Opposite

ShoonLaeYiNaing tarafından

838K 54.7K 3.3K

Cover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂... Daha Fazla

Intro
Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30(final)
promotion 😂
💙💙💙
💚💚
1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
13.
14.
15.
16.
17.
18.
19.
20.
21.
22.
23.
24.
25.
26.
27.
28.
29.
30.Final
Season - 2 Info

12.

7.1K 589 13

Opposite
Ep_12

ကန်တင်းကနေ M ဆောင်ကို လာရင်း ထိုက်ထိုက်မျက်နှာကို အကဲခတ် ကြည့်မိသည် ။ ထူးထူးခြားခြား ပြောင်းလဲတာတော့မရှိ ။

"ထိုက်ထိုက် မင်း ကောင်းရဲ့ အချစ်ကို ဘယ်လိုမြင်လဲ"
"ဘာကိုလဲ "
"ဟို ယောက်ျားချင်းကြီးလေ "
"အရင်ကလိုဆိုရင်တော့ ထူးဆန်းနေမှာ အမှန်ဘဲ ဒါပေမယ့် မေနဲ့ ပေါင်းမိတော့မှတော့ ဒါမျိုးကိစ္စတွေက  ထွေထွေထူးထူးမဟုတ်တော့ပါဘူး "
"မင်းလက်ခံတယ်ပေါ့ "
"လက်မခံဘူး ကောင်းချစ်မိတာက ဟိုအကောင် ဖြစ်နေလို့ "

လက်မခံဘူးဆိုလို့ လန့်သွားပေမယ့် ဇွဲကြောင့် ဆိုတော့ နည်းနည်းပျော်သွားမိသည် ။

"ဟဟ မင်း ဇွဲ ကို အဲ့လောက်ထိ ကြည့်မရဘူးလား "
"ကြည့်ရစရာလားအဲ့ကောင်က မင်းကို ပြသနာရှာနေတာကို "
"မင်းထင်သလောက်လည်း မဆိုးပါဘူး သူက ငါစိတ်တိုအောင် အမြဲလာလာ ရန်စတတ်တာက လွဲလို့ "
"အဲ့ကောင် စမြင်ကတည်းကကို တစ်စက်လေးမှ ကြည့်မရဘူး "

မျက်နှာမဲ့ရွဲ့ကာ ပြောနေသော ထိုကောင်လေးကို အသည်းယားလာသည် ။
မျက်တောင်ကော့လေးတွေက မိန်းကလေးတွေ မျက်တောင်ထက် ရှည်နေသည် ။ ဘဲဥပုံမျက်နှာလေးက ချစ်ဖို့ကောင်းနေသည့်အပြင် တစ်ချက်ချက် ရယ်လိုက်ရင် နှုတ်ခမ်းပါးလေးကြားက သွားဖြူဖြူလေးတွေပေါ်လာကာ အင်မတန်ချစ်ဖို့ကောင်းသည် ။

"ဟာ ကိုထိုက် လာ စောင့်နေတာ "
"ညီမတို့ အကတိုက်ပြီးပြီလား "
"ဟင့်အင်း ခုမှ ဟောခန်းကို ပြင်ဆင်နေကြတုန်း "
"ဩော် ကိုယ်ဝိုင်းကူပေးမလို့ "
"ဟုတ် ကိုထိုက် "

ဟောခန်းထဲတောင် မဝင်ရသေးဘူး ဂျုနီယာမလေးတစ်သိုက်ဖြင့် ပါသွားသည် ။
ကျွန်တော့်မှာတော့ တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေသည် ။
ခဏနေတော့လည်း ထိုက်ထိုက်အနား ကပ်ရမလားမှတ်ပါတယ် နည်းနည်းလေးတောင်မရ ။

ဘေးနားမှာ ဂျူနီယာတွေရော စီနီယာတွေရော ဝိုင်းအုံနေပြီး သောက်ကလေးစုတ် မျက်ခွက်က ဖြီးနေသည်။ နဂိုကတည်းက တစ်ခါမှ မလာဘူးတာမို့ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိ ။

