Part 17
ဒေါက်..ဒေါက်
" ဝင်လာခဲ့ "
တံခါးခေါက်သံကြောင့် Yiboဖုန်းချလိုက်ပြီး
ပြောလိုက်သည်
" ညီ မအိပ်သေးဘူးလား "
" အိပ်တော့မှာပါ ကိုကို "
" ညီ မနေ့ကရှုတင်ဖျက်လိုက်တယ် ပြီးတော့ မန်နေဂျာကို အိမ်ပြန်လွှတ်လိုက်ပြီး ညီပျောက်နေတယ် ညီဘယ်သွားတာလဲ "
" ဘယ်မှမသွားပါဘူး ကိုကို "
" ညီအခုတလောအရမ်းထူးဆန်းနေတယ်
အလုပ်ကြိုးစားတဲ့သူက ရှုတင်ခဏခဏဖျက်ပြီး
ပျောက်ပျောက်သွားတယ် "
" ကိုကိုဘယ်လိုသိတာလဲ ကျွန်တော့်နောက်ကို နောက်ယောင်ခိုင်းလိုက်ခိုင်းထားတာလား အဲ့ဒါမျိုးဆို ကျွန်တော်မကြိုက်ဘူးနော် ဒါလူအခွင့်ရေးကို
ချိုးဖောက်တာပဲ "
တခွန်းမခံပြန်ပြောတဲ့ ရိပေါ်ကြောင့် ဝမ်ရိဖုန့်ဆွံအသွားကာ
" ညီ..ကိုကို့ကိုဘယ်လိုတွေပြန်ပြောနေတာလဲ မရတော့ဘူး ညီအရမ်းထူးဆန်းနေပြီ ညီကိုဒီအတိုင်းထားလို့မရတော့ဘူး "
" ကိုကို...ကိုကို "
ဝမ်မင်ဖုန့်ညီခေါ်တာကို ဂရုမစိုက်တော့ပဲ အခန်းထဲက ထွက်လာလိုက်သည်။
⛪
ဒေါက်..ဒေါက်
" ပါးပါးအိပ်ပြီလား ကျွန်တော့်အရေးကြီးကိစ္စပြောစရာရှီလို့ "
" ဝင်လာခဲ့ပါ "
မင်ဖုန့်အသံကြောင့် ဝမ်ရိဖုန့်တို့လင်မယားထပြီး ထိုင်ခုံမှာထိုင်လိုက်သည်
" ဘာကိစ္စမို့လို့မနက်ထိမစောင့်ရတာလဲ သားကြီး "
" ကျွန်တော့်ညီကိုလက်ထပ်ချင်ပါတယ် "
သားကြီးစကားကြောင့်လင်မယားနှစ်ယောက်လုံး
အံသြသွားသည်
" တကယ်ပြောတာလား ပါပါးတို့ကအဲ့လိုဖြစ်စေချင်ပေမဲ့ သားကိုအားနာလို့မပြောခဲ့တာ သားသိတဲ့အတိုင်း သားညီငယ်ကကျန်းမာရေးလည်းမကောင်းဘူး သူအိမ်ထောင်ဘက်အတွက် သူဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး "
" အဲ့ဒါတွေအကုန် ကျွန်တော့်လက်ခံနိုင်ပါတယ်
ကျွန်တော့်နဲ့ညီကို အရင်စေ့စပ်ပေးပါ အဲ့ဒါမှ ညီFanတွေအကုန်သိပြီး တရားဝင်ဖြစ်သွားမှာ "
" ဘာလို့လောနေတာလဲ မင်းညီကို ပရိတ်သတ်က
တမျိုးထင်သွားမှာမကြောက်ဘူးလား "
မာမားကပြောတော့ ပါပါးက
" မင်းကလည်း ဒီခေတ်မှာဒါမျိုးကိုနားလည်နေကျပါပြီသားကြီးပြောတာမှန်တယ် အမြန်ဆုံးလုပ်ရမယ် "
" ကျေးဇူးတင်ပါတယ် ပါးပါး ကောင်းသောညပါ "
" ကောင်းသောညပါ သွားအိပ်တော့ "
" ဟုတ်ကဲ့ ပါးပါး "
မင်ဖုန်ထွက်သွားတော့ ချန်းလဲ့အလိုမကျတဲ့
မျက်နှာမျိုးနဲ့ ဝမ်ရီဖုန့်ကို ကြည့်လိုက်သည်။
" ဘာဖြစ်လို့လဲချန်းလဲ့ ဝမ်းမသာဘူးလား "
" ဝမ်းသာစရာလား "
"ဝမ်းသာရမှာပေါ့ တို့အိမ်ကလုပ်ငန်းတွေအကုန်လုံး သားကြီးကိုလွှဲပေးလို့ ရပြီလေ သားကြီးကငါ့တို့မွေးစားသားဆိုပေမဲ့ သူများသားအရင်းတွေထက် ဘယ်လောက်လိမ်မာလိုက်လဲ နောက်ခံအင်အားကောင်းတဲ့ အမျိုးသမီးကိုလက်ထပ်လို့ရတာပဲ ဒါကိုသားကြီးက စိတ်မဝင်စားပဲ တို့သားကိုယူမယ်ဆိုတော့ ဝမ်းသာရမှာပေါ့ "
