💮"Bunny and Honey"💮{{COMPLE...
Sanaymoeswe
371K 35.3K 1.2K
[UNICODE +ZAWGYI] ရုပ်ဆိုးဆိုးပိန်းဥလေးကို Version မြှင့်လိုက်ပြီး ဘေထုပ်အကျီမှ Limited Brand ဖြစ်သွားသောအခါဝ... Еще
"Love is So Sweet"
Chapter (1)
Chapter (2)
Chapter (3)
Chapter (5)
Chapter (6)
Chapter(7)
Chapter(8)
Chapter (9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter (23)
Chapter(24)
Chapter(25)
Chapter (26)
Chapter (27)
Chapter(28)
Chapter(29)
Chapter (30)
Chapter (31)
Chapter(32)
Chapter (33)Ending
Chapter (4)
12.1K 1.1K 28
Sanaymoeswe
*#*# Unicode *#*#
🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿
ရွှေဝါရောင် ဆံပင်လေးနဲ့...Cutyဆန်နေတယ့်..မိန်းမဆန်ဆန်ကောင်လေးတစ်ယောက် ၊ အခန်းထဲမှာခေါက်တုံးခေါက်ပြန်လမ်းလျောက်နေကာ..ကိုယ့်ပုံစံကိုမှန်ထဲပြန်ကြည့်လိုက်ပြီးသက်ပြင်းချည်းလှိမ့်ချနေမိသည် ။
"ငါ...အရမ်းများမိန်းမဆန်သွားပြီလား ၊
ဟာ..မသိတော့ဘူး..၊ Tomboy လိုဟန်ဆောင်ပါတယ်ဆိုမှ..မိန်းမနဲ့တူတာဆန်းလို့လား..."
ဘောက်ဆတ်ဘောက်ဆတ်ရေရွတ်ကာ...
Luggage ထဲအဝတ်အစားသုံးလေးစုံထည့်လိုက်သည် ။ အကျင့်ပါနေသောလက်တို့ကမျက်မှန်ပင့်တင်ရန်ပြင်လိုက်သော်လည်း..
"အာ...ဟုတ်သားပဲ ၊
ငါက..မျက်ကပ်မှန်တပ်ထားတာကို..ဟီး၊
ဒီနေ့က..စပြီး ဝမ်ရီပေါ်မဟုတ်တော့ဘူး ၊
ခွမ်းဟွား..ဖြစ်သွားပြီ "
🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶
ရီပေါ်..ဖုန်းကိုတစ်ချက်ကြည့်ပြီး ဟွန်း ခနဲနှာမှုတ်လိုက်တာက..Boss ဆိုတယ့်Contact Name ကြောင့်..။
"ဟွန်း..အလုပ်ထွက်တာတောင် ဖုန်းကဆတ်တုန်းပဲ ၊ သိပ်ကြည့်မရတော့ဘူး.."
လက်တွေ့တွင်တော့ Phoneကို..နားနားကပ်လိုက်ပြီး ချိုသာသောအသံဆာဆာလေးနှင့်..
"Hello Boss..."
တစ်ဖက်က..ထုံးစံအတိုင်းလေသံက သံမဏိလိုမာကာ..ရေခဲလိုအေးစက်နေတာအမှန်ပင် ၊ သူဟာလေးတွေဆို Babyလေး၊Candy လေးနဲ့နားကြားမြင်ကပ်အောင်ခေါ်နေတယ့်သူက...ကျနော်နဲ့စကားပြောရင်တော့ အမြဲတမ်းလွန်ကြူးစွာမာနတံခွန်လွှင့်နေသူ..။ခုလဲကြည့်...
"ဝမ်ရီပေါ်...မင်းပြောတယ့်မိန်းမ က ခုထိမလာသေးဘူးနော် "
"အာ..လာမှာပါ ၊
သူမကြာခင်လာတော့မှာပါ Boss "
"အေ..ပြီးရော ၊
မနေ့က..ငါဖုန်းဆတ်ပြီး​ပြောတာတွေကို..