တစ်ယောက်မှလည်း မဖက်မလုပ်ကြ ။ မျက်နှာသေနဲ့ နေခဲ့ရုံလေးကို အဲ့လောက်ထိ လူချစ်လူခင် ပေါရသလား မင်းခန့်ဇေ ရာ ။
မလိုပါဘူး တစ်ယောက်မှမရှိလည်း ဒါပေမယ့် ထိုက်ထိုက်ရှိဖို့တော့ အရေးကြီးသည် ။

"ဝုန်း "

အသံကြားရာကြည့်လိုက်တော့ ညီမင်းယံတစ်ယောက် ခုံပေါ်တတ်ပြီး ဘာတွေကပ်နေလဲမသိ ။ မမှီမကမ်းနဲ့ ခုံပေါ်မှာ ခြေဖျားထောက်ပြီး ပြုတ်ကျလေခြင်း ။ ရုတ်တရက် ဘေးနားက ဖြတ်သွားသော လူရိပ် ။

"မင်းယံ ! "

သေချာပါသည် ဟိုစပ်စပ် ဒီစပ်စပ်နေရာတကာကိုပါသည့် ထိုက်ထိုက် ဆိုတဲ့ကောင် ။ အခွင့်ရတုန်းလက်ကို ဖမ်းဆွဲကာ နားနေခန်းထဲ ခေါ်လာခဲ့သည် ။
မတတ်နိုင် ညီမင်းယံပြုတ်ကျတာ ဖမ်းထားပေးတဲ့ ရှိန်း ဘာဆိုလား အဲ့တစ်ယောက်ရှိသည် ။

"ဟေ့ကောင် လွှတ်ဦး ဟိုမှာ မင်းယံ ဘာဖြစ်သွားလဲ မသိဘူး "
"မင်းစိတ်ထဲမှာ မင်းဂျူနီယာတွေဘဲ အရေးကြီးသလား ထိုက်ထိုက် "
"ဟာ ငါက စီနီယာလေ ကလေးတွေကို ဂရုစိုက်ရမှာပေါ့ "
"ဒါဆို ငါကရော မင်းဘာလို့ ငါ့ကို နည်းနည်းလေးမှ ဂရုမစိုက်ရတာလဲ ဟမ် ! မင်းစိတ်ထဲမှာ ငါက နည်းနည်းလေးတောင် အရေးမပါဘူးလား ရှင်မင်းထိုက် ! ငါဒီကို လာတာ ဘယ်သူ့ကြောင့်လဲ ငါမင်းကြောင့် တစ်ခါမှ မလုပ်ဖူးတာတွေ လုပ်နေတာတောင် မင်းက ငါ့ကို တစ်စက်ကလေးမှ အဖက်မလုပ်ဘူး "

ရုတ်တရက်ကြီးဆွဲခေါ်ခံရလို့ ကြောင်တောင်တောင်ဖြစ်နေရတဲ့အထဲ ဇေ က ဘာတွေဒေါသထွက်နေမှန်းမသိ ။
ကျွန်တော့်ကို လာအော်နေသည် ။

"ဟို ဇေ မင်းဘာတွေဖြစ် ... "

စကားတောင် ဆုံးအောင်မပြောလိုက်ရ ဝုန်းကနဲ နံရံကို ဆွဲကပ်ကာ ကျွန်တော့်ကို ချုပ်ထားသည့် ဇေ ကြောင့် လန့်ရသည် ။
ီဒီကောင်က စိတ်ပုံမှန်ဟုတ်ရဲ့လား မသိ ။

"ဝုန်း "
"အ ဘာလုပ်တာ....အု "

အတင်းရုန်းနေတဲ့ ထိုက်ထိုက်ကို လက်တွေ နံရံမှာ ဖိကပ်ထားကာ ချုပ်ထားလိုက်ပြီး ခေါင်းအနည်းငယ်ငုံ့ကာ နှုတ်ခမ်းတွေဆီ ဦးတည်လိုက်သည် ။ ကျွန်တော်မဟုတ်တဲ့ တခြားသူတွေနဲ့ ပျော်ပါးပြီး ပြုံးဖြီးနေတဲ့ ထိုကောင်လေး ပုံရိပ်က ကျွန်တော့်ကို သွေးပွက်ပွက်ဆူစေသည် ။

"....."

