်းအောင် ဂျီမင်ကို မျက်စပစ်လိုက်တယ်။ "ကြည့်ရတာ မင်းရဲ့ ass ကဘဲ ချစ်စရာကောင်းတာမဟုတ်ဘူးဘဲ။ မင်းမျက်နှာလေးကလည်း ချစ်စရာလေးဘဲ"

ယွန်းဂီရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူဒေါသထွက်လာတယ်။

စက္ကန့်အနည်းငယ်အကြာမှာတော့ အနားက လူတွေ လန့်ကုန်ကြတယ်။

ယွန်းဂီက အဲ့ဒီလူကို လက်သီးနဲ့ ထိုးလိုက်ပြီးပြီ။

"မိုက်ရိုင်းလိုက်တဲ့လူ။ မင်းရဲ့ ရွံစရာ ရုပ်ဆိုးဆိုးမျက်နှာက တခြားတနေရာရာ သွားစမ်းပါ"

"မင်းက ဘယ်သူမို့လို့လဲ" အဲ့လူက ပြန်အော်ပြီး ယွန်းဂီကို ထိုးလိုက်တယ်"

ယွန်းဂီကလည်း ဒီတစ်ခေါက် ထိုလူရဲ့ အဓိကနေရာကို ပြန်ထိုးလိုက်တယ်။

ဘယ်သူကမှ သူ့ရဲ့ စားပွဲထိုးလေးကို မထိစေရဘူး။ ဘယ်သူမှ

အဲ့ဒီလူကလည်း ယွန်းဂီကို ပြန်ထိုးလာတယ်။ ယွန်းဂီရဲ့ ခေါင်းကို ထိမိတာကြောင့် ခေါင်းမူနောက်သွားတယ်။ ယွန်းဂီအမြင်ဝါးလာတာကြောင့် မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ရင်း ကိုယ်ကလည်း ယိမ်းယိုင်သွားတယ်။ သူ့မျက်လုံးတွေကို ပိတ်လိုက်ပြီး ခေါင်းကို ထိကြည့်တဲ့အခါ တဆစ်ဆစ်ကိုက်နေတာ အသေပင်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ" သူတစ်ယောက်ယောက် ပြောသံ ကြားလိုက်ရတယ်။ မန်နေဂျာထင်တယ်။ ကောင်းရော။ အခု ယွန်းဂီသူ့ရဲ့ အကြိုက်ဆုံး ကဖေးဆိုင်က အဘန်းခံရတော့မယ်။

သူ့မျက်လုံးတွေကို ဖွင့်လိုက်တော့ အဲ့ဒီမကောင်းတဲ့သူက သူ့ဆီ လျှောက်လာနေတယ်။

အဲ့ဒီလူက သူ့ကို လက်သီးနဲ့ ထိုးဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ယွန်းဂီသိလိုက်ရတာက ထိုသူက ပြန်မထနိုင်အောင် အလဲထိုးခံလိုက်ရပြီး ကြမ်းပြင်ပေါ် လဲကျသွားတယ်။

ယွန်းဂီမျက်တောင်သာ တဖျတ်ဖျတ်ခတ်မိတယ်။

အဲ့ဒီလူကို အလဲထိုးလိုက်တဲ့လူက ဂျီမင်ပင်။

"မင်းက ဒါနဲ့ဘဲ တန်တယ်။ လူယုတ်မာ" ဂျီမင်က ပြောတယ်။

ယွန်းဂီ ခေါင်းနောက်နေသေးတာကြောင့် မျက်တောင်သာ တဖျတ်ဖျတ်ခတ်မိတယ်။ ဂျီမင်က သူ့ဘက်ကို ချစ်စရာအကောင်းဆုံး စိုးရိမ်နေတဲ့ မျက်နှာနဲ့ လှည့်လာတာကို တွေ့ရတယ်။ ကောင်လေးက သူ့ဘက်ကို ပြေးလာပြီး သူ့မျက်နှာကို မျက်မှောင်ကြုပ်ရင်း အကဲခတ်လာတယ်။

"ဝါး မင်းက တော်တော်သန်တာဘဲ" ယွန်းဂီ မပီမသနဲ့ ပြောမိတယ်။ သူ့ရင်ခုန်သံတွေ မြန်နေတယ်။ ဂျီမင်က သူနှင့် လက်မ အနည်းငယ်လောက်ဘဲ ကွာတာလေ။

(သေစမ်း သူနဲ့ အရမ်းနီးနေတာဘဲ)

ဂျီမင်က ပြုံးတယ်။ "ခင်ဗျား အဆင်ပြေရဲ့လား" ယွန်းဂီရဲ့မျက်နှာက အမာရွတ်တွေကို ကြည့်ဖို့ သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ရင်း ပြောလာတယ်။

"အင်း ငါကောင်း... ကောင်းပါတယ်" ယွန်းဂီပြန်ဖြေဖို့ အားယူလိုက်ရတယ်။

ဂျီမင်ရဲ့ မျက်နှာက သူနဲ့ တစ်လက်မတောင် မကွာတော့တာကြောင့် တော်တော်နီးကပ်နေတယ်။ ယွန်းဂီ အသက်တောင် မနည်းရှုနေရသလိုပင်။

ယွန်းဂီ အသက်ပြင်းပြင်းရှူလိုက်တော့ ဂျီမင်ဆီက သစ်ကြံပိုးခေါက် အနံ့သင်းသင်းက ပျံ့လာတယ်။ ဂျီမင်နဲ့ အရမ်းနီးကပ်နေတာကြောင့် သူ့ရဲ့ ရနံ့က ယွန်းဂီကို လွှမ်းနေတယ်။ အဲဒါက သူ့ရဲ့ ရင်ခုန်သံကို ပိုမြန်စေတယ်။