သူ့ကိုပြန်ပြောလိုက်လား..."
"အမ်....ဪ..ပြောလိုက်ပါတယ်.."
ရီပေါ်ခေါင်းငြိမ့်လိုက်ရင်း..မနေ့ညကအကြောင်းအရာတစ်ချို့က ခေါင်းထဲအစီအစဥ်မကျစွာဖြင့် ဝင်ရောက်လာကြသည်။
Shopping ကအပြန်..အနားတောင်မယူရသေး ၊ ရှောင်းကျန့်ဆိုသောသူက..ဖုန်းဆတ်ပြီး..တစ်ဖက်စောင်းနင်းစကားများကိုဤသို့ပြောခဲ့၏...။
"ခွမ်းဟွားဆိုတယ့် မိန်းမကိုမင်းဆီက..ဇာတ်ကြောဆွဲနည်း ၊ ကော်ဖီဖျော်နည်းတွေကိုသင်ပေးလိုက်ပါ ၊ပြီးတော့ ဟင်းချက်နည်းရောပဲ..၊ ငါကမင်းလက်ရာတွေကိုစွဲနေပြီကွ..၊ ဒါကြောင့်..သူ့ကိုအဲ့ဒါတွေကိုမဖြစ်မနေသင်ပေးလိုက်နော် ကြားလား ဝမ်ရီပေါ်.."
"ဟမ်...Boss..နေအုံးလေ...ဟာ..
ဖုန်းချသွားပြီ...ကျွတ်..စိတ်ပျက်လိုက်တာ..၊ စက္ကထရီဘဝမှာပဲလုပ်ရတယ်မှတ်နေတာ ၊ Cover ဘဝမှာလဲအဲ့ဒါတွေထပ်လုပ်ရအုံးမှာလား..၊ ဘောပဲဟေ့..စောက်အကွေးကောင်.."
မနေ့က. ထိုကိစ္စကြောင့်ဒေါသထွက်လွန်း၍ကောင်းကောင်းအိပ်မပျော်ခဲ့ ၊ ခုလဲအဲ့ကိစ္စကိုပဲအစပြန်ဖော်နေရသလား ၊
"ဝမ်ရီပေါ်.....ဝမ်ရီပေါ်..ပိန်းဥ ကြားလား...ဟေ့..တာဇံကောင်..."
ဇယ်ဆတ်သလိုထွက်လာတယ့် ကိုယ့်နာမည်ပြောင်များကြောင့်..ရီပေါ်အတွေးကမ္ဘာထဲမှ..အမြန်ခုန်ထွက်လိုက်ရသည် ။
"ဗျာ..ဗျာ.."
"Phone ပြောတာကိုအာရုံစိုက်လေကွာ ၊
မင်းလိုကောင်အတွက်အချိန်တွေ က လေ လိုပေါနေပေမယ့်..ငါ့လိုသူဌေးတစ်ယောက်အတွက်တော့...."
"အား..ကျနော်သိပါပြီဗျာ..
နောက်တစ်နာရီအတွင်း..ခွမ်းဟွား ကိုလွှတ်လိုက်မယ်..၊ရပြီမလား.."
သူပြောတယ့်စကားကိုလဲပြီးအောင်နားမထောင်ပဲ..ပြောချင်တာပြောပြီး ရီပေါ်ဖုန်းကိုသာချပစ်လိုက်သည် ။
"ကေွးရုံတင်မကဘူး ၊
အကြွားကပါသန်သေး..၊စိတ်ပျက်ဖို့ကောင်းလိုက်တာ..."
.
.
.
.
.
.
.
.
.
.
.
.
.