အတင်းရုန်းကန်နေသော်လည်း အလွတ်မပေး ။ မတရားသိမ်းပိုက်လိုက်ရသော နှုတ်ခမ်းတို့က မလွှတ်ချင်လောက်အောင် ဆွဲဆောင်မှုရှိသည် ။ ကျွန်တော့်ဘက်က အနမ်းတွေက ပြင်းထန် လာသလောက် ရုန်းကန်မှုကလည်း ပိုပြီး ပြင်းလာသည် ။
တိတ်ဆိတ်နေသောအခန်းကြောင့် ကျွန်တော့်ရင်ခုန်သံတွေက ပိုပြီး ကျယ်လောင်နေသည် ။

ကျွန်တော် ချုပ်ကိုင်ထားသော လက်တွေက ပြေလျော့သွားသောအခါ လွတ်သွားတဲ့ ထိုက်ထိုက် လက်တွေက  ကျွန်တော့်ရင်အစုံအား ရိုက်နှက်သည် ။
ကျွန်တော့်ရဲ့ အနမ်းတွေကို မတုံ့ပြန်သည့်အပြင် ကျွန်တော့် နှုတ်ခမ်းကိုပါ ဖိကိုက်ထားသေးသည် ။

"မင်းဘာလုပ်တာလဲ မင်းခန့်ဇေ "

စိတ်ကြိုက်နမ်းလို့ဝမှ လွှတ်ပေးလိုက်သည်နှင့် ကြားလိုက်ရသော ခပ်မာမာ အသံ ။ အကြည့်တွေက ထိုက်ထိုက် နှုတ်ခမ်းဆီက မခွာနိုင်သေး ။
နီထွေးနေသော နှုတ်ခမ်းတို့က ဆွဲမက်ဖွယ်ကောင်းနေသည် ။

"ငါမင်းကို ချစ်တယ် ထိုက်ထိုက် "

ကျွန်တော့်ဘေးက ကျော်ဖြတ်သွားသဖြင့် စိုးရိမ်တကြီး လှည့်ကြည့်မိတော့ .....

"ဖောင်း "
"အား "
"သေချင်းဇိုး ! "
"အင့် သေပါပြီ ထိုက်ထိုက်ရာ နာလိုက်တာ"

ဒင်းကလေးက ထွက်သွားတာ မဟုတ်ဘဲ အရှိန်ယူကာ ဖောင်းကနဲ ပြေးကန်လိုက်သည့် ကန်ချက်က ကျွန်တော့်မျက်နှာကို တည့်တည့်ထိသည် ။
ချာကနဲ လည်ထွက်သွားပြီး ခေါင်းပါမူးလားသည် ။ ထိုကောင်လေး အားက အဲ့လောက်ပြင်းသည်လား ။

"မင်းနဲ့ နောက်မှ စာရင်းရှင်းမယ် လောလောဆယ် ငါမအားသေးလို့ မင်းသေဖို့သာပြင် မင်းခန့်ဇေ ! "

ကြိမ်းမောင်းကာ ထွက်သွားသော ထိုက်ထိုက် မျက်နှာမှာ ဒေါသတွေ အထင်းသား ။

နောက်မှစာရင်းရှင်းဦးမယ် သေဖို့သာပြင်ဆိုတော့ ခုကတည်းက အခေါင်းဝယ်ထားသင့်လား ???

ခုနက ကန်ချက်နဲ့တင် လူက အတော်လေးထိသွားသည် ။ အကိုက်ခံလိုက်ရတဲ့ သွေးထွက်နေတဲ့ နှုတ်ခမ်းကလည်း တစ်ဆစ်ဆစ် ။
ဩော် ro ဆန်လိုက်တဲ့ ဖြစ်ခြင်း ။

သဝန်တိုပြီး သွားကြမ်းမိတာကိုး ကိုယ့်အပြစ်နဲ့ကိုယ် ခံရမှာပေါ့ ။ သူက ကိုယ့်ထက်၁၀ ဆ ပိုကြမ်းနေတာလေး တစ်ခုဘဲ ......။