သူတို့ရဲ့လက်မောင်းတွေနဲ့ ဖိနပ်ထိပ်တွေထိတဲ့ထိ ဂျီမင်က ရှေ့တိုးလာတယ်။ ယွန်းဂီရဲ့ မျက်နှာက အမာရွတ်တွေကို စစ်ဆေးရင်း ဖြည်းညှင်းစွာထိတွေ့နေတာကြောင့် သူ့မျက်နှာက ပိုနီးကပ်နေတယ်။

သူ့ရဲ့ အမြင်တွေက ဝေဝါးလာပြီး သူ့လက်ဖဝါးတွေက ချွေးထွက်လာတယ်။ လက်သီးနဲ့ အထိုးခံရလို့တော့မဟုတ်။

ဂျီမင်က ချစ်စရာအရမ်းကောင်းနေတာကြောင့် ယွန်းဂီမှာတော့ သူ့ကိုချီပြီး အိမ်ခေါ်သွားချင်စိတ်ကို မနည်းချိုးနှိမ်နေရတယ်။

"ငါသွားတော့မယ်။" ယွန်းဂီ စိတ်မပါစွာနဲ့ဘဲ နောက်ဆုတ်ပြီး ပြောလိုက်တယ်။ အဲဒီနောက်မှာတော့ တစ်ဖက်ကိုလှည့်သွားပြီး ကဖေးက လျင်မြန်စွာနဲ့ ထွက်သွားတော့တယ်။

"ခဏလောက်" ဂျီမင်အော်ခေါ်လိုက်တယ်။

ယွန်းဂီရပ်ပြီး ပြန်လှည့်လာတယ်။ သူလုပ်ချင်နေတာက ထွက်ပြေးချင်နေပေမယ့်ပေါ့။

သူပြန်လှည့်လိုက်တော့ ဂျီမင်က အတင်း ပြေးဖက်လာတယ်။

"ကျေးဇူးတင်ပါတယ်" ဂျီမင်က တိုးတိုးပြောတယ်။

ဂျီမင်က ဖက်ထားတာကို ခွာလိုက်ပြီး သူ့ကို တောက်ပစွာပြုံးပြလာတယ်။

ယွန်းဂီခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်နှာနီနေတာ သတိမထားမိခံရခင် အမြန်ထွက်သွားရတော့တယ်။

ယွန်းဂီအဲဒီကဖေးကို ပြန်မသွားခင် တစ်ပတ်အလို။

ယွန်းဂီ အဲဒီနေ့က အိမ်ကို အမြန်ပြန်သွားပြီးတဲ့နောက် ဒယ်ဂူကုမ္ပဏီတစ်ခုက သူ့သီချင်းတွေကို စိတ်ဝင်စားတယ်ဆိုပြီး ဆက်သွယ်လာတယ်။ အဲဒါကြောင့်ဘဲ သူဆိုးလ်ကို ထွက်ခွာရပြီး ကုမ္ပဏီနဲ့ ညှိနှိုင်းရမယ့် ကိစ္စတွေကြောင့် သူ့မွေးရပ်မြေမှာ တစ်ပတ်နေရဖို့ အကြောင်းဖန်လာတယ်။

သူအခု ဒယ်ဂူက ဆိုးလ်ကို ပြန်ရောက်ချင်း အိမ်ကို အနားပြန်ယူရမယ့်အစား အကြောင်းတစ်ချို့ကြောင့် ကဖေးရှေ့ရောက်နေမိတယ်။

သူလွန်ခဲ့တဲ့ ရက်တွေအတွင်းမှာ ဂျီမင်အကြောင်းဘဲ တွေးမိနေတာ ရူးတော့မလိုပင်။ သူ့ကို နောက်တစ်ခေါက် တွေ့ချင်နေတာနေမှာပေါ့။

မျက်လုံးတွေပြောက်အောင် ပြုံးတတ်တဲ့ အပြုံးကိုလည်း တွေ့ရမှာပေါ့။

သက်ပြင်းချလိုက်ပြီး ယွန်းဂီ သူ့လက်ဆွဲအိတ်ကို ဆွဲရင်း အထဲဝင်လိုက်တယ်။ ယွန်းဂီပြတင်းပေါက်နားက စားပွဲကို ရွေးလိုက်ပြီး သက်တောင့်သက်သာဖြစ်အောင် နေရာချလိုက်တယ်။ သူဂျီမင်ကို ရှာနေပေမယ့် မတွေ့။ သူခွင့်ယူလို့များလား။ ဒါမှမဟုတ် သူ့အလှည့်မဟုတ်လို့များလား။

ယွန်းဂီ စိတ်ပျက်သွားမိတယ်။ နည်းနည်းပေါ့။

ယွန်းဂီ စားပွဲထိုးကို လက်ပြလိုက်တယ်။ သူကိုမြင်တဲ့သူက လေးထောင့်ဆန်ဆန် အပြုံးနဲ့ တစ်ယောက်။ ဒါပေမယ့် ယွန်းဂီဆီလာရမယ့်အစား စားပွဲထိုးက ကဖေးရဲ့ မီးဖိုချောင်တံခါးထဲ ဝင်သွားတယ်။

ယွန်းဂီမျက်နှာသုန်သုန်မှုန်မှုန်နဲ့ဘဲ ထွက်သွားဖို့ ပြင်တော့တယ်။ သူထမလို့ လုပ်နေတုန်းမှာဘဲ ခွက်နှစ်ခွက် သူ့စားပွဲပေါ်ချလာတာကြောင့် ခွက်တိုက်သံတိုးတိုးကို ကြားလိုက်ရတယ်။ ယွန်းဂီစိတ်ရှုပ်စွာနဲ့ဘဲ မျက်တောင်ခတ်လိုက်ပြီး ဘယ်သူလာတာလဲဆိုတာ မော့ကြည့်လိုက်တယ်။

ယွန်းဂီရဲ့မေးရိုးက ပွင့်ဟသွားတယ်။ ဂျီမင်။

"ဟိုင်း" ဂျီမင်က ရှက်ရွံ့စွာနဲ့ ပြုံးပြလာပြီး အသံက ညင်သာစွာနဲ့ ပြောလာတယ်။ ပါးနှစ်ဖက်ကလည်း အနီရောင်သန်းနေတယ်။