Luggage ကြီးဆွဲကာ..MC Groupထဲခပ်တည်တည်ဝင်လာသောကောင်မလေးတစ်ယောက်၊ မဟုတ်ဘူး..ကောင်လေးတစ်ယောက်ဆိုပိုမှန်လိမ့်မည် ။
ရွှေရောင်ဆံပင်ခပ်အုပ်အုပ်နဲ့...Eyeliner
ခပ်နက်နက်ခြယ်ထားသောမျက်ဝန်းတစ်စုံ၊
နှုတ်ခမ်းပါးလေးဖူးကြွနေပုံက..မကြာခင်ကြွေကျတော့မယ့်..ချယ်ရီသီလေးလို..။
အကျီခပ်ပွပွကိုပုခုံးတစ်ဖက်လွတ်အောင်ဖော်ပြထားပြီး...ဒူးကျဘောင်းဘီလေးနဲ့Sexyကျနေသော ထိုလူသားကို..လူတိုင်းက..တစ်ယောက်တစ်မျိုးအကဲခတ်နေကာ
သို့လော သို့လောပြောနေကြသည် ။
ရီပေါ်တို့ကလဲ...ဘယ်သူကိုမှဂရုမစိုက်၊
ကိုယ်က..ခွမ်းဟွား..ဆိုမှတော့ Acting ပီပြင်ရမှာပေါ့ ၊ မဟုတ်ရင် ငွေတွေက ကိုယ်နဲ့အဝေးဆုံးကိုရောက်သွားလိမ့်မယ်။
ဓာတ်လှေကားရှေ့ခြေစုံရပ်လိုက်တော့...
လူတွေရဲ့အကြည့်က သူ့ဆီ ပိုမိုမြိုင်ဆိုင်စွာကျရောက်လာတော့သည် ။
ကိုယ်ရပ်လိုက်တယ့် ဓာတ်လှေကားက CEOတစ်ယောက်တည်းစီးတယ့်..သီးသန့်ဓာတ်လှေကားဖြစ်နေတာကို..။
Scurity...နှစ်ယောက်က..သူ့အနားရောက်ချလာပြီး..
"ဧည့်သည်စိတ်မရှိပါနဲ့..၊
ဒီဘက် ဓာတ်လှေကားကိုအသုံးပြုလို့မရပါဘူး"
ရီပေါ်..က..လူအားလုံးကိုဝေ့ဝိုက်ကြည့်ကာ..ဆံပင်ကိုသပ်တင်ပြီးတစ်ဟက်ဟက်ထရယ်လိုက်သည် ။ အဟမ်း..ငါလုပ်နေတယ့်ပုံက..တစ်ကယ်ရောအဆင်ပြေရဲ့လား..၊ အရမ်းကြောင်နေလားမသိဘူး ၊
ထားလိုက်..မီးစင်ကြည့်ကရတာပေါ့..။
"အဟက်ဟက်..စိတ်သိပ်ကြည်တာမဟုတ်ဘူးနော် ၊ ရှေ့ကအမြန်ဖယ်လိုက်ရင်ကောင်းမယ်.."
ယခုအနေအထားက..ရီပေါ်က ဓာတ်လှေကားကိုကျောခိုင်းကာ..Scurity နှစ်ယောက်အား..ရန်တွေ့နေခြင်း ။ သူ့ပုံစံကဗလိုင်းကြီးပြသာနာရှာနေမှန်း..လူတိုင်းသိသည် ။ ဘာဆတ်လုပ်ရမလဲ တကယ်မသိတော့..၊ ဒီအချိန် Boss အကွေးကောင်ရောက်လာရင်သိပ်ကောင်းမှာပဲ..။
"Boss..."
"ဟမ်...."
မိမိနောက်ကျောဘက်ကိုကြည့်ကာ..ထွက်​လာသောလူအများရဲ့ နှုတ်ခွန်းဆတ်သံ။ ရီပေါ် နောက်သို့လှည့်ကြည့်ရန်ပြင်လိုက်သော်လည်းနောက်ကျသွားပြီဖြစ်သည် ။
ကလေးတစ်ယောက်လိုပွေ့ဖက်ခြင်းကိုခံလိုက်ရတာမို့..ရီပေါ့်ရင်ထဲလှပ်ခနဲ ။
တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပုံက..