》》》》》》》

ကောင်းထက် စိတ်တွေညစ်နေသည် ။
လွမ်းသည် ။ ၂ ခါသာ တွေ့ဖူးတဲ့ လူတစ်ယောက်ကို လွမ်းနေရတာလည်း အလုပ်မဟုတ် ။ မဖြစ်နိုင်ဖူးဆိုတာ အကြိမ်ကြိမ်တွေးမိပြီး ကြေကွဲနေသည့် ကိုယ့်အဖြစ် ။ မြင်မြင်ချင်း အချစ်တွေ မယုံကြည်ခဲ့တာအမှန် ...ကိုယ်တိုင်ကြုံမှ ငိုရခက် ရယ်ရခက် ။

တွေ့ချင်လွန်းလို့ ရူးတော့မည် .....
သတိရလွန်းလို့ ရူးတော့မည် ....
ပြင်းပြင်းပြပြ တွေ့ချင်နေရင် တွေ့ရတတ်သည်ဆိုတာမျိုးက ဇာတ်လမ်းတွေထဲမှာဘဲ ရှိသည်ထင်သည် ။

အလွမ်းကို အစားနဲ့ ချေဖျက်ရမည် ။
ဟုတ်တယ် ...ထိုင်စိတ်ညစ်နေလို့ မပြီး တွေးပူနေလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး ။ ဒီတော့ ဗိုက်ဝအောင် စားသောက်ရင်း သူ့ကို မေ့ပစ်ရမည် ။
ရည်ရွယ်ချက် ကြီးကြီးမားမားချလိုက်ကာ ပင်းယ စားသောက်ဆိုင်ကို ဦးတည်လိုက်သည် ။

"ထမင်းပေါင်းတစ်ပွဲ တုန်ယမ်းဟင်းချိုတစ်ပွဲ ဆီချက်ခေါက်ဆွဲတစ်ပွဲ ကိုလာတစ်ဗူး
ပြီးတော့ ယိုးဒယား သဘောင်္သီးထောင်းတစ်ပွဲ စပ်စပ်လေးလုပ်ပေး "

စားချင်တာတွေမှာကာ ဖုန်းထုတ်လိုက်သည်။  fb ကနေ ဇွဲ acc ကို ရှာကြည့်တော့ တွေ့ပါသည် ။ acc ရှာတာမျိုးဆိုတာ ကျွန်တော့် အတွက်တော့ သိပ်လွယ်တဲ့ အလုပ်မျိုး ။ တစ်မေဂျာလုံးက ဂျူနီယာချောချောလေးတွေအပြင် ကွင်းမှန်သမျှ acc တွေတောင် နာမည် သိရတာနဲ့ ၅ မိနစ်အတွင်း ရှာနိုင်ခဲ့သည် ။

Fb acc သိတာနဲ့လည်း လူတစ်ယောက်အကြောင်း အကုန်သိရသည်။ ဘာတွေကြိုက်တတ်တယ် ...ဘယ်လိုစိတ်ဓာတ် ... .. ဘာတတ်နေတယ် ...အသက် ...ကံကောင်းရင် ဖုန်းနံပါတ်ပါ ရှာနိုင်သည် ။
Stalking skill တွေက မြင့်သည် ...မြင့်ဆို သူငယ်ချင်းတွေ crush မှန်သမျှ ကိုယ်ဘဲ လိုက်စုံစမ်းပေးခဲ့ရတာ ။

"အိုခေ add fri တော့ နှိပ်လိုက်ပြီ "

အစားအသောက်တွေရတော့ ဖုန်းခဏချပြီး ရန်သူတွေကိုတွေ့သည့် စစ်သူကြီးအလား အငြှိုးဖြင့် ချေမှုန်းသည် ။ တစ်ခဏ အတွင်း ကုန်သွားသည် ။ နောက်ဆုံးမှ သဘောင်္သီးထောင်း ထိုင်စားသည် ။ နဂို စပ်တာကို စပ်စပ်လေးလုပ်ခိုင်းထားသဖြင့် နည်းနည်းစားပြီးတာနဲ့ မျက်ရည်တွေ အပေါက်လိုက်ကျလာသည် ။

"ကိုယ်ဒီမှာ ထိုင်မယ်နော် မျက်မှန်လေး "
"ဗျာ ! "