ယွန်းဂီ ဘာလို့လဲဆိုတာ သိချင်မိတယ်။

ယွန်းဂီပြန်ပြုံးပြလိုက်တယ်။

"ဟေး"

ဂျီမင်အကြည့်လွှဲသွားပြီး ပိုရှက်သွေးဖြာလာတယ်။ "အမ်" သူခွက်နှစ်ခွက်ကို ကြည့်ရင်း တုံ့ဆိုင်းစွာနဲ့ ပြောလာတယ်။

ယွန်းဂီ ခွက်ထဲ ဘာရှိလဲဆိုတာ ချောင်းကြည့်လိုက်တယ်။ တစ်ခုကတော့ မျက်နှာပြင်မှာ Kumamon ပုံစံဖော်ထားတဲ့ ကော်ဖီ။ အခြားတစ်ခုကတော့ လက်ဖက်ရည်နံ့ရတယ်။

"ကိုယ်ကော်ဖီနဲ့ လက်ဖက်ရည်မမှာပါဘူး" ယွန်းဂီ ပြောလိုက်တယ်။

ဂျီမင် သူ့လက်တွေကို လိမ်ပြီး သူ့နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက်တယ်။ "ဟင့်အင်း ဒါက ခင်ဗျားရေွးဖို့အတွက်။ ဒါနဲ့ ကျွန်တော် ခင်ဗျား နာမည်မသိရသေးဘူး။ အဲဒါကြောင့်..."

"အိုး ဟုတ်သားဘဲ။ ကိုယ့်နာမည်က မင်ယွန်းဂီ"

ဂျီမင် ပြုံးရင်း ပြောလိုက်တယ်။ "ကျွန်တော့နာမည်က ဂျီမင်။ ပတ်.."

"ခင်ဗျားသိတယ်" ဂျီမင် အံ့အားသင့်တဲ့ အမူအရာနဲ့ မေးလာတယ်။

ယွန်းဂီပြုံးရယ်လိုက်ရင်း ပြောလိုက်တယ်။ "မင်းရဲ့နာမည်ကတ်ပြားမှာ ပါတယ်လေ"

ဂျီမင်ရှက်သွားမိတယ်။ "အိုး"

သူတို့ကြားတိတ်ဆိတ်မှုက ကြီးဆိုးသွားတယ်။

ယွန်းဂီက စကားပြောမလို့လုပ်နေတုန်းမှာဘဲ ဂျီမင် အသက်ပြင်းပြင်းရှုလိုက်ပြီး ယွန်းဂီမျက်လုံးကို တည့်တည့် စိုက်ကြည့်လာတယ်။ သူ့ပါးပြင်နဲ့ နားရွက်တွေက ပိုနီလာတယ်။

"အဲဒီတော့ ယွန်းဂီက ဘာလိုချင်တာလဲ။ ကော်ဖီ၊ လက်ဖက်ရည် ဒါမှမဟုတ် ကျွန်တော်လား"

အဲဒီနောက် သူ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။

အသိစိတ်ဝင်သွားပြီးနောက်မှာတော့ ယွန်းဂီ တဖြည်းဖြည်း သူ့နှုတ်ခမ်းတွေကို တွန့်အောင် ပြုံးလိုက်တယ်။

"ကိုယ် သုံးခုလုံးရနိုင်မလား"

*************** END ***************

                          -Zawgyi-

ယြန္းဂီကအိပ္ရတာကို သေဘာက်တယ္။ သူက အျခားသူေတြကို အၾကည့္စူးစူးနဲ႔လည္း ၾကည့္တတ္တယ္။ သူ႔ပုံစံကမ်ားေသာအားျဖင့္ ပ်င္းရိေနတတ္ၿပီး ခံစားခ်က္မရွိတဲ့ပုံေပါက္ေနတတ္တယ္။ သူက ေအးေအးလူလူေနတတ္တဲ့လူမ်ိဳးျဖစ္ၿပီးေတာ့ ဘာမွမလုပ္ဘဲနဲ႔ကို သူ႔ပုံကခပ္ေခ်ေခ်ျဖစ္ေနတယ္။ သူ႔မွာ swag ရွိတာမ်ိဳးမဟုတ္ဘဲ သူကိုယ္တိုင္ကိုက SWAG ျဖစ္ေနတာမ်ိဳး။ အဲတာကို လူတိုင္းသိၾကတယ္။

ဒါေပမယ့္သူ႔အေၾကာင္းလူေတြမသိၾကေသးတဲ့ အခ်က္ရွိတယ္။ သူ႔ရဲ႕ယုံလို႔မရတဲ့ သူငယ္ခ်င္းႏွစ္ေယာက္သာသိထားတဲ့အေၾကာင္း။

မင္ယြန္းဂီမွာ ခ်စ္စရာေကာင္းတဲ့ အရာေတြနဲ႔ပတ္သက္ၿပီး အားနည္းခ်က္ရွိတယ္။ အထူးသျဖင့္ Kummamon အ႐ုပ္။ တစ္ခါတစ္ေလမွာ အဲတာေၾကာင့္ဘဲ သူ႔ဘဝမွာ ခပ္ေခ်ေခ်မေနႏိုင္ဘူး။ ခ်စ္ဖို႔ေကာင္းတဲ့အရာေတြက သူ႔ရဲ႕အေခ်စတိုင္ကို ေပ်ာက္ဆုံးေစတယ္။ ယြန္းဂီကအဲတာကိုေတာ့သေဘာမက်ဘူး။