သူခင်ပွန်းပြောတာဟုတ်နေတာမို့ ဒေါ်ချန်းလဲ့ဘာမှမပြောတော့ပဲ အိပ်ရာပေါ်ပြန်လှဲကာ အိပ်လိုက်သည်။
🏤🏤🏤🏤🏤
တနင်္ဂနွေနေ့မို့ Yibo ရေချိုးပြီး အဝတ်အစားအသစ်လဲကာ မျက်နှာကိုcreamလိမ်းပြီး ရေမွှေးစွတ်ထားလိုက်သည်။
" ဒေါက်တာမလာတာကြာပြီနော် "
" ဟုတ်ကဲ့ဒေါ်လေး ကျွန်တော့်ဆေးရုံမှာ အလုပ်ရှုပ်နေတာနဲ့ တစ်လနီးပါး ပျက်ကွက်ခဲ့တယ် အခု Yibo အိမ်မှာရှီလား "
" ရှီတာပေါ့ ဒေါက်တာ "
Yibo အခန်းထဲဝင်လိုက်တော့ ကုတင်ပေါ်မှာ စောင်ခြုံပြီး လှဲနေတဲ့ ကလေးကိုတွေ့ ရသည်။
" လူမမာအခန်းနဲ့မတူဘူးနော် ဒေါက်တာ
မွှေးကြိုင်နေတာပဲ "
ဒေါ်ချန်းလဲ့စကားကြောင့် Xiao Zhan ပြုံးမိသည်။
" မား! "
" ဟုတ်ပါပြီ မားမပြောတော့ပါဘူး "
" အစ်ကိုအတွက် သစ်သီးခွဲပေးအုန်းလေမား "
" အစ်ကိုဟုတ်လား "
" ဒေါက်တာလို့ပြောတာ..မေ့လို့သစ်သီးထက်
ကော်ဖီဆို ဒေါက်တာပိုကြိုက်တယ် မား "
" မားစီစဥ်ပေးပါမယ် "
မားထွက်သွားတာနဲ့ Yibo လှဲနေရာကနေထလာပြီး
အစ်ကို့ကိုဖက်ထားလိုက်သည်။
" လွမ်းနေတာ "
Xiao Zhanလည်း ကလေးကိုတင်းကျပ်စွာ
ပြန်ဖက်ထားလိုက်သည်။
" အစ်ကိုလည်းကလေးကိုအရမ်းလွမ်းနေတာ "
" တကယ်လား "
" အင်း "
ကလေးကဖက်ထားရာကနေခွာပြီး ကျွန်တော့်နှုတ်ခမ်းကို လာနမ်းသည်။
" ကလေး "
နမ်းပြီးရှက်သွားတာကြောင့် ကလေးအောက်ကိုငုံ့သွားသည် ကျွန်တော့်ကလေးနဖူးကိုနမ်းပြီး
" လှဲနေ အစ်ကိုစမ်းသပ်ရအုန်းမယ်လေ "
" ဟုတ် "
ကျွန်တော့်ကလေးကိုစမ်းသပ်လိုက်တော့
အားသိပ်မရပေ။
" သွေးအားနည်းနေတယ်ကလေး
အသားများများစားပေးရမယ်နော် "
"..."
"ဆေးလည်းသောက်ဖို့မမေ့နဲ့ "
ကျွန်တော့်ပြောတာကိုပြန်မဖြေပဲ ကျွန်တော့်ကိုပဲ
ဝမ်းနည်းတဲ့အကြည့်နဲ့ ကြည့်နေတဲ့ကလေး
" ဘာဖြစ်လို့လဲ "
" အစ်ကိုကဘာလို့ ကျွန်တော့်နှုတ်ခမ်းကို
ပြန်မနမ်းတာလဲ "
" ဟင် "
" အစ်ကိုကကျွန်တော့်ကို ကလေးတစ်ယောက်လို
ညီတစ်ယောက်လို့ပဲ ဆက်ဆံနေတာ "
ကလေးပြောတာကို ကျွန်တော့်စဥ်းစားနေစဥ်
" ဒေါက်တာ ကော်ဖီသောက်ပါအုံး"
ဒေါ်ချန်းလဲဝင်လာတာကြောင့် Xiao Zhan ကော်ဖီသောက်ရင်း ကလေးကိုကြည့်လိုက်တော့ ကလေးတဖက်ကိုလှည့်ပြီး မျက်စီမှိတ်သွားသည်။ ကလေးရဲ့မားကို သောက်ရမဲ့ဆေးကိုပေးခဲ့ပြီး Xiao Zhan ပြန်လာခဲ့လိုက်သည် တဖတ်ကိုလှည့်ပြီး ကျနေတဲ့ Yiboမျက်ရည်တွေကိုတော့ Xiao Zhan မမြင်ခဲ့လိုက်ရပါဘူး
💞💞💞💞💞💞💞💞💞💞💞💞💞