မျက်ရည်တွေနဲ့မို့ အမြင်မှားနေသည် ထင်လို့ မျက်ရည်တွေသုတ်ကာ ထပ်ကြည့်တော့လည်း ပြောင်းလဲမသွားတဲ့ ခပ်ပြုံးပြုံးမျက်နှာ ....ဟုတ်တယ် ကျွန်တော် စွဲလမ်းခဲ့တဲ့ အပြုံးလေး ...။
နှူတ်ခမ်းထောင့်တွေ ကော့တတ် သွားအောင်အထိ ပြုံးပြနေသည့် ဇွဲ ။

"မှန်ကြောင်လေး တစ်ယောက်တည်းလား ကိုယ့်ကို မှတ်မိလား "
"မှတ်မိတယ် ဇွဲ  အာ ဘာလို့ မှန်ကြောင်ကမှာလဲ နာမည်ရှိတယ်ဗျ "
"ဟားဟား ဟုတ်ပါပြီ မှန်ကြောင်လေးရယ် "

တတိယအကြိမ်တွေ့ဆုံမှုပေါ့ မှန်ကြောင်လေး ။

ပထမအကြိမ် တွေ့တုန်းက ......

ကျွန်တော် မင်းခန့်ဇေ အိမ်က ပြန်လာတော့ season  မှာ ထိုင်ရင်း ကော်ဖီ သောက်နေသည် ။ အပြင်မှာ မိုးတွေသည်းကြီးမည်းကြီး ရွာနေတာမို့ မှန်မှာစီးကျနေတဲ့ မိုးရေစက်လေးတွေ ကြည့်ပြီး ပြုံးမိပြန်သည်။

ကျွန်တော်ဆိုတဲ့ကောင်က အချိန်တိုင်း ပြုံးနေတတ်သည် ။ သေလောက်အောင် စိတ်ညစ်နေရင်တောင် အပြုံးမပျက် ....
အပြုံးတုတွေတော့ မဟုတ်တာတော့ သေချာသည် ။ ပြုံးရတာကို နှစ်သက်သည် ။
ဘဝမှာ အခက်အခဲတွေဆိုတာကတော့ ရှိနေမှာဘဲလေ ထိုင်ငိုနေလို့လည် ပြီးသွားမှာ မဟုတ် ။

"ဟို ဒီမှာ ထိုင်လို့ရမလားဗျ တခြားဝိုင်းတွေ နေရာပြည့်နေလို့ "

တွေးလက်စ အတွေးတွေကို ဖြိုခွင်းသွားစေတဲ့ အသံလေး ။ မှန်မျက်အနက်ရောင် လေးထောင့်ကိုင်းဖြင့် ချစ်စရာကောင်လေး ။ ဖြူဖွေးနေသော မျက်နှာဝိုင်းဝိုင်းတွင် အနည်းငယ် ဖောင်းကားနေသော ပါးလေးတွေက နေရာအပြည့်ယူထားသည် ။

ခပ်ထူထူ နှုတ်ခမ်းလေးက ဖူးဖူးလေးဖြစ်နေပြီး ပန်းနုရောင် ရဲနေသည်။
ဆံပင်အနက်လေးတွေက နဖူးထက်မှာ ဝဲကျနေသည် ။ ဆံပင်တွေထက်မှာ တွဲခိုနေသော ရေစက်လေးတွေက မိုးရေထဲမှ ပြေးလာခဲ့ပုံရသည် ။

"ရပါတယ် ထိုင်ပါ "

ပြုံးပြီး ပြောလိုက်သော သူ့အသံက ခပ်ရှရှဖြင့် တစ်မျိုးဆွဲဆောင်မှုရှိသည် ။
တစ်ကိုယ်လုံးရှုပ်ယှက်ခက်နေအောင် ဝတ်ထားသော်လည်း နူးညံ့သော အပြုံးကြောင့် ခန့်ညားနေသည် ။ ကောင်းထက် သတိလက်လွတ် ကြည့်နေမိသည် အထိ ချောမောသည် ။

မိုးရေစက်တွေကို အကြောင်းမဲ့ ငေးကြည့်နေသော သူ့အကြည့်တွေက ဝမ်းနည်းဖို့ကောင်းသည် ။ လိုင်နာ အနက်ရောင်ဆိုးထားပြီး ဆွဲဆောင်မှု ရှိနေသော မျက်ဝန်းများဖြင့် တည့်တည့်တိုးမိသောအခါ ကျွန်တော့်နှလုံးသားတွင် လှုပ်ခတ်မှု တစ်ခု ဖြစ်ပေါ်သည် ။