သူ Kummamon နဲ႔Swag ၾကားမွာ ေ႐ြးရတဲ့အခ်ိန္ေတြရွိတယ္။

အဲဒါေၾကာင့္ဘဲအခု အသစ္ဖြင့္ထားတဲ့ Kummamon လက္ဖက္ရည္ဆိုင္မွာ သူေရာက္ေနရတယ္။ ကေဖးမွာ Kummamon ကိုႀကိဳက္တဲ့ကေလးေတြမိဘေတြနဲ႔ျပည့္ေနၿပီး သူ႔အ႐ြယ္ေလာက္လူေတြသိပ္မေတြ႕ရဘူး။ ေျပးေနတဲ့ကေလးေတြ ညည္းညဴေနတဲ့မိဘေတြနဲ႔ kummamon ျပည့္ေနတယ္။ သာမန္အသက္ႏွစ္ဆယ္အ႐ြယ္လူတစ္ေယာက္အေနနဲ႔ ဒီကေဖးကကေလးဆန္ေကာင္းဆန္လိမ့္မယ္။ ဒါေပမယ့္ယြန္းဂီအတြက္ေတာ့ မဟုတ္ဘူး။

ယြန္းဂီအသက္ျပင္းျပင္းတစ္ခ်က္ရွဴလိုက္ၿပီး သူ႔ဆံပင္ေတြကိုသပ္လိုက္တယ္။ သူ႔ႏွလုံးသားက စိတ္လူပ္ရွားမူေၾကာင့္ ခုန္ေပါက္ေနတယ္။ သူ႔မ်က္ႏွာက မတုန္မလူပ္နဲ႔ ခံစားခ်က္မရွိတဲ့ပုံေပၚေနေပမယ့္လို႔ေပါ့။ သူဒီေန႔ေကာင္းတာတစ္ခုခုျဖစ္မယ္လို႔ခံစားေနရတယ္။ kummamon ကိတ္မုန႔္၊ေကာ္ဖီ၊အ႐ုပ္ဒါမွမဟုတ္ kummaon နဲ႔ပတ္သတ္တာတစ္ခုခုရရင္ေတာ့ မေကာင္းတာဘာရွိလဲ။

အဲဒါေၾကာင့္ ေပ်ာ္႐ႊင္စြာနဲ႔ဘဲ ကေဖးထဲကိုဝင္ခဲ့ေတာ့တယ္။

*************** YM ***************

အထဲမွာ အရာေတြအားလုံးက ခ်စ္ဖို႔ေကာင္းေနတာ ယြန္းဂီကိုေတာ့အံ့အားသင့္ေအာင္ေတာ့ မလုပ္ႏိုင္ဘူး။ သူထိုင္ေနတဲ့ခုံရဲ႕ေနာက္ေက်ာကို kummamon အ႐ုပ္နဲ႔လုပ္ထားတာက ခ်စ္ဖို႔ေကာင္းတယ္။ ေကာင္တာ၊ ပန္းကန္ျပား၊ ခြက္ေတြ၊ ဇြန္းေတြနဲ႔ ခက္ရင္းေတြကလည္း ခ်စ္စရာေလးေတြျဖစ္ၿပီး kummamon ပုံစံလုပ္ထားတယ္။

ယြန္းဂီကို အံ့အားသင့္ေစတာကေတာ့ စာပြဲထိုးေလးေတြကလည္း ခ်စ္ဖို႔ေကာင္းေနတယ္ဆိုတဲ့ အခ်က္။ အထူးသျဖင့္ ရီလိုက္ရင္ မ်က္လုံးပိတ္သြားတဲ့ အရပ္ပုပုနဲ႔တစ္‌ေယာက္။

ဘာလို႔လဲဆိုေတာ့သူက အရမ္းခ်စ္ဖို႔ေကာင္းတာ။ သူအခု ဧည့္ခံေနတဲ့ ကေလးကို ရီျပလိုက္ ၿပဳံးျပလိုက္နဲ႔။

ယြန္းဂီသူ႔ေျခေထာက္ေတြကို သက္ေတာင့္သက္သာခ်ိတ္လိုက္ၿပီး သူ႔လက္ေပၚေမးေစ့ေထာက္ထားရင္း စားပြဲထိုးေလးကို ေငးၾကည့္ေနမိတယ္။

မိနစ္အနည္းငယ္ၾကာၿပီးတဲ့ေနာက္မွ သူဘာမွမမွာရၿပီး ႐ူးေနၿပီလို႔ေတြးလိုက္မိတယ္။

ဆြဲေဆာင္မူရွိတဲ့ စားပြဲထိုးေလးကို ေငးေနတာကေတာ့ မမိုက္ဘူး။

မ်က္ႏွာကိုမဲ့လိုက္ၿပီး ယြန္းဂီစားပြဲထိုးကို ေခၚဖို႔လက္ဟန္ျပလိုက္တယ္။ ကံေကာင္းစြာနဲ႔ဘဲ သူ႔ကိုျမင္တဲ့သူက ခ်စ္စရာေကာင္းတဲ့စားပြဲထိုးေလး။

ယြန္းဂီခႏၵာကိုယ္ေတာင့္တင္းသြားမိတယ္။

(Shit ေသစမ္း။ သူလာေနၿပီ။ ငါ့ဆီကို လမ္းေလွ်ာက္လာေနၿပီ။ ေသစမ္း)

ယြန္းဂီသူ႔ဆံပင္ကို လက္နဲ႔သပ္လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္နဲ႔ ဘယ္သူမွ ဂ႐ုမစိုက္တဲ့ အမိုက္စားပုံစံဖမ္းလိုက္တယ္။

ေနာက္ဆုံးမွာ စားပြဲထိုးေလးက ယြန္းဂီစားပြဲနားေရာက္လာေတာ့ ယြန္းဂီကို မ်က္လုံးေတြေပ်ာက္ေအာင္ ၿပဳံးျပလာတယ္။

(သူက ယူနီေဖာင္းနဲ႔ ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတာဘဲ။)

"မဂၤလာပါ။ Kummamon ကေဖးက ႀကိဳဆိုပါတယ္။ ဘာမ်ားကူညီေပးရမလဲ။"

ယြန္းဂီပါးစပ္ကိုဖြင့္လိုက္ေပမယ့္ စကားလုံးတစ္လုံးမွမထြက္လာဘူး။

(သူက အနီးကပ္ၾကည့္လိုက္ေတာ့ ပိုခ်စ္ဖို႔ေကာင္းတယ္)