တရားခံပြေးတစ်ယောက်ကို..နောက်မှဖမ်းချုပ်ထားသလိုကြီး..။ငါ့နှယ် စိတ်ပိန်လိုက်တာ..။
ထို့နောက်..နားဖျားကိုခပ်ဖွဖွဖိနမ်းလိုက်ပြီးတိုးသဲ့သဲ့ထွက်လာတယ့် ခြိမ်းခြောက်သံကကျောချမ်းဖွယ်ရာအတိ ၊
"မင်းက..ခွမ်းဟွား..ဆိုရင်သရုပ်ဆောင်ဖို့လိုနေပြီ... "
ရီပေါ့်..ခေါင်းထဲအချက်ပေးခေါင်းလောင်းသံများ..တဒေါင်ဒေါင်မြည်လာပြီး..မိမိကိုပွေ့ဖက်ထားသော..အကွေးကောင်အားတံတောင်နဲ့တွတ်လိုက်ကာ..မူနွဲ့နွဲ့အသံနှင့်
"ဖယ် ခုမှလာဖက်မနေနဲ့ ၊
ကြားရတယ့်သတင်းတွေက..
တစ်ခုမှမကောင်းဘူးနော်..ဟွန်း.."
ပြောသာပြောလိုက်ရသည် ။ ရီပေါ် လျှာတွေယားလာသလိုပင် ။ငါ ဘာ စကားတွေပြောနေရတာပါလိမ့်..ဟူး သည်းခံ သည်းခံ ။ ဒါမှ..တိုက်တစ်လုံးရမှာ..။
ရှောင်းကျန့်ကတော့ တစ်ဟက်ဟက်ထရယ်ပြီးသူ့ရဲ့ရွှေဝါရောင်ဆံပင်အချို့ကို ဖွပစ်လိုက်သည် ။ ပြီးနောက် နဖူးကိုခပ်ဖွဖွနမ်းလိုက်ကာ..
"စိတ်မဆိုးပါနဲ့..Honey..
ကောလဟာလတွေကို မယုံစမ်းနဲ့ ၊
ကိုယ်က မင်းကိုပဲချစ်တာ ၊
လာ...အခန်းထဲသွားရအောင်.."
ရီပေါ့်...Luggageကိုတစ်ဖက် ၊ ရီပေါ့်ကိုတစ်ဖက်ဆွဲကာ..ဓာတ်လှေကားထဲဦးဆောင်ဝင်သွားသော ရှောင်းကျန့် ။ ရီပေါ်ကတော့. မျက်နှာတစ်ခုလုံးပန်းဆီရောင်သန်းနေပြီး..မိမိကိုယ်ကိုဘာဖြစ်နေမှန်းမသိတော့..၊ ငါ ကျိန်းသေ ဒီ Cover ဆိုတယ့်အရာကို လုပ်နိုင်ပါ့မလား ။
🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿
____♥____♥____♥_____♥_____
1320 Words (2.11.2019)9:30PM
Thank you for Reading
Sanay Moe Swe
*/*/* Zawgyi */*/*
🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿
"အာ...ဟုတ်သားပဲ ၊
🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶
"Hello Boss..."
"အာ..လာမှာပါ ၊
"အေ..ပြီးရော ၊
"အမ်....ဪ..ပြောလိုက်ပါတယ်.."
"ဟမ်...Boss..နေအုံးလေ...ဟာ..
"ဗျာ..ဗျာ.."
"အား..ကျနော်သိပါပြီဗျာ..
"ကွေးရုံတင်မကဘူး ၊
.
.
.
.
.
.
.
.
.
.
.
.
.
"Boss..."
"ဟမ်...."
"ဖယ် ခုမှလာဖက်မနေနဲ့ ၊
ကြားရတယ့်သတင်းတွေက..
"စိတ်မဆိုးပါနဲ့..Honey..
လာ...အခန်းထဲသွားရအောင်.."
🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿
____♥____♥____♥_____♥_____
Thank you for Reading
Sanay Moe Swe
Продолжить чтение
Вам также понравится
256K 45.5K 57
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
94.5K 11.4K 65
လူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...