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

မှန်ကြောင်လေးက ကျွန်တော့်အရှေ့မှာ ဝင်ထိုင်ရင်း မုန့်ထိုင်စားနေသည် ။ မုန့်တွေကို အငမ်းမရ ပါးစပ်ထဲ ထည့်လိုက်သဖြင့် ဖောင်းနေသော ပါးလေးက ပိုဖောင်းသွားကာ မုန့်ဝါးနေပုံလေးက လှုပ်စိလှုပ်စိဖြင့် ။

မိုးရွာနေသဖြင့် ကော်ဖီကုန်တာတောင် မပြန်သေးဘဲ နားကြပ်တပ်ကာ သီချင်းနားထောင်ရင်း ထိုင်နေမိသည် ။

"ဟယ်လို အေး ငါ season မှာ "
"......."
"ဟို မလာတော့ဘူး မိုးတွေရွာနေလို့"
"....."
"အင်းအင်း ဒါဘဲ  "

သူငယ်ချင်းတွေနဲ့ ချိန်းထားတာ နောက်ကျနေပြီမို့ မေ ဖုန်းဆက်ခြင်းဖြစ်သည် ။ မိုးရွာတာကိုအကြောင်းပြကာ မလာတော့ဘူးပြောလိုက်သည် ...
တကယ်တမ်းက မိုးမရွာလည်း ဒီနေရာမှ ခြေတစ်လှမ်းတောင် ကြွဖို့ အစီအစဉ်မရှိ ။

ပထမဆုံး ရင်ခုန်သံ .....။
မြင်မြင်ချင်းအချစ် ....။

နားကြပ်တပ်ကာ မှန်တံခါးကို ငေးနေသော သူ့ပုံရိပ်က ကျွန်တော့်ရင်ခုန်သံတွေကို မြန်စေသည် ။ ထိုသို့ဖြင့် သူမသွားသရွေ့ ကျွန်တော်လည်း ဆက်ထိုင်နေကာ season မှာ ၃ နာရီလောက် ငုတ်တုတ် ။ တစ်ခါမှ မခံစားဖူးတဲ့ ကြည်နူးမှုတွေနဲ့အတူ .....နှလုံးသားတစ်ခုလုံး လှုပ်ခါခဲ့သည် ။

ခုတော့ တတိယအကြိမ် တွေ့ဆုံမှုပေါ့ ....
အင်း ...ဒါဆို မေ့ကို ပြန်ပြောပြရတော့မှာပေါ့ ။

》》》》》》》》》

✉✉

Hello

တစ်နေ့တစ်ပိုင်း ပုံမှန် update မယ်ဆိုပြီး ဂျင်းထည့်သွားတာမဟုတ်ရပါဘူး ....တကယ်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါ ။
အရင်ကတည်းက စိတ်ဝင်စားတာရော ကုန်ကြမ်းများရမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ တိုက်ကွမ်ဒို သွားတတ်မိပါတယ် ....အသေ အ train ခံနေရတယ် ။ နှာခေါင်းသွေးလျှံစရာ ကုန်ကြမ်းတွေတော့ ရခဲ့ပါတယ် အဟင်းဟင်း (လူယုတ်မာ အပြုံးဖြင့် ) ထိုက်ထိုက်ဆိုတာကလည်း သင်တန်းက ကောင်လေးတစ်ယောက်ပုံစံကို ဖန်တီးထားတာပါ (သိလို့ကတော့ အကန်ခံရမယ့်အကွက်တွေ )
ညနေပိုင်းပါ အချိန်ပိုတွေ ခေါ်နေတော့ ကိုယ်တကယ် မလှုပ်နိုင်တော့ဘူး သေမလို ပင်ပန်းတယ် မသွားဘဲကလည်း မနေနိုင်ပြန်လို့ ။
Update စောင့်နေတဲ့သူရှိမရှိတော့ မသိဘူး တအားတွေ ရှင်းပြနေတာဘဲ ဟီး ။

ချစ်တယ် 😘😘

♡Shoon♡

Okumaya devam et

Bunları da Beğeneceksin

352K 11.9K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
893K 57.9K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...
3.3K 106 31
လူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အ...
173K 4.5K 64
ပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020