"ဆရာ" စာပြဲထိုးေလးက ေနာက္တစ္ေခါက္ေမးလာတယ္။

ယြန္းဂီအသိစိတ္ဝင္လာေတာ့မွဘဲ မ်က္ေတာင္ခတ္မိေတာ့တယ္။ ယြန္းဂီမွာမလို႔လုပ္တဲ့အခ်ိန္မွာဘဲ သူတစ္ခ်ိန္လုံး သူ႔ေရွ႕ကစာပြဲထိုးေလးကိုၾကည့္ေနတာေၾကာင့္ မီႏူးကိုၾကည့္ဖို႔ေမ့ေနေၾကာင္း သတိရလိုက္တယ္။

စာပြဲထိုးေလးက ယြန္းဂီကို ၿပဳံးျပရင္းေျပာလာတယ္။ "ဒီေန႔စပါယ္ရွယ္မီႏူးကို မွာမလား ဆရာ"

ယြန္းဂီေခါင္းဘဲညႇိတ္ျပလိုက္တယ္။ ဒီေန႔စပါယ္ရွယ္မီႏူးကေကာင္းခ်င္ေကာင္းမွာေပါ့။

စားပြဲထိုးေလးကေခါင္းညႇိတ္ျပလိုက္တယ္။ "တစ္ခုခုလိုေသးလားဆရာ"

(မင္းကိုဆိုရင္ေရာ)

"မမွာေတာ့ပါဘူး။ ေက်းဇူးပါ" ယြန္းဂီျပန္ေျဖလိုက္တယ္။

စားပြဲထိုးေလးကေခါင္းတစ္ခ်က္ၫႊတ္ၿပီး ထြက္သြားတယ္။

ဒါေပမယ့္ သူထြက္မသြားခင္ ယြန္းဂီက ေကာင္ေလးရဲ႕နာမည္ကဒ္ကို ျဖတ္ကနဲတစ္ခ်က္ၾကည့္လိုက္တယ္။

(ဂ်ီမင္)

*************** YM ***************

ဒီေန႔စပါယ္ရွယ္က kummamon ပုံစံအေသးေလးေဖာ္ထားတဲ့ ေခ်ာကလက္ကိတ္နဲ႔ ဘလူးဘယ္ရီမစ္ရွိတ္။ အရသာက ေတာ္ေတာ္ေကာင္းတယ္။ သူကပထမဆုံးစားသုံးသူ ၁၀၀ ထဲကတစ္ေယာက္ျဖစ္တာေၾကာင့္ kummamon အ႐ုပ္တစ္ခုကိုလည္း အလကားရတယ္။

ယြန္းဂီေငြရွင္းဖို႔ စားပြဲထိုးကိုလက္လွမ္းျပလိုက္တယ္။

သူ႔ဆီကို ခ်စ္စရာေကာင္းတဲ့စားပြဲထိုးေလးလာေစခ်င္တာေၾကာင့္ ေမွ်ာ္လင့္မိတယ္။ ဒါေပမယ့္ သူ႔ကိုျမင္သြားတာက ေလးေထာင့္ဆန္ဆန္အၿပဳံးေလးနဲ႔တစ္ေယာက္။

အခ်ိန္တိုင္းကံေကာင္းႏိုင္တာမွမဟုတ္ဘဲေလ။

ယြန္းဂီ ပိုက္ဆံအိတ္ကို ရွာဖို႔ သူ႔အိတ္ကို လွန္ေလွာရွာေဖြလိုက္တယ္။ သူ႔ပိုက္ဆံအိတ္ကို အာ႐ုံစိုက္ေနတာေၾကာင့္ စားပြဲထိုးေရာက္လာတာကိုပင္ သတိမထားမိ။

"ဒီမွာ ေျပစာပါ ဆရာ"

ယြန္းဂီ ေလးေထာင့္ဆန္ဆန္ အၿပဳံးနဲ႔ တစ္ေယာက္အထင္နဲ႔ ေမာ့ၾကည့္လိုက္တယ္။ ဒါေပမယ့္ သူ႔အတြက္ ခရစ္စမတ္က ေစာေစာေရာက္လာတယ္ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ေရွ႕မွာ ရပ္ေနတဲ့ တစ္ေယာက္က ခ်စ္စရာေကာင္းတဲ့ စာပြဲထိုးေလးေလ။

ဘာျဖစ္သြားတာလဲဆိုတာ သူအံ့အားသင့္မိတယ္။

ယြန္းဂီ ခပ္တည္တည္ေနလိုက္ၿပီး အရမ္းမၿပဳံးမိေအာင္ ထိန္းခ်ဳပ္ၿပီး ေခါင္းညိတ္ျပလိုက္တယ္။ ဂ်ီမင္ (ေခၚ) စားပြဲထိုးေလးက ယြန္းဂီကို ၿပဳံးျပရင္း ေျပစာေပးၿပီး ေငြလက္ခံလိုက္တယ္။

အဲ့ခဏမွာဘဲ ျဖတ္သြားတဲ့ လူတစ္ေယာက္က ဂ်ီမင္ရဲ႕ တင္လုံးလုံးေလးကို ကိုင္လိုက္တယ္။ သနားစရာ ဂ်ီမင္ရဲ႕ မ်က္လုံးေတြက ျပဴးက်ယ္သြားၿပီး ကိုယ္ထိလက္ေရာက္ေစာ္ကားတဲ့လူကို ရွာဖို႔ ကိုယ္ကိုလွည့္လိုက္တယ္။

ထိုလူက စက္ဆုပ္ဖြယ္ေကာင္းေအာင္ ဂ်ီမင္ကို မ်က္စပစ္လိုက္တယ္။ "ၾကည့္ရတာ မင္းရဲ႕ ass ကဘဲ ခ်စ္စရာေကာင္းတာမဟုတ္ဘူးဘဲ။ မင္းမ်က္ႏွာေလးကလည္း ခ်စ္စရာေလးဘဲ"

ယြန္းဂီရဲ႕ ခႏၶာကိုယ္က ေတာင့္တင္းသြားၿပီး သူေဒါသထြက္လာတယ္။

စကၠန႔္အနည္းငယ္အၾကာမွာေတာ့ အနားက လူေတြ လန႔္ကုန္ၾကတယ္။

ယြန္းဂီက အဲ့ဒီလူကို လက္သီးနဲ႔ ထိုးလိုက္ၿပီးၿပီ။

"မိုက္႐ိုင္းလိုက္တဲ့လူ။ မင္းရဲ႕ ႐ြံစရာ ႐ုပ္ဆိုးဆိုးမ်က္ႏွာက တျခားတေနရာရာ သြားစမ္းပါ"

"မင္းက ဘယ္သူမို႔လို႔လဲ" အဲ့လူက ျပန္ေအာ္ၿပီး ယြန္းဂီကို ထိုးလိုက္တယ္"

ယြန္းဂီကလည္း ဒီတစ္ေခါက္ ထိုလူရဲ႕ အဓိကေနရာကို ျပန္ထိုးလိုက္တယ္။

ဘယ္သူကမွ သူ႔ရဲ႕ စားပြဲထိုးေလးကို မထိေစရဘူး။ ဘယ္သူမွ

အဲ့ဒီလူကလည္း ယြန္းဂီကို ျပန္ထိုးလာတယ္။ ယြန္းဂီရဲ႕ ေခါင္းကို ထိမိတာေၾကာင့္ ေခါင္းမူေနာက္သြားတယ္။ ယြန္းဂီအျမင္ဝါးလာတာေၾကာင့္ မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္လိုက္ရင္း ကိုယ္ကလည္း ယိမ္းယိုင္သြားတယ္။ သူ႔မ်က္လုံးေတြကို ပိတ္လိုက္ၿပီး ေခါင္းကို ထိၾကည့္တဲ့အခါ တဆစ္ဆစ္ကိုက္ေနတာ အေသပင္။

"ဒီမွာ ဘာေတြျဖစ္ေနတာလဲ" သူတစ္ေယာက္ေယာက္ ေျပာသံ ၾကားလိုက္ရတယ္။ မန္ေနဂ်ာထင္တယ္။ ေကာင္းေရာ။ အခု ယြန္းဂီသူ႔ရဲ႕ အႀကိဳက္ဆုံး ကေဖးဆိုင္က အဘန္းခံရေတာ့မယ္။

သူ႔မ်က္လုံးေတြကို ဖြင့္လိုက္ေတာ့ အဲ့ဒီမေကာင္းတဲ့သူက သူ႔ဆီ ေလွ်ာက္လာေနတယ္။

အဲ့ဒီလူက သူ႔ကို လက္သီးနဲ႔ ထိုးဖို႔ ျပင္လိုက္တယ္။ ဒါေပမယ့္ အဲ့ဒီေနာက္ပိုင္း ယြန္းဂီသိလိုက္ရတာက ထိုသူက ျပန္မထႏိုင္ေအာင္ အလဲထိုးခံလိုက္ရၿပီး ၾကမ္းျပင္ေပၚ လဲက်သြားတယ္။

ယြန္းဂီမ်က္ေတာင္သာ တဖ်တ္ဖ်တ္ခတ္မိတယ္။

အဲ့ဒီလူကို အလဲထိုးလိုက္တဲ့လူက ဂ်ီမင္ပင္။

"မင္းက ဒါနဲ႔ဘဲ တန္တယ္။ လူယုတ္မာ" ဂ်ီမင္က ေျပာတယ္။

ယြန္းဂီ ေခါင္းေနာက္ေနေသးတာေၾကာင့္ မ်က္ေတာင္သာ တဖ်တ္ဖ်တ္ခတ္မိတယ္။ ဂ်ီမင္က သူ႔ဘက္ကို ခ်စ္ဖို႔ေကာင္းျပီး စိုးရိမ္ေနတဲ့ မ်က္ႏွာနဲ႔ လွည့္လာတာကို ေတြ႕ရတယ္။ ေကာင္ေလးက သူ႔ဘက္ကို ေျပးလာၿပီး သူ႔မ်က္ႏွာကို မ်က္ေမွာင္ၾကဳပ္ရင္း အကဲခတ္လာတယ္။

"ဝါး မင္းက ေတာ္ေတာ္သန္တာဘဲ" ယြန္းဂီ မပီမသနဲ႔ ေျပာမိတယ္။ သူ႔ရင္ခုန္သံေတြ ျမန္ေနတယ္။ ဂ်ီမင္က သူႏွင့္ လက္မ အနည္းငယ္ေလာက္ဘဲ ကြာတာေလ။

(ေသစမ္း သူနဲ႔ အရမ္းနီးေနတာဘဲ)

ဂ်ီမင္က ၿပဳံးတယ္။ "ခင္ဗ်ား အဆင္ေျပရဲ႕လား" ယြန္းဂီရဲ႕မ်က္ႏွာက အမာ႐ြတ္ေတြကို ၾကည့္ဖို႔ သူ႔မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႔ အုပ္ကိုင္ရင္း ေျပာလာတယ္။

"အင္း ငါေကာင္း... ေကာင္းပါတယ္" ယြန္းဂီျပန္ေျဖဖို႔ အားယူလိုက္ရတယ္။

ဂ်ီမင္ရဲ႕ မ်က္ႏွာက သူနဲ႔ တစ္လက္မေတာင္ မကြာေတာ့တာေၾကာင့္ ေတာ္ေတာ္နီးကပ္ေနတယ္။ ယြန္းဂီ အသက္ေတာင္ မနည္းရႈေနရသလိုပင္။

ယြန္းဂီ အသက္ျပင္းျပင္းရွဴလိုက္ေတာ့ ဂ်ီမင္ဆီက သစ္ႀကံပိုးေခါက္ အနံ႔သင္းသင္းက ပ်ံ႕လာတယ္။ ဂ်ီမင္နဲ႔ အရမ္းနီးကပ္ေနတာေၾကာင့္ သူ႔ရဲ႕ ရနံ႔က ယြန္းဂီကို လႊမ္းေနတယ္။ အဲဒါက သူ႔ရဲ႕ ရင္ခုန္သံကို ပိုျမန္ေစတယ္။

သူတို႔ရဲ႕လက္ေမာင္းေတြနဲ႔ ဖိနပ္ထိပ္ေတြထိတဲ့ထိ ဂ်ီမင္က ေရွ႕တိုးလာတယ္။ ယြန္းဂီရဲ႕ မ်က္ႏွာက အမာ႐ြတ္ေတြကို စစ္ေဆးရင္း ျဖည္းညႇင္းစြာထိေတြ႕ေနတာေၾကာင့္ သူ႔မ်က္ႏွာက ပိုနီးကပ္ေနတယ္။

သူ႔ရဲ႕ အျမင္ေတြက ေဝဝါးလာၿပီး သူ႔လက္ဖဝါးေတြက ေခြၽးထြက္လာတယ္။ လက္သီးနဲ႔ အထိုးခံရလို႔ေတာ့မဟုတ္။

ဂ်ီမင္က ခ်စ္စရာအရမ္းေကာင္းေနတာေၾကာင့္ ယြန္းဂီမွာေတာ့ သူ႔ကိုခ်ီၿပီး အိမ္ေခၚသြားခ်င္စိတ္ကို မနည္းခ်ိဳးႏွိမ္ေနရတယ္။

"ငါသြားေတာ့မယ္။" ယြန္းဂီ စိတ္မပါစြာနဲ႔ဘဲ ေနာက္ဆုတ္ၿပီး ေျပာလိုက္တယ္။ အဲဒီေနာက္မွာေတာ့ တစ္ဖက္ကိုလွည့္သြားၿပီး ကေဖးက လ်င္ျမန္စြာနဲ႔ ထြက္သြားေတာ့တယ္။

"ခဏေလာက္" ဂ်ီမင္ေအာ္ေခၚလိုက္တယ္။

ယြန္းဂီရပ္ၿပီး ျပန္လွည့္လာတယ္။ သူလုပ္ခ်င္ေနတာက ထြက္ေျပးခ်င္ေနေပမယ့္ေပါ့။

သူျပန္လွည့္လိုက္ေတာ့ ဂ်ီမင္က အတင္း ေျပးဖက္လာတယ္။

"ေက်းဇူးတင္ပါတယ္" ဂ်ီမင္က တိုးတိုးေျပာတယ္။

ဂ်ီမင္က ဖက္ထားတာကို ခြာလိုက္ၿပီး သူ႔ကို ေတာက္ပစြာၿပဳံးျပလာတယ္။

ယြန္းဂီေခါင္းညိတ္ျပလိုက္ၿပီး သူ႔မ်က္ႏွာနီေနတာ သတိမထားမိခံရခင္ အျမန္ထြက္သြားရေတာ့တယ္။

ယြန္းဂီအဲဒီကေဖးကို ျပန္မသြားခင္ တစ္ပတ္အလို။

ယြန္းဂီ အဲဒီေန႔က အိမ္ကို အျမန္ျပန္သြားၿပီးတဲ့ေနာက္ ဒယ္ဂူကုမၸဏီတစ္ခုက သူ႔သီခ်င္းေတြကို စိတ္ဝင္စားတယ္ဆိုၿပီး ဆက္သြယ္လာတယ္။ အဲဒါေၾကာင့္ဘဲ သူဆိုးလ္ကို ထြက္ခြာရၿပီး ကုမၸဏီနဲ႔ ညႇိႏႈိင္းရမယ့္ ကိစၥေတြေၾကာင့္ သူ႔ေမြးရပ္ေျမမွာ တစ္ပတ္ေနရဖို႔ အေၾကာင္းဖန္လာတယ္။

သူအခု ဒယ္ဂူက ဆိုးလ္ကို ျပန္ေရာက္ခ်င္း အိမ္ကို အနားျပန္ယူရမယ့္အစား အေၾကာင္းတစ္ခ်ိဳ႕ေၾကာင့္ ကေဖးေရွ႕ေရာက္ေနမိတယ္။

သူလြန္ခဲ့တဲ့ ရက္ေတြအတြင္းမွာ ဂ်ီမင္အေၾကာင္းဘဲ ေတြးမိေနတာ ႐ူးေတာ့မလိုပင္။ သူ႔ကို ေနာက္တစ္ေခါက္ ေတြ႕ခ်င္ေနဘဲေနမွာပါ။

မ်က္လုံးေတြေပ်ာက္ေအာင္ ၿပဳံးတတ္တဲ့ အၿပဳံးကိုလည္း ေတြ႕ခ်င္ေနတာျဖစ္မွာ။

သက္ျပင္းခ်လိုက္ၿပီး ယြန္းဂီ သူ႔လက္ဆြဲအိတ္ကို ဆြဲရင္း အထဲဝင္လိုက္တယ္။ ယြန္းဂီျပတင္းေပါက္နားက စားပြဲကို ေ႐ြးလိုက္ၿပီး သက္ေတာင့္သက္သာျဖစ္ေအာင္ ေနရာခ်လိုက္တယ္။ သူဂ်ီမင္ကို ရွာေနေပမယ့္ မေတြ႕။ သူခြင့္ယူလို႔မ်ားလား။ ဒါမွမဟုတ္ သူ႔အလွည့္မဟုတ္လို႔မ်ားလား။

ယြန္းဂီ စိတ္ပ်က္သြားမိတယ္။ နည္းနည္းေပါ့။

ယြန္းဂီ စားပြဲထိုးကို လက္ျပလိုက္တယ္။ သူကိုျမင္တဲ့သူက ေလးေထာင့္ဆန္ဆန္ အၿပဳံးနဲ႔ တစ္ေယာက္။ ဒါေပမယ့္ ယြန္းဂီဆီလာရမယ့္အစား စားပြဲထိုးက ကေဖးရဲ႕ မီးဖိုေခ်ာင္တံခါးထဲ ဝင္သြားတယ္။ သူ႔ကိုသြားတိုင္ေတာ့မယ္ ထင္တယ္။

ယြန္းဂီမ်က္ႏွာသုန္သုန္မႈန္မႈန္နဲ႔ဘဲ ထြက္သြားဖို႔ ျပင္ေတာ့တယ္။ သူထမလို႔ လုပ္ေနတုန္းမွာဘဲ ခြက္ႏွစ္ခြက္ သူ႔စားပြဲေပၚခ်လာတာေၾကာင့္ ခြက္တိုက္သံတိုးတိုးကို ၾကားလိုက္ရတယ္။ ယြန္းဂီစိတ္ရႈပ္စြာနဲ႔ဘဲ မ်က္ေတာင္ခတ္လိုက္ၿပီး ဘယ္သူလာတာလဲဆိုတာ ေမာ့ၾကည့္လိုက္တယ္။

ယြန္းဂီရဲ႕ေမး႐ိုးက ပြင့္ဟသြားတယ္။ ဂ်ီမင္။

"ဟိုင္း" ဂ်ီမင္က ရွက္႐ြံ႕စြာနဲ႔ ၿပဳံးျပလာၿပီး အသံက ညင္သာစြာနဲ႔ ေျပာလာတယ္။ ပါးႏွစ္ဖက္ကလည္း အနီေရာင္သန္းေနတယ္။

ယြန္းဂီ ဘာလို႔လဲဆိုတာ သိခ်င္မိတယ္။

ယြန္းဂီျပန္ၿပဳံးျပလိုက္တယ္။

"ေဟး"

ဂ်ီမင္အၾကည့္လႊဲသြားၿပီး ပိုရွက္ေသြးျဖာလာတယ္။ "အမ္" သူခြက္ႏွစ္ခြက္ကို ၾကည့္ရင္း တုံ႔ဆိုင္းစြာနဲ႔ ေျပာလာတယ္။

ယြန္းဂီ ခြက္ထဲ ဘာရွိလဲဆိုတာ ေခ်ာင္းၾကည့္လိုက္တယ္။ တစ္ခုကေတာ့ မ်က္ႏွာျပင္မွာ Kumamon ပုံစံေဖာ္ထားတဲ့ ေကာ္ဖီ။ အျခားတစ္ခုကေတာ့ လက္ဖက္ရည္နံ႔ရတယ္။

"ကိုယ္ေကာ္ဖီနဲ႔ လက္ဖက္ရည္မမွာပါဘူး" ယြန္းဂီ ေျပာလိုက္တယ္။

ဂ်ီမင္ သူ႔လက္ေတြကို လိမ္ၿပီး သူ႔ႏႈတ္ခမ္းေတြကို လွ်ာနဲ႔ သပ္လိုက္တယ္။ "ဟင့္အင္း ဒါက ခင္ဗ်ားေရြးဖို႔အတြက္။ ဒါနဲ႔ ကြၽန္ေတာ္ ခင္ဗ်ား နာမည္မသိရေသးဘူး။ အဲဒါေၾကာင့္..."

"အိုး ဟုတ္သားဘဲ။ ကိုယ့္နာမည္က မင္ယြန္းဂီ"

ဂ်ီမင္ ၿပဳံးရင္း ေျပာလိုက္တယ္။ "ကြၽန္ေတာ့နာမည္က ဂ်ီမင္။ ပတ္.."

"ခင္ဗ်ားသိတယ္" ဂ်ီမင္ အံ့အားသင့္တဲ့ အမူအရာနဲ႔ ေမးလာတယ္။

ယြန္းဂီၿပဳံးရယ္လိုက္ရင္း ေျပာလိုက္တယ္။ "မင္းရဲ႕နာမည္ကတ္ျပားမွာ ပါတယ္ေလ"

ဂ်ီမင္ရွက္သြားမိတယ္။ "အိုး"

သူတို႔ၾကားတိတ္ဆိတ္မႈက ႀကီးဆိုးသြားတယ္။

ယြန္းဂီက စကားေျပာမလို႔လုပ္ေနတုန္းမွာဘဲ ဂ်ီမင္ အသက္ျပင္းျပင္းရႈလိုက္ၿပီး ယြန္းဂီမ်က္လုံးကို တည့္တည့္ စိုက္ၾကည့္လာတယ္။ သူ႔ပါးျပင္နဲ႔ နား႐ြက္ေတြက ပိုနီလာတယ္။

"အဲဒီေတာ့ ယြန္းဂီက ဘာလိုခ်င္တာလဲ။ ေကာ္ဖီ၊ လက္ဖက္ရည္ ဒါမွမဟုတ္ ကြၽန္ေတာ္လား"

အဲဒီေနာက္ ယြန္းဂီမ်က္လုံးေတြက ျပဴးက်ယ္သြားတယ္။

အသိစိတ္ဝင္သြားၿပီးေနာက္မွာေတာ့ ယြန္းဂီ တျဖည္းျဖည္း သူ႔ႏႈတ္ခမ္းေတြကို တြန႔္ေအာင္ ၿပဳံးလိုက္တယ္။

"ကိုယ္ သုံးခုလုံးရႏိုင္မလား"

*************** END ***************

Continue Reading

You'll Also Like

563K 12.5K 39
In wich a one night stand turns out to be a lot more than that.
428K 29.7K 62
『 in which jungkook is an anonymous blogger that posts about his personal experiences in life and interactions with his crush, jimin, who is coincide...
11.4K 548 46
ဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖ...
5.1K 408 22
ဇာတ်ကောင် ကျွန်တော်က ဝတ္ထုထဲက ဇာတ်လိုက်တစ်​ယောက်တဲ့လား..? ဒါပေမဲ့ ထူးဆန်းတာက ပိုပြီ ရှိနေပြန်သေးတယ်.. အဲတာက ကျွန်တော်ဘဝရဲ့လက်တွဲဖော် ကျွန်တော်ဘဝရဲ့လ...